ငါ့အိပ်ယာကို နွေးထွေးစေဖို့ တစ်စုံတစ်ယောက်ကို လိုတယ်
Vol. 31 Ch. 427
အန်လင်းက သူ့ပတ်လည်မှ နေရာလပ်က ပြောင်းလဲနေသည်ကို ခံစားရပြီး မကြာမီပင် လုံးဝန်းသော စင်တစ်ခုပေါ်သို့ ရောက်ရှိသွား၏။
တောက်ပသောနေရောင်က သူ့ကိုယ်ပေါ်တွင် ဖြာကျနေပြီး လေထဲတွင် အံ့ဖွယ်သစ်ပင်များ၏ ရနံ့ဖျော့ဖျော့ကို ရှုရိုက်မိနေပြီး သူ့အား ငရဲမှ ကောင်းကင်ဘုံဆီသို့ ခရီးသွားလိုက်ရသကဲ့သို့ ခံစားလိုက်ရစေ၏။
သူက နောက်ဆုံးတွင် သူ့၏ တင်းကြပ်နေသော ရင်အစုံအား ဖြေလျော့လိုက်နိုင်ပေ၏။
"သခင်..." အလန့်တကြားအသံတစ်ခုက သူ့ဘေးမှ ထွက်ပေါ်လာ၏။
အန်လင်းက သတိမေ့မျောမသွားမီ သူ့ခေါင်းက ဗလတောင့်တောင့် အမွေးထူထူနှင့် ရင်ဘတ်တစ်ခုအား ဝင်တိုက်မိသွားသည်ဟု ခံစားလိုက်ရ၏။
အမှောင်ထု၏ အလယ်တွင် မရေမတွက်နိုင်သော အချိန် ကုန်ဆုံးသွားတော့သည်။
အန်လင်း၏ လက်ချောင်းမှာ လှုပ်ရှားသွားပြီး သူ့၏ လက်မှာ နွေးထွေး နူးညံ့သော လက်တစ်ခုဖြင့် တင်းကြပ်စွာ ဆုတ်ကိုင်ခြင်းခံထားရသည်ကို ခံစားမိ၏။ သူ့လက်ကို ဆုတ်ကိုင်ထားသော လက်မှာ သူ့အား သက်တောင့်သက်သာဖြစ်ကာလုံခြုံစိတ်ချသောခံစားချက်တစ်ခုပေးနေလေ၏။
သူက မျက်လုံးများကို ဖွင့်လိုက်ရာ မင်နက်ကျောက်စိမ်းဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးက သူ့၏ အိပ်ယာဘေးတွင် မှီအိပ်နေသည်ကို တွေ့လိုက်ရ၏။
ညအချိန် ရောက်နှင့်ပြီ ဖြစ်ပုံရ၏။ ဖယောင်တိုင်မီး ခပ်ဖျော့ဖျော့က အမျိုးသမီး၏ နူးညံ့သော သွင်ပြင်များပေါ်တွင် ဖြာကျနေပြီး သူမကို အထူး နူးညံ့လှပြီး ညင်သာဟန် ပေါက်နေစေ၏။
အန်လင်းက သူ့ဘေးမှ အမျိုးသမီးကို တိတ်တဆိတ် ငေးကြည့်နေကာ အလွန်အမင်း စိတ်ခံစားချက်များ များပြားလာလေ၏။ သေလုနီးပါး အတွေ့အကြုံတစ်ခုကို ရင်ဆိုင်ရပြီးနောက် သူ့ဘေးတွင် တိတ်ဆိတ်စွာ ရှိနေသော တစ်စုံတစ်ဦးကို မြင်တွေ့ရသည်မှာ အမှန်တကယ်ပင် ကောင်းမွန်လှပေ၏။
စုရှောင်လန်၏ ခေါင်းမှာ အိပ်ယာ၏ တစ်ဖက်ခြမ်းတွင် ခပ်ဖွဖွမီထားပြီး သူမ၏ နူးညံ့လှသော မျက်တောင်များက သူမ၏ စည်းချက်ကျကျ အသက်ရှုနှုန်း၏ အောက်တွင် လှုပ်ရှားသွားတော့သည်။ ဖယောင်းတိုင်မီး၏ အောက်တွင် ခပ်ဖျော့ဖျော့ လင်းလက်နေသော ရှုပ်ထွေးလှသည့် ညှပ်ရိုးများက သူမ၏ လည်ပင်းပေါက်ဆီမှ အနည်းငယ်ထွက်ပေါ်နေလေ၏။
အန်လင်းက စုရှောင်လန်ကို သူမ၏ အိပ်စက်ခြင်းမှ မနိုးထစေချင်ပါ။ သို့သော် အိပ်ယာ၏ တစ်ဖက်ခြမ်းအား ဤကဲ့သို့ မှီနေရသည်က အလွန်သက်တောင့်သက်သာ မဖြစ်လှပေဟု သူတွေးမိလေ၏။ ထို့ပြင် သူ့၏ အိပ်ယာမှာ အတော်လေး ကြီးမားနေပြီး သူတို့နှစ်ဦး အတူတူအိပ်လျှင် ဆံ့လောက်မည်ဟု ခံစားရ၏...။
သူက ထိုရွေးချယ်စရာနှစ်ခုတွင် လုံးထွေးနေစဉ်တွင် စုရှောင်လန်က သူမ၏ မျက်လုံးများကို ဖွင့်လာပေ၏။ အန်လင်းက သူမကို ပြန်ကြည့်နေသည်ကို မြင်သောအခါ သူမ၏ ဝါးတားတား မျက်လုံးများက ရုတ်တရက် လင်းလက်လာပြီး ည၏ လှပသော ကြယ်ပွင်လေးများနှင့်ပင် ဆင်တူလာ၏။
"နင် ဘယ်လိုနေသေးလဲ။" စုရှောင်လန်က တိတ်ဆိတ်ခြင်းကို ဦးစွာ ဖြိုခွဲလိုက်၏။
"အင်... အများကြီး ပိုကောင်းလာပါပြီ။ ငါက နည်းနည်းလေး အေးနေတာမို့ ငါ့အိပ်ယာကို နွေးထွေအောင်လုပ်ပေးဖို့ တစ်စုံတစ်ယောက်ရှိရင် ပိုကောင်းမယ်ဆိုပြီး တွေးနေတာ..." အန်လင်းက ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။
စကားပြောနေစဉ်တွင် သူ့နှလုံးသားက ရင်ဘတ်ထဲတွင် အရူးတစ်ယောက်လို မြည်ဟီးနေလေ၏။ သူက လုံးဝပင် မအေးပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ရုတ်တရက် ချွေးများပင် ပျံလာတော့သည်။
လေထုက အနည်းငယ် နေရခက်သွားပြီး စုရှောင်လန်က သူ့လက်ကို အရင်ကထပ် ပို၍ တင်းတင်းဆုပ်လိုက်သည်ဟု အန်လင်း ခံစားလိုက်ရ၏။
စုရှောင်လန်က ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်၏။ "အို၊ ငါသိပြီ...။ နင့်ရဲ့ ဝံပုလွေ အစေခံက အခြားအခန်းထဲမှာ စောင့်နေတုန်းပဲ။ နင့် အိပ်ယာကို နွေးအောင်လုပ်ပေးဖို့ သူ့ကို ခေါ်လိုက်ရမလား။"
သူမ၏ အကြံပေးချက်တွင် အန်လင်း၏ ကျောရိုးတစ်လျှောက် ကြက်သီးများပင်ထသွားပြီး လျင်မြန်စွာ ငြင်းဆန်လိုက်ရ၏။ "မလိုတော့ဘူး။ ငါရုတ်တရက်ကြီး မအေးတော့ဘူး။"
အန်လင်း၏ အလန့်တကြား အမူအရာကို ကြည့်ရင်း စုရှောင်လန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဖယောင်တိုင်မီး၏ အောက်တွင် သူမကို ပိုမို ညှို့ငင်အား ကောင်းမွန်ဟန် ပေါက်နေစေ၏။
"ဟင်၊ ဒါပေမဲ့ ဝံပုလွေလူသားက နေရာကူးပြောင်းခြင်းတံဆိပ်မှမရှိတာ။ သူက ဘယ်လိုလုပ်ပြီး ငါနဲ့အတူပြန်လာနိုင်တာလဲ။" အန်လင်းက အနည်းငယ် စိတ်ရှုပ်ထွေးနေလေ၏။
စုရှောင်လန်က ထိုမေးခွန်းတွင် အနည်းငယ် တုံ့ဆိုင်းသွားပြီး ရှင်းပြချက်ပေးလာလေ၏။ "အကြီးအကဲတွေတောင်မှ အဲ့တာကို နည်းနည်း ရှုပ်ထွေးနေတုန်းပဲ။ သူတို့ရဲ့ သီအိုရီကတော့ ဖြစ်နိုင်တာက နင်က ဝံပုလွေလူသားနဲ့ အစေခံစာချုပ်ချုပ်လိုက်တာမို့ ဖြစ်မယ်ထင်တယ်တဲ့။ စာချုပ်ကနေပြီး နင်တို့ရဲ့ တည်ရှိမှုက ဆက်နွယ်သွားပြီးတော့ အဲ့အချိန်တုန်းက နင်တို့နှစ်ယောက်က ရုပ်ပိုင်းဆိုင်ရာ ထိနေတာဆိုတော့ နေရာကူးပြောင်းခြင်း တံဆိပ်က နင်တို့နှစ်ယောက်ကို တစ်ယောက်တည်းလို့ သတ်မှတ်လိုက်ပြီး နှစ်ယောက်လုံးကို တစ်ခါတည်း နေရာကူးပြောင်းပေးလိုက်တာနေမှာ။"
အန်လင်းက သူမ၏ ရှင်းပြချက်တွင် ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြလိုက်၏။ သူနှင့် ဝံပုလွေ လူသားတို့မှာ တစ်နည်းနည်းဖြင့် ကံတရားမှ ပေါင်းစည်းပေးထားပြီး သူ့ကို သိမ်းထားလိုက်သည်က အကြံဆိုးတစ်ခု မဖြစ်နိုင်ပါပေ။
သူက ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေ၏။ "ရှောင်လန်၊ နင့်ရဲ့ ပိုင်နက်နယ်မြေ နိုးထလာပြီလား။"
"အေး။ နင်မပြန်လာခင် တစ်ရက်က နိုးထလာခဲ့တာ။" စုရှောင်လန်က ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။
"ဟားဟား... ဂုဏ်ယူပါတယ်။ ဘာပြသနာမှ မရှိလောက်ဘူးလို့ ငါမပြောဘူးလား။" အန်လင်းက သူမအတွင် ပျော်မြူးနေပေ၏။
သူက ခွန်အားအနည်းငယ်မျှပင် မစုစည်းနိုင်ခြင်း မဟုတ်ပါက ခုန်ပေါက်ကာ သူမကို ထွေးပွေ့ထားမိမည်ဖြစ်၏။
"အို၊ ဟုတ်သား။ ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းတွေထဲမှာ ဘာဖြစ်တာလဲ။ အစ်ကို ယန်ယွမ်က နင့်ကို အရမ်းကျေးဇူးတင်နေတဲ့ပုံပဲ။ ပြီးတော့ ရေခဲအလှပဂေးလေး ရှန်းကွမ်ယီကတောင် နင့်ကို တော်တော်လေး အထင်ကြီးနေတယ်နော်။" စုရှောင်လန်က အန်လင်းအား စိတ်ဝင်စားစွာ ကြည့်လိုက်လေ၏။ "မိုဟိုင် ဂိုဏ်းကို တင်ပြတုန်းက ငါက နင့်ကို လိုက်ရှာနေတာနဲ့ တအားအလုပ်ရှုပ်နေလို့ ဘာဖြစ်ခဲ့သလဲဆိုတာ မသိလိုက်ဘူး။ ငါ့ကို ပြောပြချင်လား။"
အန်လင်းက ခပ်ဖွဖွ ပြုံးလိုက်၏။ "ပြောရရင်တော့ အရှည်ကြီးပဲ။ နောက်ဆုံးတိုက်ပွဲကဆိုရင် နတ်ဘုရာတွေတောင် မျက်ရည်ကျလောက်တဲ့ ကမ္ဘာမြေတုန်လှုပ်စေနိုင်တဲ့ တိုက်ပွဲကြီးလေ။ ဒါပေမဲ့ အစကနေပြန်သွားပြီးတော့ ဇာမဏီနက်က ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းတွေမှာ ချိတ်ပိတ်မိနေလဲဆိုတာကနေစပြီး ဇာတ်ကြောင်းပြန်ကောက်ရမှာပဲ..."
အန်လင်းမှာ တိုက်ပွဲကို အကြမ်းစားဖြစ်စေရန် ချဲ့ကားပြောဆိုရန်ပင် မလိုပါချေ။ အဘယ့်ကြောင့်ဆိုသော် ထိုသည်က အလွန်ပင် ကြမ်းလွန်းသော တိုက်ပွဲ ဖြစ်နေပြီးသည်မို့ပင်။
ဖယောင်းတိုင်မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ စုရှောင်လန်က သူ့အိပ်ယာဘေးတွင် ပျော်ရွှင်စွာ နားထောင်နေစဉ်ဝယ် အန်လင်းက သူ့၏ ဂုဏ်သရေရှိ လုပ်ဆောင်ချက်များကို စိတ်လှုပ်ရှားစွာ ပြန်ပြောပြနေပေတော့သည်။
...
နောက်တစ်နေ့ မနက်တွင်တော့ အန်လင်းက စွမ်းအင်အပြည့်နှင့် နိုးထလာပေတော့သည်။
စုရှောင်လန်က အနားယူရန် သူမ၏ အခန်းသို့ ပြန်သွားသည်ကို သူက အနည်းငယ် ဝမ်းနည်းနေသော်လည်း ခြုံကြည့်ပါက အလွန်ခံစားချက်ကောင်းနေပေ၏။
အန်လင်း၏ နိုးထလာခြင်းကို သိပြီးနောက် သူ့၏ စိတ်ဝိညာဉ် သားရဲများအားလုံးက သူ့ကို ကြည့်ရှုစောင့်ရှောက်ရန် စုစည်းလာကြတော့၏။
တပိုင်က ဝံပုလွေလူသားအား နာခံအောင် သင်ပြပေးထားပြီးဖြစ်ကာ သူက ယခုတွင် တပိုင်အား အစ်ကိုကြီးပိုင်ဟု ခေါ်ဆိုတတ်နေပြီ ဖြစ်၏။
ဝံပုလွေလူသားမှာ ရှေးဟောင်းလူသားမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်ကာ ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော စွမ်းအငိ ရှိလေ၏။ သို့သော် သူသည် အန်လင်း၏ လိုအပ်ချက်များအားလုံးကို နာခံတတ်သော အစေခံတစ်ယောက်နှင့်တူကာ အန်လင်းကို အနည်းငယ် မသက်မသာဖြစ်စေ၏။
ဝံပုလွေလူသား၏ စကားများအရ အန်လင်းမှာ အလင်းရောင်ဖြစ်သည်၊ အန်လင်းမှာ ကောင်းကင်နှင့် မြေကြီးဖြစ်သည်၊ အန်လင်းမှာ သူယုံကြည်ရသည့် တစ်ဦးတည်းသောသူ ဖြစ်သည်ပြီး သူက ကျန်ရစ်သည့် ဘဝသက်တမ်းတစ်လျှောက် အန်လင်းနောက်သို့လိုက်ရန် ဆန္ဒရှိပေ၏။
ထိုကဲ့သို့ အသည်းယားစဖွယ် ဝန်ခံခြင်းနှင့် ရင်ဆိုင်ရသည့်အခါ အန်လင်းက သူ့အတွေးများကို အလွန်ရှင်းလင်းစေလိုက်၏။ ထိုသည်က သူက ဤကဲ့သို့ ပျင်းရိစရာစကားများ ထပ်ပြောလာပါက တံခါးအပြင်ဘက်သို့ မောင်းထုတ်ပစ်မည်ဟု၍ပင်။
ဝံပုလွေ လူသားက နောင်ဆုံးတွင် အန်လင်း၏ အမိန့်အရ သူကိုယ်သူ ထိန်းချုပ်ထားသော်လည်း သူက သူ့၏ အရူးအမူး ပရိသတ်များနှင့် သိပ်မကွာခြားလှသော မီှခိုတတ်သည့် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေဆဲပင်။
ထို့နောက် မိုဟိုင်၊ လုလုကျီဇီနှင့် ရှန်းကွမ်ယီတို့က အန်လင်းဆီသို့လာလည်ပြီး ပြန်လည်ကောင်းမွန်ခြင်း စိတ်ဝိညာဉ် ဆေးတောင့်များနှင့် စိတ်ဝိညာဉ် သစ်သီးများကို ယူလာပေသည်။
အန်လင်းက ချက်ချင်းပင် လက်ဆောင်များကို ဝမ်းပန်းတသာလက်ခံလိုက်၏။
လုကျီဇီမှာ ထိုအချိန်က ဆန်းကြယ်နယ်မြေတွင် ပိတ်မိနေသည်မို့ ယန်ယွမ်ကို မကယ်နိုင်ခြင်းဖြစ်၏။ အန်လင်းနှင့် တခြားသူများထဲမှ အသေးစိတ် အဖြစ်အပျက်များကို ပြန်ကြားပြီးနောက် သူက အလွန်အမင်း နောင်တကြီးစွာရနေသော်လည်း သူလုပ်နိုင်သည်က ဘာမှ မရှိတော့ပါပေ။
ကျိယုံဖန်အတွက်မူ သူက အဲ့အချိန်တွင် ဘာလုပ်နေသလဲဆိုသည်ကို မည်သူက သိပါမည်နည်း။ မည်သို့ဆိုဆို သူ့အား မည်သူကမှ ဂရုမစိုက်ပါပေ။
နောက်ဆုံးတွင်မူ အန်လင်းဆီသို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးရောက်လာပေ၏။
ထိုသည်က အဖြူရောင် တာအိုဝတ်ရုံနှင့် လှပသော အမျိုးသမီးတစ်ဦးဖြစ်၏။
သူမက ယန်ယွမ်၏ တာအိုကျင့်ကြံဖော် ဖြစ်လာမည့် ထောင်ဇီပင်ဖြစ်ပြီး နည်းလမ်းကျကျ ပြောရပါက အန်လင်းအတွက် ဂိုဏ်းတူအမတစ်ဦးဖြစ်၏။
သူမက ရောက်ရောက်ခြင်းပင် ကျေးဇူးတင်ကြောင်းကို ပြသရန် အန်လင်းကို အရိုအသေပေးလိုက်၏။
"မောင်လေး အန်လင်း၊ ယန်ယွမ်က ဒဏ်ရာတွေ ပြန်ကုစားတုန်းရှိသေးတာမို့ သူ့အစား ငါ လာလည်လိုက်တာပါ။"
"နင့်ရဲ့အသက်ကို စွန့်စားပြီး မကယ်ခဲ့ဘူးဆိုရင် ယန်ယွမ်က အခုလောက်ဆို..."
သူမ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာပြီး ရှိုက်ကြီးတစ်ငင် ပြောလာလေ၏။ "ကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ နှလုံးသားထဲကနေကို..."
အန်လင်းက ငိုကြွေးနေသော ထောင်ဇီကို ကြည့်ကာလက်ယမ်းပြလိုက်၏။ "ငါက ငါစိတ်ထဲရှိသလိုလုပ်တာပါ။ ဂိုတစ်ခုတည်းက တပည့်တွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက်အမြဲတမ်း ကြည့်ရှုစောင့်ရှောက်သင့်တာပေါ့။ အဲ့တော့ ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး အမ ထောင်။"
ထောင်ဇီက သူမ၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး အပြုံးတစ်ခုက ပေါ်လာလေ၏။ "ယန်ယွမ်နဲ့ ငါက သုံးနှစ်အတွင်းမှာ မင်္ဂလာပွဲကျင်းပတော့မှာ။ အဲ့အချိန်ရောက်ရင် နင်လာတက်ပေးရမယ်။"
အန်လင်းကလည်း ပြန်လည်ပြုံးပြလိုက်၏။ "သေချာတာပေါ့။"
ထောင်ဇီက အန်လင်း၏ အိပ်ယာ ဘေးတွင် သိုလှောင်လက်စွပ်တစ်ခုထားလိုက်ပြီး ဆက်ပြောလာ၏။ "အဲ့တာဆိုလဲ နင်အနားယူတာကို ဆက်ပြီး မနှောက်ယှက်တော့ပါဘူး။ ဒီသိုလှောင်လက်စွပ်ထဲမှာ ယန်ယွမ်ရဲ့ ကျေးဇူးတင် လက်ဆောင်ရှိတယ်။ ငါလဲ လက်ဆောင်နည်းနည်း ထပ်ထည့်ထားတယ်။ ကျေးဇူးပြုပြီး ဒီလက်ဆောင်ကို မငြင်းပါနဲ့။ အဲ့တာက ယန်ယွမ်နဲ့ ငါ့ကို မလေးမစားလုပ်သလို ဖြစ်သွားမှာ နားလည်လား။"
အန်လင်းက ထောင်ဇီ၏ တည်ကြည်သောအမူအရာကို လက်ခံပြီး ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်ပြီ။ မင်းပြောသလို လုပ်ပါ့မယ်။"
ဘာပဲဖြစ်ဖြစ် သူကလည်း လက်ဆောင်တွေကို ငြင်းတဲ့အကျင့်မရှိပါဘူး။
ကောင်းတဲ့ပစ္စည်းတွေ အကုန်သာ ယူချလာလိုက်စမ်းပါ။ ဟားဟားဟား...
ထောင်ဇီက မပြန်ခင်တွင် ကျေကျေနပ်နပ် ပြုံးပြသွားလေ၏။
အန်လင်းက သိုလှောင်လက်စွပ်ကို ကောက်ကိုင်ကာ စတင်ပြီး ပြန်လည်သန့်စင်လိုက်၏။
ဤသည်က ၁၀ပေမျှသာ ကျယ်သော သာမန် သိုလှောင်လက်စွပ်တစ်ခုဖြစ်ပေ၏။ သူက ထိုထဲ၌ အံ့အားသင့်ဖွယ် တစ်စုံတစ်ခု ပါနေလောက်မည်ဟု မထင်ထားပါချေ။ သို့သော် မကြာမီပင် သူမှားသွားသည်ကို တွေ့လိုက်ရ၏...။
***