← Chapters

ဝါးခြမ်းပြားစာ

Vol. 23 Ch. 323

ဝါးခြမ်းပြားစာ

Vol. 23 Ch. 323

အခန်း(၃၂၃) - ဝါးခြမ်းပြားစာ

စိတ်ရူးပေါက်ကာ မြို့ပေါ်တက်သွားသော သူ့မြေးမကို ပြန်ပို့ဖို့အတွက် သူ့မြေးအတန်းတွေ ဘယ်လောက်တောင် လွတ်သွားလိုက်မည်လဲ။

ထိုသို့တွေးမိရုံနဲ့တင် အမေကျိုးတစ်ယောက် ဒေါသတွေ ပေါက်ကွဲထွက်လုနီး ဖြစ်သွားသည်။

ကျိုးအိမ်ဟောင်းတွင် ဆက်မနေကြတော့ဘဲ အဖေကျိုးနှင့် အမေကျိုးတို့ သူတို့၏မြေးနှင့် အတူ အိမ်သို့ပြန်ခဲ့ကြတော့သည်။

လမ်းတစ်လျှောက်တွင်လည်း လူတွေအများကြီးနှင့် ဆုံခဲ့ကြသည်။

"အိုး လောင်တ အရပ်ကြီးရှည်လာပြန်ပါကောလား" ဟု အမျိုးသမီးချိုင်က တောက်ပသော မျက်လုံးများဖြင့် ပြောလိုက်သည်။

သူမ ကျိုးခိုင်ကို ကြည့်သည့်အကြည့်များက တောက်ပလွန်းလှသည်။ သူသာ သူမ၏ မြေးကလေးဖြစ်ပါက ပျော်လွန်း၍ ညဘက်အိပ်ပျော်နိုင်မည်ပင် မထင်ပါ။

ကျိုးခိုင်က ပြုံးကာ နှုတ်ဆက်လိုက်သည်။ လမ်းတွေတွေ့သမျှ လူတိုင်းကို သူ နှုတ်ဆက်ဂါဝရပြုသည်။ မကြာခင် တစ်ရွာလုံးကို သတင်းပြန့်နှံ့သွား၏။

မြို့တော်သို့ ခိုးတက်သွားသော ကျိုးလျှို့နီကို ပြန်ပို့ဖို့အတွက် ကျိုးခိုင်က ကျောင်းတော်မှ တကူးတက ခွင့်ယူခဲ့ရသည်ဖြစ်ကြောင်း သိရှိသွားခဲ့ကြည်။

အပြင်လူများရဲ့ ပြောစကားကို ကျိုးခိုင်စိတ်ထဲ မထားပါ။ သူ ပြန်ရောက်လာသောအခါ ရေချိုးဖို့ အလျင်အမြန် ပြင်ဆင်သည်။ ရေက အနည်းငယ် အေးနေသော်လည်း သူ ဂရုမစိုက်ပါ။

ရေလည်းချိုးပြီး အဝတ်အစားများလည်း လဲပီးနောက် သူ သက်တောင့်သက်သာရှိသွားသည်။

"လောင်တ မြန်မြန်လာ။ ခေါက်ဆွဲတစ်ပန်းကန် လာစားလိုက်ပါဦး။" ဟု အမေကျိုးက ခေါက်ဆွဲပန်းကန်ကြီးတစ်လုံးကို ကိုင်လျက် ခေါ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘွား" ကျိုးခိုင်လည်း ဟန်လုပ်မနေတော့ဘဲ ထိုင်ကာ စားသုံးတော့သည်။

အမေကျိုးက သူမမြေးကို ချစ်မြတ်နိုးစွာ ကြည့်ရင်း ပြောလိုက်သည်။ "မြေးအတွက် ခရီးက အရမ်းကြမ်းတမ်းမှာပဲ။ လျှို့နီ မသာမလေး သူ ဒီလောက်ထိ ရဲတင်းမယ်လို့ အဘွားတစ်ခါမှ မထင်ဖူးဘူး"

ကျိုးခိုင်က စားသောက်ရင်း ပြန်ပြောသည်။ "သူ့ကို တွေ့လိုက်ရတော့ ကျွန်တော် အတော်လေးကို လန့်သွားတာဗျ။ အဘွား ကျွန်တော့်အမေက သူ့ကိုမောင်းထုတ်ချင်လို့ မဟုတ်ပါဘူး။ လျှို့နီရဲ့ လက်ရှိစိတ်ဓာတ်နဲ့ဆိုရင် အဲ့ဒီမှာနေလို့ တစ်ခုခုဖြစ်သွားရင် ဘယ်သူက တာဝန်ယူနိုင်မှာလဲ။"

"ဒီတစ်ခေါက် မင်းအမေ မှန်တယ်။ အဘွား သူ့ကို အပြစ်မတင်ပါဘူး။ မင်းအဖေက ဘာဖြစ်လို့ လျှို့နီကို လိုက်မပို့တာလဲ။ ဆိုင်ကို ရက်နည်းနည်းလောက် ပိတ်လိုက်ရလည်း ပြဿနာမှ မရှိတာကို ဘာဖြစ်လို့ မင်းကို ပြန်ပို့ခိုင်းလိုက်တာလဲ။ ကျောင်းက အရေးကြီးတယ်လေ" ဟု အမေကျိုးက ပွစိပွစိပြောသည်။

"ရပါတယ်။ ကျွန်တော် ဒီနှစ် ကျောင်းပြီးတော့မှာမို့လို့ စိတ်မပူပါနဲ့။" ဟု ကျိုးခိုင်က ပြန်ပြောလိုက်သည်။

"သားပြန်သွားရင် သားမိဘတွေကို ပြောလိုက်၊ ဒီမှာ ဘာမှစိတ်မပူနဲ့လို့ မင်းရဲ့ဒုတိယဦးလေးက ဘာမှမပြောရဲပါဘူး။" ဟု အဖေကျိုးကလည်း ဝင်ပြောလိုက်သည်။

"အဘိုး ဘယ်တော့လောက် မြို့တော်ကို လာမှာလဲ။ ကျွန်တော်တို့ အဘိုးအတွက် အိမ်သန့်ရှင်းရေးတောင် လုပ်ပြီးသွားပြီ။ အနာဂတ်မှာ အဘိုး ကြက်မွေးလို့ရအောင် ကျွန်တော် ကြက်ခြံတစ်ခုလည်း လုပ်ပေးထားတယ်။" ဟု ကျိုးခိုင်က ပြောလိုက်သည်။

အဖေကျိုး၏မျက်နှာပေါ်တွင် အပြုံးတစ်ခုက ပေါ်လွင်လာသည်။ အမေကျိုးကလည်း ပြုံးကာ "ဒီနွေရာသီအားလပ်ရက်မတိုင်ခင်အထိ စောင့်ဦး မင်းအဖေနဲ့အမေက အဘွားတို့ရယ်၊ မင်းရဲ့ အငယ်ဆုံးဦးလေးတို့လင်မယားကို လာခေါ်လိမ့်မယ်။ အဲ့ဒီကျမှ အဘွားတို့ပါ လိုက်လာခဲ့မှာပေါ့။" ဟု ပြောလိုက်သည်။

ကျိုးခိုင်က ခေါင်းငြိမ့်ကာ "ပထမဒေါ်လေး(ပထမအစ်မကြီး) နဲ့ ဒုတိယဒေါ်လေး(ဒုတိယအစ်မကြီး)တို့ လာဖို့အချိန်ရှိတယ်ဆိုရင်လည်း ဟူကျစ်နဲ့ ရှန့်မိန်တို့ ဟိုမှာအဆင်ပြေတယ်လို့ ဘာမှစိတ်မပူဖို့ ပြောလိုက်ပါဦး။" ဟု ပြောလိုက်သည်။

"ကောင်းတာပေါ့ ကောင်းတာပေါ့" အမေကျိုးက ပြုံးကာ အသိအမှတ်ပြုလိုက်သည်။

ဒီခရီးကြောင့် သူ့မြေးပင်ပန်းနေမှာကို သိပြီး မနက်ဖြန်မနက်လည်း ရထားစီးရဦးမည်မို့လို့ သူ စားသောက်ပြီးသွားသောအခါ "လောင်တ မင်းအခန်းကိုသွားပြီး အရင်အိပ်လိုက်ပါဦး။" ဟု အမေကျိုးက ပြောလိုက်သည်။

"ဟုတ်ကဲ့" ကျိုးခိုင်သည် တကယ်ပဲ ပင်ပန်းနေပါသည်။ ထို့ကြောင့် သူ့မိဘများ၏ အခန်းတွင် ဝင်အိပ်လိုက်သည်။

အဖေကျိုးနှင့် အမေကျိုးတို့ကတော့ ခြံထဲတွင်သာနေသည်။

အမေကျိုးက ကျိုးလျှို့နီကို ထပ်မံအပြစ်တင်ပြန်သည်။ "ဒီမသာမလေးကတော့ သူဒီလောက်ထိ ရဲတင်းလိမ့်မယ်လို့ ကျွန်မထင်မထားဘူး။ သူတကယ်ကြီး သူ့စတုတ္ထဒေါ်လေးနဲ့ စတုတ္ထဦးလေးကို ပြဿနာရှာဖို့ သွားခဲ့တာပါလား!"

"သူ သွားလည်လို့ရအောင် မင်းပဲ ပြောပေးခဲ့တာ၊ မဟုတ်ဘူးလား" အဖေကျိုးက နှာမှုတ်ကာ ပြောလိုက်သည်။

"အဲ့ဒါ သူသွားချင်တယ်လို့ပြောပြီး ကျွန်မကလည်း အဲ့လောက်ကြီး မတွေးလိုက်မိလို့လေ။" ဟု အမေကျိုးက ပြန်ပြောသည်။

သို့သော်လည်း ဒီတစ်ခေါက်တွင်တော့ စတုတ္ထသား၏ ဇနီးသည်က ငြင်းပြီး ပြန်လွှတ်လိုက်သည်ကို သူမ တကယ်ဝမ်းသာပါသည်။

မဟုတ်လျှင် လျှို့နီ၏ ထိန်းမနိုင်သိမ်းမရ အပြုအမူမှာ အနာဂတ်တွင် ဘယ်လိုများ ဖြစ်လာမည်နည်း။ ဆယ်ကြိမ်တွင် ကိုးကြိမ်လောက် သူပြဿနာတစ်ခုခု ရှာလိမ့်မည်။ ထိုအချိန်တွင် သူမ၏ အလားအလာရှိသော မြေးသုံးယောက်ကို လာမထိလျှင် ပိုကောင်းလိမ့်မည်။

"မင်း ရှေ့လျှောက် မြို့တော်ကို သွားတဲ့အချိန်ကျရင် စတုတ္ထသားရဲ့မိန်းမကို ပြဿနာမရှာသင့်ဘူး" ဟု အဖေကျိုးက သတိပေးလိုက်သည်။

လင်းချင်းဟယ်သည် လျှို့နီကို အမြန်ဆုံး ပြန်ပို့ခဲ့ပြီး ရှင်းလင်းခဲ့သည်။ စတုတ္ထချွေးမသည် ဟိုးယခင်က စတုတ္ထချွေးမပဲ ဖြစ်နေမှန်း အဖေကျိုး သိနိုင်သည်။ အခြားသူများက သူမအတွက် ဆုံးဖြတ်ချက် ချပေးရန် ခက်ခဲလှသည်။

အမေကျိုးသည်လည်း ထိုအရာကို နားမလည်ဘဲနေမည်လား။ နူးညံ့သော စရိုက်မျိုးနှင့် လူသာဆိုလျှင် သူတို့က ခွင့်ပြုပြီး လျှို့နီကို နေခိုင်းကြလိမ့်မည်။

သို့သော်လည်း စတုတ္ထချွေးမတွင် နူးညံ့သော စရိုက်မရှိတာ သိသာပါသည်။

သူမ သူတို့ကို လာခွင့်မပြုဘဲ သူတို့ဆန္ဒနှင့် သူတို့လာခဲ့လျှင်လည်း လာရာလမ်းအတိုင်း ပြန်လွှတ်မည်ဖြစ်သည်။

"ကျွန်မကို တဇွတ်ထိုးမကြီးလိုပြောနေတာပဲ" အမေကျိုးက မကျေမနပ်ပြောလိုက်သည်။

သူမကိုယ်သူမ ယောက္ခမကောင်းတစ်ယောက်ဟု ခံစားရသည်။ အဘိုးကြီး ဘာပဲပြောပြော စတုတ္ထချွေးမကတော့ သူမ ပွစိပွစိလုပ်သည်ကို သိပ်သဘောမကျပါ။ သူမကသိပ်ပြီး စကားမများတတ်ချေ။

အဖေကျိုးက သူမလက်ကို ကိုင်ကာပြောလိုက်သည်။ "တစ်နိုင်ငံလုံးကို ကြည့်လိုက်ပါဦး။ မင်း ဒီလိုချွေးမမျိုး နောက်တစ်ယောက် ထပ်မတွေ့နိုင်ဘူးလေ။ လူတွေ ဘယ်လောက်များများ မင်းကို မနာလိုဖြစ်နေမလဲ၊ မသိဘူးလား။"

ထိုစကားကို အမေကျိုး ကြားသောအခါ သူမမျက်နှာက ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားသည်။ အရင်တုန်းက သူမအမြင်ကောင်းသဖြင့် သူ့သားအငယ်ဆုံးအတွက် ထိုကဲ့သို့ချွေးမမျိုး ရှာပေးနိုင်ခဲ့သည် မဟုတ်ပါလား။

"ရှေ့လျှောက် သူကျွန်မကို ကူညီပေးစေချင်ရင် ကျွန်မကူညီပေးလိုက်မယ် မကူညီစေချင်ရင် ကျွန်မ ရှောင်မိန်ရဲ့ကလေးတွေကို စောင့်ရှောက်ပေးလိုက်မယ် အဲ့ဒီအရေးမပါတဲ့ကိစ္စတွေအတွက် ကျွန်မကိုစိတ်ပူစရာ မလိုပါဘူး" အမေကျိုးက သူမလက်ကို ခါရမ်းကာပြောလိုက်သည်။

ထိုနေ့ညနေခင်းတွင် အကြီးဆုံး မရီးက ရောက်လာသည်။ သူအာ့နီ၏ အခြေအနေကို မေးမကြည့်ရသေးမှန်း သတိရသွားသောကြောင့်ပင်။

"လောင်တ အိပ်ပျော်နေတယ်" အမေကျိုးကပြောလိုက်သည်။ "ဒါပေမယ့် နင်တို့ အာ့နီအတွက် စိတ်ပူစရာမလိုပါဘူး အားလုံးအဆင်ပြေပါတယ် လောင်တက သူတို့အဲ့မှာ နေရတာ အသားကျနေကြပြီလို့ ပြောတယ်"

ထိုစကားကြားသောအခါ အကြီးဆုံးမရီးက ခေါင်းငြိမ့်လိုက်သည်။

သူမ ဒုတိယချွေးမ လျှို့နီကို ဆုံးမပြီးပြီလားဟု မေးလိုက်သည်။

ထိုအကြောင်းပြောလိုက်သောအခါ အကြီးဆုံးမရီးက မကျေမနပ်ဖြစ်သွားသည်။ ဒုတိယမရီးက လောင်တထွက်သွားတာကို မြင်သွားတော့ ဝါးခြမ်းပြားကို လွှင့်ပြစ်လိုက်တယ်။ ဝါးခြမ်းပြားကို ထပ်ကောက်ပြီး သူ့သမီးကို ထပ်ဆုံးမတာ ဒုတိယအစ်ကိုပဲ ဖြစ်သည်။

"သင်ခန်းစာပေးမှကိုရမယ် မဟုတ်ရင် သူထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာ" အမေကျိုးက ဆူငေါက်လိုက်သည်။

အကြီးဆုံးမရီးက ထိုအကြောင်းပြောနေသည်ကို ရပ်တန့်လိုက်ပြီး "မနက်ဖြန် လောင်တ မနက်ပိုင်း ဘတ်စ်ကားစီးသွားမှာ မဟုတ်လား။ သမီး သူလမ်းမှာစားဖို့ ပန်ကိတ်တွေ လုပ်ပေးလိုက်မယ်။ အမေ မနက်အစောကြီး ထစရာမလိုဘူး။" ဟု ပြောလိုက်သည်။

"ဟုတ်ပြီ" အမေကျိုးက ခေါင်းငြိမ့်သည်။

အကြီးဆုံးမရီးက ပြန်သွားသည်။ နောက်တစ်နေ့အရုဏ်မတက်ခင် သူမ ပူပူနွေးနွေး ပန်ကိတ်များဖြင့် သူမပြန်ရောက်လာခဲ့သည်။

"အကြီးဆုံးဒေါ်လေး အစောကြီးထပြီး ပန်ကိတ်တွေလုပ်ပေးစရာမလိုပါဘူးဗျာ ကျွန်တော် မြို့ထဲသွားပြီး မနက်စာ ဝယ်လိုက်မှာပေါ့" ဟု ကျိုးခိုင်က ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး လမ်းမှာစားဖို့ယူသွားချေ။ အရင်တုန်းက နင့်အဖေထက်တောင် နင်က အရပ်ပိုရှည်လာသေးတယ်။" ဟု အကြီးဆုံးမရီးက ပြုံးကာ ပြောလိုက်သည်။

ပြောရမည်ဆိုလျှင် ဤကဲ့သို့ ကောင်လေးမျိုးကို ပြန်ပေးဆွဲကာ သားအရင်းတော်ပြစ်လိုက်ချင်သည်။ ဘယ်လိုလူမျိုးက ဤကဲ့သို့အကြံကို ငြင်းဆန်မည်နည်း။

ကျိုးခိုင်က ပြုံးလိုက်ပြီး သူမကို ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူထွက်သွား၏။ သူ့ဦးလေးက ကျိုးခိုင်ကို မြို့အထိ စက်ဘီးနှင့် လိုက်ပို့ချင်၏။ ကျိုးခိုင်က မလိုကြောင်း ပြန်ပြောလိုက်သည်။ ပြေးရသည်ကို အားကစားလို့သာ စိတ်ထဲတွင်မှတ်ထားသည်။

သူမြို့ကိုသွားပြီး ဘတ်စ်ကားစီးကာ မြို့တော်ဆီသို့ ရထားစီးသွားရသည်။

အိမ်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကတော့ လွယ်လွယ်နှင့် ပြီးဆုံးသွားမည်မဟုတ်ပါ။

အရုဏ်တက်သောအခါ ဒုတိယအစ်ကို စားသောက်ပြီး၍ လယ်ထဲသို့သွားခဲ့သည်။ ဒုတိယမရီးက ကျိုးလျှို့နီကို အခန်းထဲသို့ ခေါ်ခဲ့၏။

"အမေဘာလုပ်မလို့လဲ သမီးခြေထောက်တွေ နာနေတုန်းပဲနော်!"

မနေ့ညက သူမကို သူမအဖေက အသေဆော်ခဲ့သည်။ သူမခြေထောက်များ ဝါးခြမ်းပြားရာများနှင့် နီရဲယောင်ကိုင်းနေသည်။

"နင်မြို့ကြီးကို ရောက်သွားတော့ နင့်စတုတ္ထဒေါ်လေးက ဘာမှပြန်မပြောဘဲ ဒီအတိုင်း ပြန်လွှတ်လိုက်တယ်ပေါ့။" ဟု ဒုတိယမရီးက အလိုမကျသောမျက်နှာဖြင့် မေးလိုက်လေသည်။

All Chapters