အပိုင်း (၁၈၄)
Vol. 13 Ch. 184
ဟန်ယန်းက သူ့အားစိန်ခေါ်ချင်သည်ဟု ကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်၏ မျက်နှာထက်၌ အထင်သေးမှုများနှင့်ပြည့်နှက်နေသည်။ သူကပြောလိုက်သည်။
“ငါက ဒီစစ်တပ်ထဲမာ အပျော့ဆုံးနဲ့အားအနည်းဆုံးဖုန့်ရှစ်လို့ခေါ်တယ် ..ရှစ်ဖုန့်က မင်းစိန်ခေါ်လို့ရနိုင်တဲ့လူမျိုးမဟုတ်ဖူး …မင်းရှစ်ဖုန့်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ငါ့ကိုအရင်ဆုံးအနိုင်ယူကျော်ဖြတ်နိုင်မှရမယ် “
“မင်းနဲ့တိုက်ရမှာလား”
ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ဟန်ယန်း ရှစ်ဖုန့်အား သေချာစွာကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါ့ရဲ့ ခရမ်းရောင်အမြွှာတူနှစ်လက်က မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ် …မင်းကငါ့တိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်မှာမဟုတ်ဖူး…အနည်းဆုံးမင်းအသက်ကို အလဟဿ အဆုံးရှုံးခံတာထက်စာရင် ရှစ်ဖုန့်ကို ငါနဲ့တိုက်ဖို့အတွက်တောင်းဆိုလိုက်တာကပို
ကောင်းတယ်”
“မင်းငါ့ကိုကြောက်နေတာဆိုရင်လည်း ငါ့မှာပြောစရာဘာမှမရှိတော့ဘူး ..ငါပြန်ပြီးတော့ရှစ်ဖုန့်ကိုပြောလိုက်မယ်..မင်းကငါ့ကိုတောင်တိုက်ဖို့ကြောက်နေတာမို့ သူနဲ့တိုက်ဖို့အတွက်မထိုက်တန်ဘူးဆိုပြီး”
“သောက်လခွီးကောင်”
ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ဟန်ယန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။
“မင်းလူစကားနားမလည်ဘူးလားကွ..ငါက မင်းကငါနဲ့ပြိုင်ဖို့မထိုက်တန်သေးဘူးလို့တစ်ချိန်လုံးပြောနေခဲ့တာ …မင်းကအရိုက်ခံချင်နေတယ်ဆိုမှတော့လည်း ငါကကူညီပေးရတာပေါ့ ….မတော်တဆငါမင်းကိုသတ်မိတော့မှ ငါမင်းကိုသတိမပေးခဲ့ဖူးလို့ငါ့ကိုလာမပြောနဲ့”
ဟန်ယန်ကစစကားပြောနေရင်း သူ၏ အမွှာတူနှစ်လက်ဆီမှရုတ်တရက် တလက်လက်ထနေသော ခရမ်းရောင်မိုးကြိုးများ ဗြုန်းခနဲထွက်လာသည်။ ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏ ပြင်းထန်လှသော အဟုန်ဖြင့် ၎င်းတို့က ရှစ်ဖုန့်ထံသို့ ခွန်အားကုန်ရိုက်နှက်ချလိုက်သည်။
“ဟမ့်…မင်းကရှစ်ဖုန့်ကို ဒီလောက်ခွန်အားလေးနဲ့များစိန်ခေါ်ချင်သေး
တာလား …မင်းသင်္ချိုင်းကို မင်းလာပြီးတူးနေတာမဟုတ်ဖူးလား..”
ခရမ်းရောင်မိုးကြိုး အမွှာတူနှစ်လက်လာနေသည်ကိုကြည့်နေရင်း ရှစ်ဖုန့်မှာ ပို၍ပင်အထင်သေးမှုတို့ဖြစ်ပေါ်လာ၏။ သွေးဓားကသူ၏ လက်အတွင်းတွင်ပေါ်လာခဲ့သည်။ သူကသူ့ခေါင်းမော့၍ တိုက်ခိုက်မှုကိုကာဆီးရန်အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။
“ကောင်းကင်လျှပ်စီးဓားသွားပညာရပ် ပထမလှုပ်ရှားမှု…တားဆီးခြင်း”
“ဂျိုင်း …ဂျိုင်း”
ခရမ်းရောင်မိုးကြိုးများ ထွက်ပေါ်နေသော အမွှာတူနှစ်လက်နှင့် အဖြူရောင်လျှပ်စီးများ ဝန်းရံနေသော သွေးဓားတို့ရိုက်ခတ်မိကြသည်။ သို့သော်၎င်းတို့မှာ သွေးဓား၏ အလွယ်တကူ တားဆီးခြင်းကိုခံလိုက်ကြရသည်။
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ၏ ခွန်အားပြည့်တိုက်ခိုက်မှုက ရှစ်ဖုန့်၏ အလွယ်တကူတားဆီးခြင်းခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါတွင် ဟန်ယန်း၏ မျက်လုံးတို့မှာ မယုံကြည်နိုင်မှုတို့ဖြင့်ပြူးကျယ်သွားရသည်။
ရှစ်ဖုန့်၏ လက်ရှိတိုက်ခိုက်မှုစွမ်းအားမှာ သွေးဓားထဲတွင် ဆီးလ်ခတ်ထားသော သွေးလစန္ဒြာသားရဲထံမှာ လာခြင်းဖြစ်သည်။ ဤရှေးဦးသားရဲမှာ သားပေါက်လေးသာဖြစ်သော်လည်း ၎င်းမှာ ဆဋ္ဌမအဆင့်သို့ရောက်ရှိနေပြီးဖြစ်သည်။ ၎င်းအတွက် ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏ တိုက်ခိုက်မှုအား ကောင်ငးကင်လျှပ်စီးဓားပညာရပ်ဖြင့်တားဆီး
ရန်မှာ ခက်ခဲသော အရာတစ်ခုမဟုတ်ပေ။
“မင်းတက်နိုင်တာဒါအကုန်ပဲလား… ဒီလောက်အဆ င့်စွမ်းအားလေးနဲ့များ မင်းကငါတို့စစ်တပ်ထဲက ထမင်းချက်လောက်တောင်အဆင့်မရှိဘူး “
ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့် စကားပြောလိုက်သည်။ နောက်ဆက်တွဲအနေဖြင့် သူ၏ လက်အတွင်းရှိသွေးဓားက တုန်ခါလာပြီး ကြီးမားသော အားဖြင့် ဟန်ယန်း၏ ခရမ်းရောင်မိုးကြိုး အမွှာတူတို့ကို ထိုးခုတ်လိုက်သည်။ချက်ချင်းဆိုသလို ဟန်ယန်းမှာ နောက်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် အတင်းအကျပ်ဆုတ်ခွာသွားရပြီး ခြေလမ်းတစ်ဒါဇင်ခန့်ဆုတ်ခွာပြီးမှသာ သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းညှိလိုက်နိုင်သည်။
“အခုက ငါတိုက်ခိုက်ရမဲ့အလှည့်ပဲ”
ရှစ်ဖုန့်က စကားပြောရင်းသူ၏ ငရဲဘုံခုတ်ပိုင်းချက်ဖြင့်ခုတ်ပိုင်းလိုက်သည်။ ရှစ်ဖုန့်က သူ၏ သွေးဓားအား ဟန်ယန်းဆီသို့လွှဲယမ်းလိုက်ပြီး ကြီးမားသော အဖြူရောင်ဓားချီကလည်း ဟင်းလင်းပြင်ထဲတွင်ပေါ်လာကာ ရှစ်ဖုန့်၏ လှုပ်ရှားမှုတို့နှင့်အတူလိုက်ပါ၍ ခုတ်ပိုင်းချလိုက်သည်။
“ဒီ..ဒီစွမ်းအားက”
ဟန်ယန်းမှာ ကောင်းကင်ထဲရှိကျဆင်းလာသော ဓားချီအား တုန်လှုပ်စွာဖြင့်စိုက်ကြည့်နေသည်။ စွမ်းအားကြီးစွမ်းအင်ဖိအားအောက်တွင် ပြင်းထန်သော အန္တရာယ်ခံစားမှု အသိအာရုံက သူ၏ နှလုံးသားထဲမှမြင့်တက်လာသည်။
“မဟုတ်ဖူး..မိစ္ဆာအတက်ပဲ..သူက ငါ့ကိုမှားယွင်းတဲ့ထင်မြင်ချက်တွေကို ပေးချင်လို့ မိစ္ဆာအတက်အချို့ကို အသုံးပြုနေတာ…. ငါဟန်ယန်းက ကမ္ဘာကြီးမှာ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ.. ငါလိုလူက ဘယ်လိုလုပ်ပြီးတော့ သာမညောင်ညတစ်ယောက်ကို မယှဉ်နိုင်ရမှာလဲ”
ဟန်ယန်းက ကောင်းကင်ထက်သို့ကြည့်၍ ကြုံးဝါးလိုက်သည်။ ရုတ်တရက်သူက အရှိန်အဟုန်ပြင်းပြင်းဖြင့် သူ၏ ခရမ်းရောင်မိုးကြိုး အမွှာတူတို့ကို ဝှေ့ယမ်းလိုက်သည်။ ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ စွမ်းအားအပြည့်ဖြင့် ကျဆင်းလာသော ဓားချီကို ရင်ဆိုင်လိုက်သည်။
“နဂါးကျား မိုးကြိုးတူ .ချိုးဖြတ်လိုက်စမ်း”
သူ၏ကြမ်းကြုတ်သောမျက်နှာဖြင့် ဟန်ယန်းကကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ခရမ်းရောင်မိုးကြိုးအမွှာတူတို့၏ အထက်တွင် ခရမ်းရောင်မိုးကြိုးနဂါးအရိပ်ကြီးက တူတစ်ဖက်၌ပေါ်လာခဲ့ပြီး နောက်တူတစ်ဖက်၌ ခရမ်းရောင်မိုးကြိုးကျားအရိပ်ကပေါ်လာသည်။ တူနှစ်လက်က အတူတကွထုရိုက်လိုက်ပြီး ဧရာမဓားချီထံသို့ တစ်ပြိုင်တည်းပစ်လွှတ်တိုက်ခိုက်လိုက်သည်။
“ဝုန်း…ဝုန်း..ဝုန်း..”
ဟင်းလင်းပြင်ထဲတွင် မိုးခြိမ်းသံများက မိုးကြိုးနတ်ဘုရားတစ်ပါး ဒေါသထွက်နေသကဲ့သို့ထွက်ပေါ်လာသည်။
“မဟုတ်ဖူး”
ဓားချီအားခုခံနေသော ဟန်ယန်းမှာ မကျော်လွှားနိုင်သောစွမ်းအားတစ်ခုက သူ၏ အမွှာတူတို့အားလာရောက်ထိမှန်ကာ သူ၏ စွမ်းအားတို့က လုံးဝပျောက်ကွယ်သွားသည်ကိုခံစားလိုက်ရသည်။ ထို့နောက်တွင် ဧရာမဓားချီက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်လက်ကျဆင်းလာသည်။
ဟန်ယန်းများ မျက်လုံးများပြူးကျယ်နေပြီး အဖြူရောင်ဓားချီက သူ၏ ဦးခေါင်းအားပိုင်းဖြတ်တော့မည်ကို ကူကယ်ရာမဲ့စွာဖြင့်ကြည့နေမိသည်။
“ငါသေရတော့မှာလား..ငါသေရတော့မှာလား”
ဟန်ယန်းမှာ သူတစ်ခါမှခံစားဖူးခြင်းမရှိခဲ့သော ထိန့်လန့်ကြောက်ရွံ့မှုအသိအာရုံကိုခံစားလိုက်ရသည်။ ဤသည်မှာ သေခြင်းတရားအတွင်းသို့ခြေချမိသော ခံစားချက်မျိုးဖြစ်သော်လည်း သူအနေဖြင့်ခုခံတွန်းလှန်ခြင်းတို့မပြု
လုပ်နိုင်ပေ။
အဖြူရောင်ဓားချီက ဟန်ယန်း၏ ခေါင်းအား ထိတော့မည့်အချိန်တွင် ရုတ်တရက် ဟင်းလင်းပြင်ထဲ၌ ရပ်တန့်သွားသည်။ ထို့နောက်တွင် လူငယ်တစ်ယောက်၏ အထင်သေးမှုများဖြင့်လေသံကထွက်
ပေါ်လာ၏။
“ဟမ့်..မင်းလိုမျိုး အားနည်းတဲ့သူက ဒီလိုခွန်အားလောက်လေးနဲ့ ရှစ်ဖုန့်ကိုစိန်ခေါ်ချင်တယ်တဲ့လား ..မင်းအရင်က သိုင်းပညာကျင့်ကြံခဲ့တဲ့တစ်ချိန်လုံး ခွေးတစ်ကောင်လိုကျင့်ကြံနေခဲ့တာလား”
“မင်းက ရေတွင်းထဲကဖားသူငယ်လေးသက်သက်ပဲ ….မင်းကိုမင်း တကယ့်ကိုပိုပြီးတွက်ဆနေခဲ့တာပဲရှိတာ ….မင်းက ကောင်းကင်နဲ့မြေကြီးကြားက အလွန်ကျယ်ပြောကြီးမားကျယ်ပြန့်မှုကိုမသိဘူး ….ရှစ်ဖုန့်လိုကျွမ်းကျင်သူတစ်ယောက်ကိုထားလိုက်အုံး..မင်းနှစ်တစ်ရာလောက်ကျင့်ကြံ
ရင်တောင် ငါ့ကို အနိုင်ယူဖို့မဖြစ်နိုင်ဘူး..”
အသံပျောက်ကွယ်သွားပြီးသောအခါတွင် ဟန်ယန်း၏ ခေါင်းထက်၌ရှိနေသော အဖြူရောင်ဓားချီက ဟင်းလင်ပြင်ထဲ၌ ပျောက်ကွယ်သွားသည်။ သို့သော်ရှစ်ဖုန့်၏ စကားလုံးများကတော့ ဟန်ယန်း၏ စိတ်ထဲတွင် နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့ ပဲ့တင်ထပ်နေသည်။
“ဒီလိုစွမ်းအားမျိုးနဲ့ မင်းလိုမျိုးအားနည်းတဲ့သူက ရှစ်ဖုန့်ကိုစိန်ခေါ်ချင်သေးတာလား..မင်းအတိတ်ကသိုင်းပညာကျင့်ကြံခဲ့တဲ့တစ်လျှောက်လုံးခွေးတစ်ကောင်လိုမျာကျင့်ကြံ
နေခဲ့လား”
“ရှစ်ဖုန့်ကိုထားလိုက်အုံး နှစ်တစ်ရာလောက်မင်းကျင့်ကြံမယ်ဆိုရင်
တောင် ငါ့ကိုအနိုင်ယူဖို့မဖြစ်နိုင်ဘူး”
ဟန်ယန်း၏ မျက်လုံးတို့က ဗလာနတ္တိဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲတွင် အားအင်မဲ့စွာဖြင့် လွင့်မျောနေပြီး ရှစ်ဖုန့် ၏ စကားများကိုတိုးဖျော့စွာရေရွတ်နေသည်။
“ငါကတကယ်ပဲ အားနည်းပျော့ညံ့တဲသူလား..ငါတကယ်ပဲ ယင်ကောင်လေးတစ်ကောင်ကိုတောင်အနိုင်မယူနိုင်ဘူးလား…စစ်တပ်ထဲက ထမင်းချက်တွေကတောင်ငါ့ထက်ပိုပြီးတော့သန်မာသေးတယ်လို့သူပြောခဲ့တယ်.. အဲ့တာအမှန်ပဲလား…အဲ့တာကအမှန်ပဲလား..
အားလုံးက အမှန်တွေပဲလား”
“ငါကတကယ်ပဲ ရေတွင်းအောက်ခြေက ဖားလေးတစ်ကောင်လား…ငါတကယ်ပဲ ငါ့ကိုငါ ပိုပြီးတွက်ဆခဲ့တာလား ..ငါ့ရဲ့သိုင်းပညာရပ်..ငါအရမ်းဂုဏ်ယူရတဲ့ငါ့ရဲ့သိုင်းပညာ …ငါ့အဖေအရမ်းဂုဏ်ယူကတဲ့ငါ့ရဲ့သိုင်းပညာ..
ဒါတွေက အတုအယောင်တွေလား..အဲ့တာတွေက အတုအယောင်တွေလား”
အခြားတစ်ဖက်တွင်ရှစ်ဖုန့်မှာသူ၏ ရည်ရွယ်ချက်က အောင်မြင်လုနီးပါးရှိသည်ကို မြင်တွေ့လိုက်ရသည်။ သူကငရဲဝံပုလွေကို လှည့်ရန်အမိန့်ပေးလိုက်ပြီး စစ်တပ်ဆီသို့ပျံသန်းစေလိုက်သည်။
“ဟမ့်…မင်းရဲ့ပါရမီက သိပ်မဆိုးလှတာကိုတွေ့ရလို့ ဒီသခင်လေးကမင်းကိုဒီအခွင့်အရေးပေးခဲ့တာ…မင်းဒီအရိပ်ထဲကနေ ရုန်းထွက်နိုင်ခဲ့ရင် ပိုပြီးသန်မာတဲ့သိုင်းပညာလမ်းကြောင်းပေါ်ကို မင်းခြေလှမ်းနိုင်လိမ့်မယ်..မင်းရဲ့စိတ်ပိုင်းဆိုင်ရာနဲ့သိုင်းပညာယုံကြည်မှုအပေါ်မှာချိုးဖြတ်နိုင်စွမ်းမရှိဘူးဆိုရင်တော့……
မင်းအနေနဲ့ တစ်ဘဝလုံးဒီနေရာမှာပဲ ပိတ်မိနေလိမ့်မယ်.. ဒါက ဒီသခင်လေးကိုစိန်ခေါ်တဲ့အတွက် မင်းပေးရတဲ့တန်ကြေးပဲ”
“ဟင့်အင်း..မဟုတ်ဖူး..ငါကအားမနည်းဘူး ..ငါဟန်ယန်းက ပါရမီရှင်လူတော်တစ်ယောက်ပဲ ..မင်း….နေအုံး”
ထိုအချိန်တွင် ဟန်ယန်းက စစ်တပ်ဆီသို့ပြန်လည်၍ ပျံသန်းသွားသော ရှစ်ဖုန့်အား ရုတ်တရက် အော်ပြောလိုက်သည်။
ရှစ်ဖုန့်က လှည့်လိုက်ပြီးဟန်ယန်းအား အထင်သေးစွာဖြင့်ကြည့်၍ ပြောလိုက်သည်။
“အိုး.. ဘာလဲ…မင်းကမင်းအသက်ကိုချမ်းသာပေး
လိုက်လို့လား..မင်းက မင်းအတွက်ဘာကကောင်းတယ်ဆိုတာကို မသိသေးဘူးပဲ မင်းကငါနဲ့ဆက်ပြီးတော့ တိုက်ချင်သေးတာလား”
“ငါမင်းကို အနိုင်ယူမှာ..ငါမင်းကို သေချာပေါက်အနိုင်ယူမယ်.ဆယ်ရက်..
ငါ့ကိုဆယ်ရက်ပဲ အချိန်ပေး.. ငါသေချာပေါက်မင်းကိုထပ်ပြီးတော့ စိန်ခေါ်မယ်… “
ဟန်ယန်းက ရှစ်ဖုန့်ကိုကြည့်လိုက်ပြီး စိတ်ပိုင်းဖြတ်ထားသော အမူအယာဖြင့်ပြောလိုက်သည်။
ဟန်ယန်း၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ဆယ်ရက်မပြောနဲ့ ငါမင်းကိုဆယ်နှစ်အချိန်ပေးရင်တောင် မင်းငါ့ရဲ့တိုက်ခိုက်မှုတစ်ချက်ကိုခံနိုင်မှာမဟုတ်ဖူး”
“ဆယ်ရက်..ငါကိုစောင့်ပေး..ငါသာဆယ်ရက်အတွင်းမင်းကို မယဉ်ပြိုင်နိုင်သေးဘူးဆိုရင် ငါ ဟန်ယန်း ဒီနေရာမှာပဲ ချက်ချင်း ငါ့လည်ချောင်းကိုငါ ဖြတ်ပစ်မယ်”
ဟန်ယန်းက အံ့ကြိတ်ကာပြောလိုက်သည်။ သူက သူ၏ ခရမ်းရောင်မိုးကြိုးအမွှာတူတို့ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား၏။ ထို့နောက်သူက ပြတ်ပြတ်သားသားပြန်လှည့်လိုက်ပြီး ကျီ့ပါမှူးမတ်စစ်တပ်ထံသို့ပျံသန်းသွားခဲ့သည်။
“ငါပိုသန်မာလာရမယ်..ငါပိုပြီးတော့ အစွမ်းထက်လာရမယ်.. ဒီလူကိုပဲငါအနိုင်ယူမှာတင်မဟုတ်ဖူး …..ငါရှစ်ဖုန့်ကိုလည်း အနိုင်ယူရမယ်.. “
ဟန်ယန်းက သူ၏ နှလုံးသားထဲတွင်ခိုင်မာစွာဖြင့်ပြောဆိုလိုက်
သည်။
ဆက်ရန်….
ဘာသာပြန်သူ- ARISE