တစ်စုံတစ်ယောက်
Vol. 24 Ch. 324
အခန်း(၃၂၄) - တစ်စုံတစ်ယောက်
နောက်ဆုံးတော့ သူမကို တစ်စုံတစ်ယောက်က ထိုမေးခွန်းများမေးလာခဲ့လေပြီ။
ကျိုးလျှို့နီ ချက်ချင်းဆိုသလို နာနာကျည်းကျည်းဖြင့် ပြောဆိုလေတော့သည်။ "အမေ အဲ့ဒီမိန်းမကြီး ဘယ်လောက်လွန်သလဲ အမေမသိဘူး!"
သူမအတွက် ဒီကနေ မြို့တော်အထိသွားဖို့ ဘယ်လောက်တောင်ခက်ခဲခဲ့သလဲ။ လမ်းတစ်ဝက်တွင် အကျင့်မကောင်းသော ဦးလေးကြီးတစ်ယောက်ကြောင့် ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်သွားခဲ့ရသေးသည်။ ကံကောင်းစွာဖြင့် သူမက ဉာဏ်ကောင်းသဖြင့် ချက်ချင်း လက်မှတ်စစ်ဆီပြေးသွားပြီး သူတို့နှင့်အတူ မြို့တော်ဆီသို့ လိုက်လာခဲ့သည်။
သူမ မြို့တော်သို့ရောက်လာတော့ သူမ ဘာမှနားမလည်ခဲ့ပေ။ အချိန်အကြာကြီး လိုက်ရှာပြီးမှ ရဲသားတစ်ယောက်ကို တွေ့ခဲ့သည်။ ထို့နောက် ပေကျင်းတက္ကသိုလ်ကို ရှာနေကြောင်း သူမပြောပြခဲ့၏။
သူမ မြို့တော်သို့မရောက်မီ ခရီးတစ်လျှောက်လုံး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုနိုင်သည်။
သူမ ကျိုးခိုင်ကို တွေ့လိုက်ရတော့ ဘယ်လောက်တောင် ပျော်သွားသလဲ ဘုရားသခင်သာ သိပေလိမ့်မည်။ သူမစတုတ္ထဦးလေး၏ ဖက်ထုပ်ဆိုင်တွင် ဖက်ထုပ်မုန့်များစားခဲ့ရတုန်းက သူမ ထိုနေရာတွင် နေချင်မိသည်။
သို့သော်လည်း သူမတိုက်ခန်းကိုသွားပြီး စတုတ္ထဒေါ်လေးနှင့် တွေ့လိုက်ရတော့ စတုတ္ထဒေါ်လေးက အလွန်ဒေါသထွက်သွားပြီး သူမလာရာလမ်းအတိုင်း ပြန်ရန်ပြောခဲ့သည်။
"သမီးက စတုတ္ထဦးလေးရဲ့တူမအရင်းပါ။ အဲ့ဒီကို သွားလည်ဖို့ သမီးရက်တော်တော်ကြာတောင် မအိပ်ခဲ့ရဘူး။ အဲ့ဒီမိန်းမကြီးက သမီးကို တစ်ညလေးတောင် နေခွင့်မပေးဘူး။ သမီးကိုချက်ချင်း မောင်းထုတ်လိုက်တယ်။ သမီး သူ့ထက် နှလုံးသားမဲ့တဲ့လူမျိုးမမြင်ဖူးဘူး သမီးဘယ်လောက်ပဲငိုပြပြ ဘာမှမထူးဘူး။" ဟု ကျိုးလျှို့နီက ပြောလိုက်သည်။
ထိုစတုတ္ထဒေါ်လေးကို သူမတကယ်ပဲ အသေမုန်းပြစ်ချင်သည်။ သူမတကယ်ပဲ ထိုကဲ့သို့ အသည်းမာသော လူမျိုးကို မတွေ့ဖူးခဲ့ပါချေ။ ထိုနေရာသို့ ခက်ခက်ခဲခဲ ရောက်ရှိသွားပြီးနောက် အနာဂတ်တွင် သူမ မြို့တော်မှာ နေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။ သို့သော်လည်း မဟုတ်။ သူမတကယ်ကြီးလုပ်ခဲ့သည်။ သူမကိုလာရာလမ်းအတိုင်း တကယ်ပဲ ပြန်လွှတ်ခဲ့သည်။
ထိုအကြောင်းကြားတော့ ဒုတိယမရီး၏ မျက်နှာ တင်းမာသွားသည်။
သံသယဖြစ်စရာမရှိ။ ဒီတစ်ခေါက် သူ့သမီးမြို့တော်သို့ သွားနိုင်ခဲ့ခြင်းမှာ သူ့အကြံအစည်ပင်ဖြစ်သည်။
ကျိုးခိုင်ပြောသလိုပဲ မြို့တော်သို့သွားရသည့် ခရီးစရိတ်က မနည်းပါ။ ကျိုးလျှို့နီကဲ့သို့ ကောင်မလေးက ထိုပိုက်ဆံကို ဘယ်ကနေ ရနိုင်မည်နည်း။
သူတို့က ရိုးအီနေသော လှည့်ကွက်မျိုးကို သုံးရန်ကြိုးစားခဲ့ကြသည်။ ပထမဆုံး သူမသမီးက အဘွားဖြစ်သူနှင့် နေရန်ထွက်သွားသည်ဟူသော အကြောင်းပြချက်ကို အသုံးချသည်။ တကယ်တမ်းတော့ သူမတစ်ယောက်တည်း မြို့တော်သို့ ထွက်သွားခြင်းဖြစ်သည်။
အားလုံးပြီးသွားသည်နှင့် ကောင်မလေးကို သတိမဲ့ကြောင်းဘာညာ ဆူငေါက်လိုက်မည်။ ထို့နောက်တွင်တော့ မြို့တော်တွင် သူမနေနိုင်သွားမည် မဟုတ်ပါလား။
ဒုတိယသမီး၏ပါးနပ်မှုကြောင့် မြို့တော်တွင် သားမက်တစ်ယောက်ကို ရအောင်ရှာနိုင်ပြီး မိသားစုတစ်ခုလုံးကို မြို့တော်သို့ခေါ်ကာ အားလုံးပျော်ပျော်ရွှင်ရွှင်နေနိုင်သွားမည် မဟုတ်ပါလား။
ဒုတိယမရီးမှာ အားလုံးအစီအစဥ်ဆွဲထားခဲ့သည်။ သို့သော်လည်း လင်ချင်းဟယ်က ဒီလောက်ကြမ်းတမ်းသည့် ဒီလှည့်ကွက်ကို တဲ့တိုးချေပလိမ့်မည်ဟု မထင်ထားခဲ့ပါ။
သူမသမီး မြို့တော်သို့ရောက်ရောက်ချင်း တစ်ညတောင်နေခွင့်မပေးဘဲ ချက်ချင်းပြန်လွှတ်ခဲ့သည်။
ဒုတိယမရီးမှာ အသည်းများနာကျင်သွားလောက်သည့်အထိ အလွန်ဒေါသထွက်သွားသည်။
ယခု စတုတ္ထလေး၏ဇနီးသည်က အဆင်ပြေလာပြီဆိုတော့ လူတွေကို စပြီး အထင်သေးလာပြီဟု သူမထင်နေသည်။
မဟုတ်။ လူတွေကို စပြီး အထင်သေးလာတာမဟုတ်။ အရင်ကတည်းက လူတွေကို ဒီလိုပဲအထင်သေးခဲ့သည် မဟုတ်ပါဘလား။ အလယ်အချိန်ကာလတုန်းက သူမတိုးတက်လာခဲ့သည်။ ယခုပုံစံကိုကြည့်လိုက်တော့ တကယ်ကော တိုးတက်ခဲ့ရဲ့လား။ သိသာတာကတော့ သူမယောက်ျား စစ်တပ်မှ ပင်စင်ယူပြီး သူမက တရားဝင်မိန်းမ မဖြစ်နိုင်သောကြောင့်ဖြစ်မည်။
ထို့ကြောင့် သူမအချိုးပြောင်းလာခြင်း ဖြစ်နိုင်သည်။
ယခုသူမက မြို့တော်တွင် အဆင်ပြေလာပြီဆိုတော့ အခြားတစ်ယောက်လိုပင်ဖြစ်လာပြီ။
"အမေ အမေမသိလောက်ဘူး အာ့နီနဲ့ အခြားသူတွေက ဖက်ထုပ်ဆိုင်မှာ အလုပ်လုပ်နေတာမဟုတ်ဘူး။" ကျိုးလျှို့နီက ဆက်ပြောသည်။
ဒုတိယမရီး ကြောင်စီစီဖြစ်သွားသည်။ "နင်ဘာပြောတာလဲ ဆိုင်မှာမလုပ်ရင် သူတို့က ဘယ်မှာအလုပ်လုပ်တာလဲ။"
"အဲ့ဒီမိန်းမကြီးက အဲ့ဒီမှာ အထည်ဆိုင်တစ်ခုဖွင့်ထားတာ အာ့နီ၊ ဟူကျစ်နဲ့ ရှူရှန့်မိန်တို့အားလုံး အဲ့ဒီဆိုင်ကို သွားကြည့်ပေးနေကြတာ သူ့ရဲ့ဖက်ထုပ်ဆိုင်မှာတော့ အဘွားကြီးတစ်ယောက်ကို ပန်းကန်ဆေးဖို့နဲ့ စားပွဲရှင်းဖို့ ငှားထားတယ်။" ဟု ကျိုးလျှို့နီက ပြောပြသည်။
"ဟင်?" ဒုတိယမရီး ကြက်သေသေသွားသည်။ "အထည်ဆိုင်က ဘယ်ကနေရောက်လာတာလဲ။"
"အဲ့ဒီမိန်းမကြီးက အရမ်းအကြံကြီးတယ်။ သူ့မွေးရပ်မြေမှာတော့ တစ်ခွန်းမှမပြောဘူး။ ဒါပေမယ့် သူမြို့တော်မှာ အထည်ဆိုင်တစ်ခု တိတ်တဆိတ်ဖွင့်ထားတာ အမြတ်လည်း အရမ်းကြီးမယ့်ပုံပဲ။ မဟုတ်ရင် အာ့နီနဲ့ အခြားနှစ်ယောက်ကို အဲ့ဒီကိုလာခိုင်းမှာ မဟုတ်ဘူးလေ။" ဟု ကျိုးလျှို့နီက သုံးသပ်လိုက်သည်။
"ဖက်ထုပ်ဆိုင်ကကော" ဒုတိယမရီးအဖို့ အလွန်ရှုပ်ထွေးလာပြီး မနေနိုင်တော့ဘဲ ပိုသိချင်လာမိသည်။
"ဖက်ထုပ်ဆိုင်မှာတော့ ဘာမှသိပ်ပြီးထူးထူးခြားခြားရောင်းရတာ မရှိဘူး။ သမီးအဲ့ဒီကို နေ့လည်ခင်းရောက်သွားတာ ဖက်ထုပ်မုန့်စားနေတဲ့ လူနည်းနည်းပဲရှိတယ်။" ဟု ကျိုးလျှို့နီက ပြန်ဖြေလိုက်သည်။
သူမ မသိသည်က မြို့တော်တွင် နေ့လည်စာကို စောစော စားသောက်တတ်ကြသည်ကိုဖြစ်သည်။ အလုပ်ဆင်းချိန်က ၁၁ နာရီခွဲ နှင့် ၁နာရီကြား ဖြစ်သောကြောင့် သူမရောက်လာချိန်က တစ်နာရီကျော်ပြီဖြစ်သဖြင့် လူအနည်းငယ်သာရှိနေခြင်းဖြစ်သည်။
ဒုတိယမရီး၏မျက်လုံးများ ပိုမိုတွေဝေသွားသည်။ သူမယောက်ျားကို မေးကြည့်လိုက်၏။ သူမယောက်ျားက ဖက်ထုပ်ဆိုင်သည် တစ်လကို ယွမ် ၂၀မှ ၃၀အထိ ရနိုင်ကြောင်း ပြောပြ၏။ အရင်ကစတုတ္ထညီပြောဖူးသဖြင့် မှန်ကန်သည့်ပုံပင်။
အလုပ်ရှိနေပါလျက် လင်ချင်းဟယ် အထည်ဆိုင်ထပ်ဖွင့်ထားမှန်း သူမ မသိခဲ့ပါ။
ဆိုင်စောင့်ဖို့အတွက် လူသုံးဦးကိုပင် ခေါ်ခဲ့သေးသည်။ စီးပွားရေးကတော့ သာမန်မဟုတ်လောက်ပေ။
"နင်သွားကြည့်သေးလား" ဒုတိယမရီးက မေးလိုက်သည်။
"ဘယ်လိုလုပ်ကြည့်လို့ရမှာလဲ။ တစ်ညတောင်နေခွင့်မပေးဘဲ ပြန်လာရတာကို။" ဟု ကျိုးလျှို့နီက ပြန်ပြောလိုက်သည်။ ထို့နောက် သူမက အလျင်စလိုဖြင့် "အမေ အမေမသိဘူးနော်။ အဲ့ဒီမိန်းမကြီးရဲ့ အိမ်ထဲမှာပစ္စည်းတွေအစုံရှိတယ်။ ရေဒီယိုတစ်လုံးပိုင်တဲ့အပြင် တီဗီကြီးတစ်လုံးလည်းရှိတယ်။ အခန်းထဲက ထိုင်ခုံကလည်း ဆိုဖာကြီး တိမ်ပေါ်မှာ ထိုင်နေရသလိုပဲ။ ကျိုးခိုင်နဲ့ သူ့ညီတွေက နာရီတစ်ယောက်တစ်လုံးစီနဲ့ အဝတ်အစားတွေကလည်း အသစ်တွေသိလား။"
သူမ ထိုအိမ်တွင် အချိန်ခဏသာ နေလိုက်ရသော်လည်း သူမတစ်အိမ်လုံးကို ကြည့်ခဲ့သည်။ ထိုကဲ့သို့ လှပသောအိမ်မျိုးကို သူမမြင်ဖူးပေ။
သူမ၏စိတ်ကူးယဥ်အိမ်ကဲ့သို့ပင် လှပပြီး သက်တောင့်သက်သာ ရှိလှသည်။
ထိုအချိန်ကစပြီး သူမထိုအိမ်တွင် နေနိုင်လိမ့်မည်ဟုထင်ခဲ့မိသည်။ ထိုအချိန်တုန်းက သူမကြောက်နေသည့်ပုံပေါက်သော်လည်း သူမနေနိုင်မည်ဟု တစ်ထစ်ချ ယုံကြည်ထားသည်။
ဘာပဲဖြစ်ဖြစ် သူရောက်သွားခဲ့ပြီပဲမဟုတ်ပါလား။ သူမကိုတကယ်ကြီး နှင်မထုတ်လောက်ပါဘူး ဟုတ်တယ်မလား။ သူမရဲ့ ဂုဏ်သိက္ခာမကျချင်ဘူးမလား။
ထိုမိန်းမက ထိုကဲ့သို့လုပ်ရပ်မျိုးလုပ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ထိုကဲ့သို့အသေးအဖွဲ ကိစ္စလေးကြောင့် လင်ချင်းဟယ်၏ ဂုဏ်သိက္ခာမထိခိုက်နိုင်မှန်း သူမဘယ်လိုသိခဲ့မည်နည်း။ သူမကို အထင်သေးခဲ့မိသည်။
တကယ်တမ်းပြောမည်ဆိုလျှင် သူမမှားသည်ဟု ဘယ်သူကပြောရဲမည်နည်း။ ဒီလောက်အသက်အရွယ်လေးနှင့် လူကြီးများထံမှ ဖုံးကွယ်ပြီး ခိုးထွက်ခဲ့သည်။ ဦးနှောက်သေးသေးလေးနှင့် လူများကိုမေးကြည့်ရင်တောင် သူမကို ထိန်းသိမ်းထားရဲပါ့မလား။
ဒီနှစ်ဆိုလျှင် သူမအသက် ၁၅နှစ်ပြည့်ပြီ။ ငယ်သေးသည်ဟုပြောရအောင်လည်း မငယ်ပါ။ ယခင်မျိုးဆက်များတုန်းကဆိုလျှင် အသက် ၁၆နှစ်အရွယ်တွင် လက်ထပ်နိုင်ကြသည်။
ယခုတော့ အသက် ၁၈နှစ်အဖြစ် သတ်မှတ်လိုက်ကြလေပြီ။ သို့သော်လည်း တစ်စုံတစ်ယောက်က စိတ်မရှည်ဘဲ အလျှင်လိုနေလျှင်ကော။ ပြီးတော့ မြို့တော်က သူဌေးများကို ကြံရွယ်ပြီး မြို့တော်က လူများနှင့် အဆက်အသွယ်ရှိချင်လျှင်ကော? သူတို့ဘာကိုရှာဖွေရမည်နည်း။
လင်ချင်းဟယ်တစ်ယောက် ဤကဲ့သို့ သောကများဖွယ် ကျိုးလျှို့နီကို ဘယ်လို အုပ်ထိန်းရဲပါ့မည်နည်း။ စဥ်းစားစရာပင်မလိုပါ။
ဒေါသငယ်ထိပ်ရောက်နေသော ဒုတိယမရီးကို ဖယ်ထားလိုက်ကြရအောင်။ ရက်အနည်းငယ်ကြာတော့ ကျိုးခိုင်မြို့တော်သို့ပြန်ရောက်လာသည်။
သူမြို့တော်သို့ ပြန်ရောက်သောအခါ ကျိုးခိုင် အဝတ်အစားများကို ယူပြီး ရေချိုးအိမ်တွင် သက်တောင့်သက်သာ ရေချိုးပြီးမှ အစီရင်ခံသည်။
"အဖေနဲ့အမေ စိတ်မပူပါနဲ့။ လျှို့နီကို ပြန်ပို့လိုက်ပြီ။ သားကိုယ်တိုင် သူ့ကိုဒုတိယဦးလေးလက်ထဲ ထည့်ခဲ့ပြီး အမေပြောတာတွေ ပြောခဲ့တယ်။ သူ့ကိုသေချာစောင့်ကြည့်ဖို့ပြောခဲ့တယ်။ ရှေ့လျှောက် သူတစ်ယောက်တည်း လာရဲမှာ မဟုတ်တော့ပါဘူး။" ဟု ကျိုးခိုင်က ပြောလိုက်သည်။
သူ့အမေကို သူနှလုံးသားထဲမှ လေးစားသည်။ တိကျပြီးဆုံးဖြတ်ချက်ပြတ်သားသည်။ လုံးဝ တွန့်ဆုတ်မှုမရှိ။
သူမကို အိမ်သို့ပြန်ပို့လိုက်ကြောင်း ကျိုးချင််းပိုင်ကြားသောအခါ သူဘာမှမပြောခဲ့ပါ။
လင်ချင်းဟယ်တွင် မေးခွန်းများစွာရှိခဲ့သည်။ "နင့်အဘိုးအဘွားတွေကော ကျန်းမာရေးကောင်းရဲ့လား။"
"ကောင်းပါတယ်။ အဘိုးနဲ့အဘွားက လျှို့နီတစ်ယောက်တည်းလာတယ်ကြားတော့ အရမ်းဒေါသထွက်သွားကြတယ်။" ဟု ကျိုးခိုင်က ပြောပြသည်။ "တတိယဒေါ်လေးကလည်း ဒုတိယဒေါ်လေးကို စောင်းမြောင်းတိုက်ခိုက်ပြီး မသိချင်ယောင်ဆောင်နေတယ်လို့ပြောတယ်။"