← Chapters

လနတ်ဆိုး

Vol. 31 Ch. 426

လနတ်ဆိုး

Vol. 31 Ch. 426

သူတို့သုံးဦးသားမှာ ယဇ်ပလ္လင်ဆီသို့ ရောက်လာပြီး နွယ်ကြိုးများနှင့် ချည်နှောင်ခံထားရပြီး ရင်ဘတ်နှင့် ခြေလက်များတွင် အနက်ရောင် တုတ်ချောင်းများဖြင့် ထိုးဖောက်ခြင်းခံထားရသော အမျိုးသားကို မြင်လိုက်သည့်အခါ အလွန် ဝမ်းနည်းသွားတော့၏။

ဂမ်ဒယ်၂ကောင်၏ ချီပိုးခြင်းခံထားရသော အန်လင်းက ဝံပုလွေ လူသားဘက်သို့လှည့်လိုက်၏။ "လျန်လေး၊ ဒီဟာတွေ ပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲ။" (လျန်လေးဆိုတာက အန်လင်း ဝံပုလွေလူသားကို ပေးလိုက်တဲ့ နာမည်ပြောင်ပါ။)

ဝံပုလွေလူသားက တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။ "အနက်ရောင်နွယ်ကြိုးတွေက နတ်ဆိုးချိတ်စည်းနွယ်ပင်တွေလို့ ခေါ်တယ်။ သူတို့က မီးနဲ့ထိရင် နောက်ဆုတ်သွားတတ်ကြတယ်။ ဒါပေမဲ့ အဲ့အနက်ရောင် တုတ်ချောင်းတွေရဲ့ မူလရင်းမြစ်ကိုတော့မသိဘူး။ အဲ့တာတွေက အံ့ဖွယ်ခေါင်းဆောင်က ယဇ်ပူဇော်ခြင်းဓလေ့အတွက် သီးသန့်ပြင်ဆင်ထားတာ။"

အန်လင်းက မိုဟိုင်နှင့် ရှန်းကွမ်ယီတို့ကို သတင်းပြန်လည် မျှဝေပေးလိုက်၏။

ထိုသည်ကို သိရှိပြီးသည်နှင့် မိုဟိုင်က ချက်ချင်းပင် သူ့၏ ကြက်သွေးရောင် မီးတောက်များကို ထုတ်လိုက်လေ၏။

နွယ်ပင်များမှာ လောင်ကျွမ်းမီးတောက်များ၏ အောက်တွင် နောက်ဆုတ်သွားပြီး နောက်ဆုံးတွင်တော့ အချင်း ၁၀လက်မခန့်ရှိသော ဘောလုံးတစ်လုံးအဖြစ်သို့ စုစည်းသွားလေ၏။

ယန်ယွမ်၏ ခန္ဓာကိုယ်မှာ နွယ်ကြိုးများ၏ အထောက်အပံ့မရှိတော့၍ ပြုတ်ကျစပြုလာပြီး မိုဟိုင်က သူမြေပြင်ပေါ်သို့ မကျမီတွင် ညင်သာစွာ ဖမ်းထားလိုက်လေ၏။

ယန်ယွမ်မှာ သေလုနီးပါး ဖြစ်နေသည်ဟု ထင်ရပြီး မိုဟိုင်မှာ သူ့၏ ကြက်သွေးရောင် မီးတောက်များကို နွယ်ကြိုးလုံးဆီသို့ ဒေါသတကြီး ထုတ်လွှတ်လိုက်ပြန်၏။

ကြက်သွေးရောင် မီးတောက်များက ထိုးထွက်လာသော်လည်း နွယ်ကြိုးလုံးမှာ မိမိကိစ္စကိုသာလျှင် ဂရုစိုက်ဟန်ဖြင့် လျှင်မြန်စွာ နောက်ဆုတ်သွားပြန်၏။

ရှန်းကွမ်ယီက သူ့မရှေ့ရှိ လေထုကို ဆုတ်ကိုင်လိုက်ရာ အထူးမြူနှင်း စွမ်းအားမှာ နွယ်ကြိုးလုံးအား အေခဲပြီး ဝိုင်းစက်စက် ရေခဲတုံးတစ်တုံး အဖြစ် ပြောင်းသွားစေ၏။

"ဒီဟာက နည်းနည်း ထူးဆန်းတယ်။ ငါဒါကို လူကြီးတွေ သုတေသန လုပ်ဖို့အတွက် ဂိုဏ်းကို ပြန်ယူသွားလိုက်မယ်။" ရှန်းကွမ်ယီက ပြောလိုက်၏။

မိုဟိုင်က ပြန်မပြေတော့ပဲ ယန်ယွမ်၏ ခန္ဓာကိုယ်တွင် ထိုးစိုက်နေသော ထုလုံးရှည်ပုံ တုတ်ချောင်းများကို စိုက်ကြည့်နေလိုက်၏။

ထိုတုတ်ချောင်းများမှာ ယန်ယွမ်၏ အသက်စွမ်းအားကို မရပ်မနား စုတ်ယူနေသည်ဟု ခံစားရပြီး ထို့အပြင် သူတို့တွင် အကွာအဝေးချိတ်ပိတ်ခြင်း စွမ်းအင်လဲ ရှိနေပေ၏။

ရှန်းကွမ်ယီက ယန်ယွမ်ဆီသို့ လျှောက်လာပြီး ထုလုံးရှည်ပုံ တုတ်ချောင်းများကို ဆုတ်ကိုင်လိုက်ရာ သူမ၏ လှုပ်ရှာမှုများမှာ အလွန်အမင်း အစွမ်းထက်လှသည့် ချိတ်ပိတ်စွမ်းအားဖြင့် ကန့်သတ်ခြင်းခံလိုက်ရသည်ကို တွေ့လိုက်ရပြီး သို့ဖြစ်၍ သူမအား တုတ်ချောင်းများကို နုတ်ယူခြင်းမှ တားဆီနေပေ၏။

သူမက မျက်မှောင်တင်းတင်းကြုံ့လိုက်ပြီး သတ္ထုတုတ်ချောင်းနက်များကို အေးစက်စက်အမူအရာဖြင့် ကြည့်လိုက်၏။ "ဒီဟာတွေက ယန်ယွမ်သူ့ရဲ့ နေရာကူးပြောင်းခြင်း တံဆိပ်ကို အသက်သွင်းလို့မရတဲ့ အကြောင်းအရင်းပဲ..."

ယန်ယွမ်က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး အပြုံးတစ်ခုကို အားတင်းဆင်မြန်းလိုက်၏။ "မင်းတို့ရဲ့ အသက်ကို စွန့်စားပြီးတော့ ငါ့ကို ကယ်ပေးတာကျေးဇူးပါ။ မင်းတို့ကို ဘာမှ ပြန်မပေးနိုင်တာတော့ ဆိုးတာပဲ...။ လနတ်ဆိုး ထွက်ပေါ်လာခြင်းက ဒီနေရာကို အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခုဖြစ်စေလိမ့်မယ်။ မင်းတို့ ဒီကနေ ထွက်သွားရမယ်..."

"ဘာတွေ ပြောနေတာလဲ အစ်ကို ယန်ယွမ်။ ငါတို့ အတူတူ ထွက်သွားရမှာပေါ့။" မိုဟိုင်က အံကြိတ်ကာ ပြောလိုက်၏။

ယန်ယွမ်က ခပ်ဖွဖွ ခေါင်းခါလိုက်ကာ "ငါက မင်းတို့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုပဲ ဖြစ်စေမှာ။ လနတ်ဆိုး ပျောက်ကွယ်သွားရင် မရေမတွက်နိုင်တဲ့ သားရဲတွေက ဒီနေရာမှာ ပေါ်လာတော့မှာ...။ အချိန်မရှိတော့ဘူး။ မင်းသွားဖို့ငြင်းနေရင် ငါ့ရဲ့ အကြောတွေကို ပျက်ဆီးစေအောင်လုပ်ပြီး ငါ့ကိုယ်ငါ သတ်သေလိုက်တော့မယ်။"

မိုဟိုင်၏ လက်ထဲရှိ ကြွက်သားများက ဖောင်းကြွလာပြီး သတ္ထုတုတ်ချောင်းနက်များကို မျက်ရည်များဖြင့် ဆုတ်ကိုင်လိုက်၏။ "ငါတို့က ဒီအထိတောင်ရောက်လာပြီး အများကြီး ရင်ဆိုင်ပြီးပြီလေ။ အစ်ကို့ကို ဒီလိုမျိုး လက်လျော့ပေးလိုက်ဖို့ ငြင်းပါရစေ။"

ယန်ယွမ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။ "ညီမ ထောင်ဇီကို ငါတောင်းပန်ပါတယ်လို့ ပြောပေးပါ..."

သူက သူ့ကိုယ်သူ စတေးရန် ပြင်ဆင်နေသကဲ့သို့ တဖြည်းဖြည်း မျက်လုံး ပိတ်လိုက်၏။

"ဓာတ်ပြားဟောင်းကြီးတွေ တော်စမ်းပါ။ ခွန်အားကြီး ဓားအင်မော်တယ်အန်လင်းက အခုထိ ဘာအစွမ်းမှတောင် မပြရသေးဘူး မင်းတို့က အရှုံးပေးချင်နေပြီလား။" အန်လင်းက သူ့လက်ကို တုတ်ချောင်းနက်များပေါ်တွင် တင်လိုက်ပြီး ရှုပ်ထွေးသော ဖွဲ့စည်းခြင်းတစ်ခုကို ပြုလုပ်လိုက်လေ၏။

ရှုပ်ထွေးသော ဖွဲ့စည်းခြင်းတစ်ခုက လေထဲတွင် ပေါ်လာပြီး အန်လင်းက သူ့၏ ကျန်ရစ်သော သက်ရှိစွမ်းအင်အနည်းငယ်ကို အစွမ်းကုန် လှည့်ပတ်စေလိုက်၏။

သူက ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင် အသုံးပြုခြင်း၏ အကျိုးဆက်ကို ဆန့်ကျင်တိုက်ခိုက်ကာ သူ့၏ သက်ရှိစွမ်းအင်ကို သူ့အကြောများအားလုံးဆီသို့ ခက်ခက်ခဲခဲ တွန်းအားပေးလိုက်၏။ သူ့လက်မှာ မထိန်းချုပ်နိုင်အောင်ပင် တုန်ယင်လာပြီး သူ့ပါးစပ်မှ သွေးများ စီးကျစပြုလာလေပြီ။

"အန်လင်း၊ မင်း ..." မိုဟိုင်က အန်လင်းအား အလန့်တကြားကြည့်လိုက်၏။

ရှန်းကွမ်းယီမှာလဲ သူ့၏ အမူအရာနှင့် ထပ်တူပင် ဖြစ်နေ၏။

ယန်ယွမ်က မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်ရာ ပါးစပ်မှ သွေးများစီးကျနေသော်လည်း အပြုံးမပျက်ကာ တုန်ယင်နေသော လက်များဖြင့် ဖွဲ့စည်းခြင်းကို ထုတ်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။

ဖွဲ့စည်းခြင်းက လင်းလက်စွာ တောက်ပသွားပြီး ယန်ယွမ်၏ ရင်ဘတ်တွင် စိုက်ဝင်နေသော သတ္ထုတုတ်ချောင်းထဲသို့ စီးဝင်သွားလေ၏။

အန်လင်းက သတ္ထုတုတ်ချောင်းကို ဆုတ်ကိုင်ကာ တစ်ချက်တည်းနှင့် ဆွဲထုတ်လိုက်၏။

ဇွက်...

အန်လင်းက သွေးစွန်းနေသော ထုလုံးရှည်ပုံ တုတ်ချောင်းကို ဆွဲနုတ်လိုက်ရာ သွေးများက နေရာအနှံ့ ပျံ့ကျဲသွားလေ၏။

မိုဟိုင်နှင့် ရှန်းကွမ်ယီ နှစ်ဦးစလုံးက အနည်းငယ် တုံ့ဆိုင်းသွားလေ၏

"မင်း... မင်း အောင်မြင်သွားတယ်။" မိုဟိုင်၏ အမူအရာမှာ တဖြည်းဖြည်း အလန့်တကြားနှင့် ပြုံးရွှင်သွားလေ၏။

ယန်ယွမ်က အန်လင်းကို အမူအရာမဲ့ ငေးကြည့်ကာ သူ့နှလုံးသားထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေးသန်းလာပေတော့သည်။

"ငါ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ ဒီဟာက ခရမ်းကြယ်စင်အဖွဲ့အစည်းက အသုံးပြုတဲ့ ယဇ်ပူဇော် ပစ္စည်းဆိုပြီး တွေ့ရတယ်။ ငါထင်တာ မှန်တဲ့ပုံပါပဲ။ ဆက်လုပ်ကြစို့..." အန်လင်းက အပြုံးလေးဖြင့် ရှင်းပြလိုက်၏။

ဝံပုလွေလူသား၏ မျက်လုံးများထဲမှ အယူသည်းသော အလင်းတန်းများက ပို၍ပင် တောက်ပလာလေ၏။ သူ့အတွက်တော့ ယခု အန်လင်းမှာ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသော အစွမ်းထက် ဖြစ်တည်မှုတစ်ခုပင်။

ထို့နောက်တွင်မူ အန်လင်းက သတ္ထုတုတ်ချောင်း လေးချောင်းကို တစ်ချောင်းချင်း ဖယ်ရှားလိုက်၏။ သူ့မျက်နှာမှာ သူဖယ်ထုတ်လိုက်သော တုတ်ချောင်း တစ်ချောင်းစီနှင့်အတူ ဖြူဖျော့လာတော့သည်။ နောက်ဆုံး တုတ်ချောင်းကို ထုတ်လိုက်ပြီးနောက် သူက သွေးအပြည့် အန်လိုက်လိုက်ပြီး အလွန်အမင်း ပင်ပန်းခြင်းကြောင့် မေ့မြောလုမတတ်ဖြစ်သွားရ၏။

မိုဟိုင်နှင့် ရှန်းကွမ်ယီတို့မှာ အန်လင်းကို စူးစိုက်ငေးနေကြည့်နေရင်း လက်သီးတင်းတင်းဆုတ်လိုက်ကြတော့၏။

သူ့မျက်လုံးထဲမှ စိတ်ပိုင်းဖြတ်ထားခြင်းကို မြင်နိုင်သည်မို့ သူတို့က အန်လင်းကို ရပ်တန့်ရန် ပြောဖို့မကြိုးစားပါပေ။

နောက်ဆုံး သတ္ထုတုတ်ချောင်းအား ထုတ်ယူပြီးသွားလေပြီ။ ယန်ယွမ်၏ သက်ရှိစွမ်းအင်က တစ်ဖန်ပြန်၍ လည်ပတ်စပြုလာလေပြီး သူ့ပါးထက်တွင် သွေးရောင်ပြန်လွှမ်းလာလေ၏။ သူ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန် ဒဏ်ရာရနေသော်လည်း အသက်အန္တရာယ် မရှိတော့ဟန် ရပေ၏။

အန်လင်းက သက်ပြင်းချရန် အခွင့်အရေး မရခင်မှာပင် ကောင်းကင်နှင့်မြေကြီးက  ရုတ်တရက် ထပ်မံတုန်ခါလာလေ၏။

ကြီးမားသော သားရဲ အမြောက်အများက ကောင်းကင်တွင်ပေါ်လာပြီး အားလုံးမှာ အလွန်စွမ်းထက်သော အော်ရာများ ပိုင်ဆိုင်ထား၏။

ကောင်းကင်ရှိ လနတ်ဆိုး၏ အလယ်ဗဟိုတွင် အနက်ရောင် အစက်တစ်ခု ရုတ်တရက် ပေါ်လာလေ၏။

အန်လင်းနှင့် တခြားသူများက မော့ကြည့်လိုက်ရာ လနတ်ဆိုးမှာ ယခုတွင် အောက်ဘက်မှ လောကကြီးအား ကြည့်ရှုအကဲခတ်နေသော မကောင်းဆိုးဝါး မျက်လုံးကြီးပုံ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"ငါတို့ ဒီက ထွက်သွားရမယ်။ အခုက သားရဲတွေရဲ့ သေဆုံးခြင်း ဝိညာဉ်တွေက ပြန်လည်ထွက်ပေါ်လာတဲ့ အချိန်ပဲ။ ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းတွေရဲ့ တောင်ဘက်နယ်ပယ်တစ်ခုလုံးက စစ်မြေပြင်ဖြစ်လာတော့မှာ။" ယန်ယွမ်က အလောတကြီး ပြောလိုက်၏။

ဘုန်း...

သူစကားပြောနေစဉ်မှာပင် အဝေးမှ တောင်တစ်ခုက ရုတ်တရက် ပြိုကျသွားပြီး ပေ ထောင်ပေါင်းအနည်းငယ် မြင့်မားသော ကြီးမားလှသည့် ကြံ့ကြီးတစ်ကောင်က ထွက်ပေါ်လာကာ ခေါင်းမော့ပြီး ကောင်းကင်ဆီသို့ အော်ဟစ်လိုက်ကာ ဖျက်ဆီးစေတတ်သော အသံလှိုင်းများကို ဖန်တီးလိုက်ပြီး သူ့ပတ်လည်ရှိ မီတာတစ်ထောင်ကျော် အချင်းဝက်ရှိ မြေကြီးကို အက်ကွဲသွားစေ၏။

ကြံ့ကြီးမှာ မယုံနိုင်လောက်အောင်ပင် အစွမ်းထက်လှ၏။ သူ့ခန္ဓာကိုယ်မှာ ဒြပ်ထုမရှိသော်လည်း အစွမ်းထက် ရှေးဟောင်း အော်ရာက သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာကာ ကြည့်ရှုသူများ၏ နှလုံးခုန်းနှုန်းကို တိုးလာစေတော့သည်။

ဤသည်က အစပိုင်းပင် ဖြစ်၏။ ထိုအချိန်၌ ကြီးမားလှသော အဆုံးမဲ့ အက်ကွဲကြောင်းကြီးတစ်ခုက ရုတ်တရက်ပေါ်လာလေ၏။

ဧရာမ စပါးအုံးများ၊ အလျား ပေတစ်သောင်းကျော်သော ကင်းခြေများများ၊ ကြီးမားသည့် ကင်းမြှီးကောက်များနှင့် တခြားသော သန္ဓေပြောင်းသားရဲများ အများအပြားက အက်ကွဲကြောင်းကြီးထဲမှ ဤကြက်သွေးရောင် ကုန်းမြေကြီးပေါ်သို့ တွားသွားတက်လာကြတော့သည်။

ပျံသန်း သန္ဓေပြောင်းသားရဲများက အထက်ကောင်းကင်ရှိ တိုက်ပွဲတွင် စတင်ဆင်နွှဲစပြုနေလေပြီ။ တိမ်တိုက်များကြားတွင် ပျံသန်းနေသော နဂါးများ၊ ဓားများနှင့် တူသော အရိုးစု ငှက်များနှင့် ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများ လက်နေသော ကြီးမားလှသည့် သိမ်းငှက်များ စသည်ဖြင့်... ထိုအရာများ အားလုံးက အညှာအတာမဲ့ ကန့်သတ်မဲ့တိုက်ပွဲတစ်ခုတွင် ဝင်တိုက်မိကာ ​ကောင်းကင်တစ်ခုလုံးကို သူတို့၏ သွေးများဖြင့် ရဲရဲနီနေစေတော့သည်။

ကောင်းကင်နှင့် မြေကြီး အကြားတွင် စိတ်ဓာတ်ကျဖွယ် ဂီတတစ်ခုက ထွက်ပေါ်လာပြီး လူတိုင်းက ထူးဆန်းလှသော အာရုံချောက်ချားခြင်းများတွင် ပိတ်မိနေလေ၏။

"နေရာကူပြောင်းခြင်း တံဆိပ်ကို အခုသုံးတော့။" ယန်ယွမ်က အော်ဟစ်လိုက်၏။

အန်လင်း၊ မိုဟိုင်နှင့် ရှန်းကွမ်ယီတို့မှာ သူတို့၏ အနီရောင် တံဆိပ်များကို ထုတ်လိုက်ပြီး တစ်ယာက်ကိုယ်တစ်ယောက် ကြည့်ကာ အသက်သွင်းလိုက်လေတော့သည်။

အန်လင်းက သူ့၏ ဂမ်ဒမ်၂​ကောင်ကို သူ့၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းလိုက်ပြီး အနည်းငယ် တုံ့ဆိုင်းနေပြီး သတ္ထုချောင်း ၅ချောင်းကိုလဲ သိမ်းလိုက်တော့သည်။

နေရာကူးပြောင်းခြင်း တံဆိပ်လေးခုစလုံးမှာ တောက်ပသော အလင်းတန်းဖြင့် လင်းလက်လာပြီး သူ့တို့၏ ခြေထောက်အောက်တွင် နေရာကူးပြောင်းခြင်း မန္တန် ဖွဲ့စည်းခြင်းတစ်ခု ပေါ်လာလေ၏။

ထိုအချိန်မှာပင် ခေါင်းနှစ်လုံး ခြေ​ ၆ချောင်းနှင့် ကြီးမားသည့် ကျိုင်းတစ်ချောင်းကိုင်ထားသော ဧရာမသားရဲတစ်ကောင်က အန်လင်းနှင့် တခြားသူများကို လှမ်းမြင်သွားလေ၏။ ဧရာမသားရဲကြီးက ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ သူတို့ဆီသို့ တစ်ဟုန်ထိုး ပြေးလာတော့သည်။

ထို သန္ဓေပြောင်းသားရဲကြီးက တစ်ကီလိုမီတာကျော် ရှည်လျားပြီး ခြေလှမ်းတစ်ခုစီတိုင်းက မြေပြင်ကို တုန်ခါသွားစေ၏။

အကျေးခွံဖြူ ဝံပုလွေ နတ်ဘုရားက ဧရာမ သန္ဓေပြောင်းသားရဲကြီးကို မြင်သောအခါ ကြောက်ချေးထွက်ကျမလိုပါ ဖြစ်သွားပြီး မျက်နှာထက်တွင် မျက်ရည်များ စီးကျနေကာ အန်လင်းကို ချက်ချင်း လှမ်းဆွဲလိုက်လေ၏။ "သခင်၊ လျန်လေးကို မစွန့်ပစ်ပါနဲ့။ လျန်လေး မသေချင်သေးဘူး... ဝါးးး..."

အန်လင်းက ဝံပုလွေလူသားအား အကူအညီမဲ့ ကြည့်လိုက်၏။ "ဒါပေမဲ့ ကြည့်ရတာ နေရာကူးပြောင်းခြင်း တံဆိပ်က အသုံးပြုသူကိုပဲ နေရာကူးပြောင်းပေးတဲ့ ပုံပဲ။"

"ဝါးးး... ဂရုမစိုက်ဘူး။ ငါမင်းကို မလွတ်နိုင်ဘူး...။" ဝံပုလွေလူသားက အန်လင်း၏ အဝတ်အစားများကို တင်းတင်းဆွဲကာ ခွေးပေါက်ကလေးတစ်ကောင်ကဲ့သို့ ငိုကြွေးလာလေ၏။

ဧရာမသန္ဓေပြောင်းသားရဲကြီးက သူတို့အပေါ်တွင် ရောက်ရှိနေပြီးဖြစ်ကာ သူ့၏ကျိုင်းအား တောင်ငယ်တစ်လုံးကဲ့သို့ လွှဲချလာလေ၏။

နေရာကူပြောင်းခြင်း မန္တန်ဖွဲ့စည်းခြင်းက တောက်တောင်ပပလင်းလာပြီး အန်လင်းနှင့် တခြားသူများက နေရာမှ ​ပျောက်ကွယ်သွားလေ၏။

ဘုန်း...

ကျိုင်းကြီးက မြေပြင်ပေါ်သို့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့် ထိခတ်သွားကာ ကြီးမားလှသော တွင်းကြီးတစ်ခုကို မြေပြင်ထက်တွင် ဖန်တီးလိုက်လေ၏။

***

All Chapters