← Chapters

ကံကြမ္မာ

Vol. 55 Ch. 766

ကံကြမ္မာ

Vol. 55 Ch. 766

ယခုအချိန်တွင် ကျန်းလေ့သိုမိုသည် ထန်ရှု၏ဂုဏ်ပုဒ်ကို ခန့်မှန်းပြီးဖြစ်သည်။ သူမသည် အံ့အားသင့်ကာ ဝမ်းသာသွားသော်လည်း ဇဝဇေဝါဖြစ်နေသော အမူအရာတစ်ခုကို သူမ၏မျက်နှာပေါ်တွင် မြင်တွေ့နိုင်သည်။ သူမသည် သည်ကျွန်းသို့ လာရောက်ရသည့် အကြောင်းအရင်းတစ်ခုမှာ ဤလျှို့ဝှက်ဆန်းကြယ်သော အရှေ့ဖျားနိုင်ငံရှိ ကျင့်ကြံသူများ၏အခြေအနေကို ရှာဖွေရန်ဖြစ်သည်။ သူမကို ပြုစုပျိုးထောင်ပေးပြီး နည်းစနစ်ပေးခဲ့သော အမျိုးသမီးအကြောင်းကို ရှာနိုင်ပါက အကောင်းဆုံးသာတည်း။

"နင် ငါ့ရဲ့ဂုဏ်ပုဒ်ကို သိတာလား လူကြီးမင်း"

ကျန်းလေ့သိုမိုက မေးသည်။ သို့သော်လည်း သူမ၏ မျက်နှာပေါ်တွင် သတိထားနေသောအရိပ်အယောင် ရှိနေသည်။

"မက္ကဆီကန် ရက်စ်တွန်မာဖီးယားဂိုဏ်းရဲ့ ဒုတိယအကြီးအကဲ ဖြစ်ပြီး ဉာဏ်ပညာနဲ့ ခွန်အားတွေမှာပါ နာမည်ကြီးတဲ့ နတ်ဆိုးကို ငါ ဘယ်လို မသိဘဲ ရှိပါ့မလဲ။ ဒီကျွန်းမှာ မင်းနဲ့ဆုံမယ်လို့ မထင်ထားဘူး။ တရုတ်ကထုတ်တဲ့ သယံဇာတတွေကို လောဘမျက်လုံးတွေနဲ့ ကြည့်နေသူတွေရဲ့ အရေအတွက်က တကယ်ကို များနေပုံရတယ်။”

"ငါ ဘယ်သူလဲဆိုတာ နင် သိပြီးပြီမို့ နင် ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြပါ လူကြီးမင်း"

ကျန်းလေ့သိုမိုက အေးစက်စွာ ပြောလိုက်သည်။

"ထန်ရှု…" ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုအဖြေသည် ကျန်းလေ့သိုမိုအား စိတ်ကျေနပ်မှုကို မရစေပေ။ နာမည်တစ်ခုတည်းက သူမအတွက် အဓိပ္ပါယ်မရှိပေ။ သူမ သိချင်တာက ထန်ရှု၏အကြောင်းပါ။ ထို့အပြင် ဤလူ သည်နေရာတွင် ရှိနေခြင်းသည် မတော်တဆ မဟုတ်ဟု သူမပြောနိုင်သည်။

"နင်က ငါ့အပေါ် အကြံအစည် လုပ်နေတာလား။"

ထန်ရှုက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ သူသည် သူမကို အမှန်ပင် အကြံအစည် လုပ်ခဲ့သည်။ သို့သော် မြောင်ဝမ်လေ့ သေဆုံးပြီး မြောင်ဟုန်းဖူ ခုလေးတင် အသတ်ခံလိုက်ရသော ကိစ္စတွင် ပုံပြင်ကို ပြောပြရန် သက်သေမရှိတော့သဖြင့် သဘာဝအတိုင်း သူ ဝန်ခံမည်မဟုတ်ပေ။ မြောင်ဟုန်းဖူ၏လက်အောက်တွင် ကိုယ်ခံပညာဆရာကြီးအဆင့်များ မရှိသည့်အပြင် ခိုင်မာသော အရင်းအနှီး မရှိသောကြောင့် ရီစ်စတွန်မာဖီးယားဂိုဏ်းကို ထိခိုက်ပျက်စီးအောင် မလုပ်ဆောင်နိုင်ခဲ့သည်ကို ထန်ရှု အနည်းငယ် နောင်တရနေခဲ့သည်။ နို့မဟုတ်ပါက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်အား ပစ်သတ်ရန် သူ၏အစီအစဉ်သည် လွယ်ကူနေပေလိမ့်မည်။

"မင်း ပြောတာကို ငါ နားမလည်ဘူး ကျန်းလေ့သိုမို။ ဒီနေရာကို ဖြတ်သွားရင်း မထင်မှတ်ပဲ ဒီလိုကောင်းတဲ့ ပွဲကို တွေ့လိုက်ရတာလေ။ ဒါနဲ့ ငါ မင်းကို တစ်ခုလောက် မေးပါဦးမယ်။ ဒါက တရုတ်နိုင်ငံပိုင်နက်ဖြစ်ပြီး မင်းက သူ့နိုင်ငံသားတွေကို သတ်လိုက်တာ … မင်းကို အဲ့ဒီလို လုပ်ရဲအောင် ဘာက သတ္တိတွေပေးခဲ့တာလဲ။"

“ဒီလူတွေက အမှိုက်ကလွဲလို့ ဘာမှ မဟုတ်တဲ့ကောင်တွေ။ ငါ့စခန်းနားက ငါ့လူတွေကို သူတို့ရဲ့အရည်အချင်းတွေနဲ့ ဘယ်လို သတ်နိုင်ပါ့မလဲ။ တရုတ်လူမျိုးတွေက ရူးချင်ယောင်ဆောင်ပြီး အရူးလုပ်တမ်းကစားရတာကို ကြိုက်တာလား။”

ဖုန်းမြည်သံ…

ထန်ရှု၏ဆက်သွယ်ရေးစက်မှ ရုတ်တရက် အသံမြည်လာသည်။ ကျန်းလေ့သိုမို၏ ဒေါသတကြီး စိုက်ကြည့်နေသော အကြည့်များအောက်တွင် ဖုန်းခေါ်တာကို လက်ခံလိုက်ပြီး

"ဘာဖြစ်တာလဲ…"

မိနစ်ဝက်လောက်အကြာတွင် သူ၏အမူအရာသည် ထူးဆန်းသွားသည်။ "အိုး…" ဟု ပြောပြီးနောက် သူ ဖုန်းချလိုက်ပြီး ကျန်းလေ့သိုမိုကို အပြုံးဖြင့် ကြည့်ကာ

“ကောင်းပြီ။ ငါက ဒီဟာကို လုပ်ခဲ့တာလို့ ဝန်ခံတယ်။ ဒါပေမယ့် ဒါက မင်း ကောင်းဖို့နဲ့ မင်းရဲ့ ရက်စ်တွန်ဂိုဏ်းအတွက် ငါ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ခဲ့တာလို့ ပြောနိုင်တယ်။"

"နင် ငါ့လူတွေကို သတ်လိုက်တာ ငါ့အကျိုးအတွက်လို့ ပြောနေတာလား။" ကျန်းလေ့သိုမိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင်က ဘာသောက်ကျိုးနည်း အရူးကွက်နင်းနေတာလဲ။"

“ငါ့ရဲ့ခန့်မှန်းချက် မမှားရင် မင်းတပ်စွဲထားတဲ့ ရွာက စခန်းမှာ ဘာဖြစ်သွားလဲဆိုတာ မင်း မသိသေးဘူး မဟုတ်လား။ မနေ့ညက ခါးသီးတဲ့ အတွေ့အကြုံကို မြည်းစမ်းခဲ့တဲ့ နိုင်ငံခြားအင်အားစုတွေအကြောင်း မင်း သတင်းမရသေးဘူး ထင်တယ်။ ဒါပေမယ့် မင်းကို ငါ ကူညီခဲ့ပြီး မင်းရဲ့ရက်စ်တွန်ဂိုဏ်းကို သာမန်လူတချို့ရဲ့ အသက်နဲ့ လဲလှယ်ပြီး ဆိုးရွားတဲ့အခြေအနေကနေ ဆွဲထုတ်ခဲ့တာလို့ ပြောနိုင်တယ်။ တစ်နည်းပြောရရင် ငါက မင်းရဲ့အသက်သခင်ကျေးဇူးရှင်ပဲ။"

"ဘာဖြစ်သွားလို့လဲ။" ကျန်းလေ့သိုမို အံ့အားသင့်သွားသည်။ ထန်ရှု၏လေးနက်သော အမူအရာကြောင့် သူမ စိတ်အခြေအနေ ယိမ်းယိုင်သွားသည်။ သည်လူက ငါ့ကို အကြံအစည် လုပ်တယ်လို့ ဝန်ခံတယ် ဒါပေမယ့် သူက ငါ့ရဲ့ ကယ်တင်ရှင်ကြီး ရုတ်တရက် ဘယ်လို ဖြစ်လာတာလဲ။ ငါ့လူခြောက်ယောက် သေသွားတာ ချီးလိုအကျိုးကျေးဇူး ဖြစ်လာတာလား။

"နင်က ပေါက်ကရတွေ ပြောနေတာလား။ ဒါမှမဟုတ် ငါတို့ စုံစမ်းရေးအဖွဲ့ကို တမင်တကာ လှောင်ပြောင်နေတာလား။”

"ကြည့်ရတာ မင်းရဲ့ရက်စ်တွန်ဂိုဏ်းက ကြောက်စရာကောင်းတဲ့ ထောက်လှမ်းရေး ကွန်ရက်တစ်ခု ရှိပုံရတယ် ဟမ့်။" ထန်ရှုက သရော်လိုက်သည်။

“ငါ မင်းကို တစ်ခုပြောမယ် အမျိုးသမီး။ တတိယကမ္ဘာ့အကြီးဆုံး အန္တရာယ်ရှိအဖွဲ့အစည်း ဖြစ်တဲ့ မဟူရာကလပ်ကို မနေ့ညနေပိုင်းက ပြည်ပတပ်ဖွဲ့ ဒါဇင်ပေါင်းများစွာရဲ့တိုက်ခိုက်တာကို ခံခဲ့ရပြီး အားနည်းတဲ့ တပ်ဖွဲ့အချို့ဆိုရင် သုတ်သင်လုနီးပါး ဖြစ်ခဲ့တယ်။ အခြားတစ်ဖက်မှာလည်း ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်း ပိရမစ်က မဟူရာကလပ်ကို လက်တုံ့ပြန်ခဲ့လို့ အခြေအနေတွေ ပိုဆိုးသွားတယ်။ တစ်ရွာတည်း စခန်းချနေတဲ့ အခြားအင်အားစုနှစ်ဖွဲ့မှာ ဆုံးရှုံးမှုတွေ ကြီးခဲ့တယ်။ မင်းရဲ့ရက်စ်တွန်ဂိုဏ်းကို စုစည်းပြီး အဲ့ဒီနေရာကနေ ခေတ္တထွက်ခွာလာခဲ့တာက တိုက်ခိုက်မှုကို ရှောင်ကြဉ်နိုင်ခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။”

"ဘာ … မဟူရာကလပ်…။" ကျန်းလေ့သိုမို၏အမူအရာသည် အကြီးအကျယ် ပျက်သွားပြီး သူမ၏မျက်လုံးများထဲတွင် ထိတ်လန့်ရိပ်များ ဖြစ်ပေါ်သွားစေသည်။ သူမကိုယ်တိုင်က ကျင့်ကြံသူတစ်ယောက် ဖြစ်၍     သာမန်လူများ မသိနိုင်သော အချက်တချို့ကို သိပေသည်။

မည်သို့ပင်ဆိုစေကာမူ မဟူရာကလပ်သည် ထိုသို့သောလှုပ်ရှားမှုကို မည်ကဲ့သို့ ဆွဲယူဝံ့မည်နည်း။

“ငါ့ခန့်မှန်းချက်မှန်ရင် ကျွန်းတခုလုံးမှာရှိတဲ့ နိုင်ငံခြား အင်အားစုတွေအားလုံး လျှို့ဝှက်ပူးပေါင်းသွားလောက်ပြီ။ မဟူရာကလပ်က ရည်မှန်းချက် ကြီးကြီးမားမား ရှိတယ်ဆိုပေမယ့် အခုတစ်ကြိမ် သူတို့တွေ ပျားအုံကို တုတ်နဲ့သွားထိုးထားတယ်ထင်တယ်။ နောက်ဆက်တွဲ ဖြစ်လာမှာက မဟူရာကလပ်နဲ့ အဲဒီတပ်ဖွဲ့တွေကြား သေခြင်း ရှင်ခြင်းတိုက်ပွဲပဲ။ မင်းရဲ့ရက်စ်တွန်ဂိုဏ်းကို ဒီဖရိုဖရဲအရှုပ်အထွေးထဲက ဆွဲထုတ်ပေးလိုက်သလို ဖြစ်သွားပြီဆိုတော့ ငါ့စကားက မှားတယ်လို့ မင်း ထင်လား။"

“ဒါ…”

ထန်ရှု၏ကျိုးကြောင်းဆက်စပ်ပြစကားများတွင် တစ်ခုခု လွဲချော်နေသည်ဟု သူမ ခံစားမိသော်လည်း ပြန်လည်ချေပရန် စကားမရှိပေ။ သို့သော် သူပြောခဲ့သည့်စကားများ မှန်ကန်ခဲ့ပါက သူမတို့ တကယ်ကံကောင်းသည်ဟု ဆိုရပေမည်။ မဟူရာကလပ်သည် သူမ၏ရက်စ်တွန် မာဖီးယားဂိုဏ်းက တတ်နိုင်သည်ထက် ကျော်လွန်၍ ကြောက်မက်ဖွယ် ကောင်းသော သြဇာအာဏာနှင့် အင်အားကြီးတစ်ခု ဖြစ်သည်။

မဟုတ်ဘူး … တိကျစွာ ပြောရမည်ဆိုပါက ရက်စ်တွန်ဂိုဏ်းတစ်ရာ ရှိလျှင်တောင်မှ မဟူရာကလပ်အား မည်သို့မှ လုပ်နိုင်မည်မဟုတ်ပေ။

"... ဒီအကြောင်းကို ငါ တကယ်မကြားရသေးဘူး မစ္စတာထန်။" ကျန်းလေ့သိုမိုက အသက်တစ်ချက် ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ငါတို့က ရန်သူတွေ မဟုတ်ပါဘူး။ တရုတ်က ကျင့်ကြံသူတွေနဲ့ ရန်သူတွေ ဖြစ်လာဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး။ ဒါပြီးရင် ငါတို့တွေ အနာဂတ်မှာလည်း ရန်သူတွေ မဖြစ်ကြဘူးလို့ ငါ မျှော်လင့်တယ်။”

"ကောင်းပြီ … မိတ်ဆွေဖွဲ့တာက ရန်သူလုပ်ရတာထက် ပိုကောင်းပါတယ်။ မင်း ရက်စ်တွန်ဂိုဏ်းကို ခေါ်ပြီး ကျွန်းက ထွက်သွားမယ်ဆိုရင် ငါတို့တွေ ရန်သူဖြစ်မှာ မဟုတ်ဘူး" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"ရက်စ်တွန်က ကျွန်းက ထွက်၊ မထွက်ဆိုတဲ့ကိစ္စက နင်နဲ့ ဘယ်လိုများ ပတ်သက်လို့လဲ မစ္စတာထန်။" ကျန်းလေ့သိုမို မျက်မှောင်ကြုတ်သွားသည်။

"နင် တရုတ်အစိုးရကို တရားဝင်ကိုယ်စားပြုနိုင်လို့လား။"

ထန်ရှုက အစိမ်းရောင်စာအုပ်ကို ဆွဲထုတ်လိုက်ပြီး ကြွပ်ဆတ်ဆတ်လေသံဖြင့်

"မင်းအတွက် ကံမကောင်းပါဘူး ဒါပေမယ့် ငါက တရုတ်အာဏာပိုင်ကို တကယ် ကိုယ်စားပြုနိုင်တယ်။ ငါ့မှာ ဒီလိုလုပ်ပိုင်ခွင့်တွေ ရှိတယ်။ ငါ့လူတွေနဲ့ ငါကိုယ်တိုင် ဒီကို လာတယ်ဆိုတာ ဒီကပြဿနာတွေကို ဖြေရှင်းဖို့ပဲ။ ကျွန်းမှာရှိတဲ့ နိုင်ငံခြားအင်အားစုတွေ ဒီမှာပဲ ဆက်နေဦးမယ်ဆိုရင် ရန်သူနိုင်ငံအဖြစ် သတ်မှတ်မယ်လို့ ငါ ပြောလို့ရတယ်။"

ကျန်းလေ့သိုမို၏မျက်လုံးများသည် အေးစက်သွားသော်လည်း သူမသည် ချက်ချင်းပင် သူမ၏အော်ရာကို ထိန်းပြီး ထန်ရှု၏မျက်နှာကို လေးလေးနက်နက် စိုက်ကြည့်ကာ

“ငါ့ကို မေးခွန်းတစ်ခု ဖြေပေးပါ။ နင့်အဖြေက ငါ့ကို စိတ်ကျေနပ်စေရင် ငါ ဒီကျွန်းက ထွက်သွားမယ်။"

"မေးပါ။" ထွက်သွားရန် သူမ ဆန္ဒမရှိသော်လည်း သူနှင့် ရန်သူဖြစ်ရန် မဝံ့ရဲသည်ကို ထန်ရှု မြင်နိုင်ပေသည်။

“ဒီနေရာမှာ တရုတ်အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ် ဖြစ်ပေမယ့် နင်က ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ တရုတ်နိုင်ငံက ကျင့်ကြံသူတွေနဲ့ အခြေအနေကို သိတယ်မဟုတ်လား။ နင့်ကို မေးချင်တာက ကျင့်ကြံသူတစ်ယောက် အကြောင်းပါ။" ကျန်းလေ့သိုမိုက မေးလိုက်သည်။

"ဘယ်သူများလဲ။" ထန်ရှု အံ့သြသွားသည်။

“သူ့အခြေအနေနဲ့ ပတ်သက်ပြီး ငါ အထူးရှင်းလင်းစွာ မသိဘူး။” ကျန်းလေ့သိုမိုက မျက်မှောင်ကြုတ်ရင်း ပြောလာသည်။

"သူမကို ယန်လို့ခေါ်တာပဲ ငါ သိတယ်။ သူမဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်၂စုတုန်းက အသက်၂၀လိုပဲ။ ဒါကြောင့် အခုဆို အသက် လေးဆယ်ကျော်လောက် ရှိရော့မယ်။”

ယန်လို့ အမည်ရှိတဲ့ အမျိုးသမီးက အသက်လေးဆယ်ကျော်လောက် အမျိုးသမီးလား။

"တောင်းပန်ပါတယ် အဲ့ဒီလူအကြောင်း တစ်ခါမှ မကြားဖူးဘူး။" ထန်ရှု ခေါင်းယမ်းလိုက်သည်။

ကျန်းလေ့သိုမို၏မျက်လုံးများတွင် စိတ်ပျက်နေသော အကြည့်များ ရှိနေပြီး သူမက ခါးသီးသော လေသံဖြင့် ပြန်ပြောသည်။

"ဒါဆို နင်က သူမကို မသိတဲ့အတွက် တရုတ်ပြည်က တခြားကျင့်ကြံသူတွေကိုပဲ မေးဖို့ ရှာရတော့မယ်။ ငါ နင့်ကို ပွင့်ပွင့်လင်းလင်းပြောမယ်။ သူက ငါ့ကို ကျင့်ကြံတဲ့ နည်းစနစ်ကို အရင်တုန်းက သင်ပေးခဲ့သူပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့အကြောင်းကို ငါ အဆက်ပြတ်သွားတယ်။”

"မင်း ပြောခဲ့တဲ့လူအကြောင်း ငါ တကယ် မကြားဖူးသလို တရုတ်ပြည်က ကျင့်ကြံသူတွေအကြောင်းလည်း ငါ နည်းနည်းပဲ သိတယ်။" ထန်ရှု အသာ ခေါင်းညိတ်ရင်း “ကျင့်ကြံသူများစွာက သူတို့အကြောင်းကို ဖုံးကွယ်ဖို့ သိုသိုသိပ်သိပ် နေကြတာများတယ်။ သူတို့ကိုယ်သူတို့ ထုတ်ဖော်ဖို့ ဆန္ဒမရှိရင် သူတို့ရဲ့ဖြစ်တည်မှုကို သိဖို့ဆိုတာ အမြဲတမ်း ခက်ခဲတယ်။”

ကျန်းလေ့သိုမိုသည် ထန်ရှုနှင့် အချိန် ထပ်ပြီး မဖြုန်းချင်တော့ပေ။ သူမ သိချင်သော အကြောင်းအရာကို မသိနိုင်သဖြင့် ချက်ချင်း လက်သီးဆုပ်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။ “ဒါဆိုရင်လည်း ခွင့်ပြုပါဦး။”

ထန်ရှုက သူမကို မတားဘဲ ထွက်ခွာသွားသော သူမ၏နောက်ကျောကိုသာ ကြည့်နေလိုက်သည်။ ရဲရှီစန်းနှင့် ကျီတန်တို့အား သည်နေရာမှ ထွက်ခွာရန် ပြောတော့မည့်ဆဲဆဲဆတွင် ကျီတန်သည် ရုတ်တရက် သူ့ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူဌေး … တစ်ယောက်ယောက်ကို မေ့နေတယ်။”

"ဟင် … ဘယ်သူများလဲ။" ထန်ရှု စဉ်းစားသွားရသည်။

"သူမက ထာဝရခန်းမကို တည်ထောင်တဲ့ အရင်သူဌေးကြီးလေ။" ကျီတန်က ဆိုသည်။

ယန်အာလား …

ထန်ရှု အံ့ဩသွားပြီး သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

ငါ့တပည့်လေးက လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်က အသက် ၂၀ ဝန်းကျင်ပုံရှိသလို သူမရဲ့အမည်မှာလည်း 'ယန်' ဆိုတာပါနေတယ်။ သူတို့ကြားက တကယ် ချိတ်ဆက်မှု ရှိနေသလား။

"သူမကို အမှီလိုက်ပြီး ပြန်ခေါ်လာခဲ့ပါ။"

ထန်ရှု ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ သူ့လက်စွပ်ထဲမှ ဘောပင်နှင့် စာရွက်ကို ထုတ်ပြီး ဂူယန်အာ၏မျက်နှာကို ရေးဆွဲရန် ပြင်ဆင်နေသည်။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ဓာတ်ပုံများ သိမ်းထားရာနေရာကို ဖွင့်ပြီး သူမ၏ဓာတ်ပုံကို ရွေးထားလိုက်သည်။ တစ်မိနစ်အကြာတွင် သတိရှိနေသော ကျန်းလေ့သိုမို ပြန်ရောက်လာပြီး သူ့အရှေ့တွင် ရပ်လိုက်သည်။

"နောက်ထပ် ကိစ္စတစ်ခုခု ရှိလို့လား။"

သူမသည် ထန်ရှုကို အမှန်တကယ် သတိထားနေသော်လည်း မကြောက်ပေ။ သူမအတွက် ထန်ရှုသည် ပြိုင်ဖက်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပေမယ့် သူမ ထွက်ပြေးသည်ကိုလည်း သူ တားဆီးနိုင်မည် မဟုတ်ပေ။

ထန်ရှုက သူ၏လက်ကိုင်ဖုန်းကို ပေးပြီး

"ဒီဓာတ်ပုံကို ကြည့်ကြည့်လိုက် … ဒါက မင်းရှာနေတဲ့ အမျိုးသမီးပဲလား။"

ကျန်းလေ့သိုမို ဇဝဇေဝါအမူအရာဖြင့် လက်ကိုင်ဖုန်းကို ယူလိုက်သည်။ ဓာတ်ပုံကို စိုက်ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားကာ တစ်ကိုယ်လုံး တုန်ရီသွားရသည်။

"ဟုတ်တယ် … ဒါ သူမပဲ။"

ကျန်းလေ့သိုမို၏အသံ တုန်ရီသွားရသည်။ ထိုမျက်နှာပိုင်ရှင်သည် သူမ၏စိတ်ထဲတွင် အခိုင်အမာ စွဲမှတ်ထားပြီး သူမ၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားသည်။ ထိုအချိန်တွင် ထိုမျက်နှာပိုင်ရှင်သည် အလွန်တရာမှ လှပပြီး ပြိုင်ဆိုင်မှုကင်းသော အသွင်အပြင်နှင့် အလွန်တရာ အေးချမ်းတင့်တယ်ပေသည်။ သူမနှင့်မတွေ့ဆုံမီက သန့်ရှင်းမြင့်မြတ်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုမှန်း သူမ မသိခဲ့ဘဲ နောက်ဆုံးတွင် ထိုအမျိုးသမီးကို ပထမဆုံးစတွေ့သည့် အခိုက်အတန့်တွင်မှ သူမ သိရှိခဲ့ရသည်။

ထန်ရှုသည် စိတ်ထဲတွင် တိတ်ဆိတ်စွာ ပြုံးနေသည်။ ဂူယန်အာသည် ကမ္ဘာတစ်ဝှမ်းသို့ ခရီးထွက်ခဲ့သည်ကို သူ သိသော်လည်း သူမသည် မက္ကဆီကိုတွင် ထိုကဲ့သို့သော အမွေအနှစ်တစ်ခုကို ချန်ထားခဲ့မည်ကို သူ မထင်ထားပေ။

"မင်း ဘာလို့ သူ့ကိုရှာနေတာလဲ။"

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုက အေးအေးဆေးဆေး မေးလိုက်သည်။

ဓာတ်ပုံဆီရောက်နေသော အကြည့်များကို တွန့်ဆုတ်စွာ ပြန်သိမ်းရင်း ကျန်းလေ့သိုမိုက စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်စွာဖြင့် ပြောပြသည်။

"သူက ငါ့ရဲ့ ကျေးဇူးရှင် … ငါ့ရဲ့ ကြင်နာတတ်တဲ့ ဆရာ၊ ပြီးတော့ ငါ့ရဲ့အမေတစ်ပိုင်းဆိုလည်း ဟုတ်ပါတယ်။ အဲဒီတုန်းက သူ့ရှေ့မှာ ငါ အမှားတစ်ခု လုပ်မိတယ်။ သူက အဲ့ဒီလူဆိုးကို မသတ်သင့်ဘူးဆိုပြီး ထွက်သွားပြီး တရုတ်ပြည်ကို မလာဖို့ တားမြစ်ခဲ့တယ်။ ဒါပေမယ့် … ငါ သူ့ကို တကယ် လွမ်းနေတာ။”

ထန်ရှုသည် သူမ၏ ဇာတ်လမ်းကို ကြားပြီးနောက် တစ်ခဏမျှ တွေတွေကြီး စိုက်ကြည့်နေမိသည်။ ထိုအချိန်တုန်းက ဂူယန်အာ မည်သည့်အရာ စိုးရိမ်နေသည်ကို သူ ခန့်မှန်းနိုင်ပေသည်။ သူမသည် အင်မော်တယ်ကမ္ဘာမှ လူတစ်ယောက် ဖြစ်သောကြောင့် ကျန်းလေ့သိုမို လူသတ်မှုကျူးလွန်ခဲ့ရုံမျှဖြင့် သူမသည် မည်သည့်အခါမျှ ပိတ်ထားမည်မဟုတ်ပေ။ ထိုနယ်မြေ၌ လက်တွင် သွေးမစွန်းသောသူဟူ၍ မည်သူမှ မရှိပါချေ။

အကြောင်းရင်းမှာ သူမ၏ခန္ဓာကိုယ်ကြောင့် ဖြစ်နိုင်ချေ များပေသည်။

***

All Chapters