လူတွေကိုမနာလိုဖြစ်အောင်လုပ်ခြင်း
Vol. 24 Ch. 325
အခန်း(၃၂၅) - လူတွေကို မနာလိုဖြစ်အောင်လုပ်ခြင်း
"သားတို့ရဲ့ တတိယအဒေါ်က ဒီနှစ်တွေထဲမှာ အရမ်း သဘောကောင်းနေတယ်နော်။” ဟုလင်ချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
"သား ဒီကိုလာတုန်းက အကြီးဆုံးအဒေါ်က လမ်းမှာစားဖို့ ဆိုပြီးတော့ ပန်ကိတ်တွေလည်း လုပ်ပေးလိုက်သေးတယ်။" ဟု ကျိုးခိုင်က ထပ်ပြောသည်။
"သားတို့အကြီးဆုံးအဒေါ်က သားတို့ ငယ်ငယ်လေးကတည်းက သားတို့ကို အမြဲတမ်း သေသေချာချာ ပြုစုလာခဲ့တာ။" ဟု လင်ချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
အခြားဘာကိစ္စမှ မရှိတော့သဖြင့် သားကြီးကို စာသွားလုပ်ခိုင်းလိုက်သည်။ ကျိုးလျှို့နီအကြောင်းကိုတော့ ဆက်မပြောတော့ချေ။
"ကျွန်မတို့မိသားစုပြဿနာကို ရှေ့လျှောက် ကျွန်မပဲ ဆုံးဖြတ်တော့မယ်။” ဟု ညဘက်တွင် လင်ချင်းဟယ်က ကျိုးချင်းပိုင်ကို တီးတိုးပြောလိုက်၏။
ကျိုးချင်းပိုင်ရယ်မောလိုက်မိပါသည်။ မိသားစုပြဿနာကို အမြဲတမ်း သူမပဲ
ဆုံးဖြတ်ခဲ့တာ မဟုတ်ပေဘူးလား။
"ဒီတစ်ခေါက်တော့ ရှင်ကောင်းကောင်းလုပ်ခဲ့တာပဲ။ လျှို့နီကို အိမ်ပြန်ပို့မှာကို ရှင်တားမယ်ဆိုရင် ကျွန်မတို့မိသားစု အေးချမ်းဖို့ စိတ်မကူးနဲ့တော့။" ဟု လင်ချင်းဟယ် လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"ကိုယ့်ကို ဆုမပေးတော့ဘူးလား။" ကျိုးချင်းပိုင်က သူမအား ငေးကြည့်လိုက်သည်။
သူ့မျက်နှာအနေအထားကို ကြည့်ပြီး လင်ချင်းပိုင်က ဘာကိုဆိုလိုချင်တာမှန်း နားလည်သဖြင့် ချောင်းဟန့်လိုက်ပြီး "ကဲမနေနဲ့။ ရှင် မနက်ဖြန် စောစောထရမှာမလား။" ဟု ပြောလိုက်သည်။
မနက်စောစော ထရမည်ဆိုရင်တောင် ကျိုးချင်းပိုင် ကဲချင်ပါသေးသည်။ ပွဲမပြီးခင် နှစ်ခါလောက် ကဲပြစ်လိုက်ချင်သေးသည်။ ရှေ့လျှောက် သူမတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု သူ ရက်ရက်ရောရော ပြောခဲ့သည် မဟုတ်ပါလား။
"လူဆိုးကြီး လူတွေကို ဘယ်လိုနှိပ်စက်ရမလဲဆိုတာပဲ သိတယ်။" လင်ချင်းဟယ်က သူ့ကို ချွဲချွဲနွဲ့နွဲ့ဖြင့် ငြင်သာစွာ လက်ဖြင့် အသာထုရိုက်လိုက်သည်။ ထို့နောက် သူမသည် ချင်းပိုင်၏ခါးကို သိုင်းဖက်ပြီး သူ့ကိုယ်သင်းနံ့လေးအား အသက်ရှုသွင်းရင်း အိပ်ပျော်သွားခဲ့သည်။
လင်းချင်းဟယ် သူမရဲ့ အကျင့်စရိုက်ကို သူမ သေချာသိပါသည်။ သူမဟာ အတော်လေးကို သန်မာတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး သာမန်အမျိုးသားတွေက သူမရဲ့ အကျင့်စရိုက်ကို သည်းခံနိုင်မည် မဟုတ်ပါ။
သို့သော်လည်း ဟိုးအစကနေ အဆုံးထိ ဤယောက်ျားမှာ သူမကို လက်ခံကာ ချစ်မြတ်နိုးပေးခဲ့သည်။
ထို့ကြောင့် လင်းချင်းဟယ်ကလည်း ဒီလူကို အလွန်ချစ်မြတ်နိုးမိပါသည်။
ကျိုးချင်းပိုင်သည် သူ့ဇနီးသည်ကို ပွေ့ဖက်ပြီး စိတ်ကျေနပ်စွာ အိပ်ပျော်သွားသည်။ အခြားကိစ္စတွေက သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေတော့ပါ။
သူ့အတွက်တော့ သူ့မိဘများ ကျန်းမာနေပြီး သူ့ဇနီးနှင့်ကလေးများ ဘေးကင်းနေသ၍ အခြားစိုးရိမ်စရာမရှိပေ။
အဘယ့်ကြောင့်ဆိုသော် သူ့မှာ ဤကိစ္စများမှလွဲ၍ စိတ်ပူပန်စရာ အခြားအကြောင်းအရာများတစ်ခုမှ မရှိသောကြောင့်ပင်။
ကျိုးလျှို့နီက သူတို့၏တည်ငြိမ်နေသောနေ့ရက်များကို လှိုင်းခတ်အောင် နှောင့်ယှက်ခဲ့သော်လည်း လင်ချင်းဟယ်သည် ပြင်းထန်သောနည်းလမ်းများဖြင့် လျင်မြန်စွာ ဖိနှိပ်ခဲ့ပါသည်။
လှိုင်းလုံးလေးတစ်ခုပင်မထခဲ့ပါ။
နေ့ရက်များကုန်ဆုံးပြီး မေလသို့ပင် ရောက်ရှိလာခဲ့၏။
ဤရာသီအဖို့ လင်ချင်းဟယ်တစ်ယောက် နွေရာသီအဝတ်အစားများအတွက် ဒီဇိုင်းပုံကြမ်းများကိုပင် စတင်ရေးဆွဲနေလေပြီ။
အမျိုးသမီးဝတ်စုံများ ဖြစ်ကြပြီး ဖက်ရှင်ကျနလှပါသည်။
ကျိုးချင်းပိုင်လည်း အလွန်ကောင်းမွန်သောအလုပ်ရုံတစ်ခုကို ရှာတွေ့ခဲ့သည်။ ၎င်းတို့က သူတို့နှင့် အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ပိုကောင်းသည်က အလုပ်ရုံအတွက် တာဝန်ရှိသူက လူငယ်လေးတစ်ယောက် ဖြစ်နေသည်။
"မြို့တော်က အရမ်းချမ်းသာတဲ့ သူဌေးတစ်ယောက်ပဲ။ သူ့ဖာသာသူ အလုပ်လုပ်ဖို့ သူ့မိသားစုကနေ ခွဲထွက်လာခဲ့တာ။" လင်ချင်းဟယ်၏မေးခွန်းများကို ကျိုးချင်းပိုင်ဖြေပေးလိုက်သည်။
"ကြည့်ရတာ ရည်ရွယ်ချက်ကြီးမားပြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေး ထင်ပါတယ်။" ဟု လင်ချင်းဟယ်က ထင်ကြေးပေးသည်။
ထိုဒုတိယမျိုးဆက် သခင်လေး၏ ပစ္စည်းများပို့ဆောင်နှုန်းက အလွန်မြန်ဆန်သည်။ အဝတ်အစားများ၏ အရည်အသွေးကလည်း ထိပ်တန်းပင်။
လင်ချင်းဟယ်က ကျိုးချင်းပိုင်ကို နွေရာသီအဝတ်အစား အစုံ ၅၀၀ထက် ပိုမှာယူစေခဲ့သည်။ စတိုင်နှင့်အရောင် ငါးမျိုးစီ ရှိသည်။ ပမာဏကလည်း အများကြီးဖြစ်သည်။ သို့သော်လည်း ထိုသူဌေးလေးက သူမအတွက် ထိုအဝတ်အစားများကို ခုနစ်ရက်အတွင်း ဖန်တီးပေးခဲ့သည်။
ပြီးတော့ နောက်ထပ် မှာယူလိုသေးလျှင် သူ့ဆီလာဖို့နှင့် အရည်အသွေးကိုလည်း အာမခံကြောင်းပြောခဲ့ပါသေးသည်။
လောလောဆယ်တော့ လင်ချင်းဟယ် သူနှင့်အတူတူ အလုပ်တွဲလုပ်ဖြစ်ပါဦးမည်။
သို့သော်လည်း သူတို့၏ကိုယ်ပိုင်အလုပ်ရုံလေးကို ဖွင့်လိုသော စိတ်ကူးကတော့ မပြောင်းလဲခဲ့ပါချေ။ သူတို့ကိုယ်ပိုင်အလုပ်ရုံဖွင့်နိုင်ပါက အနာဂတ်တွင် သူတို့အား ဘယ်သူမှ လာနှောင့်ယှက်နိုင်မည် မဟုတ်ပေ။
အဝတ်အစားများကို အများအပြား မှာယူကြသောကြောင့် လူအများစုက ပုံစံတစ်မျိုးတည်းကို ဝတ်ဆင်ကြလိမ့်မည် ဟူသော သဘော ဖြစ်သည်။ ဤခေတ်တွင် တူညီသော အဝတ်အစားများကို မဝတ်ဆင်ရ ဟူသော ထင်မြင်ချက်များလည်း မရှိခဲ့ပါ။ ထို့ကြောင့် တူညီသောအဝတ်အစားများကို ပိုင်ဆိုင်ခြင်းက ပြဿနာကြီးကြီးမားမား မဟုတ်ပေ။
မင်းဝတ်နိုင်ရင် အခြားသူတွေလည်း ဝတ်နိုင်ရမယ် မဟုတ်လား။
သို့သော်လည်း လင်ချင်းဟယ်စိတ်ထဲတွင် အခြားအစီအစဥ်တစ်ခု ရှိနေပါသေးသည်။ သူမသည် ပိုမိုစျေးကြီးသော အဝတ်အစားများကို ဖန်တီးချင်သည်။
ဒီဇိုင်းများကို ရေးဆွဲပြီးပြီ။ အမျိုးအစားတစ်ခုချင်းစီကို သုံးစုံသာ လုပ်ရသေးသည်။ တစ်ခုချင်းစီ၏ အမြတ်ငွေကတော့ အလွန်မြင့်မားသည်။
အသင့်ဝတ် အဝတ်အထည်များမှာ တစ်စုံလျှင် 7ယွမ်မှ 8ယွမ်အထိကုန်ကျသည်။ လင်ချင်းဟယ်ကတော့ ထိုကဲ့သို့ အဝတ်အစားများအတွက် တစ်စုံကို 15ယွမ်အထိ တိုးမြှင့်ချင်သည်။
အပ်ချုပ်စက်တွေ ပြန်ရောက်လာမှ အဲ့ကိစ္စတွေ ဆက်ပြောကြတာပေါ့လေ။ လက်ရှိအခြေအနေက အဆင်ပြေပါသည်။
ပြောရမည်ဆိုလျှင် ကိုယ်ပိုင်အထည်စက်ရုံတစ်ခုက သူမတို့ကို အဝတ်အထည်ဖန်တီးရန် ကူညီပေးနေသဖြင့် လင်းချင်းဟယ်တို့၏ အထည်ဆိုင်လေးမှာ ထပ်ပြီး ပစ္စည်းပြတ်လိမ့်မည် မဟုတ်တော့ပါ။
တစ်လအတွင်း သားလတ်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေရတော့မည်။ ထို့ကြောင့် ယခုချိန်မှစ၍ လင်ချင်းဟယ်တစ်ယောက် သားလတ် ကျိုးရွှမ်း၏ပညာရေးကို ဦးစားပေးတော့မည်။
ကျိုးရွှမ်း၏ အဆင့်က ကျောင်း၏ထိပ်တန်းငါးယောက်ထဲတွင် ပါနေသည်။
အရင်အတန်းတုန်းကလည်း သူက ပထမအဆင့်ကို ရထားဖူးသည်။ ထိပ်တန်းအဆင့်ငါးဆင့်ထဲတွင်လည်း ယခင်က ပါဖူးသည်။ သို့သော် ယေဘုယျအားဖြင့်ဆိုလျှင် ထို့အဆင့်များတွင်သာ တစ်ဝဲလည်လည် ဖြစ်နေခြင်း ဖြစ်ပါသည်။
မေဂျာအထက်တန်းကျောင်းကြီးဖြစ်သဖြင့် တကယ်တန်း ဉာဏ်ကောင်းသော ကျောင်းသားများစွာ ရှိနေသည်။ လင်ချင်းဟယ်ကိုယ်တိုင် သင်ကြားပေးနေသော်လည်း ဉာဏ်ကြီးရှင်များ တကယ်ရှိနေပါသည်။
အချိန်တစ်ခုအတွင်း ကျိုးရွှမ်းတစ်ယောက် အစားကောင်းများ စားရသည်။
ကျိုးရှင်းပိုင် အဒေါ်မာထံမှ ကြားဖူးသည်ကတော့ ဝက်ဦးနှောက်က ဦးနှောက်ကို အာဟာရဖြစ်စေသည်ဆိုပဲ။ ထို့ကြောင့် သူသည် ဝက်သားဆိုင်သူဌေးထံသို့သွားကာ နေ့တိုင်း ဝက်ဦးနှောက်နှစ်ခုကို ချန်ထားပေးဖို့ တောင်းဆိုခဲ့ပါသည်။
ဝက်ဦးနှောက်ကို တရုတ်စမြိတ်ဟင်းတွင် ထည့်ချက်သည်။ သူတို့လေးဦးစလုံးကို ကျွေးချင်သော်လည်း လင်ချင်းဟယ်က ထိုအရသာကို သည်းမခံနိုင်ချေ။
ကျိုးခိုင်နှင့် ကျိုးကွေ့လိုင်တို့က ပျော်ပျော်ကြီး စားနေကြသော်လည်း အစကတည်းက ကျိုးရွှမ်း၏လျှာက သူ့အမေ လင်ချင်းဟယ်နှင့် တူသဖြင့် သူလည်း ထိုအရသာကို ခံနိုင်ရည်မရှိပါ။
သို့သော်လည်း နေ့တိုင်း ပန်းကန်တစ်ဝက်တော့ ကုန်အောင် အတင်းစားနေရသေးသည်။
ဝက်ဦးနှောက်များအပြင် သုံးရက်ကြာတိုင်း ကြက်သားလည်း ပါသည်။ ဝက်ခြေထောက်ကို မြေပဲနှင့်ချက်ထားသည့်ဟင်းများလည်း ပါသည်။
"အစ်ကိုလတ်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲဟင်းတွေကို စားရတာ ငါမီးဖွားပြီးခါစမိခင်တွေစားရတဲ့ အစားအစာတွေကို စားနေရတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပြီ။" ဟု ကျိုးကွေ့လိုင်က ဆိုသည်။
"ဖွီးး" ကျိုးခိုင်က သူသောက်လိုက်သော လက်ဖက်ရည်ကို ပြန်ထွေးထုတ်လိုက်မိသည်။
"အစ်ကိုကြီး!" လက်ဖက်ရည်များ ပေကျံသွားသော ကျိုးကွေ့လိုင်က ဒေါသထွက်ကာ အော်လိုက်လေသည်။
"ငါ့ကို အပြစ်မတင်နဲ့လေ။ မင်းကိုယ်မင်း အပြစ်တင်" ကျိုးခိုင်က လက်ကိုဝေ့ယမ်းပြလိုက်သည်။
"ငါ့အင်္ကျီတွေက အသစ်တွေကွ!' ကျိုးကွေ့လိုင် ဒေါသတကြီး ပြောလိုက်သည်။
သူက အနည်းငယ် စိတ်ကြီးဝင်နေ၏။ အထူးသဖြင့် သူ့ကိုယ်သူ လူကြီးဖြစ်ပြီဟုယူဆပြီး ကောင်မလေးတွေကို လိုက်နိုင်ပြီ ဟုထင်သဖြင့် နေ့တိုင်း တောက်တောက်ပပ ဝတ်ဆင်သည်။ သူဝတ်ထားသော အဝတ်အစားများမှာ လင်ချင်းဟယ်ကို နားပူနားဆာလုပ်ပြီး ရထားသော အဝတ်အစားများ ဖြစ်သည်။
"နောက်တစ်ခါ ငါ့အတွက် အဝတ်အစားတွေ ဝယ်စရာ မလိုဘူး။ ငါ့ဝေစုထဲက မင်းကို ဝယ်ပေးဖို့ အမေ့ကို ပြောလိုက်လေ။" ဟု ကျိုးခိုင်က ပြောလိုက်သည်။
"အမေက ငါ့ကို ထပ်ဝယ်ပေးမှာ မဟုတ်ဘူးကွ!" ဟု ကျိုးကွေ့လိုင်က ပြန်ပြော၏။
ကျိုးခိုင်က သူ့ကိုလျစ်လျူရှုလိုက်ပြီး ညီလတ်၏ စာကိုပဲအာရုံစိုက်ထားလိုက်သည်။ ကျိုးရွှမ်းက ဤကဲ့သို့ပြော၏။ "ဒီနေ့တစ်ရက်လောက် ခွင့်ယူချင်တယ်။ အစ်ကိုကြီး ဘတ်စ်ကတ်ဘော ကစားကြမလား"
"အမေက သဘောတူလို့လား" ကျိုးခိုင်က သူတို့အမေကိုလှမ်းကြည့်လိုက်၏။
အဒေါ်မာနှင့် စကားပြောနေသော လင်ချင်းဟယ်က ပြန်ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ?"
"ညီလတ်က ဘတ်စ်ကတ်ဘော ကစားချင်တယ်လို့ ပြောလို့။ အမေ၊ သူ ဒီနေ့တစ်ရက်လောက်တော့ ခွင့်ယူချင်တယ်တဲ့။" ဟု ကျိုးခိုင်က ရှင်းပြ၏။
"အလုပ်လုပ်ပြီး အပန်းဖြေတာ ကောင်းပါတယ်။ ချွေးသွားထုတ်ကြချေ။ သွားကစားကြ။" လင်ချင်းဟယ် သဘောတူပေးလိုက်သည်။ "သားတို့ နေ့လည်စာစားချင်ရင် ကြိုပြောနော်။ အမေ အိမ်ပြန်လာရင် ဖက်ထုပ် ပြန်ယူလာခဲ့မယ်။"
"ကျွန်တော်လည်း စားချင်တယ်။ သားတို့အတွက်ပါ ယူခဲ့ပါ။" ကျိုးခိုင်စကားပြောပြီး ကျိုးရွှမ်းနှင့်အတူ ဘတ်စ်ကတ်ဘောကစားရန် ကျောင်းသို့ စက်ဘီးနင်းကာ ထွက်သွား၏။
ကျိုးကွေ့လိုင်ကတော့ ဟူကျစ်နှင့် အခြားသူများကို ရှာရန် အထည်ဆိုင်သို့ ထွက်သွားသည်။
အဒေါ်မာလည်း မနေနိုင်တော့ဘဲ ချီးကျူးရတော့သည်။ "ဒီကလေးသုံးယောက်ကတော့ လူတွေကို မနာလိုဖြစ်အောင် လုပ်နေတာပဲ"
လင်ချင်းဟယ် ရယ်မောလိုက်မိသည်။ "သူတို့ကလေးလေးတွေပဲ ရှိတုန်းကဆို ကျွန်မ မကြာမကြာ သောကတွေများရတယ်လေ။ အဲ့ဒီအချိန်တုန်းက သူတို့အဖေက စစ်တိုက်ထွက်နေတယ်။ အကုန်လုံးကို ကျွန်မတစ်ယောက်တည်း မထိန်းနိုင်ဘူးရှင့်။ ကျွန်မ သူတို့ဆီကနေ ခဏလောက် အကြည့်ခွာလိုက်တာနဲ့ သူတို့အကုန်လုံးက ရွှံ့လူးပြီးသားတွေ ဖြစ်ကုန်ပါကောလား။”
"အခုတော့ အားလုံးအဆင်ပြေသွားပြီပေါ့" ဟု အဒေါ်မာက ပြုံးကာ ပြောလိုက်သည်။
"ဒါနဲ့ ဒေါ်လေး၊ ဒေါ်လေးရဲ့ သားလတ် ဘယ်တော့ပြန်လာမှာလဲဟင်။" ဟု လင်ချင်းဟယ်က မေးလိုက်သည်။
"သူက နောက်လထဲ ပြန်လာတော့မှာ။ သူ့မိန်းမနဲ့ ကလေးပါ ခေါ်လာမှာလေ..." အဒေါ်မာက သူ့သားလတ်အကြောင်းပြောရင်း ပြုံးလိုက်မိတော့သည်။