← Chapters

နင်လာရာလမ်းအတိုင်းပြန်သွားပါ

Vol. 23 Ch. 321

နင်လာရာလမ်းအတိုင်းပြန်သွားပါ

Vol. 23 Ch. 321

အခန်း (၃၂၁) - နင် လာရာလမ်းအတိုင်း ပြန်သွားပါ

ကျိုးလျှို့နီက ရပ်တန့်သွားပြီး “အစ်ကို လောင်တ အခုအောင်မြင်နေပြီဆို‌တော့ ငါ့ကို ညီမအဖြစ် အသိအမှတ်မပြုချင်တော့ဘူးလား။ ငါက တော်တော်ဝေးဝေးက လာခဲ့ရတာ။” ဟု ပြောလိုက်သည်။

“ငါတို့ မင်းကို လာခိုင်းလို့လား။” ကျိုးခိုင်သည် အလွယ်တကူ ပုံသွင်းခံရမည့်သူ မဟုတ်‌ပေ။ သူမကို တစ်ချက်ကြည့်လိုက်ပြီး “မင်းတစ်ယောက်တည်း လာတာလား ဒါမှမဟုတ် ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်ရော သိရဲ့လား။” ဟု မေးလိုက်သည်။

“မသိဘူး၊ ညီမ ဒီကို တစ်ယောက်တည်းလာခဲ့တာ။” ဟု ကျိုးလျှို့နီက ပြန်ဖြေသည်။ အကိုဝမ်းကွဲဖြစ်သူ ကျိုးခိုင်သည် စကားပြောရလွယ်ကူသောသူ မဟုတ်တာကို သတိပြုမိတာကြောင့် သူမက “စတုတ္ထဦးလေးနှင့် စတုတ္ထအဒေါ် ဘယ်မှာလဲ” ဟု မေးလိုက်သည်။

“ဆိုင်မှာ” ကျိုးခိုင်က “ငါ အခုပြန်တော့မှာ၊ မင်း ဒီမှာစောင့်နေဦး”

ထမင်းဘူးကိုယူဖို့ အဘိုးဝမ်ရဲ့ နေရာသို့ သွားပြီးနောက် ကျိုးလျှို့နီကို ဆိုင်သို့ ခေါ်ဆောင်လာခဲ့သည်။

“မြို့တော်က နေချင်စရာကောင်းတယ်။ ဘဝက အရမ်း အဆင်ပြေမှာပဲ။ အစ်ကိုလောင်တ၊ နောက်ကျ ညီမလည်း ဒီမှာ ဆက်နေလို့ရမလား။” ဟု ကျိုးလျှို့နီက မေးသည်။

“ဒီကိစ္စကို ငါ ဆုံးဖြတ်လို့ မရဘူး။” ဟု ကျိုးခိုင်က ပြောသည်။

နောက်တော့ စကားသိပ်မပြောဖြစ်တော့ဘဲ ဖက်ထုပ်ဆိုင်ကို ခေါ်သွားသည်။

လင်းချင်းဟယ်သည် အနားယူဖို့ တိုက်ခန်း အဆောက်အဦးဆီသို့ ပြန်သွားခဲ့သည်။ ကျိုးချင်းပိုင်က ဖက်ထုပ်ဆိုင်မှာ ရှိနေသည်။ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့သည် အိမ်စာလုပ်ရန် ပြန်သွားကြသည်။

“လျှို့နီလား။” ကျိုးချင်းပိုင်က ကျိုးလျှို့နီကို ကြည့်ပြီး “ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။” သူသည် ကျိုးလျှို့နီ၏နောက်သို့ လှည့်ကြည့်ကာ အခြားတစ်ယောက်ပါလာမည်ဟု မျှော်လင့်နေသည်။

ဒါပေမယ့် ဘယ်သူမှ မပါပေ။

“လျှို့နီ တစ်ယောက်တည်း ဒီကို လာခဲ့တာ။” ဟု ကျိုးခိုင်က ပြောသည်။

စကားတစ်ခွန်းတည်းဖြင့်ပင် ကျိုးချင်းပိုင်၏ မျက်ခုံးများ ကိုက်လာသည်။

ကျိုးလျှို့နီက မျက်လုံးပြူးသွားပြီး “စတုတ္ထဦးလေး၊ ငါ ဒီရက်ပိုင်း အများကြီး မစားရသေးဘူး၊ ငါ့ တစ်ခုခု သွားစားလို့ရမလား” ဟု မေးလိုက်သည်။

ကျိုးချင်းပိုင်က တခြား ဘာမှမပြော‌ပေ။ သူမ စားဖို့ ဖက်ထုပ်တစ်ပန်းကန်ကို အရင်ချက်ပေးသည်။

ကျိုးလျှို့နီသည် ဇလုံတစ်ခုထဲက ဖက်ထုပ်များကို စားလိုက်သည်။

ဒေါ်လေးမားက ပန်းကန်ဆေးပြီးသွားတော့ ကျိုးခိုင်ကို “ရှောင်ခိုင် ဘာဖြစ်လို့လဲ။” ဟု မေးလိုက်သည်။

“ဒုတိယဦးလေးအိမ်က ဝမ်းကွဲညီမက မိသားစုဝင်တွေကို မပြောဘဲ မြို့တော်ကို တစ်ယောက်တည်း ရောက်လာတာ။” ဟု ကျိုးခိုင်က ဖြေသည်။

အဒေါ်မားက မျက်မှောင်ကြုတ်ပြီး ပြောသည်၊ “ဒီကောင်မလေးက ရဲတင်းလွန်းတယ်။ ဒီလောက် ရှည်လျားတဲ့လမ်းခရီးမှာ ရထားကို တစ်ယောက်တည်း စီးလာတာ၊ နေရာမှားရောက်မှာ မကြောက်ဘူးလား။”

“မကြောက်ပါဘူး ၊ ရထားဘူတာမှာ လက်မှတ်ရောင်းတဲ့ အမျိုးသမီးကို သေချာမေးခဲ့တယ်။” ဟု ကျိုးလျှို့နီက သူမ၏ မန်ဒရင်းဘာသာစကားဖြင့် ပြန်ပြောသည် ။

“ဒါဆို မင်းက ဉာဏ်ကောင်းတာပဲ” ဟု ဒေါ်လေးမားက ပြောသည်။

ကျိုးချင်းပိုင်က မျက်မှောင်ကြုတ်နေသေးသည်။ ဒါပေမယ့် တခြားလူတွေကို ဈေးရောင်းနေရတာကြောင့် ဒီတူမကို မေးဖို့ အချိန်မရှိခဲ့ပေ။

ကျိုးလျှို့နီ ထမင်းစားပြီးတဲ့အခါ သူ့သားအကြီးဆုံးကို “မင်းအမေကို တွေ့ဖို့ ခေါ်သွားလိုက်။”ဟု ကျိုးချင်းပိုင်က ပြောသည်။

“လျှို့နီ၊ သွားချိန်ရောက်ပြီ။” ဟု ကျိုးခိုင်က ပြောသည်။

ကျိုးလျှို့နီသည် ဤစတုတ္ထအဒေါ် လင်းချင်းဟယ်ကို မတွေ့ချင်‌ပေ။ ဒီစတုတ္ထအဒေါ်က တွက်ချက်ဖို့ တွန်းအားပေးနိုင်သည်။ သူမသည် သူမရဲ့စတုတ္ထဦးလေးနှင့် အတူနေချင်သည်။

“အစ်ကိုလောင်တ၊ ငါ့ရဲ့ စတုတ္ထအဒေါ်ကို နောက်မှ တွေ့မယ်လေ။ ငါ ဒီပန်းကန်တွေကို အရင်ဆေးပါရစေ။” ဟု ကျိုးလျှို့နီက ပြောလိုက်သည်။

“ဒါက လုပ်စရာ မလိုဘူး။ ဖက်ထုပ်ဆိုင်မှာ ပန်းကန်ဆေးဖို့နဲ့ စားပွဲတွေကို သန့်ရှင်းရေးလုပ်ဖို့ ငါတာဝန်ယူထားတယ်။” ဟု အဒေါ်မားက ပြောသည်။

ကျိုးလျှို့နီက တုန်လှုပ်သွားပြီး “ဘာဖြစ်လို့ လုပ်နေရတာလဲ၊ ငါ့အစ်မ အာ့နီ နဲ့ ရှန့်မိန်ကရော။“ ဟု မေးလိုက်သည်။

“သူတို့က တခြားဆိုင်မှာ ရောက်နေတာ။ မင်းရဲ့ စတုတ္ထအဒေါ်ကို တွေ့မှ မေးကြည့်ပေါ့။” ဟု ဒေါ်လေးမားက လက်ကိုဝှေ့ယမ်းပြကာ စကားဆိုသည်။

ကျိုးလျှို့နီကို သူမ စိတ်မ၀င်စားပေ။ ကောင်မလေးက ဆိုင်ထဲဝင်လာကတည်းက သူမရဲ့ မျက်လုံးတွေက မရပ်မနား လှည့်ပတ်နေသည်။ သူမက သူခိုးတစ်ယောက်လို ပြုမူနေတယ်ဆိုရင် အဲ့အရာက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

ဒေါ်လေးမားက ဒီလိုမိန်းကလေးမျိုးကို မကြိုက်‌ပေ။ ကျိုးအာ့နီ၏ သပ်သပ်ရပ်ရပ် သွက်လက်မှုတွေကြောင့် သူမနှင့် တွေ့ဆုံသည့်အခါ စကားများများ ပြောလိုသည်။ ဒီလိုမျိုး မိန်းကလေးနဲ့တော့ စကားစမြည်ပြောဖို့ စိတ်မဝင်စားပေ။

ကျိုးခိုင်က ကျိုးလျှို့နီကို ခေါ်သွားပြီးနောက် ဒေါ်လေးမားက ကျိုးချင်းပိုင်ကို “ဒီကလေးမလေးက ရဲရင့်လွန်းတယ်။ သူ့ဘာသာသူ ဒီကိုလာတာ တစ်ခုခုဖြစ်သွားရင် ဘယ်သူက ဒီတာဝန်ကို ယူနိုင်မှာလဲ။” ဟု ပြောလိုက်သည်။

ဒေါ်လေးမား ပြောသည့်စကားမှာ ကျိုးလျှို့နီကိုတွေ့ပြီးနောက် လင်ချင်းဟီ တွေးမိသည့် ပထမဆုံးအရာဖြစ်သည်။

လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကဲ့သို့ သည်းခံပြီး စိတ်သဘောထားကြီးသူ မဟုတ်ပေ။ ကျိုးလျှို့နီကို တွေ့သောအခါ သူမက ပြုံးလိုက်ပြီး “မင်းမှာ ဒီအရည်အချင်းရှိတယ်လို့ မထင်မိဘူး။ မင်းကို လာခွင့်မပေးလည်း မင်းကိုယ်တိုင် လိုက်တာပဲ။” ဟု ပြောလိုက်သည်။

လင်းချင်းဟယ်က ပြုံးနေသော်လည်း သူမရဲ့ မျက်လုံးများကတော့ အေးစက်နေသည်။

တစ်ခုခုဖြစ်ခဲ့ရင် ဒုတိယအစ်ကိုနဲ့ မရီးက ဘယ်သူ့ကို အပြစ်တင်မလဲ။ တခြားသူတွေကရော ဘယ်သူ့ကို အပြစ်တင်မလဲ။

‘အိမ်မှာ ထိုင်‌နေတာတောင် ဘေးအန္တရာယ်က ကောင်းကင်မှ ရောက်လာသေးသည်’ ဆိုတဲ့ စကားပင် ရှိသေးသည် မဟုတ်ပါလော။

“စတုတ္ထ‌ဒေါ်လေး စိတ်မဆိုးပါနဲ့။ ငါမှားမှန်း သိပါတယ်။ ငါ ဒီကို ကူညီလုပ်ကိုင်ပေးဖို့ ရောက်လာတာပါ။” ဟု ကျိုးလျှို့နီက သနားစဖွယ် ပြုမူခဲ့သည်။

“မင်းက ဘာကူညီနိုင်လို့လဲ၊ ငါ တိုက်ရိုက် ပြောပြမှ ရမှာလား။ မင်းမှာ ဘယ်လို ပင်ကိုယ်စရိုက်ရှိလဲ ငါမသိဘူးလို့များ ထင်နေတာလား” ဟု လင်းချင်းဟယ်က အေးစက်စွာ ပြောသည်။

“စတုတ္ထအဒေါ်…”

လင်းချင်းဟယ်သည် သူမစကားကိုနားမထောင်တော့ဘဲ “ခရီးဆောင်အိတ် မပါဘူးမလား။ ခရီးဆောင်အိတ်မပါရင် ဒီနေ့ပြန်သွားလို့ရပြီ၊ သားကြီး၊ ငါ နင့်အတွက် တစ်ပတ်လောက် ခွင့်‌ပေးဖို့ ကျောင်းကို ခွင့်တိုင်လိုက်မယ်။ အခုချက်ချင်း မင်း သူ့ကို မင်းရဲ့ဒုတိယဦးလေးဆီ ပြန်ပို့ပေးလိုက်ပါ။ သူ့သမီးကို စောင့်ကြည့်ထားဖို့ပါ ပြောလိုက်။ တခါတည်း မင်းရဲ့ဒုတိယအဒေါ်ကိုပါ သူ့သမီးကို ဂရုစိုက်ဖို့ သတိပေးခဲ့ဦး။ ငါ့ကို လာမရှာပါစေနဲ့။ ရှားရှားရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီးတော့ရောပဲ။” ဟု ပြောလိုက်သည်။

ကျိုးလျှို့နီက မျက်ရည်များဝဲကာ “စတုတ္ထအဒေါ်၊ ငါ့ကို ဒီလိုမျိုး နှိမ့်ချချင်တာလား။ ငါ မင်းကို ဘယ်တုန်းကများ စော်ကားခဲ့လို့လဲ၊ ငါ့ကိုကျ လာခွင့်မပြုဘူး၊ ဒါပေမယ့် အစ်မအာ့နီနဲ့ တခြားသူတွေကျ လာနိုင်တယ်။ ငါလည်း စတုတ္ထဦးလေးရဲ့ တူမအရင်းပါ။” ဟု ပြောလိုက်သည်။

“ဒီလိုလုပ်နေလို့လည်း ငါ စိတ်မ၀င်စားဘူး။ ငါ့အမေ့ရဲ့ မျက်ရည်ကိုတောင် ငါဂရုမစိုက်ဘူး။ ငါ့ရှေ့မှာ ငိုပြနေလည်း အသုံးမဝင်ဘူး။” ဟု လင်းချင်းဟယ်သည် အေးစက်သောအမူအရာဖြင့် ပြောလိုက်သည်။

ဒီတစ်ခါ သူမ တကယ် ဒေါသထွက်သွားခဲ့သည်။

ထိုဒေါသ၏ အကျိုးဆက်က သူမကို ခံစားချက်မဲ့လာစေသည်။ ဘယ်သူတွေ ဝင်ပါ၊ပါစေ ...အဲဒါက အသုံးမ၀င်‌တော့ပေ။ ကျိုးလျှို့နီသည် သူမရဲ့ အောက်ခြေစည်းကို လာထိခိုက်သွားခဲ့သည်။

သူမက ဒီကို ကိုယ်တိုင် ခိုးလာခဲ့သည်။ သူမ ဘာလုပ်ရမည်နည်း။ သူမ(လင်းချင်းဟယ်)က သူမ(ကျိုးလျှို့နီ)ကို မောင်းမထုတ်ရဲဘူးလို့ သူမ ထင်နေတာပဲ ဖြစ်ရမည်။ သူမကိုလည်း တွေ့ဖို့ ကျောင်းကို သွားခဲ့သည်။ ဒါက သူမကို ကိုယ်ကျင့်တရားနဲ့ ချည်နှောင်ဖို့ ကြိုးစားနေတာလော။

လင်းချင်းဟယ်သည် နူးညံ့သိမ်မွေ့သူ မဟုတ်ပေ။ ထိုနေ့မှာပင် ကျိုးခိုင်ကို ကျိုးလျှို့နီအား ချက်ချင်း ပြန်လိုက်ပို့ဖို့ ပြောရာ ကျိုးခိုင်က ရိုးရိုးရှင်းရှင်းပဲ လက်ခံခဲ့သည်။

ကျိုးလျှို့နီသည် ရထားပေါ်ပြန်တက်ရတော့ ငိုကြွေးနေခဲ့သည်။

ရှုရှန့်မိန်နှင့် ဟူကျစ်တို့သည် ထိုအကြောင်းကို ကြားသောအခါ ထိတ်လန့်သွားကြသည်။ လျှို့နီကိုတောင် မမြင်လိုက်ကြဘဲ သူမ ရောက်သည့်အတိုင်း ပြန်သွားရသည်။

“လျှို့နီက တကယ်ရဲရင့်တယ်။ အဝေးကြီးကို ပြေးလာဝံ့ပြီး စတုတ္ထဦးလေးနဲ့ စတုတ္ထအဒေါ်ကို စော်ကားဝံ့တယ်။” ဟု ကျိုးအာ့နီက ဒီအကြောင်းကို ကြားတော့ အလွန်ဒေါသထွက်သွားသည်။

“မင်းရဲ့ ဒုတိယဦးလေးက‌တော့ မသိဘူးဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် မင်းရဲ့ ဒုတိယအဒေါ် သိလား၊ မသိဘူးလား ဆိုတာကိုတော့ ငါ မသိဘူး။ ရထားလက်မှတ်စျေးက မသက်သာဘူးလေ။” ဟု လင်းချင်းဟယ်က မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

“ဒေါ်လေး၊ ဒါပေမယ့် လျှို့နီကို ဒီအတိုင်း ပြန်ခိုင်းလိုက်တာ မလွန်ဘူးလားဟင်။” ဟု ရှုရှန့်မိန်က တိုးတိုးလေး ပြောသည်။

“ငါက သူ့ကို တစ်ညတောင် နေခွင့်မပေးဘဲ ပြန်ပို့တာ မကောင်းဘူးလို့ မင်းထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် ဒါက ငါ့ရဲ့ အကျင့်စရိုက်ပဲ။ မင်းအဖိုးနဲ့ မင်းအဖွားကတောင် ဒီလိုကိစ္စမျိုးကိုလုပ်ရင် ငါက အဲ့လိုပဲ ဆုံးဖြတ်မှာပဲ။ ငါက ဒီအဖြေအတိုင်း ပေးမိမှာ၊ ဘာမှ မပြောင်းလဲသွားဘူး။” ဟု လင်းချင်းဟယ်က ပြတ်ပြတ်သားသား ပြောသည်။

“နင်က လျှို့နီနဲ့ အတူကြီးပြင်းလာတာ မဟုတ်တော့ လျှို့နီက ဘယ်လိုအကျင့်စရိုက်မျိုးရှိလဲ ဆိုတာ နင် မသိဘူး။ သူမက အကျင့်ဆိုးတယ်။ သူမက ဒီကို လာတာ ကူညီရာရောက်မယ့်အစား သူမက ပြဿနာတွေပဲ သယ်လာလိမ့်မယ်။” ဟု ကျိုးအာ့နီက ဟူကျစ်နှင့် ရှုရှန့်မိန်တို့ကို ရှင်းပြခဲ့သည်။

ဤဝမ်းကွဲနှစ်ယောက်သည် သူတို့ဝမ်းကွဲ ကျိုးလျှို့နီ၏ ပင်ကိုယ်စရိုက်ကို မည်သို့ သိနိုင်ပါ့မည်နည်း။ သို့သော် သူမသည် ကျိုးလျှို့နီနှင့်အတူ ကြီးပြင်းခဲ့သည်။

စတုတ္ထအဒေါ်၏ နည်းလမ်းကို သူမက သဘောတူသည်။ ဒီတစ်ခါ သူမကို လက်ခံထားလိုက်ပါက အနာဂတ်မှာ ဒုက္ခတွေ ရောက်နေ‌ပေလိမ့်မည်။

All Chapters