အပိုင်း (၁၈၀)
Vol. 12 Ch. 180
“ဝူရှောင်းယွင်နဲ့ ငရဲဝံပုလွေ ကျုပ်ကို ဒီနေရာမှာစောင့်နေကြ…ယင်မိစ္ဆာသွားမယ်”
ရှစ်ဖုန့်ကအော်ပြောလိုက်ပြီး နောက် ယင်မိစ္ဆာနှင့်အတူ မြေကြီး အတွင်းသို့နစ်ဝင်သွားသည်။
မြေအောက်ကမ္ဘာကလုံးဝကိုမှောင်မိုက်နေသည်။ သိပ်မကြာခင်တွင် သွေးနီရောင်အလင်းတန်းက ထပ်မံ၍ တောက်ပလာ၏။ ရှစ်ဖုန့်နှင့် ယင်မိစ္ဆာတို့ ကမ်းစပ်ဆီသို့အတူတကွပြုတ်ကျလာသည်။ သူတို့၏ရှေ့တွင် တစ်လိပ်လိပ်တက်နေသော သွေးပင်လယ်ကြီးတစ်ခုရှိသည်။ လှိုင်းများက တလိပ်လိပ်တက်နေပြီး သွေးနီရောင်အလင်းတို့က ဤသွေးပင်လယ်ဆီမှလာနေခြင်းဖြစ်သည်။ ၎င်းအထဲတွင် တောက်ပသော ကျောက်မြတ်ရတနာ အချို့က မြုပ်ဝင်နေသည်။
“နှမြောစရာပဲ..သွေးတွေအများကြီးရှိနေပြီး စွမ်းအင်တွေကတော့ကုန်ဆုံးလုနီးပါးဖြစ်နေတယ်.. အချည်းအနှီးပဲ.လုံးဝကို အချည်းအနှီးပဲ”
ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိကောင်းကင်မီးတောက်က နောင်တရသည့်လေသံဖြင့်ပြောသည်။
“သွေးတွေရှိနေသေးတာကပဲ ကောင်းပါသေးတယ်.စုပ်ယူလိုက်”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက်တွင် ကောင်းကင်မီးတောက်က ရေထဲမှစုပ်ဝဲတစ်ခုကဲ့သို့ သွေးတို့ကိုစတင်၍ စုပ်ယူတော့သည်။အနီရောင်လှိုင်းများကရှစ်ဖုန့်ထံသို့ တလိပ်လိပ်တက်လာ၏။
ရှစ်ဖုန့်က သွေးပင်လယ်၏ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သူ၏ဝိညာဉ်စွမ်းအင်ကိုအသုံးပြုကာ ယင်မိစ္ဆာအားထိခိုက်စေခဲ့သည့် ထိုသူတောင်းစားကိုစတင်၍ ရှာဖွေလိုက်သည်။
“အဲ့မှာပဲ”
ရုတ်တရက် သွေးပင်လယ်တွင်း၌ ရင်းနီးသောပုံရိပ်တစ်ခုကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ သူကသူ၏ သွေးဓားကိုထုတ်ယူလိုက်ပြီရှေ့သို့ခုန်လိုက်သည်။ သူကပင်လယ်မျက်နှာပြင်ပေါ်သို့ခြေချလိုက်ပြီး လှိုင်းများအပေါ်၌ ပြန့်ပြူးသောမြေပြင်၌ ပြေးနေသကဲ့သို့ ပြေးလွှားလိုက်သည်။
“ဖန်း..ဖန်း…ဖန်း..ဖန်း…ဖန်..”
ရှစ်ဖုန့်၏ ခန္ဓာကိုယ်က သွေးများအား အရူးအမူးစုပ်ယူ နေဆဲဖြစ်သည်။ သူကပုံရိပ်အား သေးဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။
“သေလိုက်စမ်း သူတောင်းစား”
ပင်လယ်မျက်နှာပြင်ထက်တွင် ကြီးမားသော ဧရမအဖြူရောင်ဓားချီကြီးတစ်ခုပေါ်လာပြီး ပုံရိပ်ထံသို့ခုတ်ပိုင်းကျရောက်သွားသည်။
အန္တရာယ်ကချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သောအခါတွင် ပုံရိပ်ကလျှင်မြန်စွာဖြင့်လှည့်လိုက်ပြီး နနယ်ပြီးလှပသောမျက်နှာလေးကလှစ်ဟာထွက်ပေါ်လာသည်။ ၎င်းမှာ သားသတ်သမားလီ၏ သမီးဖြစ်သူ လီရူပင်ဖြစ်လေသည်။
လီရူ၏ ဆံပင်ရှည်တို့က ပြေလျော့နေကာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူမကရုတ်တရက်ချောက်ချားဖွယ်အသံဖြင့်ရယ်မောလိုက်သည်။
“ခီး..ခီး…ခီး..ခီး…”
“မင်းကိုး…သူတောင်းစားလေး..ဒီနေရာမှာအ
စာအတွက် ငါ့ကိုဘယ်လိုတောင်တိုက်ခိုက်ရဲတာလဲ …သေလိုက်စမ်း”
သူမ၏အသံကအက်ကွဲကွဲစူးရှရှဖြစ်နေဆဲဖြစ်
ကာ နားမချမ်းသာမှုကိုဖြစ်စေသည်။
လီရူကစကားပြောရင်း သူမ၏ လက်အတွင်း၌ အနက်ရောင်သားသတ်ဓားပေါ်လာသည်။ သူမကလေထဲကိုခုတ်ပိုင်းချလိုက်ပြီး ဧရာမအနက်ရောင်ဓားချီက သူမ၏ခေါင်းထက်၌ ပုံပေါ်လာကာ အပေါ်သိုခုတ်ပိုင်းလိုက်သည်။
“ဘန်း”
စွမ်းအင်နှစ်ခုက အပြင်းအထန်ပစ်ဆောင့်မိကြပြီး ပြင်းထန်သောစွမ်းအင်များကဗြောင်းဆန်
အောင် အကြီးအကျယ်ပေါက်ကွဲကာ သွေးလှိုင်းများဖြင့်ကောင်းကင်အားတုန်ခါသွား
စေသည်။
“ဗွမ်း”
သွေးပင်လယ်ကကောင်းကင်ထက်သို့မြင့်တက်လာပြီး ရုတ်တရက်အောက်သို့ အရှိန်အဟုတ်ဖြင့်ပြန်ပြုတ်ကျလာသည်။ ထို့နောက်တွင် ဓားချီနှင့်သားသတ်ဓားချီတို့က တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားကြသည်။
လီရူက သွေးပင်လယ်အထက်တွင် ဝင့်ကြွားစွာရပ်နေပြီး သူမ၏လက်ထဲတွင် သားသတ်ဓားကိုကိုင်ဆောင်ထားသည်။ သူမကရှစ်ဖုန့်အား ဆာလောင်သော မျက်လုံးများဖြင့်စိုက်ကြည့်နေသည်။သူမ၏ လျှာဖြင့်နှုတ်ခမ်းတစ်ဝိုက်ကိုသပ်လိုက်သည်။ထို့နောက်သူမက သရော်သော အပြုံးဖြင့်ပြောလိုက်သည်။
“ငါ့အစာလေးက ပိုပြီးတော့ သန်မာလာပြီပဲ..ငါက မင်းရဲ့ကိုယ်ထဲကို ငါ့ဓားကိုထိုးသွင်းပြီး မင်းရဲ့အသားတွေကိုလှီးဖြတ်လိုက် ဖြည်းဖြည်းချင်းဝါးလိုက်လုပ်ဖို့ မျှော်လင့်ထားတာ ..အဲ့တာက တော်တော်လေးကို အရသာရှိလိမ့်မယ်လို့ငါထင်တယ်…..”
“ဟင့်အင်း..ရှင်အဲ့လိုလုပ်လို့မရဘူး..ဒါကရှစ်ဖုန့်ပဲ..”
ရုတ်တရက် လီရူက သူမ၏ခေါင်းကိုဆုပ်ကိုင်လိုက်သည်။ သူမ၏ ပုံစံမှာ တော်တော်လေးကိုနာကျင်နေသည့်ပုံပေါ်သည်။ သူမ၏ ကိုယ်ကတုန်ယင်နေပြီး မိန်းကလေးတစ်ယောက်၏ ရှင်းလင်းသောအသံတစ်ခုထွက်ပေါ်လာ၏။
ထို့နောက်တွင်သူမ၏ မျက်နှာမှာ ကြမ်းကြုတ်သော မျက်နှာအဖြစ်ပြန်ပြောင်းသွားပြီး သူမကအော်ပြောလိုက်သည်။
“အပျက်မ….နင်ကဒီလိုမျိုး အပေါစားယောက်ျားတစ်ယောက်ကို ဆက်ပြီး တွေးနေရဲသေးတယ်… နင်ကပြဿနာတွေကိုတောင်းဆိုနေတာပဲ..ဒီ
ကိုယ်ကငါနဲ့သင့်တော်တဲ့အတွက်ကြောင့်သာမဟုတ်ရင် ငါမင်းကိုအခုချက်ခြင်းသတ်ပစ်လိုက်တယ်…”
“ရှစ်ဖုန့်ပြေး…သူနင့်ကိုသတ်လိမ့်မယ်”
လီရူက ရှစ်ဖုန့်ကိုထပ်မံ၍ အော်ပြောလိုက်သည်။ သူမ၏ပုံစံမှထပ်မံ၍ ပြင်းထန်စွာနာကျင်နေသည့်ပုံပေါ်သည်။ျ
“ရှစ်ဖုန့်က လည်းသွေးပင်လယ်မျက်နှာပြင်ပေါ်တွင်ရပ်နေ
ပြီး ပြင်းထန်သော သွေးလှိုင်းများအား သူ၏ကိုယ်အားရိုက်ခတ်ခွင့်ပေးထားသည်။
“ဒီသောက်အရာက တကယ်ကြီးကိုအချိန်တိုလေးအတွင်းမှာ ပိုပြီးတော့ သန်မာ လာတာပဲ …ဘယ်လို မိစ္ဆာသတ္တဝါမျိုးက လီရူရဲ့ခန္ဓာကိုယ်ကိုခိုးထားတာလဲ”
“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ် …တုန်လှုပ်စေ”၏
ရှစ်ဖုန့်က အော်ပြောကာ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို လီရူထံသို့ပို့လွှတ်လိုက်သည်။
“ခီး..ခီး..ခီး..ခီး..”
မိစ္ဆာသတ္တဝါက မိစ္ဆာရယ်သံဖြင့်ရယ်မောလိုက်သည်။ ရုတ်တရက်မိစ္ဆာရယ်သံအတွင်းမှ ထူးဆန်းသော စွမ်းအင်တစ်ခုကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ သူ၏ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ပင်လယ်ထဲရောနှောသွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
“မင်းဘာလဲဆိုတာကိုငါဂရုမစိုက်ဖူး..မင်းလို
ကောင်မျိုးလုံးဝပျက်သုဉ်းသွားတာပိုကောင်း
တယ်”
ရှစ်ဖုန့်ကကျယ်လောင်စွာအော်လိုက်ပြီး တောက်ပသော သွေးနီရောင်မီးတောက်က ထွက်ပေါ်လာကာ ရှေ့သို့လောင်ကျွမ်းသွားသည်။
“မီး…ဒါက ကောင်းကင်မီးတောက်ရဲ့ရောင်ဝါပဲ’
လီရူက လှောင်ရယ်သံ အားကျယ်လောင်စွာမရယ်မောခင် အလန့်တကြားအော်ပြောလိုက်သည်။
“ခီး..ခီး..ခီး..ခီး.ခီး….ကောင်းလိုက်တာ..ဒါကတကယ့်ကိုကောင်းကင်မီးတောက်ပဲ..ကောင်းကင်မီးတောက်ကို ငါ့ခန္ဓာကိုယ်ကိုဖွဲ့စည်းဖို့အတွက်သုံးလို့ရတယ်..လုံးဝကိုကွက်တိပဲ”
မီးတောက်ကသူမအနားသို့ရောက်ကာနီးတွင် ဘာမှကျန်ရစ်နေခြင်းမရှိပဲ ဖျက်ကနဲပျောက်ကွယ်သွားသည်။
“ထွက်လာစမ်း”
ရှစ်ဖုန့်က အော်ပြောလိုက်သည်။ ကြီးမားသောအဖြူရောင်လခြမ်းကွေးပုံစံဓားချီက အထက်သို့ခုတ်ပိုင်းချလိုက်သည်။
“ချလွမ်”ဆိုသောအသံနှင့်အတူ လီရူကလေထဲတွင်ပေါ်လာသည်။ သူမကလခြမ်းကွေးပုံစံဓားချီအားသူမ၏ သားသတ်ဓားဖြင့်ကာဆီးလိုက်သည်။သို့သော်သူမမှာ လမ်းခြမ်းကွေးပုံစံ ဓားချီ၏ ထိမှန်မှုကိုခံလိုက်ရပြီး လေထဲသို့ဆက်လက်မြင့်တက်သွားခဲ့သည်။
ရှစ်ဖုန့်က ဤအခွင့်အရေးကိုအမိအရဆုပ်ကိုင်ပြီး အလျှင်အမြန်သူ၏ ငရဲဘုံခုတ်ပိုင်းချက်ဖြင့် ခုတ်ပိုင်းလိုက်သည်။ကြီးမားသော အဖြူရောင်ဓားချီကြီးပေါ်လာပြီး လီရူအားနှစ်ဖက်လုံးမှနေ၍ တိုက်ခိုက်လိုက်သည်။
ငရဲဘုံခုတ်ပိုင်းချက်ကသူမအားထိကာနီးတွင် လီရူမှာရုတ်တရက်ပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏ ငရဲဘုံဓားချက်နှင့်လခြမ်းကွေးပုံစံဓားတို့က အပြင်းအထန်ပစ်ဆောင့်မိသွား၏။
“ဘန်း”
နှစ်ခုလုံးပျောက်ကွယ်သွားလေသည်။
“သောက်ချီးပဲ..ထပ်ဖြစ်ပြန်ပြီ”
ဤမိစ္ဆာသတ္တဝါကဘာသဲလွန်စမှ မကျန်ရစ်ပဲ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းပြန်ပေါ်လာသည့်အချိန်တိုင်းတွင် ရှစ်ဖုန့်မှာရူးသွပ်လုနီးပါးဖြစ်ရသည်။ သူ့အနေဖြင့်၎င်းအားဖမ်းဆုပ်ပြီး အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည်။
သူ၏ ဝိညာဉ်စွမ်းအားအဆင့်သုံးသို့ရောက်သောအချိန်တွင် ဤမိစ္ဆာသတ္တဝါအနေဖြင့် ပုန်းအောင်ရန်နေရာမရှိတော့ဟုထင်ခဲ့သည်။ သူပိုသန်မာလာသည့်အချိန်တွင်ပင် ဤမိစ္ဆာသတ္တဝါက လည်း လျှင်မြန်စွာချိုးဖြတ်နိုင်လိမ်မည်ဟုသူမမျှော်လင့်ခဲ့မိပေ။
“ခီး…ခီး…ခီး….အရသာရှိတဲ့စားစရာလေး ..ငါ့ရဲ့ပန်းကန်လုံးထဲကိုမြန်မြန်လာစမ်းပါ”
ထိုအချိန်တွင် မိစ္ဆာသတ္တဝါ၏ နားစူးစေသောအသံက ဦးတည်ချက်အနှံ့မှ ပဲ့တင်ထွက်ပေါ်နေသည်ကို ရှစ်ဖုန့်ကြားလိုက်ရသည်။သူ၏ ဝိညာဉ်အသိအမြင်က ထိုမိစ္ဆာသတ္တဝါ၏ ရောင်ဝါက နေရာတိုင်း၌ရှိနေသည်ဟုပြောနေသည်။
“ဘယ်လိုမိစ္ဆာဆန်တဲ့ပညာရပ်မျိုးလဲ”
ရှစ်ဖုန့်သူ့ဟာသူတွေးလိုက်သည်။ ထို့နောက်တွင် ရှစ်ဖုန့်အားဗဟိုပြု၍ အနက်ရောင်သားသတ်ဓားများက ဦးတည်ချက်အနှံ့မှထွက်ပေါ်လာသည်။ သူ့အောက်တွင်ရှိနေသော သွေးပင်လယ်ပင် အနက်ရောင်မှင်ရည်များကဲ့သို့ သိပ်သည်းစွာဖြစ်ပေါ်နေ၏။ သူတို့ကရှစ်ဖုန့်ထံသို့စုစည်းလာပြီး ကြမ်းကြုတ်ပြင်းထန်စွာထိုးသွင်းလိုက်သည်။
“ခီး..ခီး..ခီး…ခီး…ခီး…”
လှောင်ပြောင်ရယ်မောသောအသံတစ်ခုက ယှဉ်တွဲ၍ ထွက်ပေါ်လာ၏။
“လောင်ကျွမ်းစမ်း..”၏
သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်မှ ထပ်မံ၍ ထွက်ပေါ်လာသည်။ သူက အဖြူရောင်စွန်းနေသောသူ၏ဓားကိုဝှေ့ရမ်း
လိုက်သည်။ သူက ဦးတည်ချက်အနှံ့မှလာနေသော ဓားများကိုတစ်ဟုန်ထိုးတားဆီးလိုက်၏။
သားသတ်ဓားများကသွေးဓား၏ခုတ်ပိုင်းမှုများ
ဖြင့်အပြင်းအထန်တွေ့မိကြသည်။ ဓားတစ်ခုချင်းစီတိုင်းက အစစ်အမှန်ကဲ့သို့ထင်ရပြီး ကြွပ်ဆပ်ဆပ်အသံတို့ကိုထုတ်လွှတ်နေ၏။
“ထန်…ထန်..ထန်..ထန်…”
ရှစ်ဖုန့်အနေဖြင့် ရှေ့၊နောက်၊ထက်၊အောက်၊ဘယ်၊ညာ ထိုးသွင်းမှုများကိုတားဆီးလိုက်နိုင်သော်လည်း သူ၏ ခြေဖဝါးအောက်တွင်သူမရှောင်တိမ်းနိုင်သော
ဓားနှစ်ချောင်းရှိနေသေးသည်။ ၎င်းတို့က ကောင်းကင်မီးတောက်၏ ခုခံမှုကိုထိုးဖောက်ပြီး ရှစ်ဖုန့်ဖိနပ်၏ အောက်ခြေမှတစ်ဆင့် သူ၏ ခြေဖဝါးတို့ကိုထိုးသွင်းလိုက်သည်။
“အား..”
အသည်းခိုက်မတက်နာကျင်မှုက ရှစ်ဖုန့်အား ရူးသွပ်သွားသောသားရဲတစ်ကောင်ကဲ့သို့ဖြစ်
သွားစေသည်။ သူကကြမ်းကြုတ်သောမျက်နှာမျိုးဖြင့် ကောင်းကင်ထက်သို့မော့၍ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ရှစ်ဖုန့်၏ ခြေဖဝါးကိုထိုးဖောက်သွားသော သားသက်ဓားနှစ်ခုက သိပ်သည်းသောအနက်ရောင်ချီအမျှင်စုမျာအဖြစ်သို့ပြောင်းသွားကာ သူ၏ ခြေဖဝါးအတွင်းသို့ စူးဖောက်တိုးဝင်သွားသည်။
“ခီး..ခီး..ခီး..အသည်းလေးရာ..ဘယ်လိုတောင်ချစ်ဖို့ကောင်းတဲအသံလဲ..ဒီအရှင်အခုမင်းကိုကျ
ကျနနကိုသဘောကျလာပြီ..”
ယုတ်မာထူးဆန်းနားစူးစေသောအသံကဦးတည်ချက်အနှံ့မှထပ်မံ၍ထွက်ပေါ်လာသည်။ လောလောဆယ်၌ အောက်သို့ပြုတ်ကျနေသော ရှစ်ဖုန့်၏ ကိုယ်အား သိပ်သည်းသော သားသတ်ဓားများဖြင့်ထပ်မံ၍ ဖုံးလွှမ်းသွားလေသည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE