← Chapters

ရှေးဟောင်းသားရဲတစ်ကောင်

Vol. 2 Ch. 23

ရှေးဟောင်းသားရဲတစ်ကောင်

Vol. 2 Ch. 23

မန်ဟိုသည် တောင်စောင်းငယ်လေးပေါ်၌ တိတ်တဆိတ်တရားထိုင်ကျင့်ကြံနေစဉ်မှာပင် ဝိညာဉ်ခြောက်သွေ့ဆေးလုံး နှင့် ပတ်သက်သည့်ကောလာဟလဂယက်များပေါ်ထွက်လာခဲ့လေသည်။ အထူးသဖြင့် ကျိုး နှင့်ရင်တို့ နှစ်ယောက်ပြန်လာသောအခါတွင်ဖြစ်သည်။ လူအများအပြားက သူတို့၏ဖြစ်ရပ်များကို မြင်တွေ့ခဲ့ကြသည်မှန်သော်လည်း ဝိညာဉ်ခြောက်သွေ့ဆေးလုံးကိစ္စ နှင့် ပတ်သက်၍ အဆုံးသတ်ကိုမူ မည်သူတစ်ဦးတစ်ယောက်ကမျှ မမေးဝံ့ကြပေ။

မန်ဟို ပေါ်ထွက်လာခြင်းမရှိသည့်အတွက်ပင် ၎င်းသေပြီဟူသော ကောလာဟလများပျံ့နှံ့လာခဲ့သည်။

ထိုအခိုက်မှာပင် ဝမ်တန်ဖေးသည် အရှေ့ဖက်တောင်ပေါ်ရှိ သူ၏ အင်မော်တယ်ဂူထဲတွင် လက်ကိုခပ်တင်းတင်းဆုပ်ထားရင်း ရပ်နေလေ၏။ တသုန်သုန်တိုက်ခတ်လာသော တောင်လေညင်းများကြောင့် သူ၏ ပျော့နွဲ့နွဲ့ဆံပင်ရှည်များသည်  လေထဲတွင် လူးလွန့်နေပြီး ဝတ်ရုံရှည်ကြီးမှာလည်း တစ်ရွှမ်းရွှမ်းမြည်လျက်ရှိနေသည်။ သူတွင် အရာခပ်သိမ်း အလွန်ပြီးပြည့်စုံနေပုံရသည် အထူးသဖြင့် ခြောက်ပစ်ကင်းသဲလဲစင်၍ အလွန်ချောမောလှပသော သူ၏ရုပ်ရည်သည် မိန်းမပျိုလေးများအဖို့ ရူးသွပ်စွဲလန်းစေနိုင်သည်မဟုတ်လား။

စင်စစ်အားဖြင့် သူ၏ ခေါင်းကလေး ဆတ်ခနဲ ညိတ်ပြလိုက်ရုံမျှနှင့်ပင်လျင် မှီခိုရာဂိုဏ်းမှ ကျင့်ကြံသူအမျိုးသမီးငယ်များမဆိုထားဘိ ကျိုးပြည် ကျင့်ကြံသူလောကတစ်ခုလုံးမှ မိန်းမပျို များပင်လျင် အရူးအမူးစွဲလန်းသွားစေနိုင်လောက်သည်။

သူ၏ သိမ်မွေ့နူးညံ့လွန်းသောမျက်လုံးများ၊ ဖော်ရွေကြည်သာတတ်သောသဘောထား၊ ကြော့ရှင်းလှပသောခန္ဓာအသွင်အပြင်၊ ဩချရလောက်အောင်ထူးကဲသောအရည်အချင်း၊ အဆင့်မြင့်လွန်းသောအတွင်းအား၊ အံ့သြမှင်သက်ဖွယ်ကောင်းသော မိသားစုနောက်ခံအသိုင်းအဝိုင်း ..... အို...စသည်တို့ကား သူသည် လူအများ၏ရိုသေလေးစားခြင်းကိုရရန်အတွက် ထိုက်တန်သူတစ်ယောက်ဖြစ်ကြောင်း သက်ခံလျက်ရှိသည်မဟုတ်ပါလား။ သူဟာ တကယ့်ကို ကောင်းကင်ဘုံမှ ကောင်းချီးရထားသူဖြစ်မည်။

ထိုနေရာတွင်ရပ်လျက်ရှိနေသော သူ၏ မျက်နှာပေါ်တွင် ဆွဲဆောင်နှစ်လိုဖွယ်ကောင်းလွန်လှသော အပြုံးတစ်ခုယှက်သန်းပြေးလွှားနေပြီး၊ သူငေးမောလျက်ရှိသော အဝေးမှကြယ်ပွင့်လေးများ၏ ကြယ်ရောင်များသည် သူ၏မျက်လုံးအိမ်ထဲ၌ ပြည့်နှက်တောက်ပနေသည်။ သူ၏ ဖောက်ထွင်းလုမတတ်သော အကြည့်သည် တောင်တန်းများ၏အလွန်ရှိ မိစ္ဆာသားရိုင်းများနှင့် ပကတိပြည့်နေသော တောင်နက်ကြီး ပေါ်သို့ တိုက်ရိုက်ကျဆင်းသွားသည်။

သူသည်အချိန်ကြာမြင့်စွာငေးကြည့်နေရင်းမှ မသိသာသောစိတ်လှုပ်ရှားမှုဖြင့် မျက်တောင်ကိုဖျတ်ခနဲခတ်လိုက်သည်။

“အချိန်ရောက်ကျပြီ” ဟုသူကပြောသည်။ သူ၏အပြုံးသည် ပေါ့ပါးနေဟန်ရှိသော်လည်း နှလုံးမှာမူတုန်လှုပ်နေသည်။ “ငါ သုံးနှစ်လောက်နီးနီး ရှေးဟောင်းမှတ်တမ်းကျမ်းတွေကို မွှေနှောက်ရှာဖွေခဲ့ရတယ်၊ ဒါပြီးနောက်တစ်နှစ်ကြတော့ ကျိုးပြည်တစ်ခုလုံး အထက်၊ အောက်မကျန်  ရှာဖွေခဲ့ရတယ်၊ ယုတ်စွအဆုံး ဒီမှီခိုရာဂိုဏ်းမှာ ၂နှစ်ကျော်ကျော်လောက် ထပ်စောင့်ခဲ့ရတယ်၊ နောက်ဆုံးတော့ ဒီနေ့ကိုရောက်လာခဲ့ပြီ၊ တောင်ပံပါတဲ့ မိုးနဂါးတစ်ကောင် မသေခင်လေးတင် ဒီကနေပျံသွားသွားပုံပဲ”

“ငါ့အတွက် အရေးအကြီးဆုံးအရာ ၂ခုလုံးက ဒီမှီခိုရာဂိုဏ်း နဲ့ပတ်သက်လိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့မိဘူး၊ ငါ့ရဲ့ကံကြမ္မာကို တကယ်ပဲ ဒီနေရာမှာ အကောင်အထည်ဖော်ရလေတော့မလား၊ အခုလက်ရှိကိစ္စဝိစ္စတွေပြီးသွားရင် ငါကအတွင်းစည်းတပည့်ဖြစ်လာပြီးငါ့အစီအစဉ်တွေက အခြေခိုင်လာတော့မှာ “ သူ၏အပြုံးက ပို၍ ပင်ထူးဆန်းလာလေသည်။

“အစ်ကိုကြီး ဝမ် ကျနော်တို့အဆင်သင့်ပါပဲ”ဟု  ဝမ်တန်ဖေးရဲ့နောက်တွင်ရပ်နေသောလူတစ်ယောက်က လှမ်းပြောသည်။ သူ၏ ကျင့်ကြံမှုအတွင်းအားအဆင့်မှာ စဦးချီဖွဲ့စည်းခြင်း အဆင့် ၅ တွင် ရှိသည်။ သူသည် အလွန်လေးစားသောအမူအရာဖြင့် စကားဆက်ပြော၏။  “အခြားဂိုဏ်းသားများလည်း အကိုကြီးပြောထားတဲ့အတိုင်း ရောက်နေကြပါပြီ ကျနော်တို့ကျိန်းသေ အောင်မြင်မှာပါ၊ ဆိုးတာက ရှန့်ကွမ်းစုန့်က အခုထိပြန်ရောက်မလာသေးဘူး ပြီးတော့ သူဘယ်ရောက်နေမှန်းကို ကျနော်တို့မသိဘူး၊ ဆရာဦးလေးရှန့်ကွမ်းကို သူဖိတ်ထား၊ မထား ဆိုတာမသေချာဘူး”။

“သိပ်ကောင်းတယ်”ဟု  ဝမ်တန်ဖေးက ကပြုံးရင်းပြောသည်။ “ငါတို့ဒီကိစ္စအတွက်ပြင်ဆင်နေတာကြာပြီ၊ ငါ့ကောက်ချက်အရတော့ ဒီမြွေမိစ္ဆာ ရဲ့ အရေခွံလဲနေတဲ့ ၂နှစ်ကာလက ပြီးခါနီးနေပြီ၊ ဒါလဲပြီးသွားတာနဲ့ သူရဲ့အင်အားအနည်းဆုံးအချိန်ပဲ”။

သူ့၏မျက်လုံးများကား အရောင်ပိုမိုတောက်ပလာလေသည်။ သူသည် ယခုအစီအရင်ကိစ္စများကို ပြင်ဆင်ရန်အတွက် နှစ်များစွာ အချိန်တွေပေးဆပ်ခဲ့ရယုံမျှမက အဖိုးတန်ရတနာပစ္စည်း ၄ ခုကိုလဲ တန်ကြေးအဖြစ်ပေးခဲ့ရသည့်အပြင် ထောင်နှင့်ချီသော ဝိညာဥ်ကျောက်တုံးများကိုလည်း ပေးခဲ့ရသေးသည်မဟုတ်ပါလား။ ၎င်းသည် သူ့လိုလူအတွက်ပင် တစ်ကြိမ်၊တစ်ခါသာပေးနိုင်သော စျေးနှုန်းတန်ကြေးမျိုးဖြစ်သည်။ ယခုအချိန်တွင်သူ၌ဘာတစ်ခုမျှမကျန်ရှိတော့ပေ။

“စိတ်ပူမနေပါနဲ့ အကိုကြီးဝမ်ရယ်၊ ကျနော်တို့ ကျိန်းသေပေါက်ကို အောင်မြင်မဲ့ဟာ၊ အမြုတေကိုရယူဖို့လာတဲ့ မင်းကို ဂိုဏ်းသားအငယ်တွေ က ဂုဏ်ပြုပေးမဲ့ဟာကိုသာ ခွင့်ပြုပေးလိုက်ပါ”

“အိုး...ဒါပေါ့ ငါတို့သေချာပေါက်အောင်မြင်ရမပေါ့၊ ငါဆိုတဲ့ ဝမ်တန်ဖေးက ဘယ်တုန်းကများရှုံးဖူးလိုလဲ” ဟုပြောပြီး ရယ်မောနေသည်။ သူ့၏ မျက်နှာပေးက ပိုမိုခန့်ညား တောက်ပလာခဲ့သည်။

အကယ်၍ ရှေးဟောင်းမှတ်တမ်းကျမ်းများသာ မှန်ကန်မည်ဆိုပါကသူ့ဘဝတစ်လျှောက်လုံး ကိုယ်နှင့်မကွာ ဆောင်ယူထားရမည့် အဖိုးအနဂ္ဃထိုက်ရတနာပစ္စည်းတစ်ခု နှင့် ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ရှေးဟောင်းအမွေအနှစ်တစ်ခု တို့ကိုယူဆောင်၍ပြန်လာရမည်ဖြစ်သည်။ စင်စစ်အားဖြင့် မိစ္ဆာသားရိုင်းအမြုတေသည် သူ၏စွမ်းအားအပြင်းထန်ဆုံးအချိန်တွင်သာ ရတနာဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။ ဤနှစ်ကုန်ပိုင်းလောက်တွင် ၎င်း၏ စွမ်းအားတဖြေးဖြေး နှင့်ကျဆင်းလာပြီး အာနိသင်ထက်မြက်မှုရှိနိုင်တော့မည်မဟုတ်ပေ။ သို့်သော်လည်း စဦးချီစတင်ဖွဲ့စည်းခြင်းအဆင့် (၆)မှ အဆင့်(၇)သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက်တော့ အထောက်အပံ့ပြုနေနိုင်သေးသည်။

“မနက်ဖြန် အရုဏ်တက်ချိန်လောက်မှာ ငါတို့တောင်နက်ကြီးစီကိုသွားမယ်” ဟု ဝမ်တန်ဖေးက သိမ်မွေ့စွာပြုံးရင်းပြောသည်။ အပြုံးနှင့်အတူ သူကလက်ယာလက်ကိုပွတ်လိုက်သည်။ အင်္ကျီလက်အောက်တွင် ဖုံးကွယ်နေသော အနီရောင်အမှတ်အသားတစ်ခုရှိသည်။ သူသည် ထိုအမှတ်သားကိုပွတ်သပ်နေရင်းက စိတ်လှုပ်ရှားမှုတွေနဲ့အတူ သူ့၏မျက်လုံးများကအရောင်တောက်ပလျက်ရှိနေသည်။

၎င်းသည် သူအသက်ခြောက်နှစ်အရွယ်ခန့်တွင် ကောင်းကင်ပေါ် မှ သူထံ ကျဆင်းလာသည့် သွေးစက်တစ်ခုမှ စွဲထင်ကျန်ရစ်နေခဲ့သည့် အမှတ်အသားတစ်ခုဖြစ်သည်။ ထိုသို့ဖြစ်ပြီး နောက်ရက်များတွင် သူသည်လေထဲ၌ပျံသန်းနေ၍ ကောင်းကင်ဘုံ၏ ဥသျှောင် ဖြစ်လာသည်ဟုသော အိပ်မက်များကိုသာဆက်တိုက် မက်နေခဲ့သည်။ ထို ညဏ်ပညာအမွေအနှစ်ဖြစ်သည့် သွေးစက်အမှတ်အသား နှင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ခန့်က မှတ်တမ်းအချက်အလက်များကို ပေါင်းစပ်လိုက်သောခြင်းဖြင့် ရရှိလာသောသဲလွန်စများကပင် သူ့ကိုယခုနေရာထိ ခေါ်ဆောင်လာခဲ့ပြီ မဟုတ်ပါလား။

“ဒီတစ်ကမ္ဘာလုံး မှာ ငါကလွဲပြီး ဒါမျိုးဘယ်သူလုပ်နိုင်ဦးမတဲ့လဲ ဘာဖြစ်လို့ဆို ဒီကမ္ဘာတစ်ခုလုံးလိုက်ရှာရင်တောင် နောက်ထပ်အတုမနိုင်ရှိတဲ့ သွေးစက်အမှတ်အသား ကို အမွေအဖြစ် ငါကရထားတာကိုး” ဟု ပြောရင်း အနက်ရောင်တောင်ဖက် ကိုစိုက်ကြည့်လိုက်သည်။ မျှော်လင့်ချက်များပြည့်လျှမ်းနေသော သူ၏အပြုံးမှာ ပိုမိုပီပြင်တောက်ပလာလေသည်။

“ဒီဟာက မှီခိုရာဂိုဏ်းချုပ်ရှိနေစဉ် ခေတ်ကာလတုန်းကသာဆိုလျှင် ဒီနဂါးကို သူထိန်းချုပ်နိုင်မယ်ဆိုတာ အသေအချာပဲ၊ ဒါပေမဲ့သူပျောက်နေတာ နှစ်ပေါင်း ၄၀၀လောက်တောင် ရှိနေပြီလေ၊ ဒါကိုက ငါ့အတွက်ကံကောင်းတာပဲ၊  ငါ့ကိုယ်တိုင်စုံစမ်းမှု နဲ့ ရှေးဟောင်းမှတ်တမ်းများအရဆို နဂါးက လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာလောက်မှာ ဒီနေရာကိုရောက်လာတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ရတနာပစ္စည်းများရဲ့ အရှိန်အဝါက ဖုံးနေလေတော့ လူအနည်းငယ်လောက်ကပဲ ဒီအကြာင်းကိုသိတော့တယ်လေ”။

ထိုနေရာသည် မှီခိုရာဂိုဏ်း၏ ပရဝဏ်အတွင်းရှိသည်မှန်သော်လည်း အလွန်အစွမ်းထက်သော အစီအရင်များဖြင့် ကန့်သတ်ထားသည်။ ယင်းနေရာ၏ အရှိန်အဝါသည် လူသိထင်ရှားထွက်ပေါ်လာခြင်းမရှိရုံမျှမက၊ ရှိခဲ့သည့်တိုင်အောင် မည်သူတစ်ဦးတစ်ယောက်ကမှ အာရုံခံသိနိုင်လိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် အဆိုပါ ပရဝဏ်နယ်ပယ်အတွင်း ဝင်ရောက်သွားနိုင်သည်ဆိုဦးတော့  သူတို့၏ စက္ခုအမြင်အာရုံကို မှော်အတတ်ဖြင့် ပိတ်ဆို့တားစီးထားသည်ဖြစ်ရာ မည်သည့်အရာကိုမှမြင်နိုင်စွမ်းရှိမည်မဟုတ်ပေ။

မြွေမိစ္ဆာသည် သာမန်အချိန်အများစုတွင်အိပ်မောကျနေလေ့ရှိပြီး ယခုကဲ့သို့ ဟိန်းဟောက်အော်ဟစ်သံများ ပေါ်ထွက်လာနေခြင်းသည် ၎င်း၏အရေခွံလဲနေသည့်ဖြစ်စဉ်ကြောင့်ပင်ဖြစ်သည်။

မြွေမိစ္ဆာအနေဖြင့် ထိုကဲ့သို့ အလုံးစုံအရေခွံလဲမှသာလျင် ကန့်သတ်ပိတ်ပင်နေမှုများကိုပျောက်ကွယ်သွားပြီး အန္တရာယ်ကင်းနိုင်လိမ့်မည်ဖြစ်သည်။ “ငါရဲ့ အမွေဖြစ်တဲ့ ဒီသွေးစက်အမှတ်ရဲ့  ကျေးဇူးကြောင့်သာ ဒီကိစ္စရပ်တွေအပေါ် အခုလိုနားလည်နေနိုင်ခြင်းပဲ၊ ဒီရဲ့တစ်ဝက်လောက်ကိုတောင် နားလည်နိုင်တဲ့သူ ရှိမှာကိုမဟုတ်ဘူး”။

“အဖိုးအနဂ္ယထိုက်ရတနာတွေ၊ ပြီးပြည့်စုံလွန်းတဲ့အမွေအနှစ်တွေ၊ အို အရာအားလုံးက ဒီက ဝမ်တန်ဖေးအတွက်ပဲဖြစ်နေရမယ်”

သူ၏အပြုံးမှာ ပို၍ကျယ်ပြန့်လာသည်။ ထို့နောက် သူ၏ဝတ်ရုံလက်ကို ဆတ်ခနဲ ခါရမ်းလိုက်ပြီး အင်မော်တယ်ဂူထဲသို့ ပြန်ဝင်လာသည်။ လရောင်မှာ သူစီကခွဲထွက်သွားရန်ဆန္ဒမရှိသည့်အလား သူ့ကိုယ်ပေါ်သို့စက်ဝိုင်းပုံစံ ဖြာကျနေသည်။ အဆိုပါ ဆန်းကြယ်လှသောမြင်ကွင်းမျိုးကို တစ်ခြားကျင့်ကြံသူတစ်ယောက်ကမြင်တွေ့ရမည်ဆိုလျင် သူ့အားပိုမိုကြည်ညိုကိုင်းရှိင်းလာမည်မှာ အသေအချာပင်ဖြစ်သည်။

နောက်တစ်နေ့ မနက်အရုဏ်လင်းချိန်ခန့်၌ဖြစ်သည် - တောင်နက်ကြီးပေါ်ရှိ ပျောက်လုမတတ်ဖြစ်နေသာ ပက်ကြားအက်အကြားတွင် မန်ဟိုတစ်ယောက်ရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြက်သွေးနီရောင်များ ဖြာထွက်လျက်ရှိနေသည်။ ချွေးစေးများမှာလည်း တစ်ကိုယ်လုံးလောင်းချထားသကဲ့ ရွဲရွဲစိုနေ၏။ မဲနက်သောအဆင်းရှိသည့် အညစ်အကြေးငွေ့များသည် သူ၏ချွေးပေါက်များမှတစ်ဆင့်အဆက်မပြတ် ယိုစိမ့်ကျလာနေသည်။

သူသည် ရက်ပေါင်းအတော်ကြာအောင် တရားထိုင်ကျင့်ကြံပြီးနောက် ယခုအခါတွင် မျက်လုံးကိုစတင်ဖွင့်ကြည်လိုက်၏။ အပြင်ဘက်ရှိ မြွေမိစ္ဆာကြီး၏ အော်ဟစ်ဟိန်းသံမှာလည်း ပို၍ပို၍ ပြင်းထန်လာလျက်ရှိနေသည်။ ဤသည်မှာ ၎င်း၏အရေးပါဆုံးအဆင့်ကိုရောက်ရှိနေဟန်တူသည်။

မန်ဟို မှာ အာရုံမပျံ့လွင့်ခြင်းမရှိဘဲ သူ၏ အတွင်းအားချီဓာတ်ကိုသာ အာရုံစိုက်၍လှည့်ပတ်နေစေခဲ့သည်။ သူသည် ကြိမ်ဖန်များစွာ တွန်း၍ကျင့်ကြံနေသော်လည်း စဦးချီဖွဲ့စည်းခြင်းအဆင့် ၄ ပြီးမြောက်ရန် အနည်းငယ်လိုနေသေးသည်။ သူ၏မျက်လုံးများမှာ ရဲတွတ်လျက်ရှိနေပြီး၊ ဝိညာဉ်ခြောက်သွေ့ဆေးလုံးများအား မျိုချခဲ့သည်မှာလည်း ၁၀လုံးပင်ရှိနေပင်ဖြစ်သည်။

ထို့နောက် သူ၏ခေါင်းထဲတွင် စတင်၍တဝီဝီမြည်လာပြီး ခန္ဓာကိုယ်မှာလည်းအလွန်တုန်ခါလှုပ်ယမ်းလာလေသည်။ အလွန်ကျယ်လောင်သောအသံကို ကြားနေရပြီး သူ၏ခန္ဓာကိုယ်မှာလည်း လေထဲ၍၌လွင့်မျောနေသော စက္ကူစလေးအလား ထင်လာရသည်။

ခန္ဓာကိုယ်အတွင်းပိုင်းရှိ ချီဓာတ်နှင့် သွေးကြောများမှာလည်း ကြည်လင်နေသောသလင်းကျောက်များ ကဲ့သို့တလက်လက်တောက်ပနေလေ၏။ သူခန္ဓာကိုယ်တွင်းရှိ လှည့်ပတ်လျက်ရှိသောသဘာဝစွမ်းအင်မှာလည်း အံချီးလောက်သော ရေကန်တစ်ခုကဲ့သို့ဖြစ်တည်လာခဲ့သည်။ ရေကန်ကြီးမဟုတ်စေကာမူ ရေကန်တစ်ခုကဲ့သို့ဖြစ်တည်လာခဲ့လေသည်။

မန်ဟို၏ အတွင်းသဏ္ဍာန်ရှိ ရေအိုင်မှာအတော်အတန်ခန့်ကြီးမားသည်။

စဦးချီဖွဲ့စည်းခြင်း အဆင့် ၅ ကိုရောက်ရှိသွားပြီဆိုတာကို မန်ဟိုသိလိုက်သည်။ ချီဓာတ်သည် လှည့်ပတ်စီးဆင်းနေသော်ငြားလည်း အားနည်း၍မတည်ငြိမ်သေးသော အောက်ခြေအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် စဦးချီဖွဲ့စည်းခြင်း အဆင့် ၅သည်ခက်ခဲ၍အရေးပါသော အပြောင်းအလဲ တစ်ခုဖြစ်သည်။ ဒုတိယတစ်ဆင့် အပြောင်းအလဲမှာ အဆင့်၇ ဖြစ်ပြီး ထို့နောက်တွင် အဆင့်၉ ဖြစ်သည်။

သူ၏ ဦးခေါင်းသည်အချိန်အတန်ကြာသည်အထိ တစီတစီမြည်နေခဲ့သည်။ နောက်ဆုံးတွင် မန်ဟို သည် သူ၏မျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ ၎င်းတိုကသည် အရင်ကကဲ့သို့ပင် တလက်လက်တောက်ပနေလေ၏။ ယခုသူသည် လေပေါ်လမ်းလျောက်ခြင်း ကျင့်စဉ်ကိုကျင့်ကြံနိုင်တော့မည်ဖြစ်သည်။ ၎င်းအတတ်ကို အဆင့်၄တွင်ပြီးမြောက်ခဲ့ပြီဖြစ်သော ဓားပျံများ နှင့်ပေါင်းစပ်လေ့ကျင့်နိုင်လျှင် လှုပ်ရှားမှု နှင့်တိုက်ခိုက်မှု နှစ်မျိုးလုံးအတွက် ပိုမိုကောင်းမွန်မြန်ဆန်လာလိမ့်မည်ဖြစ်သည်။

“ဝိညာဉ်ခြောက်သွေ့ဆေးလုံးရဲ့ အစွမ်းကတော့ သာမန်မဟုတ်ဘူးပဲ” ဟု သူ့ရှေ့ရှိ ဝိညာဉ်ခြောက်သွေ့ဆေးလုံး ၂လုံးကို စိုက်ကြည့်ရင်း မန်ထိုကပြောလိုက်သည်။ “ဒါပေမဲ့ သူ့မှာလဲကန့်သတ်ချက်ကတော့ရှိတာနေပဲ၊ သူတို့ကိုအများကြီးသုံးပြီးသွားရင် အရင်ဆေးလုံးတွေတုန်းကလိုပဲ အာနိသင်ထက်မြက်မှုကတော့နည်းလာမှာပဲ၊ စဦးချီဖွဲ့စည်းခြင်း အဆင့် ၆ ရောက်တဲ့အထိ ဒီဟာတွေကို သုံးလို့ရနိုင်ဦးမလား မသိဘူး.......” ထိုသို့စဉ်းစားနေရင်းနဲ့မှ သူ၏ အမူအရာများရုတ်တရက် ပြောင်းလဲသွားလေသည်။ မြွေမိစ္ဆာ၏ အော်ဟစ်ညဉ်းညူသံများက မြည်ဟိန်းထွက်လာလေသည်။ မန်ဟိုသည် ရှေ့ကို အသာအယာ ကိုင်းညွတ်၍ ပက်ကြားအက်၏အပြင်ဘက်ကို ကြည့်လိုက်သည်။

သူကြည့်လိုက်ပြီးနောက် မျက်လုံးသူငယ်အိမ်ကို ညှစ်၍ပိတ်လိုက်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။

တောင်ထိပ်မှ မနီးမဝေးတွင် ကောင်းကင်ဘုံကကောင်းချီးပေးခံထားရသည့်အလား ပြည့်စုံကြော့ရှင်းလှသောခန္ဓာကိုယ်ဖြင့် သာမန်ထက်လွန်ကဲလှပလွန်းနေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်ရှိနေသည်။ ရွှေရောင်ဓားပျံများက သူ့ပတ်ပတ်လည်တွင်ဝန်းရံနေပြီး အဆိုပါလူငယ်နှင့် မြွေမိစ္ဆာတို့တိုက်ခိုက်နေသော ဝန်းကျင်တွင် လေများကလည်း အပြင်းအထန်တိုက်ခတ်လျက်ရှိနေသည်။

မှန်၏။ ဝန်တန်ဖေး မှလွဲ၍ အခြားသူမဟုတ်ပေ။

သူ၏ တည်ငြိမ်အေးဆေးသောမျက်လုံး၊ နှစ်လိုဖွယ်ရှိမှု၊ ဖော်ရွေကြည်သာတတ်သော မျက်လုံးတို့က သူ့ကို နေတစ်စင်းပင်အလားထင်ရပေသည်။ သူ၏ ဘေးပတ်လည်ရှိ အရိပ်မည်းများကိုဖယ်ရှားသုတ်သင်ပစ်နိုင်လောက်အောင်  ရွှန်းလဲ့တောက်ပနေဟန်ရှိသည်။

သူ၏လှုပ်ရှားမှုတိုင်းကို ကောင်းကင်ကအတည်ပြုပေးနေသယောင် သူ၏တိုက်ခိုက်တိုင်းက ပြီးပြည့်စုံနေပေသည်။

လူ ၉ယောက်က သူ့ကိုဝန်းရံထားပြီး ထိုအထဲကတစ်ယောက်မှာ ရှန့်ကွမ်ရှိးဖြစ်သည်။သူ၏ ဝတ်ရုံလက်ကို ဆတ်ခနဲလှုပ်ရှားလိုက်ပြီး မြွေမိစ္ဆာအားတိုက်ခိုက်မှုကို ဦးဆောင်လိုက်သည်။ ကျန်သူများအားလုံးနီးပါးမှာ စဦးချီဖွဲ့စည်းခြင်း အဆင့် ၇ သို့မဟုတ် ၎င်းနှင့်အထက်တွင်ရှိကြသည်။ သူတို့အားလုံးမှာ မန်ဟို တစ်ခါမျှမမြင်ဘူးသော သူစိမ်းများဖြစ်ကြသည်။ သူတို့အားလုံးသည် မြွေမိစ္ဆာကို ဝိုင်းရံလိုက်ကြပြီး သတ်ရန်ကြိုးစားကြလေ၏။ မြည်ဟည်းသံကြီးထွက်လာပြီး

မြွေမိစ္ဆာသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသော ဟိန်းသောက်သံကြီးဖြင့် အော်ဟစ်‌နေလေ၏။

မန်ဟို သည် ဝန်တန်ဖေးကိုကြည့်ပြီး ကြွက်သားများပင် မလှုပ်ရှားနိုင်တော့ပေ။ သို့သာ် သူမျက်လုံးအတွင်းပိုင်းတွင် မှောင်မိုက်သောအသွင်တစ်ခုက တဖြေးဖြေးကြီးထွားလာခဲ့သော်လည်း နူးညံ့သိမ့်မွေ့ခြင်းကိုပြန်လည်အစားထိုးခဲ့၏။

အချိန်တိုအတွင်းမှာပင် မြွေမိစ္ဆာ၏ မြည်းကြွေးသံများက ပို၍ပို၍ စိတ်မချမ်းမြေ့ဖွယ်ဖြစ်လာပြီး ၎င်း၏ခန္ဓာတစ်ခုလုံးမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေလေသည်။ နေရာတိုင်းတွင် သွေးအလိမ်းလိမ်းဖြင့် ပြည့်နှက်၏။ ၎င်းသည် အမှန်တကယ်ပင် အားအနည်းဆုံးအခြေအနေ ဖြစ်ပေလိမ့်မည်။

၎င်းအားဝိုင်းထားသော ကျင့်ကြံသူများပင် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြသည်။ ဝမ်တန်ဖေး၏ အလွန်ပြီးပြည့်စုံသော အပြုံးဖြင့်ပြုံးလိုက်ပြီး သူ၏မျက်လုံးများ၌ကား မသိမြင်နိုင်သော စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေလေ၏။

ရုတ်တရက် ဝိုင်းရံထားသည့် တောင်ကိုးလုံး၏ထိပ်မှ တောက်ပသောငွေရောင်အလင်းများ ရစ်ပတ်ခွေထွက်လာပြီး အတူတကွပေါင်းစည်းသွားကာ အစီအရင်တစ်ခုကိုဖန်တီးလိုက်ကြသည်။ အဆိုပါအစီအရင်သည် လေထဲတွင် လူးလွန့်နေရင်းမှ မရေမတွက်နိုင်သော ငွေရောင်ချည်မျှင်များအဖြစ် ကွဲထွက်သွားသည်။ ထို့နောက် ငွေရောင်မြူခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး မြေပြင်စီသို့ ဦးတည်ပို့လွှတ်လိုက်လေတော့၏။ သူတို့သည် မြွေမိစ္ဆာကို ချိတ်ပိတ်ဖို့ပြင်ဆင်နေပုံရ၏။

သို့သော်ထိုအချိန်၌ပင် မြွေမိစ္ဆာသည် ကောင်းကင်သို့မော့ကြည့်လိုက်ပြီး မြည်ဟည်းသံကြီးဖြင့် ဟိန်းဟောက်လိုက်လေသည်၊ ၎င်းဟိန်းဟောက်သံကြီးကြောင့် တောင်နက်ကြီးရှိအရာအားလုံး လှုပ်ခါရမ်းသွားလေတော့သည်။ ရုတ်တရက်ဆိုသလို မြွေမိစ္ဆာ၏ ဦးခေါင်းထက်မှ သားရဲ၏ဝိညာဉ်ပုံရိပ်ကြီး ပေါ်ထွက်လာလေသည်။

ထိုသတ္တဝါကြီးသည် ကြီးမားကျယ်ပြန့်သောအတောင်ပံများနှင့် ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းကြီးရှိပြီး အနီရောင်တောက်ပနေလေသည်။ ၎င်း၏ချွန်ထက်သော ခြေသည်းများကစူးရှတောက်ပနေပြီး ရှည်လျားသောအမြီးလည်းရှိ၏။

ရုတ်တရက် ချက်ချင်းဆိုသလိုထွက်ပေါ်လာသော ဝိညာဉ်ပုံရိပ်ကြောင့် ကောင်းကင်ရှိလေထုမှာလည်းအရောင်ပြောင်းလာသကဲ့သို့ထင်ရသည်။ အားလုံး၏ မျက်နှာများပေါ်တွင် အံ့အားသင့်သောအမူအရာများဖြစ်ပေါ်လာသည်။ ဝန်တန်ဖေး၏ မျက်လုံးထဲမှာပင်လျင် စိတ်လှုပ်ရှားသည့်အရိပ်အယောင်များ ဖြစ်ပေါ်လာလေ၏။ ကံကောင်းထောက်မစွာပင် ဝိညာဉ်ပုံရိပ်သည် တစ်ခဏမျှသာပေါ်လာပြီး ထို့နောက်ပျောက်ကွယ်သွားသည်။

ဝိညာဉ်ပုံရိပ် ပျောက်ကွယ်သွားသောအခါ မြွေမိစ္ဆာသည် နက်ရှိုင်းသော ပက်ကြားအက် မှထွက်ပေါ်လာသည်။  ၎င်း၏ ခန္ဓာကိုယ်သည်ပြောင်လက်ချောမွတ်နေသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးဖြင့် ခြိမ်းခြောက်လိုက်ပြီး ပါးစပ်အတွင်းမှ နီညိုရောင်အခိုးအငွေ့များကို အရပ်ရှစ်မျက်နှာသို့ မှုတ်ထုတ်လိုက်သည်။ ကျင့်ကြံသူများသည် ထိုအရာများကို ရှောင်ရှားနိုင်ခြင်းမရှိပေ၊ ဝန်တန်ဖေးပင်လျင် ရှောင်ရှားနိုင်ခြင်းမရှိ။ ထိုမီးခိုးများ ပတ်ရံလာသောအခါတွင် သူတို့သည် အကူအညီမဲ့နေသကဲ့သို့ကြည့်လိုက်ကြ၏။ ထို့နောက် အဝေးတစ်နေရာသို့ ပစ်ခတ်တိုက်ခိုက်လိုက်ကြ၏။ ထိုသို့ တိုက်ခိုက်မှုအကျိုးဆက်ကြောင့်ပင် ငွေရောင်အခိုးအငွေ့များ မိုးကောင်းကင်ယံ မှကျလာလေသည်။ ထိုအငွေ့များသည် မြွေမိစ္ဆာ၏ အပေါ်သာမက  ဝန်တန်ဖေးနှင့် တစ်ခြားသူများအပေါ်သို့ပါ ကျရောက်လာခဲ့လေသည်။

ငွေရောင်အခိုးအငွေ့များသည် သူတို့အပေါ်သို့သက်ဆင်းလာသည်နှင့်အမျှ မန်ဟို ၏ စိတ်နှလုံးသည် တဒုတ်ဒုတ်ဖြင့် စတင်တုန်လာသည်။ ဒီအရင်ကသူဟာ မြွေမိစ္ဆာ၏ ခန္ဓာကိုယ်တွင်စိုက်ဝင်လျက်ရှိနေသော ဓားတစ်ချောင်းကို မြင်တွေ့ဖူးသော်လည်း ယခုအချိန်တွင် ထိုဓားကို မည်သည့်နေရာတွင်မှ ရှာတွေ့ခြင်းမရှိ။သူသည် အနည်းငယ်မျှဆိုင်းတွခြင်းမရှိဘဲ သူ့ဘဝ၏ လှုပ်ရှားဖူးသမျှထဲတွင် အမြန်ဆုံးသောလှုပ်ရှားမှုဖြင့် ဓားပျံပေါ်သို့ခုန်ချလိုက်ပြီး တောင်ထိပ်ပေါ်သို့ ပစ်လွှတ်လိုက်သည်။

“သွား၊ သွား၊ သွား”ဟု မန်ဟိုက အသက်ရှုရင်းပြောသည်။ သူသည် လေထဲ၌ပျံ့နှံနေသော ထူး ခြားသည့်အခိုးအငွေ့များကိုဂရုမစိုက်၊ ဘေးကင်းမှုအတွက်ပင် အလေးမထားဘဲ ဂူနှင့်အလားသဏ္ဍန်တူနေသော ပက်ကြားအက်ကြီးစီသို့ တဟုန်ထိုးဝင်ရောက်တိုက်ခိုက်လိုက်သည်။ ဂူ၏အတွင်းပိုင်းသို့ရောက်သောအခါ အလွန်ကြီးမားသော မြွေအရေခွံကြီးကိုတွေ့ရပြီး ၎င်းကို ထိုးစိုက်ထားသော သေးငယ်သည့် ရှေးကျဟန်ရှိသောဓားတစ်ချောင်းကိုတွေ့ရ၏။

သူသည် တုန့်ဆိုင်းနေခြင်းမရှိဘဲ ဓားကို ဆွဲနှုတ်လိုက်သည်။ သူ၏နှလုံးသားများက တဒုတ်ဒုတ်ခုန်နေပြီး မျက်နှာမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် နီမြန်းနေလေ၏။ သူသည် ဤနေရာမှာထွက်ခွာခါနည်း အချိန်မှာပင် သူ့မျက်လုံးများပြူး ပြာသွားသည်။ သူ၏စိတ်လှုပ်ရှားမှုအဆင့်မှာ အလွန် ပြင်းထန်နေသော်လည်း ပင့်သက်တော့ရှိုက်နေနိုင်သေးသည်။အမှန်အားဖြင့် ထိုအရာသည် မြွေအရေခွံ အပြင်၊ အခြားတစ်စုံတစ်ခုလဲ ဖြစ်နေသေးသည်။ သူ့ဘဝတွင် သည်မတိုင်ခင် တစ်ခါမျှပင်မြင်ဘူးခဲ့ခြင်းမရှိသော ထိုတစ်စုံတစ်ရာကို မြင်ပြီး မန်ဟိုသည်အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။

ထိုအရာသည် သတ္တဝါကြီးတစ်ကောင်၏ အလောင်းဖြစ်သည်။ အလွန်ကိုကြီးမားသော ရှုံတွနေသည့်အလောင်းဖြစ်ပြီး မီတာရာပေါင်းများစွာ ရှည်လျားသည်။ တောင်နက်ကြီး၏ အတွင်းပိုင်းသည် လှိုဏ်အခေါင်းပေါက်ဖြစ်ဟန်တူပြီး ၎င်း၏ထက်ဝက်ကျော်ခန့်သည် သတ္တဝါကြီး၏ အလောင်းသည် နှင့်ပြည့်နေ၏။

အများအားဖြင့် တစ်စစီဖြစ်နေသော ဧရာမအတောင်ပံကြီးကိုလဲ မြင်တွေ့ရသည်။ သေဆုံးနေပြီဖြစ်သော်လည်း သတ္တဝါကြီး၏ ကြောက်ရွံဖွယ် ဧရာမ ဦးခေါင်းကြီးမှာ အလွန်ကို ထိတ်လန့်ဖွယ်ရာ ကောင်းနေသည်။ ဤသတ္တဝါကြီး၏ အသွင်အပြင်မှာ ယခင်မြွေမိစ္ဆာတိုက်ခိုက်စဥ်ကပေါ်လာသော ဝိညာဥ်ပုံရိပ်နှင့် အလားသဏ္ဍန်တူ၏။ စစ်စစ်အားဖြင့် မြွေမိစ္ဆာဆိုသည်မှာ ဤသတ္တဝါကြီး၏အမြီးပိုင်းဖြစ်သည်။

“အမြီးက မိစ္ဆာဖြစ်လာတယ်” ဟု မန်ဟိုက ရူးသွပ်စွာပြောသည်။ “ဒီမိစ္ဆာသားရိုင်းကဘာလဲ…တကယ်လို့ မိစ္ဆာသားရိုင်းသာမှန်ရင် သူ့မှာ အမြုတေကတော့ရှိမှာအမှန်ပဲ” ဟုပြောရင်း အံကိုတင်းတင်းကြိတ်ထားသည်။ မိစ္ဆာသားရိုင်းအမြုတေများကိုစုဆောင်းဖူးသည့် သူ၏ အတွေ့အကြုံအရ မိစ္ဆာသားရိုင်းအမြုတေသည် သတ္တဝါ၏ ဝမ်းဗိုက်ပိုင်းတွင် တည်ရှိနေမည်မဟုတ်ဘဲ အများအားဖြင့် ဦးခေါင်းပိုင်းတွင်သာတည်ရှိနေတတ်၏။ သူသည် သတ္တဝါကြီး၏ ကြောက်မက်ဖွယ်ဦးခေါင်းစီသို့ တဟုန်ထိုးပြေးသွားလိုက်ပြီး ရှေးဟောင်းဓားဖြင့် တစ်အားကုန်လွှဲ၍ ဦးခေါင်းကိုပိုင်းလိုက်သည်။ သေချာပါသည်။ အတွင်းတွင် ခြောက်သွေ့ရှုံတွနေသော မိစ္ဆာသားရိုင်းအမြုတေ ရှိနေ၏။ သူ ၎င်းအရာကို ကောက်ယူလိုက်ပြီး ဤနေရာမှာထွက်ခွာရန်ပြင်လိုက်၏။ ရုတ်တရက် သူ့နှလုံးတောင့်တင်းသွားသည်။ လက်ရှိအနေအထားတွင် သတ္တဝါကြီး၏ ဦးခေါင်းအောက်ရှိ အလောင်းကြီးကောင်မှာ ယခုအခါ အရိုးစုသာရှိနေတော့သည်က်ို သူမြင်လိုက်ရ၏။

အရိုးစုသည် သတ္တဝါကြီး၏ဦးခေါင်းအောက်တွင် နှစ်ပေါင်းမည်မျှကြာအောင် ရှိနေနိုင်မည်ကို အဘယ်သူကသိအံ့နည်း။  အရိုးစု၏ဘေးတွင် ရွှေရောင်သို လှောင်အိတ်တစ်လုံးကိုတွေ့လိုက်ရသည်။ သွေးတွေဆူပွက်သွားသည်။ ရုတ်တရက်ဆိုလိုသူ့အတွက် ကံကောင်းမှုတွေ အစုလိုက်အပြုံလိုက် ဤနေရာကိုရောက်ရှိလာသည်ဟု မန်ဟို ခံစားလိုက်ရသည်။ သူသည် ဓားတစ်ချောင်း၊ မိစ္ဆာသားရိုင်းအမြုတေ၊

ယခု ရွှေရောင်သိုလှောင်အိတ်တစ်လုံး ကို စုဆောင်းရရှိခဲ့သည်။ သူသည် ထိုအရာကို ဆတ်ခနဲ ကောက်ယူလိုက်ကာ လေကဲ့သို့သောအလျင်ဖြင့် ဂူထဲကထွက်ပြီးတောင်အောက်ကိုဆင်းလာခဲ့သည်။

သူစိတ်ထဲမှာ မယုံနိုင်လောက်သော စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ပေါ့။

“ ပွပေါက်တွေ ငါ့ဆီရောက်လာတာပဲ။ ဒီတစ်ခါတော့ ပွပေါက်တွေက ကြံကြံဖန်ဖန်နဲ့ကို ငါ့ဆီရောက်လာတာပဲ”

မန်ဟိုသည် တောင်ပေါ်ကဆင်းလာပြီးနောက်၊ လူ ၁၀ယောက်လောက်ပင် အသက်ရှု၍ရနိုင်လောက်သောအကျယ်အဝန်းရှိသည့် ဂူတစ်ဂူအတွင်းထဲသို့ဝင်ရောက်လိုက်သည်။

မန်ဟို၏ အရိပ်ကွယ်ပျောက်သွားချိန်မှာတွင် ကောင်းကင်ယံ၌ အုံမှိုင်းချိတ်ဆွဲထားသော ငွေရောင်သဏ္ဍာန်မြူခိုး များသည် အောက်ဖက်သို့ သက်ဆင်းလာလေ၏။ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ဝမ်တန်ဖေးသည် သူ၏ဝတ်ရုံကိုခါယမ်းလိုက်ရင်း ကောင်းကင်မှ ဖြေးဖြေးချင်း ဆင်းလာခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို ခတ္တခဏမျှ ဝေ့ဝိုက်ကြည့်ပြီး  လိုဏ်ဂူစီသို့ ဦးတည်သွားလေတော့သည်။

***

All Chapters