← Chapters

ကျေနပ်ဖွယ်ရာကွာရှင်းပြတ်ဆဲခြင်း

Vol. 24 Ch. 326

ကျေနပ်ဖွယ်ရာကွာရှင်းပြတ်ဆဲခြင်း

Vol. 24 Ch. 326

အခန်း(၃၂၆) - ကျေနပ်ဖွယ်ရာ ကွာရှင်းပြတ်စဲခြင်း

အဒေါ်မာ၏ သားအကြီးဆုံးမှာ ရှင်းကျန်တွင် ရှိသည်။ သူတို့မိသားစုမှာ ပြန်မလာပေ။ သားလတ်ကတော့ ကျေးရွာဘက်သို့ ထွက်သွား၏။ သူက ကျေးရွာဘက်ကို သွားရသော ပညာတတ်လူငယ် ပထမအသုတ်ထဲတွင် ပါသဖြင့် လူငယ်တော့ မဟုတ်တော့ပေ။ သူက ကျေးရွာဘက်တွင် အခြေချနေထိုင်ခဲ့သည်။

သူက အိမ်ပြန်လာနိုင်ရန် မစောင့်နိုင်သော အခြားလူများနှင့် မတူပါ။ သူက အိမ်ပြန်လာချင်သော်လည်း သူ့ဇနီးနှင့် ကလေးများကိုပါ သူနှင့်အတူ ပြန်ခေါ်လာချင်သည်။

ထို့ကြောင့် ယခုအချိန်အထိ သူ မြို့သို့ အောင်အောင်မြင်မြင် ပြန်မလာနိုင်သေးပေ။ သူ့တွင် ဝန်ထုပ်ဝန်ပိုးတွေ အများကြီးရှိနေခဲ့သည်ကိုး။

ဟုတ်ပါတယ်။ ဒါကလည်း သူ့တွင် တာဝန်ယူတတ်တဲ့ စိတ်ဓာတ်ရှိခြင်းကြောင့်လည်းဖြစ်သည်။

ဥပမာအားဖြင့် သူတို့၏ကျိုကျားရွာသူကြီးသမီးက သူ့ကောင်လေးအတွက် မိတ်ဆက်စာတစ်စောင်ကို ခိုးပေးခဲ့ပြီး သူ့ကိုအိမ်ပြန်ခိုင်းခဲ့သည်။

ထိုပညာတတ်လူငယ်လေး ထွက်သွားပြီးနောက် ဘာသတင်းမှ မကြားရတော့ချေ။

ရွာသူကြီးသမီးက သူ့ကလေးနှင့်အတူ ခါးခါးသီးသီး စောင့်နေဆဲဖြစ်သည်။ သူမ၏ ယောင်းမတွေရဲ့ ငြူစူပြောဆိုမှုများကိုလည်း အကြိမ်ကြိမ် ခံရသည်။

အခြားသူများ၏ ကိစ္စများကို ဝေဖန်သည်မှာ မကောင်းသော်လည်း ဤကိစ္စတွင်တော့ ထိုကောင်မလေးက အမှန်တကယ်ပင် ရူးမိုက်ခဲ့ပါသည်။

ထိုအချိန်တုန်းက သူမ ကြားဖူးခဲ့သည်။ ရွာသူကြီးမိသားစုက ၎င်းတို့၏သမီးနှင့် ထိုပညာတတ်လူငယ်ကို သဘောမတူကြောင်း တတိယမရီးက သူမကို တီးတိုးပြောခဲ့ဖူးသည်။

အစကတည်းက ထိုကောင်လေးမှာ ပျော့တိပျော့ဖတ်နိုင်လှ၏။ ရုပ်ဆင်းတော့ လှပသော်လည်း ကျေးရွာတွင် အသုံးမဝင်လှပါ။

သို့သော်လည်း ကောင်မလေးမှာ အလွန်အမင်း စွဲလမ်းနေခဲ့သည်။ သူမရဲ့မိဘများက သဘောမတူသဖြင့် ပညာတတ်လူငယ်လေးအား သူမ အလိုလိုက်ခဲ့သည်။ သူမ၏ စင်ကြယ်သော ခန္ဓာကိုယ်အား ဘာအဓိပ္ပာယ်မှမရှိဘဲ ပေးဆပ်လိုက်ရသဖြင့် ရွာသူကြီးက မကျေနပ်သော်လည်း သူ့သမီးနှင့် ထိုကောင်လေးကို သဘောတူလိုက်ရတော့သည်။

ယခု ဤကဲ့သို့ အကြောင်းဖန်လာသဖြင့် ကိုယ့်ထိုက်နှင့်ကိုယ်ကံခံရသည်ဟုပင် ဆိုနိုင်သည်။

ထို့ကြောင့် အတွေ့အကြုံမရှိသဖြင့် မိန်းကလေးတစ်ဦး လက်တွဲဖော်ရှာသည့်နေရာတွင် မိသားစု၏ ထင်မြင်ချက်က အရေးကြီးပေသည်။ အနာဂတ်မျိုးဆက်များကဲ့သို့ တစ်ယောက်မကြိုက်တစ်ယောက်ပြောင်း၍ရခြင်း မရှိပေ။

စကားပုံပင် ရှိသေးသည်။ ဒါဆိုလည်း နှုတ်ဆက်ပါတယ်၊ နောက်တစ်ယောက်က ပိုကောင်းမှာပါတဲ့။

နောက်ပိုင်းမျိုးဆက်များအထိပင် လူတစ်ယောက်က ၎င်းတို့၏မိဘများနှင့် လူကြီးသူမများကို ထင်မြင်ချက် တောင်းရသည်။ ကိုယ့်ကလေးကိုယ် ချုပ်ချယ်တတ်သော မိဘများ မဟုတ်ပါက ယေဘုယျအားဖြင့် သူတို့၏ထင်မြင်ချက်များ မှန်တတ်ပါသည်။ သူတို့တွင် အတွေ့အကြုံ ရှိဖူးသည်ကိုး။

ဇာတ်လမ်းလည်း ရှည်သွားပြီ။

အဒေါ်မာ၏ သားလတ်အကြောင်း ပြန်ပြောရလျှင် သူ့ဇနီးနှင့်ကလေးများကို စွန့်ပြစ်ပြီး မြို့တော်သို့ တစ်ယောက်တည်းပြန်ဖို့ တစ်ခါမှ မတွေးဖူးချေ။ မဟုတ်လျှင် သူတစ်ယောက်တည်း မြို့တော်ကိုပြန်လာဖို့က လွယ်ကူပါသည်။ မိသားစုကို ခေါ်လာနိုင်ဖို့ကတော့ ခက်ခဲလှသည်။

သူ့အား မြို့တော်သို့ ပြန်ခေါ်နိုင်ရေးအတွက် ဦးလေးမာ၏ ရာထူးကို သူ့ကို ပေးလိုက်ရသည်ပင် မကဘဲ လင်မယားနှစ်ယောက်စလုံးက ဦးလေးမာ၏ အလုပ်အဆက်အနွယ်များကို အသုံးချပြီး အိမ်ယာစာရင်းကို ပြန်လည်ပြောင်းရွေ့ဖို့အတွက် ငွေအမြောက်အများ အသုံးချခဲ့ရသည်။

လင်ချင်းဟယ်သည် သူမမိသားစုအားလုံးကို မပြောင်းရွှေ့နိုင်ခင်က ကျောင်းတော်က ပါရမီရှိသူများကို လိုအပ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် မိသားစုဖွဲ့စည်းပုံကလည်း ကောင်းမွန်၏။ သူမ၏ကလေးအနည်းငယ်ကိုပင် အနာဂတ်တွင် အလားအလာကောင်း ရှိလာနိုင်သည်ဟု မျှော်လင့်နိုင်သည်။ ထို့ကြောင့် ကျောင်းတော်က အကူအညီပေးရန် လက်မတွန့်ခဲ့ခြင်း ဖြစ်သည်။

အနှစ်ချုပ်အားဖြင့်ဆိုရလျှင် သူ ပြန်လာနိုင်ပါလိမ့်မည်။

"တော်တော် ခက်ခဲခဲ့မှာပဲ။ ဒေါ်လေးမာ ရှေ့လျှောက်လစာကို ယွမ် ၃၀အထိတိုးပေးပါ့မယ်။" ဟု လင်ချင်းဟယ်က ပြောလိုက်သည်။

အဒေါ်မာက အလျှင်အမြန်ပင် တုန့်ပြန်သည်။ "အဲ့လို လုပ်စရာမလိုပါဘူးကွယ်"

"ဘာမှမဖြစ်ပါဘူး။ ဒေါ်လေး ကျွန်မကို ဆိုင်မှာကူညီပေးတော့ ကျွန်မ စိတ်အေးရတာပေါ့။" ဟု လင်ချင်းဟယ်က ပြန်ပြောလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် "ကျွန်မ အဒေါ်ရှုကို အဝတ်အစားလုပ်ခိုင်းတုန်းက နည်းနည်းကြားလိုက်သလိုပဲ ဟိုဘက်အိမ်က ကျန်းမိသားစုရဲ့ ကျန်းမေ့ဟယ် ကွာရှင်းလိုက်ပြီတဲ့။"

အမှန်ပင်။ ကျိုးချင်းပိုင်ကို ချိန်ရွယ်ဖူးခဲ့ပြီး မနှစ်က လက်ထပ်သွားခဲ့သော ကျန်းမေ့ဟယ်တစ်ယောက် ဒီနှစ် ကွာရှင်းခဲ့သည်။

လင်းချင်းဟယ် ခုတစ်လော အလွန်အလုပ်ရှုပ်နေသည်။ သူ ကျောင်းတွင်ရှိရင်ရှိ၊ မရှိလျှင် အထည်ဆိုင်သို့မဟုတ် ဖက်ထုပ်ဆိုင်တွင်ရှိနေသည်။ အိမ်တွင် ရှိနေချိန်များတွင် အိပ်ရင်အိပ် မအိပ်လျှင် အဝတ်လျှော်နေတတ်သည်။

လွန်ခဲ့သောနှစ်ရက်က သူမ ကျန်းမေ့ဟယ်နှင့် ဆုံခဲ့၏။ သူမ သိပ်ပြီး ဘာမှမတွေးခဲ့ချေ။ ဒီအတိုင်း လာလည်သည်ဟုသာ ထင်ခဲ့သည်။ သို့သော် နှစ်ရက်ဆက်တိုက်လောက် တွေ့ရမည်ဟု သူမ မထင်ခဲ့ချေ။

ဒေါ်လေးရှု၏ ဘေးနားသို့ ဒီဇိုင်းပုံကြမ်းကိုချပြီး တစ်လမ်းလုံးရှင်းပြခဲ့သည်။ ဒေါ်လေးရှုလည်း ကောင်းကောင်းနားလည်သည်။

ထို့နောက် ကျန်းမေ့ဟယ်တစ်ယောက် ကွာရှင်းပြီး ပြန်ရောက်လာကြောင်း ဒေါ်လေးရှုထံမှ ကြားလိုက်ရသည်။

အကြောင်းပြချက် မသိရသော်လည်း သူမသည် တစ်ခုလပ်တစ်ယောက်အနေနှင့် ပြန်ရောက်လာခဲ့သည်။

သူမက အရှက်မရှိသောလူတစ်ယောက်ဖြစ်သည်။ ဒေါ်လေးမာသာ ဆိုင်တွင်မရှိလျှင် သူမ မျက်နှာပြောင်တိုက်ကာ ဆိုင်သို့လာလောက်သည်ဟု လင်းချင်းဟယ် ခန့်မှန်းမိသည်။

ထို့ကြောင့် လစာတိုးပေးခြင်းက တကယ်ပဲ ဒေါ်လေးမာကို ကူညီပေးခြင်းသာ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ့သားမိသားစု ပြန်လာသဖြင့် မိသားစုဝန်ထုတ်ဝန်ပိုးက မသေးပေ။ ဦးလေးမာတွင်လည်း အလုပ်မရှိတော့ပေ။

နောက်ထပ်အကြောင်းပြချက်ကတော့ ဒေါ်လေးမာကို စောင့်ကြည့်ပေးစေချင်သောကြောင့် ဖြစ်သည်။ ဒေါ်လေးမာက စိတ်ကောင်းရှိသောသူဖြစ်သည်။ ကျန်းမေ့ဟယ်ကို ဘယ်တော့မှ ပြဿနာ လာရှာခွင့်ပြုမည်မဟုတ်ပါ။

"နင် မတောင်းဆိုရင်တောင် ငါ နင့်အတွက် စောင့်ကြည့်ပေးထားမှာပါအေ။ လစာတိုးပေးစရာမလိုပါဘူး။" ဟု ဒေါ်လေးမာက ပြောသည်။

"ဒေါ်လေး ယူလိုက်ပါ။ အားမနာပါနဲ့။" ဟု လင်ချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

ဒေါ်လေးမာ ဘာမှဆက်မပြောတော့ပေ။ "ငါ ဒီနေ့ညပြန်ရင် စုံစမ်းကြည့်လိုက်ပါ့မယ်။ အိမ်ထောင်ကွဲတယ်ဆိုတာမျိုး၊ ကွာရှင်းတာမျိုးက အလွယ်တကူ မဖြစ်တတ်ဘူးမလား။"

ဆယ်ပုံတွင်တစ်ပုံလောက်သာရှိ၍ တစ်ခုခုတော့ သေချာပေါက် ထူးခြားနေပြီ။

သို့သော်လည်း သူမသည် ယခု အလုပ်လုပ်နေပြီး အလုပ်တွေလည်း ရှုပ်လာသဖြင့် မိတ်ဆွေဟောင်းများနှင့် အရင်လို အတင်းမပြောနိုင်တော့ပေ။ ထို့ကြောင့် သူမ၏ သတင်းများက လင်းချင်းဟယ်ထက် နောက်ကျလို့နေသည်။ ကျန်းမေ့ဟယ်၏ ကွာရှင်းမှုအကြောင်း သူမ မသိခဲ့ပါ။

ညနေခင်း အလုပ်ဆင်းတော့ ဒေါ်လေးမာ ညစာစားပြီး သူမ၏မိတ်ဆွေဟောင်းများနှင့် ဒီကိစ္စအကြောင်းစုံစမ်းရန် သွားခဲ့သည်။

အမှန်တရားကိုသိလိုက်ရချိန်တွင်တော့ ဒေါ်လေးမာ ပစ်ပစ်ခါခါ မျက်နှာထားမျိုး ဖြစ်သွားရသည်။ "အရှက်မရှိလိုက်တာဟယ်။"

"ဟုတ်တယ်နော်။ ယောက်ျားဖြစ်သူက မုဆိုးဖိုဆိုပေမယ့် သားတစ်ယောက် သမီးတစ်ယောက်ရှိတာ ကောင်းတာပဲကို။ သူ့လိုကလေးမမွေးနိုင်တဲ့မိန်းမမျိုးက အဲ့လိုလူနဲ့ လက်ထပ်နိုင်တာတောင် ကျေးဇူးတင်ရမယ်။ ဒါတောင် သူက ဖောက်ပြန်နေသေးတာ။" ထိုဒေါ်လေးချွီမှာ တိုက်ခန်းဘလောက်တွင် သတင်းအမြန်ဆုံးလူတစ်ယောက်ဖြစ်သည်။ ဘယ်သူမှ မသိတဲ့ ကိစ္စမျိုးဆိုလျှင်ပင် သူ့ကိုလာရှာသင့်သည်။

ယခုလည်း မြင်သည့်အတိုင်း ဇာတ်လမ်းကို အတွင်းကျကျ သူ သိနေခဲ့သည်။

ထို့နောက် လင်းချင်းဟယ်လည်း ထိုအကြောင်းသိသွားသည်။ ကျန်းမေ့ဟယ် လက်ထပ်ပြီး ကောင်းကောင်းမွန်မွန် မနေသဖြင့် ကွာရှင်းခဲ့ခြင်း ဖြစ်သည်။ သူ့ယောက်ျားအိမ်ဘေးနားရှိ ယောက်ျားတစ်ယောက်နှင့် ဖောက်ပြန်ခဲ့သည်တဲ့။

သူတို့ အပြင်ထွက် ဖောက်ပြန်တာကို ထိုယောက်ျားဖြစ်သူရဲ့ မိန်းမက မိသွားသည်ဟု ပြောကြသည်။

ထို့ကြောင့် ပြဿနာများ ပေါက်ကွဲကုန်သည်။

ထို့အပြင် လက်ထပ်ပြီးသည့်နောက်ပိုင်း ယောက်ျားဖြစ်သူ၏ သားနှင့်သမီးကို ကိုယ့်သားသမီးလို ကျန်းမေ့ဟယ် မဆက်ဆံခဲ့ပါ။ မကြာခဏဆိုသလိုပင် ထိုကလေးနှစ်ယောက်ကို သူ နှိပ်စက်သည်။

ထို့အပြင် ထိုယောက်ျားဖြစ်သူက ဂုဏ်သိက္ခာတန်ဖိုးထားသူ ဖြစ်သဖြင့် ဒီအတိုင်း ကွာရှင်းခဲ့ခြင်း ဖြစ်သည်။

ကျန်းမေ့ဟယ်က သူမ၏ကိုယ်ပိုင် ဥစ္စာများနှင့် အလျော်ပေးလိုက်ရသည်။ သူမက ဖောက်ပြန်နေကြောင်း လူမိခဲ့ဖြင့် သူမ လျော်ကြေးမတောင်းရဲတော့ပါ။

ထို့ကြောင့် သူမပြန်လာခဲ့ပြီး လင်ချင်းဟယ်က ကျန်းမေ့ဟယ်နှင့် နှစ်ရက်ဆက်တိုက် ဆုံခဲ့ခြင်းဖြစ်သည်။

"တကယ်ပဲ။ လူပေါင်းစုံရှိတာပဲ။" လင်ချင်းဟယ်က သက်ပြင်းချကာ ပြောမိတော့သည်။ ကျန်းမေ့ဟယ်လို မိန်းမမျိုးလည်း ကမ္ဘာပေါ်တွင် တကယ်ရှိနေသည်။

သူမ ညဘက်အိမ်ပြန်ရောက်တော့ လင်ချင်းဟယ် ထိုအကြောင်းကို ကျိုးချင်းပိုင်ကို ပြောပြလိုက်သည်။

ကျိုးချင်းပိုင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အမြဲလိုလို လူတိုင်းထက် ပိုမိုသည်းခံတတ်သော လူမျိုးဖြစ်သော်လည်း ကျန်းမေ့ဟယ် လုပ်ခဲ့သောအရာများကို ကြားသောအခါ သူ့မျက်လုံးတို့ ရွံရှာမှုများဖြင့် ပြည့်နှက်သွားသည်။

သူ့တုန့်ပြန်မှုကို လင်ချင်းဟယ်က ကျေနပ်သွားပြီး ဆုအဖြစ် အနမ်းပေးလိုက်သည်။ "သူ ရှင့်ကို လာကြောင်ချင်လည်း ကြောင်ပါစေ။ သားရည်ကျပြီး သေသွားလိမ့်မယ်။"

သူခိုးမက ဘယ်သူ့ကိုပစ်မှတ်ထားမလဲ သူမ မသိသော်လည်း သူမ ယောက်ျားကိုတော့ သူမ ကာကွယ်ရမည်။

ကျိုးချင်းပိုင်တွင် အကူအညီမဲ့နေသော မျက်နှာမျိုးရှိနေ၏။

"သူ ရှင့်ကို နှောင့်ယှက်နေတုန်းလား။" ဟု လင်ချင်းဟယ်က မေးလိုက်သည်။

"မဟုတ်ပါဘူး။" ကျိုးချင်းပိုင်က ရိုးရိုးသားသားပင် ခေါင်းကို ခါရမ်းလိုက်သည်။ သူ ကျန်းမေ့ဟယ်နှင့် တစ်ခေါက်ဆုံမိခဲ့သည်။ သူမက သူ့ကို အသံတိတ်စကားများ ပြောချင်နေဟန်ရှိသည့် မျက်ရည်များ ပြည့်နှက်နေသည့် နူးညံ့သောမျက်လုံးများဖြင့် ကြည့်ခဲ့သည်။

သို့သော် ကျိုးချင်းပိုင်ကတော့ သူမကို နောက်တစ်ခေါက်ပင် လှည့်မကြည့်ခဲ့ပါ။

All Chapters