အပိုင်း (၁၉၀)
Vol. 13 Ch. 190
သူ၏ လက်အတွင်းရှိ အပြင်းအထန်ရုန်းကန်လှုပ်ရှားနေသော လုံဝေ့ကိုကြည့်ကာ လုံအောင်က အေးအေးဆေးဆေးပင်ပြောလိုက်သည်။
“အကို…ညီကိုတွေအများကြီးကြားထဲမှာ ငါမင်းကိုသဘောအကျဆုံးပဲ.. မင်းကစွမ်းဆောင်အရှိဆုံးလူမို့..ငါမင်းကို မြောက်ပိုင်းနယ်မြေကိုပေးခဲ့တယ် ..မင်းကလည်းငါ့ကိုစိတ်မပျက်စေခဲ့ဖူး.. မင်းမြောက်ပိုင်းနယ်မြေကိုကောင်းကောင်းစီမံခန့်ခွဲအုပ်ချုပ်နိုင်ခဲ့တယ်…. ဒါပေမဲ့ ပုန်ကန်ဆန့်ကျင်လိမ့်မယ်လို့တော့ငါမမျှော်လင့်ထားမိဘူး”
“ငါမှတ်မိနေတုံးပဲ……..အဲ့အချိန်တုံးက ထီးနန်းလုတိုက်ပွဲအတွက် ညီအကိုတွေအများကြီးပါဝင်ခဲ့ကြပေမဲ့ မင်းတစ်ယောက်ပဲ..ငါ့ဘက်မှာရပ်တည်ပေးခဲ့
တာ..ရာဇပလ္လင်ကိုငါသိမ်းပိုက်နိုင်ဖို့အတွက် မင်းငါ့ကိုကူညီခဲ့တယ်..ဒါပေမဲ့ မင်းဘာလို့ဒီနေ့မှာ ငါဝမ်းနည်းအောင်လုပ်ရတာလဲ”
“ညီ..ညီလေး”
လုံအောင်လက်အတွင်းရှိပျော့ခွေနေသော လုံဝေ့မှာ အားနည်းပြီး အက်ကွဲသောအသံနှင့်ပြောလိုက်သည်။
“ညီလေး…….ငါ့ဒန်တန်ဖျက်ဆီးပြီး….ငါ့အသက်ကို…ချမ်းသာပေးပါ”
“ဟားဟား”
လုံဝေ့၏ စကားတို့အား ကြားလိုက်ရသောအခါတွင် လုံအောင်ကရယ်မောလိုက်သည်။
“အကိုတော်….မင်းဘာလို့ သေမှာကို အရမ်းကြောက်နေရတာလဲ……ငါမင်းနဲ့အတူ ပိုင်ရုံနိုင်ငံမှာ တိုက်ခိုက်ကြတုံးက ရန်သူလေးသများကငါ့ကိုပစ်လိုက်တဲ့မြှားကို ကာပေးခဲ့တာမင်းပဲဆိုတာငါမှတ်မိပါသေးတယ်…မင်းက မင်းကျောကိုအသုံးပြုပြီး ငါ့အတွက်မြှားကိုကာပေးခဲ့တယ်..မြှားဒဏ်ရာက အဲ့နေရာမှာ ရှိနေသေးတယ်လား”
“ဟုတ်…ဟုတ်ပါတယ်..ညီလေး”
လုံဝေ့က အက်ကွဲကွဲ အားနည်းသော အသံဖြင့်ပြန်ဖြေလိုက်ပြီး နောက် ထပ်မံ၍ တောင်းပန်လိုက်သည်။
“ငါ့ကိုချမ်သာပေးပါ ညီလေး”
“မင်းကိုချမ်းသာပေးရမှာလား…ဟားဟား”
လုံအောင်ကထပ်မံ၍ ရယ်မောလိုက်သည်။
“အခု မင်းရဲ့လက်တွေကလည်း ဒုက္ခိတတစ်ယောက်ဖြစ်နေပြီး သေခြင်းတံခါးဝမှာ အပြင်းအထန်ကို ရုန်းကန်နေရတယ်.. ခွေးသေတစ်ကောင်လိုမျိုးဘာလုပ်ဖို့ ရှင်သန်နေထိုင်နေတော့မှာလဲ… ငါမင်းကိုကူညီပြီးအဲ့တာကို ဖြေရှင်းပေးပါ့မယ်”
“မလုပ်နဲ့”
သူ၏ မျက်နှာအားဆုပ်ကိုင်ထားသော လက်ဖဝါးထံမှ အားကောင်းသောစုပ်အားတစ်ခုရုတ်ထက်ရက်ထွက်ပေါ်လာသောအခါတွင် လုံဝေ့ရုတ်တရက်အော်ဟစ်လိုက်ပြီး လုံဝေ့၏မျက်နှာမှာတွန့်ရှုပ်ကြမ်းကြုတ်လာပြီး သူ၏ ခန္ဓာကိုယ်ရှိသွေးတို့ကသူမျက်နှာရှိဒွာရငါးပေါက်မှ လူလှိမ့်စီးဆင်းထွက်လာပြီး လုံအောင်၏ လက်ဖဝါးအတွင်းသို့ အတင်းအကျပ်စုပ်ယူခံလိုက်ရသည်။ လုံဝေ့၏ တည်ကြည်ခံညားပြီး သန်မာအားကောင်းသောခန္ဓာကိုယ်မှဦ ရှုံ့တွနေသော အလောင်းတစ်ခုဖြစ်သွားသည်အထိ လေလျော့ပူဖောင်းတစ်ခုကဲ့သို့ တွန်လိန်ရှုံ့တွသွားသည်။
လုံအောင်က လုံဝေ့၏ အလောင်းအား အမှိုက်တစ်ခုကဲ့သို့ လွှတ်ပစ်လိုက်ပြီးနောက် အဝေးရှိလူများအားကြည့်လိုက်ပြီး ပြောလိုက်သည်။
“အရမ်းကောင်းတယ်..မင်းတို့အကုန်လုံးနီးပါးဒီနေရာကို ရောက်လာကြပြီပဲ”
“အရှေ့ပိုင်းဗိုလ်ချုပ်စန်းရှဲ့…..အနောက်ပိုင်းဗိုလ်ချုပ်လျိုယင်း …….ယွင်လိုင်အင်ပါယာ ရဲ့ ဗိုလ်ချုပ်ဟောင်း ဟွင်းဖှေး ..အနောက် မြောက်ပိုင်းသဲကန္တာရဘုရင် ကျန်းကျွင်းချင်………..ကျီ့ပါမှူးမတ် ဟန်ဝမ်ကျင့်..ချင်ပါ မှူးမတ်…မင်တ…ဝူကျင့်မှူးမတ် လျိုဖာ..ကျားခွန်အား ဗိုလ်ချုပ် ဝေ့ချန်နန်..ကောင်းတယ်..အရမ်းကောင်းတယ် …ငါ့သားနှစ်ယောက်ဖြစ်တဲ့ လုံချန်နဲ့ လုံရှင်းလည်းရှိနေသေးတယ်… အိုး နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့ တောင်ပိုင်းဘုရင် ယဲ့ဝူရှင်းရောပဲ….ကောင်းတယ် မင်းတို့အားလုံးငါ့ကို ပုန်ကန်ဆန့်ကျင်ဖို့ရောက်လာကြတာပဲ”
လုံအောင်၏ လေသံက ပေါ့ပေါ့ပါးပါး ရှိလှသော်လည်း သူ၏ လေသံက လေထဲတွင်ပဲ့တင်ထပ်နေသည်။ သူက သိမ်းကြုံးကြည့်လိုက်ပြီး ယခင်သူ၏ ခံညားသော ဧကရာဇ်တစ်ပါးအရှိန်အဝါက ရှိနေဆဲဖြစ်သည်။ အစောပိုင်းကသူသည် စစ်သည်နှစ်သောင်းနှင့် ရေလွှမ်းမိုးခြင်းအစီအရင်အား တစ်ချက်တည်းဖြင့် ချိုးဖြတ်ခဲ့သည်။ ဤအချိန်တွင်သူ၏ အရှိန်အဝါက ပို၍ပြင်းထန်လာ၏။ သူ၏ အကြည့်ဖြင့် သိမ်းကြုံးအကြည့်ခံလိုက်ရသောသူတိုင်းမှာ ချက်ချင်း အေးစိမ့်မှုကိုခံစားလိုက်ရသည်။သူတို့၏ ခန္ဓာကိုယ်များမှာ အတင်းအဓမ္မလုပ်မယူရပါပဲ ဆုတ်ခွာလိုက်ကြပြီး မည်သူကမှလုံအောင်အားကြည့်ရဲခြင်းမရှိပေ။
“ဘာလဲ..မင်းတို့ငါ့ကိုကြောက်နေကြသေးတာလား”
ဤလူများအားကြည့်ကာ လုံအောင်က သရော်လိုက်သည်။
“မင်းတို့တွေ အင်ပါယာမြို့တော်ကို စစ်တပ်တွေဦးဆောင်ပြီးလာကြတာ ငါ့ကို ဖိနှိပ်ထိန်းချုပ်ကြဖို့မဟုတ်ဖူးလား”
“အာဏာရှင် .အရမ်းကြီး မာနကြီးပြမနေနဲ့ ကျုပ်တို့စစ်တပ်တွေ သိပ်မဝေးတဲ့နေရာမှာ စခန်းချထားပြီးသား.. ခင်ဗျားက ယုတ်မာတဲ့ လုပ်ရပ်အများကြီးကိုကျူးလွန်ထားတာ..ဒီနေ့ခင်ဗျားကိုကျုပ်တို့တွေ သေချာပေါက်သတ်ပစ်မှာ”
ဤအချိန်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထား
ပြီး မျက်နှာမည်းနှင့် လူက အတောင်ပံနှစ်မီးတောက်ကျွဲပေါ်တွင် ရပ်နေပြီး.လုံအောင်ကိုအော်ပြောလိုက်သည်။သူကသူ၏ လက်အားသာမန်ကာလျှံကာ ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ထက်သို့ အနက်ရောင်လက်ဖဝါးဖြင့်ရိုက်ထုတ်လိုက်ကာ “အမိန့်”ဟူသော ဧရာမစာလုံးကြီးတစ်ခုအားကောင်းကင်ထက်တွင်ဖြစ်ပေါ်စေလိုက်သည်။ ယင်းမှာ တပ်ဖွဲ့များအား စုစည်းရန်အချက်ပြခြင်းပင်ဖြစ်သည်။
အသံအားကြားလိုက်ရသောအခါတွင် လုံအောင်ကလှည့်၍ ပြောလိုက်သည်။
“အိုး..ငါကဘယ်သူများလဲလို့သိချင်နေတာ.. ငါ့ယွင်လိုင်အင်ပါယာရဲ့ ဗိုလ်ချုပ် ချန်ကန်းပါလား.. အမှိုက်လိုကောင်ပဲ.. မင်းစစ်သည်တစ်သန်းလောက် စုစည်းနိုင်ရင်တောင် ငါ့ကိုသတ်နိုင်မယ်လို့မင်းထင်နေတာလား”
“အာဏာရှင်..စစ်သည်တွေက ခင်ဗျားကို မသတ်နိုင်ပေမဲ့ .. ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်နဲ့ဆိုရင် ကျုပ်တို့ခင်ဗျားကိုသတ်ပစ်နိုင်တယ်.. “
ဤအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ဗိုလ်ချုပ်တစ်ယောက်က အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ထဲမှာ လှစ်ခနဲထွက်ပေါ်လာပြီး နတ်ဆိုးသားရဲမျိုးစုံအားစီးနင်းထားသော များပြားလှသည့် အနက်ရောင်ချပ်ဝတ် စစ်သည်များက နောက်မှလိုက်ပါလာကြသည်။
“နောက်ထပ်ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ပဲ.. ငါတို့ယွင်လိုင်အင်ပါယာမှာ ဘယ်အချိန်က ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတွေအများကြီးထွက်ပေါ်လာရတာလဲ “
အနက်ရောင်ချပ်ဝတ်လူငယ်ဗိုလ်ချုပ်အားကြည့်ကာ တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။
“သူရဲကောင်းတွေက ပြဿနာတွေဖြစ်ပေါ်တဲ့အချိန်မှမွေးဖွားလာတာ..တကယ့်ကို သူရဲကောင်းတေွက ပြဿနာတွေဖြစ်တဲ့အချိန်ကျမှ မွေးဖွားလာကြတာပဲ”
“ဟားဟား..အချိန်ကိုက်ပဲ..ဒုတိယညီလေး”
အနက်ရောင်ချပ်ဝတ်လူငယ်ဗိုလ်ချုပ်အားကြည့်ပြီး ချန်ကန်းက ချက်ခြင်း စိတ်အားတက်ကြွစွာဖြင့်ရယ်မောလိုက်သည်။
“ဒုတိယညီတဲ့လား..ဘယ်အချိန်က ချန်ကန်းမှာ ဒုတိယညီတစ်ယောက်ရှိသွားရတာလဲ…
ပြီးတော့ သူက ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပဲ.. ငါဘာလို့သူ့ကိုအရင် က မကြားဖူးရတာလဲ.. သူက တစ်နေရာရာကနေထွက်ပေါ်လာတဲ့ပုံပဲ”
တစ်စုံတစ်ယောက်ကပြောလိုက်သည်။
“ဟုတ်တယ်…ငါသူ့အကြောင်းကို အရင်ကတစ်ခါမှမကြားဖူးဘူး.. သူကထပ်ပြီးတော့ဖုံးကွယ်ခံထားရတဲ့သူဖြစ်ပုံပဲ.. ငါတို့ယွင်လိုင်အင်ပါယာမှာ ကျွမ်းကျင်သူတွေဘယ်လောက်များများဖုံးကွယ်နေထိုင်နေကြတာလဲ”
“ဟားဟားဟား ..ဒါက ကျုပ်ရဲ့ ဒုတိယညီလေးချန်းရန်ပဲ..ဒီမှာရှိနေတဲ့ ကျုပ်ရဲ့ ညီလေးနဲ့ ကျုပ်ရဲ့ အနက်ရောင်ချပ်ဝတ်သားရဲ့ စစ်သည်နှစ်ထောင်နဲ့ဆိုရင် အာဏာရှင်လုံအောင်ကို ဘာမှကြောက်နေစရာမလိုဘူး..”
ချန်ကန်းက သူ့ဘေးရှိလူများအား ဝင့်ကြွားစွာဖြင့်ရယ်မော၍ ပြောလိုက်သည်။
“စစ်သားတွေ”
ကောင်းကင်ထက်တွင်ပျံသန်းနေသော ချန်ရန်က အော်ပြောလိုက်သည်။
“ဟုတ်”
သူ့နောက်ရှိပျံသန်းရေးသားရဲများကိုစီးနင်းထားကြသော အနက်ရောင်ချပ်ဝတ်စစ်သည်များကပြိုင်
တူအော်လိုက်ကြပြီး သူတို့၏ အသံက ကောင်းကင်ကိုပင်တုန်ခါသွားစေသည်။
“ငါ့နောက်ကိုလိုက်ပြီးတော့ အာဏာရှင်လုံအောင်ကို သတ်ကြ”
ချန်ရန် ထပ်မံ၍ အော်ပြောလိုက်သည်။
“အာဏာရှင်လုံအောင်ကိုသတ်”
“အာဏာရှင်လုံအောင်ကိုသတ်”
“အာဏာရှင်လုံအောင်ကိုသတ်”
ချန်ရန်၏ နောက်ဘက်ရှိစစ်သည်များက ကောင်းကင်ထဲတွင်အော်ဟစ်လိုက်ကြပြီး သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ကောင်းကင်ထက်သို့ထိုးတက်သွားကာ သူတို့၏ စိတ်ဓာတ်များကတက်ကြွနေကြသည်။
“တက်ကြ”
ချန်ရန်က သူ၏ အနက်ရောင်လှံဖြင့်လုံအောင်ကို ထိုးညွှန်လိုက်ပြီးနောက် သူ့နောက်ရှိ ပျံသန်းရေးသားရဲစီး စစ်သည်နှစ်ထောင်ကို ဦးဆောင်၍ အာဏာရှင်လုံအောင်ထံချီတက်လိုက်ကြသည်။
လုံအောင်က သူ့ထံသို့ဦးတည်လာနေသော ချန်ရန်နှင့် ပျံသန်းနိုင်သောနတ်ဆိုးသားရဲစီးစစ်သည် နှစ်ထောင်ကို ကြည့်နေသည်။ သူကသူ့လက်တို့ကိုနောက်ပစ်ထားပြီး အထင်သေးစွာဖြင့် သရော်ပြုံးပြုံးလိုက်သည်။ ထို့နောက်သူက သူ့နောက်ရှိညာလက်ကို လှုပ်ရှားလိုက်ပြီး ချန်ရန်အားလက်ညှိုးဖြင့်ထိုးညွှန်လိုက်၏။
ရုတ်တရက် အနက်ရောင်နတ်ဆိုးချီများဖြင့်ဖွဲ့စည်း
ထားသည့် ဓားရှည်တစ်ချောင်းက ချန်ရန်၏ ရှေ့ဟင်းလင်းပြင်ထဲတွင်ပေါ်လာပြီး ၎င်းတို့သို့ခုတ်ပိုင်းချလိုက်သည်။
“ဟမ့်”
ချန်ရန်က နှာခေါင်းရှုံ့လိုက်ပြီး အော်ပြောလိုက်သည်။
“မိစ္ဆာနတ်ဆိုးချီ ဓားရောင်ဝါလောက်က ငါ့ကိုဘာလုပ်နိုင်မှာလဲ..ဖျက်ဆီးပစ်စမ်း”
ချန်ရန်၏ လက်ထဲရှိ အနက်ရောင်လှံမှ ရုတ်တရက်ပြင်းထန်သော အနက်ရောင်မီးတောက်များကိုထုတ်လွှတ်ပြီး မီးတောက်နဂါးခေါင်းအဖြစ်ဖွဲ့စည်းသွားသည်။ နဂါးက ၎င်း၏ ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟပြီး လေထဲတွင်နဂါးဟိန်းသံက ပဲ့တင်ထွက်ပေါ်နေသည်။ မီးတောက်နဂါးခေါင်းက အပေါ်သို့ထိုးတက်သွားပြီး ကျဆင်းလာသော အနက်ရောင်ဓားအားကိုက်လိုက်သည်။
သို့သော်ချန်ရန်၏ မျက်နှာထက်၌ ရုတ်တရက် တုန်လှုပ်အံ့အားသင့်မှုများဖြင့်ပြည့်နှက်သွား၏။ သူအရမ်းဂုဏ်ယူရသော သိုင်းပညာရပ်ဖြစ်သည့် အနက်ရောင်မီးတောက်နဂါးက အနက်ရောင်ဓားရှည်နှင့် တွေ့ဆုံသောအခါတွင် ချက်ခြင်းဖျက်ဆီးခံလိုက်ရသည်။ ချက်ချင်း အနက်ရောင်ဓားရှည်က ချန်ရန်ထံသို့ အရှိန်အဟုတ်ဖြင့် ဆက်လက်ကျဆင်းလာသည်။ ချန်ရန်မှာရှောင်တိမ်းခြင်း သို့မဟုတ် ကာဆီးခြင်းတို့မပြုနိုင်ခင်မှာပင် အနက်ရောင်ဓားရှည်ကြောင့်သူ၏ခန္ဓာကိုယ်မှာနှစ်ပိုင်းပြတ်သွားခဲ့သည်။
ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူချန်ရန်မှာ ဤတိုက်ပွဲအပြီး၌ သူသည် ကမ္ဘာကြီးတွင် ကျော်ကြားသော သူတစ်ယောက်ဖြစ်လာလိမ့်မည်ဟုထင်ခဲ့သည်။ သို့သော အာဏာရှင်လုံအောင်နှင့်သူတွေ့ဆုံသည့်အခိုက်အတန့်တွင်သူ့အနေဖြင့် ကွပ်မျက်ခံလိုက်ရမည်ဟုတော့ သူမမျှော်လင့်ခဲ့ချေ။
လုံအောင်က သူ၏ ညာလက်ကိုဖြန့်၍ ချန်ရန်၏ နှစ်ပိုင်းပြတ်နေသောကိုယ်အားဆုပ်
ယူလိုက်သည်။ တောက်ပနီရဲသော သွေးတို့က ချန်ရန်၏ နှစ်ပိုင်းပြတ်နေသော ကိုယ်မှပန်းထွက်လာပြီး လုံအောင်၏ လက်ဖဝါး၌စုစည်းသွားခဲ့သည်။
“မဟုတ်ဖူး..ဒုတိယညီလေး”
ချန်ကန်း၏ ဝမ်းနည်းဖွယ်အော်ဟစ်သံက ကောင်းကင်ထဲတွင်ပဲ့တင်ထွက်ပေါ်လာသည်။ သူ့အနေဖြင့် အစွမ်းထက် ဗိုလ်ချုပ်တစ်ယောက်အား ဆုံးရှုံးလိုက်ရရုံသာမက သူ၏ ညီဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် လုံအောင်၏ ဝန်းကျင်မှတစ်ဟုန်ထိုး စီးဆင်းနေသောနတ်ဆိုးချီများက ထပ်မံ၍ ဝဲတစ်ခုအသွင်စတင်လှည်ပတ်လာပြီး ဧရာမအနက်ရောင်လက်သီးကြီးအဖြစ်ဖွဲ့စည်းသွားကာ ပျံသန်းရေးနတ်ဆိုးသားရဲစီး စစ်သည်နှစ်ထောင်အား ထံ ထိုးနှက်ချလိုက်သည်။
ဆက်ရန်..
ဘာသာပြန်သူ -ARISE