← Chapters

အပိုင်း (၁၈၂)

Vol. 13 Ch. 182

အပိုင်း (၁၈၂)

Vol. 13 Ch. 182

လူတစ်ယောက်နှင့်ဓားတစ်ချောင်းက သွေးတို့ကို အရူးအမူးစုပ်ယူနေသည်။  မသိလိုက်ပါဘဲ ရှစ်ဖုန့်၏ကိုယ်မှ အဖြူရောင်အလင်းတစ်ခုက လင်းလက်လာသည်။  နောက်ဆုံးတွင် သူ့အနေဖြင့်ဘုရင်နယ်ပယ်ကိုချိုးဖြတ်သွားနိုင်

ပြီး ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ဝါးမျိုနေခြင်းကိုတော့ ရပ်တန့်ခြင်းမရှိခဲ့ပေ။

ရှစ်ဖုန့်နှင့်သွေးဓားတို့က သွေးပင်လယ်၏ များပြားလှသော ပမာဏတို့ကိုဝါးမျိုနေပြီး ပင်လယ်ပြင်၏ ရဲရဲနီနေသော  အရောင်မှာ  ဖြည်းဖြည်းချင်းလွင့်ပျယ်လာသည်။  ကောင်းကင်မီးတောက်ပြောခဲ့သလိုပင်  နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးသည့်နောက် သွေးပင်လယ်၏ စွမ်းအင်များမှာ ပင်ကိုအားဖြင့် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ကောင်းကင်မီးတောက်၊သွေးဓားနှင့်သွေးလစန္ဒြာသားရဲတို့မှာ သူတို့အသုံးပြုနိုင်သော အဆီအနှစ်စွမ်းအင်များကိုသာ စုပ်ယူဝါးမျိုခဲ့ကြခြင်းဖြစ်သည်။  ရုတ်တရက်သွေးဓားမှ အနီရောင်အလင်းတစ်ခုတောက်ပလာခဲ့ပြီး  ၎င်းမှာ အဆင့်လေးလက်နက်အဆင့်မှ အဆင့်ငါးလက်နက်အဖြစ်သို့တက်လှမ်းခဲ့လေသည်။ သိပ်မကြာခင်တွင် ရှစ်ဖုန့်၊သွေးဓားနှင့် သွေးလစန္ဒြာသားရဲတို့က သွေးများအား ဝါးမျိုနေခြင်းကိုရပ်တန့်လိုက်သည်။

ကျယ်ပြောလှသော သွေးပင်လယ်၏ စွမ်းအင်များမှာ သူတို့၏ ဝါးမျိုမှုကိုလုံးဝခံလိုက်ရပြီဖြစ်သည်။ ကျန်ရှိနေတာဆို၍ အသုံးမဝင်သော သွေးအချို့သာဖြစ်သည်။

“သွားစို့…”

ရှစ်ဖုန့်ကအော်ပြေလိုက်သည်။သူက ဓားကိုမြှောက်လိုက်ကာအပေါ်သို့တစ်ဟုန်ထိုးထိုးတက်လိုက်သည်။ အင်ပါယာနယ်ပယ်ကျင့်ကြံသူတစ်ယောက်

အနေဖြင့် သူက မြေဆွဲအားကန့်သန့်ချက်များကိုလွတ်လပ်စွာ

ချိုးဖြတ်နိုင်ပြီး ကမ္ဘာကြီးအားလွတ်လပ်စွာဖြင့်သွားလာနိုင်

သည်ဖြစ်သည်။

ဤသွေးပင်လယ်က မြေအောက်ထဲတွင်ဖြစ်သည်။ ရှစ်ဖုန့်၏ ကိုယ်အားအထက်တွင် မြေပြင်တစ်ခုက ပိတ်ဆို့ထားသည်။ သို့သော်ရှစ်ဖုန့်က မရပ်တန့်ခဲ့ပေ။ သူက သွေးဓားကိုအသုံးပြု၍ လမ်းကြောင်းကိုပွင့်စေလိုက်သည်။ အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး ဓားက သူ့အထက်ရှိ မြေပြင်အားထိုးဖောက်သွားသည်။

“ဘန်း”

မြေပြင်က လှုပ်ခါသွားသည်။

ရှစ်ဖုန့်က အပေါ်သို့ထပ်မံ၍ တစ်ဟုန်ထိုးတက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက မြေကြီးအတွင်းသို့အရှိန်အဟုန်ဖြင့်တိုးဝင်သွားသည်။ သူ၏ လမ်းတွင်ပိတ်ဆို့နေသောအရာမှန်သမျှမှာ ရှစ်ဖုန့်၏ ဖျက်ဆီးခြင်းကိုခံလိုက်ကြရသည်။ သိပ်မကြာခင် ရှစ်ဖုန့်မှာမြေကြီးအပြင်သို့ အရှိအဟုန်ဖြင့်ထိုးထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ထဲသို့ပျံသန်းတက်သွားကာ လေထဲတွင်လွင့်မျောနေသည်။

စိုပြေလက်ဆတ်သောပြင်ပကမ္ဘာကြီးနှင့် အပြာရောင်ကောင်းကင်ပြင်က မြေအောက်ရှိသွေးပင်လယ်နှင့် လုံးဝကိုခြားနားနေသည်။

ထိုအချိန်တွင်သိပ်မဝေးလှသော နေရမှာဝူရှောင်းယွင်နှင့် ငရဲဝံပုလွေတို့ကသူ့ထံသို့ ပျံသန်းလာသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။

“သခင်”

“ဝေါင်း”

ထိုအချိန်တွင် ယင်မိစ္ဆာကလည်းမြေကြီးထဲမှထိုးထွက်လာသည်။

“ငရဲဝံပုလွေ ယင်မိစ္ဆာကို အပေါ်ခေါ်လာခဲ့”

ရှစ်ဖုန့်၏အမိန့်အား လက်ခံပြီးသည့်နောက်တွင် ငရဲဝံပုလွေက ယင်မိစ္ဆာထံသို့ပျံသန်းသွားလိုက်ပြီး မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။

“သခင် အင်ပါယာနယ်ပယ်ကိုဝင်ရောက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ်”

ဝူရှောင်းယွင် က ရှစ်ဖုန့်အနားသို့ချဉ်းကပ်ပြီး ဂုဏ်ပြုစကားဆိုလိုက်သည်။မြေအောက်ထဲသို့

ဝင်ရောက်သွားသည့် အချိန်တွင် ရှစ်ဖုန့်မှာ  ကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်အဆင့်သာဖြစ်သည်။ သို့သော်ယခုသူပြန်ထွက်လာသောအချိန်တွင်  သူ့အနေဖြင့် အင်ပါယာနယ်ပယ်သို့‌ ရောက်နေလိမ်မည်ဟုတော့ ဝူရှောင်းယွင်မျှော်လင့်ထားခြင်းမရှိပေ။ ဤကဲ့သို့ အရမ်းမြန်ဆန်လွန်းသည့် အဆင့်တက်မှုနှုန်းက   ဝူရှောင်းယွင်အား သိုင်းပညာအပေါ်တွင် နောက်ထပ်ယုံကြည်မှုတို့မရှိအောင်ဖြစ်သွားစေသည်။

သွေးဝါးမျိုနတ်ဆိုးပညာရပ်က တကယ့်ကိုမှ သာမန်မဟုတ်သော ပညာရပ်တစ်ခုဖြစ်သည်။

တကယ်တမ်းတွင် ဤနေရာသို့ ရှစ်ဖုန့်အဘယ့်ကြောင့်လာခြင်းကိုဝူရှောင်းယွင်သိလေသည်။ သွေးမိစ္ဆာဂိုဏ်း၌  အလွန်ကြာမြင့်လာသော အချိန်ကာလတစ်ခုတည်းက  သွေးပင်လယ်တစ်ခုအား စုစည်းထားသည်ကိုသူသိသည်ဖြစ်သည်။ ရှစ်ဖုန့်က ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်အဆင့်မှ အင်ပါယာနယ်ပယ်သို့ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့

သည်။ ပင်ကိုအားဖြင့်သူ၏ ပင်ကိုအရည်အချင်းအားလုံးမှာ ဤသွေးဝါးမျိုနတ်ဆိုးပညာရပ်ဖြင့် ဆက်နွယ်နေသည်ဖြစ်သည်။

“ခင်ဗျားဟာ အင်ပါယာနယ်ပယ်မှာပဲရှိနေသေးတယ်..သွားရမဲ့လမ်းခရီးက အဝေးကြီးလိုသေးတယ်”

ရှစ်ဖုန့်က ဝူရှောင်းယွင်အား ဆရာဘိုးဘေးတစ်ယောက်၏ လေသံမျိုးဖြင့်  ပြောလိုက်သည်။

ဝူရှောင်းယွင်မှာ ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်အား အသနားခံသည့်လေသံမျိုးဖြင့်ပြောသည်။

“ရှောင်းယောင်အနေနဲ့ သခင့်နောက်ကို ဘဝတစ်လျှောက်လုံးလိုက်ဖို့ ဆန္ဒရှိပါတယ်.. သခင်အနေနဲ့ကျုပ်အတွက် ပိုပြီးသန်မာတဲ့ သိုင်းလမ်းကြောင်းတစ်ခုပေါ်ကို ဦးဆောင်ခေါ်သွားပေးနိုင်မယ်လို့မျှော်လင့်ပါ

တယ်”

“ခင်ဗျားသာ ကျုပ်အပေါ်မှာသစ္စာရှိပြီးတော့ အကောင်းဆုံးလုပ်ဆောင်မယ်ဆိုရင်.. ဒီသခင်လေးအနေနဲ့ခင်ဗျားကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီးတော့ ပစ်ပယ်ထားမှာမဟုတ်ဖူး အဲ့အတွက်ခင်ဗျားဒီသခင်လေးကိုပြန်ပီးပေးဆပ်ဖို့ဆိုရင်တော့ တူညီတန်တန်ကြေးတစ်ခုကိုပဲ ပေးဆပ်ရမှာပဲ.. နားလည်လား”

ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုပြောလိုက်သည်။

“ဟုတ်ကဲ့”

ဝူရှောင်းယွင်က လေးနက်သော အမူအယာဖြင့်ပြောလိုက်သည်။

ထို့နောက်တွင်ငရဲဝံပုလွေက ယင်မိစ္ဆာနှင့်အတူ ကောင်းကင်ထဲသို့ပြန်လည်၍ ရောက်ရှိလာသည်။ ရှစ်ဖုန့်က သူတို့အား အမိန့်ပေးလိုက်သည်။

“သွားမယ်.အနောက်မြောက်ဘက်ဆီကိုပြန်ကြမယ်”

သူတို့နှစ်ယောက်၊ဝံပုလွေတစ်ကောင်နှင့် ယင်မိစ္ဆာတို့က  အနောက်မြောက်ဘက်သို့ပြန်လည်၍ ပျံသန်းသွားကြသည်။

ယွင်လိုင်အင်ပါယာ၏ အလယ်ဗဟို အင်ပါယာမြို့တော်တည်ရှိရာ နေရာ……

တစ်ချိန်ကလူသူအများအပြားနှင့်ကြက်ပျံမကျ စည်ကားခဲ့သော  အင်ပါယာမြို့တော်၌ ယခုအခါတွင် သေခြင်းရောင်ဝါများဖြင့်ပြည့်နှက်နေသည်။  ကောင်းကင်ထဲတွင် လေးအေးများက တဟူးဟူး တိုက်ခတ်နေပြီး ကမ္ဘာတစ်ခုလုံးက မှုံမှိုင်း အုံ့ဆိုင်းနေသည်။

လမ်းမထက်ရှိ ဈေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် သေရည်ဆိုင်များတွင် ပျားပန်းခပ်နေသော လေထုမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။  ထိုနေရာတွင် ရပ်နေသောသူများကိုလည်း ထပ်မံ၍မမြင်တွေ့ရတော့ပေ။

အင်ပါယာမြို့တော်တစ်ခုလုံးတွင် အလောင်းများက ပြန့်ကျဲနေသည်။ ၎င်းတို့က နေရာအနှံ့တွင်ပြန့်ကျဲနေကြခြင်းဖြစ်ပြီး များပြားလှသောအလောင်းပုံများက လမ်းများကိုပင်အဆုံးမရှိချဲ့ထွင်နေသည်။ လမ်းတိုင်း၌မြင်တွေ့ရသော မြင်ကွင်းများမှာ အတူတူပင်ဖြစ်သည်။

တစ်ချိန်က ကြက်ပျံမကျစည်းကားခဲ့ပြီး လူသန်းပေါင်းများစွာဖြင့်ပြည့်နှက်နေသော အင်ပါယာမြို့မှာ ယခုအခါတွင်  အလောင်းမြို့တော်တစ်ခုဖြစ်လာသည်။  အလောင်းများအားလုံး၌ တူညီသောအရာတစ်ခုရှိသည်။ ယင်းမှာ ၎င်းတို့၏  ခန္ဓာကိုယ်များက နှစ်ရာပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မံမီရုပ်လောင်းများကဲ့သို့ ရှုံ့တွခြောက်သွေ့နေကြခြင်းဖြစ်သည်။

အင်ပါယာမြို့တော်အထက်ကောင်းကင်ထဲ၌ တိမ်စိုင်တိမ်မဲတို့က အုံ့ဆိုင်းနေပြီး လေကပင် ၎င်းတို့အား  မဖယ်ရှားနိုင်ပေ။ တစ်ချက်မျှဂရုတစိုက်ဖြည့်ကြည့်မည်ဆိုပါက  တိမ်မဲများအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းပြီးရက်စက်ကြမ်းကြုတ်သောမျက်နှာများကိုမြင်တွေ့ရနိုင်မည်ဖြစ်

သည်။

ဤကဲ့သို့ ကြီးမား လှသော တိမ်စိုင်တိမ်မဲတို့က  လူသန်းပေါင်းများစွာတို့၏ မကျေမချမ်းမှုများမှ ဖြစ်ပေါ်လာသည့်ပုံပေါ်သည်။ သေချာဂရုတစိုက်ဖြင့်နားထောင်ကြည့်မည်ဆိုလျှင်ကောင်းကင်နှင့်မြေကြီးကြား၌ ဝမ်းနည်ဖွယ်စိတ်မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံများနှင့် ငိုကြွေးသံများကို  လေတစ်ဟူးဟူးတိုက်ခတ််သကဲ့သို့  ဝိုးတိုးဝါးတားကြားရနိုင်သည်ဖြစ်သည်။

“သခင်လေးဖုန့်..”

ရှစ်ဖုန့် အနောက်မြေရိုင်းမြို့ပေါ်သို့ ဆင်းသက်သည့်အချိန်တွင် လုံချန်၊ကျန်းကျွင်းချင်နှင့် ယဲ့ဝူရှင်းတို့က လာရောက်တွေ့သည်ကိုတွေ့လိုက်ရသည်။ လုံချန်က ရှစ်ဖုန့်ထံသို့ချည်းကပ်လိုက်ပြီး စိုးရိမ်သောကဖြစ်သော အမူအယာဖြင့်ပြောလိုက်သည်။

“သခင်လေးဖုန့် ငါတို့ယွင်လိုင်အင်ပါယာ၏ ကမ္ဘာကြီးက တကယ့်ကိုကျဆုံးမှုပရမ်းပတာဖရိုဖရဲဖြစ်မှုတွေ

ဖြစ်မဲ့ အခြေအနေကိုစတင်နေပြီ”

“ဖရိုဖရဲဖြစ်တာလား…ဘာတွေဖြစ်နေလို့လဲ….သေချာရှင်းရှင်းလင်းလင်းပြော”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ငါ့တော်ဝင်ခမည်းတော်က အကြင်နာမဲ့ရက်စက်တြံသူပဲ.. သွေးဝါးမျိုနတ်ဆိုးပညာရပ်ကိုကျင့်ကြံဖို့အတွက်  အင်ပါယာမြို့တော်ရဲ့ မြို့သူမြို့သားတွေကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့ရုံတင်မကဘူး.. သူတို့ရဲ့သွေးတွေကိုပါ သောက်သုံးဝါးမျိုခဲ့တယ်…အင်ပါယာမြို့တော်ရဲ့  ပတ်ဝန်းကျင်က မြို့ဒါဇင်ပေါင်းများစွာရဲ့ မြို့သူမြို့သားတွေကလည်း   ငါ့ခမည်းတော်ရဲ့ သတ်တာကိုခံခဲ့ရတယ်..အခုဆိုရင် တစ်နိုင်ငံလုံးက အကြင်နာမဲ့ရက်စက်တဲ့ မင်းဆိုးမင်းညစ်ငါ့ခမည်းတော်ကို ဆန့်ကျင်ပြီးတော့ အာဏာရှင်ဆန့်ကျင်ရေး တပ်ဖွဲ့ကိုတွေပြင််ဆင်နေကြပြီ.”

လုံချန်က ဝမ်းနည်းကြေကွဲနေသော အမူအယာဖြင့်ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ငါတို့လုံကလန်က ယွင်လိုင်အင်ပါယာရဲ့ အနာဂတ်ကို ပျက်စီးဆုံးရှုံးမှုတွေနဲ့ အဆုံးသတ်စေခဲ့ပြီ”

“မင်းအဖေက တကယ့်ကို အကြင်နာမဲ့ရက်စက်တဲ့သူပဲ.. ကြီးမားတဲ့စွမ်းအားကိုရရှိဖို့အတွက်နဲ့  တကယ်ပဲ တစ်ခြားသူတွေကို ခွေးတွေဝက်တွေလိုမျိုးဆက်ဆံခဲ့တယ်..ဒီလိုလူစားမျိုးကို ခေါင်းဖြတ်ပြီးတော့ကွပ်မျက်သင့်တယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အာ..ဟူး”

လုံချန်က သက်ပြင်းရှည်ကြီးကိုချလိုက်သည်။

“ငါ့ရဲ့လုံကလန်ဟာ နှစ်ထောင်ပေါင်းများစွာသမိုင်းမှတ်တမ်းတွေနဲ့ တည်ရှိခဲ့တယ်..ဟူး.. သခင်လေးဖုန့်အနေနဲ့ငါ့ကိုကူညီမယ်လို့မျှော်လင့်ပါတယ်.. ငါကတော့ အနောက်မြေဒေသထဲမှာ ပုန်ကန်မှုကိုစတင်တော့မယ်..ကမ္ဘာကြီးအတွက် အင်ပါယာမြို့တော်ကိုတိုက်ခိုက် အာဏာရှင်ကိုဆန့်ကျင်ပြီး ငါ့ခမည်းတော်နဲ့ ရင်ဆိုင်စစ်ပွဲဆင်နွှဲမယ်..အဲ့နောက်ကမ္ဘာကြီး ငြိမ်းချမ်းစေဖို့အတွက် စစ်တပ်ကိုငါအသုံးပြုရလိမ့်မယ်”

လုံချန်၏ စကားတို့အားနားထောင်ပြီးသည့်နောက်တွင် ရှစ်ဖုန့်က ခေါင်းအနည်းငယ်ငြိမ့်ပြပြီး ပြောလိုက်သည်။

“မင်းအဖေက တကယ့်ကိုအကြင်နာမဲ့တဲ့သူပဲ သူက ခွေးထက်တောင်ဆိုးသေးတယ်..ဒီလိုလူများဟာ ခေါင်းဖြတ်ကွပ်မျက်သင့်တယ်..အခုချက်ခြင်းငါတို့တွေ အင်ပါယာမြို့တော်ကိုတိုက် မင်းအဖေကိုသတ်ပြီးတော့ မင်းညီမလုံမုန့်ကို ကယ်တင်မယ်”

ရှစ်ဖုန့်၏ “ခွေးထက်ဆိုးတယ်” ဟူသောစကားလုံးက လုံချန်၏ နှလုံးသားထဲတွင်ချွေးပြန်သွားစေသည်။ ထိုထက်ပိုသည်က ၎င်းမှာသူ၏ ဖခင်ဖြစ်သည်။ သူ့ဖခင်အား ကြိမ်းမောင်းဆဲဆိုခြင်းသည် သူ့အား ကြိမ်းမောင်းဆဲဆိုခြင်းပင်ဖြစ်လေသည်။

“ဘုရင်”

လုံချန်က ကျန်းကျွင်းချင်ကို မျက်နှာချင်းဆိုင်၍ပြောလိုက်သည်။

“မင်းသားချန် ‘

ကျန်းကျွင်းချင်က ပြန်လည်၍ တုံ့ပြန်ဖြေကြားလိုက်သည်။

“ကျုပ်ခမည်းတော်ဟာ နှလုံးသားမဲ့တဲ့သူဖြစ်တယ်..သူကအကြင်နာမဲ့

ရက်စက်ပြီးတော့ သွေးဆာတဲ့သူပဲ   သူကကမ္ဘာကြီးကို ကပ်ဘေးဒုက္ခတွေယူဆောင်လာခဲ့တယ်.အဲ့တာကြောင့် အနောက်မြောက်ပိုင်းက တပ်ဖွဲ့ တွေအားလုံးကိုစုစည်းပါ  ..ကျုပ်တို့တွေ အင်ပါယာမြို့တော်ကို ချီတက်တိုက်ခိုက်ကြမယ်”

လုံချန်ကပြောလိုက်သည်။

“အင်း ကျုပ်အခုချက်ခြင်းလုပ်ဆောင်လိုက်မယ်”

ကျန်းကျွင်းချင်က ခေါင်းညိမ့်ပြီး တုံ့ပြန်ဖြေကြားလိုက်သည်။ ထို့နောက်သူက တပ်ဖွဲ့များအားစုစည်းရန်ထွက်ခွာသွား၏။

လုံချန်၏ဘေးတွင်ရှိနေသော ယဲ့ဝူရှင်းက  ကျန်းကျွင်းချင်၏ ထွက်ခွာသွားသောပုံရိပ်ကိုကြည့်နေသည်။ သူ့မျက်နှာထက်တွင်လွမ်းဆွေးညှိုးငယ်မှုတို့ဖြင့်ပြည့်နှက်နေပြီး သူကပြောလိုက်သည်။

“အင်း..ဘယ်သူက  ဒီလိုတွေဖြစ်လာမယ်လို့ထင်ခဲ့မိကြမှာလဲ..အရင်အချိန်တွေတုံးက  မင်းတရားကြီးက အရမ်းကိုဉာဏ်အမြှော်အမြင်ရှိခဲ့တဲ့သူပဲ  သူကသူ့ရဲလူတွေကို သူ့ရဲ့ကိုယ်ပိုင်ကလေးတွေလိုမျိုးချစ်မြတ်နိုးခဲ့

တာ  ..ဒီနေ့မှာတော့ ကိစ္စတွေက ဒီလိုမျိုးဖြစ်လာခဲ့ရပြီ”

“ဒီဘုရင်အနေနဲ့ အဲ့နှစ်ကိုမှတ်မိနေတုံးပဲ..မြောက်ပိုင်းမှာမိုးခေါင်မှုကြီးဖြစ်ပွားပြီးတော့ လူတွေက ဒုက္ခတွေကိုခံစားနေခဲ့ကြရတာ..မင်းတရားကြီးက အခွန်တွေကိုသုံးနှစ်တိတိလျှော့ချပြီးတော့  ဘဏ္ဍာတိုက်ကို အချိန်မှီ ဖွင့်လှစ်ပေးဖို့အတွက် အမိန့်ပေးခဲ့တယ်.”

“လွန်ခဲ့တဲနှစ်နှစ်ဆယ်တုံးက မင်းကြီးက  စစ်တပ်ကိုကိုယ်တိုင်ဦးဆောင်ပြီးတော့ ဒီဘုရင်ကလည်းသူ့နောက်ကနေလိုက်ပါခဲ့တယ်..နောက်ဆုံးအဆုံးသတ်မှာ ကျုပ်တိ့တွေဟာ အရှေ့မြောက်ပိုင်းဘက်က သူပုန်တွေကို နှိမ်နင်းချေမှုန်းနိုင်ခဲ့တယ်…အဲ့အချိန်တုံးက မင်းကြီးဟာ  အရှေ့မြောက်ပိုင်းကလူတွေငြိမ်ဝပ်ပိပြားရေးအတွက် အမိန့်ပေးခဲ့တယ်…အဲ့နှစ်တုံးက မင်းကြီးဟာ ဒီဘုရင်ကို  အင်ပါယာနိုင်ငံတစ်ခုရှင်သန်ဖို့အတွက် အခြေခံကျဆုံးသောအရာက ပြည်သူပြည်သားတွေရဲ့နှလုံးသားဖြစ်တယ်လို့

ပြောခဲ့သေးတယ်”

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters