အပိုင်း (၁၈၁)
Vol. 13 Ch. 181
နောက်တစ်ကြိမ်ထပ်မံ၍ ရှစ်ဖုန့်၏ခန္ဓာကိုယ်အား အကန့်သတ်မဲ့ အနက်ရောင်ဓားချီများကဖုံးလွှမ်းသွားသည်။ ရှစ်ဖုန့်၏နှလုံးသားထဲတွင် အလွန်ပြင်းထန်သော အန္တရာယ် ခံစားသိရှိမှုတစ်ခုက မြင့်တက်လာသည်။
သူသွေးဓားကိုထပ်ကာထပ်ကာ ဝေ့ယမ်း၍ အဖြူရောင်ဓားရိပ်များကိုဆက်တိုက်ဖန်တီးနေသည်။ ဤအချိန်တွင် မိန်းကလေးတစ်ယောက်၏ နာကျင်စွာအော်ဟစ်သံက အဝေးမှထွက်ပေါ်လာ၏။
“ရှင် ရှစ်ဖုန့်ကိုထိခိုက်အောင်လုပ်လို့မရဘူး…ရှင်လုပ်လို့မရဘူး”
မိန်းကလေး၏ အော်ဟစ်သံနှင့်အတူ ရှစ်ဖုန့်၏ ဝန်းကျင်ရှိ များပြားလှသော သားသတ်ဓားများက ရုတ်တရက် အနက်ရောင်မီးခိုးမျှင်များအဖြစ်သို့ပြောင်းလဲ
သွားသည်။ ရှစ်ဖုန့်က သူ၏ ဓားအားတစ်ချက်ဝေ့ယမ်းလိုက်သောအခါတွင် အနက်ရောင်မီးခိုးမျှင်များအားလုံးပျောက်ကွယ်သွားခဲ့သည်။
ရှစ်ဖုန့်နှင့်သိပ်မဝေးလှသော ပင်လယ်မျက်နှာပြင်ထက်တွင် မိန်းမငယ်လေးတစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။ လီရူမှာ သွေးပင်လယ်ပေါ်တွင်ဒူးထောက်နေပြီး သူမ၏ တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ တဆက်ဆက်တုန်ရင်နေ၏။ သူမက သူမ၏ ဦးခေါင်းအား လက်နှစ်ဖက်လုံးဖြင့်ကိုင်ထားပြီး သူမ၏ ပုံစံမှာနှိပ်စက်မှုပေါင်းများစွာကို
ခံစားနေရသကဲ့သို့ အပြင်းအထန်နာကျင်မှုကိုခံစားနေရသည့်ပုံပေါ်သည်။ သူမက ကောင်းကင်ထက်သို့မော့ကာ တုန်ယင်နေသော အသံဖြင့်အော်ဟစ်လိုက်သည်။
“ကျွန်မရှင့်ကို ရှစ်ဖုန့်ကိုထပ်ပြီးတော့ထိခိုက်အောင်လုပ်ခွင့်မ
ပြုနိုင်ဘူး….လုံးဝကို မရဘူး..ရှစ်ဖုန့်က ကျွန်မဘဝမှာ ကျွန်မအချစ်ရဆုံးသောသူပဲ”
ချက်ခြင်း လီရူ၏ မျက်နှာမှာ ကြမ်းကြုတ်မှုအဖြစ်သို့ပြောင်းလဲသွားသည်။ သူမကအော်ဟစ်လိုက်သည်။
“အပျက်မ ….ဘယ်လိုတောင်ငါ့ကိုထပ်ပြီးအာခံရဲတာလဲ..နင့်အဖေကိုငါသတ်တုံးကတောင် နင်ပြင်းပြင်းထန်ထန်မခုခံခဲ့ဘူး..သူက ကောင်ချောလေးသက်သက်ပဲ…သူသာငါ့အစာဖြစ်လာပြီးရင် နင့်အတွက် သောက်လိင်ဆက်ဆံဖို့ အပျော်လင်ချောလေးတွေ တစ်ပြုတ်ကြီးကိုငါဖမ်းပေးမယ်”
“ဘယ်လိုလုပ်ပြီးတစ်ခြားယောက်ျားတွေက ရှစ်ဖုန့်နဲ့ နှိုင်းယှဉ်လို့ရမှာလဲ…ကျွန်မနှလုံးသားထဲမှာရှစ်ဖုန့်ပဲရှိတာ ကျွန်မသူ့ကိုပဲချစ်တယ်”
လီရူကစိတ်ပိုင်းဖြတ်ထားသောအသံမျိုးဖြင့်
အော်ပြောလိုက်သည်။
လီရူ၏ ရေရွတ်သံများက ရှစ်ဖုန့်၏နားထဲသို့လည်းအစကတည်းကရောက်နှင့်နေပြီးဖြစ်သည်။ သူမနှင့် မိစ္ဆာသတ္တဝါတို့ကြားက စကားများအား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်သည်လည်း အံ့အားသင့်သွားရသည်။ ဤအမျိုးသမီးအနေဖြင့် အဘယ့်ကြောင့်သူ့အား ဤမျှအထိ ချစ်ခင်နှစ်သက်နေမှန်းကိုသူနားမလည်နိုင်ပေ။ သူမ၏ နှလုံးသားထဲတွင် သူမအကိုယန်ကျုံးတစ်ယောက်တည်းသာ ရှိနေခြင်း မဟုတ်ပါလော။ ထိုအချိန်က သူမ၌ အကိုယန်ကျုံးတစ်ယောက်တည်းသာရှိသည်ဟုပြောခဲ့ပြီး နောက် သူအားရိုက်နှက်ရန်အတွက် သူမက အကိုယန်ကျုံးဆိုသူကိုခေါ်လာခဲ့လေသည်။
သို့သော် ဤမိစ္ဆာစိတ်ဝိညာဉ်က အခြားသော ဝိညာဉ်သိမ်းပိုက်သည့်အမျိုးအစားများနှင့် ကွဲပြားနေသည်ကိုရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။ အခြားသော ဝိညာဉ်သိမ်းပိုင်သည့်အမျိုးအစားများမှာ အားနည်းသည့်ဝိညာဉ်များကိုတိုက်ရိုက်သတ်ပစ်ပြီး ခန္ဓာကိုယ်ကိုသိမ်းပိုက်ကြခြင်းဖြစ်သည်။ သို့သော် ဤမိစ္ဆာစိတ်ဝိညာဉ်ကတော့ တစ်ခြားသူများ၏ ခန္ဓာကိုယ်အတွင်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် ထိုသူတို့၏ ဝိညာဉ်ကို ထိန်းချုပ်လေသည်။ ဤမိစ္ဆာစိတ်ဝိညာဉ်က အတိအကျဆိုလျှင်ဘာများဖြစ်နိုင်မည်နည်း။
၎င်းကဘာပဲဖြစ်နေပါစေ သူ့အနေဖြင့် ၎င်းအားသတ်ရန်အတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်သင့်သည်ဖြစ်သည်။ ထို့နောက်တွင် အဖြူရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ ကိုယ်၌ ရုတ်တရက်ပေါ်လာသည်။ သွေးပင်လယ်အတွင်းမှ များပြားလှသော သွေးများအား ဝါးမျိုပြီးသည့်နောက်တွင် သူ့အနေဖြင့် နောက်ဆုံး၌ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီး ကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်အဆင့်မှ ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည်ဖြစ်သည်။
သွေးများအား ဝါးမျိုနေမှုက ရပ်တန့်ခြင့်းမှရှိခဲ့ပေ။ ကောင်းကင်မီးတောက်အပြင်ထက်ပေါင်းရလျှင် သွေးဓားနှင့်သွေးလစန္ဒြာသားရဲတို့ကလည်း သွေးများကိုစတင်၍ ဝါးမျိုစုပ်ယူနေသည်။ အဆင့်ငါးအဆင့်သို့တက်လှမ်းပြီးသည့်နောက်တွင် သွေးဓားမှာ ရွှမ်းအဆင့်လက်နက်တစ်ခုဖြစ်လာခဲ့သည်။ ထို့နောက်တွင် ၎င်းအနေဖြင့် ရှစ်ဖုန့်ထုတ်ဖော်သော ဓားပညာရပ်များကို အပြည့်အဝထုတ်လွှတ်နိုင်စွမ်းရှိလာလိမ့်မည်ဖြစ်လေသည်။
ရှစ်ဖုန့်က နောက်တစ်ကြိမ်ထပ်မံ၍ လီရူရှိရာသွေးပင်လယ်ထံသို့ ဦးတည်လိုက်သည်။ အခြားတစ်ဖက်ခြမ်းတွင်လီရူမှာ ရှစ်ဖုန့်ချဉ်းကပ်လာသည်ကိုမြင်လိုက်ရသောအခါတွင် ကြမ်းကြုတ်စွာအော်ဟစ်လိုက်သည်။
“အပျက်မ..မြန်မြန်လေး နင့်ဝိညာဉ်ကိုလွှတ်လိုက်စမ်း.. မဟုတ်ရင် ဒီအရှင်က နင့်ဆန္ဒအတိုင်း နင့်ကိုသေအောင်လုပ်ပေးလိုက်မယ်”
“အား”
သူမ၏ ဝိညဉ်ကတော်တော်လေးကိုနာကျင်ခံစားနေရသကဲ့သို့လီရူမှာငယ်သံပါအောင်အော်ဟစ်နေ
သည်။
“ဟင့်အင်း.ကျွန်မရှင့်ရှစ်ဖုန့်ကိုထပ်ပြီးနာကျင်
အောင်လုပ်မှာကို ခွင့်ပြုမပေးနိုင်ဘူး “
လီရူ၏ အမူအယာကနာကျင်မှုတို့ကိုခံစားနေရသော်
လည်းသူမကခေါင်းမာစွာ
ဖြင့်အော်ပြောလိုက်သည်။
“သောက်ချီးပဲ..သောက်ခွေးမ..အပျက်မ.. အဲ့သူတောင်းစားက နင့်ကိုယ်ကိုဖျက်ဆီးလိုက်တာနဲ့ နင်ရောငါရောနှစ်ယောက်လုံးသူ့ရဲ့ဓားချက်
အောက်မှာသေရမှာ အဲ့ခွေးကောင်က နင့်ကိုတကယ်များချစ်တယ်လို့ထင်နေတာလား… သူကနင့်မိသားစုက ဝက်တွေမွေးမြူတာကိုပဲမြင်တဲ့ကောင်.. သူ့မိသားစုကဆင်းရဲတယ်… နင့်ကိုအဲ့လိုပြောမှာသူ့ကနင်နဲ့အတူဝက်သားတွေစားနိုင်မှာမို့နင့်ကို ချစ်တယ်ပြောနေတာ”
သူမကထပ်မံ၍ ပြင်းထန်ကြမ်းကြုတ်စွာအော်ငေါက်လိုက်သည်။
“မဟုတ်ဖူး..အဲ့ညက လမင်းကလုံးဝကိုပြည့်နေခဲ့တာ ..ရှစ်ဖုန့်က သူကျွန်မကို တကယ်ချစ်တာလို့ပြောခဲ့တယ်.. သူတစ်ဘဝလုံးကျွန်မကသာသူ့ရဲ့နှလုံးသားထဲ
မှာ ရှိနေတဲ့သူပဲ… ပြီးတော့ ကျွန်မကလည်းသူ့ကိုချစ်နေမိပြီ …ကျွန်မချစ်ရတဲသူအတွက်ဆိုရင် ကျွန်မသေရမယ်ဆိုရင်တောင် အဲ့တာက ဘာမှမဟုတ်ဖူး…. အဲ့တာထက် အခုကျွန်မအတွက်လိုနေတာလည်းသေခြင်းတရားပဲ.. ရှင်က နတ်ဆိုးကောင်… ရှင်ကျွန်မအဖေကိုသတ်ခဲ့တဲ့အပြင်အခုလည်း ကျွန်မအချစ်ဆုံးလူတစ်ယောက်ကိုသတ်ချင်နေ
ပြန်ပီ.. ရှင့်ကိုကျွန်မထပ်ပြီးတော့ အဲ့လိုဖြစ်ခွင့်မပေးနိုင်ဘူး..”
လီရူက နာကျင်မှုများထဲမှနေ၍ ငြင်းခုန်ပြောဆိုနေသည်။ သူမကအပြင်းအထန်ကိုရုန်းကန်နေဆဲဖြစ်သည်။ သူမထံသို့တစ်ဟုန်ထိုးချဉ်းကပ်လာသော ရှစ်ဖုန့်ကိုကြည့်နေရင်းသူမက ရှစ်ဖုန့်အားအော်ပြောလိုက်သည်။
“ရှစ်ဖုန့် ငါ့ကိုသတ်လိုက်..ငါ့နင့်အတွက်သေဖို့ဆန္ဒ
ရှိတယ်.. ငါနင်ထပ်ပြီးတော့နာကျင်ရတာကို မကြည့်ချင်တော့ဘူး… ရှစ်ဖုန့် ငါနင့်ကိုချစ်တယ်”
ထို “ရှစ်ဖုန့် ငါနင့်ကိုချစ်တယ်” ဟူသောစကားက ရှစ်ဖုန့်အားလည်းသွေးပင်လယ်အတွင်းသို့ပြုတ်ကျလုနီးပါးဖြစ်သွားစေသည့်အထိကို တုန်လှုပ်အံ့အားသင့်သွားစေသည်။
“ဒါက..မဖြစ်နိုင်တာကြီး”
ရှစ်ဖုန့်အံ့အားသင့်သွားခဲ့သည်။ ဘယ်အချိန်ကများဤအမျိုးသမီးသူ့အား အရမ်းကို ချစ်ခင်စုံမက်သွားရပါသနည်း။
ထိုထက်ပိုသည်ကား သူမသည် ဝေဒနာပြင်းထန်သောနာကျင်မှုကို သည်းခံပြီး သူမ၏ ဝိညာဉ်အတွင်းရှိမိစ္ဆာကိုခုခံရန် ဆန္ဒရှိနေသည်။ လီရူ၏ ဝိညာဉ်မှာသာမန်ဝိညာဉ်တစ်ခုသာဖြစ်ပြီး သူမယခုခံစားနေရသည့် ဝေဒနာပြင်းထန်သောနာကျင်မှုမှာ မိစ္ဆာစိတ်ဝိညာဉ်တစ်ခုက သူမ၏ ဝိညာဉ်အားဝါးမျိုစဉ်ခံစားရမှုမျိုးနှင့်နှိုင်းယှဉ်၍ရ
ကြောင်းကို ရှစ်ဖုန့်နားလည်သည်။
“ထားလိုက်ပါ…မင်းကငါနဲ့အသိအကျွမ်းဖြစ်ခဲ့တာကြောင့် မင်းဟာမင်းလွတ်မြောက်နိုင်အောင် ငါကူညီပါ့မယ်.. မင်းသာဆန္ဒရှိတယ်ဆိုရင် ဒီသခင်လေးက မင်းရဲ့အသိတွေကို ထိန်းသိမ်းထားပေးဖို့ကိုကူညီပေးမယ်…မင်းရဲ့ဝိညာဉ်က ကောင်းကင်နဲ့မြေကြီးကြားထဲမှာ ပျောက်ကွယ်သွားမှာမဟုတ်ဖူး..ပြီးတော့မင်း
နောက်ထပ်ပုံစံအသွင်တစ်မျိုးနဲ့ ရှင်သန်နေထိုင်နိုင်လိမ့်မယ်”
ရှစ်ဖုန့်ကစကားပြောရင်းသူ့ဓားဖြင့် ငရဲဘုံကိုးခုခုတ်ပိုင်းချက်ကိုခုတ်ပိုင်းချလိုက်သည်။ နောက်တစ်ကြိမ်ထပ်မံ၍ ဧရာမအဖြူရောင်ဓားချီက လီရူ၏ ခေါင်းထက်တွင်ပေါ်လာသည်။
“မဟုတ်ဖူး..ခွေးမ..ငါနင့်ကိုဒီလိုလွယ်လွယ်နဲ့ မလွှတ်ပေးနိုင်ဘူး..”
လီရူကကြမ်းကြုတ်ခက်ထန်သော မျက်နှာဖြင့် အပြင်းအထန်အော်ဟစ်လိုက်သည်။
ချက်ခြင်းလီရူကစိတ်ပိုင်းဖြတ်ထားသော မျက်နှာမျိုးဖြင့် သူမ၏အထက်ရှိဓားစွမ်းအင်ကို စိုက်ကြည့်လိုက်သည်။ သူမက သူမ၏ နီရဲသောနှုတ်ခမ်းသားလေးကို ကိုက်ရင်း ၎င်းကိုစိုက်ကြည့်နေသည်။
“ငါ့ကိုသတ်လိုက်ပါ”
“ဝုန်း”
ဧရာမအဖြူရောင်ဓားချီက အောက်သို့ပြင်းထန်စွာခုတ်ပိုင်းကျရောက်လာသည်။ ၎င်းကပင်လယ်ကိုပိုင်းခွဲလိုက်ကာ ပြင်းထန်စွာတလိပ်လိပ်ဖြစ်သွားစေသော ဧရာမသွေးနီရောင်လှိုင်းလုံးများကိုဖန်တီးလိုက်သည်။
“ကောင်လေး..ငါမင်းဆီကိုပြန်လာခဲ့မယ်..နောက်တစ်ခါကြရင် မင်းကိုငါ့ရဲ့ စားကောင်းသောက်ဖွယ်အဖြစ်လုပ်ပြမယ်…….အပျက်မ ထိန်းထိန်းသိမ်းသိမ်းနေစမ်း”
စူးရှရှ အက်ကွဲကွဲ နားစူးစေသော အသံက သွေးပင်လယ်၏ အထက်မှထွက်ပေါ်လာသည်။
လီရူ၏ ပုံရိပ်အားသွေးပင်လယ်၏ အထက်တွင် ထပ်မံ၍ မတွေ့ရတော့ပေ။ ငရဲဘုံကိုးခုခုတ်ပိုင်းချက်က ထိမှန်တော့မည့်အချိန်တွင် မိစ္ဆာစိတ်ဝိညာဉ်က ရုတ်တရက်ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်သိလိုက်သည်။ ၎င်းက ထပ်မံ၍ ရှောင်တိမ်းခဲ့ပြန်သည်။
ထို့နောက်တွင်လီရူ၏ဝမ်းနည်းကြေကွဲဖွယ်အော်ဟစ်ငိုယိုသံက ထပ်မံ၍ ထွက်ပေါ်လာပြန်၏။
“ရှစ်ဖုန့်..ငါ့ကိုကယ်ပါ..ငါ့ကိုကယ်ပါရှစ်ဖုန့်.. ငါဒီလိုမျိုးထပ်ပြီးတော့ မဖြစ်ချင်တော့ဘူး…ငါအရမ်းကိုနာကျင်နေ
ရတယ်.. ရှစ်ဖုန့် ..ငါ့ကိုသတ်ပါ..ဒီနတ်ဆိုးကိုသတ်လိုက်ပါ…သူငါ့အဖေကိုသတ်လိုက်တယ်..နင်ငါ့အဖေအတွက် လက်စားချေပေးရမယ်..အီး..ဟီး..”
သူမ၏ အသံက ရှစ်ဖုန့်နှင့် ဝေးသထက်ဝေး၍သွားသည်။
ရှစ်ဖုန့်၌ လီရူနှင့်ပက်သက်ပြီးကောင်းမွန်သော ထင်မြင်ခံစားမှုတို့မရှိခဲ့သော်လည်း သူမက သူ့အားကယ်တင်ရန်အတွင် ဆန္ဒရှိစွာဖြင့် နှိပ်စက်ခံနေသည်ကို တွေ့လိုက်ရသောအခါတွင် သူ၏ နှလုံးသားအတွင်းရှိ မနှစ်မြို့မှုများမှာပျောက်ကွယ်သွားခဲ့သည်။ ပြောရလျှင်သူအနေဖြင့်လည်းသူမအား အများကြီး မုန်းတီးနေခြင်းတော့မဟုတ်ပေ။ သူ၏ နှလုံးသားထဲတွင်သူမက သန်မာသူများကိုနှစ်သက်ပြီးအားနည်းသူများကိုနှိမ့်ချရှုမြင်တတ်သည့် ကောင်းမလေးတစ်ယောက်အဖြစ်သာ ရှိနေခဲ့သည်ဖြစ်သည်။
ဤကမ္ဘာကြီးထဲတွင်သူမကဲ့သို့သော ယောက်ျားမိန်းမများက များစွာရှိကြသည်ဖြစ်သည်။
“သူက ဒီသခင်လေးကိုအခုကယ်တင်ခဲ့တာဆိုတော့ အနာဂတ်မှာသူ့ရဲ့တောင်းဆိုမှုတွေကို ဒီသခင်လေးကလည်းပြန်ဖြည့်ဆည်းပေးရတာ
ပေါ့”
ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ မိစ္ဆာစိတ်ဝိညာဉ်က သွေးပင်လယ်မှ တကယ့်ကိုဝေးကွာသွားသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ သူ၏ခန္ဓာကိုယ်နှင့် သွေးဓားတို့က သွေးပင်လယ်အတွင်းမှသွေးများကို ဆက်လက်၍ အရူးအမူးဝါးမျိုနေသည်။ သူသည်ယခုအခါတွင်ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်တစ်ယောက်ဖြစ်သည်။ အင်ပါယာနယ်ပယ်သို့သူရောက်ရှိရန်အတွက်ကြယ်တစ်ပွင့်သာ ကွာခြားတော့ခြင်းဖြစ်သည်။ အင်ပါယာနယ်ပယ်သို့ဝင််ရော်ကပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ ခန္ဓာကိုယ်က ကောင်းကင်နှင့်မြေကြီးတို့၏ ကန့်သတ်မှုနိယာမများကိုချိုးဖြတ်နိုင်ပြီး လေထဲတွင် ပျံသန်းခြင်းကိုပြုနိုင်လိမ့်မည်ဖြစ်သည်။ ယင်းက ငရဲဝံပုလွေကို စီးနင်းကာရင်ဆိုင်တိုက်ခိုက်ခြင်းထက်ပို၍ အဆင်ပြေလိမ့်မည်ဖြစ်သည်။ ၎င်းကသူ့အားပိုပြီးပေါ့ပါးဖျက်လက်စေမည်ဖြစ်
ပြီးသူစိတ်ကြိုက်စစ်မှန်စွာဖြင့်လှုပ်ရှားမှုတို့ကိုပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE