← Chapters

အပိုင်း(၁၈၇)

Vol. 13 Ch. 187

အပိုင်း(၁၈၇)

Vol. 13 Ch. 187

“မင်းကဘယ်ကလဲ..ငါ့အဖေကို

ဘယ်လိုလုပ်ပြီးတော့ ထိခိုက်အောင်လုပ်ရဲတာလဲကွ..

ငါ့အဖေကိုလွှတ်လိုက်စမ်း”

သွေးနီရောင်မီးတောက်က ရှစ်ကျင်းထျန်း၏ ကိုယ်ပေါ်သို့ကျရောက်တော့မည့်အချိန်တွင် ဟင်းလင်ပြင်ထဲမှ ဒေါသတကြီးအော်ဟစ်သော အသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင် ငွေရောင်အလင်းတစ်ခုက ဖြတ်သန်းထွက်ပေါ်လာပြီး သွေးနီရောင်မီးတောက်ကိုထိမှန်သွားကာ အတူတကွပျောက်ကွယ်သွားကြသည်။

“ငါ့သား..အဖေ့ကိုကယ်ပါ”

ထိုအသံအားကြားလိုက်ရသောအခါတွင်

ရှစ်ကျင်းထျန်းက အလျှင်အမြန်အော်ပြောလိုက်သည်။

ရှစ်ဖုန့်က မော့ကြည့်လိုက်သောအခါတွင် ရဲစွမ်းသတ္တိရှိသော ငွေရောင်ချပ်ဝတ်တန်ဆာဝတ်လူငယ်ဗိုလ်မှူးတစ်ယောက်က လေထဲတွင် လွင့်မျောနေသည်ကိုတွေ့လိုက်ရသည်။  သူ၏ငွေရောင်ဝတ်ရုံက သူ၏နောက်ဖက်တွင်တဖျပ်ဖျပ်လွင့်နေသည်။ သူ၏မျက်နှာထက်တွင် ဒေါသတရားတို့ပြည့်နှက်နေပြီး သူ၏ငွေရောင်လှံအားအောက်သို့

ထိုးညွှန်ထားသည်။

“မင်းကိုး”

ဤပုဂ္ဂိုလ်မှာ သဲကန္တာရအတွင်းတွင် ဖုန်ရှင်းယန်အားကယ်တင်ချင်ခဲ့သော ငွေရောင်ချပ်ဝတ်လူငယ်ပင်ဖြစ်လေသည်။

ရှစ်ဖုန့်က ဟင်းလင်းပြင်အတွင်းသို့ကြည့်လိုက်သောအခါတွင် ရှစ်ရွှယ်က ရှစ်ဖုန့်၏ မျက်နှာအားရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်

ဖြစ်သည်။ သူအံ့အားသင့်သွားခဲ့ပြီး သူ၏ မျက်နှာထက်တွင် ဒေါသတရားတို့ထပ်မံ၍ပေါ်လာခဲ့သည်။ သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။

“မင်းကိုး..လူယုတ်မာကောင်..ငါ့အဖေကိုလွှတ်လိုက်စမ်း”

“မင်းအဖေလား”

ရှစ်ရွယ်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ရှစ်ကျင်းထျန်း၏ ကျောပေါ်သို့ခပ်ပြင်းပြင်းနင်းချလိုက်သည်။

“သူတောင်းစား ခင်ဗျားမှာသားအကြီးတစ်ယောက်ရှိနေခဲ့တာပဲ…ကျုပ်အမေနဲ့မတွေ့ခင် ခင်ဗျားကတစ်ခြားမိန်းမတစ်ယောက်နဲ့ အချစ်ဇတ်ခင်းခဲ့သေးတယ်ပေါ့လေ”

“အား..အား..မဟုတ်ဖူး..ရှစ်ဖုန့် ..သူကအသက်ဆယ့်နှစ်နှစ်ပဲရှိသေးတာ..

သူကလေးဘဝကတည်းက သူက တစ်ခြားသူတွေထက်ကို ကြီးထွားနှုန်းမြန်ဆန်နေတာ…အား..အား..”

ရှစ်ကျင်းထျန်း၏ မျက်နှာထက်တွင်နောက်တစ်ကြိမ်ထပ်မံ၍ ကြမ်းကြုတ်သောအသွင်ပေါ်လာခဲ့သည်။ သူကနာကျင်စွာအော်ဟစ်၍ ရှစ်ဖုန့်ကို ရှင်းပြလိုက်၏။

ထို့နောက်တွင်သူက မော့ကြည့်ကာရှစ်ရွှယ်ကိုပြောလိုက်သည်။

“ရွှယ်လေး..ဒါက မင်းရဲ့အကိုကြီးရှစ်ဖုန့်ပဲ..လာပြီးတော့မင်း

အကိုကြီးကိုနှုတ်ဆက်လိုက်..အား..”

“အကိုကြီး..”

ရှစ်ကျင်းထျန်း၏စကားတို့အားကြားလိုက်ရ

သောအခါတွင် ရှစ်ရွှယ်မှာအနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက်သူက ရုတ်တရက်ပြောလိုက်သည်။

“ဘယ်လိုလုပ်ပြီးတော့အပြစ်မဲ့တဲ့သူတွေကိုသတ်ပြီ..ယုတ်ညံ့တဲ့ပညာရပ်ကိုကျင့်ကြံထားတဲ့ဒီလူယုတ်မာက ကျွန်တော့်အကိုဖြစ်နိုင်မှာလဲ..ကျွန်တော့်

အမေပြောခဲ့တာက သူမွေးထားတာ ကျွန်တော်နဲ့ရှစ်လဲ့ကိုပဲ……..ပြီးတော့

သူသာကျွန်တော့်အကိုကြီးဆိုရင် ဘယ်လိုဖြစ်ပြီးတော့ကိုယ့်အဖေပေါ်မှာ

ခြေထောက်နဲ့ နင်းထားရတာလဲ..လူယုတ်မာ..ငါ့အဖေကိုလွှတ်လိုက်..မဟုတ်ရင် ငါမင်းကိုလွယ်လွယ်လေးပြီးဆုံး

သွားခွင့်ပေးမှာမဟုတ်ဖူး”

ရှစ်ရွှယ်စကားပြောနေစဉ်တွင်  သူ၏ လှံကငွေရောင်အလင်းတို့တလက်လက်တောက်ပလာသည်။ သို့သော်ရှစ်ကျင်းထျန်းမှာ ရှစ်ဖုန့်၏ ခြေထောက်အောက်တွင်ရှိနေ

သေးသောကြောင့် သူ့အနေဖြင့် အလျှင်စလိုပြုမူရဲခြင်းမရှိပေ။

“ဟီးဟီး…..ဘယ်လိုတောင်

အဖေနဲ့သားဆက်ဆံရေးမျိုးလဲ..”

ရှစ်ဖုန့်က လှောင်ရယ်၍ပြောလိုက်သည်။

“မင်းက သူတောင်းစားရှစ်ကျင်းထျန်း

ရဲ့သားဆိုမှတော့ ငါမင်းတို့နှစ်ယောက်လုံးကို မင်းတို့သွားရမဲ့လမ်းပေါ်ပို့ပေးရတာပေါ့”

ရှစ်ဖုန့်က စကားပြောနေရင်း ရှစ်ကျင်းထျန်းအားနင်းထားသောသူ၏ ညာခြေထောက်မှရုတ်တရက်သွေးနီရောင်မီးတို့ထွန်းတောက်လာသည်။ ရှစ်ကျင်းထျန်း၏ တစ်ကိုယ်လုံးမှာဆီများဖြန်း

ပတ်ခံထားရပုံရလေသည်။

“အား”

ရုတ်တရက်နှလုံးကြေကွဲဖွယ် စိတ်မချမ်းမြေ့စရာကောင်းသော

ငယ်သံပါကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏ဘက်ခြမ်းရှိဆူညံပွက်

လောရိုက်မှုများက တော်တော်များများ၏ အာရုံအား စွဲဆောင်ထားပြီးဖြစ်သည်။

“အဲ့လူက…..တောင်ပိုင်းဘုရင်ရှစ်ကျင်းထျန်းဖြစ်ပုံပဲ.. အဲ့လူငယ်လေးကဘယ်သူလဲ..  ဘယ်လိုဖြစ်ပြီးသူက တောင်ပိုင်းဘုရင် ရှစ်ကျင်းထျန်းကို မီးရှို့ရဲ့ရတာလဲ”

ကောင်းကင်ထဲရှိ နတ်ဆိုးသားရဲတစ်ကောင်အား စီးနင်းထားသည့် ဘုရင်နယ်ပယ်တစ်ယောက်က သူ့ဘေးရှိလူအားမေးလိုက်သည်။

“ရှူး …မင်းအသံကိုနှိမ့်ပြော ….မင်းအဲ့လူကိုမသိဘူးလား…

သူကသတ်ဖြတ်ခြင်းကြယ်ပွင့်ပဲ… သူမသတ်ရဲတဲ့သူဘယ်သူရှိလို့လဲ..ဖုန်ချမ့်ယွီ..ရွှယ်ထူနဲ့..ရွှယ်ရီမုံ့တို့တောင်သူ့ရဲ့လက်ထဲမှာသေခဲ့ရတာ…အခုမင်းသူဘယ်သူလဲ

ဆိုတာကိုသိပြီလား…”

“အာရှစ်ဖုန့်..သူကရှစ်ဖုန့်ပဲ..”

“ရှစ်ဖုန့်က တောင်ပိုင်းဘုရင် ရှစ်ကျင်းထျန်းရဲ့သားဖြစ်တယ်ဆို

တဲ့ကောလဟာလတစ်ခုရှိတယ်.. ဒါပေမဲ့ရှစ်ကျင်းထျန်းကသူ့

မိန်းမနဲ့သားဖြစ်သူကို ပစ်ပယ်ခဲ့ပြီးတော့…အကြီးဆုံး

မင်းသမီးဖြစ်သူ လုံယန်ကကို လက်ထပ်ဖို့ရွေးချယ်ခဲ့တယ်တဲ့…အဲ့တာက အမှန်ပဲလား”

“သူတို့ရဲ့အမုန်းတရားတွေကိုကြည့်ရသလောက်တော့  အဲ့တာက မှန်ဖြစ်မယ်”

“ရှစ်ဖုန့်”

ဤအချိန်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာနှင့်

ကောင်းကင်ထဲတွင်ရပ်နေသည့် လူငယ်တစ်ယောက်သည်သူ့ပတ်ဝန်းကျင်ရှိ စကားပြောဆိုသံများအားကြားရသည်ဖြစ်သည်။ သူကရုတ်တရက်တုန်ယင်သွားပြီး သူ၏လက်သီးအားတင်းနေအောင်

ဆုပ်လိုက်သည်။လူတိုင်းအနေဖြင့်

ပါရမီရှင်ဟူသောစကားလုံးအား

ပြောဆိုကြရာတွင် ပဉ္စမင်းသားဖြစ်သူလုံရှင်းအားသေချာပေါက်စဉ်းစားကြရမည်သာဖြစ်သည်။ ယခင်တုံးကသူသည် ယွင်လိုင်အင်ပါယာ၏ အသက်အငယ်ဆုံးသော ဘုရင်နယ်ပယ်တစ်ယောက်ဖြစ်ခဲ့သည်ဖြစ်၏။

သို့သော် ဤအချိန်ကာလလေးအတွင်းတွင် နတ်ဆိုးဆန်သောရှစ်ဖုန့်က ဘယ်နေရာကမှန်းမသိပေါ်လာခဲ့ပြီး  ယွင်လိုင်အင်ပါယာအတွင်းရှိအားလုံး၏ ဂုဏ်ကျက်သရေထွန်းပြောင်မှုတို့ကိုယူဆောင်သွားခဲ့သည်။  မည်သူကများ ပါရမီရှင်လုံရှင်းကို အမှတ်ရနေပါလိမ့်မည်နည်း။

“အား..ဘယ်လိုတောင်ငါ့အဖေကိုမီးလောင်တိုက်သွင်းရဲတာလဲ… လူယုတ်မာကောင်..မင်းသေချင်းဆိုးနဲ့ကိုသေရလိမ့်မယ်”

ရှစ်ကျင်းထျန်းမီးလောင်ကျွမ်းနေသည်ကိုမြင်တွေ့ရသောအခါတွင် ရှစ်ရွှယ်မှာဒေါသတရားတို့ဖြင့်ပြည့်

နှက်နေသည်။ သူ၏  ကိုယ်အားရုတ်တရက်ထောင့်ဖြတ်အတိုင်း အောက်သို့တစ်ဟုန်ထိုးထိုးဆင်းလိုက်သည်။  သူ၏ လက်အတွင်းရှိငွေရောင်လှံက ငွေရောင်အလင်းတို့ဖြင့်တောက်ပနေ၏။ သူကရှစ်ဖုန့်အားကြီးစိုးသောလှံချက်

ဖြင့်ပြင်းထန်စွာထိုးသွင်းလိုက်သည်။

“အဲ့ငွေရောင်ချပ်ဝတ်နဲ့လူငယ်လေးကဘယ်သူလဲ သူကဘာလို့ရှစ်ကျင်းထျန်းကို အဖေလို့ခေါ်နေရတာလဲ.. သူကလည်းရှစ်ကျင်းထျန်းရဲ့သားပဲလား..ဘယ်လိုဖြစ်ပြီးဒီလိုပါရမီရှင်တစ်ယောက်ယွင်လိုင်အင်ပါယာမှာ ရှိလာရတာလဲ”

“ရှစ်ကျင်းထျန်းနဲ့မင်းသမီးကြီးလုံယန်

တို့မှာသားနှစ်ယောက်ရှိတယ်လို့ပြောကြတယ်..အကြီးဆုံးသားကိုက ရှစ်ရွှယ်လို့ခေါ်တယ်…သူကအခြားကလေးတွေထက်ပိုပြီးတော့ကြီးထွားနှုန်းမြန်ဆန်တယ်..သူအသက်လေးနှစ်အရွယ်မှာ..လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာတစ်ယောက်က  သူ့ကိုရွေးချယ်သွားပြီးတော့ သိုင်းပညာတွေသင်ကြားပေးဖို့သူနေထိုင်တဲ့ တောင်ဆီကိုခေါ်သွားခဲ့တယ်.. သူက ရှစ်နှစ်တောင်ထွက်ခွာသွားခဲ့ပြီးတော့ လက်တလောကမှပြန်ရောက်လာခဲ့တာ..

အသက် ဆယ့်နှစ်နှစ်အရွယ်မှာသူက ဘိုးဘေးနယ်ပယ်ကိုရောက်နေခဲ့ပြီ”

“ငါတို့ယွင်လိုင်အင်ပါယာမှာအခုဆို ပါရမီရှင်တွေနဲ့ပြည့်နှက်နေတယ်..မင်းမှူးမတ်ဟန်ဝမ်ကျင့်ရဲ့သား ဟန်ယန်းကိုကြားဖူးလား… သူကလည်းပြိုင်ဘက်ကင်းပါရမီရှင်

တစ်ယောက်ပဲ..သူ့အသက်ဆယ့်ခုနှစ်နှစ်ပဲ

ရှိသေးတာကို ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်ကိုရောက်နေပြီ..သူရဲကောင်းတွေက ပြဿနာတွေဖြစ်တဲ့အချိန်မှာမှ မွေးဖွားလာကြတဲ့ပုံပဲ”

ရှစ်ဖုန့်ကရှစ်ရွှယ်၏ ကြီးစိုးပြီး ကြမ်းကြုတ်သောရောင်ဝါနှင့်သူ့ထံသို့လှံအားပစ်သွင်လိုက်သည်ကို တွေ့လိုက်ရသည်။ထို့နောက်တွင် ငွေရောင်လှံပုံရိပ်များပြင်းထန်သောမုန်

တိုင်းတစ်ခုကဲ့သို့ တစ်ခုပြီးတစ်ခုပေါ်လာပြီး သူ့အားလွှမ်းခြုံသွားသည်။

ရှစ်ဖုန့်ကသူ့လက်ထဲရှိသွေးဓားကို

ဝှေ့ယမ်းလိုက်ပြီး တူညီသောအဖြူရောင်ဓားချီကကျရောက်

လာသော တိုက်ခိုက်မှုနှင့်တွေ့ဆုံလိုက်သည်။  တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်ကသူ၏ တိုက်စားခြင်း တတိယမျက်လုံးကိုဖွင့်လိုက်ပြီး ရှစ်ရွှယ်ထံသို့တိုက်စားခြင်းမီးခိုးရောင်မြူများကို ထုတ်လွှတ်လိုက်သည်။

“အား..ယုတ်မာညစ်ပတ်တဲ့ကောင်”

ရှစ်ရွှယ်ကအော်ဟစ်လိုက်သည်။  သူ၏လှံရိပ်တို့ကရှစ်ဖုန့်ဓားချီ၏ ဖျက်ဆီးမှုကိုခံလိုက်ရသည်။ထို့နောက်တွင် မီးခိုးရောင်မြူများကသူ့ထံသို့လာနေသည်ကို တွေ့လိုက်ရ၏။ ရှစ်ရွှယ်ကလျှင်မြန်စွာဖြင့်သူ၏လှံရှည်ကို ဝှေ့ယမ်းလှည့်ပတ်လိုက်ပြီး ကြမ်းကြုသော နဂါးတစ်ကာင်ပုံသဏ္ဍန် ဝဲကြီးတစ်ခုဖြစ်ပေါ်လာသည်။ ဝဲကြီးကသူ့ရှေ့ရှိမီးခိုးရောင်တိုက်စားခြင်းမြူတို့ကိုဝါးမျိုးသွား၏။ ထို့နောက်တွင်၎င်းက မီးခိုးရောင်မြူတို့အား ချိုးဖြတ်သွားကာ  ရှစ်ဖုန့်ထံသို့တိုက်ရိုက်ပင်လှည့်ပတ်ဦး

တည်သွားသည်။

ဤအချိန်တွင်ရှစ်ရွှယ်မှာသူ၏နှလုံးသားထဲရှိအံ့အားသင့်တုန်လှုပ်မှုကိုတော့မထိန်း

ချုပ်ထားနိုင်ခဲ့ပေ။ သဲကန္တာရအတွင်းရှိနောက်ဆုံးတိုက်ပွဲပြီးနောက် ဤလူယုတ်မာ၏ စွမ်းအားတို့မှာတော်တော်လေးတိုး

ပွားလာခဲ့သည်ဖြစ်သည်။

“အား”

ရှစ်ဖုန့်၏ခြေထောက်အောက်၌ရှစ်ကျင်းထျန်း

မှာဆက်လက်၍ နာကျင်စွာဖြင့်အော်ဟစ်နေဆဲဖြစ်သည်။  သူ၏ အော်ဟစ်နေသောအသံမှာတုန်လှုပ်ဖွယ်ကောင်းလှသည်။ ဤအသံကိုကြားရရုံဖြင့် ရှစ်ကျင်းထျန်းတစ်ယောက်မည်ကဲ့သို့သောနှိပ

စက်မှုမျိုးအားခံစားနေရသည်ဆိုသည်ကို ကြည့်ရှုနေကြသူများမှာ စိတ်ကူးကြည့်၍ ရနိုင်သည်ဖြစ်သည်။  ဤအသံအားကြားလိုက်ရသူအားလုံးတို့မှာပါး

စပ်အပြည့်လေအေးများကိုရှူသွင်းမိလိုက်ကြ

သည်။ ဤသတ်ဖြတ်ခြင်းကြယ်အကြောင်းအား ယခင်ကသူတို့နေဖြင့်နားနှင့်သာကြားခဲ့ဖူးသော်လည်း ယနေ့တွင်တော့ သူတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့်မြင်တွေ့ရပြီဖြစ်

လေသည်။ လုံလောက်စွာဖြင့်ပင်ဤသတ်ဖြတ်ခြင်းကြယ်

မှာ တကယ့်ကိုရက်စက်ပြီး သူ၏ ဂုဏ်ပုဒ်နှင်ထိုက်တန်မှုရှိသည်ဖြစ်သည်။

“ငရဲဘုံကိုးခု ဓားချက်ပထမလှုပ်ရှားမှုပုံစံ”

ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။ အလင်းတစ်ချက်နှင့်အတူ သူ၏ သွေးဓားမှာအဖြူအဖြစ်စွန်းထင်းပြောင်းလဲသွားသည်။ သူက၎င်းကိုထိုးသွင်းလိုက်ပြီး ရှစ်ရွှယ်၏ နဂါးပုံသဏ္ဍန်ဝဲနှင့်အပြင်းအထန်ထိပ်တိုက်တွေ့စေလိုက်သည်။ ထိုးချက်တစ်ချက်တည်းဖြင့်ရှစ်ရွှယ်၏ နဂါးပုံသဏ္ဍန်ဝဲကြီးမှာ ရှစ်ဖုန့်၏ ဓားချက်အောက်တွင် ပျက်စီးသွားသည်။  ထို့နောက်တွင် အဖြူရောင်ဓားချီက အဖြူရောင်ဓားရှည်မှပျံသန်းထွက်ပေါ်လာပြီး ရှစ်ရွှယ်၏ ရင်ဘက်ထံသို့ ထိုးဝင်သွားသည်။

၎င်းက ရိုးရှင်းပြီးထက်ရှသောဓား

ချီတစ်ခုနှင်တူသော်လည်းသွေးဓားမှာ လက်နက်စိတ်ဝိညာဉ်အဖြစ်အဆင့်ခြောက်သွေးလစန္ဒြာသားရဲရှိသောလက်နက်တစ်ခုဖြစ်ပြီး ဓားချီမှာဘိုးဘေးနယ်ပယ်တစ်ယောက်၏ စွမ်းအားအဆင့်သို့ရောက်ရှိနေပြီးဖြစ်သည်။ ဓားချီအတွင်းတွင် သေးငယ်သောသွေးနီရောင်သားရဲလေး

ကိုခပ်ရေးရေးမြင်ရနိုင်ပြီး သားရဲဟိန်းသံကိုလည်းကြားရနိုင်သည်။

ဘိုးဘယ်နယ်ပယ်တစ်ယောက်အနေဖြင့်ရှစ်ရွှယ်မှာ  ဓားချီ၏စွမ်းအားအား အာရုံခံနိုင်သည်ဖြစ်သည်။  သူကသူ့ကိုယ်အတွင်းရှိစွမ်းအားအားလုံးအားထုတ်လွှတ်လိုက်ပြီး သူလှံ၏ ထိပ်ဖျား၌ ပြင်းထန်အားကောင်းသော ငွေရောင်အလင်းတို့စုစည်းသွားသည်။  လင်းလက်သောအရောင်တို့ကိုထုတ်လွှတ်နေပြီး နေရာတစ်ခုလုံးအား ငွေရောင်အလင်းတို့ဖြင့် ထွန်းလင်းသွားစေသည်။ ထို့နောက်သူ၏ လှံအားပြင်းပြင်းထန်ထန်ထိုးသွင်းလိုက်ပြီး ထက်ရှသောဓားချီနှင့် အပြင်းအထန်ထိပ်တိုက်တွေ့ဆုံစေလိုက်သည်။

“ဝုန်း”

ဆက်ရန်….

ဘာသာပြန်သူ- ARISE

All Chapters