← Chapters

အပိုင်း(၁၈၈)

Vol. 13 Ch. 188

အပိုင်း(၁၈၈)

Vol. 13 Ch. 188

ရှစ်ဖုန့်နှင့်ရှစ်ရွှယ်တို့ကြားရှိတိုက်ပွဲက ပေါက်ကွဲသံများအားဆက်တိုက်ဆိုသလိုထွက်

ပေါ်စေသည်။ အလွန်အမင်းပြင်းထန်သောစွမ်းအင်လှိုင်းများက ဦးတည်ချက်အနှံ့သို့  ကသောင်းကန်းပေါက်ကွဲ ထွက်လာသည်။ ထိုအချိန်တွင် လူများကပိုပို၍ တိုက်ပွဲအားအာရုံစိုက်လာကြသည်။

ယဲ့ဝူရှင်းနှင့် ဝူရှောင်းယွင်တို့၏ ကာကွယ်မှုအောက်၌ရှိနေသောလုံချန်ပင်လျှင် အနက်ရောင်ကျီးကန်းစစ်သည်နှစ်ထောင်ကိုဦး

ဆောင်ကာ အနက်ရောင်ကျီးကန်းကိုစီးနင်း၍ အလျှင်အမြန်ရောက်လာ၏။

“ဟားဟား…သူတောင်းစားရှစ်ကျင်းထျန်း…အဲ့သူတောင်းစားရှစ်ကျင်းထျန်း …နောက်ဆုံးတော့ ရှစ်ဖုန့်ရဲ့ ခြေထောက်အောက်မှာ နင်းခြေခံရပြီ..ဟားဟားဟား…ဒါကအရမ်းစိတ်ကျေနပ်ဖို့ကောင်းတာပဲ”

ယဲ့ဝူရှင်းမှာ အောက်ဘက်တွင်ရှိနေသော ကြက်သွေးရောင်ပုံရိပ်ကိုမြင်တွေ့ရပြီး စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံကိုကြားရသောအခါတွင် ဟက်ဟက်ပက်ပက်ကို ရယ်မောလိုက်သည်။

လူအများအပြားမှာယဲ့ဝူရှင်း၏ ရယ်မောသံကိုကြားလိုက်ရပြီး  သူ့အားလှည့်ကြည့်လိုက်ကြသည်။

“ရှစ်ကျင်းထျန်းကိုအရမ်းမုန်းနေတဲ့အဲ့ အင်ပါယာနယ်ပယ်က ဘယ်သူလဲ..ဘာလို့သူကို အရမ်းရင်းနီးနေတယ်လို့ခံစားရတာလဲ”

“သူပဲ..အဲ့တာသူပဲ..”

တစ်စုံတစ်ယောက်က ယဲ့ဝူရှင်းအားမြင်တွေ့လိုက်ရသောအခါတွင်  ရုတ်တရက် အလန့်တကြားအော်ပြောလိုက်သည်။

“ဒါက အရင်ကနှလုံးသားမဲ့အမှောင်သိုင်းဘုရင် တောင်ပိုင်းရဲ့အုပ်ချုပ်သူဟောင်း ယဲ့ဝူရှင်းပဲ  …..ကောလဟာလတွေအရ ဘုရင်ဟောင်းကြီးဟာလွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုံးက ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး  ရှစ်ကျင်းထျန်းက ဘုရင်ဟောင်းကြီးရဲ့ စစ်တပ်အာဏာနဲ့ သူ့ရဲ့ဘွဲ့ တောင်ပိုင်းဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို  လက်လွှဲယူခဲ့တယ်တဲ့”

“ဒါပေမဲ့ အဲ့အချိန်တုံးက ရှစ်ကျင်းထျန်းနဲ့ ဘုရင်ဟောင်းကြီးတို့က သားအဖလိုနီးကပ်တဲ့ ဆက်ဆံရေးမျိုးရှိခဲ့တယ်လို့ငါကြားခဲ့တယ်..ရှစ်ကျင်းထျန်းကလည်း ဘုရင်ဟောင်းကြီးကို သူ့ရဲ့မွေးစားဖခင်အဖြစ်လက်ခံခဲတယ်တဲ့..အခုတော့ဘုရင်ဟောင်းယဲ့ဝူရှင်းက ရှစ်ကျင်းထျန်း ဘေးဒုက္ခရောက်နေတဲ့အချိန် ဟက်ဟက်ပက်ပက်ကို ရယ်မောနေတယ်….အဲ့အချိန်တုံးက ဘုရင်ဟောင်းကြီးယဲ့ ပျောက်ကွယ်သွားခဲ့ရတာက ရှစ်ကျင်းထျန်းနဲ့များ ပက်သက်နေတာဖြစ်နိုင်မလား”

“အဲ့လိုပဲဖြစ်မယ်”

ထိုလူ၏ နောက်ရှိလူက ခေါင်းညိမ့်၍ပြောလိုက်သည်။

“အခု တောင်ပိုင်းဘုရင်ရှစ်ကျင်းထျန်းက   သူ့သားရှစ်ဖုန့်ရဲ့နှိပ်စက်တာကိုခံနေရချိန်မှာ …နောက်ထပ်သားတစ်ယောက်ဖြစ်တဲ့ ရှစ်ရွှယ်ကတော့သူ့ကိုကယ်တင်ဖို့လုပ်နေတယ်..သူ့မွေးစားအဖေဖြစ်သူကကျ သူနှိပ်ခံရတာကို ကြည့်နေပြီး ဟက်ဟက်ပက်ပက်ကိုရယ်နေတယ်.. ဒါကတယ့်ကို အဖေနဲ့သားမျိုးဆက်သုံးခုကြားက အချစ်နဲ့အမုန်းတရားတွေပဲ..ငါပိုပြီးတော့ ကြည့်လေ..ပိုပြီးတော့စိတ်ဝင်စားစရာတွေဖြစ်လာလေပဲ”

“အား…….”

ရှစ်ရွှယ်မှာ အဖေဖြစ်သူ လူယုတ်မာရှစ်ဖုန့်၏ ခြေထောက်အောက်၌ ဘေးဒုက္ခခံရနေမှုအားကြည့်နေရသည်။ ရှစ်ကျင်းထျန်း၏ ခန္ဓာကိုယ်မှာ ဆိုးယုတ်သော သွေးနီရောင်မီးတောက်၏ လောင်ကျွမ်းမှုကိုခံနေရ၏။  ရှစ်ရွှယ်မှာသူ့အဖေနှင့်အနီးဆုံးတွင်ရှိနေသော်လည်း သူ့အနေဖြင့်ဤလူယုတ်မာ၏ ခြေထောက်အောက်မှ ဖခင်ဖြစ်သူကို ကယ်တင်နိုင်ခြင်းမရှီခဲ့ပေ။ ပိုပြီးအခက်ကြုံရလေ သူပိုပြီးကြုမ်းကြုတ်လာလေဖြစ်သည်။

“လှံမိုးရွာသွန်းခြင်း”

ရှစ်ရွှယ်က ဟင်းလင်းပြင်ထဲမှ ဇောက်ထိုးစိုက်ဆင်းလာသည်။ သူကသူ့လက်အတွင်းရှိိ လှံရှည်ကိုလှုပ်ခါလိုက်ပြီး ငွေရောင်လှံပန်းပွင့်တစ်ခုကိုဖန်တီးလိုက်သည်။ ထို့နောက်တွင် ငွေရောင်လှံပန်းပွင့်က ရုတ်တရက်ပေါက်ကွဲသွားပြီး  အပ်ကဲ့သို့သေးငယ်သည့် ငွေရောင်အလင်းတန်းများအဖြစ်သို့ပြောင်းလဲ

သွားကာ  သိပ်သည်းစွာမိုးရွာသွန်းသကဲ့သို့ ရှစ်ဖုန့်ထံသို့ကျဆင်းလာသည်။

“အသူတစ်ရာချောက်နက်ဓား”

ရှစ်ဖုန့်က သူ၏ ဓားအားကောင်းကင်ထဲသို့ ထိုးသွင်းလိုက်သည်။ သိပ်သည်သေားဓားရိပ်များက ကျဆင်းလာသောငွေရောင်အလင်းမိုးများထံသို့ ပျံသန်းသွားသည်။ ထို့နောက်တွင်သူ၏ မျက်နှာထက်၌ တစ္ဆေမျက်နှာဖုံးကိုဝတ်ဆင်လိုက်၏။  သူက အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်…တုန်လှုပ်ခြင်း”

“အား”

ရှစ်ရွယ်မှာသူ၏ ဝိညာဉ်အားထုနှက်အရိုက်ခံရသကဲ့သို့ အော်ဟစ်လိုက်သည်။ သူအသိပြန်စုစည်းနိုင်သောအချိန်တွင် သူ့ခေါင်းအားခုတ်ပိုင်းကာနီးဖြစ်သည့် အဖြူရောင်ဓားချီကိုတွေိ့လိုက်ရသည်။  သူက၎င်းအား သူ၏ လှံဖြင့်အလျှင်အမြန်ကာဆီးလိုက်သည်။  ဓားချီအားတားဆီးခဲ့ချိန်တွင်သူ၏ ဇောက်ထိုးဖြစ်နေသောကိုယ်က အလျှင်အမြန်လှည့်ပတ်သွားသည်။ လူနှင့်လှံက တစ်သားတည်းဖြစ်သွား၏။ ထို့နောက်တွင် ပြင်းထန်သောငွေရောင်ဟာရီကိန်းတစ်ခုကဲ့သို့ ရှစ်ဖုန့်ထံသိမ်းကျုံးဦးတည်သွားသည်။

ရှစ်ဖုန့်မှာလည်းရှစ်ရွှယ်နှင့်တိုက်နေချိန်တွင် အံ့အားသင့်မိသည်။  သူသည်လည်းအစောပိုင်းကရှစ်ရွှယ်ကဲ့သို့အတွေးအတူတူပင်ဖြစ်လေသည်။ နောက်ဆုံးသဲကန္တာရအတွင်းတိုက်ပွဲအပြီး အချိန်တိုလေးအတွင်း  ရှစ်ရွှယ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ တော်တော်လေးကိုတိုးတက်လာခဲ့သည်။ ဤကဲ့သို့စွမ်းရည်ပါရမီတစ်ခုတည်းနှင့်တင်  ရှစ်ရွှယ်မှာ တကယ့်ကိုပါရမီရှင်တစ်ယောက်ဖြစ်လေသည်။

စောင့်ကြည့်နေကြသူများမှာလည်း သူတို့ကြည့်နေရင်းပင်ပို၍ပို၍ ထိတ်လန့်တုန်လှုပ်မိကြသည်။ ဤမွန်းစတားဆန်သာပါရမီရှင်နှစ်ယောက်ကြားရှိတိုက်ပွဲတွင် အကြိမ်တိုင်း၌ တစ်ယောက်နှင့်တစ်ယော်ထိခတ်မိလုနီးပါးရှိကြသော်လည်း အကြိမ်တိုင်းတွင် အခြားတစ်ယောက်က နောက်တစ်ယော်၏ တိုက်ခိုက်မှုများကိုသီသီးလေးရှောင်းတိမ်းသွားနိုင်ကြသည်ချည်းဖြစ်သည်။

“ဒီမွန်းစတားဆန်တဲ့ပါရမီရှင်နှစ်ယောက်…ငါတို့သာသူတို့ထဲကတစ်ယောက်ကိုပိုင်ဆိုင်ခဲ့ရင်  ကြီးမားတဲ့အရာတွေကို ရရှိအောင်မြင်ဖို့အတွက် စိုးရိမ်နေစရာလိုမှာမဟုတ်တော့ဘူး..”

တစ်စုံတစ်ယောက် တိုက်ပွဲအားစောင့်ကြည့်နေရင်းပြောသည်။

“ရှစ်ကျင်းထျန်းကတကယ့်ကိုမွန်းစတားဆန်တဲ့သားနှစ်ယောက်ကို မွေးပေးခဲ့တာပဲ..သူတို့ကိုဘယ်လိုရင်ဝယ်ပိုက်

ထားရမလဲဆိုတာကို မသိခဲ့တာကတော့ ဝမ်းနည်းစရာပဲ.. သူသာသားနှစ်ယောက်လုံးကိုသူ့ဘက်မှာ အသုံးပြုနိုင်ခဲ့မယ်ဆိုရင် ယွင်လိုင်အင်ပါယာမှာ  ဘယ်သူကမှရှစ်မိသားစုကို ရင်ဆိုင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်တော့ဘူး…ရှစ်မိသားစုစစ်တပ်က မလွှမ်းနိုင်တဲ့အရာတစ်ခုဖြစ်လိမ့်မယ်.. နှမြောစရာပဲ..နှမြောစရာပဲ”

“ဟားဟားဟား…ဟားဟားဟား…

ဤအချိန်တွင် အင်ပါယာမြို့အတွင်းမှ ရယ်မောသံတစ်ခုက ရုတ်တရက် ပေါက်ကွဲသလိုထွက်ပေါ်လာသည်။ ထို့နောက်တွင် အရှိန်အဝါကြီးမားသော ကျယ်လောင်သည့်အသံတစ်ခုက ထွက်ပေါ်လာ၏။

“မင်းတို့ကတကယ့်ကိုငါ့ရဲ့ မင်းမှုထမ်းကောင်းတွေ .ညီအကိုကောင်းတွေနဲ့ သားကောင်းတွေပါလားကွ..ဟေ”

ဤအသံက လူတိုင်း၏ အာရုံအားအင်ပါယာမြို့ဆီသို့ ဆွဲဆောင်သွားစေသည်။သူတို့အနေဖြင့် ယွင်လိုင်အင်ပါယာ၏ အာဏာအရှိဆုံးသူဖြစ်သော

လက်ရှိဧကရာဇ်ဖြစ်သူ လုံအောင်နှင့်ရင်ဆိုင်ရတာမည်ဖြစ်သောကြောင့်အားလုံးမှာတုန်လှုပ်နေကြသည်။

အင်ပါယာမြို့၏ ကောင်းကင်ထက်တွင်ပြည့်နှက်နေသော အနက်ရောင်နတ်ဆိုးချီများက သူတို့ထံသို့ အရှိန်အဟုန်ဖြင့် တလိပ်လိပ်တက်လာသည်။နတ်ဆိုးချီများ၏ အောက်တွင် နှိုင်းယှဉ်၍ မရသောအရှိန်အဝါကြီးမားသည့် ရွှေရောင်ပုံရိပ်ကို သူတို့အနေဖြင့်တွေ့လိုက်ကြသည်။အလွန်ပြင်းထန်သောနတ်ဆိုးချီများမှာ  ဤရွှေရောင်ပုံရိပ်မှထုတ်လွှတ်နေခြင်းဖြစ်ပြီး ကောင်းကင်ထက်သို့ထိုးတက်

နေခြင်းပင်ဖြစ်သည်။

လက်ရှိဧကရာဇ်လုံအောင်မှာ တိုက်စားခြင်းစွမ်းအားနှင့်သွေးဝါးမျိုနတ်ဆိုးပညာရပ်တို့အားကျင့်ကြံသည်ဟူသော ကောလဟာလရှိသည်ဖြစ်သည်။  ဤလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်နတ်ဆိုးချီများကိုလည်း သူကျင့်ကြံထားလိုက်မည်ဟု မည်သူကမျှထင်မှတ်ထားခြင်းမရှိပေ။

လုံအောင်က ရွှေရောင်လက်သည်းများပါရှိသော ရွှေရောင်ဝတ်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာကတည်ကြည်ခံ့ညားမှုရှိသည်။ သူ၏ သဘာဝကိုလွန်ဆန်စွာ

ဖြင့်ထွက်ပေါ်နေသော ရောင်ဝါက  လူအများအား သူ၏ ရှေ့၌ ဒူးထောက်လိုစိတ်များကို ဖြစ်ပေါ်စေသည်။

လုံအောင်က သူ၏လက်များအားနောက်ပစ်၍ လေထဲတွင်ဝင့်ကြွားစွာရပ်နေသည်။  သူကမြောက်ဘက်ဂိတ်ဆီသို့ တစ်လှမ်းချင်းလျှောက်လှမ်းထွက်လာသည်။ ယနေ့တွင်မြင်တွေ့ရသောတည်ကြည်ခံ

ညားသော လုံအောင်နှင့် သူတို့အစောပိုင်းအချိန်များကမြင်တွေ့ခဲ့ရသော နာမကျန်းဖြစ်နေသည့် လူအိုကြီးအသွင်နှင့် သေကာနီးဆဲဆဲဖြစ်နေသည့် လုံအောင်တို့မှာလုံးဝကွဲပြားခြားနား

နေလေသည်။

“လုံအောင်…….မင်းကယုတ်မာတဲ့ ကိစ္စတွေအများကြီးကို ကျူးလွန်ခဲ့ပြီး..အပြစ်မဲ့တဲ့ လူတွေကို အစုလိုက်အပြုံလိုက်သတ်ပစ်ခဲ့တယ်.. မင်းအပြစ်ပေးခံရသင့်တယ်ကွ”

လုံအောင်လေထဲတွင်လျှောက်လှမ်းထွက်

လာသည်ကို တွေ့လိုက်ရသောအခါတွင် တစ်စုံတစ်ယောက်က ဒေါသတကြီးအော်ပြောလိုက်သည်။

“ဟုတ်တယ်လုံအောင်..ခင်ဗျားရဲ့တစ်ကိုယ်

ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေကြောင့် လူအများကြီးကို ငိုကြွေးစေခဲ့တယ်.. ခင်ဗျားက ဧကရာဇ်နေရာနဲ့ မထိုက်တန်ဘူး"

တစ်စုံတစ်ယောက်က အပြစ်တင်သည့်အနေဖြင့်

ကျယ်လောင်စွာအော်ပြောလိုက်သည်။

“လုံအေင် ငါ့တို့လုံမိသားစုရဲ့   နှစ်ထောင်ပေါင်းများစွာတည်တံ့ခဲ့တဲ့ အင်ပါယာဟာ မင်းရဲ့လက်ထဲမှာ ဖျက်ဆီးခံရလိမ့်မယ်”

ဤတစ်ကြိမ်၌ ထွက်ပေါ်လာသော အသံမှာ  ကောင်းကင်ထက်ရှိတစ်လိပ်လိပ်တက်နေသောလှိုင်းလုံးများထံမှဖြစ်သည်။မြောက်ပိုင်းဘုရင်လုံဝေမှာ လှိုင်းများ၏အထက်တွင် လွင့်မျောနေသည်။  သူက လုံအောင်ကို လက်ညှိုးထိုး၍ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“အိုး..တော်ဝင်အကိုတော်ပဲ”

မြောင်ပိုင်းဘုရင်၏ အရှိန်အဝါကို မြင်တွေ့လိုက်ရသောအခါတွင်လုံအောင်က တည်ငြိမ်သောအမူအယာဖြင့် မော့ကြည့်၍ပြောလိုက်သည်။

“အကိုတော်..မင်းက ရေလွှမ်းမိုးခြင်းအစီအရင်ကို အသုံးပြုပြီးတော့ ငါတို့ရဲ့ဘိုးဘေးတွေတည်ဆောက်ခဲ့တဲ့ အင်ပါယာမြို့တော်ကို

ဖျက်ဆီးပစ်တော့မို့လား “

လုံအောင်၏ လေသံကတည်ငြိမ်မှုရှိသော်လည်း သူ၏ အသံက ကောင်းကင်ထဲ့သို့ပဲ့တင်ထပ်၍ ဖြတ်သန်းသွားသည်။

“လုံအောင် မင်းက ငါတို့လုံမိသားစုရဲ့ဘိုးဘေးတွေအကြောင်း

ကိုထည့်ပြောဖို့ထိုက်တန်လို့လား”

လုံဝေ့ကအော်ပြောလိုက်သည်။

“မင်းကငါတို့ ဘိုးဘေးတွေရဲ့အင်ပါယာကို ဖျက်ဆီးခဲ့တဲ့ ငမိုက်သားတစ်ယောက်ပဲ.. မင်းက မင်းရဲ့ညီအကိုတွေနဲ့ ညီမတွေကို အစုလိုက်အပြုံလိုက်သတ်ပစ်ခဲ့တယ်..မင်းရဲ့ သားတွေကိုတောင်မှမချန်ဘူး..ဒီနေ့တော့..မင်းအပြစ်ပေးခံရလိမ့်မယ်”

“ဟမ့်”

လုံဝေ့၏ ကြိမ်းမောင်းသံအားကြားလိုက်ရသောအခါတွင် လုံအောင်က အထင်သေးစွာဖြင့်အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“မင်းတို့က မျက်တောင်မွှေးတစ်ဆုံးလောက်ကိုပဲ မြင်တတ်တဲ့သူတွေပဲ.. ငါ့နှလုံသားထဲ့က ကြီမားတဲ့အစီအစဉ်ကြီးကို မင်းတို့တွေဘယ်လိုလုပ်ပြီးတော့နားလည်နိုင်မှာလဲ”

“ငါတို့ယွင်လိုင်အင်ပါယာဟာ နှစ်ပေါင်းများစွာထျန်းမြောင်အင်ပါယာကို ပဲမှီခိုအားထားခဲ့ရတယ်…ငါတို့ဟာ လက်အောက်ခံနိုင်ငံတစ်ခုပဲအမြဲဖြစ်ခဲ့တယ်.. နှစ်စဉ်နှစ်တိုင်းမှာငါတို့ဟာ အရမ်းကို များပြားလှတဲ့ရတနာတွေနဲ့ အရင်းအမြစ်တွေကို  ထျန်းမြောင်အင်ပါယာကိုပေးရတယ်..  ဒီလိုအရှက်ကွဲရတဲ့ခံစားချက်မျိုးကို မင်းတို့တွေအမြဲမခံစားခဲ့ကြရဘူးလား..ဒါပေမဲ့ဘာလို့အဲ့လိုဖြစ်ရတာလဲ ….မင်းတို့တွေအဲ့အကြောင်းကိုရောစဉ်းစား

ဖူးကြရဲ့လား”

ထို့နောက်လုံအောင်၏ အမူအယာကပြောင်းလဲသွားသည်။ သူကတင်းမာသော မျက်နှာထားဖြင့်ခပ်ထန်ထန်ပြောလိုက်၏။

“ငါတို့ယွင်လိုင်အင်ပါယာက လူဦးရေထူထပ်ပြီးတော့ စစ်တပ်အင်အားတောင့်တင်းတယ်ဆိုရင်တောင်  ထျန်းမြောင်အင်ပါယာရဲ့ များပြားလှတဲ့အင်ပါယာနယ်ပယ်တွေနဲ့ဘိုးဘေးနယ်ပယ်တွေကို ငါတို့တွ ရင်ဆိုင်မတိုက်ခိုက်နိုင်ဘူး…  သူတို့တွေငါတို့နိုင်ငံကို ဖျက်ဆီးမှာကို ငါတို့ မတားဆီးနိုင်ဘူး.. အဲ့တာကဘာဖြစ်လို့လဲဆိုရင် ယွင်လိုင်အင်ပါယာရဲ့စစ်သည်တွေဟာ အရမ်းကို မှအားနည်းပျော့ညံ့လွန်းကြလို့ပဲ..”

“ဒါပေမဲ့ငါက..ငါ့ရဲ့ယွင်လိုင်အင်ပါယာပိုပြီးအားကောင်းလာဖို့အတွက် တစ်ဘဝလုံးကို သိုင်းပညာရပ်ကျင့်ကြံမှုမှာ နှစ်မြုပ်ထားခဲ့တယ်…သန်မာတဲ့သူကသာ ငါ့ယွင်လိုင်အင်ပါယာရဲ့လက်ရှိအခြေအနေတွေကို ပြောင်းလဲနိုင်လိမ့်မယ်…ပြီးတော့ အဲ့နောက်မှာ ငါတို့ယွင်လိုင်အင်ပါယာက ပိုပြီး အင်အားကြီးလာပြီး အဲ့နောက်မှာ ငါတို့ရဲ့နယ်နိမိတ်တွေကိုချဲ့ထွင်လာနိုင်လိမ့်မယ်.လူပေါင်းသန်းဂဏန်းလောက်လေးရယ်..ငါ့ညီအကိုမောင်နှမအချို့ရယ် အသုံးမကျတဲ့သားအချို့ကိုသတ်တာကငါ့ရဲ့ယွင်လိုင်အင်ပါယာဟာ  ကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်လာပြီး အရှေ့ပိုင်းဒေသမှာ နိုင်ငံအားလုံးရဲ့အထက်မှာ တည်ရှိနိုင်ဖို့ပဲ…အဲ့တာက ဘာများထိခိုက်သွားတာတွေပါလို့လဲ”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters