← Chapters

အန်လင်း၏ ရာဇဝင် 

Vol. 31 Ch. 428

အန်လင်း၏ ရာဇဝင် 

Vol. 31 Ch. 428

သိုလှောင်လက်စွပ်မှာ သိုလှောင်နိုင်စွမ်း အများအပြားမရှိသော်လည်း အတွင်းထဲရှိပစ္စည်းများမှာ စွမ်းအားကြီး စွမ်းအင် အတက်အကျများ ထုတ်လွတ်နေကာ သို့ဖြစ်ပါ၍ သူတို့အားလုံးမှာ အလွန်ပင် တန်ဖိုးရှိသော ပစ္စည်းများဖြစ်ကြောင်းညွှန်ပြနေပေ၏။

ပထမဆုံးအနေဖြင့် ထိုအတွင်းထဲ၌ အဖြူရောင် အလင်းများ တောက်ပနေသော သက်ရှိကျောက်တုံး တစ်ရာရှိနေပြီး စိတ်ဝိညာဉ် ကျောက်တုံးတစ်သန်းအထိ တန်ဖိုးရှိလေ၏။

အဆင့်၇ အင်မော်တယ်ဆေးတောင့်များဖြစ်သော ထိခိုက်ဒဏ်ရာများအပေါ်တွင် ပြန်လည်​ကောင်းမွန်စေသည့်အပြင် စားသုံးသူ၏ အသက်စွမ်းအင်အား တိုးပွားစေနိုင်သော အကျိုးကျေးဇူးများရှိသည့် စိတ်ဝိညာဉ် အသစ်ဖြစ်ပွားရေး ဆေးတောင့်၂တောင့်လဲ ရှိနေလေ၏။

အဆင့်မြင့် စိတ်ဝိညာဉ် ဓားတစ်ချောင်းနှင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ဓား သုံးချောင်းလဲရှိပေ၏။ ထိုသည်မှာ အန်လင်း၏ မြှပ်နှံခြင်းဓားသိုင်းကို တွေ့ရှိပြီးနောက် ယန်ယွမ်၏ လက်ဆောင်များ ဖြစ်နိုင်ပေ၏။

ပရိဘောဂ ပြုလုပ်နိုင်ပြီးသော သွေးနတ်ဘုရားကျောက်စိမ်း ကီလိုဝက်ခန့်လဲ ရှိပြီး ထိုပရိဘောဂများပေါ်တွင် ထိုင်သောသူများအား တဖြည်းဖြည်း ခွန်အားတိုးပွားစေကာ သူတို့၏ ကိုယ်ကိုင်နယ်ပယ်များကို အင်အားခိုင်မာလာစေနိုင်၏။ ထိုသည်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် အသင့်တော်ဆုံးသော အမျိုးအစားဖြစ်ကာ ထိုပစ္စည်းတစ်ခုတည်းကပင်  စိတ်ဝိဉာဉ်ကျောက်တုံး ငါးသန်းခန့် တန်ဖိုးရှိလေ၏။

ကံမကောင်းသည်မှာတော့... ထိုသည်က အန်လင်းမှာ ပိုင်နက်နယ်မြေ မရှိသောကြောင့် သူ့အတွက် လုံးဝ အသုံးမဝင်ပါပေ။

နောက်ဆုံးအနေဖြင့် အဝါရောင် အလင်း ခပ်မှိန်မှိန်လင်းနေသော  လက်စွပ်တစ်ကွင်းရှိလေ၏။ အန်လင်းက ထိုအရာက မည်သည်ဖြစ်​ကြောင်း မဖတ်တတ်ပါပေ။

ကံကောင်းစွာဖြင့် တွဲမှတ်ထားသော မှတ်စုတစ်ခုပ ထိုပစ္စည်း၏ ရင်းမြစ်များကို အန်လင်းအား မိတ်ဆက်ပေး၏။

ထိုသည်က ယန်ယွမ် ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများ၏ တောင်ဘက်ပိုင်းထဲမှ ရှေးဟောင်း မြေအောက်နန်တော်များထဲမှ တစ်ခုမှ ရရှိခဲ့သော ဆန်းကြယ် ရတနာတစ်ခုဖြစ်ပြီး ဤလက်စွပ်များစုစုပေါင်း လေးခုရှိလေ၏။

ထို လက်စွပ်လေးကွင်းတွင် ရှေ့၊ တောင်၊ နောက် သို့မဟုတ် မြောက် စကားလုံးများကို ရှေးဟောင်းလူသား ဘာသာစကားဖြင့် ထွင်းထားလေ၏။ ထိုလက်စွပ်များကို ဝတ်ဆင်သူများမှာ ရှေးဟောင်လူသားမျိုးနွယ်စု၏ အစွမ်းထက် ကွယ်လွန်ပြီးသားရဲများဖဲမှ တစ်ကောင်၏ စွမ်းအားကို ဆင့်ခေါ်နိုင်သည့် စွမ်းအင်ရှိလေ၏။

ယန်ယွမ်က ဤလက်စွပ်မှာ ရှေးဟောင်းလူသားမျိုနွယ်စုအတွင်း အဆင့်အတန်းညွှန်းကိန်းတစ်ခုကဲ့သို့ ဖြစ်မည်ဟုမှန်းဆနိုင်သော်လည်း ဤအရာက မည်မျှအထိ ညွှန်ပြနိုင်သည်ကို မသိနိုင်ပါပေ။ သို့သော် ဤပစ္စည်းများတွင် အလွန်ထူးခြားလှသည့် ရင်းမြစ်များရှိနေမည်နှင့် ထိုသည်များက ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများထဲမှ သူ့အချိန်များတွင် တန်ဖိုးအကြီးဆုံသော အရာများဖြစ်သည်ကိုတော့ အသေအချာပြောနိုင်ပေ၏။

အန်လင်းနှင့် တခြားသူများ၏ ကယ်တင်ခြင်းကို ခံရပြီးနောက် သူက ထိုလက်စွပ်သုံးကွင်းကို ကျေးဇူးတင်သည့်အနေဖြင့် သူ့၏ ကယ်တင်ရှင်များထံသို့ ပေးရန် ဆုံးဖြတ်လိုက်သည်။

သို့ဖြစ်၍ အန်လင်း၊ မိုဟိုင်နှင့် ရှန်းကွမ်ယီတို့က ရှေ၊ တောင် နှင့် မြောက် လက်စွပ်များကို အသီးသီ ရရှိလေ၏။

အန်လင်းက "ရှေ့"ဟူသော စကားလုံး ထွင်းထားသော သူ့၏ လက်စွပ်ကို ထုတ်လိုက်၏။ လက်စွပ်၏ မျက်နှာပြင်ထက်တွင် ရွှေရောင် လှိုင်းကြက်ခွပ်ကလေးများ ပြေးလွှားနေပြီး ကြည့်ရအလွန်ပင် လှပနေလေ၏။ သူက လက်စွပ်ကိုကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်၏။ ယန်ယွမ်က ဤမျှတန်ဖိုးကြီးလှသော တစ်စုံတစ်ခုကို ပြန်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပါပေ။

သူက လက်စွပ်ကို ပြန်လည်သန့်စင်လိုက်ပြီး သူ့လက်ချောင်းတွင် စွပ်လိုက်လေ၏။ အလွန်အမင်း အစွမ်းထက်လှသည့် စိတ်ဆန္ဒတစ်ခုက လက်စွပ်အတွင်းမှ ထွက်လာပြီး သူ့၏ သတိနယ်ပယ်အား စွဲကပ်သွားလေ၏။ ထိုသည်က ကြယ်များ၏ အထက်တွင် လှည့်ပတ်နေသော ရှေးဟောင်း နဂါးနက်တစ်ကောင်ဖြစ်လေ၏။ ထိုအရာ၏ မျက်လုံးများက တောက်ပနေသော နေမင်းများကဲ့သို့ ဖြစ်ပြီး ထိုအထဲမှ အဆုံးအစမဲ့ ဖက်စက်ကြမ်းကြုတ်သော ခွန်အားများ ထိုးထွက်နေလေ၏။

အန်လင်းက သူ့၏ သတိနယ်ပယ်ထဲတွင် အစွမ်းထက် စိတ်ဆန္ဒကို အာရုံခံမိသောအခါ သူ့၏နှလုံးမှာ တုန်ယင်နေလေ၏။

ဤခွန်အားကို သူက ဆင့်ခေါ်နိုင်ပါက ထိုသည်က သူ့အား ကမ္ဘာမြေအက်ကွဲစေနိုင်လောက်သည့် စွမ်းအားကို ဖြည့်စွက်ပေးနိုင်လေ၏။

သို့သော်လည်း သူက လက်ရှိခွန်အား အဆင့်တွင်  ဤနဂါးနက်အား မဆင့်ခေါ်နိုင်သည်ကို အသေအချာပင် နားလည်သဘောက်သွားလေ၏။

သူက ထိုရှေးဟောင်းနဂါးနက်ကသာ ဤလက်စွပ်၏ ပိုင်ရှင်အစစ်အမှန် ဖြစ်သည်ဟူသော ခံစားချက်ပင်ရလေ၏။

အန်လင်းက ဤကိစ္စကို ဆက်ပြီး မတွေးချင်တောါသည်မို့  ခေါင်းခါလိုက်ပြီး မျက်လုံးများပိတ်လိုက်၏။

စမ်းသပ်ကွင်းများမှ ရှန်းကွမ်ယီ ပြန်ယူလာခဲ့သော နတ်ဆိုးချိတ်စည်းနွယ်ပင်များကို ဗာမီလီယမ်ငှက်ဂိုဏ်း၏ တားမြစ်နေရာတွင် အကြီးအကဲများက သိုလှောင်ထားလေ၏။ ထိုသည်က ရင်းမြစ်မသိရသော ရှေးဟောင်း အပင်တစ်မျိုးဖြစ်ပြီး ဗာမီလီယမ်ငှက်ဂိုဏ်း၏ အံ့ဖွယ်သစ်ပင်နှင့် ဂုဏ်သတ္တိများဆင်တူနေလေ၏။ သို့ဖြစ်၍ ထိုသည်က သုတေသန တန်ဖိုး အလွန်များလေ၏။

တစ်ချိန်တည်းမှာပင် ဇတ်ကြောင်းများက ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများအတွင်း အန်လင်းနှင့် တခြားသူများက ကူညီပေးသည့် ဇာတ်​ကြောင်းများက ဗာမီလီယမ်ငှက်ဂိုဏ်းတစ်ခွင်တွင် ပျံ့နှံ့သွားလေ၏။

သူတို့သုံးဦးက ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများ၏ တောင်ပိုင်းနယ်ပယ်ဆီသို့ ခရီးသွားပြီး ယန်ယွမ်ကို ကယ်တင်ရန် သူတို့၏ အသက်များကို မည်သို့ စွန့်စားခဲ့ရသည်က ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံဘနေသော ဒဏ္ဍာရီတစ်ခု ဖြစ်လာ၏။ တ​ဖြည်းဖြည်းနှင့် သမိုင်းတွင် သူတို့၏ စွမ်းအားအကြီးဆုံး အမည်ခံတပည့် အန်လင်း၏ အမည်မှာ လူသိများ ကျော်ကြားလာတော့သည်။

"ဟေး... မင်းတို့ ငါတို့ဂိုဏ်းရဲ့ အမည်ခံတပည့် အန်လင်းအကြောင်း ကြားပြီးပြီလား။ သူက ရှေးဟောင်းလူသားမျိုးနွယ်ရဲ့ အံ့ဖွယ်ဗိုလ်ချုပ် ဇာမဏီနက်ကို သုံးကြိမ်တောင် သတ်ဖြတ်ခဲ့တာ...။ ရှေးဟောင်းလူသားမျိုးနွယ်ရဲ့ အံ့ဖွယ် ဗိုလ်ချုပ်တွေအားလုံးက ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ညီမျှတယ်။ ငါကြားတာတော့ ဇာမဏီနက်ကလည်း ပျက်ပြယ်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေပြီတဲ့။"

"ဟင်... ငါကြားတာတော့ အန်လင်းက ဇာမဏီနက်ကို ၉၉ကြိမ်တောင် သတ်ခဲ့တာဆို...။ အဆုံးကျတော့ ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းတွေ တစ်ခုလုံးက သွေးမျက်ရည်တွေ ပြည့်နှက်နေတာပ​ဲတဲ့။ လနတ်ဆိုးကတောု် မျက်ရည်ဖြိုင်ဖြိုင်ကျပြီးတော့ အန်လင်းကို ရပ်ဖို့တောင်းပန်ပြီး အဲ့ကျမှပဲ သူက သူ့ရဲ့ သတ်ဖြတ်ခြင်းလက်နက်ကို ရပ်တန့်ပြီး ဇာမဏီနက်ကို ယဇ်ပုလ္လင်ဆီမှာ ချိတ်ပိတ်လိုက်တာတဲ့..."

"အာ... ဘယ်ဟာက တိကျမလဲဆိုတာတေည့ ငါမပြောတတ်ဘူး။ ဒါပေမဲ့ ဘာပဲနေနေ သူက တကယ့်ကို အကြမ်းစားကြီဟ။ ငါသာ သူနဲ့ဆုံဖို့ အခွင့်အရေးရခဲ့ရင် ငါသူနဲ့ တာအိုဖလှယ်ပွဲ လုပ်ရမယ်။"

"အဲ့တာက အကြံကောင်းပဲ။ ဒါပေမဲ့ သူက အရမ်းသန်မာတာကို ဘာလို့ အမည်ခံတပည့်ပဲ ဖြစ်နေတာလဲ။"

"အဲ့တာက ဘာလို့လဲဆိုတော့ သူက စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ကြီးက ကျောင်းသားတစ်ယောက်လေ။ အဲ့တာမို့ သူက တရားဝင်တပည့် ဖြစ်ဖြစ်မဖြစ်ဖြစ် ဂရုမစိုက်ဘူးလေ။ သူက ကောင်းကင်ဘုံခုံရုံးမှာလဲ နာမည်ကြီးပဲ။ ငါကြားတာတော့ သူက ကမ္ဘာမြေအက်ကွဲစေနိုင်လောက်သည့် လက်ချောင်းအသုံးပြုသူ၊ အစာသွပ်ပေါက်စီ နတ်ဘုရား၊ ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်း ဝါသနာအိုး၊ အံ့ဖွယ်လျှပ်စ ယဉ်ပါးစေသူ ဆိုတဲ့ အလန်းစား ဂုဏ်ပုဒ်တွေနဲ့ ကျော်ကြားတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးတဲ့..."

...

အန်လင်းက သူ့၏ ပြန်လည်ကောင်းမွန်ရေးကိုသာ အာရုံစိုက်ထားပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာခဲ့၏။

ငါရက်လွန်ပြီးနောက် သူက အပြည့်အဝ ပြန်ကောင်းလာလေပြီ။

သူက ဗာမီလီယမ်ဂိုဏ်းတစ်လျောက် တပိုင်ကို ပတ်စီးသည့်အခါ ဗာမီလီယမ်ငှက်ဂိုဏ်း၏ တပည့်များအားလုံးက သူ့ကို အမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြသည်ဟု ခံစားလိုက်ရ၏။

သူက ပြောင်းလဲခြင်းက မည်သည်ဟု တိတိကျကျ မသိပါပေ။ သို့သော် စကားအဖြစ် ပြောရမည်ဆိုပါက သူပထမဆုံးအကြိမ် ဤနေရာသို့ လာရောက်စဉ် ဂိုဏ်းသားများအားလုံးက သူချောမောသည်ဟု တွေးကြလိမ့်မည်။ သို့သော် ယခုတွင်တော့ သူက ချောမောပြီး အစွမ်းထက်သည်ဟု သူတို့က တွေးကြပေလိမ့်မည်။

"အန်လင်း ဂိုဏ်းတပည့်တွေရဲ့ လေးစားအားကျတဲ့အကြည့်တွေ အားလုံးကို နင်မြင်လား။ နင်ဘယ်လိုခံစားရလဲ။" စု​ေရှာင်လန်က စနောက်သော အပြုံးလေးနှင့် မေးလာ၏။

အန်လင်းက သူ့ကိုယ်ပိုင်းအပြုံးတစ်ခုနှင့် ပြန်ဖြေလာ၏။ "အဆင်ပြေပါတယ်။ ငါက အကျင့်ဖြစ်နေပြီးသား။"

စုရှောင်လန်က အန်လင်းအား မျက်လုံးလှန်လိုက်၏။ "နင်က လျှပ်စီးကြိုးကိုင်းခြင်းနည်းစနစ်ရှိနေတာ ကံကောင်းတာပဲ။ အဲ့လိုမှမဟုတ်ရင် နင်က သိပ်မကြာခင်မှာကို အံ့ဖွယ်လျှပ်စီးနဲ့ သေတဲ့အထိ အပစ်ခံရတော့မှာ။" (ဒီဟာက တစ်စုံတစ်ယောက်က အရမ်း မာနကြးပြီး ထောင်လွှားနေရင် ဘုရားက သူတို့ကို လျှပ်စီးနဲ့ ပစ်မယ်ဆိုတဲ့ တရုတ်စကားပုံကို နမူနာ ယူထားတာပါ။)

"အဲ့တာဆို ငါ့ရဲ့ လျှပ်စီးကြိုးကိုင်ခြင်း နည်းစနစ်က ဘာလို့အရမ်းအစွမ္းထက်နေလဲ သိပြီလား။" အန်လင်းက လျှို့ဝှက်ဆန်းကြယ် အမူအရာဖြင့် မေးလိုက်၏။

"ဘာလို့လဲဆိုတော့ နင်က စောက်ရမ်းကြမ်းပြီးတော့ အံ့ဖွယ်လျှပ်စီးက နင့်ကို အံ့ဩတကြီးနဲ့ ရိုရိုသေသေ ဦးညွှတ်ပေးတာလား။" စုရှောင်လန်က ဖြေလိုက်၏။

အန်လင်းက သူမ၏ စကားတွင် အနည်းငယ် တုံ့ဆိုင်းသွားရ၏။ သူမက သူ့၏ စကားများကို ဤကဲ့သို့ ခိုးယူသွားမည်ဟု မထင်ခဲ့ပါချေ။

"ရှောင်လန်၊ နင်က တကယ်ပဲ ငါ့ကို တခြားသူတွေထက်ကို ပိုသိနေတာပဲ။"

အန်လင်းက ခတ္တတိတ်ဆိတ်သွားပြီး ဆိုလာခဲ့၏။

သူ့ကားများကြောင့် စုရှောင်လန်၏ မျက်နှာထက်တွင် တင်းတိမ်သော အပြုံးတစ်ခု ပေါ်လာပြီး သူမက သူ့၏ လှည့်စားချက်အားလုံးကို မြင်ဖူးပြီးသား ဖြစ်သည်ဟုပင် ပြောရပေ၏။

"အို၊ စကားမစပ် နင်က အပြည့်အဝကို ပြန်ကောင်းနေပြီးတော့ ယန်ယွမ်ကလည်း အအြည့်အဝနီးပါ ပြန်ကောင်းတော့မှာဆိုတော့ ဂိုဏ်းရဲ့အကြီးအကဲတွေက မြင့်မြတ်ဗာမီလီယမ် မီးတောက် အခန်းအနားကို မနက်ဖြန်ကျင်းပဖို့ ဆုံးဖြတ်ထားကြတယ်။ နင်က အခန်းအနားအတွင်းမှာ ဗာမီလီယမ် မီးတောက်ရဲ့ ထောက်ခံမှုကိုရမယ်ဆိုရင် သူ့ရဲ့စွမ်းအင်ကို နင့်ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ မြင့်မြတ်မီးတောက်တစ်ခု ပေါ်လာဖို့ အသုံးပြုလို့ရတယ်။" စုရှောင်လန်က ဆက်ပြောလိုက်၏။

"ငါ အပိုအနေနဲ့ တစ်ခုခုပြင်ထားဖို့လိုသေးလား။" အန်လင်းက မေးလိုက်၏။

"မြင့်မြတ် မီးတောက်ကိုသာ မစားပစ်နဲ့။" စုရှောင်လန်က သူမ၏ နှုတ်ခမ်းများကို စုထားလိုက်၏။

အန်လင်း : "..."

သူတို့မသိလိုက်ခင်မှာပင် သူတို့နှစ်ဦးစလုံးက ဗာမီလီယမ်ငှက်ဂိုဏ်း၏ နယ်စပ်ဆီသို့ သွားလိုက်ကြ၏။

မြင့်မားသော သစ်ပင်များနှင့် စိမ်းစိုသော သစ်တောတစ်ခုက သူတို့ မျက်စိရှေ့တွင် ရှိနေပြီး ထိုအထက်တွင် ကြည်လင်နေသော ကောင်းကင်ပြာတစ်ခု ရှိနေ၏။

သူတို့နှစ်ဦးက သူတို့သာ သိသော နေရာတစ်ခုကို ရောက်လာခဲ့၏။ ဤသည်မှာ အလွန်အမင်းထူထဲလှသော သစ်ကိုင်းတစ်ခုဖြစ်ပြီး ထိုသစ်ကိုင်းအပေါ်တွင် သူတို့နှစ်ဦး ယှဉ်လျှောက်၍ရသည်အထိ ကျယ်ပြန့်သော သစ်သားလမ်းလေးတစ်ခုနှင့် ဆင်တူလေ၏။

အန်လင်းက တပိုင်ကို တစ်ယောက်တည်း ကစားရန် လွှတ်လိုက်ပြီး သစ်ကိုင်းပေါ်တွင် စုရှောင်လန်နှင့် ဘေးချင်းယှဉ်ထိုင်နေလေ၏။

သူတို့က အဝေးမှ တိမ်တိုက်များနှင့် အောက်မှ ဝင်ရိုးစွန်းကို ကြည့်လိုက်ကာ အေးအေးလူလူထိုင်နေပေ၏။

လေပြည် ခပ်ဖျော့ဖျော့က ဖြတ်တိုက်သွားပြီး ပူပင်ကြောင့်ကြမဲ့သော အေးအေးဆေးဆေး အနေအထားကို ဖန်တီးနေ၏။

"အန်လင်း နင့်မှာ အဓိကဇာတ်ဆောင် ရောင်ဝါရှိလား။" စုရှောင်လန်က ရုတ်တရက် မေးလိုက်၏။

အန်လင်းက ထိုသည်ကို ကြား၍ အံ့ဩတကြီး ဖြစ်သွားပြီး "နင်ဘယ်လိုလုပ်သိတာလဲ။"

"ငါက နင်ရဲ့ ပြဿနာကို ​ဆွဲဆောင်နိုင်စွမ်းကို ကြည့်ပြီး ပြောလိုက်တာပါ။" စုရှောင်လန်က ဖြေလိုက်၏။

"ဒါပေမဲ့ ငါ့ရဲ့ ပြဿနာကို ဆွဲဆောင်နိုင်စွမ်းက အစ်မ ရှန်းကွမ်ယီနဲ့ဆို ဒုတိယပဲ ရှိသေးတာပါ။" အန်လင်းက ဤတစ်ကြိမ်တွင်တော့ နှိမ်ချနေဟန်ရ၏။

"အမှန်ပဲ သူမရဲ့ ဘဝက မွေးကတည်းက အတော်လေး ကြမ်းတမ်းလာတာပဲ..." စုရှောင်လန်က မျက်မှောင်ကြုတ်ပြီး သက်ပြင်းခပ်ဖွဖွ ချကာ ဆက်ပြောလာ၏။ "သူမရဲ့ အမေက သူမကို မွေးနေတုန်း ရောဂါအဆန်းတစ်ခုနဲ့ ဆုံးသွားတာလေ။"

သူမ၏ ဇာတ်ကြောင်းကို နားထောင်နေရင်း အန်လင်း၏ အမူအရာက အတည်ပေါက်ဖြစ်လာ၏။

"အဲ့တာပြီးတော့ သက်ရှိစွမ်းအင်က သူ့ဟာသူ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ စုစည်းလာပြီးတော့ နတ်ဆိုးဝံပုလွေတစ်ကောင်ကို ဆွဲခေါ်ပြီးတော့ သူမရဲ့ မိသားစုတစ်ခုလုံးကိုသတ်ပြီး သူမကိုစား​ေသာက်ဖို့ ကြိုးစားတော့တာ။"

"ဒါပေမဲ့... သူတို့က နတ်ဆိုး ဝံပုလွေကို သုတ်သင်ပေးပြီး သူမကို ရွာပြန်ပို့ပေးခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ရပေမဲ့ ဘယ်ရွာသားကမှ သူမကို မမွေးစားချင်ခဲ့ဘူး။"

"ကျင့်ကြံသူက သူမရဲ့ အထူး ဖွဲ့စည်းပုံကို စိတ်ဝင်စားပေမဲ့ အဲ့ကျင့်ကြံသူက ကျင့်ကြံခြင်းအခြေခံ မမြင့်တော့ သူမကို ဘယ်လို ကူညီပြီးတော့ ဖြစ်နိုင်စွမ်းကို တိုးတက်အောင် မလုပ်ပေးနိုင်ဘူးလေ။ အလှည့်အပြောင်း နည်းနည်း ကြုံပြီးတော့ သူမက ငါတို့ဂိုဏ်းထဲကို အပို့ခံရပြီးတော့ တာအိုဘုန်းတော်ကြီး ချီယန်ရဲ့ တပည့်ဖြစ်လာတာပဲ။"

"တာအို ဘုန်းတော်ကြီး ချီယန်က တစ်နှစ်အတွင်းမှာပဲ ဝန်တစ်ခုနဲ့ ဆုံးသွားတယ်။"

"အဲ့တာပြီးတော့ တာအို ဘုန်းတော်ကြီး လင်းယန်က သူမကို အုပ်ထိမ်းပြီးတော့ နှစ်ဝက်အတွင်းမှာပဲ သွေးမျိုးနွယ်စုနဲ့ တိုက်ပွဲမှာ သေဆုံးသွားတာ။"

"အဲ့နောက်ကတော့ တစ်နှစ်အတွင်းမှာပဲ ထူးဆန်းတဲ့ အဆိပ်ကြောင့် သေသွားတဲ့ တာအို ဘုန်းကြီး ဟွမ်လုံ။"

"တာအိုဘုန်းကြီး ဟုန်ကျောင်းကတော့ သူမကို သုံးလလောက် စောင့်ရှောက်ပြီးတဲ့နောက်မှာ မကောင်းဆိုးဝါးဂိုဏ်းတစ်ခုကို နှိမ်နင်းတဲ့ တာဝန်မှာ သေဆုံးသွားတာ..."

"အဲ့အဖြစ်အပျက်တွေက အတော်လေးကို ကို့ရို့ကားယားနိုင်ပြီးတော့ အဲ့လို ကံမကောင်းတဲ့ အဖြစ်အပျက်အတွေ အတွက် အမ ရှန်းကွမ်ယီကို ဘယ်သူကမှ အပစ်မတင်ပါဘူး။ ဒါပေမဲ့လဲ အဲ့တာကြောင့် သူမကို ဘယ်သူမှ မစောင့်ရှောက်ရဲတော့ဘူးလေ..."

အန်လင်း : "..."

***

All Chapters