← Chapters

တိုက်ပွဲ၏အကြိုနေ့

Vol. 55 Ch. 768

တိုက်ပွဲ၏အကြိုနေ့

Vol. 55 Ch. 768

တောနက်ထဲတွင် မိုအားဝူနှင့်ရွှီကွေ့တို့သည် မှောင်မိုက်နေသော ည၏အလင်းရောက်အောက်တွင် ဝိညာဉ်များသဖွယ် ထန်ရှုဆီရာသို့ လျှပ်စီးတန်းများအလား လျင်မြန်စွာ ပြန်လာခဲ့ရာ ခဏအကြာတွင် နှစ်ယောက်သား ထန်ရှု၏အရှေ့သို့ ရောက်လာသည်။

"အိုး…" ရွှီကွေ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ ကျန်းလေ့သိုမိုအား ထန်ရှု၏အနားတွင် ရပ်နေသည်ကို တွေ့လိုက်သောအခါတွင် သတ်ဖြတ်လိုစိတ်တစ်ခု သိပ်သည်းစွာ ဖြစ်ပေါ်လာပြီး သူ၏ဓားပျံကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

ထန်ရှု၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ကျန်းလေ့သိုမို၏ရှေ့တွင် လျှပ်စီးအလင်းသဖွယ် ပေါ်လာကာ ရွှီကွေ့၏ဓားကို ကာကွယ်ရန် သူ၏ဓားကို ထုတ်လွှတ်လျက် ဟန့်တားလိုက်သည်။ သူ နောက်ပြန်ဆုတ်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။

"ရပ်လိုက် ရွှီကွေ့…"

မကြာသေးမီက ထန်ရှု၏ဘေးတွင် ကျန်းလေ့သိုမို မည်သည့်အတွက်ကြောင့် ရပ်နေသည်ကို ရွှီကွေ့ နားမလည်ခဲ့ပေ။ သူ့သူဌေးက သူ၏တိုက်ခိုက်မှုကို တားဆီးနေသည်ကို တွေ့လိုက်ရသဖြင့် သူ၏အမူအရာ ရုတ်တရက် ပျက်သွားပြီး ဓားပျံကို ချက်ချင်း ပြန်သိမ်းလိုက်သည်။ သို့သော်လည်း သူ၏ ကျန်းလေ့သိုမိုအပေါ် သတ်ဖြတ်ရန် ရည်ရွယ်ချက်မှာ ရှိနေဆဲဖြစ်သည်။

"မင်း ဘာဖြစ်နေတာလဲ။" ထန်ရှု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အဟက် … ရွှီကွေ့လား။" ကျန်းလေ့သိုမို မထီတထီ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်တုန်းက ငါတို့ရဲ့နောက်ဆုံး တွေ့ဆုံမှုအပြီး နင့်ရဲ့ခွန်အားတွေ အများကြီး တိုးတက်လာဖို့ ငါ နည်းနည်းလေးပဲ မျှော်လင့်မိခဲ့တယ်။ ဘာမှားလို့လဲ။ နင့်အစ်ကို ရွှီရှဲအတွက် လက်စားချေချင်တုန်းပဲလား။"

ဝှစ်…

မိုအားဝူမှလွဲ၍ အခြားလူကိုးယောက်သည် ၎င်းတို့၏ ဓားပျံများကို ချက်ချင်းထုတ်လွှတ်လိုက်ပြီး ကျန်းလေ့သိုမိုအား သတ်ဖြတ်လိုစိတ်အပြည့်ရှိသော မျက်နှာများဖြင့် စိုက်ကြည့်နေကြပေရာ ကျန်းလေ့သိုမို၏မျက်နှာ အနည်းငယ် ဖြူဖျော့သွားပြီး ချက်ချင်း ခြေတစ်လှမ်းပင် နောက်ဆုတ်မိသွားသည်။

ထန်ရှု၏မျက်ခုံးများ ပိုမိုတွန့်ချိုးလာပြီး

" ရွှီကွေ့ … ငါ့ကို ဖြေစမ်းပါဦး။"

ရွှီကွေ့သည် ထန်ရှုအပေါ် သစ္စာရှိသောသူ ဖြစ်သောကြောင့် ထန်ရှု၏လေသံထဲမှ ဒေါသသံကို သတိပြုမိသောအခါ ခေါင်းကို အလျင်အမြန် ငုံ့လိုက်ပြီး "တစ်ချိန်က ငါ့မှာ အစ်ကိုတစ်ယောက်ရှိတယ်။ သူ့ကို ရွှီရှဲလို့ခေါ်တယ်။ ထာဝရခန်းမရဲ့ပင်မအဖွဲ့ဝင် တစ်ဦးပါ … ဖြစ်ခဲ့ဖူးတယ်လို့ ပြောရမယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က နိုင်ငံခြားမစ်ရှင်တစ်ခု လုပ်ပြီးတော့ ဒီအမျိုးသမီးနဲ့ ကြုံခဲ့ရတယ်။ သူမ အများကြီး မပြောင်းလဲပါဘူး။ ဒါကြောင့် ဒီအမျိုးသမီးဟာ တကယ်ပဲ အဲ့ဒီတုန်းက သူမ ဖြစ်တယ်ဆိုတာ ၁၀၀%သေချာပါတယ်။ သူမက ငါ့အစ်ကိုကို သတ်ခဲ့သလို ငါ့ကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး ချောက်ကမ်းပါးမှာ ရက်အတော်ကြာ သောင်တင်နေခဲ့တယ်။ အဲ့ဒီတုန်းက တိုင်းတစ်ပါးမှာ သေလုနီးပါးပါပဲ။ နှစ်တွေကြာတဲ့အထိ သူမနဲ့ပတ်သက်တဲ့လမ်းစတွေကို ရှာတွေ့ဖို့ တတ်နိုင်သမျှ လုပ်ခဲ့ပြီးပြီ။ ဒါပေမယ့် ဒီမှာ ပေါ်လာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။"

ထန်ရှုက ကျန်းလေ့သိုမိုဘက်လှည့်ပြီး

“မင်း သူ့အစ်ကိုကို သတ်လိုက်တာလား။ ဘာကြောင့်လဲ။"

"ငါတို့တွေက မတူညီတဲ့စခန်းတွေမှာ ရှိကြပြီး မတူညီတဲ့ အလုပ်ရှင်တွေအတွက် အလုပ်လုပ်ခဲ့ကြရုံပါပဲ။" ကျန်းလေ့သိုမိုက ပြတ်သားစွာ ပြောသည်။

"နင်နဲ့ နင့်အစ်ကိုက လှည့်ကွက်မျိုးစုံနဲ့ အကြံအစည်မျိုးစုံသုံးပြီး ထောက်လှမ်းရေးအချက်ကို ခိုးယူဖို့ ငါ့အလုပ်ရှင်ကို သတ်ပစ်လိုက်တယ်။ ငါလည်း ရွှီရှဲကို သတ်ခဲ့တယ်။ ငါ သူ့ကို မသတ်ရင် ငါ သေသွားရလိမ့်မယ်။ ဖြစ်ပျက်ခဲ့တာတွေ အားလုံးက နင်တို့ကြောင့် ဖြစ်တာလေ … ငါက ပြန်တုံ့ပြန်ခဲ့ရုံပဲ။”

“ဒါ…”

သူမ၏ငြင်းဆိုမှုသည် ခိုင်လုံပြီး ကျိုးကြောင်းဆီလျော်ကြောင်း ရွှီကွေ့ သိသော်လည်း သေဆုံးသွားသောသူသည် သူ၏သွေးရင်းအစ်ကို ဖြစ်သည်။ ရန်ငြိုးနှင့်မုန်းတီးမှုသည် သူ့နှလုံးသားအတွင်း၌ နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ပေရာ ထိုကဲ့သို့ လွှတ်မပေးနိုင်ပေ။

ထန်ရှုသည် ထိုသို့သော အခြေအနေမျိုးဖြင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားသောကြောင့် ခေါင်းကိုက်သွားရသည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းလေ့သိုမို၏ရှင်းလင်းချက်အပေါ် သူ ဘက်လိုက်မိသည်။ အကြောင်းမှာ သူမ ပြောသလိုပင် တစ်ယောက်စီသည် ယခင်က မတူညီသော အလုပ်ရှင်အတွက် အလုပ်လုပ်ခဲ့ကြသောကြောင့် အချင်းချင်း သတ်ဖြတ်ရန် သို့မဟုတ် အသတ်ခံရရန် မလွှဲမရှောင်သာ ဖြစ်ခဲ့ရပေမည်။

အမုန်းတရားတွေ ရှိနေသေးတယ် …  သူ ဘယ်လို ကိုင်တွယ်ရမလဲ…

ထန်ရှု အသက်ပြင်းပြင်းတစ်ချက် ရှူရင်း သူ့လက်ကို ဝှေ့ယမ်းကာ

"ရွှီကွေ့ … ကျွန်းပေါ်က ပြဿနာတွေကို ဖြေရှင်းပြီးရင် မင်းတို့နှစ်ယောက်ကြားက ပြသနာတွေ ပြေလည်သွားလိမ့်မယ်။ ငါ မင်းကို ကြိုပြောထားမယ် ကျန်းလေ့က မင်းနဲ့ တူညီတာတစ်ခုရှိတယ်။ သူမလည်း မင်းလိုပဲ ငယ်ငယ်ကတည်းက ယန်အာကနေ ပြုစု ပျိုးထောင်ပေးခဲ့တာ။ ဒီကပြဿနာတွေကို ငါဖြေရှင်းပြီးရင် သူကို ကျင်းမန်ကျွန်းကို ပြန်ခေါ်သွားပြီး အဲ့ဒီအချိန်ကျရင် မင်းတို့နှစ်ယောက်ကြားက မကျေနပ်မှုတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ယန်အာကို မေးသင့်တယ်။”

ထိုသို့ပြောပြီးနောက် ကျန်လူများကို ဝေ့ဝဲကြည့်လိုက်ပြီး “မင်းတို့ရဲ့လက်နက်တွေကို ပြန်သိမ်းထား။ သတ်ချင်စိတ်ပြင်းပြနေရင် ဒီပြည်ပအင်အားစုတွေကို အရင်သတ်။"

ကျင်းရှီနှင့် အခြားသူများသည် ၎င်းတို့၏ ဓားပျံများကို တစ်ပြိုင်နက်တည်း ပြန်လည်ရယူခဲ့ပြီး ရွှီကွေ့သည် ချီတုံချတုံဖြစ်နေပြီးမှ သူ၏ဓားပျံကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်သိမ်းယူခဲ့သည်။ ထန်ရှု၏အမိန့်ကို မလွန်ဆန်ဝံ့သောကြောင့် ကျွန်း၏ပြဿနာများကို ဖြေရှင်းပြီးနောက် ကျန်းလေ့သိုမိုအား တန်ဖိုးကြီးကြီး ပေးရစေ့မည်ဟု လျှို့ဝှက်ဆုံးဖြတ်ထားလေသည်။

ထို့နောက် ထန်ရှုက မိုအားဝူကို ကြည့်ကာ

"ဒါဆို မင်း အဲ့ဒီကနေ ဘာအချက်အလက်တွေ ရခဲ့လဲ။"

မိုအားဝူက မြေပုံတစ်ခုကို ထုတ်လိုက်ပြီး

"မဟူရာကလပ်က သူတို့ရဲ့ စခန်းကို အခုပဲ ရွှေ့သွားပြီ။ သူတို့လူတွေက လက်ရှိမှာ လမ်းလွှဲတစ်ခုကို တည်ဆောက်နေတာကို ငါတို့ တွေ့ရှိထားတယ်။ အဲ့ဒီတည်နေရာကို အမှတ်အသားလုပ်ထားခဲ့တယ်။ ဒါက လက်ရှိမဟူရာကလပ်ရဲ့စခန်းကို ဝင်ရောက်ဖို့ တစ်ခုတည်းသောလမ်းကြောင်းပါ။"

ထန်ရှုသည် မြေပုံကို လက်ခံရရှိပြီး အချိန်အတန်ကြာ လေ့လာလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး

"မဟူရာကလပ်ရဲ့လက်ထဲမှာ ဝှက်ဖဲတချို့ ရှိနေတဲ့အတွက် နိုင်ငံခြားမှာ တတိယအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာနိုင်တယ်။ ဒီတစ်ခေါက် ငါတို့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းပါတယ်။ ငါတို့တွေက ပိရမစ်ရဲ့အဖွဲ့ဝင်တွေ မဆန့်ကျင်မိစေဖို့ တစ်ခုပဲ သတိထားပြီး သူတို့အချင်းချင်း ဝါးမြိုအောင် လုပ်ရမယ်။ ကောင်းပြီ … တောင်ပေါ်သွားပြီး ကျားတွေ အချင်းချင်း တိုက်ခိုက်နေတာကို ကြည့်ရအောင်။”

မြောက်ပိုင်းဆင်ခြေဖုံးအရပ် သောင်းပြောင်းထွေလာမြို့

ထန်ရှုသည် မိုအားဝူ၊ အခြားသူများနှင့်အတူ တိတ်ဆိတ်စွာ လာကြပြီး ၎င်းတို့သည် တောင်၏အနောက်မြောက်ဘက်ရှိ မဟူရာကလပ်၏စခန်းနှင့် အခြားဦးတည်ရာဘက်တွင် နေရာယူလိုက်ကြသည်။ တည်နေရာကောင်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် ထန်ရှုသည် ဖုံးကွယ်အစီအရင်တစ်ခုကို ချက်ချင်းပင် တိတ်တဆိတ် တည်ဆောက်လိုက်သည်။

“ဒီမှာ စခန်းချပြီး ရည်မှန်းချက်ကြီးတဲ့ အကြံသမားတွေ အချင်းချင်း သတ်ဖြတ်တာ စောင့်ကြည့်ကြရအောင်။”

"သူဌေး … ငါတို့      အမှောင်ထဲကနေ ဘေးတီးလှိုင်းတွေ လုပ်သင့်သလား" မိုအားဝူက မေးသည်။

“ဒါပေါ့။ မီးထဲကို လောင်စာထည့်ဖို့က မရှိမဖြစ် လိုအပ်တယ်။ ဒါပေမယ့် မင်းတို့အားလုံး ဒီမှာနေခဲ့။ အဲ့ဒီအလုပ်ကို ငါကိုယ်တိုင် လုပ်မယ်။ အားဝူ … မင်းဆီမှာ ဗန်ပိုင်းယားကောင် အစိတ်အပိုင်းတွေ ရှိသေးတယ် မဟုတ်လား။"

မိုအားဝူက သူ၏လက်စွပ်ထဲမှ စုတ်ပြတ်သတ်နေသော တောင်ပံများကို ထုတ်ယူပြီး

"ဒါတွေက ငါ့ဆီမှာ ကျန်နေခဲ့တာပါ။"

"ဒါက လုံလောက်ပါတယ်။" ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်သည်။

“ကောင်းပြီ။ မင်းတို့အားလုံး ဒီမှာပဲနေခဲ့ကြ။"

ထိုစကားပြောပြီးနောက် သူသည် တစ်ခုခုကို သိသွားသည့်အလား ရွှီကွေ့နှင့် ကျန်းလေ့သိုမိုဆီသို့ ဝေ့ဝဲကြည့်လိုက်ရင်း

“ငါ့စကားတွေကို စိတ်ထဲမှာ မှတ်ထားနော်။ မင်းတို့နှစ်ယောက်ရဲ့မကျေနပ်ချက်တွေကို လောလောဆယ်မှာ ဘေးဖယ်ထား။ ငါတို့အားလုံး ကျင်းမန်ကျွန်းကို ပြန်ရောက်ပြီးရင် အရာအားလုံးက ပြေလည်သွားလိမ့်မယ်။ ကိုယ်ရေးကိုယ်တာကြောင့် အခုတိုက်ခိုက်ရဲတဲ့သူတွေကို ငါ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်။”

"နားလည်ပါပြီ။"

“ကောင်းပါပြီ။”

ရွှီကွေ့နှင့် ကျန်းလေ့သိုမိုတို့ အကြည့်ချင်းဖလှယ်ကာ ပြန်ဖြေသည်။

သောင်းပြောင်းထွေလာမြို့၏အရှေ့ဘက် ကီလိုမီတာ ဒါဇင်နှင့်ချီဝေးသော သစ်တောများတွင် တဲပေါင်းများစွာကို စည်းစနစ်မကျစွာ ဆောက်လုပ်ထားသည်။ လက်နက်ကြီးများ ကိုင်ဆောင်ထားသည့် ကြံ့ခိုင်သော လူများသည် ယခုအခါ အနီးပတ်ဝန်းကျင်တွင် သတိကြီးစွာဖြင့် ကင်းလှည့်နေကြချိန်တွင် အဖွဲ့အားလုံး၏ခေါင်းဆောင် တစ်ဒါဇင်ကျော်သည် တဲတစ်လုံးအတွင်း၌ စုဝေးကာ မျက်နှာများနီမြန်းလျက် စကားများငြင်းခုံနေကြသည်။

“သူတို့ကို အလျင်စလို မတိုက်ခိုက်ဖို့ ငါ အကြံပြုချင်တယ်။ ငါတို့တွေ အစီအစဉ်ကောင်းကို အရင်ဆုံး ရေးဆွဲပြီး မဟူရာကလပ်အဖွဲ့ဝင်အားလုံး  အတောင်ပံရှိရင်တောင် ငါတို့လက်ထဲကနေ မလွတ်မြောက်နိုင်အောင် သေချာလုပ်ရမယ်။ ဒါမှပဲ မဟူရာကလပ်လက်အောက်က မတူညီကွဲပြားတဲ့ မျိုးနွယ်စုအားလုံးကို လုံးလုံးလျားလျား ဖျက်ဆီးနိုင်လိမ့်မယ်။”

ကြံ့ခိုင်သန်မာသော လူမည်းတစ်ဦးကပြောသည်။

“အကြွင်းမဲ့အာဏာရဲ့မျက်နှာစာမှာ လှည့်ဖြားမှုတွေနဲ့ နည်းပရိယာယ်တွေအားလုံးက အချည်းနှီးပဲ။ ထိုးနှက်ချက်တစ်ခုနဲ့ ၎င်းတို့ကို အပြီးသတ်ဖို့ လုံလောက်တယ်။ ဒီနေရာမှာ တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေ အများကြီးရှိတဲ့ အင်အားစု တစ်ဒါဇင်ကျော် ရှိတယ်။ ထိုမတူညီကွဲပြားတဲ့ မျိုးနွယ်တွေ အမှန်တကယ် အင်အားကြီးမားတယ်ဆိုပေမယ့် ငါတို့ဘက်က အရေအတွက်သာနေတဲ့အတွက် သူတို့တွေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ကို ချက်ခြင်း တိုက်ခိုက်ဖို့ ငါ အကြံပေးတယ်။” အခြားလူဖြူလူတစ်ဦးက အသံဝါကြီးဖြင့် အော်ဟစ်လာသည်။

"ငါတို့ စောင့်နေရဦးမယ်လို့ ငါ ထင်တယ်။ ပိရမစ်ရဲ့လူတွေ အရင်ဆုံး လုပ်ဆောင်တာကို စောင့်နေတာ အကောင်းဆုံးပဲ။ နို့မဟုတ်ရင် ငါတို့နဲ့ မဟူရာကလပ်ရဲ့လူတွေ အပြန်အလှန် ဆုံးရှုံးမှုကြီးတွေ ကြုံတွေ့ရနေရချိန် နောက်ဆုံးအမြတ်ထွက်မယ့်သူက ပိရမစ်ပဲ။”

"မှန်တယ်။ ပိရမစ်ရဲ့လူတွေက မဟူရာကလပ်ကို ရန်လိုမုန်းတီးမှုတွေနဲ့ ကြည့်နေကြတာ။ ဒါကြောင့် စွမ်းအားကြီးအောင် ငါတို့က သူတို့တွေနဲ့ ပူးပေါင်းရမယ်။"

“တကယ်လို့ ပိရမစ်ရဲ့လူတွေက မတော်တဆ နောက်ပြန်လှည့်လာပြီး ငါတို့ကို သူတို့ရဲ့လက်နက်တွေနဲ့ ချိန်လာမယ်ဆိုရင် မထင်မှတ်ထားတဲ့ မတော်တဆမှုတွေ ဖြစ်ပွားနိုင်ချေ မြင့်မားတယ်နော်။ ငါတို့တွေ သူတို့နဲ့ မပေါင်းသင့်ဘူးထင်တယ်…”

“…”

မြင်ကွင်းက ဖရိုဖရဲဖြစ်နေချေသည်။ တစ်ယောက်ချင်းစီက သူတို့ကိုယ်ပိုင်စိတ်ကူးတွေအရ ဆုံးဖြတ်ချင်ကြပေရာ ခဏအကြာတွင် အခြေအနေ တစ်ခုလုံးသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေလေတော့၏။

ထိုသူများနှင့် ကီလိုမီတာ အနည်းငယ် ဝေးသောနေရာတွင်…

ထန်ရှုသည် အမှောင်ထဲတွင် ဝိညာဉ်တစ်ခုအလား လက်နက်ကိုင်ထားသော ကြံ့ခိုင်သည့် နိုင်ငံခြားသား လူနှစ်ယောက်ဆီ တိတ်တဆိတ် ချဉ်းကပ်လာသည်။ ထိုသူတို့နှစ်ယောက် အခြေအနေကို သတိမထားမိသည့် အချိန်တွင် ထန်ရှု၏ထက်ရှသော ဓားမြှောင်က ထိုသူတို့၏လည်ပင်းများကို ပိုင်းဖြတ်သွားပြီး ထိုသူတို့၏အသက်များကို တိုက်ရိုက် နှုတ်ယူသွားသည်။ ထို့နောက် သူသည် အနီးပတ်ဝန်းကျင်တွင် ဆက်လက် လှုပ်ရှားနေပြီး အစွန်အဖျားတွင် ကင်းလှည့်နေသော နိုင်ငံခြားအင်အားစုများအားလုံးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အဆက်မပြတ် ရှာဖွေသုတ်သင်လိုက်သည်။

"လူတစ်ဆယ့်နှစ်ယောက်။"

ထန်ရှုသည် လုံလောက်သွားပြီဟု ယူဆလိုက်ပြီး ဆူညံသံအချို့ကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးလိုက်ကာ အလောင်းတစ်ဒါအနီးတွင် အမွှေးအတောင်အချို့ကို ထားပစ်ပြီးနောက် တန်းထွက်သွားတော့သည်။

ဒက်…ဒက်…ဒိုင်း…ဒိုင်း…

မီးပွင့်များ လက်သွားပြီး ကျည်ဆံများက အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ ထန်ရှု ထွက်ခွာသွားသော လမ်းကြောင်းကို စောင့်ကြပ်နေသော လူခုနစ်ယောက်က ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး သူ့အနောက်သို့ လျင်မြန်စွာ လိုက်လာသည်။ ကံမကောင်းစွာဖြင့် ၎င်းတို့ လျင်မြန်စွာ လိုက်လာသော်လည်း အမြန်နှုန်းကွာခြားချက်မှာ ညနှင့်နေ့ကဲ့သို့ လွန်စွာ ကွာဝေးပေသည်။ သေနတ်သမား အလောင်းနှစ်ခုအနီးသို့ ရောက်ရှိလာချိန်တွင် လိုက်ဖမ်းနေသောလူများ ရပ်တန့်သွားခဲ့သည်။

"အမွှေးတွေလား"

ရာထူးအဆင့်မြင့်သော လူလတ်ပိုင်း အမျိုးသားတစ်ဦး အမွှေးအတောင်များကို ကောက်ကိုင်ကာ လေ့လာလိုက်သည်။ ထိုသူ၏သတ်ဖြတ်လိုစိတ် ပိုမိုပြင်းထန်လာပြီး စခန်းချရာနေရာသို့ မဆိုင်းမတွ အပြေးတစ်ပိုင်း သွားတော့သည်။

"ဘာဖြစ်လာတာလဲ။"

အစောပိုင်းကတဲအတွင်း၌ရှိကြသော အင်အားစုအသီးသီးမှ ခေါင်းဆောင် တစ်ဒါဇင်ကျော်သည် ကျယ်လောင်စွာ အော်ဟစ်သံဖြင့် အပြေးတစ်ပိုင်း ရောက်လာသော လူမည်းအမျိုးသားထံ ပြေးထွက်လာကြသည်။

လူလတ်ပိုင်းအရွယ် တောင့်တင်းသော အမျိုးသားသည် အဖွဲ့ရှေ့သို့ ရောက်လာသောအခါ သူ့လက်ထဲမှ အမွှေးအတောင်များကို ပြလိုက်ရင်း သူက အလျင်အမြန် သတင်းပို့သည်။ “အစောင့်တာဝန်ကျနေတဲ့သူတွေက ခုနကပဲ ခိုးကြောင်ခိုးဝှက်နဲ့ ချောင်းမြောင်းသတ်တာခံရတယ်။ အသေအပျောက်က စုစုပေါင်း လူဆယ့်နှစ်ယောက် ရှိတယ်။ အဲ့ဒီ အမွှေးအတောင်တွေကို ကျွန်တော်တို့ လူတွေရဲ့အလောင်းတွေနားမှာ တွေ့တယ်။ ဒါက ဗန်ပိုင်းယားကောင်တွေရဲ့အမွှေးတွေ ဖြစ်လိမ့်မယ်။”

"မျိုးမစစ်ကောင်တွေ…"

"ဒါက သောက်ရမ်းလွန်သွားပြီ။"

"သောင်းကျန်းမောက်မာလွန်းတယ် … သူတို့အားလုံးကို သတ်…”

“သူတို့ကို လက်စားချေကြမယ်…”

“…”

အင်အားစုပေါင်းတစ်ဒါဇင်ကျော်၏ ခေါင်းဆောင်များသည် အကြီးအကျယ် အမူအရာပျက်သွားကြပြီး ဒေါသများ ပေါက်ကွဲလာကြသည်။ မဟူရာကလပ်၏လူများသည် ယခုအခါ ကြွက်များကဲ့သို့ ဖြစ်နေကြပြီး ပျာယာခတ်ကာ ၎င်းတို့၏တွင်းများမှ မထွက်ဝံ့ကြဟု ထင်ထားကြရာမှ ခိုးကြောင်ခိုးဝှက်ဖြင့် ပုန်းလျှိုးကွယ်လျှိုး ချောင်းမြောင်းတိုက်ခိုက်သည့်အထိ မောက်မာသောင်းကျန်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိကြပေ။

“သတ်…”

သူတို့သည် အစောပိုင်းက စည်းလုံးညီညွတ်သော သဘောထားကို မရရှိခဲ့သော်လည်း ယခုအခါ မိနစ်အနည်းငယ်အတွင်း သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။ ဆုံးဖြတ်ချက်အရ မနက်ဖြန်မနက်အထိ စောင့်မည်ဖြစ်ပြီး မည်မျှပင် ကုန်ကျပါစေ ကျွန်းပေါ်ရှိ မဟူရာကလပ်အဖွဲ့ဝင်အားလုံးကို စတင်သတ်ဖြတ်တော့မည်ဖြစ်ပေသည်။

ထန်ရှုသည် ဖုံးကွယ်အစီအရင်ထဲသို့ ပြန်လာပြီးနောက် မဟူရာကလပ်၏အခြေအနေအား မှန်ပြောင်းဖြင့် စောင့်ကြည့်သည်။ ထို့နောက် သူသည် အပြာရောင်ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်လိုက်ကာ သူ့လူများကို ကြည့်ရင်း

"ငါ့ခန့်မှန်းချက်မမှားဘူးဆိုရင် ဒီမဟာမိတ်အဖွဲ့က မဟူရာကလပ်ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။ မဟူရာကလပ်က အဲ့ဒီတိုက်ပွဲမှာ ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားနေရသရွေ့  ပိရမစ်ရဲ့လူတွေ မလှုပ်ရှားမှာကိုစိုးရတယ်။ ပိရမစ်ရဲ့လူတွေကို ဘယ်လိုနည်းနဲ့ အဲ့ဒီရုန်းရင်းဆန်ခတ်အထဲ ဆွဲထည့်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ် ဒါမှမဟုတ် ဖြေရှင်းနည်းတစ်ခု ရှိကြလား။

"ပိရမစ်ရဲ့လူတွေ မပါဘဲ မဟူရာကလပ်ကို ကြီးကြီးမားမား ပျက်စီးအောင်လုပ်ဖို့ နည်းလမ်း ရှိတယ်။" ကျန်းလေ့သိုမိုက ရုတ်တရက် ဝင်ပြောသည်။

“အသေးစိတ် လုပ်ပါဦး။ မင်း ဒါကို ဘယ်လို လုပ်နိုင်မလဲ။"

ထန်ရှု၏စိတ်ဓာတ် တက်ကြွလာပြီး အမြန် မေးလိုက်သည်။

All Chapters