ငါ့ရဲ့ လျှို့ဝှက်လက်နက်
Vol. 31 Ch. 424
ဇာမဏီနက်က တောင်ပံများဖြန့်လိုက်ရာ မီးတောက်နက်များက ကောင်းကင်တစ်ခုလုံး ထွန်းလင်းသွားတော့၏။ ထိုသည်မှာ ကောင်းကင်နှင့်မြေကြီးက လောင်ကျွမ်းနေသော မီးပူကြီးတစ်ခုထဲတွင် အထည့်ခံလိုက်ရသကဲ့သို့ပင်။
အန်လင်း၏ အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကိရိယာ၊ ကြယ်စင်ကိုးသွယ် ဆီးနှင်းဓား၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာလေ၏။
ဘန်း...
အဖြူရောင် ဓားရှည်ကြီးမှာ ဖန်သားကဲ့သို့ ကွဲကြေသွား၏။
ဓားသွားမှာ မရေမတွက်နိုင်သော ဓားမော့အလင်းတန်းများအဖြစ် ပြောင်းသွားပြီး လနတ်ဆိုး၏ တောက်ပမှုအောက်တွင် ကြက်သွေးရောင်တောက်ပနေပေ၏။
အလွန်အမင်း ဆန်းကြယ်လှသော တာအို အော်ရာတစ်ခုက အပြင်ဘက်သို့ ဖြာထွက်လာ၏။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း သံသရာတွင် သေဆုံးခြင်းက မွေးဖွာခြင်းကို ပေးလာပေလိမ့်မည်။
ဇာမဏီနက်က လွဲမှားမှုတစ်စုံတစ်ရာကို သတိပြုမိသွားပြီး အန်လင်းဆီသို့ အရှိန်အပြည့်နှင့် တိုးဝင်လာကာ တိုက်ပွဲအား အမြန်ဆုံး အပြီးသတ်ရန် ကြိုးစားလိုက်၏။
"သေစမ်း..."
အဆုံးမရှိသော မီးတောက်နက်များက အန်လင်းဆီသို့ သက်ရှိများအားလုံးကို အဆုံးစီရင်နိုင်သည့် စွမ်းအင်များ ပါဝင်နေသော မလွတ်မြောက်နိုင်သည့် အရာရာလွှမ်းခြုံထားသည့် ပိုက်ကွန်ကြီးသဖွယ် ကျဆင်းလာတော့၏။
အန်လင်းက ကောင်းကင်ရှိ ဇာမဏီနက်အား လက်ချောင်းတစ်ချောင်းနှင့် ညွှန်ပြလိုက်၏။ "ကြယ်စင်ကိုးသွယ် မြူနှင်းဓား မြှုပ်နှံခြင်း... အသင့်၏ ဓားသွားမှာ ဖျက်ဆီးခြင်း ကြယ်ပွင့်များ ဖြစ်လာပြီး ဇာမဏီနက်၏ သေဆုံခြင်းကို ယူဆောင်လာပါလေ။"
လေထဲရှိ အဖြူေရာင် ဓားအလင်းတန်းမှာ သူ့၏ ဆင့်ခေါ်ခြင်းအား အာရုံပြုမိသွားပြီး လေထဲသို့မြောက်တက်လာသည့် မရေမတွက်နိုင်သော တောက်ပနေသည့် ကြယ်စင်များအဖြစ် ပြောင်းလဲသွားတော့သည်။
အဖြူရောင်ကြယ်များ တစ်လုံးစီမှာ ကြောက်မက်ဖွယ်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး သူတို့၏ အော်ရာကပင် ပတ်ဝန်ကျင် နေရာလပ်အား တောက်ပကာ ထူးဆန်းလာစေ၏။
ကောင်းကင်မှ ဆင်းသက်လာသော အဆုံးမဲ့ မီးတောက်နက်များမှာ အန်လင်း၏ မြှုပ်နှံခြင်းဓားသိုင်းမှ အထူးမြူနှင်း၏ စွမ်းအင်ကြောင့် အေးခဲသွားပေတော့သည်။ ထို့နောက် ကြယ်စင်ဖြူများမှာ ဓားရှည်ပုံစံပြောင်းသွားပြီး ဇာမဏီနက်ဆီသို့ ပျံသန်းသွားပေတော့၏။
လောင်ကျွမ်းမီးတောက်များက ဇာမဏီနက်၏ ခန္ဓာကိုယ်မှ ထွက်လာပြီး မီးတောက်နက် မြစ်တစ်စင်းက သူ့ပါးစပ်မှ ကြယ်အပြည့်နှင့်ဓားရှည်ဆီသို့ စီးဆင်းသွား၏။
ချွင်...
ကြယ်အပြည့်နှင့် ဓားရှည်က မီးတောက်နက်များကို နှစ်ပိုင်း ပိုင်းလိုက်ပြီး ကောင်းကင်နှင့် မြေကြီး၏ အစွမ်းထက်လှသော စွမ်းအင်ဖြင့် ဇာမဏီနက်ဆီသို့ ကျဆင်းသွားတော့သည်။
ဇာမဏီနက်က ကြယ်အပြည့်နှင့် ဓားရှည်အလင်းတန်းကြီးကို စိုက်ကြည့်ရင်း နောက်ဆုံးတွင် ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများက အဆင့်အတန်းမြင့်ပြီး ခွန်အားကြီးလှသော ဇာမဏီနက်၏ မျက်လုံးထဲတွင်ပေါ်လာပေ၏။ ထို့နောက် ချက်ချင်းမှာပင် သူ့ခန္ဓာကိုယ်မှာ အပြည့်အဝ နှစ်ပိုင်းပိုင်းခံလိုက်ရပေတော့သည်။
မီးတောက်နက်များက လွင့်ပသွားကာ ဇာမဏီနက်၏ သွေးများက လေထဲသို့ ပန်းထွက်လာပြီး နှစ်ပိုင်းပြတ်နေသော သူ့ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။
ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်မှာ အန်လင်းခန္ဓာကိုယ်မှ လွင့်ပါးစပြုလာပြီး ကောင်းကင်သို့ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းသွားပေတော့၏။
သူက ဇာမဏီနက် ယခင်က ရှိခဲ့သောနေရာ၌ ကြက်သွေးရောင် အရာဝတ္ထုတစ်ခု တွဲလောင်းကျနေသည့် မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရပေ၏။
အန်လင်းက ဒုတိယတစ်ကြိမ် ပြန်မတွေးတော့ပဲ ထိုပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။
ထိုသည်က ခွန်အားကြီး ရန်သူမှ ပြုတ်ကျခဲ့သော အရာပင်ဖြစ်၏။ ထိုသည်က မည်သည်လဲဆိုသည်ကို သူမသိပါ။ သို့သော် ထိုအရာက အလွန်အသုံးဝင်သော တစ်စုံတစ်ခု ဖြစ်နိုင်ပေသည်။ သို့ဖြစ်၍ သူက တုံ့ဆိုင်းခြင်းမရှိ သိမ်းထားလိုက်ခြင်းပင်။
သူက အဝေးမှ ဇာမဏီဖြူအားလှည့်ကြည့်လိုက်ရာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။
ဇာမဏီဖြူမှာ ဇာမဏီနက်ထက် ခွန်အား အနည်းငယ်နိမ့်ကျသော်လည်း မည်သို့ဆိုဆို အလွန်အစွမ်းထက်နေဆဲပင်။ ရှန်းကွမ်ယီနှင့် မိုဟိုင်တို့နှစ်ဦးမှာ သူတို့၏ လျှို့ဝှက်ဆန်းကြယ် ရတနာများကို အသုံးပြုနေကာ သူတို့အား သာမန်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူထက် အနည်းငယ် ပိုမိုအစွမ်းထက်ပေသော်ငြား သူတို့က အသားစီးရနေသည်ဟုတော့ သတ်မှတ်၍မရပါပေ။
အန်လင်းက သူတို့အား ကူညီချင်ပါသော်လည်း သူက မည်သည့်အားအင်မျှ မစုစည်းနိုင်သည်ကို တွေ့လိုက်ရ၏။
သူတို့၏ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ရလာဒ်ထွက်လုဆဲဆဲ ဖြစ်နေပေ၏။
မိုဟိုင်၏ အံ့ဖွယ်ဇာမဏီဝိုင်းမှာ စတင်ပွင့်ထွက်နေပြီး အဝိုင်းအတွင်းရှိ ကျန်ရစ်သည့် စွမ်းအင်များ အားလုံးကို အသက်သွင်းကာ သူ့၏ ဓားရှည်က ကမ္ဘာမြေတုန်လှုပ်ဖွယ် ကြက်သွေးရောင်အလင်းတန်းဖြင့် ခုတ်ပိုင်းပစ်ကာ ဇာမဏီငှက် ငိုကြွေးသံများကို ချန်ရစ်ထားခဲ့ပေ၏။
ကြက်သွေးရောင်ဓားမော့က အံ့ဖွယ်ဇာမဏီဝိုင်းနှင့် မိုဟိုင်၏ ခန္ဓာကိုယ်အတွင်းရှိ ကျန်ရစ်သည့် စွမ်းအားများအားလုံး ပြည့်နှက်နေပြီး အလျားတစ်ကီလိုမီတာကျော်ရှိသော ရဲရဲတောက်ဧရာမဓားအလင်းတန်းကြီးတစ်ခုကို ထုတ်လွတ်လိုက်၏။ ထိုသည်က တောင်ကြီးတစ်ခုလုံးကိုပင် ခွဲခြမ်းပစ်နိုင်သည်အထိ အစွမ်းထက်လှပေ၏။
ဇာမဏီဖြူက တောင်ပံများ ရုတ်သိမ်းကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် တစ်ဝက်မြင်နိုင်သော ဥခွံတစ်ခုဖြစ်ပေါ်လာစေ၏။
ဘုန်း...
ကြက်သွေးရောင် ဓားမော့အလင်းတန်းကြီးက ဥခွံနှင့် တိုက်ခတ်သွားကာ ဇာမဏီဖြူ၏ ပတ်ဝန်းကျင်ရှိ အချင်းဝက် မီတာရာချီသော မြေပြင်ကို အမှုန့်ကြေသွားစေ၏။
ကြေက်မက်ဖွယ် ဓားအလင်းတန်းမှာ ဥခွံအား ဖြတ်သန်းကာ ဇာမဏီဖြူကို ခုတ်ပိုင်းလိုက်ပြီး ထိုအရာ၏ ကြွေကဲ့သို့ ဖြူစွတ်နေသော ခန္ဓာကိုယ်မှ သွေးများကိုဆွဲထုတ်ရင်း နာကျင်စွာ အော်ဟစ်ငိုကြွေးလာတော့၏။
ထို့နောက် ရှန်းကွမ်ယီက တိုက်ခိုက်လိုက်ပြီး သူမ၏ ဓားက အလျားပေ၁၀၀၀ကျော်သော ကြီးမားလှသည့် ဆီးနှင်းဓားတစ်ချောင်းအဖြစ် ပြောင်းသွားပေ၏။ အချင်းဝက် တစ်ကီလိုမီတာကျော်သော ဧရိယာကြီးမှာ ချက်ချင်းပင် မြူနှင်းနှင့် ရေခဲပြင်ကျယ်ကြီးအဖြစ် ပြောင်းသွားပြီး အထူးဆီးနှင်းစွမ်းအားများက ကမ္ဘာမြေကြီးအား လွှမ်းခြုံသွားလေ၏။
"ဒါက အဆုံးသတ်ပဲ။"
ရှန်းကွမ်ယီ၏ လည်ပင်တွင် ဆွဲထားသော အပြာရောင် ရေစက်ကလေးမှာ တောက်ပသော အလင်းဖြင့် ထွန်းလင်းလာပြီး သူမ၏ နောက်မှ ခွန်အားကြီး အပြာရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာပေ၏။
ထိုသည်က ကောင်းကင်ဘုံများကို ပိုင်စိုးသော ကြီးမြတ်မြူနှင်းဧကရီတစ်ပါး၏ အလင်းတန်းဖြစ်ပေ၏။ သူမက အံ့ဖွယ်သရဖူတစ်ခုနှင့် အပြာရောင်ဧကရာဇ် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အဆုံးမရှိ ခွန်အားများက သူမ၏ မျက်လုံးများမှ ထိုးထွက်လာက ဇာမဏီဖြူ၏ လှုပ်ရှားမှုများကို ချက်ချင်းပင် တာဆီးလိုက်ပေ၏။
သူမ ဆင်းသက်လာသောအခါ ကောင်းကင်တွင် ဆီနှင်းပွင့်များက ကခုန်နေပြီး အဖြူရောင်ဆီးနှင်းအလွှာတစ်ခုက မြေပြင်ထက်တွင် ပေါ်လာတော့သည်။
ကြီးမြတ်ဧကရီမှာ ဧရာမဆီးနှင်းဓားတစ်ခုကို ညွှန်ပြလိုက်ပြီး ဓားအတွင်း၌ ပြည့်နှက်နေသော စွမ်းအားများက ချက်ချင်ပင် ဆတိုးသွားတော့သည်။ ဓားမှာ တဖြည်းဖြည်းနှင့် ရုပ်ဒြပ်မရှိသော အဖြူရောင်မှ အပြာရောင် ဖျော့ဖျော့သို့ ပြောင်းသွားပြီး လေထုမှာ ထိုးကျသွားသော အပူချိန်ကြောင့် အေးခဲသွားလေတော့၏။
"ကောင်းကင်ဘုံ မြူနှင်း၊ ရေခဲ ခုတ်ချက်..."
ရှန်းကွမ်ယီမှာ အလင်းတန်း၏ အနောက်မှနေ၌ လုပ်ဆောင်ချက်များကို တပ်တူပြုလုပ်လိုက်ပြီး ဇာမဏီဖြူဆီသို့ လက်ညိုးညွှန်ပြလိုက်လေ၏။
ဧရာမဆီးနှင်းဓားကြီးက အပြာရောင် အလင်းတန်းအဖြစ် ပြောင်းသွားပြီး မြေပြင်ကို ဖြတ်သန်းကာ ဇာမဏီဖြူဆီသို့ မရပ်တန့်နိုင်သော ခွန်အားဖြင့် ပျံသန်းသွားပြီး သူ့လမ်းကြောင်းရှိအရာရာကို အေးခဲသွားစေတော့သည်။
ဇာမဏီဖြူ၏ အံ့ဖွယ်မီးတောက်နယ်ပယ်မှာ အပြာရောင်အလင်းတန်းကြောင့် ထပ်မံ ချိုးဖျက်ခံလိုက်ရပြီး မာနကြီးသည့် ဇာမဏီဖြူ၏ မျက်လုံးများထဲတွင် ပထမအကြိမ်အဖြစ် စိတ်ပျက်အားငယ်သည့်အမူအရာများ ပေါ်လာပေတော့သည်။ အပြာရောင်အလင်းတန်းက ဖြတ်သန်းတောက်ပသွားပြီး ဇာမဏီဖြူမှာ ပြုတ်ကျသွားတော့သည်။
မီးတောက်များနှင့် ရောနှောနေသည့် သွေးဖြူဖြူများက မြေပြင်တစ်ခွင်တွင် ပျံ့ကြဲနေပေ၏။
သို့ဖြစ်၍ မာနခဲဇာမဏီဖြူမှာ နှစ်ပိုင်းအပိုင်းခံလိုက်ရပြီး မြေပြင်သို့ ထိုးကျလာတော့၏။
"ငါတို့ နိုင်သွားပြီလား။" မြေပြင်ပေါ်ရှိ ဇာမဏီဖြူ နှစ်ပိုင်းကို ငေးကြည့်ရင်း မိုဟိုင်၏ မျက်နှာထက်တွင် စိတ်သက်သာရာရသည့်အပြုံးတစ်ခု ပေါ်လာလေတော့သည်။
ရှန်းကွမ်ယီမှာလည်း နွေးထွေးသော အပြုံးတစ်ခုနှင့် သူ့ဆီသို့လျှောက်လာလေ၏။ "ဇာမဏီငှက်ရဲ့ ဖြစ်တည်မှုက ပျောက်ပျက်သွားပြီ။ သူ့ကိုယ်သူ ပြန်ရှင်သန်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။"
အန်လင်း၏ ခန္ဓာကိုယ်မှာ ယိုင်ထိုးသွားပြီး မြေပြင်သို့ ပုံလဲကျသွားသော်လည်း သူ့မျက်နှာ ထက်တွင် မြူးကြွသောအပြုံးတစ်ခု ရှိနေပေ၏။ "ဟားဟားဟား... အဲဒါက နောက်ဆုံး ငါတို့နိုင်သွားတဲ့ တိုက်ပွဲတွေပဲ..."
"ဇာမဏီဖြူ ငါ့ကိုကယ်ပါ..."
"ဇာမဏီဖြူ မြန်မြန်လာ..."
အကူအညီတောင်းနေသည့် အသံကိုကြားသောအခါ အန်လင်းမှာ ကျောရိုးတစ်လျောက် စိမ့်အေးသွားပေတော့၏။
အန်လင်းမှာ ဇာမဏီနက်၏ ၂ပိုင်းပြတ်နေသော ခန္ဓာကိုယ်အားကြည့်လိုက်ပြီး မီးတောက်နက်များက တောက်တောက်ပပ လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရ၏။
တစ်ချိန်တည်းမှာပင် ဇာမဏီဖြူ၏ အပိုင်း၂ခုမှာ အဖြူရောင်မီးတောက်တိုင်ကြီးအဖြစ် ပြောင်းသွားပြီး မီးတောက်နက်များဆီသို့ ရုတ်တရက် ပျံသန်းသွားတော့၏။
မီးတောက်နှစ်ခုက ပေါင်းစည်းသွားပြီး အဖြူအမဲ မီးတောက်ပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ သက်ရှိအသစ်တစ်ခုက မွေးဖွားလာပေ၏။
အဖြူအမဲမီးတောက်များမှာ ယင်ယန်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာရန် ပေါင်းစည်းသွားပြီး ဇာမဏီငှက် ပြန်လည်မွေးဖွားခြင်း၏ ရှေးတော်ပြေးဖြစ်နေပေ၏။
ဇာမဏီနက်၏ ခန္ဓာကိုယ်မှာ ပုံပေါ်လာပြီး သို့သော် သူ့၏ တောင်ပံများမှာတော့ အဖြူရောင်ပင်။ သန့်စင်ခြင်းနှင့် ဖျက်ဆီးခြင်း၏ စွမ်းအားများက ပေါင်းစည်းသွားကာ ဝိရောဓိဖြစ်သော်လည်း အလွန်အစွမ်းထက်လှသော ဖြစ်တည်မှုတစ်ခုကို ဖန်တီးလိုက်၏။
သူ့တွင် အနက်ရောင်မျက်ဆံတစ်ဖက်နှင့် အဖြူရောင် မျက်ဆံတစ်ခုရှိပြီး မြင်သူအပေါင်းအား စိတ်မအေးဖွယ်ခံစားချက်ကို ပေးနေလေ၏။
"မင်းတို့အခု စိတ်ပျက်သွားပြီလား။ ပုရွက်တွေ။"
ဇာမဏီနက်က မီးတောက်များထဲမှ အမူအရာမဲ့ လျှောက်လာရင်း ရှန်းကွမ်ယီနှင့် မိုဟိုင်တို့ကိုကြည့်ကာ အန်လင်းဆီသို့ကြည့်လာလေ၏။ သူတို့သုံးဦးစလုံးမှာ အားအင်လုံးဝ ကုန်ခမ်းနေပြီ ဖြစ်၏။
အန်လင်းက အံတင်းတင်းကြိတ်ကာ ခက်ခက်ခဲခဲ မတ်တက်ရပ်လိုက်၏။ မိစ္ဆာရှင်းဓားမှာ မလိုအပ်စွာ မြည်ဟီးနေသည်မှာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသယောင်။
သို့သော်လည်း ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်ကို အသုံးပြုခြင်း၏ နောက်ဆက်တွဲ သက်ရောက်မှုမှာ အလွန်ပြင်းထန်လှသည်မို့ အန်လင်းမှာ သက်ရှိစွမ်းအင် အနည်းငယ်ကိုပင် စုစည်း၍မရနိုင်ပါပေ။
ဇာမဏီနက်၏ မျက်နှာ ထက်တွင် အေးစက်စက်လှောင်ပြုံးတစ်ခု ပေါ်လာ၏။ "ဟီးဟီး...။ မင်းမှာ သက်ရှိစွမ်းအင် မကျန်တော့ဘူး။ ပြီးတော့ မင်းက မင်းရဲ့လက်နက်တောင် သေချာမကိုင်နိုင်တောဘူး။ ငါနဲ့တိုက်ဖို့ ဘာအစီအစဉ်များ စဉ်းစားထားလဲ။"
သူက လက်ဖဝါးများကို စောင်းလိုက်ရာ မီးတောက်ဖြူများက ဘယ်လက်တွင်ပေါ်လာပြီး ညာလက်တွင် မီးတောက်နက်များပေါ်လာတော့သည်။ ထို့နောက်သူက အန်လင်းဆီသို့ ခြေလှမ်းလိုက်သည်မှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း နှစ်ခုစလုံးကို စိုးမိုးနိုင်သည့် မကောင်းဆိုးဝါး နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
အန်လင်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာလေ၏။ "ငါ့မှာ သက်ရှိစွမ်းအင်မကျန်တော့တာနဲ့ပဲ မင်းနဲ့ မတိုက်နိုင်တော့ဘူးလို့ ဘယ်သူပြောလဲ။"
ဇာမဏီနက်၏ ခြေလှမ်းများက အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ့အမူအရာမှာ မဲမှောင်သွားလေ၏။ "မင်းက သေခါနီးဖြစ်နေတာတောင် ငါ့ကို လာလိမ်ချင်နေသေးတယ်။"
အန်လင်း၏ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာလေ၏။ "တတိယ တိုက်ကွက်..."
ထိုစကားလုံးများမှာ ဇာမဏီနက်၏ နှလုံးသားထဲတွင် တူတစ်ချောင်းကဲ့သို့ဖြစ်ပြီး အထိတ်တလန့် တုန်ယင်သွားတော့လေသည်။
အန်လင်းက ရုတ်တရက် ပါးစပ်ဖွင့်လိုက်ပြီး ဖျက်ဆီးနိုင်သည့် စွမ်းအားများက သူ့ပါးစပ်ထဲတွင် ပြောင်းလဲသွားကာ ရှေ့သို့ ထိုးထွက်လာပေတော့သည်။
ဘုန်း...
ရွှေရောင် စွမ်းအင်တိုင်ကြီးများက လေထုကို ဓားထက်ထက်တစ်ချောင်းကဲ့သို့ ဖြတ်သန်းလာပြီး ဇာမဏီနက်၏ ရင်ဘတ်အား ဖောက်ထွင်းပစ်လိုက်တော့၏။
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ရွှေရောင် စွမ်းအင်တိုင်ကြီးမှာ ပေ ၁၀၀၀၀ ကျော်အထိ ကျယ်ပြန့်သွားကာ အစွမ်းထက် လှိုင်းများဖြင့် ကီလိုမီတာပေါင်းများစွာအချင်းဝင်ရှိသည့် မြေပြင်အား အမှုန်ကြေစေတော့၏။
ရွှေရောင် စွမ်းအင်တိုင်ကြီး၏ လမ်ကြောင်းတွင် လေထုက ထူးဆန်းကာ တွန့်လိမ်သွားပြီး ဖျက်ဆီးစေတတ်သည့် ဖရိုမရဲအော်ရာများ ထုတ်လွှတ်ရာမှ အကွာအဝေးအက်ကွဲကြောင်းများကို မြင်နိုင်ပေသည်။
ဇာမဏီနက်က သူ့ရင်ဘတ်ရှိ အပေါက်ကြီးကို ငုံ့ကြည့်လိုက်ကာ ပါးစပ်မှ သွေးများထွက်ကျလာတော့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ...။ အဲဒါ ဘာနည်းလမ်းလဲ။"
သူက အန်လင်းရှေ့တွင် ဒူးတစ်ဖက်ထောက် ပြုတ်ကျသွားကာ သူ့အား အလန့်တကြား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပေ၏။
အန်လင်းက ဇာမဏီနက်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ "ဒီဟာက စွမ်းအားကြီး အဆီတိုက်ကွက်ပဲ။ မင်းနားလည်မှာ မဟုတ်ဘူး။"
"လုပ်လေ။ ထပ်ပြီး ပြန်မွေးဖွားလိုက်စမ်း။ မင်း ဘယ်နှကြိမ် ပြန်ရှင်နိုင်မလဲ ကြည့်ရသေးတာပေါ့။"
"မင်းက မင်းရဲ့တိုကွက်သုံးခုနဲ့ ငါ့ကို တစ်ခါတောင် မသတ်နိုင်ဘူး။ ဒါပေမဲ့ ငါက မင်းကို တိုက်ကွက်တစ်ခုစီတိုင်းမှာ အသေသတ်နိုင်တယ်။ မင်းနောက်တစ်ခါ ပြန်ရှင်လာလဲ မင်းကို ထပ်သတ်ရုံပဲပေါ့။ ငါ့မှာ စတုတ္ထ၊ ပဉ္စမနဲ့ ဆဋ္ဌမတိုက်ကွက်တွေ ကျန်သေးတယ်။ ငါ့မှာပဲ တိုက်ကွက်တွေပိုရှိမလား၊ မင်းမှာပဲ အသက်တွေ ပိုရှိမလား ကြည့်ကြတာပေါ့။"
အန်လင်း၏ စကားလုံးများက ဇာမဏီနက်၏ နားထဲတွင် ပဲ့တင်ထပ်နေကာ သူ့အားအလွန် စိတ်ပျက်အားငယ်သွားစေတော့သည်။
"မကောင်းဆိုးဝါး..." ဇာမဏီနက်က အံတင်းတင်းကြိတ်ရင်း ပြောလာ၏။
"မဆိုပါဘူး။ နောက်ဆုံးတော့ ငါက မင်းမျက်လုံးထဲမှာ ပုရွက်ဆိတ်ကနေ မကောင်းဆိုးဝါးတစ်ကောင် အဖြစ်အဆင့်တက်သွားပြီပေါ့။" အန်လင်းက အပြုံးတစ်ခုနှင့် ပြောလိုက်၏။
သူက ဇာမဏီနက်ဆီသို့ လျှောက်သွားကာ ဂုဏ်ယူဝံ့ကြွားစွာနှင့် ငုံကြည့်လိုက်၏။
"မင်းက ဇာမဏီငှက်တစ်ကောင်ဆိုရင်တောင် ငါ့ရဲ့ဓားအောက်မှာ ခိုက်ခိုက်တုန်နေရတာပါပဲ။"
အန်လင်း၏ လက်မောင်းက လေထုကို ဖြတ်သန်း လင်းလက်သွားပြီး အနက်ရောင် ဓားအလင်းတန်းတစ်ခုက ချက်ချင်းပင် ဇာမဏီနက်ကို ခေါင်းဖြတ်ပစ်လိုက်၏။
ဇာမဏီနက်၏ ဦးခေါင်းမှ အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက်ထိုးထွက်လာပြီး အန်လင်း၏ ရင်ဘတ်သို့ တိုက်ခတ်လိုက်လေ၏။
ထိုသည်က အလွန်လျင်မြန်စွာ ဖြစ်သွားသည်မို့ အန်လင်းက ရှောင်ရန် အချိန်မရလိုက်ပါပေ။
ဝှစ်...
အဖြူရောင်အလင်းတန်းက အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားပြီး သူ့၏သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်သီတစ်တန်းကြီး ဖြစ်သွားစေတော့သည်။
***