← Chapters

မြင့်မြတ်မီးတောက် အခမ်းအနား

Vol. 31 Ch. 430

မြင့်မြတ်မီးတောက် အခမ်းအနား

Vol. 31 Ch. 430

နောက်တစ်ရက်မှာ မြင့်မြတ်ဗာမီလီယမ်မီးတောက် အခမ်းအနား၏ ငါနှစ်တစ်ကြိမ်ဖြစ်သော ရက်ပင်ဖြစ်၏။

ဤသည်မှာ ဗာမီလီယမ် ငှက်ဂိုဏ်းအတွက် အလွန်အမင်း အရေးကြီးသော အခမ်းအနားဖြစ်လေ၏။

ဤသည်မှာ မြင့်မြတ်ဗာမီလီယမ်မီးတောက်က ဂိုဏ်း၏ အထူးချွန်ဆုံး တပည့်ကို ရွေးထုတ်ကာ မြင့်မြတ်မီးတောက်၏ မျိုးစေ့စိုက်ပျိုးပေးပြီး သို့ဖြစ်၍ မြင့်မြတ်မီးတောက်၏ စွမ်းအားကို သက်ရှိစွမ်းအင်ပင်လယ်ထဲတွင် ဖြစ်ထွန်းလာစေရန် ခွင့်ပြုပေးလေ၏။

ဂိုဏ်းတပည့် သောင်းချီက မြင့်မြတ်မီးတောက် ရင်ပြင်တွင် စုစည်းနေကြပြီး အခမ်းအနစတင်ရန် စောင့်မျှော်နေကြလေ၏။

တပိုင်နှင့် တခြား စိတ်ဝိညာဉ်သားရဲများက ဗာမီလီယမ်ဂိုဏ်း၏ တပည့်များ မဟုတ်သောကြောင့် အနောက်တွင်သာနေနိုင်ကြ၏။

အန်လင်းနှင့် စုရှောင်လန်တို့က ဘေးချင်းယှဉ်ကာ မြင့်မြတ်မီးတောက် ရင်ပြင်ဆီသို့လျှောက်လာကြပြီး တပည့်အများစု၏ အာရုံစိုက်မှုကို ဆွဲဆောင်နေလေ၏။ အန်လင်း၏ သမိုင်းဝင် လုပ်ဆောင်ချက်များက ယခုတွင် လူတိုင်း၏ နားတွင် ရောက်ရှိနေပြီး တပည့်များအားလုံးက သူ့ကို သေချာကြည့်ချင်နေကြပေ၏။

"ကြည့်... အဲ့တာ အန်လင်းပဲ။"

"သူ့ကြည့်ရတာ ထူးခြားနေတဲ့ပုံလဲ မပေါ်ဘူးနော်။ နည်းနည်းတော့ ချောပေမဲ့ အဲ့လောက်လဲ မဟုတ်ပါဘူး။"

"မင်းက ဘာမှမသိပါဘူး။ တကယ့် ဆရာကြီးတွေက သူတို့ရဲ့ အော်ရာကို ချိုးနှိမ်ထားကြတာလေ။ သူ့မျက်လုံးတွေကို ကြည့်ပါအုံး။ သူတို့က သမုဒ္ဒရာလို နက်ရှိုင်းပြီးတော့ အဲ့မျက်လုံးတွေထဲမှာ ကမ္ဘာကြီးတစ်ခုလုံး လွှမ်းခြုံထားသလိုပဲ။ အား... ချောလိုက်တာ။"

"နိုးထစမ်းပါ နှာဘူးမရဲ့။"

"သူက မြင့်မြတ်မီးတောက်ရဲ့ အစွမ်းအတွက်နဲ့ ဒီကို အနောက်တံခါးက ဝင်လာတဲ့သူတစ်ယောက်ပဲနော်။ ဘာတွေများ အံ့ဩစရာ ရှိနေလို့လဲ။"

"နင်အဲ့လို ​ပြောလို့မရဘူးလေ။ သူက ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီးသားလေ။ ပြီးတော့ သူက အစ်ကို ယန်ယွမ်ကို ကယ်တင်ဖို့ သူ့အသက်ကိုတောင် စတေးခဲ့တာလေ။ သူက မြင့်မြတ်မီးတောက်အတွက် သီးသန့် ဒီရောက်နေတာဆို အဲ့လို လုပ်မှာမဟုတ်ဘူးလေ။"

"မှန်တယ်။ အန်လင်းက ဒီဂိုဏ်းရဲ့ တပည့်တစ်ယောက်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ အဲ့တော့ သူက မြင့်မြတ်မီးတောက်ရဲ့ ထောက်ခံမှုကို စုဆောင်းခွင့် ရှိတယ်။"

...

အန်လင်းနှင့် စုရှောင်လန်က အသနအသန် ဆွေးနွေးမှုများကြားမှ ရင်ပြင်၏ ဗဟိုသို့ရောက်လာကြ၏။

ထိုနေရာ၌ အစွမ်းထက် အကြီးအကဲများနှင့် အတွင်းစည်းတပည့်များက စုစည်းနေကြပြီး အများစုက သူ့ကို ဖော်ရွေသော အပြုံးများနှင့် ကြည့်ကာ သူ့၏ရောက်ရှိမှုကို အသိအမှတ်ပြုလိုက်လေ၏။

စုရှောင်လန်က ရင်ပြင်တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး အန်လင်းကို အသံတိုးတိုးနှင့် ပြောလိုက်လေ၏။ "နင်က ဟိုနားက အနီရောင်ဧရိယာထဲမှာ သွားရပ်ရမှာ။"

အန်လင်းက စုရှောင်လန်ညွှန်ပြသော နေရာကို ကြည့်လိုက်ရာ လူငါးဦးရောက်နေပြီး ဖြစ်သည်ကိုတွေ့လိုက်ရကာ အားလုံးမှာ မြင့်မြတ်မီးတောက်၏ ထောက်ခံမှုကို စုဆောင်းမည့် သူ့၏ ပြိုင်ဘက်များဖြစ်လေ၏။ မိုဟိုင်၊ ရှန်းကွမ်ယီ၊ လုကျီဇီ၊ ကျိယုံဖန်နှင့် ယန်ယွမ်တို့အားလုံးက ထိုနေရာတွင် ရှိနေကြ၏။ သူက စုရှောင်လန်ကို အပြုံးတစ်ခုနှင့် ခေါင်းငြိမ့်ပြပြီး အနီရောင် ဧရိယာဆီသို့ လျှောက်သွားလိုက်၏။

"ဟားဟား... မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့ အန်လင်း။ ငါတို့က မင်းအကြောင်းပြောနေကြတာ။" မိုဟိုင်က အန်လင်းဆီသို့လျှောက်လာကာ နှုတ်ဆက်ရင်း ဟက်ဟက်ပက်ပက်ရယ်မောလာတော့၏။

အန်လင်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး "မင်းတို့တွေက ငါက တိုက်ပွဲထဲမှာဆို ဘယ်လောက် ရဲရင့်ကြောင်း၊ အစွမ်းထက်ကြောင်းပြောနေတာလား။"

မိုဟိုင်နှင့် လုကျီဇီတို့နှစ်ဦးစလုံးက မျက်လုံးလှန်လိုက်ပြီး ရှန်ကွမ်ယီက ရယ်မောနေလေတော့သည်။

လုကျီဇီက ပထမဆုံး ဖွင့်ပြောလာလေ၏။ "မိုဟိုင်နဲ့ ရှန်းကွမ်ယီက မင်းရဲ့ ဟင်းချက်စွမ်းရည်က ဘယ်လောက်ထိ ပြိုင်ဘက်ကင်းအောင် အရသာရှိသလဲဆိုတာကို ပြောပြနေတာ။ ရိုးရိုးသားသားပြောရရင် ငါက နည်းနည်းတော့ သံသယ ဝင်နေတယ်...။ တစ်ချိန်ကျရင် မင်းရဲ့ လက်ရာကို ငါ့ကို မြည်းခိုင်းရင်ရော ဘယ်လိုလဲ။"

အန်လင်းက ခေါင်းငြိမ့်မပြမီ အနည်းငယ် တုံ့ဆိုင်းသွားလေ၏။ "ဟုတ်ပြီ။ အဲ့တော့ ဟင်းပွဲတစ်ပွဲကို စိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်းကျမယ်။ အရင်ဆုံးပိုက်ဆံစုထားလိုက်အုံး။"

ခုကျီဇီက အံ့ဩသွားရ၏။ "အဲ့တော့ စျေးအကြောင်းပြောတုန်းကလဲ မင်းတို့က အမှန်တွေ ပြောနေခဲ့တာပေါ့။ မင်းက စောက်ကျိုးနည်း ရူးနေလား။ ဟင်းပွဲတစ်ပွဲကို စိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်း ဟုတ်လား။"

"ငါဆယ်ခုယူမယ်။" ကြည်လင်ပြီး ပြတ်သားသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေ၏။

လူတိုင်းက လှည့်ကြည့်လိုက်ရာ အသက် ၁၅၊ ၁၆ ဝန်းကျင် လူငယ်လေးတစ်ဦးက အန်လင်းကို အပြုံးတစ်ခုနှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

လုကျီဇီ၏ အမူအရာက အနည်းငယ် မဲမှောင်သွား၏။ "အစ်ကို ယန်ယွမ် သူက မင်းအသက်ကို ကယ်ခဲ့တယ်ဆိုရင်တောင်မှ အန်လင်းကို ဒီလိုမျိုး ပိုက်ဆံလှုလိုလ မရဘူးလေ။"

"ငါက ပိုက်ဆံလှုနေမဟုတ်ဘူး။ ငါက အန်လင်းကို ယုံကြည်တယ်။ ပြီးတော့ သူ့ရဲ့ဟင်းပွဲတွေကလဲ သူရောင်းတဲ့ဈေးနဲ့ တန်မယ်လို့ ယုံကြည်တယ်။" ယန်ယွမ်က အဆုံးမရှိ ယုံကြည်မှုများဖြင့် အန်လင်း၏ မျက်လုံးများကို နက်နက်ရှိုင်း ကြည့်လိုက်လေ၏။

လုကျီဇီက သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း ပြောစရာစကား​ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရ၏။

အန်လင်းက မျက်ရည်ပင် ဝဲလုမတက်ဖြစ်သွားရ၏။ အန်လင်းက အမှန်တကယ်တော့ ကြွားပြောရန် မည်သည့် ဟင်းချက်စွမ်းရည်များ မရှိပါပေ။ မြည်းပင်မကြည့်ရသေးပဲ သူ့၏ ဟင်းချက်စွမ်းရည်ကို ယုံကြည်ပေးသော ပထမဆုံးသူမှာ ယန်ယွမ်ပင်ဖြစ်၏။

မိုဟိုင်နှင့် ရှန်းကွမ်ယီတို့က လုကျိဇီ၏ ပြောစရာစကားမဲ့နေသော အမူအရာအားကြည့်ကာ ရယ်မောနေလေ၏။

ကျိယုံဖန်က ဘေးထွက် ရပ်နေပြီး သူတို့ငါးယောက်အား အမူအရာမဲ့ စိုက်ကြည့်နေလေ၏။

ဘာတွေဖြစ်နေတာလဲ။ ရှန်းကွမ်ယီက အေးစက်ပြီး သီးခြားဖြစ်နေရမှာ မဟုတ်လား။ ယန်ယွမ်က ကောင်းကင်ကို မော့ကြည့်နေရာမှာ မဟုတ်ဘူးလား။

အန်လင်းက ဂိုဏ်းထဲရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတာကို ဒီလူလေးယောက်နဲ့ ဘယ်လိုတောင် ဒီလောက်ထိ နီးစပ်သွားရတာလဲ။ သူတို့က ယန်ယွမ်ရဲ့ အသက်ကို ကယ်ခဲ့တယ်ဆိုရင်တောင် သူတို့က တစ်ယောက်နဲ့တစ်ယောက် တအားကို ရင်းနှီးနေကြတယ်မလား။"

ကျိယုံဖန်၏ နှလုံးသားထဲတွင် လမ်းပျောက်ခြင်းနှင့် စိတ်ပျက်အားငယ်ချင်းတို့ ဆို့တက်လာလေ၏။ အန်လင်းနှင့် စုရှောင်လန်တို့ မည်မျှ ချစ်ခင်နေသည်ကို တွေးမိသည့်အချိန်တိုင်း သူ့၏ နှလုံးသားက ဒေါသဖြင့် ခုန်နေလေ၏။

သူတို့ မသိလိုက်ခင်မှာပင် တပည့်များအားလုံးက ရင်ပြင်တွင် စုစည်းပြီး ဖြစ်သွားလေ၏။

ဂိုဏ်းချုပ်က မပါရှိပါပေ။ သို့ဖြစ်၍ ဂိုဏ်း၏ အကြီးအကဲ ချန်ရှင်းရန်က လူတိုင်းကို မိန့်ခွန်းပြောလေ၏။ သူ့မိန့်ခွန်းမှာ စာလုံးရေ တစ်သိန်းကျော် ကျယ်ပြန့်ပြီး စကားပြောနှုန်းမှာလဲ အလွန်မြန်လှပေ၏။ သို့သော် သူ့၏ စကားလုံးများအားလုံးက ရှင်းလင်း၊ တိကျပြီး လူတိုင်း၏ စိတ်ထဲတွင် စွဲထင်နေလေ၏။ သူ့၏ မိန့်ခွန်းအရှည်ကြီးကို အကျဉ်းချုပ်ရပါကမူ

"ကိုးပြည်ထောင်စု တိုင်းပြည်ရဲ့ ဂိုဏ်းကြီးလေးဂိုဏ်းထဲက တစ်ခုဖြစ်သလို ကုန်းမြေကြီးတစ်ခုလုံး ကြော်ကြားတဲ့ အစွမ်းထက် ဂိုဏ်းတစ်ခုအနေနဲ့  ငါတို့ရဲ့ ဗာမီလီယမ်ငှက်ဂိုဏ်းက အလွန်ကိုပဲ ရိုသေဖွယ် ဂိုဏ်းတစ်ခုဖြစ်တယ်။ လွန်ခဲ့တဲ့ ငါးနှစ် အတွင်းမှာ အများကြီး အောင်နိုင်ပြီးတော့ မရေမတွက်နိုင်တဲ့ ထူးချွန်တပည့်တွေ မွေးထုတ်ခဲ့ပြီးပြီ။"

ထို့နောက် သူက နောက်ငါးနှစ်အတွင် အစီအစဉ် ပြောကြားကာ သူ့၏ အနာဂတ် ရည်မှန်းချက်များကိုလဲ ပြောပြလေ၏။

သူက အန်လင်း၊ မိုဟိုင်နှင့် ရှန်းကွမ်ယီတို့ကိုလည်း ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများအတွင်း အသက်စွန့်ကို ယန်ယွမ်ကို ကယ်တင်ခဲ့သည့်အတွက် ချီးကျူးစကား ဆိုလိုက်၏။ ထိုသည်က ဗာမီလီယမ်ငှက်၏ စိတ်ဝိညာဉ် ရုပ်လုံးဖော်မှုပင် ဖြစ်လေ၏။ သူက ရှေ့လျှောက် လူတိုင်းကို သူတို့ကို ဥပမာယူရန် အကြံပေးလာ၏။

ထို့နောက်တွင်တော့ အထူးမျှော်လင့်နေကြသော မြင့်မြတ် ဗာမီလီယမ်မီးတောကမ အခမ်းအနားစတင်ပွဲ ဖြစ်လေ၏။ မြင့်မြတ် ဗာမီလီယမ်မီးတောက်က ရင်ပြင်၏ အထက်လေထုထဲတွင် မြောနေပြီး သန့်စင်သော အဖြူရောင် မီးတောက်များက အဖြူရောင် မီးတောက်ဇာမဏီတစ်ကောင်အဖြစ် ပြောင်းလဲစပြုလာလေ၏။

မီးတောက်က ပို၍ပင် လင်းလက်လာပြီး လူတိုင်းက မျက်စိကြိမ်းလာသဖြင့် ခေါင်းငုံ့ထားရသည် အထိပင် ဖြစ်လာလေ၏။

သို့သော်လည်း ဆန်းကြယ်သော အနွေးဓာတ် စီးဆင်းခြင်းလေး တစ်ခုက လူတိုင်းအပေါ်သို့ ဆင်းသက်လာပြီး လူတိုင်း၏ အတွင်းအား ဗဟို ချက်များကို ရှင်းလင်းပေးပြီး လူတိုင်း၏ ခန္ဓာကိုယ်ထဲရှိ မီးတောက်စွမ်းအင်မှာ အနည်းငယ် တိုးပွားသွားလေ၏။

လူတိုင်းက မျက်လုံးမှိတ်ကာ မြင့်မြတ်မီးတောက်၏ ကောင်းချီးကို ခံယူနေလေ၏။

အန်လင်းက ထိုသည်ကို မမျှော်လင့်ထားသော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ မီးတောက်စွမ်းအင်က တဖြည်းဖြည်း သန်မာလာသည်ကို ခံစားမိလေ၏။

သူက ရှန်းကွမ်ယီကို ခိုးကြည့်လိုက်ရာ သူမဘေးရှိ တပည့်များကို အမူအရာမဲ့ ကြောင်ငေးကြည့်နေသည်ကို တွေ့လိုက်ရ၏။

အန်လင်း သူမကို ကြည့်နေသည်ကို မြင်သောအခါ ရှန်းကွမ်ယီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားပြီး အသံတိုးတိုးနှင့် လှမ်းမေးလိုက်၏။ "နင်လဲ ဘာမှ မခံစားရဘူးလား။"

အန်လင်းက ခေါင်းခါပြလိုက်၏။ "မဟုတ်ဘူး။ ငါက နင့်ရဲ့ တုန့်ပြန်မှုကို သိချင်လို့။ အဆင်ပြေပါတယ် အစ်မ။ ကိုယ့်လမ်းကို လျှောက်ပြီး တခြားသူတွေရဲ့ ဝေဖန်မှုတွေကို လျစ်လျူရှုထားလိုက်။"

သူက နှစ်သိမ့်စကားအနည်းငယ် ပြောဆိုပြီးနောက် မြင့်မြတ်မီးတောက်၏ ကောင်းချီးကို ခံယူရန် မျက်လုံးထပ် ပိတ်လိုက်လေ၏။

ရှန်းကွမ်ယီ : "..."

မြင့်မြတ်မီးတောက်၏ ကောင်းချီးမှာ အချိန်အတော်ကြာအောင် တည်ရှိနေပြီး မီးတောက် ဇာမဏီက အနက်ရောင်ပြောင်းသွားကာ ညရောက်သည့်အချိန်တွင်တော့ သာမန်မီးဘောလုံးတစ်ခုအဖြစ် ပြောင်းသွားလေ၏။

ဂိုဏ်းတပည့်များအားလုံးက မျက်လုံးဖွင့်လိုက်ပြီး သူတို့၏ အမူအရာက ပျော်ရွှင် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေလေ၏။

အန်လင်းက သူ့ကိုယ်ထဲရှိ အံ့ဖွယ်မီးတောက် လေးခုက ပိုပြီး အစွမ်းထက်လာသည်ဟု ခံစားရ၏။ တိုးပးခြင်း အကျိုးကျေးဇူးမှာ အဆင့်နိမ် အင်မော်တယ် ဆေးတောင့် တစ်ခု သောက်သုံးခြင်းထက် မနိမ့်ကျပါပေ။

ထိုအကျိုးဆက်များက လူအပေါ်တွင် မူတည်နေသော်လည်း ထိုသည်က လူပေါင်း သောင်းချီကို လွှမ်းခြုံပေးသော ကောင်းချီးတစ်ခု ဖြစ်လေ၏။

ထိုသည်က ဗာမီလီယမ်ငှက်ဂိုဏ်းမှာ အဘယ်ကြောင့် အစွမ်းထက်ဂိုဏ်းတစ်ခု ဖြစ်ရသလဲ ဆိုသည့် အကြောင်းပြချက်ပင်ဖြစ်၏။ မြတ်မြတ်မီးတောက်၏ ဤငါးနှစ်တစ်ကြိမ် ကောင်းချီးတစ်ခုတည်းကပင် သူတို့၏ ဂိုဏ်းတပည့်များက တခြားဂိုဏ်းတပည့်များထက် ခေါင်းတစ်လုံးသာနေသည်ဟု ယူဆနိုင်ပေ၏

အန်လင်း တပိုင်ထဲမှ ကြားခဲ့သည်မှာတော့ ရှေးဟောင်း သားရဲဂိုဏ်းတွင် မြင့်မြတ် ဝိညာဉ် သားရဲနယ်မြေတစ်ခုရှိလေ၏။ ထိုသည်က ဂိုဏ်း၏ တန်ဖိုးအရှိဆုံး ရင်းမြစ်များထဲမှ တစ်ခုဖြစ်ပြီး ဂိုဏ်း၏ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် သားရဲများအားလုံးအတွင် ဖွင့်ထားလေ၏။ သို့ဖြစ်၍ သူတို့ကို ရှေးဟောင်းသားရဲ ဝိညာဉ်၏ အမွေကို ဆက်ခံရနိုင်ပေ၏။

အန်လင်းက စိတ်လှုပ်ရှားမှုကြောင့် သက်ပြင်း မချပဲ မနေနိုင်ပါပေ။ ဂိုဏ်းကြီး လေးဂိုဏ်းမှာ အလွန်အစွမ်းထက်နေပြီးဖြစ်သော်လည်း ကောင်းကင်ဘုံ ခုံရုံးက သူတို့အားလုံးကို ကျော်လွန်ကာ ကိုးပြည်ထောင်စုတိုင်းပြည်ကို အုပ်စိုးထားလေ၏။ ထိုသည်က ကောင်းကင်ဘုံခုံရုံးက မည်မျှအထိ ကြမ်းတမ်းသည်ကို ဖော်ပြရန် လုံလောက်နေပေ၏။

"နောက်ထပ် ထူးချွန်ကျောင်းသားများက မြင့်မြတ်မီးတောက်ရဲ့ လက်ခံမှုကို စုဆောင်းရန် အချိန်ဖြစ်လေပြီ။ ယန်ယွမ်၊ ရှန်းကွမ်ယီ၊ လုကျီဇီ၊ မိုဟိုင်၊ ကျိယုံဖန်နဲ့ အန်လင်း ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ပြင်ဆင်ထားပါ။" အကြီးအကဲ ချန်ရှင်းရန်၏ အသံက ထပိမံ ထွက်ပေါ်လာလေ၏။

ထိုသည်ကို ကြားသည်နှင့် အန်လင်းက ချက်ချင်းပင် အာရုံစုစည်းလိုက်၏။ အဓိက ဖြစ်ရပ်က ဖြစ်ပွားပေတော့မည်။

***

All Chapters