ပြဿနာတစ်ခု သို့မဟုတ် အခြေအနေကို ပိုမိုရှုပ်ထွေးအောင် သို့မဟုတ် ရှုပ်ထွေးစေအောင် ပြုလုပ်ခြင်း
Vol. 55 Ch. 763
မုကျန်းဟွာသည် တာဝန်ပျက်ကွက်ပြီး အရည်အချင်း မပြည့်မီသူဖြစ်လျှင်ပင် သူသည် အသုံးမကျသော ပိုးသားဘောင်းဘီသခင်လေးအဖြစ်သာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ထန်ရှု ယခင်က တွေးခဲ့ဖူးသည်။ လောင်းကစားတစ်ပွဲလျှင် ၆၀၀မီလီယံထိ ဖြုန်းနိုင်လောက်အောင် ဤမျှကြီးမားစွာ ကစားလိမ့်မည်ဟု သူ အနည်းငယ်မျှပင် မမျှော်လင့်ထားမိပေ။
ယွမ်မီလီယံ ၆၀၀…။ ဤပမာဏသည် သူ့မျက်လုံးထဲတွင် သေးငယ်သော်လည်း မရေမတွက်နိုင်သော လူများစွာ၏အမြင်တွင် များပြားလှသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။ အချို့လူများအတွက်ဆိုပါလျှင် ထိုပမာဏ၏ ဆယ်ပုံတစ်ပုံ သို့မဟုတ် တစ်ရာခိုင်နှုန်းပင် တစ်သက်လုံး မရရှိနိုင်ကြပေ။
တကယ့်ကို အလကားလူပဲ…
သူမ၏အမြတ်အစွန်းများကို အချိန်အတော်ကြာအောင် ဂုတ်သွေးစုပ်ခဲ့သော ကပ်ပါးကောင်သဖွယ် ဖခင်တစ်ဦး ရှိနေသည့်အတွက် မုဝမ်ရင်အား ရုတ်တရက်ပင် ထန်ရှု သနားသွားမိရသည်။ စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်ပြီးနောက် ထန်ရှု ဆုံးဖြတ်ချက် ချလိုက်သည်။ လူတစ်ယောက်၏သားကို သတ်ခြင်းသည် ဘယ်သောအခါမှ မပယ်သတ်နိုင်သော ရန်ငြိုးဖြစ်သည်။ ယခု သူသည် မြောင်ဝမ်လေ့ကို သတ်ခဲ့ပြီးဖြစ်ရာ မြုံနေသော ဘေးဆိုးကြီးကို မချန်ထားခဲ့နိုင်ပေ။ သို့သော် မြောင်ဟုန်းဖူအား ပေါ်ပေါ်ထင်ထင် သူ သတ်နိုင်မည်မဟုတ်ချေ။ နို့မဟုတ်ပါက မုကျန်းဟွာက ထိုအကြောင်းကို သိသွားလိမ့်မည်ဖြစ်သည်။ သူ့အပေါ် မည်သည့်အရာကိုမှ ပြန်မလုပ်ဝံ့ဘူးဆိုပါလျှင်ပင် အာဃာတနှင့်ဆိုးရွားသော ခံစားချက်များကို သူ ခံနေရပေလိမ့်မည်။
ရုတ်တရက် ထန်ရှု၏စိတ်ထဲတွင် ထက်မြက်သော အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
အတွေးထဲ နစ်မြုပ်နေသော ထန်ရှုအား ထန်ဟန်သည် စူးစမ်းလိုစိတ်အနည်းငယ်ဖြင့် စောင့်ကြည့်နေသည်။ မြောင်ဟုန်းဖူသည် မုကျန်းဟွာအား နောက်ခံအဖြစ် ထားရှိကြောင်း သိပြီးနောက် သူမ၏မောင်ငယ်လေးသည် မည်ကဲ့သို့ ဆုံးဖြတ်လုပ်ဆောင်လိမ့်မည်နည်း။
"နင် ဘာတွေ စဉ်းစားနေတာလဲ။"
"ကျွန်တော်လား … လျှို့ ဝှက်အစီအစဉ်အကြောင်း စဉ်းစားနေတာ။" ထန်ရှု ပြုံးလိုက်သည်။
ထန်ဟန်၏သိလိုစိတ်က ပိုမိုပြင်းပြလာကာ မေးလိုက်သည်။
“ဘာအစီအစဉ်လဲ။ လာပါ … မင်းအစ်မကြီးကို ပြောပြ။”
ထန်ရှုက ပြုံးရုံသာပြုံးပြီး သူမ၏မေးခွန်းကို တည့်တည့် မဖြေပေ။ ထိုအစား သူက မိုအားဝူနှင့်အဖွဲ့ကို ခေါ်ပြီး “မင်းက အသက်၃၀နှစ်အောက် မဟုတ်လား ရှီစန်း။ မင်းရဲ့မျက်နှာက ငါ သတ်ခဲ့တဲ့ မြောင်ဝမ်လေ့နဲ့ အတော် ဆင်တူတယ်။ မင်းကို မြောင်ဝမ်လေ့အဖြစ် ငါ ကူညီရုပ်ဖျက်ပေးလိုက်ရင် သူ့လို မောက်မာပြီး မယဉ်ကျေးတဲ့ အမူအရာမျိုး မင်း အတုခိုးနိုင်မလား။”
"ငါ သူ့ကို တစ်ခေါက်လောက် တွေ့ဖူးထားတော့ သူ့ပုံစံကို အတုခိုးရတာ ပြဿနာမရှိပါဘူး သူဌေး။" ရဲရှီစန်းက အမြန်ပြောလိုက်သည်။
"ဒါဆိုရင် မင်းနဲ့အတူ ကျင်းရှီ၊ ရွှဲ့ရှ၊ ဟိုက်ရွှန်း၊ ဂူထောင်၊ ကျန်းကျွေ့၊ ကျီတန်တို့နဲ့ ကျွန်းရဲ့ တောင်ဘက်ခြမ်းက ရွာဆီ ချက်ချင်း သွားလိုက်။ အဲ့ဒီနေရာမှာ တပ်စွဲထားတဲ့ လူနှစ်ဆယ်ကျော်က မက္ကဆီကိုမာဖီးယားဂိုဏ်း ရပ်စ်တွန်ရဲ့ဒုတိယအကြီးအကဲ ကျန်းလေ့သိုမို ဦးဆောင်တာလို့ ကျီတန်က စုံစမ်းပေးထားတယ်။ မင်းရဲ့တာဝန်က အဲ့ဒီရက်စ်တွန်မာဖီးယားက လူတွေကို စော်ကားဖို့ပဲ။ အဲ့ဒီထဲက အချို့ကို သတ်ပြီး မြောင်ဝမ်လေ့ရဲ့နာမည်ကို အဲ့ဒီနေရာမှာ ချန်ခဲ့လိုက်။"
ရဲရှီစန်း၏အမူအရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး
"သူဌေး … သူ့ကို အပြစ်လွှဲချချင်တာလား။"
"ဟုတ်တယ်။ ငါတို့ သူတို့အပေါ် အပြစ်လွှဲချမယ်။" ထန်ရှုက ခေါင်းညိတ်သည်။
“မြောင်ဝမ်လေ့က ဘယ်လိုအခြေအနေမျိုးမှာမဆို သေဆုံးပြီးဖြစ်နေတဲ့အပြင် သူ့ရဲ့သေဆုံးမှုအတွက် ဘာအထောက်အထားမှ မရှိဘူးလို့ ပြောလို့ရတယ်။ ငါ့အမိန့်က အရမ်းရှင်းပါတယ်။ ရက်စ်တွန်မာဖီးယားရဲ့ ဒုတိယအကြီးအကဲ ကျန်းလေ့သိုမို ဒေါသထွက်သွားရင် မြောင်ဟုန်းဖူကို တိုက်ခိုက်မှာဖြစ်သလို မြောင်ဟုန်းဖူကလည်း သူ့သားအတွက် လက်စားချေဖို့ ရက်စ်တွန်ကို တိုက်ခိုက်မှာပဲ။"
"ပြီးပြီလို့သာ စိတ်ထဲမှတ်ထားလိုက်တော့ သူဌေး။ ငါတို့တာဝန်ကို ပြီးမြောက်အောင် လုပ်မှာပါ။” ရဲရှီစန်းက ခိုင်မာပြတ်သားစွာ ခေါင်းညိတ်သည်။
ထန်ရှုက လက်ဝှေ့ယမ်းလိုက်ပြီး သူတို့ကို ထွက်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် သူက မိုအားဝူကို ကြည့်ကာ
"ဖုန်းယန်၊ ရွှီကွေ့၊ ဟိုက်ဝူယတို့ကို မင်းနဲ့အတူ ခေါ်သွားပြီး ကျွန်းမှာရှိတဲ့ နိုင်ငံခြားတပ်ဖွဲ့အားလုံးကို အချိန်တိုတိုအတွင်းမှာ စုံစမ်းလိုက်။ အဲ့ဒီကောင်တွေက မကောင်းတဲ့ အစီအစဉ်အချို့ကို ကြံစည်နေကြတာမို့ ငါတို့တွေ အဲ့ဒီကောင်တွေကို လျစ်လျူရှုမထားသင့်ဘူး။”
"အမိန့်အတိုင်းပါ။"
ဤသည်မှာ ကျွန်းကိုလာရသည့် ထန်ရှု၏ပခုံးထက်မှ တာဝန်နှင့်ဝတ္တရား ဖြစ်ကြောင်း မိုအားဝူ ရှင်းရှင်းလင်းလင်း သိထားကြောင့် အခြားလူသုံးယောက်နှင့်အတူ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ထန်ဟန်က သူတို့နောက်ကျောကို ကြည့်ကာ ချီတုံချတုံအမူအရာဖြင့် မေးလိုက်သည်။
“သူတို့ အဆင်ပြေပါ့မလား မောင်ငယ်လေး။ သူတို့နဲ့ ပူးပေါင်းဖို့ ငါ့လူတွေ ပိုနေကောင်းလာတဲ့အထိ ဘာလို့ အချိန်အတိုင်းအတာတစ်ခုအထိ မစောင့်တာလဲ။"
"အဲ့ဒီအချိန် မလိုပါဘူး။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"အားဝူနဲ့ကျန်တဲ့သူတွေက ရန်သူရာနဲ့ချီပြီး ရင်ဆိုင်နိုင်တဲ့ ဆရာသခင်တွေပါ။ နောက်ပြီး သူတို့လုပ်ရမယ့်အရာမှာ ထူးချွန်တဲ့အတွက် စိတ်မပူပါနဲ့။ နောက်ပိုင်း ဖြေရှင်းရမယ့်ကိစ္စတွေရှိရင် အစ်မကြီးရဲ့လူတွေ လှုပ်ရှားဖို့ ကျွန်တော် ပြောပါ့မယ်။"
ဒေါက်…ဒေါက်…
တံခါးခေါက်ပြီး အသက်လေးဆယ်ကျော် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး အခန်းထဲ ဝင်လာသည်။ သူမ၏မျက်နှာထက်တွင် ကျေးဇူးတင်နေသော အမူအရာရှိနေပြီး သူမက ထန်ရှုတို့ကို မျက်နှာမူလိုက်ကာ
"ကျောင်းအုပ်ကြီး … မစ္စတာထန် … လီဝရေဲ့အကြောင်းနဲ့ နောက်ခံကို ငါတို့ စုံစမ်းပြီးပြီ။ သူမက အမြွာစမ်းချောင်းမြို့ မှာ နေထိုင်တဲ့သူပဲ။ မိဘတွေကတော့ လွန်ခဲ့သောနှစ်ရက်ကပဲ အသတ်ခံလိုက်ရတယ်။ အဲ့ဒီအကြောင်းကို ကတ်ကနေတစ်ဆင့် စစ်ဆေးပြီး ရှာဖွေစောင့်ကြည့်မှုအချို့ ပြုလုပ်လိုက်တော့ မြောင်ဝမ်လေ့ရဲ့လူတွေက လုပ်ဆောင်ခဲ့တယ်လို့ ဆုံးဖြတ်နိုင်တယ်။ လီဝေ … အဲ့ဒီကလေးမလေးက နှိပ်စက်ညှဉ်းပန်းမှုများစွာကို ခံစားခဲ့ရရှာတယ်။ အရှင်းဆုံး ပြောရမယ်ဆိုရင် သူမရဲ့ဖြူစင်သန့်ရှင်းမှု၊ ကိုယ်ခန္ဓာနဲ့ စိတ်ဓာတ်တွေအားလုံး ကြီးမားတဲ့ စိတ်ဒဏ်ရာကို ခံစားနေခဲ့ရပြီ။ ငါတို့ သူ့ကို နှစ်သိမ့်ပေးလိုက်ပြီးတော့ အခု အဲ့ဒီကလေးမလေး အိပ်ပျော်နေပါပြီ။”
"အဲ့ဒီလူယုတ်မာတွေ…"
ထန်ဟန်၏မျက်နှာတွင် ဒေါသများ ပြည့်နှက်နေသည်။ သူမသည် လက်သီးကို တင်းတင်းဆုပ်ပြီး ဆိုဖာလက်ရန်းကို ထုကာ ပြောလိုက်သည်။
ထန်ရှု တချက်စဉ်းစားလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အစ်မကြီး … လီဝေ့ကို အစ်မကြီးရဲ့ စောင့်ရှောက်မှုအောက်မှာ ထားခဲ့မယ်။ ကျွန်တော်က နောက်ပိုင်း လုပ်စရာတွေ အများကြီးရှိတော့ ကလေးမလေးကို ခေါ်သွားလို့မရဘူး။"
“စိတ်မပူပါနဲ့။” ထန်ဟန်က ခေါင်းညိတ်သည်။
“ကျွန်းရဲ့အကျပ်အတည်းကို ဖြေရှင်းပြီးရင် သူ့မှာ တခြားဆွေမျိုးတွေ ရှိသေးလားဆိုတာ စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ ရှိရင်တော့ အကောင်းဆုံးပဲ။ မရှိဘူးဆိုရင်လည်း ထန်စံအိမ်ကိုယ်ခံပညာကျောင်းမှာ နေပါစေ။ ငါ အဲ့ဒီကလေးမကို မွေးစားလိုက်မယ်။"
"ဒါလည်း အဆင်ပြေပါတယ်။"
ထန်ရှုက ထွေထွေထူးထူး မပြောတော့ဘဲ ခေါင်းညိတ်သည်။
အမြွာစမ်းချောင်းမြို့၏တောင်ဘက် ကီလိုမီတာ ဒါဇင်နှင့်ချီသောဝေးသော ချိုင့်ဝှမ်းတွင် ဒါဇင်များစွာသော စစ်တပ်သုံးတဲများ ဆောက်လုပ်ထားပြီး အနီးနားတွင် လက်နက်ကိုင်ဆောင်ထားသော ကြံ့ခိုင်သည့် အမျိုးသားများစွာက စောင့်ကြပ်ကင်းလှည့်နေသည်။ အလယ်ရှိ အကြီးဆုံးတဲများအနက် တဲတစ်လုံးအတွင်းတွင် ပိရမစ်အဖွဲ့အစည်း၏ စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ ဝူကျဲသည် ကျွန်း၏မြေပုံရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
လွန်ခဲ့သော နှစ်နာရီခွဲခန့်သည် သူတို့သဘောတူညီထားကြသည့် ဆက်သွယ်ရမည့် အချိန်ဖြစ်ပြီး သူ စေလွှတ်ထားသော သူ၏လက်အောက်ငယ်သား စူနှင့်သူ၏လူများသည် အမိန့်ပေးထားသည့်အတိုင်း သူ့ကို မဆက်သွယ်လာခဲ့သည့်အပြင် သူ ဆက်သွယ်သည့်အခါတွင်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ သည်အရာများအားလုံးသည် သူ့စိတ်အား စနိုးစနောင့်ဖြစ်လာစေသည်။
ရေတစ်စက် ကျလာသည်။
တဲထဲတွင် မှုန်ဝါးဝါး အရိပ်တစ်ခု ဖြစ်လာပြီး ရေများမှတဆင့် ပုံရိပ်တစ်ခု ဖွဲ့တည်လာကာ နောက်ဆုံးတွင် ရေကန့်လန့်ကာ၏တည်ငြိမ်နေသော မြင်ကွင်းတစ်ခုနောက်မှ မိန်းမလှလေးတစ်ဦး ထွက်ပေါ်လာသည်။
"သူတို့ကို ရှာတွေ့ပြီလား ပိုဆီနျူ…" ဝူကျဲ ရပ်တန့်ပြီး မေးလိုက်သည်။
ပိုဆီနျူက လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြပြီးနောက် ကင်မရာအသေးတစ်ခုကို ယူလိုက်သည်။ ဗွီဒီယိုပြစက်နေရာကို ရွေးကာ ဖွင့်လိုက်ချိန်တွင် အထဲတွင်ပါသော ဗီဒီယိုအကြောင်းအရာသည် ချက်ချင်း ပေါ်လာခဲ့သည်။
"မျိုးမစစ်ကောင်…"
ဗွီဒီယိုကို ကြည့်ပြီးနောက် ဝူကျဲသည် ဒေါသတကြီး သူ့လက်ထဲရှိ ရွှေလမ်းလျှောက်တုတ်ကို မြေပြင်ထက်သို့ ပစ်ပေါက်ရိုက်ချိုးလိုက်ရာ တဲတစ်ခုလုံးအား ပျက်စီးသွားစေသည့် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဗီဒီယိုတွင် ပြသထားသည်မှာ ၎င်း၏ လက်အောက်ငယ်သားများစွာသည် တောအုပ်အတွင်း သားရဲများ ကိုက်စားဝါးမျိုခြင်းကို ခံထားရသော ရှုပ်ပွနေသည့် တောတောင်တွင်း နေရာတစ်ခု ဖြစ်ချေသည်။ ၎င်းတို့အနီးတွင် လူသေအလောင်းများစွာ ရှိပြီး မဟူရာကလပ်၏ အဖွဲ့ဝင်များဖြစ်သော သွေးမျိုးနွယ်စု၏ အလောင်းများလည်း ရှိနေပေသည်။
"စစ်ထောက်လှမ်းရေးအကြီးအကဲ … ကျွန်မ စုံစမ်းတွေ့ရသလောက်တော့ စူနဲ့အခြားသူတွေကို သတ်ခဲ့တာ မဟူရာကလပ်အဖွဲ့ဝင်တွေပဲ။ နောက်ပြီး မဟူရာကလပ်အဖွဲ့ဝင်တွေရဲ့အလောင်းတွေလည်း အဲ့ဒီနေရာမှာ ရှိနေတယ်။”
ပိုစီနျူက လေးနက်သောအသံဖြင့် ပြောသည်။
"ကေ့သ်မိုးနဲ့ သူ့လူတွေ စခန်းချနေတဲ့ နေရာကို မင်း သိခဲ့ပြီးပြီလား။" ဝူကျဲက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
"သိခဲ့ပြီးပြီ။ သူတို့က သောင်းပြောင်းထွေလာမြို့မှာ ရှိတယ်။ ဒါပေမယ့် စူက ပစ်မှတ်ထားပြီးလိုက်နေတဲ့ လူအုပ်စုကတော့ ပျောက်ကွယ်သွားပြီ။ သူတို့ကို ရှာတွေ့ဖို့ အချိန်နဲ့ ခွန်အားတွေ အတော်လေး သုံးစွဲခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။”
“ဟမ့် … ဖြစ်နိုင်ခြေက နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက ထန်ရှုကို မဟူရာကလပ်ရဲ့လူတွေက ခေါ်ဆောင်သွားတာ။ ဒုတိယတစ်ခုကတော့ သူ ထွက်ပြေးလွတ်မြောက်သွားပြီး ပုန်းအောင်းနေတာပဲ။” ဝူကျဲက အေးစက်စက် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါတို့တွေ လှုပ်ရှားရမယ်။ ဘိုဒတ်ကို အကြောင်းကြားပြီး သောင်းပြောင်းထွေလာမြို့ကို ကိုယ်တိုင်သွားခိုင်း။ ထန်ရှုကို တွေ့ရင် ချက်ချင်း သတ်ပစ်လိုက်လို့ပြော။ သူ့ကို ရှာမတွေ့ရင် ကေ့သ်မိုးကို သင်ခန်းစာတစ်ခု ပေးလိုက်။”
"စစ်ထောက်လှမ်းရေးအကြီးအကဲ … ကျွန်မတို့ မဟူရာကလပ်ကို တိုက်ခိုက်ရမှာ တကယ် သေချာရဲ့လား။"
ပိုစီနျူက လျင်မြန်စွာ ဖြတ်ပြောလိုက်သည်။ "ကျွန်မရဲ့အချက်အလက် မှန်ကန်တယ်ဆိုရင် မဟူရာကလပ်ရဲ့ကျွမ်းကျင်သူတွေ အများကြီးကို ကေ့သ်မိုးက ကျွန်းဆီ ခေါ်ခဲ့တယ်တဲ့။ ကျွန်မ စိတ်ပူတာက …”
“ဘာမှ စိတ်ပူစရာမရှိပါဘူး။ ငါတို့လည်း ဒီတစ်ခေါက် ကျွန်းကို လာတော့ ပိရမစ်ရဲ့ကျွမ်းကျင်သူတွေကို ကြိုတင်သတိထားပြီး ခေါ်ခဲ့တာပဲလေ။ ငါတို့ရဲ့လူအရေအတွက်က အပေါ်ယံမှာ ဖော်ပြထားတာထက် အများကြီး ပိုတယ်။” ဝူကျဲက လေသံမာမာဖြင့် ပြောသည်။ “အရင်တုန်းက မဟူရာကလပ်နဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပေမယ့် ငါတို့အားလုံး တိုက်ခိုက်တဲ့အထိတော့ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် အခု … ကေ့သ်မိုးဆီက အဖိုးအခ တောင်းရမှာပဲ။”
“ကောင်းပါပြီ။ ကျွန်မ စစ်အကြီးအကဲဘိုဒတ်ကို ချက်ချင်း အကြောင်းကြားပါ့မယ်။" ပိုစီနျူက ခေါင်းညိတ်သည်။
ဝူကျဲက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အမြွာစမ်းချောင်းမြို့ ရှိရာဘက်သို့ သုန်မှုန်သော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။ သူသည် ဤတစ်ကြိမ်တွင် လူယုံများစွာကို ခေါ်ဆောင်ခဲ့ရာ စူသည် သူ၏ညာလက်ရုံးဖြစ်သည်။ စူဦးဆောင်သော မှော်ဓာတ်ပညာရှင်အဖွဲ့သည် သူ၏သစ္စာအရှိဆုံး တပ်ဖွဲ့လည်း ဖြစ်သည်။ သည်တစ်ကြိမ် ဆုံးရှုံးမှုသည် သူ့အတွက် အင်မတန် ကြီးမားလွန်းသောကြောင့် သူ့အား စိတ်အနှောင့်အယှက် ဖြစ်ရုံသာမက များစွာ ထိခိုက်နစ်နာစေသည်။
သောင်းပြောင်းထွေလာမြို့။
ကျွန်းပေါ်ရှိမဟူရာကလပ် စခန်းချထားသော နေရာသည် မြို့၏မြောက်ဘက်လမ်းတစ်ခုတွင် ဖြစ်သည်။ ကေ့သ်မိုး၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် ထွက်ပေါ်လာပြီး သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ဖိချေလိုက်သည်။ သူ့ရှေ့တွင် ရပ်နေသော ပင်စိမ်းနှင့် အလိုဒီသည် အသက်ပင် ရဲရဲမရှူဝံ့ဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။
"အမှောင်ဝိညာဉ်အဖွဲ့ရဲ့မှူးမတ်အဆင့်လေးယောက်ကို ဒီအတိုင်း သတ်ပစ်လိုက်တယ်ပေါ့။ အဲ့ဒီတုန်းက မင်းတို့နှစ်ယောက် ဘာလုပ်နေလဲ။ အဲ့ဒီလေးယောက်ကို ငါကိုယ်တိုင် လေ့ကျင့်ပေးခဲ့တယ်။ သူတို့ဆီမှာ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ကြီးလဲဆိုတာ မင်းတို့ သိလား။"
"တရုတ်ကျင့်ကြံသူတွေ ဟုတ်လား… အဲ့ဒီတရုတ်ကျင့်ကြံသူတွေက အတော်လျှို့ဝှက်ဆန်းကြယ်ပြီး အရမ်းကြောက်မက်ဖွယ်ကောင်းတယ်ဆိုရင်တောင် ဒါက မင်းတို့မအောင်မြင်မှုအတွက် ယီးလို အကြောင်းပြချက် မဟုတ်ဘူးကွ။ အဲ့ဒီ ငါ-ိုးမျိုးမစစ်ကောင်တွေကို ရှာစမ်း။ ငါ သူတို့အရိုးတွေကို ချိုးပြီး ပြာတွေကို ကြဲပစ်မယ်။"
“…”
သူ၏ဒေါသများကို ဝုန်းဒိုင်းကြဲ ပေါက်ကွဲလိုက်ပြီးမှသာ ကေ့သ်မိုးသည် နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။
ပင်စိမ်းသည် နောက်ဆုံးတော့ စိတ်ထဲမှ သက်သာရာ ရသွားသည်။ သူ့ကိုယ်သူ ရဲစိတ်မွေးကာ ဆက်ပြီးတင်ပြသည်။
“တကယ်တော့ သူတို့ရဲ့အင်အားက ဒီလောက် အစွမ်းထက်တာ မဟုတ်ပါဘူး။ ထန်ရှုကိုယ်တိုင်က ငါတို့လောက် သန်မာတယ်ဆိုပေမယ့် သူအသုံးပြုတဲ့ ဓားရဲ့ စွမ်းအားက ပြင်းထန်လွန်းပြီး အဲ့ဒီဓားအတွင်းက ကြီးမားတဲ့ စွမ်းအင်တစ်ခုကို ငါ ခံစားမိတယ်။ ငါတို့မဟူရာကလပ်က ပိုင်ဆိုင်တဲ့ အမှောင်နတ်ဆိုး ရှေးဟောင်းပစ္စည်းထက် ပိုပြီးသာလွန်တယ်ဆိုတာ သေချာတယ်။"
ကေ့သ်မိုး အံ့အားသင့်သွားပြီး သူ့ကို စိုက်ကြည့်ကာ “မင်း သေချာရဲ့လား။”
“သေချာပါတယ်။” ပင်စိမ်းက ခေါင်းညိတ်သည်။ "ထန်ရှုက သိပ်ပြီး အစွမ်းထက်တာမဟုတ်ဘူး။ သူ့ကို ငါကိုယ်တိုင် အနိုင်မယူနိုင်ပေမယ့် အလိုဒီနဲ့တွဲပြီး တိုက်ခိုက်ရင် အနိုင်ယူနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူ့ဓားက အရမ်းအစွမ်းထက်ပြီး ထူးဆန်းလွန်းတာကြောင့် ငါတို့တွေ …”
ကေ့သ်မိုးက လက်ပြကာ သူ့စကားကို ကြားဖြတ်လိုက်သည်။ သူ့မျက်လုံးများတွင် လောဘရိပ်များသန်းနေပြီး
“ဒီလိုဆိုရင် အဲ့ဒါကို ငါကိုယ်တိုင် လုပ်မယ်။ သူ အခု ဘယ်မှာ ရှိနေလဲ ဆိုတာ ဖြစ်နိုင်သမျှ အမြန်ဆုံး ရှာလိုက်။ အဲ့ဒါ့အပြင် မင်းကို ကူညီဖို့ တခြားအမှောင်ဝိညာဉ်အဖွဲ့တွေကိုလည်း အကြောင်းကြားထား။ သူ့ကို တွေ့တဲ့အခါ ငါ့ကို ချက်ချင်းသတင်းပို့ဖို့ ပြောပြ။"
"အမိန့်အတိုင်းပါ။"
ပင်စိမ်းတစ်ယောက် အစောပိုင်းက ကြုံတွေ့ခဲ့ရသော ရှုံးနိမ့်မှုသည် သူ့အတွက် လွန်စွာ အရှက်ရပြီး ရှက်စရာကောင်းလွန်းသော ကိစ္စဖြစ်သည်။ ကေ့သ်မိုးက သူ့ကိုယ်တိုင် ဆောင်ရွက်ချင်သည်ဟု ကြားသောအခါတွင် ထန်ရှုအား ကေ့သ်မိုး သတ်နိုင်ခဲ့ပါက ဤအရှက်ကို ဆေးကြောနိုင်မည် ဖြစ်သည်။ ထိုသို့လုပ်ရန် မစွမ်းဆောင်နိုင်ခဲ့ပါလျှင် သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေမှာ အသေအချာပင်။
"သခင် … သခင့်ရဲ့ အမိန့်အမှတ်အသားကို ငါ လိုလိမ့်မယ်။ နို့မဟုတ်ရင် တခြားအမှောင်ဝိညာဉ်အဖွဲ့နှစ်ဖွဲ့က ငါ့စကားကို နားထောင်မှာ မဟုတ်ဘူး။"
"ယူသွားလိုက်။"
ကေ့သ်မိုးသည် သူ၏အမိန့်အမှတ်အသားကို ပင်စိမ်းအား မတုံဆိုင်းဘဲ ပေးလိုက်သည်။
***