← Chapters

ထူးဆန်းသောပြောင်းလဲမှု

Vol. 54 Ch. 754

ထူးဆန်းသောပြောင်းလဲမှု

Vol. 54 Ch. 754

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ရွှဲ့ရှ၏စကားများထဲမှ ရည်ရွယ်ချက်ကို သူ မည်ကဲ့သို့ နားမလည်ဘဲ ရှိပါမည်နည်း။ လက်ရှိတွင် ဤယင်ကောင်များကို ဖယ်ရှားရန် အမှန်တကယ် လိုအပ်သော်လည်း အရေးကြီးဆုံးမှာ တစ္ဆေအထူးတိုက်ခိုက်ရေးတပ်က အနောက်မှ လိုက်နေခြင်းအား ရှောင်ထွက်နိုင်ရန်ဖြစ်သည်။ မဟုတ်ပါက မဟူရာကလပ်မှ လူသားမဟုတ်သော သတ္တဝါများ ပေါ်လာသည်နှင့် သူတို့သည် အင်မော်တယ်ကျင့်စဉ် ကျင့်ကြံသူများအဖြစ် ထုတ်ဖော်ပြသရန် မလွဲမသွေ ဖြစ်လာပေလိမ့်မည်။

"သူတို့မှာ သတ္တိရှိရင် မင်း လှုပ်ရှားနိုင်တယ် ရွှဲ့ရှ။"

ရွှဲ့ရှ ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် သူသည် မဟူရာကလပ်၏လူများကို ကြည့်ကာ ဝင့်ကြွားစွာ ပြောလိုက်သည်။

"ငါ့သူဌေးက ပြောတယ် မင်းတို့ယင်ကောင်တွေက သိပ်စိတ်အနှောက်အယှက် ဖြစ်တာပဲတဲ့။ ငါတစ်ယောက်တည်း မင်းတို့ကို ကိုင်တွယ်မှာမို့ မင်းတို့ ကြွားချင်ရင် မင်းတို့ရဲ့ခွကြားက ဥလေးတွေကို သေချာကိုင်ထားတာ ပိုကောင်းမယ် ဟဲဟဲ… ။"

ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူ၏မျက်နှာသည် သုန်မှုန်သွားသည်။ သူသည် ရွှဲ့ရှကို စူးစူးစိုက်စိုက်ကြည့်ရင်း ရက်စက်သော အရိပ်အယောင်တစ်ချက် လက်သွားသည်။ သူသည် ဝံပုလွေမျိုးရိုးမှဖြစ်ပြီး သဘာဝအားဖြင့် ကြီးမားသော မွေးရာပါ ခွန်အားရှိသည်။ သူ၏သိုင်းပညာရှင်များမှလွဲ၍  သူ၏ငယ်သား ခုနစ်ယောက်သည် လူသားများဖြစ်သည်။ သူတို့သည် ထူးဆန်းသော ကျင့်ကြံမှုစနစ်ကို ကျင့်သုံးသော်လည်း ထိုမျှလောက် မသန်မာချေ။ ၎င်းတို့သည် သာမန်လူသားများနှင့်တိုက်ခိုက်ရာတွင် မည်သည့်ပြဿနာမျှ ကြုံတွေ့ရမည် မဟုတ်သော်လည်း ကွဲပြားသော လူမျိုးများ၏စစ်မှန်သော စွမ်းအားနှင့် ကြုံတွေ့ပါက အရိုက်ခံရမည်သာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ့တွင် ကိုယ်ပိုင်မာနရှိပြီး သူ့လက်အောက်ငယ်သားများကို ဘယ်သောအခါမှ လိပ်ဖြစ်ခွင့်မပြုပေ။ ရွှဲ့ရှဟုခေါ်သော ဤသူသည် အင်အားကောင်းနိုင်သော်လည်း  သူ၏လက်အောက်ငယ်သား ခုနစ်ယောက်ကသာ စုပေါင်းတိုက်ပါက ထိုသူ့ကို ထိပ်တိုက်မတိုက်ခိုက်နိုင်ဟု ဆိုလိုသည်မဟုတ်ပေ။

"သူ့ကို သတ်…"

ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားက လက်သီးများကို တင်းတင်းကျစ်ကျစ်ဆုပ်ပြီး အော်လိုက်သည်။

မဟူရာကလပ်၏ကျွမ်းကျင်ပညာရှင်များသည် သူ၏အမိန့်ကို ကြားပြီးနောက် ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွလာသည်။ ရွှဲ့ရှက မောက်မာသော စကားများ ပြောလာလေရာ သူတို့၏ နှလုံးသားထဲတွင် ထိုသူ့အား သတ်ပစ်ချင်စိတ်များ ပြည့်နှက်နေပြီဖြစ်သည်။

ဝှစ်…

လူခုနစ်ယောက်သည် ရှေ့သို့ တဟုန်ထိုး တက်လာကြပြီး ဆေဘာဓားများကို ချက်ခြင်း ဆွဲထုတ်လိုက်ကြသည်။ ထိုသူတို့၏လှုပ်ရှားမှုများသည် ကောင်းမွန်စွာ အစီအစဉ် ကျနပေရာ အေးစက်စက် ဓားသွားများက ပတ်ဝန်းကျင်လေထုကို အေးစိမ့်သော အငွေ့အသက်များဖြင့် ပြည့်သွားစေသည်။

ရွှဲ့ရှ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ သူသည် သာလွန်ထူးချွန်သော စွမ်းရည် ရှိသော်လည်း နိုးနိုးကြားကြား ရှိနေဆဲဖြစ်သည်။ ထာဝရခန်းမတွင်လည်း ကိုယ်ပိုင်ထူးခြားသော တိုက်ပွဲပုံစံရှိသည့်တိုင် ကြီးမားသော တိုက်ပွဲဝင်စွမ်းအားကို ပြသနိုင်ရန်အတွက် ၎င်းသည် ပူးပေါင်းဆောင်ရွက်ရန် လူများစွာ လိုအပ်သည်။ သူ့ရှေ့မှ လူခုနစ်ဦးမှာမူ ကောင်းမွန်သော အဖွဲ့လိုက် လုပ်ဆောင်မှုနှင့် နားလည်မှုများ ရှိကြပြီး အဖွဲ့လိုက် စုပေါင်းအင်အားကိုလည်း သိရှိနိုင်ဖွယ်ရှိသည်။

"ကြယ်ခုနစ်ပွင့် လျင်မြန်စွာ ဆက်ခံခြင်း။"

လူခုနစ်ယောက်၏ခြေကွက်များ ရုတ်တရက် ရွေ့လျားသွား၏။ မာန်တင်းကြုံးဝါးသံများနှင့်အတူ သူတို့ပုံရိပ်များသည် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှဲ့ရှသည် ချက်ချင်းပင် အရိပ်များ၏ ဖုံးလွှမ်းမှုကို ခံလိုက်ရသည်။ အစပိုင်းတွင် ထိုသူတို့၏အရှိန်သည် သိပ်မမြန်သော်ငြား သူတို့အချင်းချင်း၏ပခုံးများကို လက်ဝါးဖြင့် ပုတ်လိုက်စဉ်တွင် သူတို့၏ ပူးပေါင်းဆောင်ရွက်မှု နှင့်အတူ သူတို့၏ဆေဘာဓားများဖြင့် ဆက်လက်တိုက်ခိုက်သည်။ ဓားလမ်းကြောင်းနှင့် ဦးတည်ရာ၏အစီအစဉ်သည် အတိအကျ တူညီပြီး တသမတ်တည်း တိကျသောကြောင့် ၎င်းတို့၏ အမြန်နှုန်းကို များစွာ တိုးလာစေသည်။

"မင်းတို့တွဲဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးမှ ပြင်ပအင်အားကို ပူးပေါင်းတိုက်ခိုက်ဖို့ လိုတယ်ပေါ့ ဟမ့်…"

ရွှဲ့ရှ၏မျက်ခုံးများ မြင့်တက်သွားပြီး သူ၏ လေးနက်သော အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ရွှဲ့ရှသည် စိတ်ထဲက ပြုံးလိုက်ကာ ထိုအထဲမှ ဓားတစ်ချောင်းအား သူ့ဓားဖြင့် တိကျစွာ တိုက်ခိုက်လိုက်သည်။ တစ်နည်းဆိုရသော် သူသည် ထိုစုပေါင်းထားသောလူထဲမှ တစ်ယောက်ကို တိုက်ခိုက်ဖြုတ်ချပြီး ၎င်းတို့၏ခွန်အားကို တိုးမြင့်စေသော တိုက်ပွဲပုံစံတွင် ချို့ယွင်းချက်တစ်ခုကို ဖန်တီးလိုက်သည်။

“ချိုးဖျက်…”

ရွှဲ့ရှအား အရိပ်များမှ အနီးကပ်လိုက်နေဆဲဖြစ်သည်။ သူ့လက်ထဲက ဓားမြှောင်သည် စုပေါင်းတိုက်ကွက် ဖွဲ့စည်းပုံ၏ချို့ယွင်းချက်အား လိုက်လျောညီထွေဖြစ်စွာ ချေဖျက်ဖယ်ရှားလိုက်သည်။ အလွန်အားကောင်းသော အင်အားကို ကြံ့ကြံ့ခံနိုင်ရန် သေးငယ်သော စွမ်းအားကို ကောင်းမွန်စွာ အသုံးပြုသည့် နည်းစနစ်ကို အသုံးပြု၍ သူသည် ဆေဘာနှစ်ချောင်းကြား တိမ်းကာရှောင်ကာဖြင့် ခုန်ဝင်သွားလိုက်ပြီး သူ၏လက်ထဲရှိ ဓားမြှောင်သည် အသက်ဝင်နေသည့်အလား ကွေ့ပတ်ရွေ့လျားသွားနေကာ ၎င်းတို့ထဲမှ လူတစ်ဦး၏ဘယ်ဘက်နံရိုးဆီ တိုးဝင်သွားတော့သည်။

အားးး…

ထို့နောက် စူးစူးဝါးဝါးအော်သံ ထွက်ပေါ်လာကာ လူနှစ်ယောက်၏လည်ပင်းတွင် ပွင့်နေသော အပေါက်များမှ သွေးများ အရူးအမူး စီးကျလာပြီး သွေးစီးကြောင်းနှစ်ကြောင်း ပေါ်လာသည်။

ရွှဲ့ရှသည် သိုးအုပ်အလယ် ဝင်လာသော ကျားတစ်ကောင်နှင့် အလားတူသည်။ သူ၏ ဓားမြှောင်သည် လမ်းကြောင်းတလျောက် သွေးအရိပ်များ ဖန်တီးရင်း ပျံသန်းနေသည်။ သူ၏အရှိန်ကို ထိန်းချုပ်ထားသည့်တိုင် မဟူရာကလပ်မှ လူများထက် နှစ်ဆပိုမြန်နေသေးသည်။ ကျွမ်းကျင်သူများအကြား တိုက်ခိုက်ရေးတွင် အရှိန်နှစ်ဆနီးပါး အားသာချက်သည် တစ်ဖက်သတ် သတ်ဖြတ်ခြင်းကို မလွဲမသွေ ဖန်တီးပေးခဲ့သည်။

ဆယ့်ငါးစက္ကန့်။ ထိုအချိန်သည် ရွှဲ့ရှတစ်ယောက် တိုက်ပွဲကို အပြီးတိုင် အဆုံးသတ်ရန် လိုအပ်သော အချိန်ဖြစ်ပြီး ထန်ရှု၏အရှေ့သို့ ပြန်လာခဲ့ပြီဖြစ်သည်။

ဘုန်း…ဘုန်း…ဘုန်း…ဘုန်း…ဘုန်း…ဘုန်း…ဘုန်း…

လူခုနစ်ယောက်သည် ကြမ်းပြင်ပေါ်သို့ တစ်ဘုန်းဘုန်း ပြိုလဲကျလာပြီး စက္ကန့်အနည်းငယ်ကြာအောင် သွေးများ ပန်းထွက်ကာ အကြောများဆွဲလျက် လုံး၀ အသက်ပျောက်သွားကြသည်။

ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအရွယ်လူသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တငွေ့ငွေ့ လောင်ကျွမ်းနေသည်။ သူ၏ခန္ဓာကိုယ်မှ အော်ရာတစ်ခု ပေါက်ကွဲထွက်လာပြီး အချိန်မရွေး လှုပ်ရှားတော့မည့်အလား ရွှဲ့ရှအပေါ် စူးစူးစိုက်စိုက် စိုက်ကြည့်လျက်ရှိသည်။

ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

အချိန်တိုလေးအတွင်းမှာပင် သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့သည့် လက်အောက်ငယ်သား ရှစ်ဦးထဲက ခုနစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားခဲ့သောကြောင့် သူ့အိပ်မက်ထဲမှာတောင် မမျှော်လင့်ထားသော သည်အဖြစ်အပျက်သည် သူ့စိတ်ထဲတွင် အထက်ပါမေးခွန်းသာ ပြည့်နှက်သွားစေသည်။

တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့ဝင်များသည် အလားတူ ကြက်သေ သေနေကြသည်။ မဟူရာကလပ်မှ လူခုနစ်ဦး ပူးပေါင်း၍ တိုက်ပွဲအကွက်ဖွဲ့စည်းမှုကို မြင်တွေ့ပြီးနောက်တွင် ပြိုင်ဘက်များ မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ သိရှိလာကြသည်။ သို့သော် ဤလူခုနစ်ဦးသည် အချိန်တိုလေးအတွင်း ရွှဲ့ရှကြောင့် မထင်မှတ်ပဲ လုံးဝ ပြိုလဲသွားခဲ့ကြသည်။ ထိုကဲ့သို့သော ခွန်အားအဆင့်သည် ၎င်းတို့ထက် ကျော်လွန်နေမည်မှာ သေချာပါသည်။

"သူက လူသားရော ဟုတ်ရဲ့လား။"

ချန်းယန်ဖန်၏ပါးစပ်သည် အကြိမ်အနည်းငယ် လှုပ်သွားကာ သူ့ဘာသူ တီးတိုးရေရွတ်မိသည်။ ရုတ်တရက် သူ၏လည်ပင်းအား ဓားမြှောင်ဖြင့် ထောက်ထားခဲ့ဖူးသည့် သရဲအသွင်တူသည့်လူအား ရှန်ဟိုင်းတွင် ဆုံခဲ့သည့်အဖြစ်အပျက်ကို သူ ပြန်သတိရသွားခဲ့သည်။

“ဖြစ်နိုင်တာက … အဲ့ဒါတွေက အရင်ကတည်းက သူတို့တွေ ဖြစ်နိုင်တာလား။”

ချက်ချင်းပင် ချန်းယန်ဖန်၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏အကြည့်များသည် ထန်ရှုဆီသို့ လျင်မြန်စွာ ကူးပြောင်းသွားကြသည်။ ထန်ရှုသည် တရုတ်နိုင်ငံမှဖြစ်ပြီး ရှန်ဟိုင်းမှ လာသည်ကို သူ သိထားသည်။ ထိုအချိန်တွင် ထိုလျှပ်စီးကဲ့သို့ လူသည်လည်း ရှန်ဟိုင်းတွင် ပေါ်ထွက်လာသောကြောင့် ၎င်းတို့နှစ်ဦးကြား အလွန်နီးကပ်သော ဆက်ဆံရေး ရှိနိုင်ရမည်ဖြစ်သည်။

သူ၏အတွေးများ ထိုနေရာသို့ အရောက်တွင် ချန်းယန်ဖန်သည် သူ၏အဖွဲ့ခေါင်းဆောင် ယုရှုချင်းထံ ချက်ချင်း ရောက်လာပြီး လေသံတိုးတိုးဖြင့်

"အဲ့ဒါ သူတို့ပဲ ခေါင်းဆောင်။"

သူ၏အဓိပ္ပာယ်မရှင်းလင်းသော စကားများကြောင့် ယုရှုချင်း အူကြောင်ကြောင် ဖြစ်သွားပြီး ပဟေဠိ ဖြစ်သွားသော အမူအရာဖြင့် ပြန်ပြောသည်။

“မင်း ဘာကို ဆိုလိုတာလဲ။"

"ကြွက်ကို ခြေရာခံလိုက်တုန်းက ကျွန်တော့်လည်ပင်းကို ဓားမြှောင်တစ်ချောင်း အထောက်ခံရတယ်လို့ ပြောပြဖူးတာ မှတ်မိသေးလား။" ချန်းယန်ဖန်က တီးတိုး ပြောသည်။

"အဲ့ဒီလူက ထန်ရှုရဲ့လူလို့ ကျွန်တော် သံသယရှိတယ်။ ရွှဲ့ရှလို့ ခေါ်တဲ့လူရဲ့ အရှိန်ကို ခေါင်းဆောင်လည်း မြင်တယ်မလား။ သူက အရမ်းမြန်လွန်းတယ်။"

ယုရှုချင်း၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားပြီး သေချာစဉ်းစားနေသည်။ ချန်းယန်ဖန်၏ မှန်းဆချက်သည် အဓိပ္ပါယ်များစွာ ရှိသည်ဟု သူလည်း ခံစားမိသည်။ တိုက်ဆိုင်မှု အနည်းငယ်ရှိခဲ့ပြီး ၎င်းတို့ကို ပေါင်းစည်းရလျှင် ထိုလူများသည် ၎င်းတို့ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ထန်ရှုသည် ကြွက်အား မည်သည့်အတွက်ကြောင့် လိုပါသနည်း။ သူ့ဆီက သတင်းကို ဝယ်ဖို့အတွက်လား။

"ဒီကိစ္စကို ခဏထားလိုက်ဦး။" ယုရှုချင်းသည် ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူ၏ ပေါက်ကွဲတော့မည့် အော်ရာကို ခံစားမိလိုက်သဖြင့် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပြီး သူ၏သေနတ်ကို ချက်ချင်းပင် အသင့်ပြင်ထားလိုက်သည်။

ထန်ရှုသည် ပိန်ပိန်ပါးပါး လူလတ်ပိုင်းကို စိုက်ကြည့်ရင်း ခပ်သဲ့သဲ့ ပြုံးနေသည်။ ထို့နောက် ရွှဲ့ရှအား ကျေနပ်သော အကြည့်ဖြင့် ချက်ချင်း ခေါင်းညိတ်ပြပြီး “ကောင်းတယ်။ မင်းရဲ့ ခွန်အားတွေ တိုးတက်လာပြီလား။"

"ငါ နည်းနည်းတော့ အောင်မြင်မှုရခဲ့ပါတယ် သူဌေး။" ရွှဲ့ရှက ပြုံးပြီး ပြောလိုက်သည်။

“ကောင်းပြီ။ နောက်လုပ်စရာတွေအတွက် မင်း အကွက်ရွှေ့ဖို့ မလိုဘူး။” ထန်ရှက ခေါင်းညိတ်သည်။ “သူတို့ ဆက်လုပ်ချင်နေသေးရင် ဒီနှစ်ယောက်ကို သူများတွေ ကိုင်တွယ်ခွင့်ပေးလိုက်ဦး။”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် စိတ်တွင်းပိုင်း၌ သတ်လိုစိတ် ပြင်းထန်နေသော ရည်ရွယ်ချက်ကို မျိုသိပ်ထားရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ "မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ် ထန်ရှု။ မင်း ငါတို့နောက်ကို လိုက်ရမယ် … မင်းရဲ့လူတွေက မင်းကို လိုက်ရှာရင် သူတို့ထဲက တချို့သေလိမ့်မယ်။ ဒါပေမယ့် မင်း ငါတို့ကို ဆန့်ကျင်ချင်သေးရင် ငါတို့ကို ရက်စက်ပြီး မညှာတာတတ်ဘူးလို့ အပြစ်မတင်နဲ့။"

"ငါ ထန်ရှုက ခြိမ်းခြောက်တာကို မကြောက်ဘူး။ မင်းမှာ အရည်အချင်းရှိရင် ခေါ်သွားလိုက်။ ဒါပေမယ့် သာမန်လူတွေရှေ့ မပြသင့်တဲ့အရာကို ဖော်ထုတ်ပြီးတာနဲ့ အဲ့ဒီကိစ္စက အလွန်လျင်မြန်စွာနဲ့ ပျံ့နှံ့သွားလိမ့်မယ်ဆိုတာ မင်း မျှော်လင့်ထားလို့ရတယ်။ အဲ့ဒီအချိန်ကျ မင်း အဆုံးသတ်ဖို့ ခက်လိမ့်မယ်။”

“ဟမ့် … သာမန်လူတွေသာ သေသွားရင် ဘယ်သူမှ မသိတော့ဘူး။” သတ်လိုစိတ် တောက်လောင်နေသော အော်ရာဖြင့် သက်လတ်ပိုင်းအမျိုးသားက ဆိုသည်။

သူ၏စကားသံ ဆုံးသွားပြီးနောက် သူ့အနားမှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် တစ္ဆေ အထူးတိုက်ခိုက်ရေးတပ်၏အဖွဲ့ဝင်ခုနစ်ဦးရှိရာသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။ ယုရှုချင်း၏အရှေ့သို့ ထိုသူ မရောက်ခင်မှာပင် ထိုသူထံမှ ဝံပုလွေသွားများ ပေါ်လာပြီး မျက်လုံးများက အစိမ်းရောင် ပြောင်းလာကာ သူ၏အရေပြားထက်တွင် အမွေးများ အဆက်မပြတ် ဖောက်ထွက်နက်မှောင်လာရင်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လူသားဆန်သော သားရဲအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝံပုလွေ…

သူ၏သွေးကို နှိုးဆွခြင်းသည် သူ့အား ဘိုးဘေးပုံစံသို့ အချိန်တိုအတွင်း ပြန်လည်ရောက်ရှိစေပြီး သူ၏ခွန်အားကို တိုးပွားစေသည်။

သမန်းဝံပုလွေတစ်ကောင်သည် သူ၏သွေးကို နှိုးဆွပြီး ၎င်း၏ဘိုးဘေးပုံစံအသွင်သို့ ပြောင်းလဲသွားသည်ကို မြင်ဖူးသောကြောင့် လောင်ရှန်တွင် ထန်ရှု လုံးဝ မအံ့သြပေ။ သို့သော် တစ္ဆေအထူးတိုက်ခိုက်ရေးတပ်မှ အဖွဲ့ဝင်ခုနစ်ဦးသည် ဤသမန်းဝံပုလွေ၏ အသွင်ပြောင်းမှုကြောင့် ထိတ်လန့်သွားကြသည်။ ဤအခိုက်အတန့်တွင်ပင် ယုရှုချင်းသည် အခြားလူများ ထိတ်လန့်တုန်လှုပ်နေချိန်တွင် သေနတ်မောင်းခလုတ်ကို မသိစိတ်က ဆွဲလိုက်သည်။

“သူ့ကို ခုတ်စမ်း…”

မိုအားဝူ၏ကြံ့ခိုင်သော ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း ပျံသန်း သွားပြီး ဓားရှည်တစ်လက်အား ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ယုရှုချင်း၏ဦးခေါင်းကို ကုတ်လုနီးနီးဖြစ်နေသောသမန်းဝံပုလွေ၏ ချွန်ထက်သော ခြေသည်းများအား ထိုဓားက ဖြတ်တောက်ပစ်လိုက်သည်။ ယုရှုချင်း၏ မျက်နှာပေါ်တွင် သွေးများ စီးကျလာစေလျက် သမန်းဝံပုလွေ၏အခြားချွန်ထက်သော ခြေသည်းများ လွင့်စင်သွားကာ ယုရှုချင်း၏ရင်ဘတ်တွင် သွေးထွက်သံယို ဒဏ်ရာလေးချက် ကျန်ရစ်ခဲ့သည်။

ဂါး…

ပိန်ပိန်ပါးပါး သက်လတ်ပိုင်း အမျိုးသား၏ ပုံသဏ္ဍာန်သည်လည်း အလားတူ ပြောင်းလဲသွားသည်။ သူ၏နောက်ကျောပေါ်ရှိအဝတ်အစားများ ကွဲသွားကာ အတောင်နှစ်ချောင်းသည် တဖျပ်ဖျပ် ပွင့်လာသည်။ တောက်လောင်နေသော မီးတောက်တစ်ခုသည် သူ့မျက်လုံးများမှ ရုတ်ချည်း ထွက်ပေါ်လာပြီး သူ၏နဖူးပေါ်တွင် သွေးရောင်အမောက်ကြီးတစ်ခု ပေါက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏အတောင်ပံနှစ်ဖက်အား တဖျတ်ဖျတ် ခတ်ကာ ထန်ရှုနှင့် ရွှဲ့ရှတို့အား ဦးတည်တိုက်ခိုက်လိုက်သည်။ မီးတောက်များဖြင့် ဖုံးအုပ်ထားသော အမွေးများသည် ဒုံးပျံပုံသဏ္ဍာန်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ အပူချိန်ကို ပြင်းထန်စွာ တိုးမြင့်စေသည်။

ဝှစ်…ဝှစ်…ဝှစ်…

ထန်ရှု၏အရှေ့တွင် ရွှဲ့ရှနှင့်အတူ လူရှစ်ယောက် ချက်ချင်းပေါ်လာပြီး သူတို့၏ဓားများကို ထုတ်လွှတ်လိုက်သည်။ ဓားများ၏အရိပ်များသည် ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး အချင်းချင်း ထပ်စေလျက် ဒုံးပျံပုံသဏ္ဍာန်များကို တခဏချင်း ချေမှုန်းပစ်လိုက်သည်။ ထို့နောက်တွင် ဓားချီသည် အင်အားကြီးမားသော ဓားပိုက်ကွန်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းကာ တောင်ပံလူသားဖြစ်သွားသော ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူထံ ဦးတည်သွားတော့သည်။

"တရုတ်ကျင့်ကြံသူတွေ…"

တောင်ပံလူသား၏မျက်နှာ ကွက်ကနဲ ပျက်သွားကာ တစ်စုံတစ်ခုကို သတိရသွားသည့်အလား ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။ မိုအားဝူ၏နောက်တွင် သူ ရုတ်တရက် ပေါ်လာသောအခါ သူ၏အတောင်များသည် အလင်းဓားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မိုအားဝူ၏လည်ပင်းအား ပိုင်းဖြတ်လိုက်သည်။

"မင်း သေလိုက်တော့။"

မိုအားဝူ၏ကျင့်ကြံမှုအဆင့်သည် ထန်ရှုပြီးပါက အမြင့်ဆုံးဖြစ်သည်။ အနောက်ကနေ ဖိနှိပ်လာသော လေအားကို သူ ခံစားမိသည့်အခါ ချက်ချင်းပင် သမန်းဝံပုလွေဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သူ၏ဓားပျံသည် ယုရှုချင်းနှင့် သူ၏လူများအား တိုက်ခိုက်နေသော သမန်းဝံပုလွေ၏ကျောကို ဖောက်ခွဲရန် လှည့်ပတ်သွားသည်။

ဒိုင်း … ဒိုင်း … ဒိုင်း …

ကျည်ဆန်များသည် အရေးကြီးသောနေရာများသို့ ချိန်ရွယ်ထားဟန်ရပြီး သေနတ်ခုနစ်လက်၏ ပြောင်းဝမှ ထွက်လာခဲ့သည်။

ဂါး…

တောင်ပံလူသား ရုတ်တရက် လန့်သွားသည်။ သူသည် သူ၏ခါးမှ ဆေးထိုးပြွန်ကို ကိုင်ကာ မိုအားဝူဆီသို့ ပြေးဝင်လာသည်။ သူ၏အတောင်ပံနှစ်ဖက်သည် သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏နဖူးပေါ်ရှိ အမောက်လည်း ပျောက်ကွယ်သွားသည်။ သူ၏မျက်လုံးများ စိမ်းလာကာ ခန္ဓာကိုယ်အနှံ့ အမွေးများ ပေါက်လာသည်။ သူ၏လက်ချောင်းများဆီမှ ချွန်ထက်သော လက်သည်းများ ထွက်လာသည်။ ထိုသူသည် မူလက တောင်ပံလူသားဖြစ်သော်လည်း အသက်ရှူချိန် အနည်းငယ်အတွင်း သမန်းဝံပုလွေအဖြစ် မထင်မှတ်စွာ ပြောင်းသွားခဲ့သည်။

အပြောင်းအလဲက ထူးဆန်းပြီး အံ့သြဖို့ကောင်းတယ်…

သူ့တွင် အတွေ့အကြုံရှိသည့်တိုင် ထန်ရှုတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားရသေးသည်။

"တောင်ပံလူသားက သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားတာလား။ ဒီကောင်က ဘာကောင်လဲ။"

ထန်ရှု အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သည်အချိန်တွင် ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်သည်။ သူ၏ဒန်တျန်အတွင်းရှိ အာကာသထဲတွင် လွင့်မျောနေသော ဓားရှည်ကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ထိုသမန်းဝံပုလွေ၏နောက်ကျောကို ထိုးဖောက်ဝင်ရောက်သွားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“ပြေး…”

ကျောပေါက်သွားသော မွန်းစတား၏ပါးစပ်မှ အူသံတစ်ခု ထွက်ပေါ်လာသည်။

***

All Chapters