← Chapters

အပိုင်း(၁၈၅)

Vol. 13 Ch. 185

အပိုင်း(၁၈၅)

Vol. 13 Ch. 185

ကျီ့ပါမှူးမတ်ဖြစ်သော ဟန်ဝမ်ကျင့် သားဖြစ်သူ ဟန်ယန်းမှာ အသက်ဆယ့်ခုနှစ်နှစ်အရွယ်တွင်ကြယ်ကိုးပွင့်အင်ပါယာ

နယ်ပယ်သို့ရောက်ရှိခဲ့သည်။

သူငယ်စဉ်ကတည်းက ကျီ့ပါမှူးမတ်ဟန်ဝမ်ကျင့်မှာ  ဟန်ယန်း၏ ထူးချွန်ပြောင်မြောက်သော အထုံပါရမီကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်သူ့အနေဖြင့် တစ်စုံတစ်ယောက်က ယင်းကို ရှာဖွေတွေ့ရှိသွားပြီး သားဖြစ်သူအနေဖြင့်ငယ်ရွယ်စဉ်၌ပင် သတ်ပစ်ခံလိုက်ရမည်ကိုကြောက်ခဲ့သည်။ ထို့ကြောင့်သူက  ဟန်ယန်းအား အမြဲဖုံးကွယ်ထားခဲ့ပြီး သိုင်းပညာအားလုံ့လဝီရိယရှိစွာဖြင့်ကြိုးကြိုးစားစားလေ့ကျင့်ရန်ပြောခဲ့သည်။

ဟန်ယန်းကလည်း ဟန်ဝမ်ကျင့်အား စိတ်ပျက်စေခဲ့ခြင်းမရှိခဲ့ပေ။ သူသည် သိုင်းပညာအား လုံ့လဝီရိယရှိစွာဖြင့် ကြိုးကြိုးစားစားလေ့ကျင့်ခဲ့သည်။ အသက်ဆယ်နှစ်အရွယ်တွင် ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်အဆင့်သို့ရောက်ရှိခဲ့၏။  ထိုအသက်ဆယ်နှစ်အရွယ်၌ပင် ဟန်ကလန်၏  တားမြစ်သေခြင်းဇုန်ဟုခေါ်သော လျှို့ဝှက်ဂူအတွင်းသို့ဝင်ရောက်ခဲ့သည်။

တားမြစ်သေခြင်းဇုန်တွင် နှစ်ပေါင်းတစ်ရာအထိဟန်ကလန်မှ ဝင်ရောက်ခဲ့သူ မည်သူမျှပြန်လည်၍ ထွက်လာနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဤနှစ်ပေါင်းတစ်ရာအတွင်း ၎င်းက မည်သို့သောအရာဖြစ်သည်ဆိုသည်အားလည်း ဘယ်သူကမှ သိရှိခဲ့ခြင်းမရှိပေ။ ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်ကိုချိုးဖြတ်ရန်အတွက် ဟန်ယန်းက သူ့ဖခင်ဖြစ်သူအပါအဝင် ဟန်ကလန်အား အရာအားလုံးကိုဖုံးကွယ်ခဲ့ပြီး တားမြစ်သေခြင်းဇုန်အတွင်းသို့ သူတစ်ယောက်တည်းခိုးဝင်သွားခဲ့သည်။ သူသည်ထိုအထဲတွင် အချိန်ခုနှစ်နှစ်ကြာမြင့်ခဲ့သည်။

ထိုအချိန်က ဟန်ကလန်ရှိလူတိုင်းမှာ မျိုးဆက်တစ်ခု၏ ပါရမီရှင်တစ်ယောက်ဖြစ်သောဟန်ယန်းမှာ တားမြစ်သေခြင်းဇုန်အတွင်း၌ ကျဆုံးသွားခဲ့ပြီဖြစ်သည်ဟုထင်ခဲ့ကြသည်။ သို့သော် ခုနှစ်နှစ်ကြာမြင့်ပြီးနောက်တွင် ဟန်ယန်းက တားမြစ်သေခြင်းဇုန်အတွင်းမှာ လျှောက်လှမ်းထွက်လာလိမ့်မည်ဟုတော့သူတို့အနေဖြင့် မမျှော်လင့်ခဲ့ကြချေ။  တားမြစ်သေခြင်းဇုန်အတွင်း၌ ဟန်ယန်းဘာဖြစ်ခဲ့သည်ဆိုသည်အားလည်း မည်သူမျှမသိကြချေ။သို့သော်သူ၏ ကျင့်ကြံမှုက ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်မှ ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်သို့ ခုနှစ်နှစ်အတွင်းတွင်ရောက်ရှိခဲ့သည်။

ဟန်ယန်းတားမြစ်သေခြင်းမှ ထွက်လာပြီးသိပ်မကြာခင်တွင် လုံအောင်၏ ယုတ်မာသော လုပ်ရပ်များကြောင့် ယွင်လိုင်အင်ပါယာမှာ ပရမ်ပတာအခြေအနေသို့ဆိုက်ရောက်လာခဲ့သည်။  ဟန်ဝမ်ကျင့်မှာ အရမ်းကိုပင်ပီတိရွှန်းဝေနေခဲ့သည်။  ဟန်ယန်းမှာ ကြီးမားသောခွန်အားစွမ်းပကားမျိုးဖြင့် ပြန်လည်၍ရောက်ရှိလာခဲ့သည်။  ဤသည်မှာ သူ၏ ဟန်ကလန်အတွက်ကောင်းကင်ဘုံ၏ လိုအင်ဆန္ဒတစ်ခုဖြစ်သည်ဟု သူ့အနေဖြင့်ယုံကြည်ထားသည်။ ယခုကမ္ဘာကြီးပရမ်းပတာဖြစ်နေသောအချိန်

တွင် ဟန်ကလန်နှင့်ကမ္ဘာကြီး၏ သူရဲကောင်းများက   သာလွန်ကြီးစိုးလွှမ်းမိုးနိုင်မှုအတွက်

အံတုပြိုင်ကြချိန်တွင်  သူတို့၏ အမြင့်သို့တက်လှမ်းရန်အချိန်က ကျရောက်လာခဲ့ပြီဖြစ်သည်။

အတိတ်တုံးက လုံကလန်၏ဘိုးဘေးက ယခင်မင်းဆက်အားဖြုတ်ချနိုင်ခဲ့ခြင်းမှာ  သူ၏  စွမ်းအားကြီးမားလှသောအင်အားကြောင့်ပင်ဖြစ်လေသည်။  သူက လုံမိသားစုမင်းဆက်ကိုထူထောင်ခဲ့သည်။ သူ့အားတည်ထောင်သူ ဧကရာဇ်တစ်ပါးအဖြစ် နှစ်ထောင်ပေါင်းများစွာတိုင်သိကြသည်ဖြစ်

သည်။  ယခုအချိန်၌ ဟန်ကလန်တွင် ပြိုင်ဘက်ကင်း  အင်ပါယာနယ်ပယ်တစ်ယောက် ဖြစ်သည့် ဟန်ယန်းရှိနေပြီဖြစ်ပြီး ဟန်မိသားစုအနေဖြင့် ဤအင်ပါယာကို ရယူကာ ဟန်မင်းဆက်ကိုထူထောင်ပြီး လွှမ်းမိုးမှုကိုရယူရန်အတွက်က မဖြစ်နိုင်သောအရာတစ်ခုမဟုတ်ပေ။

ယခု ဟန်ယန်းတစ်ယောက် ကျီ့ပါ မှူးမတ်၏ စခန်းချရာနေရာသို့ ပျံသန်းလာနေစဉ်တွင် ရုတ်တရက် ငွေရောင်အလင်းတစ်ခုက သူ၏ မျက်စိရှေ့မှဖြတ်သန်းသွားသည်။  နဂိုကတည်းက စိတ်ထဲတွင် ခံစားချက်မကောင်းနေသောဟန်ယန်းမှာ ယခုအချိန်၌ပို၍ပင်အခြေနေဆိုးသွားတော့သည်။ ထိုအချိန်တွင်ငွေရောင်အလင်းက ရုတ်တရက်ရပ်တန့်သွားပြီး ငွေရောင်ချပ်ဝတ်ခေါင်းဆောင်းတို့ကိုဝတ်ဆင်ထားသည့် ငယ်ရွယ်သော ဗိုလ်ချုပ်တစ်ယောက်၏ ပုံရိပ်ကလှစ်ဟာထွက်ပေါ်လာသည်။  သူက ငွေရောင်လှံအား သူ၏ လက်ထဲတွင်ကိုင်ထားပြီး ဟန်ယန်းကိုထိုးညွှန်၍ အော်ပြောလိုက်သည်။

“မင်းမျက်စိကန်းနေလား…ဒီဗိုလ် ချုပ်ကို မင်းဝင်ပြီးတော့တိုက်မိတော့မယ်..မင်းဘယ်လိုမျိုးပျံလာတာလဲကွ.. မင်းခွေးတစ်ကောင်လိုများကျင့်ကြံနေခဲ့တာ

လား”

နောက်ထပ်စကားတစ်ခွန်းကြောင့်ဟန်ယန်းမှာချက်ခြင်းကိုဒေါသထောင်းခနဲထွက်သွားခဲ့သည်။

“မင်းတော့သေချင်နေတာပဲ”

အမွှာတူနှစ်လက်က ထပ်မံ၍ ပြင်းထန်းသောခရမ်းရောင်လျှပ်စီးများကို ထုတ်လွှတ်လိုက်သည်။ ခရမ်းရောင်တူတို့အားဝှေ့ယမ်းလိုက်သောအခါတွင် ကြီးမားသောခရမ်းရောင်တူပုံရိပ်တို့က ဟင်းလင်းပြင်ထဲတွင်ဖြစ်ပေါ်လာသည်။  ၎င်းတို့က တောင်အသေးလေးနှစ်ခုကဲ့သို့ဖြစ်ပြီး ဘယ်ညာနှစ်ဖက်ဆီမှတိုက်ခိုက်ကာ ငွေရောင်ပုံရိပ်ထံသို့အပြင်းအထန်ဦးတည်ပစ်

ဆောင့်လိုက်သည်။

“မင်းကမင်းကိုမင်း အထင်ကြီးနေတာပဲ”

ငွေရောင်ချပ်ဝတ်ဗိုလ်ချုပ်က အော်ပြောလိုက်သည်။ သူကသူ၏ ငွေရောင်လှံကိုယမ်းခါလိုက်ပြီး နှစ်ဖက်စလုံးအားထိုးနှက်တိုက်ခိုက်လိုက်သည်။ ပြင်းထန်ကြီးစိုးပြီးအရှိန်ပြင်းသောအားတစ်ခုနှင့်အတူ သူက ဧရာမခရမ်းရောင်တူပုံရိပ်နှစ်ခုထံသို့ထိုးနှက်လိုက်သည်။

“ဝုန်း..ဝုန်း”

ပေါက်ကွဲသံနှစ်ခုက ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသည်။ ငွေရောင်ချပ်ဝတ်ဗိုလ်ချုပ်၏ ငွေရောင်လှံဖြင့်တိုက်ခိုက်မှုအောက်တွင်ခရမ်း

ရောင်တူပုံရိပ်တို့မှာချက်ခြင်းဆိုသလိုဖျက်ဆီးခံလိုက်ရသည်။

“ဒါ..ဒါကဘယ်လိုဖြစ်နိုင်ရတာလဲ”

ဟန်ယန်းမှာ သူနှင့်မထင်မှတ်ပဲတွေ့ဆုံသောကြုံရာလူတစ်

ယောက်က သူ၏ စွမ်းအားအပြည့်တိုက်ခိုက်မှုအား အလွယ်တူက တကယ်ကြီးချိုးဖြတ်နိုင်မှုအား မယုံကြည်နိုင်စွာဖြင့် ကြက်သေသေစွာကြည့်နေမိသည်။

ထို့နောက်ချက်ခြင်း ငွေရောင်ချပ်ဝတ်နှင့်ဗိုလ်ချုပ်က  သူ၏လှံကိုရှေ့သို့ထိုးထုတ်လိုက်ပြီး ဟန်ယန်း၏ ရှေ့၌ ရပ်တန့်လိုက်သည်။စူးရှထက်မြသောလှံအသွားထိပ်များ၌ အေးစက်သော ငွေရောင်အလင်းတစ်ခုလင်းလက်နေပြီး ဟန်ယန်း၏ မျက်နှာထက်၌ ငွေရောင်အလင်းတစ်ခုအဖြစ်အရောင်ပြန်နေသည်။ သို့သော်ဟန်ယန်း၏ အမူအယာက ချဉ်းကပ်လာသော အန္တရယ်ကိုမခံစားမိသကဲ့သို့ ကြောင်အမ်းအမ်းဖြစ်နေခဲ့သည်။ သူကဆက်လက်၍ တတွတ်တွတ်ရေရွတ်နေသည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ဒါကဘယ်လိုဖြစ်

နိုင်မှာလဲ”

ကပြောင်းကပြန်ဖြစ်မှုဝေဒနာများအားဆက်တိုက်ဆိုသလိုခံစားလိုက်ရပြီးသည့်နောက်တွင် ကမ္ဘာပေါ်၌ သူ့ကိုယ်သူအတော်ဆုံဖြစ်သည်ဟုထင်နေခဲ့

သော ဟန်ယန်းမှာ လက်တွေ့အား ရင်မဆိုင်နိုင်ဖြစ်နေခဲ့သည်။

“ဟမ့်…ပျင်းဖို့ကောင်းလိုက်တာ”

ငွေရောင်ချပ်ဝတ်ဗိုလ်ချုပ်က ဟန်ယန်း၏ အမူအယာအားတွေ့လိုက်ရသောအခါတွင် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။  သူက သူ၏ လှံအား အဝေးသို့ဖယ်လိုက်ပြီးပြောလိုက်သည်။

“ဒီတစ်ကြိမ်တော့ဒီသခင်လေးမင်းကိုခွင့်လွှတ်

ပေးလိုက်မယ်.. မင်းဒီသခင်လေးကိုထပ်ပြီးတော့ မလေးမစားထပ်လုပ်ရဲတယ်ဆိုရင် ဒီသခင်လေးက မင်းကိုသတ်ပစ်မယ်”

ငွေရောင်ချပ်ဝတ်နှင့်ဗိုလ်ချုပ်က စကားပြောပြီးသည့်နောက်တွင် ဟန်ယန်းအားလျစ်လျူရှုလိုက်ပြီး ငွေရောင်အလင်းအဖြစ်သို့ပြောင်းကာ ကောင်းကင်ထဲသို့ထိုးခွင်းပျံသန်းသွားသည်။

ဟန်ယန်းမှာ ညှို့ယူဖမ်းစားမှုတစ်ခုအောက်တွင်မိနေသကဲ့သို့မှင်တွေစွာဖြင့် ကောင်းကင်ထဲသို့ကြည့်နေသည်။ သူကဆက်လက်၍ တီးတိုးရေရွတ်နေ၏။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ….ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ငါကတကယ်ပဲ ..အဆင့်နိမ့်သိုင်းသမားတစ်ယောက်လား  ..ငါတွေ့လိုက်တဲ့သူတိုင်းကငါ့ကိုအလွယ်လေးနဲ့ အနိုင်ယူနိုင်ကြတယ်.. အဖေကပြောတော့ငါက မလွှမ်းမိုးနိုင်တဲလူတစ်ယောက်ဖြစ်နေခဲ့ပြီတဲ့..သူငါ့ကိုလိမ်ခဲ့တာများလား..သူငါ့ကိုလိမ်ခဲ့တာလား..ဘာလို့လဲ…အား…”

ဟန်ယန်းမှာကောင်းကင်ထက်သို့ကြည့်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ဝုန်း”

ကောင်းကင်ထဲတွင် လျှပ်စီးများကတလက်လက်ထနေပြီး မိုးခြိမ်းသံများက တစ်အုန်းအုန်းမြည်ဟိန်းနေသည်။ ထို့နောက်တွင် ပြင်းထန်သောရေစက်များကအောက်သို့ ကျဆင်းလာ၏။

“မိုးရွာနေတာလား”

သူကမုန်တိုင်းတစ်ခုအားကြိုဆိုသကဲ့သို့ ကောင်းကင်ထက်ကိုကြည့်လိုက်သည်။ သူ၏ အနက်ရောင်ဝတ်ရုံက ပို၍ပြင်းထန်စွာတလိပ်လိပ်ထနေပြီး သူ့အား မိုးထဲမှနတ်ဆိုးတစ်ကောင်ကဲ့သို့ ထင်မှတ်ရစေသည်

သို့သော်သူ၏ အဆင့်ဖြင့်  ဤမုန်တိုင်းကသူ့အား ထိပါးနိုင်ခြင်းမရှိပေ။ ၎င်းတို့က သူ၏ ကိုယ်ပေါ်သို့မကျရောက်ခင် သူ၏ စွမ်းအားတို့ကြောင့်အငွေ့ပျံသွားကြသည်ဖြစ်

သည်။

“သခင်လေးဖုန့်”

ထိုအချိန်တွင် ကျန်းကျွင်းချင်ကတောင်ပံအနက်ရောင်ကျားကိုစီးနင်း၍  ရှစ်ဖုန့်ဘေးသို့ရောက်လာပြီးပြောလိုက်သည်။

“မြောက်ပိုင်းဘုရင် လုံဝေ့က မြောက်ဘက်ဂိတ်ကနေ မြောက်ပိုင်း စစ်တပ်ကိုဦးဆောင်ပြီးတော့ အင်ပါယာမြိ့တော်ကိုတိုက်ခိုက်ဖို့ပြင််ဆင်နေတယ်လို့ကင်းထောက်တွေက အခုပဲသတင်းပို့ထားပါတယ်”

“အိုး..သူကဘာလို့ဒီအချိန်ကြီး တိုက်ခိုက်ဖို့ကိုရွေးခဲ့တာလဲ”

ရှစ်ဖုန့်ကစကားပြောရင်းခေါင်းမော့က ကောင်းကင်ထက်ရှိမိုးသက်မုန်တိုင်းကိုကြည့်

လိုက်သည်။

“မြောက်ပိုင်းဘုရင်လုံဝေ့ကျင့်ကြံထားတဲ့သိုင်းပညာက ရေဓာတ်အမျိုးအစား သိုင်းပညာရပ်ဖြစ်ပါတယ်……သူ့ဆီမှာ ရေလွှမ်းမိုးခြင်းအစီအရင်ဆိုတဲ့ အစီအရင်တစ်ခုရှိတယ်…  အခုအချိန်က မိုးက သည်းသည်းထန်ထန်ကိုရွာနေချိန်လေ.. ရေလွှမ်းမိုးခြင်းအစီအရင် က  မိုးရေတွေကိုစုစည်းနိုင်ပြီးတော့ အင်ပါယာမြို့တော်ကို ရေလွှမ်းအောင်လုပ်နိုင်စွမ်းရှိတယ်..  သူက အင်ပါယာမြို့နဲ့ အင်ပါယာစစ်တပ်ကို ရေလွှမ်းမိုးစေဖို့စီစဉ်နေတာ  ကြည့်လိုက် အခုဆိုရင်မိုးရွာတာကပြောင်းလဲသွားပြီ”

ကျန်းကျွင်းချင်စကားပြောနေရင်းကောင်းကင်ထဲမုန်တိုင်းမှာပြောင်းလဲသွားသည်။  ၎င်းအားတစ်စုံတစ်ခုကဆွဲဆောင်နေသကဲ့သို့

မြောက်ဖက်ထံသို့ဦးတည်သွား၏။

“အိုး..သူက ကောင်းကင်နဲမြေကြီးရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ ရေလွှမ်းမိုးခြင်းအစီအရင်ကို စီမံထားတာပဲ…အဲ့တာကဘယ်လောက်တောင်အစွမ်းထက်မလဲဆိုတာကိုသွားကြည့်ကြရ

အောင် “

ရှစ်ဖုန့်ကစကားပြောပြီးနောက်သူ့အောက်ရှိငရဲဝံပုလွေကိုအမိန့်ပေးလိုက်ပြီး  မြောက်ဖက်သို့ကျန်းကျွင်းချင်နှင့်အတူပျံသန်း

သွားလိုက်သည်။

ပြင်းထန်စွာရွာသွန်းနေသောမိုးတို့ကလောလောဆယ်တွင် မြောက်ဘက်သို့ဦးတည်၍စုစည်းသွားနေကြ

သည်။  ရှစ်ဖုန့်နှင့်ကျန်းကျွင်းချင်တို့မြောက်ဘက်ဂိတ်သို့ရောက်ရှိသွားသောအချိန်တွင် ကောင်းကင်ထဲ၌ ကြမ်းကြုတ်သောသားရဲများတလိပ်လိပ်တက်လာသကဲ့သို့ပြင်းထန်သော အရှိန်ပြင်းထန်သောလှုင်းများနှင့် ပြည့်နှက်နေပြီးဖြစ်သည်။

ပြင်းထန်သောလှိုင်းများကြားထဲတွင် ချပ်ဝတ်တန်ဆာဝတ်စစ်သည်များအားဝိုးတိုးဝါးတားတွေ့မြင်နိုင်သည်ဖြစ်၏။

ကျန်းကျွင်းချင်က ရှစ်ဖုန့်ကိုပြောလိုက်သည်။

“လုံဝေ့ဆီမှာ ရေဓာတ်အခြေပြု ကျင့်ကြံတဲ့ စစ်သည်နှစ်သောင်းရှိတယ်လို့ကျုပ်ကြားခဲ့ဖူး

တယ်.. လုံဝေ့က ရေလွှမ်းမိုးခြင်းအစီအရင်ကို ပြင်ဆင်ဖို့အတွက် အဲ့စစ်သည်နှစ်သောင်းရဲ့စွမ်းအားတွေကိုပေါင်းစည်းလိမ့်မယ်”

“အမှန်ပဲ”

ကျန်းကျွင်းချင်၏စကားတို့အား နားထောင်ပြီးသည့်နောက်တွင်ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။  ဤအချိန်တွင် ကောင်းကင်ထဲရှိပြင်းထန်သောလှိုင်းများကဆက်လက်၍ ကြီးထွားလာနေဆဲဖြစ်သည်။ဤသို့သာဆက်

သွားနေမည်ဆိုလျှင်ကောင်းကင်မှာ မကြာခင်သို့မဟုတ်နောက်ပိုင်း၌ ပြင်းထန်သော သမုဒ္ဒရာတစ်ခုအဖြစ်ဖြစ်လာလိမ့်မည်ဖြစ်သည်။  ထိုအခါ၌ အင်ပါယာမြို့တော်မှာလုံးဝဖျက်ဆီးခံလိုက်ရ

မည်ဖြစ်လေသည်။

ဤအချိန်တွင် များပြားလှသောပုံရိပ်များကလည်း ပျံသန်းလာကြပြီးကျန်းကျွင်းချင်တို့နှင့်. သေချာသောအကွာအဝေးတစ်ခုတွင်ရပ်လိုက်

ကြသည်။ ရှစ်ဖုန့်နှင့်ကျန်းကျွင်းချင်တို့ကဲ့သို့ပင် သူတို့သည်လည်း ရေလွှမ်းမိုးခြင်းအစီအရင်အားစောင့်ကြည့်နေ

ကြ၏။  ရုတ်ချည်းရှစ်ဖုန့်၏ ကိုယ်မှာတုန်ယင်သွားခဲ့သည်။  တစ်ချိန်လုံးတည်ငြိမ်နေခဲ့သောသူ၏ အမူအယာမှာ ချက်ခြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားသည်။  သူကသူ၏လက်ဆယ်ချောင်းတို့မှလက်သည်းတို့လက်ဖဝါးအတွင်းနစ်မြုပ်ဝင်သည်အထိသူ၏လက်သီးတို့ကိုတင်းကျပ်စွာဆုပ်ထား၏။  သူ၏လက်သီးတို့မှာသွေးများစတင်၍စီးဆင်း

လာသော်လည်းသူကတော့သတိပြုမိပုံမရပေ။  သူ၏ကိုယ်က ပြင်းတန်စွာတုန်ယင်နေပြီး အံကိုတင်းတင်းကြိတ်ကို စကားလုံးသုံးလုံကိုပြောလိုက်သည်။

“ရှစ်…ကျင်း….ထျန်း…”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters