← Chapters

မုန်တိုင်းမျက်စိ (ခက်ခဲသော အခြေအနေကြား)

Vol. 54 Ch. 751

မုန်တိုင်းမျက်စိ (ခက်ခဲသော အခြေအနေကြား)

Vol. 54 Ch. 751

"ကိုယ့်ကိုယ်ကို လျှော့မတွက်ပါနဲ့ ထန်လေး…" ကွေ့ကျန်းချိုး ခေါင်းယမ်းကာ ပြောလိုက်သည်။

“မင်းရဲ့ထူးခြားတဲ့ ဆေးပညာကျွမ်းကျင်မှုက သမားရိုးကျမဟုတ်တဲ့ ချဉ်းကပ်မှုတစ်ခုဖြစ်လာပြီး နောက်ဆုံးမှာ အဖြေကိုရှာဖို့ အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်တယ်။ ဟုတ်ပြီ … ငါ အခုမှ စိတ်ကူးသစ်တစ်ခု ရလာပြီ။ ရှာလို့တွေ့တဲ့ ဆေးပင်တွေကို မင်းဆီလာမပို့ခင်မှာ ငါတို့လည်း စမ်းသပ်မှုတွေ လုပ်ကြည့်နိုင်တယ်။"

“ကျေးဇူးပြုပြီး ပြောပါဦး…”

ကွေ့ကျန်းချိုးက သူ၏စိတ်ကူးများကို ရှင်းပြပြီးနောက် သူတို့နှစ်ယောက်သား ထိုစိတ်ကူးများကို ချက်ချင်း စတင်စမ်းသပ်ခဲ့ကြသည်။ ကျရှုံးမှုတစ်ခုဖြစ်ပြီးတိုင်း ၎င်းတို့သည် ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးကာ စဉ်းစားကြပြီး စိတ်ကူးသစ်များကို အဆိုပြုလျက် စမ်းသပ်မှုများကို အဆက်မပြတ် ပြုလုပ်နေကြသည်။

အချိန်များ ကုန်ဆုံးလာချေပြီ။

အဆက်မပြတ် စဉ်းစားကာ သုတေသနပြုခြင်းသည် ကျင့်ကြံသူတစ်ဦးဖြစ်သည့် ထန်ရှုအတွက် သုတေသနကို အချိန်အတော်ကြာ ဆက်လက်လုပ်ဆောင်နိုင်သေးသော်လည်း ကွေ့ကျန်းချိုးမှာမူ အတော်လေး အသက်အရွယ် ရနေပြီဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ် ကြံခိုင်မှုကို နှစ်တွေကြာအောင် အာရုံစိုက်ခဲ့သည့်တိုင် ပင်ပန်းနွမ်းနယ်မှုကြောင့် ရပ်တန့်ရပါသေးသည်။ ထို့နောက် နာရီပေါင်းများစွာ အိပ်စက်ရန် ဘေးအခန်းသို့ ဝင်သွားခဲ့သည်။

နေ့လည်ခင်းတွင်…

ကျွန်းတွင် ကူးစက်ခံရသူများ၏သေဆုံးမှု အရေအတွက်အား စာရင်းပြုစုထားရာ သေဆုံးခဲ့သော ကူးစက်ခံရသူ အရေအတွက်မှာ ၅၆၂ ဦးအထိ တိုးလာခဲ့သည်။ အချက်အလက်များကို ထန်ရှုဆီသို့ ပေးပို့လာချိန်တွင် မိုအားဝူသည်လည်း လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများနှင့်အတူ ပြန်လာခဲ့သည်။

"ပစ္စည်းတွေ အကုန်ရလာခဲ့ပြီ သူဌေး"

မိုအားဝူသည် ထန်ရှု၏အရှေ့တွင် ခရီးဆောင်လက်ဆွဲသေတ္တာနှစ်လုံးကို တင်လိုက်ပြီး သူ့နဖူးပေါ်က ချွေးများကို သုတ်လိုက်သည်။

ထန်ရှု ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် ဆေးသန့်စင်ရန် ပြင်ဆင်တော့သည်။ နာရီအတော်ကြာအောင် သန့်စင်ပြီးနောက် မဟူရာနက်ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ နတ်ဆေးသမားတော် ကွေ့ကျန်းချိုး၏အကြည့်အောက်တွင် သူသည် ဆေးလုံးကို အမှုန့်လုပ်ပြီးနောက် ဆေးမှုန့်အား ရောဂါပိုးအပေါ်ဖြန်းလိုက်သည်။ ယခုတစ်ကြိမ်တွင် ရောဂါပိုးသည် မဆွေးမြေ့သွားသော်လည်း ချက်ချင်းပင် ပုပ်လာပြီး ၎င်းသည် ဗိုင်းရပ်စ်အပေါ် အနည်းငယ်မျှ အကျိုးသက်ရောက်မှု မရှိပေ။

"မင်းရဲ့ဆေးမှုန့်ကို လောင်းချပြီးတာနဲ့ ရောဂါပိုးအပေါ်မှာ အနက်ရောင်လိုင်းတစ်ခုကို ငါတွေ့ခဲ့တယ် ထန်လေး။ ငါ အဲ့ဒါကို မှန်ဘီလူးနဲ့ ကြည့်လိုက်တော့ အဲ့ဒါက မရေမတွက်နိုင်အောင် အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေနဲ့ ဖွဲ့စည်းထားပြီး အသက်ရှင်နေပုံရတယ်။ အနောက်တိုင်းဆေးပညာ ရှုထောင့်ကနေကြည့်ရင် အဲ့ဒါကို ဘက်တီးရီးယားလို့ ခေါ်ရမယ်။”

ကွေ့ကျန်းချိုးက လေသံဖြည်းဖြည်းဖြင့် ရှင်းပြသည်။

ထန်ရှု ခဏလောက် တွေးတောနေရင်း သူ့ခေါင်းထဲတွင် အကြံဉာဏ်တစ်ခု ရုတ်တရက် ပေါက်ဖွားလာကာ

"ဒါက ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ် ဘက်တီးရီးယားဆိုရင် ပိုးသတ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ လျှပ်စီးကြောင်း သုံးပြီး ပိုးသတ်ဖို့ စဉ်းစားနိုင်တယ်။”

"လျှပ်စီးကြောင်းကို သုံးပြီး ပိုးသတ်တာလား။"

ကွေ့ကျန်းချိုး အံ့ဩသွားပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့်

“လွန်ခဲ့တဲ့ ၄၂နှစ်က တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ထူးဆန်းတဲ့ ဆရာဝန်တစ်ယောက် ရှိတယ်။ သူ့ကို ကောင်းရိထုံလို့ ခေါ်တယ်။ အရက်၊ သစ်နံကိုင်းချောင်းတို့ရဲ့ အထောက်အပံ့နဲ့ ဗိုင်းရပ်စ်ဘက်တီးရီးယားတွေကို ဖိနှိပ်ပြီး တည်ငြိမ်လျှပ်စီးကြောင်းကို အသုံးပြုဝန်းရံစေတဲ့ ဒီလျှပ်စီးပိုးသတ်နည်းကို သူ တီထွင်ခဲ့ဖူးတယ်။ သူ လေ့လာပြီးတဲ့နောက် ဒီအရမ်းထူးခြားတဲ့နည်းလမ်းကို ဖန်တီးခဲ့ရာမှာ အောင်မြင်ခဲ့ပြီး လက်တွေ့မှာ လူအနည်းငယ်ကပဲ အသုံးပြုခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းကျတော့ အရှေ့မြောက်ဒေသက တောင်တန်းဒေသအချို့ဆီ ပျံ့နှံ့သွားတယ်။ ငါတို့ အဲ့ဒါကို စမ်းကြည့်ကြမလား။"

"ဒါဆို စမ်းကြည့်ရအောင်။"

ထန်ရှုက ထိုနည်းလမ်းကို စမ်းသပ်ကြည့်ရန် တွေးထားပေရာ  နောက်တစ်ခုကို ယူဆောင်လာပြီး တည်ငြိမ်လျှပ်စီးကြောင်းနည်းလမ်းကို အသုံးပြုပြီးနောက် ဗိုင်းရပ်စ်ပေါ်ရှိ အနက်ရောင်လိုင်းများသည် ဆက်လက်လောင်ကျွမ်းကာ ညှော်နံ့နံနေသော အနက်ရောင်မီးခိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဗိုင်းရပ်စ်သည် ဖြည်းဖြည်းချင်းတောက်ပလာသည်ကို အံ့သြဖွယ်ရာ တွေ့ ရှိခဲ့ပေသည်။ ကွေ့ကျန်းချိုးနှင့် ထန်ရှုတို့၏နောက်ဆက်တွဲ လေ့လာမှုအရ ဗိုင်းရပ်စ်ဘက်တီးရီးယားကို ဖိနှိပ်နိုင်ကြောင်း မမျှော်လင့်ဘဲ သိရှိခဲ့ကြသည်။

“ဒီနည်းက အလုပ်ဖြစ်တယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ဘက်တီးရီးယားတွေ ပေါက်ဖွားတဲ့ ခွဲဖြာနှုန်းက အရမ်းမြန်တယ်။ ဒီလျှပ်စီးကြောင်းနည်းလမ်းက ဗိုင်းရပ်စ်ဘက်တီးရီးယားအများအပြားကို သေစေနိုင်တယ်ဆိုပေမယ့်လည်း လုံးလုံး အမြစ်ပျက်ဖို့တော့ ခဲယဉ်းနေတုန်းပဲ။ ငါတို့တွေ လျှပ်စီးကြောင်းနည်းလမ်းနဲ့ ကူးစက်ခံရသူ သေဆုံးတဲ့ နှုန်းကို ယာယီတော့ လျော့ပါးစေနိုင်လိမ့်မယ်။ ဒါကို ငါတို့ ယာယီနှိမ်နှင်းတဲ့ လုပ်ဆောင်ချက်အနေနဲ့ သုံးနိုင်တယ်။”

ကွေ့ကျန်းချိုးက စိတ်လှုပ်ရှားစွာ ပြောတော့သည်။

“အသက်ရှိနေတဲ့ စမ်းသပ်မှုတစ်ခုကို ကျွန်တော်တို့ ရှာဖို့လိုတယ်။ နောက်ပြီး သူတို့တွေရဲ့ကျန်းမာရေးကို မထိခိုက်စေဘဲ လူ့ခန္ဓာကိုယ်အတွင်းထဲ တည်ငြိမ်လျှပ်စစ်ဓာတ်အား ထည့်ဖို့လည်း လိုမယ်။ အဲ့ဒါမှ ကူးစက်ခံရသူအားလုံးမှာ သုံးနိုင်အောင် ကျွန်တော်တို့ ကြိုးစားလို့ရမှာ။”

ထန်ရှုက ခေါင်းညိတ်သည်။

“ဟုတ်တယ်။”

တည်ငြိမ်လျှပ်စီးကြောင်းထုတ်လုပ်ရာတွင် အသုံးများသော နည်းလမ်းလေးခုမှာ လျှပ်စီးကြောင်း ရွှေ့ပြောင်းခြင်း၊ လျှပ်စီးကြောင်း ချိုးဖျက်ခြင်း၊ လျှပ်စီးကြောင်း အားဖြည့်သွင်းခြင်းနှင့် ထိတွေ့ခြင်းမှ တွန်းအားများကို ခွဲထုတ်ခြင်းတို့ ဖြစ်သည်။ ၎င်းတို့အထဲမှ လူတို့အတွက် အသုံးပြုရန် အသင့်တော်ဆုံးနည်းလမ်းမှာ အတွင်းခံ၊ ကော်ဇော၊ ကူရှင် သို့မဟုတ် နောက်ခံပုံ… စသော ဓာတုဖိုက်ဘာဖြင့် ပြုလုပ်ထားသည့် အရာဝတ္ထုများကို အသုံးပြု၍ ထိတွေ့မှုမှ အားသွင်းခြင်းကို ခွဲထုတ်ခြင်း ဖြစ်ပြီး ယင်းမှာ လျှပ်စီးအဆက်အသွယ်နှင့် ပိုင်းခြားပြီးနောက် တည်ငြိမ်လျှပ်စစ်ကို ထုတ်ပေးပြီး လှုံ့ဆော်ပေးသည်။

ထို့အပြင် အိမ်သုံးပစ္စည်းများသည်လည်း အသုံးပြုသည့်အခါတွင် တည်ငြိမ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသည် သို့မဟုတ် တီဗွီဖန်သားပြင် သို့မဟုတ် အယ်လ်စီဒီ(LCD)မျက်နှာပြင်ကဲ့သို့သော အပြင်ဘက်အဖုံးသို့လည်း တည်ငြိမ်လျှပ်စစ်ဓာတ်အား ဖြတ်သန်းစေသည်။

ဟူး...

ဤယာယီတားဆီးရေးအစီအစဉ်ကို လေ့လာပြီးနောက် ထန်ရှုသည် တုံ့ဆိုင်နေးခြင်း မရှိဘဲ အခြေအနေအား ရန်ချူးရှုံးဆီသို့ သတင်းပို့ခဲ့သည်။ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် လက်ကိုင်ဖုန်းများဆီ စာသားများကို ထုတ်လွှင့်ပြီးနောက် စခန်းရှိ စစ်သားများသည် သတင်းဖြန့်ကျက်ရန် နေရာတိုင်းသို့ အလျင်အမြန် သွားကြသည်။

ထန်ရှု ကျွန်းပေါ်သို့ ရောက်ပြီး တတိယမြောက်ညတွင် ဗိုင်းရပ်စ်အကျပ်အတည်းကို ယာယီဖြေရှင်းနိုင်ခဲ့ပြီး သေခါနီးဖြစ်နေသော လူအများအပြားသည် နောက်ဆုံးတွင် သေမင်းကြိုးတန်းပေါ်တွင် မြဲမြဲကိုင်ထားနိုင်ပြီဖြစ်သည်။

ကျွန်း၏နယ်မြေအနေအထားသည် နေထိုင်ရန် သင့်တော်သည့် ဧရိယာလေးခု ရှိပြီး လူများသည် ဆယ်စုနှစ်များစွာ ဤနေရာတွင် နေထိုင်လာကြသည်။ တောင်ပေါ် ကျေးရွာအချို့လည်း ရှိပေရာ တရားဝင် စာရင်းများအရ ကျေးရွာပေါင်း ၂၄ ရွာအထိ ရှိသည်။ ရွာတစ်ရွာစီတွင် အနည်းဆုံး လူရာဂဏန်းမှ အများဆုံး ထောင်ဂဏန်းအထိ နေထိုင်ကြသည်။

စပါးအုံးမြို့၊ ဝံပုလွေအုပ်မြို့၊ စမ်းချောင်းအမြွှာမြို့နှင့် သောင်းပြောင်းထွေလာမြို့။

ဤမြို့လေးခုတွင် လူဦးရေအများဆုံးသည် စပါးအုံးမြို့ ဖြစ်ပြီး လူဦးရေ ၁၀၀,၀၀၀ - ၂၀၀,၀၀၀ ရှိသည်။ အနည်းဆုံးမှာ သောင်းပြောင်းထွေလာမြို့ ဖြစ်ပြီး လူဦးရေ ၇,၀၀၀ - ၈,၀၀၀သာ ရှိသည်။ ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ယခုအခါ မြို့လေးမြို့လုံးသည် လမ်းမကျယ်ကြီးများ၊ ဒါဇင်နှင့် ချီသော လမ်းငယ်များ၊ တောင်တက်လမ်းများနှင့် ချိတ်ဆက်ထားသည်။

သောင်းပြောင်းထွေလာမြို့…

လမ်းတစ်လျှောက်တွင် ဇနပုဒ်ရွာများ၊ ကျေးရွာများနှင့် အဆောက်အဦးများသည် သပ်ရပ်စွာ စီတန်းလျက် ရှိကြပြီး လူအများ သွားလာလှုပ်ရှားနေကြသည်။ ဤနေရာရှိ စည်ကားသိုက်မြိုက်သော စီးပွားရေးလမ်းများသည် ပြင်ပကမ္ဘာရှိ မြို့ပြများနှင့် ခြားနားမှုမရှိလုနီးပါး ဖြစ်သည်။ ထိုနေရာကို တင်းကြပ်စွာ ဖုံးကွယ်ထားသော်လည်း နိုင်ငံတော်က ၎င်းအား လျှို့ဝှက်စွာ ပံ့ပိုးပေးနေသောကြောင့် ပြင်ပမှ ကုန်ပစ္စည်းများနှင့်ထောက်ပံ့ရေးပစ္စည်းများသည် စဉ်ဆက်မပြတ် တင်ပို့ရောက်ရှိနေပေသည်။ ဤနေရာတွင် နေထိုင်ကြသော ပြည်သူများမှာ အစိုးရမှ ပံ့ပိုးပေးသည့် စားသောက်ကုန်များသာမက ဟင်းသီးဟင်းရွက်များ စုဆောင်းခြင်း၊ သတ္တုနှင့် အခြားအရင်းအမြစ်များကို ရှာဖွေနိုင်ခဲ့ကြပြီး အများအပြားမှာ ကိုယ်ပိုင်စက်ရုံများပင် ရှိကြသည်။

မြို့မြောက်ဘက်ရှိ လမ်းတစ်ခုတွင်…

ဒါဇင်နှင့်ချီသော မာကျောကြံ့ခိုင်သည့် ဝတ်စုံပြည့် အမျိုးသားများသည် အဆောက်အဦးငါးလုံးအတွင်း ပြွတ်သိပ်စွာ ရှိနေချိန်တွင် နေရာအသီးသီးမှ လာသော လူများစွာသည် ထိုအဆောက်အဦးငါးလုံးထဲသို့ အလျင်စလို ဝင်ရောက်လာကြသည်။

အဆောက်အဦးအလယ်တွင် မဟူရာကလပ်၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက် ဖြစ်သော ကေ့သ်မိုးသည် ကမ္ဘာ့ထိပ်တန်း ကျူးဘားဆေးပြင်းလိပ်ကို သောက်ရင်း သူ၏လူယုံထံမှ အစီရင်ခံစာကို နားထောင်ရင်း အရသာရှိသော ကော်ဖီကို စုပ်သောက်နေသည်။

“ကျွန်တော်တို့စုံစမ်းစစ်ဆေးမှုရဲ့ ရလဒ်အရ လျှပ်စီးစွမ်းအား ကုသနည်းကို တီထွင်ခဲ့သူက ထန်ရှုလို့ ခေါ်ပါတယ်။ ကျွန်တော်တို့အတွင်းသတင်းအရ သူက တရုတ်နိုင်ငံ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ လျှို့ဝှက်သူဌေးကြီးဖြစ်ပြီး တရုတ်တိုင်းရင်းဆေး ဆေးပညာနယ်ပယ်ရဲ့ ငယ်ရွယ်တဲ့ နတ်ဆေးသမားတော်လေးအဖြစ် အသိအမှတ်ပြုခံထားရတယ်။ ကျွန်းဆီကို သူ လာရတဲ့ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ မစုံစမ်းရသေးဘူး။ ဒါ့အပြင် လျှပ်စီးကြောင်းကုသမှုက ဗိုင်းရပ်စ်ကို ယာယီသာ နှိမ်နင်းနိုင်ပြီး ထိန်းချုပ်ဖို့ နည်းလမ်းကိုတော့ သူတို့ မတွေ့ကြသေးပါဘူး။ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်အရ သူက ကျွန်တော်တို့အကျိုးကို အများကြီး အကူအညီ ပေးခဲ့တယ်လို့ ဆိုနိုင်တယ်။” သက်လတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါးအမျိုးသားက အစီရင်ခံခဲ့သည်။

ကေ့သ်မိုး၏မျက်လုံးများ အရောင်လက်လာသည်။ သူက ခေါင်းညိတ်ပြီး

“မင်းပြောတာ မှန်တယ်။ ငါတို့က ဗိုင်းရပ်စ်ကို ယူဆောင်လာသူတွေ ဖြစ်ပေမယ့် ဒီကျွန်းပေါ်က လူအားလုံးကို ရှင်းပစ်ဖို့ လုံးဝမရည်ရွယ်ထားဘူး။ ငါတို့က လူတချို့ကို ဖျက်ဆီးရုံလုပ်ပြီး သူတို့ရဲ့ အကြောက်တရားကနေ လူအများအပြားကို ချုပ်ကိုင်ထားဖို့ပဲ။ ဒါမှသာ လူတွေကို ငါတို့အတွက် အလုပ်လုပ်ဖို့ တွန်းအားပေးနိုင်ပြီး သူတို့ကို လွတ်မြောက်ခွင့် ပေးနိုင်တယ်။ နောက်ပြီး ဒီနေရာပတ်ဝန်းကျင်မှာလည်း ပြဿနာ တစ်ခုခု ရှိနေတယ်။ အဲ့ဒါက နောက်ဆုံးမှာ ငါတို့ထိန်းချုပ်မှု မရှိတော့တဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုပွားမှုကို အကျိုးသက်ရောက်စေလိမ့်မယ်။ ရှင်းရှင်းပြောရရင် ဒီထန်ရှု ရောက်လာတာက ငါတို့အတွက် သက်သာရာတစ်ခု ဖြစ်သွားတာပဲ။"

"ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ။" လူလတ်ပိုင်းက မေးလိုက်သည်။

“ဒီထန်ရှုကို ပြန်ပေးဆွဲဖို့ လုပ်ကြံသတ်ဖြတ်သူတချို့ကို တာဝန်ပေးလိုက်။” ကေ့သ်မိုးက သူ၏မေးစေ့ကို ကိုင်ကာ အေးစက်စက် ပြောလိုက်သည်။

“သူ့မှာ ဒီလျှပ်စီးကြောင်း ပိုးသတ်တဲ့ နည်းလမ်းကို တွေးခေါ်နိုင်တဲ့ အံ့သြစရာအရည်အချင်းတစ်ခု ရှိတယ်။ နောင်တစ်ချိန် ငါတို့အတွက် အသုံးဝင်ကောင်း ဝင်နိုင်တယ်။ နောက်ပြီး သောင်းပြောင်းထွေလာမြို့ ပတ်ဝန်းကျင်က တောင်တန်းတွေနဲ့ ပတ်သက်ပြီး ငါတို့ရဲ့စုံစမ်းမှုတွေကို မဖြေလျှော့နဲ့ဦး။ ဒီနေရာမှာ ငါတို့က လစ်သီယမ်မိုင်းတွင်းငယ်တစ်ခုလောက်ပဲ မျှော်မှန်းထားတာ။ စစ်တမ်းကောက်ယူတာကနေ တွင်းထွက်သယံဇာတတွေ ပိုရှာနိုင်လေလေ၊ တရုတ်အစိုးရနဲ့ညှိနှိုင်းတဲ့အခါ သူတို့ဆီက ရိတ်သိမ်းနိုင်တာ ပိုကြီးမားလေပဲ။”

"နားလည်ပြီ။ ကျွန်တော် ချက်ချင်း စီစဉ်လိုက်မယ်။ ဒါပေမယ့် သူက ခုခံရင် ဘာလုပ်သင့်လဲ။" လူလတ်ပိုင်းက မေးလိုက်သည်။

“သူ ခုခံရင်တောင် မသတ်လိုက်နဲ့။”

ကေ့သ်မိုးက ဆိုသည်။

“သူက ဒီအမှောင်ဗိုင်းရပ်စ် နှိမ်နင်းတဲ့ နည်းလမ်းကို ရှာဖို့ အချိန်ပိုင်းလေးပဲ လိုတော့တယ်။ ဒါကြောင့် သူ အမှောင်ဗိုင်းရပ်စ်ဖြေဆေးသစ်ကို တီထွင်နိုင်မယ်ဆိုတာ သေချာတယ်။ နောက်ပိုင်းမှာ တရုတ်အစိုးရနဲ့ ညှိနှိုင်းပြီးရင် အမှောင်ဗိုင်းရပ်စ်ဖြေဆေးအသစ်တစ်ခု လိုလာလိမ့်မယ်။”

“ကျွန်တော် နားလည်ပြီ။” ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားက လှည့်ထွက်သွားသည်။

ကေ့သ်မိုး၏အကြည့်များသည် ထွက်ခွာသွားသော လူလတ်ပိုင်းအမျိုးသား၏နောက်ကျောသို့ ပါသွားခဲ့သည်။ ထို့နောက် သူက လက်ခုပ်တီးလိုက်ရာ အနက်ရောင်လောင်းကုတ်အင်္ကျီရှည်ကို ဝတ်ထားပြီး ဖြူဖျော့သော အသားအရေပိုင်ရှင် လူရွယ်နှစ်ယောက်သည် သူ့အရှေ့တွင် ပေါ်လာခဲ့သည်။

"မင်းတို့နှစ်ယောက် အမှောင်ဝိညာဉ်အဖွဲ့နောက်ကို လိုက်သွား။ ဒီထန်ရှုက ထူးခြားတဲ့ လက္ခဏာတစ်ခု ရှိတော့ တရုတ်စစ်တပ်က သူ့ကို ကာကွယ်ပေးမယ်လို့ ငါ ယုံကြည်တယ်။ ဟိုအဖွဲ့ မအောင်မြင်ရင် မင်းတို့ တာဝန်ယူလိုက်။”

"နားလည်ပြီ။"

လူရွယ်နှစ်ယောက်က ပြန်ဖြေပြီး ချက်ချင်းပင် သူတို့ ချက်ချင်း ပျောက်ကွယ်သွားသည်။

အမြွှာမြို့၏တောင်ဘက် ကီလိုမီတာ ဒါဇင်များစွာ ဝေးသော ချိုင့်ဝှမ်း၏နေရာတိုင်းသည် လန်းဆန်းသော တောရိုင်းပန်းများ၊ စိမ်းလန်းစိုပြေသော အသီးအရွက်များနှင့် တိရိစ္ဆာန်များစွာ ရှိသည့် နေရာတစ်ခုဖြစ်သည်။ ၎င်းနေရာသည် အမြွှာမြို့ရှိ များပြားစွာသော သေခြင်းချီ၊ ညစ်ညမ်းသောလေထုတို့နှင့် နှိုင်းယှဉ်ပါက တက်ကြွသော ဇီဝဘဝ၏ ပန်းချီကားတစ်ချပ် ဖြစ်သည်။ လက်ရှိထိုနေရာတွင် စစ်တပ်တဲများ ဒါဇင်နှင့်ချီ၍ ဆောက်လုပ်ထားသည်။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ပြီး ရွှေဖြင့် ပြုလုပ်ထားသော လမ်းလျှောက်တုတ်ကို ကိုင်ဆောင်ထားသည့် နိုင်ငံခြားအဘိုးအိုတစ်ဦးသည် စစ်တပ်တဲများ၏တောင်ဘက်ခြမ်းရှိ ကုန်းစောင်းတစ်ခုပေါ်တွင် ရပ်နေသည်။

သူ့အနောက်တွင် အနက်ရောင်သားရေသားမွေး ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ရှိနေပြီး ၎င်းတို့၏ခန္ဓာကိုယ်မှ ခြိမ်းခြောက်နိုင်သော အော်ရာများ ထွက်ပေါ်နေပေရာ -ချိုင့်ဝှမ်း၏လန်းဆန်းတက်ကြွနေသော မြင်ကွင်းနှင့် လိုက်လျောညီထွေ မဖြစ်သော တည်ရှိမှုများပင်တည်း။ တောရိုင်းတိရိစ္ဆာန်အချို့ပင် ၎င်းတို့ကို ရှောင်ကြသည်။

"စူ … ဗိုင်းရပ်စ်မျိုးဗီဇပြောင်းလဲခြင်းအေးဂျင့်တွေ ဖြန့်ကျက်မှု ဘယ်လိုလဲ။"

နိုင်ငံခြားအဘိုးအိုက ရုတ်တရက် မေးလိုက်သည်။

သူ့အနောက် ခပ်လှမ်း လှမ်းမှာ ရှိနေသည့်လူက အသံအက်အက်ဖြင့် ပြန်ဖြေသည်။

“နောက်ဆုံးအဆင့်ပဲကျန်တော့တယ်။ သုံးရက်အတွင်း အောင်မြင်စွာ ရောစပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်။”

နိုင်ငံခြားအဘိုးအိုက ခေါင်းညိတ်ပြပြီး

“ထန်ရှုလို့ခေါ်တဲ့ ဒီလူက ကေ့သ်မိုး ဦးဆောင်တဲ့ ငတုံးအုပ်စုထက် အများကြီး စွမ်းဆောင်နိုင်ရည်ရှိတယ်။ အခု ငါတို့ပိရမစ်အဖွဲ့အစည်းက ဒီနေရာမှာ ခြေချနေပြီဆိုတော့ မဟူရာကလပ်ရဲ့အကြံအစည်နဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ရမယ်။ ဒါကြောင့် သူတို့တွေနဲ့ အပြည့်အဝ ရှေ့တန်းတိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေဖို့ လိုတယ်။ လူတချို့ကို နှောင့်ယှက်ဖို့ လွှတ်ပြီး သူတို့အတွက် ဒုက္ခ ဖန်တီးပေးလိုက်။ သူတို့က ဒီမှာ သတ္တုသိုက်အတွက် အလားအလာတချို့ လုပ်ချင်ပေမယ့် ငါတို့က သူတို့ဆန္ဒအတိုင်း လုပ်ခွင့်မပြုဘူး။”

“ကျွန်တော် ချက်ခြင်းပဲ သွားစီမံလိုက်မယ်။”

စူက လေးလေးစားစား တုံ့ပြန်သည်။

နိုင်ငံခြားသားအဘိုးအိုက သူ့မေးစေ့ကို ကိုင်ကာ "ငါ့အမိန့်အတိုင်း လုပ်ပြီးသွားရင် ဒီထန်ရှုကို သတ်ဖို့ လူတချို့ကို မင်း ချက်ချင်း ဦးဆောင်လိုက်။ ဒီကောင်က အမှောင်ဗိုင်းရပ်စ်ကို ယာယီနှိမ်နင်းတဲ့ နည်းလမ်းကို တွေးပြီး ရှာနိုင်ခဲ့တယ်။ အဲ့ဒါက ငါတို့အတွက် သက်သာရာရတယ်လို့ ဆိုနိုင်ပေမယ့် သူ့ကို အမှောင်ဗိုင်းရပ်စ်ကို အပြည့်အဝ ပျောက်ကင်းအောင် ကုသနိုင်မယ့်နည်းလမ်း တွေ့ခွင့်မပြုနိုင်သလို အဲ့ဒီ မဟူရာကလပ်က လူယုတ်မာတွေရဲ့ဖမ်းမိတာလည်း မဖြစ်စေရဘူး။”

"ကျွန်တော် တစ်ယောက်တည်း လုပ်ပါရစေ။"

စူက လျှို့ ဝှက်စွာ ပြုံးသည်။

ဟမ့်…။ နိုင်ငံခြားသားအဘိုးအိုးက အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

“တရုတ်မှာ ရှေးဆိုရိုးစကားတစ်ခု ရှိတယ် - 'သတိထားခြင်းက ဘေးကင်းခြင်းရဲ့မိဘပဲ'တဲ့။ မင်းက အရည်အချင်းရှိတဲ့လူတစ်ယောက်ဆိုတာ ငါ ဝန်ခံတယ်။ ဒါပေမယ့် မင်းရဲ့မာနက မင်းအသက်ကို လုယူမသွားပါစေနဲ့။"

***

All Chapters