← Chapters

မန်ဟို… မင်းက အရှက်မရှိတာပဲ

Vol. 2 Ch. 21

မန်ဟို… မင်းက အရှက်မရှိတာပဲ

Vol. 2 Ch. 21

တောင်နက်ကြီး၏နေရာအများစုမှာ ထူထပ်သော သစ်ပင်များဖြင့် ဖုံးအုပ်ထားသည်။ ဤနေရာကို တောင်နက်ကြီးဟု ခေါ်ဆိုရခြင်းမှာ နေရာတစ်ခုလုံးမှာ လုံးဝ အနက်ရောင်ဖြစ်နေပြီး သားရိုင်းမိစ္ဆာတို့၏အငွေ့အသက်များဖြင့် ပြည့်နေသောကြောင့်ဖြစ်ပေသည်။

သည်နေရာကား ပုံမှန်တွေ့မြင်နေကျ တောတောင်များနှင့် လုံးဝ ကွဲပြားခြားနားပေသည်။

တောင်ပေါ်သို့ရောက်သောအခါ မန်ဟိုသည် ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်သည်။ စဦးချီဖွဲ့စည်းခြင်းအဆင့်(၂)သားရိုင်းနှစ်ကောင်သည် မန်ဟိုထံသို့ ပြေးဝင်လာကြ၏။ သူတို့တွင် ဝံပုလွေနှင့်မြွေတို့၏ခန္ဓာကိုယ်ရှိပြီး အမွှေးအမျှင်များဖြင့် ဖုံးအုပ်ထားသည်။ သူတို့က မန်ဟိုကို မုန်းတီးစွာ ကြည့်ကြသည်။

သူတို့ချဉ်းကပ်သည်နှင့်တပြိုင်နက် မန်ဟိုသည် ရပ်တန့်လိုက်ပြီး ကြေးမုံကိုမြှောက်ကာ သူတို့အပေါ်သို့ အလင်းရောင်ပြန်များ ကျရောက်စေသည်။ ချက်ချင်းပင် မိစ္ဆာသားရိုင်း၏ညာဘက်မျက်လုံးတစ်လုံးသည် သွေးများ ပန်းထွက်လာခဲ့၏။ ၎င်းသည် သူ၏အဖော်ကိုပင် ကြောက်ရွံ့စေသည့် နာနာကျင်ကျင် အော်ဟစ်သံတစ်ခုကို ပေးသည်။ မန်ဟို၏မျက်လုံးများ အရောင်လက်သွား၏။ သည်တစ်ကြိမ်ကား ကြေးမုံသည် သားရိုင်း၏ဖင်ကို မဟုတ်ဘဲ မျက်လုံးကို ပေါက်ကွဲစေခဲ့သည်။ မန်ဟိုက ကျောက်ဝူကန်းနှင့် တိုက်ခိုက်သောအခါတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည်။ မန်ဟိုတွင် စဉ်းစားရန် အချိန်မရှိပေ။ မန်ဟိုက ထိုသားရိုင်းမိစ္ဆာများကို ကျော်ဖြတ်ကာ ဆက်လက်၍ ပြေးလွှားသွားခဲ့သည်။

စဦးချီအဆင့်(၅)နှစ်ဦးသည်ကား ဒေါသတကြီးဖြင့် မန်ဟိုနောက်ကို လိုက်နေကြဆဲဖြစ်သည်။ သူတို့က မိစ္ဆာသားရိုင်းနှစ်ကောင်ကို တွေ့လျှင် ဓားပျံများဖြင့် ချက်ချင်းသတ်ဖြတ်ခဲ့ကာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လိုက်သွားကြသည်။ သူတို့ကား သားရိုင်းအမြုတေကိုပင် ကောက်ယူခြင်း မပြုခဲ့ကြပေ။

“ဒါက မိစ္ဆာတောင်ပဲ။ ဒီတောင်ထိပ်မှာ မိစ္ဆာဘုရင်တစ်ကောင်နေတယ်လို့ ကြားဖူးတယ်။ မန်ဟိုက ဒီနေရာကိုထွက်ပြေးတာဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တာပဲ။”

“ထွက်ပြေးဖို့မလိုပါဘူး။ နောက်ပြန်လှည့်လာခဲ့။ ငါတို့ ညှိနှိုင်းလို့ရတယ်။”

မန်ဟိုနောက်မှ လိုက်လာသူနှစ်ဦးက စိတ်ရင်းဖြင့် ပြောသည့်အလား ကောင်းမွန်သော လေသံဖြင့် ပြောကြသည်။ သို့သော်လည်း သူတို့၏စိတ်ထဲတွင်ကား မန်ဟိုကို သတ်လိုစိတ်မှာ ပိုမိုကြီးထွားလာကြ၏။

မန်ဟိုသည် နောက်သို့လှည့်ကြည့်ခြင်းမရှိသကဲ့သို့ သူတို့အားလည်း တုံ့ပြန်ပြောဆိုခြင်းမပြုပေ။ သူက တောင်ထိပ်ထံသို့ ဦးတည်ပြေးလွှားလျှင် မကြာခင် မိစ္ဆာသားရိုင်းခြောက်ကောင်၊ ခုနစ်ကောင်ခန့်ရှိသော သားရိုင်းအုပ်နှင့် တိုးသည်။ အများစုမှာ စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)တွင် ရှိကြ၏။ မန်ဟိုကလည်း သူတို့အား ကြေးမုံဖြင့် ထိုးကာ ထွက်ပြေးခဲ့သည်။ မှန်သည်၊ စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)ကျင့်ကြံသူနှစ်ဦးမှာကား ထိုသို့စွမ်းရည်မရှိရာ မန်ဟိုနောက်ကို ဆက်လိုက်ရန် ထိုမိစ္ဆာသားရဲအုပ်အား သတ်ဖြတ်ခဲ့ရပေသည်။

သူတို့သည် မိစ္ဆာသားရိုင်းတို့၏သွေးများ အလိမ်းလိမ်းဖြင့် မန်ဟိုနောက်ကို ဆက်လိုက်လာကြပြီး စတင်၍ မောပန်းလာကြပြီဖြစ်သည်။ တိုက်ပွဲတွင် သူတို့သည် ပိုမိုများပြားသော ဆေးဝါးများ သုံးစွဲခဲ့ရသည်။ သို့သော်လည်း သူတို့ကား နောက်ဆုတ်၍ မရတော့ပေ။ အံကို ကြိတ်ကာ သူတို့က မန်ဟိုနောက်ကို ဆက်လိုက်ကြ၏။

“သူတို့ ငါ့နောက်ကို လိုက်လာတုန်းပဲ” မန်ဟို၏မျက်နှာက သုန်မှုန်နေသည်။ သူကား ယခင် တစ်ခါမှ မရောက်ဖူးသည့် တောင်နက်ကြီး၏ အကွာအဝေးတစ်ခုသို့ပင် ရောက်နေပြီဖြစ်သည်။ အကယ်၍ သူ ထပ်သွားလျှင်စဦးချီအဆင့်(၅)မိစ္ဆာသားရိုင်းများကို ရှောင်ရှားရန်ခက်ခဲပေလိမ့်မည်။ သို့သော်လည်း သူသည် အံကို ကြိတ်ကာ ရှေ့ကို ဆက်ပြေး၏။

အမွှေးတိုင်တစ်တိုင်စာ ထွန်းညှိချိန်ခန့် ကုန်လွန်သွားသောအခါ တောင်တစ်ဝက်ခန့်ကို ကြားစေနိုင်သော အော်မြည်သံတစ်ခု ထွက်ပေါ်လာ၏။ အနက်ရောင်အရိပ်တစ်ခုအလား အရောင်စုံဝံပုလွေတစ်ကောင်သည် မန်ဟိုထံသို့ မာန်ဖီလျှက် ပြေးဝင်လာ၏။ ဝံပုလွေတွင် ခြောက်မီတာခန့်ရှည်သောခြေထောက်များရှိပြီး အနီရောင်မျက်လုံးများသည် သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် နီရဲနေ၏။ သူ့ထံမှ ဖိအားပေးနိုင်သော စဦးချီအဆင့်(၆) အားအင်များ ထွက်ပေါ်နေသည်။

အကယ်၍ တစ်ကောင်တည်းဖြစ်လျှင် သိပ်စိတ်ပူစရာတော့ မရှိပေ။ သို့သော်လည်း ထိုဝံပုလွေ၏နောက်တွင် စဦးချီအဆင့်(၄)တွင်ရှိသော နောက်ထပ် ဝံပုလွေငယ်ငါးကောင်တစ်အုပ်စုနှင့် စဦးချီအဆင့်(၅)ဝံပုလွေတစ်ကောင်တို့သည်လည်း ပြေးလိုက်လာကြသည်။ သူတို့၏မာန်ဖီသံများသည် လေထုတစ်ခုလုံးကို ပျံ့လွင့်လာ၏။

မန်ဟို၏မျက်လုံးများက အရောင်တစ်ချက် လက်သွားကာ တွန့်ဆုတ်ခြင်းမရှိဘဲ ကြေးနီကို ထုတ်ပြီး ဝံပုလွေများထံသို့ အလင်းဖြင့် ထိုးလိုက်သည်။ နာကျင်စွာ အော်ဟစ်သံတစ်ခုနှင့်အတူ သူ၏ရင်ဘတ်မှ ဓားဖြင့် မွှမ်းခံရသည့်အလား သွေးများ ယိုစီးကျလာခဲ့၏။ တခြားသော ဝံပုလွေများသည်လည်း အလိုအလျောက် နောက်ကို ဆုတ်သွားကြ၏။

အတန်ကြာလျှင် မန်ဟိုကား မည်သို့ဖြစ်နေသည်ကို မသေမချာဖြင့် အံကို ကြိတ်ကာ ရှေ့ကို ဆက်လက်ပြေးလွှားသွားခဲ့သည်။ သူ့ခြေထောက်အောက်တွင် ဓားပျံနှစ်လက်ပေါ်လာခဲ့ပြီး မီတာ၃၀ခန့်ကို ရိပ်ခနဲ ပျံသန်းသွား၏။ သူ၏နောက် အဝေးတွင် စဦးချီဖွဲ့စည်းခြင်းအဆင့်(၅) နှစ်ဦး ပေါ်လာသည်။ သူတို့က ဝံပုလွေအုပ်စုကို မြင်လျှင် သူတို့၏အမူအရာများမှာ ပြောင်းလဲသွား၏။ သူတို့က မန်ဟိုနောက်ကို အတူတူလိုက်နေခြင်းဖြစ်သော်လည်း သူတို့အချင်းချင်းလည်း သတိထားရန် လိုပေသည်။ ထိုနေရာကား ဂိုဏ်း၏နယ်နိမိတ်ထဲတွင်ဖြစ်သော်လည်း ဂိုဏ်း၏ဂိတ်တံခါးအပြင်ကို ရောက်သည်နှင့် အချင်းချင်းမသတ်ဖြတ်ရစည်းမျဉ်းမှာ အကျုံးမဝင်တော့ပေ။

လမ်းတစ်လျှောက်တွင် သူတို့သည် ပြဿနာများ သိပ်မရှိခဲ့သော်လည်း ယခုကား ကြီးမားသော အန္တရာယ်နှင့် စတင်ကြုံရပြီဖြစ်သည်။ စဦးချီအဆင့်(၅)သားရိုင်းနှစ်ကောင်သည် သူတို့အား ကြမ်းကြုတ်ရက်စက်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။ ထို့အပြင် တခြားသော ဝံပုလွေငယ်များလည်း ရှိသေး၏။ ဤတွင် သူတို့သည် ချက်ချင်းပင် လူခွဲကာ တစ်ယောက်က ဘယ်ဘက်ကို ပြေးပြီး နောက်တစ်ယောက်က ညာဘက်ကို ပြေးလွှားကြ၏။

သူတို့က မြန်ဆန်စွာ ရွေ့လျားလိုက်ကြသော်လည်း ဝံပုလွေများက ပိုမြန်သည်။ သူတို့ကား ဒဏ်ရာရသားရိုင်းများဖြစ်ကြရာ ပိုမို၍ ဒေါသကြီးကြ၏။

ကျင့်ကြံသူများကား သူတို့၏ဒေါသအပေါ် စဉ်းစားတွေးတောရန် အချိန်မရှိပေ။ သူတို့မှာ ဝံပုလွေများလက်ထဲမှ အသားကုန်ပြေးကြရ၏။ တခဏအတွင်း သူတို့သည် အဝေးသို့ ရောက်ရှိသွားခဲ့ကြ၏။

မန်ဟို သက်ပြင်းတစ်ချက်ချသည်။ တောင်ထိပ်ကို လှမ်းကြည့်ကာ သူသည် အဝေးသို့ ပြေးသွားသော ကျင့်ကြံသူနှစ်ဦးအား ကြည့်လိုက်သည်။ မန်ဟို၏မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။

“ဒီသားရိုင်းတွေက သူတို့ကို ဒုက္ခနည်းနည်း ပေးနိုင်မှာပဲ။ ဒါပေမဲ့ လေးကြိမ်မြောက် ၂နာရီအချိန် ရောက်လာတော့မယ်။ ဆေးလုံးက အရောင်တောက်လာပြီး သူတို့က ဆေးလုံးတည်နေရာကို သိကြလိမ့်မယ်” မန်ဟိုက တောင်ထိပ်ကို တဖန်ကြည့်သည်။ သူက အံကို ကြိတ်ကာ ရှေ့ကို ဆက်ပြေး၏။

အတန်ကြာလျှင် သူ့သိုလှောင်အိတ်မှ အလင်းတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွား၏။ အလွန်ဝေးသော နေရမှ လူများပင်လျှင် ထိုအလင်းကို ကြည်လင်ပြတ်သားစွာ တွေ့မြင်နိုင်ပေသည်။

၂နာရီကြာတိုင်းတွင် အလင်းတန်းထွက်ပေါ်လာမည်ဖြစ်ကာ သည်တစ်ကြိမ်မှာ ၄ကြိမ်မြောက်ဖြစ်သည်။

မန်ဟိုက မိစ္ဆာသားရိုင်းများကို တတ်နိုင်သမျှ ရှောင်ဖယ်ကာ ဂရုတစိုက်ရှေ့သို့ ဆက်သွား၏။ သူတွေ့ရသော သားရိုင်းအများစုမှာ စဦးချီအဆင့်(၅)တွင်သာ ရှိကြပြီး မန်ဟိုလည်း သူတို့ကို ကြောက်ရွံ့ပေသည်။ မန်ဟိုမှာ ကြေးမုံ၏အကာအကွယ်ရှိသော်လည်း ထိုသားရိုင်းများသည် အုပ်စုဖွဲ့လှုပ်ရှားကြလေ့ရှိရာ အတတ်နိုင်ဆုံး ရှောင်ဖယ်သွားလာရပေသည်။ ထို့ကြောင့် သူ၏အမြန်နှုန်းမှာ သိသိသာသာ လျော့သွားပြီး မူလကလို မပြေးနိုင်တော့ပေ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ကာ တစ်နာရီခန့်ကြာသွားသည်။ ရုတ်တရက် ဧရာမဟိန်းဟောက်သံတစ်ခုနှင့် ထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် မန်ဟိုသည် တောအုပ်တစ်ခုနေရာမှ ထွက်ပေါ်လာပြီး သူ၏မျက်နှာတွင် စိုးရိတ်သော ဟန်ပင်ဖြစ်ပေါ်လာ၏။ သူ့နောက်မှ လိုက်လာသည်ကား လူဝံ ၇ကောင်၊ ၈ကောင်ခန့်ရှိပေသည်။ လူဝံများသည် ဒေါသတကြီးဖြင့် မန်ဟိုနောက်ကို လိုက်နေကြ၏။

လူဝံများထဲမှ သုံးကောင်မှာ စဦးချီအဆင့်(၅)တွင်ရှိရာ မန်ဟိုအား ကြီးစွာ ထိတ်လန့်စေသည်။ သူကား ထိုမျှ ဂရုတစိုက်သွားနေခဲ့သော်လည်း မမျှော်လင့်ဘဲ လူဝံအုပ်တစ်စုနှင့် သွားတွေ့ကာ ရုတ်တရက် ကြေးမုံက အလိုအလျောက် တုန့်ပြန်လျှက် အလွန်အမွှေးထူသော လူဝံကြီးတစ်ကောင်ကို ပေါက်ကွဲစေခဲ့၏။ ၎င်းကပင် လူဝံများ၏ဒေါသကို သွားဆွသလိုဖြစ်ခဲ့ခြင်းပင်။

“အဲဒီ လူဝံတွေက အမွှေးထူတယ်ဆိုရင်တောင်မှ မင်းက ဒီလို ပြုမူသင့်တယ်လို့ မဆိုလိုဘူး” မန်ဟိုက ကြေးမုံကို ကြည့်ကာ မသက်မသာ ပြောသည်။ သူသည် ကြေးမုံ၏ထူးခြားဆန်းကြယ်မှုကို နားမလည်သေးဟု မန်ဟိုက ခံစားရသည်။ သို့သော်လည်း လက်ရှိတွင် ကြေးမုံနှင့်ပတ်သက်၍ စဉ်းစားနေရန် အချိန်မရှိပေ။ နောက်ကို လှည့်ကြည့်လျှင် လူဝံများမှာ သူနှင့်တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်ကာ မန်ဟိုသည် ကြေးမုံကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ရာ နောက်ထပ် နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ တချိန်တည်းတွင်ပင် မန်ဟိုသည် သူ့ရှေ့ရှိ တောင်ပေါ်လမ်းခါးတစ်ဝက်ခန့်တွင် ဓားပျံအရောင်များ လက်ခနဲထသွားသည်ကို မြင်၏။

သူ့မျက်လုံးများ ဝင်းလက်သွားကာ ထိုနေရာသို့ ဦးတည်ပြေးလွှားလိုက်သည်။ တခဏအတွင်းတွင် သူသည် စဦးချီအဆင့်(၄)ရှိသော လူလေးယောက်အား တွေ့မြင်လိုက်ရသည်။ သူတို့အထဲမှ တစ်ယောက်မှာ ရှန့်ကွမ်းစုန့်ဖြစ်ပေသည်။ သူတို့ကား မိစ္ဆာသားရိုင်းသမင်အချို့နှင့် အနီးကပ်တိုက်ခိုက်နေကြ၏။ သူတို့သည် အထက်စီးဖြင့် တိုက်ခိုက်နိုင်ဟန်ရကာ မြေပြင်ပေါ်တွင် သမင်ရိုင်းအသေနှစ်ကောင်ကို တွေ့ရပေသည်။

“မန်ဟို…” သူတို့ကလည်း ချက်ချင်းပင် မန်ဟိုကို သတိပြုမိကာ သူတို့၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ကား အားအင်ကုန်ခမ်းသောပုံစံပေါက်နေသည်။ သူတို့အတွက် တောင်နက်ကြီးသို့ ခရီးမှာ ကြမ်းတမ်းခဲ့ပေသည်။ မူလက သူတို့တွင် ဆယ်ယောက်ရှိကာ အများစုမှာ လက်လျှော့သွားခဲ့ကြပြီဖြစ်သည်။ လက်ရှိလေးယောက်သည်သာ အားတင်းလျှက် သမင်ရိုင်းများကို တိုက်ခိုက်နေကြခြင်းဖြစ်သည်။

“ချစ်အစ်ကိုကြီးတို့… ကျွန်တော်က အစ်ကိုတို့အမိန့်အရ လူဝံကြီးတွေရဲ့အာရုံကို ဖမ်းစားပြီးတော့ မြူဆွယ်ခေါ်ယူနိုင်ခဲ့ပါတယ်။ ခင်ဗျားတို့ တိုက်ခိုက်လို့ရပြီ” မန်ဟိုက သူတို့အနီးကို ရောက်လျှင် နောက်မှ လိုက်ပါလာသော လူဝံကြီးများ ကြားစေရန် ကျယ်လောင်စွာ အော်ဟစ်သည်။

သူ့ပါးစပ်မှ ထိုစကားများ ထွက်လာသည်နှင့် မန်ဟို၏နောက်မှ လူဝံများ၏မျက်လုံးများမှာ တမုဟုချင်းနီရဲလာပြီး ပိုမို၍ပင် ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

“မန်ဟို… မင်းက အရှက်မရှိတာပဲ”

“သေစမ်း… မင်းက တော်တော်ယုတ်မာတာပဲ”

သူတို့လေးယောက်၏မျက်နှာက ပျက်ယွင်းသွားကာ မန်ဟိုကို ဆဲရဲတိုင်းထွာကြ၏။ သို့သော်လည်း သမင်ရိုင်းများက သူတို့အား နောက်ဆုတ်ရန် အခွင့်အရေးမပေးပေ။ အခြေအနေကို စိုးရိမ်ပူပန်နေဟန်ရသော မန်ဟိုသည် သူတို့အား ကျော်ဖြတ်သွားခဲ့၏။ လူဝံများကလည်း မန်ဟိုပြေးလွှားရာလမ်းကြောင်းအတိုင်း လိုက်ပါလာနေကြသည်။

မန်ဟိုက နောက်ကို လှည့်ကြည့်ကာ သူ၏သိုလှောင်အိတ်ကို ဖွင့်လျှက် ဓားပျံအချို့ကို ထုတ်လွှတ်လိုက်သည်။

“ဘုန်း…”

ဓားပျံများ၏ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ မန်ဟိုကလည်း မြွေမီးတောက်နှစ်ခုကို ဆက်တိုက် ပစ်လွှတ်လိုက်ကာ အနီးမှ သစ်ပင်များအား ပေါက်ကွဲစေသည်။ ပေါက်ကွဲမှုမှ အရှိန်ကို ယူကာ မန်ဟိုသည် အဝေးသို့ ခုန်လွှားထွက်ပြေး၏။ သူ့နောက်တွင် မန်ဟိုကို မမှီလိုက်သော လူဝံများသည် သူတို့ရှေ့မှ ကျင့်ကြံသူများအား စတင်၍ ဒေါသတကြီး တိုက်ခိုက်ကြတော့သည်။

စူးရှစွာ အော်ဟစ်သံများ နောက်မှ ထွက်ပေါ်လာသော်လည်း မန်ဟိုကား နောက်ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ဆက်လက်ပြေးလွှားသွားခဲ့သည်။

“ဒီနေရာက အန္တရာယ်နည်းနည်းရှိပေမယ့်လို့ သိပ်တော့ မဆိုးဘူး” မန်ဟိုကား နောက်မှ လူဝံများ လိုက်မလာသည်ကို သေချာတော့မှ ရပ်လိုက်ပြီး အနီးအနားကို အကဲခတ်ကြည့်သည်။

“သွေ့ခြောက်ဝိညာဉ်ဆေးလုံးကို လက်ဝယ်ကိုင်ထားဖို့ဆိုတာ မလွယ်ဘူး” သူက ရေရွက်သည်။ သူက သိုလှောင်အိတ်ကို ငုံ့ကြည့်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချသည်။

“ငါက ဓားပျံ၃၁ချောင်းကို ဖြုန်းတီးလိုက်ပြီ။ တစ်ချောင်းစီက ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ။ ပြီးတော့ ဆေးလုံးတွေလည်း အများကြီးစားခဲ့ပြီးပြီ။ ဒါတောင်မှ ငါးနာရီ မပြည့်သေးဘူး” မန်ဟိုက မသက်မသာ ရယ်မောလိုက်၏။

“နောက်ဆုံးမှာ ငါက သွေ့ခြောက်ဝိညာဉ်ဆေးလုံးကို စားပြီး ကျင့်ကြံဆင့်တက်နိုင်ရင်တော့ ဒါက တန်တယ်လို့ ပြောရမှာပဲ” မန်ဟို၏မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာမှုကြောင့် လင်းလက်နေသည်။

“စဦးချီအဆင့်(၄)ရှိတဲ့လူလေးယောက်က မသေရင်တောင်မှ ငါ့နောက်ကို လိုက်နိုင်မှာ မဟုတ်လောက်ဘူး။ အခု ငါ့အတွက် စိတ်ပူရမှာက စဦးချီအဆင့်(၅)ရှိတဲ့ နှစ်ယောက်ပဲ”

သူက တောင်ထိပ်ကို ကြည့်ကာ အနည်းငယ် အနားယူလိုက်သည်။ ထို့နောက် စတင်၍ ပြေးလွှား၏။ ၂နာရီကြာချိန်၏ ငါးကြိမ်မြောက်သည် မြန်ဆန်စွာ ရောက်လာခဲ့ကာ ဆေးလုံး၏အလင်းတန်းသည် ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူက အဝေးမှ သူရှိရာ အရပ်သို့ ပြေးလာနေကြသော သူ့ပြိုင်ဘက်နှစ်ယောက်၏အသံများကိုလည်း ကြားရသည်။

“မန်ဟို … မင်း ထွက်မပြေးနိုင်ဘူး”

“သွေ့ခြောက်ဝိညာဉ်ဆေးလုံးကို ကမ်းပေးစမ်း။ ငါမင်းကို အလောင်းလှလှနဲ့သေခွင့်ပေးမယ်။ မဟုတ်ရင် ဒီကသားရိုင်းတွေနဲ့ မင်းအလောင်းက ဘာမှ ကျန်မှာ မဟုတ်ဘူး”

သူတို့၏အသံများသည် အဝေးမှ ပျံ့လွင့်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် မန်ဟို၏မျက်လုံးကလည်း ရှေ့ကို ရောက်သွားသည်။ ထိုနေရာကား မိစ္ဆာသားရိုင်းအချို့၏ခိုအောင်းရာနေရာဖြစ်ဟန်ရ၏။

***

All Chapters