← Chapters

မင်းဘယ်သူလဲ

Vol. 2 Ch. 24

မင်းဘယ်သူလဲ

Vol. 2 Ch. 24

ဝမ်တန်ဖေး ယခုကဲ့သို့ အလွန်အမင်းစိတ်လှုပ်ရှားနေပုံကို အခြားတစ်စုံတစ်ယောက်က မြင်တွေ့ခဲ့မည်လျှင် အံ့အားသင့်သွားလိမ့်မည်မှာ အသေအချာပင်။ သူ၏ ထိုကဲ့သော မျက်နှာအမူအရာမျိုးကို မည်သူတစ်ဦးတစ်ယောက်ကမှ မြင်တွေ့ဘူးလိမ့်မည်မဟုတ်ပေ။

အခြားသူများ၏ အမြင်တွင် ဝမ်တန်ဖေးဆိုသည်မှာ အရွေးချယ်ခံ လူတန်းစားတစ်ယောက်၊ ညင်သာသိမ်မွေ့သာ အမူအရာ၊ ဖော်ရွေကြည်တတ်သောအပြုံးနှင့် လှပကြော့ရှင်းသော ပုံပန်းသွင်ပြင်သဏ္ဏာန်တို့ရှိပြီး အရာရာတွင် ပြီးပြည့်စုံနေသူတစ်ဦးပင် မဟုတ်ပါလား။

သူသည် ယခုအချိန်အခိုက်အတန့်လေးအတွက် နှစ်ပေါင်းများစွာကြိုတင် ပြင်ဆင်လာခဲ့ရပြီး များစွာသောအရင်းအနှီးများကိုလဲ သုံးစွဲထားခဲ့ရခြင်းဖြစ်သည်။ အရာအားလုံးက သူနှစ်ပါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရသော ယခုအချိန်အခိုက်အတန့်လေးကို ရရှိရန်အတွက်ဖြစ်သည်။  နောက်ဆုံးတွင် သူ့ဘဝတစ်လျှောက်လုံး ကိုယ်နှင့်မကွာ ဆောင်ယူထားရမည့် ရတနာကို ရရှိရန်အတွက်ပင်ဖြစ်သည်။ သူ၏နှစ်လုံးသားများမှာ သွေးရူးသွေးတန်းဖြစ်နေသော စိတ်လှုပ်ရှားမှုများနှင့်အတူ ပေါက်ကွဲမတတ်ဖြစ်နေသည်။

မှီခိုရာဂိုဏ်းကို ဝင်ရောက်ခဲ့ရသည့် အဓိကရည်ရွယ်ချက်မှာလည်း ဤရတနာကိုရယူရန် အတွက်ပင် မဟုတ်ပါလား။

သူသည် တတ်အားသမျှ ခပ်မြန်မြန်ရွေ့လျားလိုက်ပြီး ဂူအတွင်းသို့ ဝင်လိုက်သည်။ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော အလောင်းကောင်ကြီးကို မြင်သောအခါတွင် သူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ၏မျက်လုံးများကအရောင်တောက်ပလာခဲ့သည်။ သူသည်သတ္တဝါကြီး၏အမြီးပိုင်းစီသို့ တဟုန်ထိုးပြေးသွားလိုက်သည်။ ယင်းသည် မြွေမိစ္ဆာအဖြစ်ပြောင်းလဲသွားစေသည့် အဓိကအစိတ်အပိုင်းဖြစ်သည်။ သူသည်အချိန်ခဏတာမျှရှာဖွေပြီးနောက် သူ၏မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာတစ်ခုပေါ်လာသည်။ သူသည်မျက်စိပြူးသားဖြစ်သွား၏။ အလောင်ကောင်၏ ခေါင်းအစ ခြေအဆုံးကြည့်ရူပြီးသွားသည့်နောက်တွင် သူသည်ကြက်သေသေသွားသည်။

“ဘယ်လိုဖြစ်တာလဲ... မဖြစ်နိုင်ဘူး”

မြွေမိစ္ဆာအရေခွံလဲပြီးနောက်မှသာ ရတနာကိုရရှိနိုင်ပေသည်။ ထိုအချိန်သည် လုံခြုံဘေးကင်းမှုရှိနိုင်သောတစ်ခုတည်းသော ကာလတစ်ခုလည်းဖြစ်ပေသည်။

“ဒီနေရာမှာ ဘယ်လိုဖြစ်နိုင်မလဲ ၊မဖြစ်နိုင်ဘူး”

သူ၏မျက်လုံးများတွင် ယုတ်မာစက်ဆုပ်မှုများဖြင့် ပြည့်နှက်နေဟန်ရှိပြီး သူ၏ခေါင်းကို ခါယမ်းနေလေ၏။ သူသည်အလောင်းကို ထပ်မံရှာဖွေလိုက်သည် ပြီးနောက် ဓားစိုက်ထားသည့် နေရာကို သတိရပြီး ရှာဖွေလိုက်သည်။ ထိုဓားစိုက်ထားခဲ့သော နေရာတွင် လွတ်နေလေပြီ။ ထိုနေရာတွင် ဘာမျှမရှိတော့။ ဝမ်တန်ဖေး၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်လာပြီး သူ၏မျက်လုံးများသည် မယုံနိုင်အောင် ဒေါသူပုန်ထလာသည်။ သူ၏ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သော အသံကြီးသည် တောင်နက်ကြီးတစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေတော့သည်။

အလောင်း၏ဦးခေါင်းသည် ပွင့်ထွက်နေပြီး မိစ္ဆာသားရိုင်းအမြုတေ ဖယ်ရှားခံထားရခြင်းကို သူသတိထားမိသည်။ အရိုးစုကို မြင်လေလေ သူနက်နက်ရှိုင်းရှိုင်း ခံစားရလေလေဖြစ်၏။ ထို့ကြောင့် ၎င်းကိုကြည့်ချင်စိတ်မျှပင် မရှိတော့ချေ။

သူ့တစ်ကိုယ်လုံးသည် အမျက်ချောင်းချောင်းထွက်နေပြီး ရက်စက်ကြမ်းကြုတ်မည်ဟန် ဖြစ်သည်။ သူသည်အပြင်ဘက်ကို တစ်ဟုန်ထိုးပြေးသွားလိုက်ပြီး ဝတ်ရုံလက်ရှည်ကို ‘မ’ကာ သူ့လက်မောင်းရှိ သွေးစက်အမှတ်အသားမှ တုံ့ပြန်မှုတစ်ခုခုများ ရလေမလားဟု မျှော်လင့်မိသည်။သို့သော်လည်း မည်သို့မှပင် အကြောင်းထူးမလာခဲ့ပါ။အမှန်မှာ ယင်းသွေးစက်အမှတ်အသား သုတ်သင်ဖျက်စီးခြင်း ခံခဲ့ရပြီးဖြစ်သည်။

သူသည် တောင်နက်ကြီးတစ်ခုလုံး အထက်မှအောက် အောက်မှအထက် ခေါက်တုံ့လူးလာ ရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိခြင်းမရှိ။ နောက်ဆုံးမတော့ သူသည် ကြက်သေသေကဲ့သို့ စကားလုံးများ ဆွံအသွားပြီး ဂူအတွင်းသို့ ပြန်လာကာ သတ္တဝါကြီး၏အလောင်းကို တွေတွေကြီးကြည့်နေတော့၏။ သူသည် နောက်တစ်ခါ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြန်သည်။

“ငါ၃နှစ်လုံးလုံး ရှေးမှတ်တမ်းများကို ရှာဖွေရင်း အချိန်ကုန်ခံခဲ့ရတယ်။ ကျင့်ကြံဖို့အတွက်တောင် အချိန်မရှိဘဲ ၃နှစ်၊ ငါ ဒီမိုးနဂါးပြန်ကြီးစီ ရောက်လာနိုင်စေတဲ့ လွန်ခဲ့သော နှစ်၂၀၀ကသဲလွန်စလေး တစ်ခုရဖို့အတွက်တောင် ဝိညာဉ်ကျောက်တုံး ထောင်သောင်းနဲ့ချီ သုံးစွဲခဲ့ရတယ်”

သူ၏ ခန္တာကိုယ်မှာ စိုးရိမ်ထိတ်လန့် တုန်လှုပ်နေပြီး မျက်နှာမှာလဲ ရှုံ့တွကာပုံပျက် ပန်းပျက်နေသည့် အနေအထားဖြစ်သည်။ သူပိုင်ဆိုင်ခဲ့သော အလှတရား တစ်ခုချင်းစီသည် ယခုအခါရူးမိုက်မှုများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

“ငါ့ရဲ့နှစ်တွေကို ကျိုးပြည်တစ်ခုလုံးမှာရှိတဲ့ တောင်တွေ၊ တောရိုင်းမြေရိုင်းတွေကို ရှာဖွေရင်း ကုန်ဆုံးခဲ့ရတယ်။ စီရင်စုအားလုံးနီးပါးရဲ့ နေရာတိုင်းကိုရောက်ခဲ့တယ်။ နောက်ဆုံးမှာတော့ ငါ့ရဲ့သွေးစက်အမှတ်အသားက ဒီနေရာကို လမ်းပြခေါ်လာခဲ့တယ်”

သူ့၏မျက်လုံးများသည် နီရဲနေ၍ လက်သီးကို ဒေါသတကြီးဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ယခုကဲ့သို့ သူ၏ ပြင်းထန်သော စိတ်တုန်လှုပ်ချောက်ချားမှုမျိုးကို မည်သူတစ်ဦးတစ်ယောက်ကမှ မမြင်ဘူးသည်မှာ အသေအချာပင်ဖြစ်သည်။

“ဒီရတနာအတွက်ကြောင့်ဘဲ ငါ့ကျင့်ကြံမှုတွေအတွက် မှီခိုရာဂိုဏ်းကို အဖက်လုပ်ခဲ့တာ။ သေစမ်း သေစမ်းကွာ၊ငါ့မှာ ၃နှစ်နီးပါးလောက် သည်းခံပြီး နေခဲ့ရတာ”

မမြင်ရသော ဓားတစ်ချောင်းဖြင့် ခုတ်ပိုင်းခြင်းခံရသကဲ့သို့ သူ၏မာနတွေအပိုင်းပိုင်းအစစ ရိုက်ချိုးခံခဲ့ရသဖြင့် သူ့ရင်ထဲမှာ ဆို့နင့်ခံစားလာသည်။ယခုအချိန်ထိ သူဒီလိုအရှုံးနှင့် ရင်ဆိုင်ရသည် ဆိုတာကို မယုံကြည်နိုင်သေးပေ။

“နဂါးကို နှိမ်နင်းမဲ့ အစီအရင်တစ်ခု ပြင်ဆင်ရန်အတွက် ငါ့မှာကျန်သမျှ ဝိညာဉ်တုံးတွေကို သုံးခဲ့တယ်။ ဒီရှေး မိုးနဂါးပျံကို နှိမ်နင်းနိုင်မဲ့ အချက်အလက်တွေထွက်အောင် ငါ့မျိုးနွယ်စုရဲ့ အရှိန်အဝါကိုသုံးပြီး ဖိအားပေးခဲ့ရတယ်။ဒီရတနာနှင့် အမွေအနှစ်တွေကို ငါ့ကျင့်ကြံမှုခရီး၏ ကနဦးအစအဖြစ် လိုချင်လို့ မျိုးနွယ်စုဝင်တွရဲ့ အကူအညီကိုတောင်ငြင်းပယ်ခဲ့တယ်” ။

“အဲဒါဘယ်သူလဲ...ငါ့ရတနာတွကို ဘယ်သူယူသွားတာလဲ”

သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်လာပြီး ခေါင်းတွေမှာ တစီစီမြည်လာသည်။ သူ့သွေးများဆူပွက်လာသည်။ သူ့အနေဖြင့် များစွာပေးဆပ်ခဲ့ရပြီးမှ တစ်ခြားတစ်ယောက်က အကျိုးရှိသွားခဲ့သည်။ သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက်ကို သူ၏အကျီဝတ်ရုံဖြူပေါ်သို့ ထွေးချလိုက်သည်။ ဝတ်စုံဖြူသည်သွေးများဖြင့် စွန်းထင်းသွားတော့သည်။

“ငါ့ရဲ့ ရှေးဟောင်းကျင့်ကြံခြင်းဓားကို ဘယ်သူယူသွားတာလဲ”

ဝမ်းနည်းပူဆွေးစွာဖြင့် ထပ်မံအော်ဟစ်လိုက်ပြီး နောက်ထပ်သွေးတစ်ပွက်ကိုထွေးအန်လိုက်သည်။ သူသည် ဒယိမ်းဒယိုင်ဖြင့် အနောက်ဖက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့နေပြီး မျက်လုံးများတွင် ရူးသွပ်မိုက်မဲမှုများ ပြည့်နှက်နေသည်။

သူဟာ ယခုအချန်ထိ ဖြစ်ပျက်သွားသာ အရာများကို လက်မခံနိုင်သေး။ ဒီမတိုင်ခင်က သူသည် မည်သည့်အခါကမှ ရှုံးနိမ့်ဘူးသည်မဟုတ်။ သူ့စိတ်ထဲတွင် ရှက်ဒေါသနှင့် သူ၏စိတ်နှလုံးသားကို သန်စွမ်းမာကျောစေသော မာနတရားတို့ကို ရောပြွမ်းခံစားနေခြင်းဖြစ်သည်။

“ကျင့်ကြံသူ လောကတစ်ခုလုံးကို အုပ်စိုးခြိမ်းခြောက်နိုင်ဖို့ ငါအစီအစဉ်ဆွဲထားခဲ့တာ ရတနာကိုဘယ်သူခိုးတာလဲ” ဤအခြအနေမျိုး ရောက်ရှိရန် သူပေးဆပ်ခဲ့ရသာ တန်ဖိုးများကို သူတွေးရင်းပြောသည်။ ထို့နောက် သွေးတစ်ပွက်ကို သူထပ်အန်လိုက်သည်။ သူနောက်ဖက်ခြေလှမ်း ဒယိမ်းဒယိုင်နှင့် ဆုတ်လိုက်သောအခါတွင်မူ သူ၏ဝတ်ရုံတစ်ခုလုံးသည် သွေးဖြင့်ချင်းချင်းနီနေလေပြီ။

“မင်းက ရတနာကိုသာမက ၊ မိစ္ဆာအမြုတေကိုပါ ယူသွားတယ်။ အဲဒါမပါဘဲ ငါ အဆင့်၇ကို ဘယ်လိုမှ ရောက်နိုင်တော့မှာမဟုတ်ဘူး။ မင်းဘယ်သူလဲ... မင်းဘယ်သူလဲ... ဘယ်သူက ငါ့ကံကြမ္မာတွေကို ယူသွားတာလဲ။ ဒါတွေက ငါ့ဟာ ငါ့ရတနာ ငါ့ရဲ့အမြုတေတွေ”

သူ၏ မျက်နှာသည် ရူးသွပ်မှုများနှင့် ရစ်ပတ်နေပြီး ဆက်လက်ရှာဖွေနေသော်လည်း အချည်းသာတည်း။

မန်ဟိုသည် ဘေးလွတ်ရာကိုထွက်ပြေးနေသော်လည်း ထိုအော်ဟစ်ညဉ်းတွားသံ အသံများက သူ့နားထဲဝင်ရောက်လာသည်။ သူ၏မျက်လုံးများက တောက်ပတက်ကြွနေပြီး မြန်နိုင်သမျှ မြန်အောင် ပြေးနေ၏။

“ငါတော့ပွတာဘဲ ၊ တကယ်ကို ငါတော့ပွပြီပဲ”

သူ့နှလုံးများက တဒုတ်ဒုတ်  ခုန်နေပြီး ၊သူ့အာခေါင်များက ခြောက်ကပ်လာသည်။ သူ၏မြန်နှုန်းမှာ တိုးလာပြီး ယခင်အမြန်နှုန်း ကန့်သတ်ချက်ထက်ပင် ကျော်လွန်လျက်ရှိနေသည်။ တောင်ဘက်ခြမ်းတောင်ပေါ်ရှိ သူ၏ ကျင့်ကြံခြင်းဂူသို့ ရောက်ရှိရန် အချိန်အနည်းငယ်သာ ပေးခဲ့ရသည်။

သူယူဆောင်လာသော ရတနာသည် ဝမ်တန်ဖေးအတွက် အလွန်အရေးကြီးကြောင်း မှန်းဆမိသည်။  ထို့ကြောင့် ဒီအရာများကို သူခိုးယူခဲ့ခြင်းဖြစ်ပြီး သူ၏လက်ရှိအခြေအနေကို လူသိထင်ရှားထုတ်ဖော်ခြင်း မပြုနိုင်ပေ။ သူ့ကိုယ်၌ကလည်း ပုန်းလျှိုး ကွယ်လျှိုး နေလိုခြင်းဖြစ်သည်။ အကယ်၍ ထိုသို့ နေလိုက်မည်ဆိုလျှင် လူအများက သူ့အပေါ် ပိုမိုအာရုံစိုက်မိလာနိုင်မည် ဖြစ်သည်။ ၎င်းအစား အခြေအနေပေါ်မူတည်၍ အကျိုးအကြောင်း ဆင်ခြင်ပြီး ရဲရဲတင်းတင်း နေလိုက်ခြင်း ကောင်းလိမ့်မည်။

သူသည် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။ သူ၏မျက်လုံးများက အတော်အတန် လင်းလက်တောက်ပနေ၏။ ဖက်တီးတွင် ကျင့်ကြံခြင်းဂူကို ဖွင့်နိုင်သော ကျောက်စိမ်းပြား ရှိနေဆဲဖြစ်သည်။ မန်ဟိုတွင်လည်း အစ်မရှုပေးထားသော နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ရှိနေသည်။ ထိုကျောက်စိမ်းပြားသည်လည်း တံခါးကိုဖွင့်၍ ရနိုင်မည်ကို သူသိသည်။ အကယ်၍ သော့တစ်ချောင်းတည်းသာ ဆိုခဲ့ပါမူ သူဝိညာဉ်ကျောက်တုံးများ ရေတွက်နေစဉ် အချိန်တုန်းက သူမ(အမရှု)တံခါးကို မည်သို့ ဖွင့်နိုင်ပါမည်နည်း။

သူ ကျင့်ကြံခြင်းဂူသို့ ဝင်လာသည့်အခါတွင် ဖက်တီးကိုမတွေ့ရချေ။ ပထမတော့ သူစိတ်ပူသွားသည်။ သို့သော်ဖက်တီးသည် ရိုးပုံအပုံရှိသော်လည်း အမှန်တကယ်တွင် အတော်အတန် လိမ္မာပါးနပ်ပြီး အနိုင်ကျင့်ခံ အမြတ်ထုတ်ခံမည့်သူ မဟုတ်ကြောင်း သူသိသည်။ သူသည် ဘာကိုမျှ ထပ်တွေးမနေတော့ဘဲ တပလ္လင်ခွေထိုင်ချလိုက်ပြီး အသက်ကိုခပ်ပြင်းပြင်း ရှုလိုက်ကာ ရွှေရောင်သိုလှောင်အိတ်ကို ဆွဲထုတ်လိုက်သည်။ သူသည်  ၎င်းကို မြင်ရသောအခါ ပို၍ပင်ပျာ်ရွှင်လာသည်။ ထို့နောက် ယင်းအိတ်ကိုဖွင့်လိုက်ပြီး မိမိကိုယ်ကိုတီးတိုးလေးပြောမိသည်။

“ဒါကအတော်ကြီးတာပဲ၊ ဒါကကိုင်ထားလို့ရ...ဘာတုန်းဟ”

သူစကားမဆုံးမီမှာပင် သူ့ခန္ဓာကိုယ်သည်တောင့်တင်းလာပြီး သူသည် နောက်တစ်ခါအသက်ကိုရူသွင်းလိုက်လေသည်။ သူကိုင်ထားသောအိတ်ကိုကြည့်လိုက်သာအခါတွင် သူ့စိတ်သည်ဗလာကျင်းဖြစ်သွားသည်။

“ဘုရား၊ ဘုရား ငါတော့တကယ်ထောပြီပဲ”

အိတ်ကိုကိုင်ထားရင်းသူ့လက်များ ကတုန်ကယင်ဖြစ်လာသည်။ သူသည်အချိန်ခဏမျှယူပြီး ဒီအရာတွေရရှိခဲ့ပုံကို တစ်ဖန်ပြန်တွေးနေမိသည်။ ထို့နောက်သူသည် ဝိညာဉ်ကျောက်တုံးကို တုန်ယင်နေသာလက်ဖြင့်ပင် ဆွဲထုတ်ယူလိုက်သည်။

အိတ်ထဲ၌ရှိသောထိုဝိညာဉ်ကျောက်တုံးသည် သူ့တွင်ရှိနေသော အခြားဝိညာဉ်ကျောက်တုံးများနှင့် လားလားမှ မတူချေ။ လက်တစ်ညိုးစာခန့် ကြီးမားနေပြီး ၎င်းကိုဝေ့ပတ်နေသော စိတ်ဝိညာဉ်စွမ်းအင်များက သိပ်သည်းဆို့ပိတ်နေခြင်းမရှိဘဲ အတွင်းပိုင်းအထဲတွင် ထူးခြားသော အခိုးအငွေ့လေးတစ်ခုက ဝေ့ပတ်နေသည်။သူ့၏အိတ်ထဲတွင် ထည့်ထားသော ဝိညာဉ်ကျောက်တုံး ၂၀၀ရာကျော်ထက် အရွယ်အစားပိုကြီးသည်။

သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက်များပြားသော ချမ်းသာကြွယ်ဝမှုမျိုးကို တစ်ခါမှမရဘူး၊ မမြင်ဘူးပေ။ သူခဏတာမျှ အသက်ရှုရပ်၍ မှင်သက်သွားသည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေပြီး ဘာမှမရှိသော ဗလာကြီးကို စိုက်ကြည့်နေမိသည်။ ဝိညာဉ်ကျောက်တုံးများမှ အပ သူ့၏အိတ်ထဲတွင်ရှိ အရာအချို့မှာ အဝတ်အစားများနှင့် အထွေထွေပစ္စည်းများသာဖြစ်သည်။

မန်ဟို၏ နဖူးစေးများသည် စတင်ထွက်လာသည်။ သူ၏ ကျင့်ကြံခြင်းဂူထဲ၌ မပူသော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လောင်မြိုက်သကဲ့သို့ ခံစားနေရသည်။ အချိန်တန်ငယ်ကြာသွားချိန်မှာတော့ သူဟက်ဟက်ပက်ပက် စတင်ရယ်မော လိုက်လေသည်။

“ဒီဝိညာဉ်ကျောက်တုံးတွေက ထူးခြားတယ်။ သူတို့က အစွမ်းကြီးမားလာတယ်၊ ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်ကတော့ ပုံမှန်ပဲ။ ဒါပေမဲ့ အရည်အသွေးကတော့...ဟဟဟ”

အချိန်အတော်ကြာပြီးနောက် သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ သူသည် နှုတ်ခမ်းကိုလျှာဖြင့် သပ်လိုက်ရင်း သူစုဆောင်းရရှိခဲ့သည့် အခြားပစ္စည်းများကို ဆွဲထုတ်လိုက်သည်။ ညှိုးခြောက်ခြောက်ဖြစ်နေသော မိစ္ဆာသားရိုင်းအမြုတေ ဖြစ်သည်။သူသည် ထိုအရာကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးက အလွန်အရောင်တောက်နေပြီး အသက်ကိုခပ်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်သည်။

ဤကဲ့သို့ အလွန်ကြီးမားသာ ဧရာမသားရိုင်းမိစ္ဆာများသေပြီး နှစ်ပေါင်းများစွာ ကြာသည့်နောက်တွင် သူတို့၏ အမြီးသည် မြေမိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့ အသက်ရှိစဉ်အခါက မယုံနိုင်လာက်အောင်ပင် စွမ်းအားကြီးမားကြသည်။

“ဒါက...အဲ့ မိစ္ဆာသားရိုင်းအမြုတေဘဲ”

သူသည် အမြုတေကိုကြည့်ရင်း အသက်ရှုရန် ခက်ခဲလာသည်။ ထို့နောက် ပုံတူပွားရန်ရည်ရွယ်ပြီး ကြေးနီမှန်ကို ထုတ်ယူလိုက်သည်။

တောရိုင်းအမြုတေကို ဆွဲထုတ်လိုက်ပြီး ကြေးမှုံမျက်နှာပြင်ပေါ်သို့  တင်လိုက်ခြင်းမပြုမီမှာပင် ကြေးမှုံသည် ရုတ်တရက် အလွန်ပြင်းထန်စွာ စတင်လောင်ကျွမ်းလာသဖြင့် မန်ဟို၏လက်ကို ထိခိုက်လုနီးပါး ဖြစ်သွားခဲ့သည်။ မမြင်ရသာ စွမ်းအားတစ်ခုက ကြေးမုံထဲမှထွက်လာပြီး အမြုတေထဲသို့ စီးဝင်သွားသည်။

မန်ဟို၏ လက်ထဲ၌ ကိုင်ထားသော မိစ္ဆာသားရိုင်းအမြုတေသည် ဒိုင်းကနဲ မြည်သံနှင့်အတူ မမြင်ရသောတိုက်ခိုက်မှု တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ချက်ချင်းဆိုသလိုပင် ကြေးမုံထဲမှ မမြင်ရသောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာအမြုတေကို ရိုက်ခက်လိုက်သည်။မိစ္ဆာအမြုတေသည် ရုတ်တရက် ရှည်လျား တောင့်တင်းသော သားရဲမိစ္ဆာအဖြစ် ပြောင်းလဲသွားပြီး ကြေးမုံမှန် ၎င်းကိုဖျက်စီးပစ်လိုဟန်ရှိနေသည်။

မန်ဟိုသည် ကြက်သေ သေသွားပြီး ချက်ချင်းဆိုသလို အနာခံကာ ကြေးမှုံပြင်ကို လှမ်းဆွဲလိုက်ပြီး အိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။ မိစ္ဆာသားရိုင်းအမြုတေသည်လဲ မြေပေါ်သို့ပြုတ်ကျသွားပြီး သေးငယ်သည့် အက်ကြောင်းများစွာကို ၎င်း၏ခြောက်ကပ်နေသော မျက်နှာပြင်ပါ်တွင် မြင်တွေ့နိုင်သည်။

“ ဘုရား...ဒါက မိစ္ဆာအမြုတေဘဲ ၊ သားရိုင်းအမြုတေမှ မဟုတ်ဘဲ” မန်ဟိုသည် နာကျင်စွာဖြင့် အမြုတေကို ဖုတ်ပူမီးတိုက် ကောက်ယူလိုက်သည်။

မိစ္ဆာအမြုတေတွင် မာကြောသော အပြင်ဖက်အလွှာရှိနေခြင်းကပဲ တစ်မျိုးကောင်း၏။ ကြေးနီမှန်၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် ၎င်း၏အပေါ်ယံပျက်စီးခဲ့ရသည်။ ယခုအခါ မှိန်ဖျော့ဖျော့လင်းနေသော အတွင်းဆံလေးကို မြင်နေသည်။ ၎င်းသည် အင်ဖော်တယ်ဂူတစ်ခုလုံး ပျံနှံ့သွားပြီး သူ၏မျက်လုံးထဲတွင် တစ်လက်လက်တောက်နေသည်။ ကြေးနီမှန်၏ တုန့်ပြန်မှုကို ပြန်လည်ခံစားမိကာ သူသည် ပုံတူပွားရန် ထပ်မံ၍ ကြိုးစားဝံ့တော့မည် မဟုတ်ပေ။ သူသည် ခဏမျှတုံံ့ဆိုင်းပြီးနောက် ၎င်းကိုသိမ်းဆည်းထားလိုက်တော့သည်။

သူသည် နောက်ထပ်တစ်ခါ အသက်ပိုင်းချလိုက်ပြီး သူ၏သိုလှောင်အိတ်အထဲမှ တတိယတစ်ခုကို ဆွဲထုတ်လိုက်လေသည်။ သေးသွယ်၍ ရှေးကျဟန်တူသော ဓားတစ်လက်ဖြစ်သည်။ ၎င်းကိုသူရှေ့သို့ဆွဲထုတ်ပြီးသူပြုံးပြလိုက်သည်၊

ထိုဓားသည် မယုံကြည်နိုင်လောက်အောင် ပင်ထက်မြက်လွန်းနေသည်။  ၎င်းသည် မြွေမိစ္ဆာ၏ခန္ဓာကိုယ်ကိုထိုးစိုက်နိုင်ရုံမျှမက ဧရာမမိစ္ဆာကြီး၏ဦးခေါင်းကိုပင် ပွင့်ကွဲထွက်အောင် ခွဲနိုင်ခြင်းက တစ်ခုခုထူးခြားမှာရှိနေမည်မှာမြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ သူသည်လက်ထဲ၌ကိုင်ထားသောဓားကိုကြည့်လိုက်သည်။ ယင်းသည် ရွှေ သို့မဟုတ် သံဖြင့်ပြုလုပ်ထားခြင်းမျိုးမဟုတ်ပဲ သစ်သားဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ သူ၏မျက်နှာပြင်ပေါ်တွင် မှော်အစွမ်းရှိပုံရသော ရွှေရောင်လိုင်းအချို့ရှိသည်။ သစ်သားဓားပျံဖြစ်လျက်နှင့် ၎င်း၏မယုံကြည်နိုင်လောက်အောင်ထက်မြက်မှုကိုစဉ်းစားမိလျင် မန်ဟို အလွန်စိတ်လှုပ်ရှားသွားတော့သည်။

***

All Chapters