← Chapters

အပိုင်း (၁၈၉)

Vol. 13 Ch. 189

အပိုင်း (၁၈၉)

Vol. 13 Ch. 189

“လုံအောင်…မင်းရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေအတွက်ဆင်ခြေတွေရှာနေတာကိုရပ်လိုက်……..ငါတို့လုံမိသားစုရဲ့ နှစ်ထောင်ပေါင်းများစွာသမိုင်းကြောင်းအတွက် ဒီနေ့မှာ အာဏာရှင်ဖြစ်တဲ့မင်း သေရလိမ့်မယ်.. “

လုံဝေ့က  ဒေါသတကြီးအော်ဟစ်လိုက်သည်။  သူ့အောက်ရှိလှိုင်းတို့က ပို၍ပို၍အုံကြွလှိုင်းထန်လာပြီးပို၍ပို၍ ပြင်းထန်စွာတလိပ်လိပ်တက်လာသည်။ လူးလွန့်နေသောလှိုင်းလုံးများက  ရှေးဦးသားရဲတစ်ကောင်ျ မွေးဖွားလာသကဲ့သို့ ပင်ဖြစ်သည်။လူးလွန့်နေသောလှိုင်းများက  ပင်လယ်နတ်ဘုရားတစ်ပါးဒေါသထွက်နေသကဲ့သို့ပင်ဖြစ်သည်။  သူတို့က ဧရာမလှိုင်းလုံးကြီးဖြစ်သွားပြီး ကောင်းကင်ထဲတွင်တလိပ်လိပ်တက်နေသည်။

၎င်းနှင့်အတူကမ္ဘာကြီးအား

ဖျက်ဆီးရန်စွမ်းအားတို့ကို သယ်ဆောင်လာသကဲသို့အောက်ရှိလုံအောင်

အားပြင်းပြင်းထန်ထန် ပစ်ဆောင့်လိုက်သည်။

“ဟမ့်”

လုံဝေ့၏တိုက်ခိုက်မှုအားမြင်တွေ့လိုက်ရသောအခါတွင်လုံအောင်က ဒေါသတကြီးနှာခေါင်းရှံ့လိုက်သည်။ကောင်းကင်ထဲတွင်စုစည်းနေသည့် ထူထဲသော နတ်ဆိုးချီများက လုံအောင်၏ အမျက်ဒေါသအားအာရုံခံမိပုံပေါ်သည်။  ၎င်းက ကောင်းကင်ထဲတွင် ဧရာမအနက်ရောင်ဝဲကြီးကဲ့သို့ တလိပ်လိပ်ဖြစ်ပေါ်ကာ  ဧရာမအနက်ရောင်နတ်ဆိုးချီလက်သီးအဖြစ် သိပ်သည်းဖွဲ့စည်းသွားသည်။  ၎င်းကလည်းကောင်းကင်ဘုံအား ဖျက်ဆီးပစ်မည့်စွမ်းအားများကိုသယ်ဆောင်

လာသကဲ့သို့ ကျဆင်းလာသော ပြင်းထန်သည့်လှိုင်းများထံ ပစ်ဆောင့်လိုက်သည်။

“ဝုန်း”

ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။စွမ်းအား

ကြီးစွမ်းအားနှစ်ခုကြောင့် ကောင်းကင်မှာကွဲအက်တော့မည်သကဲ့သို့ပင်

ဖြစ်သည်။ တိုက်ပွဲအားစောင့်ကြည့်

နေကြသောသူအားလုံးမှာ သူတို့ပတ်ဝန်းကျင်ရှိနေရာတစ်ခုလုံးပြင်းထန်စွာ တုန်ခါနေသကဲ့သို့ သူတို့၏ နှလုံးသားများ၌ တဒိတ်ဒိတ်ခုန်သံများကိုပင်ခံစားရသည်။

“အား..”

ဘုရင်နယ်ပယ်အဆင့်စောင့်ကြည့်နေကြသောသူအားလုံးမှာ သူတို့၏ နတ်ဆိုးသားရဲများနှင့်အတူ  လွင့်ပျံထွက်သွားသည်။ ၎င်းတို့နှင့်နီးကပ်နေကြသောသူအားလုံးမှာ တိုက်ရိုက်ပင်အပိုင်းပိုင်းခြေမွခံလိုက်ရသည်။ ယဲ့ဝူရှင်းနှင့်ဝူရှေုာင်းယွင်တို့၏

ကာကွယ်မှုအောက်တွင် လုံချန်မှာအကွာအဝေးတစ်ခုအထိကို

အလျှင်အမြန်ဆုတ်ခွာလိုက်ရသည်။

ကမ္ဘာတုန်အောင်ပြင်းထန်သည့် လှိုင်းလုံးများနှင့်နတ်ဆိုးချီတို့က  ဦးတည်ချက်အနှံ့သို့ပျံ့နှံ့သွားသည်။  ၎င်းတို့ကပြင်းထန်သောတိုက်ပွဲ

အားဖုံးလွှမ်းထားသောကြောင့် အားလုံးအား တိုက်ပွဲအခြေအနေများကိုရှင်းရှင်းလင်းလင်း မမြင်ရနိုင်ဖြစ်စေသည်။

လုံအောင်နှင့်တိုက်ပွဲတွင် မြောက်ပိုင်းဘုရင်ဦးဆောင်

သောစစ်သည်နှစ်သောင်းနှင့်အတူ ပြင်းထန်သောလှိုင်းလုံးများဖြစ်ပေါ်သည့် ရေလွှမ်းခြင်းအစီအရင်ကိုပြင်ဆင်ခဲ့ပြီး တိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်ခဲ့သည်။ ဤကဲ့သို့အလွန်ပြင်းထန်သော ပဋိပက္ခမျိုးက ပထမဆုံးတိုက်ပွဲအတွင်း၌ပင် ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူကမျှမျှော်လင့်ထားခဲ့ခြင်းမရှိပေ။

အကွာအဝေးတစ်ခုထိရောက်အောင် ထွက်ပြေးလာကြသောသူများမှာ ကောင်းကင်ထဲတွင်ရပ်တန့်လိုက်ကြပြီး ပြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံးမှာလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။

“ဒီစွမ်းအားက အရမ်းကိုပြင်းထန်တာပဲ”

ယခင်တုံးက ပြင်ပရှိလူများမှာလုံအောင်၏ ကျင့်ကြံမှုနပယ်အားသိရှိကြခြင်းမရှိပေ။ သူ၏ တိုက်ခိုက်မှုမှာတကယ့်ကိုကြောက်လန့်ဖို့ကောင်းသည်ဖြစ်သည်။

“ငါ့ခမည်းတော်ရဲ့ စွမ်းအားက တကယ့်ကိုဒီအဆင့်ထိအောင် ရောက်နေခဲ့ပြီပဲ”

ပိုပြီးတုန်လှုပ်အံ့အားအသင့်ရဆုံးသောသူမှာ လုံချန်ပင်ဖြစ်သည်။ မင်းသားလုံချန်အနေဖြင့် သူ၏ ဖခင်၏ သိုင်းနယ်ပယ်မှာစိတ်ဝိညာဉ်

နယ်ပယ်အဆင့်၌သာ ရှိလိမ့်မည်ဟုသူတစ်ချိန်

ကတွေးထင်ခဲ့သည်ဖြစ်သည်။  သူဖခင်အနေဖြင့်ဤကဲ့သို့နက်နက်ရှိုင်း

ရှိုင်းဖုံးကွယ်ထားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။  အစောပိုင်းကတိုက်ပွဲတွင် သူ့ဖခင်ဖြစ်သူ၏ စွမ်းအားမှာဘိုးဘေးနယ်ပယ် အဆင့်သို့ရောက်ရှိနေလောက်ပြီဖြစ်သည်။

“သခင်လေးဖုန့်”

လုံချန်မှာ အခြားအကွာအဝေးတစ်ခုတွင်ရှိနေသော တိုက်ပွဲဆီသို့ ကြည့်လိုက်သည်။ ထိုဘက်ခြမ်းတွင် ရှစ်ဖုန့်နှင့်ရှစ်ရွှယ်တို့မှာသူတို့၏အသက်များကို မျဉ်းပေါ်တင်ထားပြီး တိုက်ခိုက်နေကြဆဲဖြစ်သည်။

သွေးနီရောင်မီးတောက်တို့လောင်ကျွမ်းနေသော ရှစ်ကျင်းထျန်းမှာလည်း ဆက်လက်၍ စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်နေဆဲဖြစ်သည်။  လူများမှာလည်း အခြားတစ်ဖက်ခြမ်းကိုကြည့်လိုက်ကြပြီး ပင့်သက်ရှိုက်လိုက်မိသည်။

“ဒီရက်တွေအတွင်းမှာ ကြက်သွေးရောင်မီးတောက်လောင်းကျွမ်းသူတွေရဲ့ ငိုကြွေးသံတွေကို အခုချိန်ထိကြားနေရတယ်….

ဒီလိုနာကျင်မှုမျိုးက.. သေလိုက်တာကမှပိုပြီးကောင်းအုံးမယ်လို့ငါထင်တယ်”

“ဟူး..ငါအရင်က တောင်ပိုင်းဘုရင်ကိုတွေ့ဖူးတယ်…. သူကအရှိန်အဝါကြီးမားခံထည်ပြီးတော့ ချောမောတဲ့သူတစ်ယောက်ပဲ…ဒီနေ့မှာသူဒီလိုမျိုး ဝမ်းနည်းဖွယ်ကျဆုံးရလိမ့်မယ်လို့တော့ ငါမမျှော်လင့်ထားခဲ့ဖူး.. သူမသေပဲနဲ့ သူ့သားရှစ်ရွှယ်ကယ်တင်တာကိုခံခဲ့ရရင်တောင် သူကျန်နေတဲ့ သူ့ဘဝတစ်လျှောက်လုံးကို အကြောသေသွပ်ချာပါဒလိုက်တဲ့

လူတစ်ယောက်လိုမျိုးနေသွားရလောက်တယ်”

“ငရဲဘုံကိုးခု စတုတ္ထမြောက်ပုံစံ တစ္ဆေအရိပ်ဓား”

ရှစ်ဖုန့်က အော်ဟစ်လိုက်ပြီး သူ၏ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။ အေးစိမ့်သောလေအေးများက  သူ့ဝန်းကျင်တွင် တိုက်ခတ်လာသည်ကိုရှစ်ရွှယ် ရုတ်ချည်းခံစားလိုက်ရသည်။ ထို့နောက်တွင် များပြားလှသော အဖြူရောင်တစ္ဆေရိပ်များက  သူ့ဝန်းကျင်၌ပေါ်လာသည်ကိုတွေ့လိုက်ရသည်။

“ဝူး..ဝူး..ဝူး..ဝူး..ဝူး..”

တစ္ဆေရိပ်များကအသက်များကိုနှုတ်ယူရန် လာနေသောကြမ်းကြုတ်သည့် တစ္ဆေများကဲ့သို့  စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်နေကြသည်။ ၎င်းတို့က၎င်းတို့၏  အစွယ်များကို လှစ်ဟာပြထားပြီး ရှစ်ရွှယ်ထံသို့ပြင်းထန်စွာ တစ်ဟုန်ထိုးဝင်ရောက်သွားသည်။

“ငါက ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပဲ..မင်းတို့ကများဘယ်လိုတောင်ငါ့အနား

ကိုလာရဲတာလဲ”

ရှစ်ရွှယ်က အော်ဟစ်ကာ သူ၏ငွေရောင်လှံကိုဝေ့ယမ်းလိုက်သည်။ သူ၏ လှံချက်အောက်တွင် တစ္ဆေရိပ်များမှာ ပြင်းထန်စွာကွဲကြေသွားကြသည်။  သို့သော်ကွဲကြေသွားသောတစ္ဆေရိပ်များက အဖြူရောင်ဓားချီများအဖြစ်သို့ချက်ချင်းဖွဲ့စည်းသွားပြီး ပြင်းထန်သောမုန်တိုင်းတစ်ခုကဲ့သို့ ရှစ်ရွှယ်ထံ ဦးတည်ပျံသန်းသွားသည်။

“တားဆီးစမ်း”

ရှစ်ရွှယ်က ထပ်မံအော်ဟစ်လိုက်ပြီး သူလှံအားထပ်မံဝေ့ယမ်းလိုက်သည်။

“ထန်..ထန်..ထန်..ထန်..”

တစ္ဆေဓားသွားများမှာ တစ်ခုပြီးတစ်ခု ကွဲကြေသွားသည်။

“လူယုတ်မာကောင်.ငရဲကိုသွားလိုက်တော့”

ရှစ်ရွှယ်မှာပို၍ တိုက်ခိုက်လေ ပို၍ ဒေါသထွက်လာလေဖြစ်သည်။ ဤအချိန်တွင်  သူ၏ ဆံပင်များမှာရှုပ်ပွနေပြီး သူ၏ပုံစံမှာ ရူးသွပ်နေသောနတ်ဆိုးတစ်ကောင်နှင့်တူသည်။ သူ့နောက်တွင်ရှိသော ငွေရောင်ဝတ်ရုံမှာ  ရှစ်ဖုန့်၏ ဓားအောက်တွင် အပိုင်းပိုင်း  ပျက်စီးသွားခဲ့သည်။ သူ၏ပုံစံမှာကြမ်းကြုတ်နေသည်။ နောက်ဆုံးအဖြူရောင်ဓားချီပျောက်ကွယ်

သွားပြီးသည့်နောက်တွင် သူကရပ်တန့်ခြင်းမရှိပဲ  ရှစ်ဖုန့်ထံသို့ထပ်မံ၍ သူ၏လှံကိုထိုးသွင်းလိုက်သည်။

ရှစ်ရွှယ်နှင့်နှိုင်းယှဉ်လိုက်လျှင် ရှစ်ဖုန့်မှာကြော့မော့နေဆဲဖြစ်သည်။

“ဘန်း”

သူကသူ၏ ဓားဖြင့် ရှစ်ရွှယ်၏ လှံကိုသွေဖယ်အောင်လုပ်လိုက်ပြီး ရှစ်ရွှယ်၏ဦးခေါင်းထံသို့ ဓားချီဖြင့်ခုတ်ပိုင်းချလိုက်သည်။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်…တုန်လှုပ်ခြင်း”

တစ်ချိန်တည်းမှာပင် ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့်ထပ်မံ၍ရှစ်ရွှယ်ထံပို့လွှတ်  တိုက်ခိုက်လိုက်သည်။

“အား”

ရှစ်ရွှယ်က နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။ ရှစ်ဖုန့်မှာသူ့အပေါ်တွင် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့သည်။  ဤတစ်ကြိမ်တွင်သူက အံကိုတင်းတင်းကြိတ်ထားပြီး ၎င်းကိုခုခံရပ်တည်ခဲ့သည်။ဤတစ်ကြိမ်တွင် သူ၏ ဝိညာဉ်မှာတိုက်ခိုက်မှုကြောင့်ပရမ်းပတာဖြစ်မသွားခဲ့ပေ။  ထို့နောက်တွင်သူက သူ၏လှံကိုဝေ့ယမ်းပြီး ရှစ်ဖုန့်၏ ဓားချီကို တားဆီးလိုက်သည်။

“ဟူး..ဒီပြိုင်ဘက်ကင်းပါရမီရှင်နှစ်ယောက်က ဒီနေရာမှာပြင်းပြင်းထန်ထန်လာ

တိုက်ခိုက်နေကြတယ်.. သူတို့သာမြောင်ပိုင်းဘုရင်ကိုကူညီပြီးတော့  အာဏာရှင်လုံအောင်ကိုအတူတူတိုက်ခိုက်ကြရင်ကောင်းမှာပဲ”

“သူတို့ကိုကြည့်လိုက်…ဘယ်အချိန်မှာမှ သူတို့တွေအနိုင်ကိုဆုံးဖြတ်နိုင်မလဲဆိုတာကိုငါမသိဘူး”

“သူတို့ရဲ့တိုက်ခိုက်မှုက တည်ငြိမ်ပြီးတော့ ……..ဘာပြင်းထန်တဲစွမ်းအင်မှ မရှိဘူးဆိုပေမဲ့  သူတို့တစ်ယောက်ချင်းစီရဲ့တိုက်ခိုက်မှုတိုင်းမှာ ဘိုးဘေးနယ်ပယ်တစ်ယောက်ရဲ့ အစွမ်းတွေပါနေတာကိုငါခံစားလို့ရနိုင်တယ်  …….သူတို့တွေ ဒီလိုမျိုးအသက်ငယ်ငယ်လေးနဲ့ ဒီအဆင့်ကိုတောင်ရောက်နေကြပြီ သူတို့ရဲ့ရှေ့မှာ တောက်ပတဲ့ အနာဂတ်ရှိနေတယ်….သူတို့အရွယ်ရောက်လာတဲ့အခါ  နိုင်ငံကိုစိတ်ပါလက်ပါအမှုထမ်းရင် ငါတို့ယွင်လိုင်အင်ပါယာက  အနာဂတ်မှာ ထျန်းမြောင်အင်ပါယာရဲ့ထိန်းချုပ်မှု

အောက်ကနေချိုးဖြတ်လွတ်မြောက်နိုင်လိမ့်မယ်”

“ဒီနှစ်ယောက်”

တိုက်ခိုက်နေကြသောလူငယ်နှစ်

ယောက်အားကြည့်ကာ  ရွှေရောင်ချပ်ဝတ်တန်ဆာတို့အားဝတ်ဆင်ထားသည့် လုံရှင်းမှာ  လေထဲတွင်သူ၏ လက်သီးတို့အားတင်းကျပ်စွာ

ဆုပ်ထားလိုက်သည်။  သူ၏ ငယ်ရွယ်သောမျက်နှာထက်တွင် တိုက်ခိုက်လိုစိတ်များဖြင့်ပြည့်နေသည်။ ထို့နောက်  ကြီးမာသော လက်တစ်ဖက်က သူ၏ ပခုံးပေါ်သို့ကျရောက်လာပြီး ပြောလိုက်သည်။

“အလျှင်မလိုနဲ့အုံး”

“ဦးလေး”

လုံရှင်းက သူ၏ ခေါင်းအားလှည့်၍ သူ့ဘေးရှိ အနက်ရောင်ချပ်ဝတ် နှင့်တည်ကြည်လေးနက်သောမျက်နှာရှိသည့် လူကိုကြည့်လိုက်သည်။ ၎င်းမှာ လုံရှင်း၏ ဦးလေး ဖြစ်သူ ယွင်လိုင်အင်ပါယာ၏ တပ်မှူးဟောင်းဖြစ်သူ ဟွင်းဖှေးပင်ဖြစ်သည်။

ဟွင်းဖှေးက လုံရှင်းကိုကြည့်၍ ပြောလိုက်သည်။

“မင်းထပ်ပြီးတော့ကြာကြာသည်းမခံနိုင်တော့ဘူးဆိုတာငါသိတယ်… မင်းကဒီပါရမီရှင်နှစ်ယောက်ကိုတိုက်ခိုက်ချင်

နေတယ်..အထူးသဖြင့်ရှစ်ဖုန့်ပဲ.. ဒီအချိန်အတောအတွင်းမှာ သူကမင်းရဲ့ဂုဏ်ကျက်သရေတစ်ခုချင်းစီကို ယူသွားခဲ့တယ်..ဒါပေမဲ့ ငါတို့မှာ ပိုပြီးအစွမ်းထက်တဲ့ရန်သူတွေရှိနေတယ်ဆိုတာကို မင်းသတိရရမယ်.. မင်းရဲ့ခွန်အားကို အရမ်းကြီးမြန်မြန်ဆန်ဆန်ထုတ်ဖော်ပြတာက ကောင်းတဲ့အရာမဟုတ်ဖူး”

“အင်း”

ဟွင်းဖှေး၏ စကားတို့အားကြားလိုက်ရသောအခါတွင်  လုံရှင်းကလေးနက်သောအမူအယာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။  ထို့နောက်တွင်သူက ပိုပြီးပြင်းထန်သော တစ်ခြားတိုက်ပွဲဆီသို့ ကြည့်လိုက်ကြ၏။

“အနိုင်နဲ့အရှုံးကဆုံးဖြတ်ပြီးနေပြီ”

လုံရှင်းက တိုးဖျော့စွာရေရွတ်လိုက်သည်။

အနက်ရောင်နတ်ဆိုးချီများနှင့် တလိပ်လိပ်တက်လာသော လှိုင်းလုံးများကကောင်းကင်နှင့်မြေကြီးကြား

တွင်   ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး တိုက်ပွဲတွင်းအခြေအနေများအားလူအများကို ဖြည်းဖြည်းချင်းမြင်ခွင့်ပြုလာသည်။  သိပ်မကြာခင် တိုက်ပွဲအားကြည့်နေကြသောလူများမှာ လေအေးများကို ရှူသွင်းလိုက်မိသည်။  သူးတို့၏ နှလုံးသားထဲတွင်တုန်လှုပ်မှုများဖြင့်ပြည့်နှက်နေပြီး  သူတို့၏ ဆံပင်များပင် အဆုံးထိထောင်မတ်သွားကြသည်။ ခန္ဓာကိုယ်အထက်မှအောက် ကြက်သီးတဖြန်းဖြန်းထသွားပြီး ကျောရိုးထဲအထိတိုင်စိမ့်တက်သွားကာ   အချို့ဆိုလျှင် အနည်းငယ်ပင်တုန်ယင်နေကြသည်။

မြောက်ပိုင်းဘုရင်၏ စစ်သည်နှစ်သောင်းမှာ ခြောက်သွေ့သော အလောင်းများအဖြစ်သို့ပြောင်းသွားကြသည်။

သူတို့က ဖက်ထုပ်များကဲ့သို့အောက်သို့တဘုတ်ဘုတ်ပြုတ်ကျလာ၏။

လုံအောင်က လေထဲတွင်ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။ သူ၏ ဘယ်လက်အားနောက်ပစ်ထားပြီး  ညာလက်ဖြင့်  လူတစ်ယောက်အားကိုင်ထားသည်။  ထိုလူမှာ မြောက်ပိုင်းဘုရင်လုံဝေ့နှင့်ဆင်တူ၏။

လုံအောင်က လုံဝေ့၏မျက်နှာကိုဆုပ်ကိုထားပြီး လက်တစ်ဖက်တည်းဖြင့်အပေါ်သို့မတင်ထား

သည်။ လုံဝေ့၏ လက်မောင်းတို့မှာပျောက်ကွယ်နေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာပျော့ခွေနေပြီး အစွမ်းမဲ့နေသည်။ သူသည်လုံအောင်ကိုင်ဆောင်မှုကိုခံထားရသော ခွေးသေတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters