← Chapters

ဇာမဏီငှက် နှစ်ကောင်

Vol. 31 Ch. 425

ဇာမဏီငှက် နှစ်ကောင်

Vol. 31 Ch. 425

အန်လင်းက ချက်ချင်းပင် သူ့၏ သက်ရှိစွမ်းအင်ပင်လယ်ကို အလန့်တကြား စစ်ဆေးလိုက်၏။

သူ့၏ သက်ရှိစွမ်းအင် ပင်လယ်မှာ ပြင်းထန်စွာလှုပ်ခတ်သွားလေ၏။ လှိုင်းများထက်တွင် လဲလှောင်းအိပ်မောကျနေသော အန်ကီရင်ပင်လျှင် ရုတ်ရုတ်သံသဲဖြစ်ခြင်းကြောင့် နိုးလာပေတော့သည်။

ဖီနစ်ငှက်ပုံ အလင်းတန်းတစ်ခုက သူ့၏ သက်ရှိစွမ်းအင်ပင်လယ်ထက်တွင် ပေါ်လာပေ၏။

ထိုသည်က အတောင်ပံတစ်ချက် ခတ်လိုက်တိုင်း  လောင်ကျွမ်းမီးစွမ်းအင်များထုတ်လွတ်နေကာ သက်ရှိစွမ်းအင် ပင်လယ်အား ဆူပွက်ကာ မငြိမ်မစက်ဖြစ်အောင် ပြုလုပ်လာပေ၏။

အန်ကီရင်မှာ ချက်ချင်းပင် ဒေါသတကြီးဖြစ်သွား၏။ သူက ရွှေရောင်လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းသွားကာ သူ့ပါးစပ်အား ခပ်ကျယ်ကျယ်ဟလျှက် ဇာမဏီဖြူဆီသို့ တိုးဝင်သွားတော့သည်။

ဇာမဏီဖြူက ပြန်တိုက်ခိုက်သည့် အနေဖြင့် အန်ကီရင်ဆီသို့ မီးဘောလုံးကြီးတစ်ခု မှုတ်ထုတ်လိုက်ပေ၏။

အန်ကီရင်က သတိလွတ်သွားပြီး သက်ရှိစွမ်းအင်ပင်လယ်ထဲသို့ ပြန်ကျသွားကာ လှိုင်းမျက်နှာပြင်များကို ဖြတ်သန်းပြီး ရေပွက်အကြီးကြီးတစ်ခု ဖန်တီးလိုက်ပေ၏။

အန်ကီရင်က အဖျက်ဆီးခံရတော့မည်ဟု အန်လင်းက တွေးလိုက်မိသည့် အချိန်မှာပင်။

ဘုန်း...

အလွန်ကြောက်မက်ဖွယ် မိုးခြိမ်းသံကြီးတစ်ခုက ထွက်ပေါ်လာလေ၏။

ရွှေရောင် လျှပ်စီးများက သက်ရှိစွမ်းအင် ပင်လယ်၏ အောက်ခြေမှဟထွက်လာပြီး ချက်ချင်းပင် ဇာမဏီဖြူ၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားတော့သည်။

ဇာမဏီဖြူက နာနာကျင်ကျင် အော်ဟစ်လိုက်ပြီး သက်ရှိစွမ်းအင် ပင်လယ်ဆီသို့ ထိုးကျလာတော့၏။

အန်ကီရင်မှာ ချက်ချင်းပင် အခွင့်အရးကို ဆုတ်ကိုင်ကာ ဇာမဏီဖြူဆီသို့ တွဲကပ်လိုက်ပြီး ဦးခေါင်းကို ကိုက်ဖြတ်လိုက်၏။

သို့ဖြစ်၍ ဇာမဏီဖြူ၏ ခေါင်းမှာ အစားခံလိုက်ရလေသည်...။

"ဖွီး..." အန်ကီရင်မှာ ဇာမဏီဖြူ၏ ဦးခေါင်းကို ရွံရှာဟန်ဖြင့် ထွေးထုတ်လိုက်လေ၏။

ဇာမဏီဖြူ၏ ဦးခေါင်းမှာ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး သူ့ခန္ဓာကိုယ်များနှင့် ထပ်မံဆုံစည်းသွားလေ၏။

သို့ဖြစ်၍ သူတို့နှစ်ဦးမှာ အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပေ၏။

အန်လင်း : "..."

သွားစမ်း။ အဲ့ ဇာမဏီဖြူက ဘာလဲဟ။

ထိုအချိန်မှာပင် ဦးခေါင်းမပါသည့် ဇာမဏီနက်၏ ကိုယ်ကြီးမှာ မီးတောက်နက်များဖြင့် စတင်လောင်ကျွမ်းစပြုလာ၏။

လနတ်ဆိုး၏ အလင်းရောင်မှာ ပို၍ပင် ပြင်းထန်လာကာ မြေပြင်က ကြက်သွေးရင့်ရောင် ခြယ်လာတော့ပေသည်။

တခြားသော မရေမတွက်နိုင်သည့် ငှက်မွေးနီရောင်များက လေထဲတွင်ကခုန်နေကာ စိတ်ဓာတ်ကျဖွယ် ဂီတသံက နေရာလပ်တစ်ခုလုံး ပျံ့နှံ့နေပြီး လောကကြီးတစ်ခုလုံးက ငိုကြွေးနေသကဲ့သို့ပင် ဖြစ်နေ၏။

ဇာမဏီနက်မှာ မီးတောက်များမှ ထပ်မံ မွေးဖွားခဲ့လေပြီ။ သို့သော်လည်း သူ့၏ မျက်နှာထက်တွင် တက်ကြွဟန် မရှိပါချေ။ ထိုအစား သူ့မျက်နှာမှာ ဖြူဖျော့နေကာ သူ့၏ အော်ရာအားလုံးက အလွန် မှိန်လွန်းနေပြီး သူ့၏ အမူအရာများမှာ လုံးဝပင် ဗာလာကျင်းနေတော့သည်။

အန်လင်းက အံတင်းတင်းကြိတ်လိုက်၏။ "စောက်ကျိုးနည်း မင်းက မပြီးနိုင်သေးဘူးလား။ ထပ်ပြီး သေချင်နေတာလား မင်း။"

မိုဟိုင်နှင့် ရှန်းကွမ်ယီက အန်လင်းဆီသို့ ချက်ချင်းပြေးလာပြီး အန်လင်းက အန္တရာယ်အစွန်တွင် ကျရောက်နေသည်ကို သိကြ၏။

အန်လင်း၏ ခန္ဓာကိုယ်မှာ လုံးဝ အားနည်းနေပြီ ဖြစ်ကာ ဇာမဏီနက်က သူ့အား အမှန်တကယ်ပင် လက်တစ်ချောင်းတည်းနှင့် ဖိချေပစ်နိုင်လောက်ပေ၏။

ဇာမဏီနက်၏ မျက်နှာထက်တွင် အလွန်မုန်းတီးသော အမူအရာတစ်ခု ဖြစ်လာပြီး "ငါ့ရဲ့ ဇာမဏီဖြူ ဘယ်ရောက်သွားလဲ။ သူဘယ်ရောက်သွားလဲ။"

အန်လင်းက ခပ်ဖွဖွပြုံးကာ မျက်တောင်ခတ်လိုက်၏။ "အို... အဲ့တော့ မင်းမသိဘူးပေါ့။ ဇာမဏီဖြူက ငါ့ရဲ့ သက်ရှိစွမ်းအင်ပင်လယ်ထဲမှာ ချိတ်ပိတ်ခံထားရပြီး လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး။"

"မဖြစ်နိုင်တာ..." ဇာမဏီနက်က ချက်ချင်းပင် ဒေါသပုန်ထ သွားတော့၏။ "ဇာမဏီဖြူက ဗာမီလီယမ်ငှက်ဆီက ငါယူခဲ့တဲ့ စွမ်းအင်ရဲ့ သရုပ်သကန်ပဲ။ အဲဒါက ဗာမီလီယမ်ငှက်ရဲ့ စွမ်းအင်ပဲ။ အဲဒါက ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့ သက်ရှိစွမ်းအင် ပယ်လယ်ထဲကို စုပ်ယူခံလိုက်ရတာလဲ။ မဖြစ်နိုင်တာ..."

အန်လင်းမှာ ထိုသည်ကို ကြားရာ အတော်လေး အံ့အားသင့်သြား၏။ ဇာမဏီဖြူက ဗာမီလီယမ်ငှက် စွမ်းအား၏ သရုပ်သကန်...။ ဒါဆိုရင် ဇာမဏီဖြူက ဇာမဏီနက်က ဒီမှာ ချိတ်ပိတ်ခံထားရတဲ့ အကြောင်းပြချက်ပေါ့...။ ပြီးတော့ အဲ့ဒီ့ ဇာမဏီဖြူကို သူက ယူလိုက်တယ်...။

ကောင်းလိုက်တာ...။

အန်လင်းက ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။ "ဟင်း...၊ မင်းကျေးဇူးနဲ့ ငါက ဗာမီလီယမ်ငှက်ရဲ့ စွမ်းအားကို ရနိုင်တော့မှာ။ ဒါပေမဲ့ မင်းအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးစရာ ဘာမှရှိမနေဘူး..."

"မင်းကို ငါ့ရဲ့ စတုတ္ထ တိုက်ကွက်ကို လက်ဆောင်ပေးမယ်ဆိုရင်ရော။"

ဇာမဏီနက်မှာ အန်လင်း၏ ရွှင်မြူးနေသည့် အမူအရာကိုကြည့်ရင်း ဒေါသကြောင့် ရူးမတက်ဖြစ်သွားရ၏။ စတုတ္ထတိုက်ကွက်ဟု ထုတ်ပြောပြီးနောက် သူက နောက်ဆုံးတွင် သည်းမခံနိုင်တော့ပဲ သွေးအပြည့် အန်ချလိုက်တော့၏။

"မင်းက အရမ်းလွန်သွားပြီ။ ငါ ဒီတစ်ခါကို ကျော်သွားပေးမှာ မဟုတ်ဘူး။"

ဇာမဏီနက်မှာ ဟိန်းဟောက်လိုက်ရာ မီးတောက်ငှက်များက သူ့ခန္ဓာကိုယ်အား ထပ်မံတိုးဝှေ့လာပြန်၏။

မိုဟိုင်နှင့် ရှန်းကွမ်ယီတို့မှာ အန်လင်းဘက်သို့ ရောက်နေပြီး ဖြစ်ကာ နှစ်ယောက်စလုံးမှာ ခိုင်မာပြတ်သားသည့် အမူအရာဖြင့် ဇာမဏီနက်၏ ဒေါသကို ရင်ဆိုင်ရန် ရှေ့တိုးလာကြ၏။

ကောင်းကင်ထက်ရှိ လနတ်ဆိုးမှာ ရုတ်တရက် ဇာမဏီနက်၏ ခန္ဓာကိုယ်ပေါ်သို့ လင်းလက်နေသည့် ကြက်သွေးရောင် အလင်းတန်းထွန်းလင်းလာစဉ္ဝယ် ရေကန်တစ်ခုကဲ့သို့ လှိုင်းထလာကာ သူ့၏ လှုပ်ရှားမှုများအား တုံ့ဆိုင်းသွားစေ၏။

သူ့နှလုံးသားအား ထိုးဖောက်နေသော ချိန်းကြိုးများမှာ ရုတ်တရက် ဒြပ်ထုတစ်ခုဖြစ်တည်လာကာ သူတို့၏ တဝက်တစ်ပျက်မြင်နိုင်သော ပုံစံမှ ရွှေရောင်တောက်တောက်ဆီသို့ ထိုးထွက်လာကာ အလွန်ကြောက်မက်ဖွယ် ချိတ်ပိတ်သည့် စွမ်းအားကို ယူဆောင်လာကြပေသည်။

"အား..." ဇာမဏီနက်၏ ပတ်လည်မှ မီးတောက်များမှာ ​ပျောက်ကွယ်သွားပြီး သူ့ရင်ဘတ်အား ပြင်းထန်စွာ ဆုတ်ကိုင်လိုက်ပေ၏။

ချိန်းကြိုးများအတွင်း၌ ပြည့်နှင်နေသော ချိတ်စည်း၏ စွမ်းအင်များမှာ ပို၍ ကြောကမက်ဖွယ် ဖြစ်လာကာ ဇာမဏီနက်၏ ခန္ဓာကိုယ်အား ရွှေရောင် နဂါးများသဖွယ် ပြင်းပြင်းထန်ထန် ဆွဲငင်ကာ သူ့အား ယာဇ်ပလ္လင်ဆီသို့ တဖြည်းဖြည်း ဆွဲခေါ်သွားပေ၏။

"မဖြစ်နိုင်ဘူး...။ ငါ့မှာ မြင့်မြတ်သားရဲရဲ့ စစ်မှန်သွေးရှိတယ်။ ကောင်းကင်ဘုံ ချိန်းကြိုး ၉ခုက ငါ့စွမ်းအားတွေကိုပဲ ချိတ်ပိတ်ထားလို့ရမှာ ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို ဆွဲခေါ်သွားတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" ဇာမဏီနက်က အထိတ်တလန့် အကြောက်အကန် ဆိုလာလေ၏။

အန်လင်းက ထိုသည်ကို ကြားသည်နှင့် ရုတ်တရက် သဘောပေါက်သွားလေ၏။ "မင်းပြောတဲ့ မြင့်မြတ်သားရဲရဲ့ စစ်မှန်သွေးဆိုတာ အနီရောင် အရည်အစက်တစ်ခုလား။ အဲ့အတွက် ကျေးဇူးပါ။ ငါအဲဒါကို ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ သိမ်းထားလိုက်ပြီးပြီ။"

"ဖွီး..." ဇာမဏီနက်မှာ နောက်ထပ် သွေးအပြည့်အန်ထုတ်လိုက်ကာ အန်လင်းအား နာကြည်း ဝမ်းနည်းစွာ စိုက်ကြည့်လိုက်လေ၏။ "မင်းက ဘယ်လိုလုပ်။ မင်းက ဘယ်လိုလုပ်ပြီး..."

အန်လင်းက သူ့လက်မျကို နောက်ကျောတွင် တင်းတင်းချိတ်ကာ အေးစက်သောအမူအရာဖြင့် ခေါင်းအနည်းငယ်မော့လိုက်လေ၏။ "မင်းက သွားမရှုပ်သင့်တဲ့ လူတစ်ယောက်ကို သွားရှုပ်မိတာ ကိုယ့်ဟာကိုယ်ပဲ အပစ်တင်လိုက်တော့...။"

ဇာမဏီနက် : "..."

ဇာမဏီနက်မှာ ယဇ်ပလ္လင်ဆီသို့ ချိန်းကြိုးများ၏ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး ထို့နောက်မှာတော့ ယဇ်ပလ္လင်ဆီမှ မရေမတွက်နိုင်သော ချိန်းကြိုးများက ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အား အမိအရထပ်မံဖမ်းလိုက်တော့သည်။

"အန်လင်း၊ ငါဒီ ကျိန်စာသင့်နေရာက လွတ်လာရင် မင်းရဲ့ မိသားစုတစ်ခုလုံးကို သုတ်သင်မယ်လို့ ကျိန်တယ်။ ငါက မင်းရဲ့ ဝိညာဉ်ကို နှစ်ပေါင်း ကုဋေအထိ နှိက်စက်ညှင်းပန်းပြမယ်။" ဇာမဏီနက်မှာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းအဲဒါကို တစ်ခါ ပြောပြီးပါပြီ။" အန်လငက အေးစက်စွာ ပြန်ပြောလိုက်၏။

ဇာမဏီနက် : "..."

ရွှေရောင် အလင်းတန်းများက ချိန်းကြိုးများမှ ထိုးထွက်လာပြီး ယဇ်ပလ္လင်ဆီသို့ ပေါင်းစည်းသွားကာ လုံးဝ ပျောက်ကွယ်သွားပေတော့သည်။

"စောက်ကျိုးနည်း၊ ငါတို့က နောက်ဆုံးတော့ ဒီမှာ ကိစ္စပြတ်သွားပြီ..." အန်လင်းက အလွန်မောပန်းနေကာ ရောင့်ရဲသော အမူအရာဖြင့် မြေပြင်သို့ နောက်ပြန်ပြုတ်ကျသွား၏။

မွှေးပျံ့သော လေပြည်တစ်ခုက ဖြတ်သန်းသွားပြီး သူ့မျက်လုံးထောင့်များမှ ရှန်းကွမ်ယီက သူ့ထဲသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။

ဟင်း... အလှလေးရဲ့ ရင်ခွင်ထဲကို လဲကျရတာလဲ မဆိုးပါဘူးလေ။

ထို့နောက် သူ့ရင်ဘတ်မှာ ဗလာတောင့်တောငိ့၊ အမွေးထူထူနှင့် ရင်ဘတ်တစ်ခုအား တိုက်မိသွား၏။

"ဟီးဟီး... အဆင်ပြေရဲ့လား၊ သခင်။"

ဝံပုလွေလူသားမှာ အန်လင်းကို ငုံ့ကြည့်ကာ သူ့၏ ချွန်ထက်သော အစွယ်များကို လှစ်ပြကာ မျက်နှာလိုမျက်နှာရဖြင့် ပြုံးပြလာလေ၏။

အန်လင်းက သူ့မျက်လုံးများကို လှန်လိုက်၏။ သူက ဤအသုံးမကျသော ဝံပုလွေအား အစေခံအဖြစ် လက်ခံလိုက်သည်အား နောင်တရစပြုလာလေပြီ။

"အန်လင်း၊ အဆင်းပြေရဲ့လား။"

ရှန်းကွမ်ယီနှင့် မိုဟိုင်မှာ အန်လင်း၏ ဘေးတွင် စိုးရိမ်တကြီး စုစည်းလာကြ၏။

အန်လင်းက ခေါင်းခါပြလိုက်ပြီး "ငါအဆင်ပြေပါတယ်။ နည်းနည်း ပင်ပန်းနေရုံပါ။ အရင်ဆုံး အစ်ကို ယန်ယွမ်ကို အောက်ဆင်းဖို့ ကူညီပေးရအောင်။"

လူတိုင်းက ခေါင်းငြိမ့်လိုက်ပြီး ဝံပုလွေလူသားက အန်လင်း၏ အနေအထားအား ဂရုတစိုက် ပြင်ပေးလိုက်ပြီး အန်လင်းက မင်းသမီးလေးတစ်ပါးကဲ့သို့ သယ်ဆောင်ကာ ယဇ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်လေ၏။

ဝံပုလွေလူသားမှာ အန်လင်းကို အပြည့်အဝ လက်ခံလိုက်ပြီး အန်လင်းအား စိတ်အားထက်သန်လှသော ဘာသာတရား သက်ဝင်ယုံကြည်သူတစ်ဦးကဲ့သို့ အလုပ်အကြွေးပြုရန်အထိ အသင့်ဖြစ်နေလေ၏။

ကြီးမြတ် ခွန်အားကြီးသည့် အံ့ဖွယ် ခေါင်းဆောင်မှာ မြေပြင်တွင် ပြားပြားဝပ်ကာ အန်လင်း၏ အကြိမ်ဖန်များစွာ သတ်ဖြတိခြင်းကို ခံခဲ့ရ၏။ ထိုသည်မှာ အတိတ်တွင် သူစိတ်ကူးပင်မယဉ္ရဲ့သော တစ်စုံတစ်ခုဖြစ်ပေ၏။ အံ့ဖွယ်ခေါင်းဆောင်က သူ့သခင်က တစ်ပွဲမှပင် အနိုင်မတိုက်နိုင်ပါပေ။ အံ့ဖွယ်ခေါင်းဆောင်မှာ ကြွားဝါခြင်း အနုပညာတွင် သူ့သခင်၏ ပြိုင်ဘက်ပင် မဖြစ်ပါချေ။ နောက်ဆုံးသော တိုက်ကွက် ၃ကွက်နှင့် အကြမ်းစား ကြွားဝါခြင်းများက ဝံပုလွေလူသားအား အကြွင်းမဲ့ အနိုင်ယူသွားလေပြီ။

"သခင်၊ ငါ့ရဲ့ ကျန်ရစ်တဲ့ အသက်ကို သခင့်ဆီမှာ မြှုပ်နှံလိုက်ပါတယ်။"

ဝံပုလွေလူသားမှာ အန်လင်းအား ပြင်းပြင်းပြပြကြည့်လိုက်လေ၏။

အန်လင်းက ​ကျောရိုးတစ်လျောက် စိမ့်အေးသွားပြီး နှာဘူးကျသည့် ငကြောင်တစ်ကောင်၏ ပွေ့ဖက်ခြင်း ခံထားရသည်ဟု ခံစားလိုက်ရ၏။

"ငါ့ကို ချပေးစမ်း။ ငါ့ရဲ့ ဂမ်ဒမ်တွေက အခုဆို အပြည့်အဝ အားပြည့်သွားပြီ။ ငါ သူတို့ကိုပဲ သယ်စေချင်တယ်။" အန်လင်းက အေးစက်စွည အမိန့်ပေးလိုက်၏။

ဝံပုလွေလူသား၏ မျက်လုံးများထဲတွင် မျက်ရည်များ စီးကျလာတော့သည်။ "သခင်၊ ကျွန့်တော့ကို မချစ်တော့ဘူးလား။"

အန်လင်း : "ထွက်သွားစမ်း..."

***

All Chapters