← Chapters

အပိုင်း (၁၈၃)

Vol. 13 Ch. 183

အပိုင်း (၁၈၃)

Vol. 13 Ch. 183

လုံကလန်က ၁၁၀၂ ခုနှစ်တွင် ယွင်လိုင်အင်ပါယာကို ထူထောင်ခဲ့သည်။လက်ရှိတွင် သုံးဆယ့်သုံးဆက်မြောက်ဧကရာဇ်ဖြစ်သော  လုံအောင်မှာ အကြင်နာမဲ့ရက်စက်သော မင်းဧကရာဇ်တစ်ပါးဖြစ်လာခဲ့၏။ သူသည် သွေးဝါမျိုနတ်ဆိုးပညာရပ်ကိုကျင့်ကြံခဲ့ပြီး အင်ပါယာမိသားစုဝင်များ၊ အရာရှိမင်းမှုထမ်းများနှင့်  အပြစ်မဲ့ပြည်သူပေါင်းများစွာကိုသတ်ပစ်ခဲ့သည်။  ထိုအာဏာရှင်အား ဆန့်ကျင်ရန်အတွက်  အင်အားစုဒါဇင်ပေါင်းများစွာက ၎င်းတို့၏ အလံများကိုဝှေ့ယမ်းပြီး အာဏာရှင်အားသတ်ဖြတ်ရန်အတွက်  အင်ပါယာမြို့တော်ကိုတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ကြသည်။ သို့သော် ထိပ်တန်းအင်အားကြီးသောအင်အားစုများမှာ ခြောက်ခုသာရှိသည်။

၎င်းတို့မှာ…

ပထမအင်အားစု- အရှေ့ပိုင်း၏ ဗိုလ်ချုပ်ကြီးဖြစ်သူ စန်းရှဲ့

ဒုတိယအင်အားစု- တောင်ပိုင်းဘုရင် ရှစ်ကျင်းထျန်း

တတိယအင်အားစု- အနောက်ပိုင်း၊ဗိုလ်ချုပ်ကြီး လျိုယင်း

စတုတ္ထအင်အားစု- ဧကရာဇ်၏ အဖေတူ အမေကွဲ ညီအကိုဖြစ်သူ မြောက်ပိုင်း ဘုရင်လုံဝေ့

ပဉ္စမအင်အားစု- အရှေ့မြောက် မင်းသားလုံရှင်းနှင့် ဗိုလ်ချုပ် ဟွင်းဖှေး

ဆဋ္ဌမအင်အားစု-အနောက်မြောက် မင်းသားလုံချန်နှင့်အနောက်မြောက်ပိုင်းဘုရင် ကျန်းကျွင်းချင်း

တို့၏ အင်အားစုများပင်ဖြစ်ကြသည်။

အနောက်မြောက်ပိုင်းတွင် စစ်သည်အင်အားတစ်သိန်းပါသော စစ်တပ်ကြီးက  အင်ပါယာမြို့တော်ဆီသို့ချီတက်နေသည်။အေးစိမ့်သောလေများက တစ်ဟူးဟူးတိုက်ခတ်နေ၏။  စစ်သည်တစ်သိန်းပါဝင်သောစစ်တပ်ကြီး၌  သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေသည်။

ကောင်းကင်ထဲတွင် ရှစ်ဖုန့်မှာ ငရဲဝံပုလွေ၏ ကျောပြင်ပေါ်၌ ရပ်နေသည်။ သူက အနက်ရောင်ချပ်ဝတ်တန်ဆာတို့ကိုဝတ်ဆင်

ထားပြီး သူ၏ အနက်ရောင်ဝတ်ရုံရှည်က  လေထဲတွင်တဖျပ်ဖျပ်လွင့်နေသည်။

မြေပြင်ထက်တွင်ရှိနေသောသူများမှာကောင်းကင်ထဲ၌ရှိနေသော အနက်ရောင် ပုံရိပ်ကိုကြည့်နေပြီး သူတို့၏ မျက်နှာထက်တွင် လေးစားကြည်ညိမှုများဖြင့်ပြည့်နှက်နေ၏။

ထိုလူငယ်လေးကရှစ်ဖုန့်ပင်ဖြစ်သည်။ သူသည် ယွင်လိုင်အင်ပါယာရဲ့ အသန်မာဆုံးနဲ့အစွမ်းအထက်ဆုံးဆိုသော ဖုန်ချမ့်ယွီအား သတ်ပစ်ခဲ့သည်။ သူသည် ကျော်ကြားသော  ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ် လဲ့ကန်းနဲ့ရွှယ်ထူတို့ကိုလည်း သတ်ပစ်ခဲ့သည်။သူ့ကြောင့်မို့ ယွင်လိုင်အင်ပါယာတွင် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့တဲ့အရာများမှာ  ဇောက်ထိးမိုးမျှော် ဖြစ်ခဲ့ရသည်ဖြစ်သည်။

ပြီးတော့သူသည်ယခုဆိုလျှင် အင်ပါယာမြို့တော်ဆီကို သူ့ရဲ့စစ်တပ်နဲ့အတူ ဦးတည်ချီတက်နေသည်။ ကောင်းကင်ထဲရှိကြီးကျယ်ခမ်းနားသော ပုံရိပ်အားကြည့်ကာ စစ်သားများ၏ စိတ်ဓာတ်တို့မှာကြီးမားစွာ  မြင့်တက်မှုတို့ဖြစ်နေသည်။  ဂိုဏ်းများပင်လျှင် သူ၏ ဖျက်ဆီးမှုကိုလုံးဝခံလိုက်ရသည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏  စစ်တပ်အား တားဆီးနိုင်သည့်သူမှာ မည်သူများရှိနိုင်ပါသေးသနည်း။

ယခုအချိန်၌ အနောက်မြောက်ပိုင်းစစ်တပ်မှာ သူတို့၏ လှံများအား မည်သည့်နေရာသို့ထိုးညွှန်သည်ဖြစ်စေ ၎င်းတို့သည် ကျော်လွှား၍ မရနိုင်သော တည်ရှိမှုမျိုးဖြစ်သည်။

လမ်းမပေါ်တွင် သတင်းများအား ကြားသိသော လူပေါင်းများစွာက စစ်တပ်နောက်သို့လိုက်ပါလာကြသည်။ သူတို့အနေဖြင့် စစ်တပ်နှင့်  သေချာသော အကွာအဝေးတစ်ခုမှနေ၍ လိုက်ပါလာကြခြင်းဖြစ်သည်။

“ကောင်းကင်ထဲက အနက်ရောင်ဝံပုလွေရဲ့ အပေါ်မှာ ရပ်နေတဲ့သူကို ကြည့်လိုက် ..အဲ့အနက်ရောင်ချပ်ဝတ်နဲ့လူငယ်လေးက ရှစ်ဖုန့်ပဲ”

“ရှစ်ဖုန့် ..နောက်ဆုံးတော့ငါသူ့ကို တွေ့ရပြီ သူကအရမ်းငယ်သေးတာပဲ”

“ဟုတ်တယ်  သူကအရမ်းငယ်သေးတယ်.. ဒါပေမဲ့ သူက နမည်ကျော် ဖုန်ချမ့်ယွီ..လဲ့ကန်းနဲ့တစ်ခြားသူတွေကို သတ်ပစ်ခဲ့တာ…သူကတကယ့်ကိုပါရမီရှင်တစ်ယောက်ပဲ”

“ဝိုး ရှစ်ဖုန့်က တကယ့်ကိုမှပဲ ချောလိုက်တာ  ….ငါသာသူနဲ့များ လက်ထပ်လိုက်ရရင် “

လိုက်ပါလာသည့်သူများထဲတွင် မိန်းကလေးများလည်း ပါရှိပြီးသူတို့က ကောင်းကင်ထဲသို့ မှင်တွေစွာဖြင့်ကြည့်နေကြသည်။

“ကျွတ်…..နေ့ခင်းကြောင်တောင်ကြီး အိမ်မက်မက်နေတာကို ရပ်စမ်းပါ   သူကဘယ်လိုလုပ်ပြီး တို့တွေလိုမျိုးသာမန်မိန်းကလေးတွေကို စိတ်ဝင်စား မှာတဲ့လဲ သူသာ တစ်ယောက်ယောက်နဲ့လက်ထပ်မယ်ဆိုရင်  အဲပါရမီရှင်ဆိုတဲ့သူတွေထဲက တစ်ယောက်နဲ့ပဲ သူလက်ထပ်လိမ့်မယ်”

မိန်းကလေးများ၏  ဘေးတွင် သူအချိန်ကြာမြင့်စွာသဘောကျနေခဲ့ရသော မိန်းကလေးတစ်ယောက်ကိုကြည့်နေသည့်  လူငယ်လေးတစ်ယောက်ရှိနေသည်။ သူသည်လည်းကောင်းကင်ထက်ကိုကြည့်၍ မနာလိုဖြစ်စွာဖြင့်ပြောလိုက်သည်။

“ငါသာသူ့နေရာမှာဖြစ်နေခဲ့ရင် ငါ ရှို့ကိုလက်ထပ်လို့ရနိုင်မှာ  …အင်း ..ငါလည်း ပိုပြီးတော့သန်မာတဲ့သူတစ်ယောက်ဖြစ်လာချင်တယ် ငါကြိုးစားကျင့်ကြံပြီးတော့ သူ့လိုမျိုး လူတစ်ယောက်ဖြစ်လာချင်တယ်..ငါရှို့ကို လက်ထပ်ချင်တယ်”

လူငယ်လေးက ကောင်းကင်ထဲရှိ ခံ့ညားထည်ဝါသော အနက်ရောင်ပုံရိပ်ကိုကြည့်၍ သူဤခံယူချက်ကိုခိုင်မာစွာပြောဆိုလိုက်သည်။

“အနောက်မြောက်စစ်တပ်က မလွှမ်းမိုးနိုင်ဘူး အဲ့ အာဏာရှင်ကိုသတ်ပစ်”

“အနောက်မြောက်စစ်တပ်က မလွှမ်းမိုးနိုင်ဘူး အဲ့ အာဏာရှင်ကိုသတ်ပစ်”

“အနောက်မြောက်စစ်တပ်က မလွှမ်းမိုးနိုင်ဘူး အဲ့ အာဏာရှင်ကိုသတ်ပစ်”

လမ်းနှစ်ဖက်လုံးတွင်ရှိနေသော လူအများက ပြိုင်တူအော်ပြောလိုက်ကြသည်။ လုံအောင်၏ ယုတ်မာသော အပြုအမူများက  ကမ္ဘာတစ်ခုလုံးအားပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ လူများက ယင်းအတွက် ဒေါသေအမျက် ခြောင်းခြောင်းထွက်နေကြပြီဟု ပြောနိုင်သည်။ အာဏာရှင် လုံအောင်ကိုသတ်ဖြတ်ခြင်းက ယခုအချိန်၌ လူအများ၏  မျှော်လင့်ချက်တစ်ခုပင်ဖြစ်လေသည်။

အကယ်၍ အာဏာရှင်သာ သေဆုံးခြင်းမရှိခဲလျှင် ကမ္ဘာကြီးမှာငြိမ်းချမ်းမှုတို့ရှိနိုင်တော့မည်မ

ဟုတ်ပေ။ နောက်ထပ်အပြစ်မဲ့သော မည်မျှထိအသတ်ခံရဦးမည်ကို မည်သူကသိနိုင်မည်နည်း။

အကယ်၍ အာဏာရှင်သာ မသေဆုံးခဲ့လျှင် ၎င်း၏ လက်သည်းတို့က အနောက်မြောက်ပိုင်းအထိကို ဆန့်ထွက်မလာပါဟု မည်သူကအာမခံနိုင်ပါမည်နည်း။

စစ်တပ်ထဲတွင် အလွန်လက်ရာမြောက်ပြီး  နာဂါးတစ်ကောင်ပုံကိုထွင်းထုထားသည့် မျက်လုံးကိုဖမ်းစားသော ရထားလုံးတစ်ခုရှိသည်။ ၎င်းထဲတွင် ရှိနေသော လုံချန်မှာ  ပြင်ပရှိအော်သံများကို ကြားရပြီး သက်ပြင်းချလိုက်မိသည်။

“ဟူး”

အနောက်မြောက်ပိုင်းစစ်တပ်မှာ လဝက်ခန့် ခရီးသွားခဲ့ပြီး နောက်ဆုံး၌  အင်ပါယာမြို့တော်၏ အနီးအနားသို့ချဉ်းကပ်ဆိုက်ရောက်လာသည်။ အဝေးမှနေ၍ အချင်းဝက်ပက်လည် မိုင်တစ်ရာအတွင်း  ဖုံးလွှမ်းနေသော မကျေချမ်းမှုများဖြင့်ပြည့်နှက်နေသည့် တိမ်တိုက်များကို ရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။

“သောက်ချီးပဲ”

သိပ်သည်းလှသော မကျေမချမ်းမှုများကိုကြည့်ကာ ရှစ်ဖုန့် အနေဖြင့်ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်မြင်ကွင်းများအား စိတ်ကူးကြည့်နိုင်သည်ဖြစ်သည်။

ရုတ်တရက် စစ်တပ်၏ ရှေ့ဆုံးတွင်ရှိနေသော အနောက်မြောက်သဲကန္တာရ ၏ ဘုရင်ဖြစ်သူ ကျန်းကျွင်းချင်က သူ၏ မိုးပြာရောင်ဓားကို ကောင်းကင်ထက်သို့ထိုးညွှန်လိုက်သည်။ စစ်တပ်တစ်ခုလုံးက ချက်ခြင်းဆိုသလို ရပ်တန့်သွားခဲ့သည်။

ကျန်းကျွင်းချင်၏ အောက်ဘက်တွင်ရှိသော အနက်‌ရောင်ကျားကြီးက ၎င်း၏ အတောင်များကို ဖြန့်လိုက်ပြီး  ကျန်းကျွင်းချင်နှင့်အတူ ကောင်းကင်ထက်သို့ပျံသန်းလိုက်သည်။  ၎င်းက ရှစ်ဖုန့်၏ အရှေ့သို့ရောက်လာပြီးပြောလိုက်သည်။

“သခင်လေးဖုန့် အင်အားစု ဆယ့်တစ်စုက ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်..ဒါပေမဲ့ သူတို့ထဲက တစ်ခုကမှတော့ အင်ပါယာမြို့တော်ကို စပြီးတိုက်ခိုက်ခြင်းမရှိသေးပါဘူး”

ကျန်းကျွင်းချင်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က သရော်ပြုံးပြုံးလိုက်သည်။

“အဲ့လူတွေက တစ်ခြားသူတွေကို အရင်ဆုံးစပြီးတော့ လှုပ်ရှားစေချင်ကြတာ  အဲ့တာမှာသူတို့ရဲ့အင်အားကို တာရှည်အောင်ထိန်းထားနိုင်ကြမှာ..ဒီတိုက်ပွဲမှာ အာဏာရှင်ကိုသတ်တယ်ဆိုတာက အစပိုင်းလေးပဲရှိသေးတယ်..တကယ့်အဓိက ဦးတည်ချက်က ရာဇပလ္လင်အတွက်တိုက်ပွဲပဲ”

“အမှန်ပါပဲ”

ကျန်းကျွင်းချင်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

“တော်ဝင်အင်ပါယာ အစောင့်ရှစ်သိန်းက အင်ပါယာမြို့တော်ကို စောင့်ကြပ်နေကြပါသေးတယ်.. ကျုပ်တို့စစ်တပ်ကလည်း  ဒီနေရာမှာ စခန်းချပြီး ပြောင်းလဲမှုတွေကိုလေ့လာမှာဖြစ်ပါတယ်”

“ဟုတ်ပြီ”

ရှစ်ဖုန့်ခေါင်းညိမ့်လိုက်သည်။

“ဘယ်သူက ရှစ်ဖုန့်လဲကွ..ထွက်လာခဲ့စမ်း”

ထိုအချိန်၌ မိုးခြိမ်းသံကဲ့သို့အော်ဟစ်ကြုံးဝါးသောအသံတစ်ခုက ကောင်းကင်ထဲမှ ပဲ့တင်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်က မျက်မှောင်အနည်းငယ်ကြုံ့လိုက်ရင်း အသံလာရာဦးတည်ချက်ဆီသို့ကြည့်လိုက်

သည်။ သိပ်မဝေးလှသော နေရာတွင် ခရမ်းရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသော လူငယ်ဗိုလ်ချုပ်တစ်ယောက်က လွင့်မျောပျံသန်းလာသည်ကိုတွေ့လိုက်ရသည်။ ၎င်းက သူ၏လက်တို့တွင် ခရမ်းရောင်  တူတစ်စုံကိုကိုင်ဆောင်ထားပြီး သူ၏ ပုံစံမှာ အသက်ဆယ့်ခုနှစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ်ခန့်သာရှိသေးသည်။

“သူကဘယ်သူလဲ..အရမ်းငယ်သေးပေမဲ့ သူ့ရဲ့ကျင့်ကြံမှုက ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်ကိုရောက်နေပြီ “

ရှစ်ဖုန့်က ထိုလူငယ်ကိုကြည့်လိုက်ပြီးမေးလိုက်သည်။

“ဘာ..ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်လား “

ကျန်းကျွင်းချင်မှာ ရှစ်ဖုန့်သူ့အားမပြောခင်အချိန်အထိ လူငယ်၏ ကျင့်ကြံမှုနယ်ပယ်ကို ဖောက်ထွင်းမြင်နိုင်ခြင်းမရှိပေ။

ဘယ်အချိန်ကများယွင်လိုင်အင်ပါယာတွင် ရှစ်ဖုန့်အပြင် ဤကဲ့သို့ မွန်းစတားတစ်ကောင်မျိုးထပ်ပြီးရှိနေခဲ့ပါသနည်း။ယွင်လိုင်အင်ပါယာ၏ သက်ကြီးရွယ်အိုများပြောခဲ့သောစကားက အမှန်များဖြစ်နေမည်လား။ ကမ္ဘာကြီး ဖရိုဖရဲဖြစ်နေသော အချိန်တွင် မွန်းစတားဆန်သော ပါရမီရှင်များပေါ်လာခဲ့ခြင်းလား။

“ဖရိုဖရဲပရမ်းပတာတွေဖြစ်နေချိန်မှာသူရဲကောင်းတွေမွေးဖွားလာတယ်”

ခရမ်းရောင်ချပ်ဝတ်တန်ဆာအတွင်းရှိ လူငယ်ကိုကြည့်ရင်း ကျန်းကျွင်းချင်ကမေးလိုက်သည်။

“မင်းကဘယ်သူလဲ..ကျုပ်ရဲ့စခန်းကိုဘာလာ

လုပ်တာလဲ”

“အမ်”

ခရမ်းရောင်ချပ်ဝတ်နှင့် လူငယ်ဗိုလ်ချုပ်က ကျန်းကျွင်းချင်ကိုကြည့်လိုက်ပြီးမေးလိုက်

သည်။

“ခင်ဗျားကရှစ်ဖုန့်လား …ကျုပ်ကြားထားထာ ရှစ်ဖုန့်က ငယ်သေးတယ်လို့ပါ  ဒါပေမဲ့ အဲတာက အမှားကြီးဆိုတာကိုတော့ ကျုပ်မမျှော်လင့်ထားဘူး  ခင်ဗျားက အရမ်းအသက်ကြီးနေပြီ”

“ကျုပ်ကဟန်ယန်းလို့ခေါ်တယ်  ကျီ့ပါမှူးမတ်ရဲ့သား ဖြစ်တယ်…ယွင်လိုင်အင်ပါယာမှာ ခင်ဗျားက အသန်မားဆုံးလူတစ်ယောက်လို့ကျုပ်ကြားခဲ့

တယ်..ကျုပ်အဲ့တာကို မယုံကြည်နိုင်ဘူး…  ဒါကြောင့်ကျုပ်ခင်ဗျားကို စိန်ခေါ်ချင်လို့လာခဲ့တာ

“ကျီ့ပါမှူးမတ်ရဲ့သား ဟန်ယန်းတဲ့လား”

ခရမ်းရောင်ချပ်ဝတ်နှင့်လူငယ်၏ စကားတို့အား ကြားလိုက်ရသောအခါတွင်  ကျန်းကျွင်းချင်က မျက်မှောင်ကြုံ့လိုက်သည်။  ထို့နောက်သူက အလန့်တကြားအော်ပြောလိုက်သည်။

“ကျီ့ပါရဲ့မှူးမတ်ဖြစ်သူ ဟန်ဝမ်ကျင့်က တကယ်ကြီး ပါရမီရှိတဲ့သားတစ်ယောက်ကို ဖုံးကွယ်ထားတာပဲ”

ဟန်ဝမ်ကျင့်မှာ  အာဏာရှင်အား ရင်ဆိုင်တိုက်ခိုက်ရန်အတွက် လာရောက်သာ အင်အားစုများထဲမှတစ်ခုအပါအဝင်ဖြစ်သည်။

“ကောင်းပြီ  ခင်ဗျား အခုထွက်သွားလို့ရပြီ”

ရှစ်ဖုန့်က ကျန်းကျွင်းချင်ကို ပြောလိုက်သည်။

“သူက ယွင်လိုင်အင်ပါယာရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် ဒီသခင်လေးက သူ့စိန်ခေါ်မှုကို လက်သင့်ခံလိုက်မယ်..ဒီသခင်လေးကို သူစိန်ခေါ်ရဲတာကြောင့်သူ့လည်း စိတ်ဒဏ်ရာရလိမ့်မယ် အမြဲတမ်း သူ့ထက်သာတဲ့သူတစ်ယောက်က ရှိနေစမြဲဆိုတာကို သူ့ကို သိခွင့်ပေးတာပေါ့”

ကျန်းကျွင်းချင်က ရှစ်ဖုန့်၏  စကားတို့ကြောင့် အလန့်တကြားဖြစ်သွားမိသည်။

“အမ်..”

လူတစ်ယောက်၏ နှလုံးသားထဲ၌ ဒဏ်ရာတစ်ခုပေးခြင်းက အရမ်းကို ညင်သာသည်ဟုပြောနိုင်သည်။သို့သော် ၎င်းအား အရမ်းကို ပြင်းထန်လွန်းသည်ဟုလည်းပြောနိုင်သည်ဖြစ်၏။  ယင်းအရာက လူပုဂ္ဂိုလ်၏ အပေါ်၌သာ မူတည်လေသည်။ လူအချို့ကယင်းအားနှလုံးသားထဲတွင်ကြာကြာမထားတက်ကြဘဲ လူအချို့က တော့ ၎င်းအား  တွန်းအားတစ်ခုအဖြစ်မှတ်ယူကာ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းကြသည်ဖြစ်သည်။ သို့သော် စိတ်နှလုံးသားထဲ၌ ဒဏ်ရာဒဏ်များဖြင့်ကျန်ရစ်နေခဲ့ကြသော  လူအချို့လည်းရှိကြပြီး  ၎င်းဒဏ်ရာများမှရုန်းထွက်နိုင်ခြင်းနှင့် သိုင်းပညာရပ်များ၌ ရှေ့သို့ ဆက်မလျှောက်လှမ်းနိုင်ခြင်းတို့ကိုကျန်ရစ်နေသည့်ဘဝတစ်လျှောက်လုံးခံစားကြရသည်ဖြစ်သည်။

အရာအားလုံးမှာထိုလူ၏ ပင်ကိုစရိုက်ပေါ်တွင်သာမူတည်သည်ဖြစ်သည်။

ရှစ်ဖုန့်က သူ့အောက်ရှိ ငရဲဝံပုလွေကို ရှေ့သို့မောင်းနှင်လိုက်ပြီး  ခရမ်းရောင်ပုံရိပ်ထံသို့ချဉ်းကပ်လာသည်။

ရှစ်ဖုန့်ချဉ်းကပ်လာသည်ကိုကြည့်နေရင်း  ခရမ်းရောင်ချပ်ဝတ်နှင့်လူငယ်က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

“မင်းကဒီကိုဘာလာလုပ်တာလဲ..မင်းကငါနဲတိုက်ခိုက်ဖို့မထိုက်တန်သေးဘူး … ငါစိန်ခေါ်ချင်တဲ့သူက ရှစ်ဖုန့်ပဲ”

သူက သိပ်မဝေးလှသော နေရာမှ ကျန်းကျွင်းချင်ကို ထိုးညွှန်ပြပြီးပြောလိုက်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters