← Chapters

အဆိပ်ရှိသော အစီအစဉ်

Vol. 55 Ch. 769

အဆိပ်ရှိသော အစီအစဉ်

Vol. 55 Ch. 769

ကျန်းလေ့သိုမို၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်တစ်ခု လက်သွားပြီးနောက် သူမသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကြောက်စရာ ဆေးတစ်မျိုးဖြစ်တဲ့ ဝမ်းနုတ်ဆေးကို ငါနဲ့အတူ ဆောင်လာခဲ့တယ်။ ငါတို့တွေ အဲ့ဒီဝမ်းနုတ်ဆေးကို မဟူရာကလပ်အဖွဲ့ဝင်တွေရဲ့ အစားအစာထဲသို့ ခိုးထည့်နိုင်သရွေ့ ဗိုက်နာတာနဲ့ ဝမ်းလျှောတာကို ခံစားရလိမ့်မယ်။ နှစ်ဖက်စလုံး တိုက်ပွဲ ဖြစ်နေချိန် မဟူရာကလပ်ကလူတွေ ပြန်လည် တိုက်ခိုက်ချင်ရင်တောင် အဲ့ဒီဆေးရဲ့ သက်ရောက်မှုကြောင့် သူတို့ကို ဆိုးဆိုးရွားရွား ဆုံးရှုံးစေလိမ့်မယ်။”

ဝမ်းနုတ်ဆေးလား…

ထန်ရှုက မေးလိုက်သည်။

“ဒီဝမ်းနုတ်ဆေးက မတူကွဲပြားတဲ့ လူမျိုးစုတွေအပေါ် သက်ရောက်မှု ရှိမှာလား။”

“လုံးဝထိရောက်တယ်။”

ကျန်းလေ့သိုမိုက ခေါင်းညိတ်ပြီး ရှင်းပြသည်။

"ဒီဝမ်းနုတ်ဆေးက အရမ်းအစွမ်းထက်တဲ့အတွက် မတူကွဲပြားတဲ့ လူမျိုးတွေကို မဆိုထားနဲ့ ငါ သောက်ရင်လည်း အတူတူ ဒုက္ခဖြစ်မှာပဲ။ အမှန်တော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မှူးမတ်အဆင့်ရှိတဲ့ ဗန်ပိုင်းယားကောင်တစ်ကောင်နဲ့ ငါ တိုက်ခိုက်တော့ ရှုံးနိမ့်ခဲ့တယ်။ ဒီအရှက်တရားတွေကို ဖယ်ရှားဖို့အတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ အဆိပ်ကျွမ်းကျင်သူကို အရင်ဆုံး ရှာပြီး ဒီဝမ်းနုတ်ဆေးကို ညွှန်းပေးဖို့ တောင်းဆိုထားခဲ့တာ။ ပြီးတော့ အဲ့ဒီမှူးမတ်အဆင့် ဗန်ပိုင်းယားကောင်အပေါ် မှာ သုံးခဲ့ပြီး သူ့အူတွေကို ဆွဲထုတ်လုနီးပါးပဲ။ နောက်ဆုံးတော့ ငါ့ခွန်အားက သူ့ထက်နိမ့်ကျနေပေမယ့် သူ့ကို တစ်ခါတည်း သတ်နိုင်ခဲ့တယ်။”

"ဒါက အကြံကောင်းတစ်ခုပဲ။ ဒါပေမယ့် မတူကွဲပြားတဲ့ လူမျိုးစုတွေက သူတို့ရဲ့အစားအစာအနံ့ မဟုတ်တာ တစ်ခုခု ရလာရင် အဲ့ဒါကို အလွယ်တကူ သိရှိနိုင်မှာစိုးရတယ်" ထန်ရှုက မှတ်ချက်ပေးသည်။

"ငါ့ဝမ်းနုတ်ဆေးကတော့ မဟုတ်ဘူး။" ကျန်းလေ့သိုမို ဂုဏ်ယူစွာပြောသည်။

“ဒီဝမ်းနုတ်ဆေးက အရောင်အဆင်း အနံ့အရသာ ကင်းမဲ့တယ်။ သူတို့အစားအသောက်တွေထဲ ရောစပ်ထားရင် ဘယ်တော့မှ သတိမထားမိဘူး။”

ထန်ရှုက တစ်ချက်တွေးတောကာ ခေါင်းညိတ်လိုက်ပြီး "အားဝူ … အရှေ့တောင်ဘက်ခြမ်းကို သွားပြီး အဲ့ဒီဒါဇင်နဲ့ချီတဲ့အဖွဲ့တွေက မဟူရာကလပ်ကို ဘယ်အချိန်တိုက်မှာလဲဆိုတာ ရှာလိုက်။ ကျန်းလေ့ … ငါ့ဆီက သတင်းရတာနဲ့ မင်း မဟူရာကလပ်ရဲ့ စခန်းထဲကို ခိုးဝင်ပြီး သူတို့ရဲ့အစားအစာထဲ ဝမ်းနုတ်ဆေးကို ချက်ခြင်း ထည့်ဖို့ လိုမယ်။"

"အမိန့်အတိုင်းပါ။ (နားလည်ပြီ။)"

မိုအားဝူနှင့် ကျန်းလေ့သိုမိုတို့က တူညီစွာဖြေပြီး အလွန်မြန်သောအရှိန်ဖြင့် ထွက်ခွာသွားကြသည်။

နောက်တစ်နေ့မနက်စောစောတွင်…

အရှေ့ဘက်မှ တောက်ပသော အနီရောင်နေမင်းကြီး ထွက်ပေါ်လာသောအခါ ရောင်စုံနေရောင်ခြည် အလင်းတန်းများက ကောင်းကင်ထက်ဝက်သို့ ပြည့်လျှံကာ လှပသော ဝတ်ရုံဖြင့် ဖုံးလွှမ်းထားသည့်အလား ကျွန်းကို ထွန်းလင်းတောက်ပစေသည်။ မဟူရာကလပ်စခန်းဆီသို့ ရန်လိုသည့်ပုံစံဖြင့် အပြေးအလွှား ဝင်ရောက်လာသော အင်အားစုတစ်ဒါဇင်ကျော်မှ စုစုပေါင်း တပ်ဖွဲ့ဝင်အရေအတွက်မှာ အယောက် ၅၆၀ကျော် ရှိသည်။

လူအုပ်နှင့်နီးသောအကွာအဝေးတွင် ကျွမ်းကျင်သူ ပညာရှင် ၂၀ ကျော်ရှိသည်။ ၎င်းတို့သည် လမ်းပေါ်ရှိ အတားအဆီးအားလုံးကို ရှင်းလင်းရန် တာဝန်ရှိပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် လုပ်ဆောင်ကာ ချောက်အတွင်းသို့ ဝင်ရောက်လာသော တပ်ကြီးများကို အကာအရံများ ကာထားသော ချိုင့်အတွင်းဘက်သို့ တွန်းပို့ရန် တာဝန်ရှိသည်။

လွန်ခဲ့သော နာရီဝက်က ကျန်းလေ့သိုမိုသည် မဟူရာကလပ်အဖွဲ့ဝင်များ၏အစားအစာများထဲသို့ ဝမ်းနုတ်ဆေးကို လျှို့ဝှက်ထည့်ထားခဲ့သည်။ ထိုသူတို့၏ အစာအိမ်ထဲတွင် နာရီဝက်လောက် နေပြီးသောအခါ မဟူရာကလပ်အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် ဗိုက်နာပြီး ပြင်းထန်ဝမ်းလျှောသောလက္ခဏာများ ခံစားခဲ့ရသည်။

အနီးကပ်တိုက်ပွဲများ နှင့် တိုက်ပွဲများ ပြိုကွဲလုနီးနီး ဖြစ်ခဲ့သည်။

ဤနေရာရှိ မဟူရာကလပ်၏သြဇာအရှိဆုံးသူ ကေ့သ်မိုးသည်လည်း ရုတ်တရက် ဖြစ်ပွားမှုကြောင့် ပြင်းထန်စွာလှုပ်ရှားထကြွခြင်းအား အမီလိုက်နေရသည်။ အင်အား ၆၀၀နီးပါးရှိသော တပ်ပေါင်းစုသည် ချောက်ထဲသို့ တိုးဝင်လာပြီး အစီအရင်ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လျင်မြန်ပြီး ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

အနောက်မြောက်ဘက်ရှိ တောင်စောင်း…

စိတ်အားထက်သန်မှုအပြည့်ရှိသော မျက်နှာဖြင့် ထန်ရှုသည် အောက်တွင် ဖြစ်ပွားနေသော သတ်ဖြတ်ခြင်းများကို ကြည့်ရှုနေသည်။ မဟူရာကလပ်တွင် ကျွမ်းကျင်သူ အများကြီး ရှိသည်ဟူသောအချက်က သူ့အား လွန်စွာ စိတ်ဝင်စားနေစေခဲ့သည်။ ထိုနေရာတွင် ဗန်ပိုင်းယားများ၊ သမန်းဝံပုလွေများ၊ တောင်ပံလူသားများ အများကြီးရှိရုံသာမက တခြား သားရဲတစ်ပိုင်းလူတစ်ပိုင်းများလည်း ရှိနေသေးသည်။ သို့သော်လည်း ရန်သူတို့၏တိုက်ခိုက်မှုကို ပြန်လည်တိုက်ခိုက်ရာတွင် ၎င်းတို့၏ဝမ်းပျက်ဝမ်းလျှောမှုကိုသာ ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။

သတ်ဖြတ်ခြင်းများ …။ နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သွေးများ စီးဆင်းနေသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

အခြားဘက်တွင် ပိရမစ်၏စစ်ထောက်လှမ်းရေး အကြီးအကဲ ဝူကျဲသည် ပိရမစ်ပညာရှင် ဒါဇင်ပေါင်းများစွာနှင့်အတူ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ မဟူရာကလပ်၏ ကျွမ်းကျင်သူများထံ ဤကဲ့သို့ ကြီးမားသော ဝမ်းလျှောရောဂါ ဖြစ်ပွားလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။ ဝူကျဲကိုယ်တိုင်က နှစ်ဖက်စလုံး ထိပ်တိုက်တွေ့ချင်ပေမယ့်လည်း တတိယအဖွဲ့အစည်းအဖြစ် အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်သည့်တိုင် တိုက်ပွဲမြင်ကွင်းက သူ့ကို နှိုးဆွနေဆဲဖြစ်သည်။

"အဆင်သင့်ပြင်ထား။ ငါတို့က တိုက်ပွဲထဲကို ခုန်ဆင်းပြီး ဘယ်အချိန်မဆို တိုက်ကြမယ်။”

သူ့မုတ်ဆိတ်မွေးကို ပွတ်ကာ ပြုံးနေရင်း သူ့ဘေးတွင် ရပ်နေသော ဘိုဒတ်ကို ဝူကျဲ တည့်တည့် ကြည့်လိုက်သည်။

ဘိုဒတ်က မျက်မှောင်ကြုတ်ပြီး ဖြည်းညှင်းစွာ ပြောလာသည်။

“ဒီအခြေအနေက နည်းနည်း ထူးခြားနေတယ်။ အတိအကျပြောရမယ်ဆိုရင် မဟူရာကလပ်အဖွဲ့ဝင်များကို ဝမ်းလျောအောင် လုပ်ဖို့ အမိန့်ပေးတဲ့သူက မဟာမိတ်တပ်ဖွဲ့ဝင်တွေထဲက မဟုတ်ဘူးဆိုရင် ဒါက သံသယဝင်ဖို့ကောင်းတယ်။ အလျင်စလို မလုပ်ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေနဲ့ စစ်ပွဲတွေ တည်ငြိမ်သွားတဲ့အထိ အချိန်တစ်ခုစောင့်ပြီးမှ လှုပ်ရှားဖို့ ငါ အကြံပြုချင်တယ်။”

ဝူကျဲကို စစ်ထောက်လှမ်းရေးအကြီးအကဲဟုခေါ်ကြပြီး သူ့ဉာဏ်ပညာကြောင့် လူသိများပေသည်။ ထို့ကြောင့် သူသည် မဆိုင်းမတွ ခေါင်းညိတ်လိုက်ပြီး

"ငါတို့တွေက မဟူရာကလပ်ရဲ့စခန်းနဲ့ အစွန်အဖျားကို ဝိုင်းထားဖို့ပဲ လိုအပ်တယ်။ နှစ်ဖက်စလုံး ဆုံးရှုံးမှုကို စောင့်ဆိုင်းပြီးမှ အရှုပ်ထုပ်တွေကို ရှင်းပစ်မယ်။ အားလုံး … လှုပ်ရှားကြ။ တိုက်ခိုက်ဖို့အချက်ပြမှုကို အာရုံစိုက်ပြီး ရန်သူတွေကို တွေ့ရင် ချက်ချင်းတိုက်ခိုက်။”

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားချေပြီ။

ပြင်းထန်သောတိုက်ပွဲနှင့်သတ်ဖြတ်မှုများသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး မဟူရာကလပ်နှင့် မဟာမိတ်အင်အားစုများ၏စည်းလုံးသော တပ်ဖွဲ့များသည် ကြီးစွာသော ဆုံးရှုံးမှုများကို ခံစားနေကြရရာ ယခုလေးတင် ဝံပုလွေတစ်ကောင်၏တိုက်ခိုက်မှုကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော လူမည်းအမျိုးသားအပါအဝင် ဖြစ်သည်။ ထိုသို့သော အခြေအနေအောက်တွင် မဟာမိတ်အဖွဲ့ဝင်များသည် ကြောက်ရွံ့မှုများ စတင်ခံစားလာရပြီး ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေလာကြသည်။

“သူတို့ကို တား။ အစီအရင်ကို အသက်သွင်းလိုက်။"

ရန်သူများ တဖြည်းဖြည်း အားနည်းလာနေသည်ကို တွေ့လိုက်ရသည့်အခါ ကေ့သ်မိုးက မတုံ့ဆိုင်းဘဲ အမိန့်ထုတ်လိုက်သည်။ မြို့စားအဆင့် ဗန်ပိုင်းယားလေးကောင်က အစီအရင်ကို အသက်သွင်းပြီး သွေးအဆိပ်ကို ထုတ်လွှတ်လိုက်သည်။

အားးး…

မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ၏ ပါးစပ်မှ စူးရှသော အော်သံများ ထွက်ပေါ်လာပြီး ထို့နောက်တွင် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ရန်သူတွေကို ဖြတ်ကျော်ပြီး အားလုံးကို သတ်ပစ်။”

လူဖြူခေါင်း ဆောင်တစ်ဦးသည် မြို့စားအဆင့် ဗန်ပိုင်းယားကောင်၏အရှေ့သို့ တဟုန်ထိုး ပြေးသွားသော်လည်း ဗန်ပိုင်းယားက သူ့အား ဓားဖြင့် ထိုးသတ်လိုက်ရုံသာမက သူ့ပတ်ဝန်းကျင်ရှိ အားကောင်းသော လက်နက်များကို ကိုင်ဆောင်ထားသူ အများအပြားသည် သွေးအဆိပ်သင့်၍ ကြေကွဲစရာ သေဆုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

"အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း…"

မဟာမိတ်တပ်တွင် ပိန်ပိန်ပါးပါးနှင့် လူမည်းလူရွယ်တစ်ဦး၏နောက်ကျောအား ဝံပုလွေခြေသည်းများဖြင့် ပိုင်းဖြတ်ခြင်းခံထားရသည်။ သူ၏သွေးများ ပန်းထွက်နေပြီး သူ၏မျက်လုံးများကို ထိုလူရွယ်သည် ခက်ခက်ခဲခဲ ထုတ်ယူလိုက်သည်။ သွေးများ စီးကျလာပြီး သူ မေ့လဲမသွားခင် ထိုစကားများကို ကျယ်လောင်သော အသံဖြင့်  အော်ဟစ်လိုက်ကာ သူ့ဆီမှ အနက်ရောင်မီးခိုးငွေ့များ ရုတ်တရက် ထွက်လာပြီး မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မြေပြင်ထက်ရှိ လူသေအလောင်းများနှင့် စီးဆင်းနေသော သွေးအိုင်များသည် သူ့ထံသို့ ဆင့်ခေါ်ခံလိုက်ရသည့်အလား ယခုအချိန်တွင် လျင်မြန်စွာ စီးဆင်းလာပြီး နောက်ဆုံးတွင် အနက်ရောင် မြူခိုးမုန်တိုင်းအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။

ဝမ်...

ထို့နောက်တွင်တော့ မီတာဆယ်ဂဏန်းမြင့်သော အနက်ရောင်မြူခိုးမုန်တိုင်းသည် အသက်ရှူချိန် အနည်းငယ်တွင်း ဖြစ်ပေါ်လာသည်။ ပိန်ပါးသောလူရွယ်၏ကိုယ်ခန္ဓာ ပေါက်ကွဲသွားသည့်အခိုက်တွင် နျူကလီးယားဗုံးပေါက်ကွဲမှုကဲ့သို့ မှိုပွင့်သဏ္ဌာန်ကဲ့သို့ တိမ်တိုက်တစ်ခု ပေါက်ကွဲထွက်လာပြီး မဟူရာကလပ်၏ဗန်ပိုင်းယားကောင်များနှင့် သမန်းဝံပုလွေများကို ချက်ချင်းပင် သွေးမှုန်များ ဖြစ်သွားစေပြီး မဟာမိတ်တပ်ဖွဲ့များမှ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးလည်း တခဏချင်း အသတ်ခံလိုက်ရသည်။

မြေပြင်ထက်မှ သွေးအစီအရင် ကျိုးပျက်သွားကာ သွေးအဆိပ်များ ပျံ့နှံ့သွားစေသည်။

ထိန်းမနိုင်သိမ်းမရ သတ်ဖြတ်မှုများ ပိုမိုအရှိန်ပြင်းလာသည်။ မဟူရာကလပ်အဖွဲ့ဝင်များအပေါ် ပြင်းထန်သောဆုံးရှုံးမှုများသာ အမြဲကျရောက်နေသဖြင့် နောက်ဆုံးတွင် ၎င်းတို့အား စူးစူးရှရှ အော်ဟစ်ကာ ဆုတ်ခွာရန် တွန်းအားပေးစေခဲ့သည်။ ၎င်းတို့၏ အရေအတွက်မှာ မူလက ငါးဆယ်ကျော်ရှိသော်လည်း နှစ်ဆယ်သာ ဆုတ်ခွာသွားခဲ့သည်။ မဟာမိတ်အင်အား ၆၀၀နီးပါးမှ လူ ၂၀၀သာ လွတ်မြောက်ခဲ့ပြီး ထက်ဝက်ကျော်မှာ ဆိုးရွားသော ဒဏ်ရာ ရရှိသွားသောကြောင့် အင်အားစုအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များသည်ပင် အခြေအနေ ဆိုးနေသည်။

အနောက်မြောက်ဘက်အရပ်တွင်…

ထန်ရှုသည် အောက်တွင် ဖြစ်ပျက်နေသော ဆိုးရွားသော မြင်ကွင်းကို ကြည့်ရှုနေစဉ် ဖုံးကွယ်အစီအရင်၏ အစွန်းတွင် ရပ်နေခဲ့သည်။ သူ၏စိတ်အစဉ်သည် ရေအလျဉ်ကဲ့သို့ ကြည်လင်နေသည်။ ယခု သူ့အရှေ့တွင် သတ်ဖြတ်နေသည့် မြင်ကွင်းကို မြင်နေရသည်မှာ ကျင့်သားရနေပြီဖြစ်သောကြောင့် မည်သည့်ခံစားချက်မှ မရှိပေ။ သို့သော် မိုအားဝူနှင့် ရက်စက်ကြမ်းကြုတ်သော ကျန်းလေ့သိုမိုအပါအဝင် ကျန်သောသူများမှာမူ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေပုံရသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်သောလူများဖြစ်ပြီး လက်တွင် သွေးစွန်းနေသူများ ဖြစ်သော်လည်း ၎င်းတို့၏ယခင်တိုက်ပွဲအများစုသည် လက်နက်များကို မှီခိုအားထားနေရခြင်းဖြစ်ပြီး အရပ်ရပ်သို့ အသွေးအသားများ လွင့်စင်သွားသည့် အနီးကပ်တိုက်ပွဲမျိုးများနှင့် အနည်းငယ် ဝေးကွာပေသည်။

"ငါတို့ လှုပ်ရှားရတော့မလား သူဌေး…"

မိုအားဝူသည် ထန်ရှုကို တစ်ချက်ကြည့်လိုက်ပြီး လေသံတိမ်တိမ်ဖြင့် မေးလိုက်သည်။ ထန်ရှု မည်မျှ အေးဆေးငြိမ်သက်နေသည်ကို မြင်လိုက်ရသဖြင့် သူ တိတ်တဆိတ် အံသြသွားသည်။ အဆုံးသတ်တွင် သူဌေးကို သူ တကယ် နားမလည်နိုင်တော့ပေ။ ထန်ရှု၏နှလုံးသားက ရက်စက်လွန်းသောကြောင့်ပင်လား သို့တည်းမဟုတ် သူ ဖြတ်သန်းခဲ့ရသော အရာများကြောင့်ပင်လား။

"မလုပ်နဲ့ဦး။ ဒီနေ့ရဲ့အရေးကြီးဆုံး ဇာတ်ဆောင်က ခုထိ ပေါ်မလာသေးဘူး။”

ထန်ရှုက ခေါင်းယမ်းလျက် အမူအရာမဲ့စွာ ပြောလိုက်သည်။

“အခုလောလောဆယ် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရအောင်။ အလျင်စလို လုပ်စရာ မရှိသလို စိုးရိမ်စရာလည်း မရှိဘူး။ ငါတို့ရဲ့ ဇာတ်ဆောင် ဇာတ်ခုံပေါ် ရောက်လာတာနဲ့ ဒီပွဲက ပိုပြီး ခမ်းနားနေမယ်ဆိုတာ သေချာတယ်။”

မိုအားဝူက သူ့ကို ကြည့်ပြီး ချီတုံချတုံဖြင့် မေးသည်။ "သူဌေးက ပိရမစ်ကို ဆိုလိုတာလား။"

"ပိရမစ်က ကမ္ဘာ့အကြီးဆုံးအဖွဲ့အစည်းဖြစ်ပြီး မဟူရာကလပ်က မဟာမိတ်ဖွဲ့ထားတဲ့ အင်အားစုတွေထဲမှာ အကောင်းဆုံးလေ။"

ထန်ရှုက ရယ်မောလိုက်သည်။

"ပိရမစ်ကကျ ကွဲပြားတယ်။ သူတို့ရဲ့ရန်သူတွေ ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်မှုကို ဆန့်ကျင်ရာမှာ သူတို့ရဲ့လုပ်ဆောင်ချက်အထဲ ထူးခြားတဲ့ ဉာဏ်ပညာနဲ့ ထောက်လှမ်းရေးကို ပေါင်းစပ်ထားတာ။ ခဏစောင့်လိုက်ဦး…။ ပိရမစ်ရဲ့ထောက်လှမ်းရေး အကြီးအကဲက သူ့အတွက် ငါတို့ပြင်ဆင်ပေးထားတဲ့ နည်းပရိယာယ်တွေအတွက် ကျေးဇူးတင်နေရမှာ သေချာတယ်။"

"ဒါပေမယ့် ဘာကြောင့်လဲ။" မိုအားဝူက ဇဝဇေဝါဖြင့် မေးလာသည်။

“ရေညှောင့်ငှက်နဲ့ ဂုံးကောင်တွေ အချင်းချင်း ရန်ဖြစ်ကြတဲ့အခါ သူက နှစ်ယောက်လုံးကို ဖမ်းတဲ့ တံငါသည်လိုမျိုး ဖြစ်လိမ့်မယ်။ သူ့အတွက် ကြီးကျယ်စွာ အချိန်ပေး ကြိုးစားအားထုတ်ပေးခဲ့တဲ့ ငါတို့ကို ဘာကြောင့် ကျေးဇူးမတင်ဘဲနေမလဲ။”

မိုအားဝူက ချက်ချင်း နားလည်သွားပြီး ပြုံးကာ ပြောလိုက်သည်။

“မဟုတ်ဘူး။ နှစ်ဖက်စလုံးက တိုက်ခိုက်နေပြီး တတိယပါတီက သင့်လျော်တဲ့ အကျိုးအမြတ်အားလုံးကို ရယူတယ်ဆိုတဲ့စကားက ဒီအခြေအနေအတွက် ဖော်ပြလို့ရမယ်မထင်ဘူး။ ဓားခုတ်ကောင်က ပုဇင်းရင်ကွဲကို ချောင်းနေချိန် မြေလူးအဝါရောင်ငှက် အနောက်မှာ ရှိနေတာကို မသိသလို မြေလူးအဝါရောင်ငှက်ကလည်း သူတို့ရဲ့နောက်ကွယ်မှာ မုဆိုးတွေကို သတိမထားမိဘူးလို့ ဖော်ပြတာ ပိုပြီးပြည့်စုံတယ်။ ပြီးတော့ ငါတို့က မုဆိုးတွေဆိုတော့ ငါတို့က နောက်ဆုံးအောင်နိုင်သူတွေ ဖြစ်လိမ့်မယ်။”

ထန်ရှုက မရယ်ဘဲ မနေနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်ရင်း

“ဟားဟားဟား … အဲ့ဒါကို ဖော်ပြဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ အိုး … ကောင်းတယ် … ကောင်းတယ် … နောက်ဆုံးတော့ ဇာတ်ဆောင်က ပေါ်လာပြီ။”

မိုအားဝူနှင့်ကျန်သောသူများ၏အမူအရာများ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူတို့၏အကြည့်များကို အဝေးသို့ လျင်မြန်စွာ ကြည့်လိုက်ကြသည်။

အရှေ့တောင်ဘက်အရပ်ဆီမှ ပုံရိပ်ငါးဆယ်ကျော်သည် မဟာမိတ်တပ်များဆီသို့ လျှပ်စီးတန်းအရှိန်ဖြင့် ပြေးသွားကြသည်။ ၎င်းတို့ထဲမှ အချို့သည် မဟူရာကလပ်အဖွဲ့ဝင်များ ဆုတ်ခွာမှုဆီသို့ ဦးတည်ပျံသန်းလာကြသည်။ ဗန်ပိုင်းယားငါးကောင်နှင့် တောင်ပံလူသားသုံးယောက်သည် လေထဲတွင်ပျံဝဲပြီး တောင်ထိပ်သို့ ပြန်ဆုတ်သွားချိန်တွင် သေနတ်သံတစ်ချက်သည် ကောင်းကင်ထက်သို့ တက်သွားကာ ပေါက်ကွဲသွားသည့် ကျည်ဆန်များနှင့်အတူ ၎င်းတို့၏ဆုတ်ခွာသော လမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။

"ဒီမှာနေကြ…"

သြဇာကြီးမားသည့် အော်ရာများပိုင်ဆိုင်ထားသည့် အဖိုးအိုသုံးဦးသည် စိတ်ဓာတ်တက်ကြွနေသော မှော်ဓာတ်ပညာရှင်တစ်ဒါဇင်ကျော်ကို ဦးဆောင်ကာ တောင်ကုန်းအနောက်မှ ၎င်းတို့၏ အထူးစွမ်းရည်များကို ထုတ်လွှတ်ခဲ့သည်။ လျှပ်စီးတန်းများက အပြင်းအထန် တိုက်ခိုက်ကြသလို ထွက်ပေါ်လာသော အပြာရောင်မုန်တိုင်းများ၊ ၎င်းတို့၏ခြေသည်းများကို ပြင်းပြင်းထန်ထန် ကပြနေသော ရေနဂါးများ၊ ချွန်ထက်သောသတ္တုအပိုင်းအစများက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

“မီးလျှံ…”

တိုးလျပြီး ခမ်းနားထည်ဝါသော အသံကြားရသောအခါ တောက်လောင်နေသော မီးလျှံသည် ကိုင်းတောကွင်းအား လောင်ကျွမ်းသွားစေသည်။ တောင်ပံလူသားများအား တဟုန်းဟုန်း တောက်လောင်နေသောမီးက ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပြီး ဗန်ပိုင်းယားကောင်များသည် မီးတောက်ကြောင့် အသားကင်ဖြစ်လုနီးပါး ဖြစ်ကာ အတုံးအရုံး လဲကျသွားကြသည်။

ထောက်လှမ်းရေးစစ်အကြီးအကဲ ဝူကျဲသည် ရွှေလှံတံကို ကိုင်ထားကာ မီးတောက်များပေါ် နင်းလျှောက်ကာ မြို့စားအဆင့် ဗန်ပိုင်းယားနှစ်ကောင်ကို သုတ်သင်လိုက်သည်။ ၎င်းသည် ကြုံရာကျပန်းပေါ့ပေါ့တန်တန် ထိုးနှက်ချက်အချို့နှင့် တူသော်လည်း မြို့စားအဆင့် ဗန်ပိုင်းယားနှစ်ကောင်ကို တစ်ခါတည်း သတ်ပစ်လိုက်ခြင်းဖြစ်သည်။

"ချီးပဲ … မင်းပေါ့ ဝူကျဲ…"

နောက်ဆုံးတွင် ကေ့သ်မိုး၏ပုံရိပ်သည် အဝေးမှ ထွက်ပေါ်လာသည်။ နားကွဲလုမတတ် ကျယ်လောင်စွာ ဟိန်းဟောက်သံထဲတွင် အဆုံးမရှိသော ဒေါသများ ကိန်းအောင်းနေသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဘေးမှ ပိန်ပိန်ပါးပါး အဘိုးအိုက ခပ်ကြမ်းကြမ်း ရယ်မောလိုက်ရင်း "ဟားဟားဟား … သေရမယ့် သူက မင်းပဲထင်တယ် ကေ့သ်။ ငါ မင်းကို အရင်တုန်းက မသတ်ခဲ့ပေမဲ့ ဒီနေ့တော့ ဘယ်သူ့ကိုမှ မျက်နှာသာ မပေးတော့ဘူး။ လေမုန်တိုင်း … မရေမတွက်နိုင်တဲ့ ခေါင်းဖြတ်ခြင်း…”

***

All Chapters