← Chapters

အော်ဂလီဆန်စရာလူသားများ

Vol. 24 Ch. 327

အော်ဂလီဆန်စရာလူသားများ

Vol. 24 Ch. 327

အခန်း(၃၂၇) - အော်ဂလီဆန်စရာလူသားများ

ကျန်းမေ့ဟယ်တစ်ယောက် ကျိုးချင်းပိုင်အား မငမ်းပါဟု မပြောနိုင်ပါ။

ကျိုးချင်းပိုင်ကဲ့သို့ ယောက်ျားမျိုးက အရွယ်ရောက်ပြီးသား အမျိုးသမီးတို့၏ အကြိုက်ဖြစ်သည်။ အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းသည်။ အလွန်ယောက်ျားပီသသော ပုံစံဖြစ်သည်။

အရွယ်ရောက်ပြီးသား အမျိုးသမီးတို့အတွက် ငါးစာက မသေးလှပါ။

တစ်ချို့ ဖက်ထုပ်ဆိုင်တွင် ဖက်ထုပ်စားရန် လာသောသူများကလည်း မထိန်းနိုင်မသိမ်းနိုင် သူ့ကိုချောင်းကြည့်လေ့ရှိကြသည်။

ပိုဆိုးသည်က သူမနှစ်က ဝလာသည်ဆိုပြီး ဒီနှစ်လေ့ကျင့်ခန်းများ စလုပ်လာသည်ကို လင်ချင်းဟယ် သဘောမကျပါ။ မကြာခဏဆိုသလို သားကြီးကို ဆိုင်စောင့်ခိုင်းပြီး ပေကျင်းတက္ကသိုလ် ဘတ်စ်ကတ်ဘော ကွင်းသို့သွားကာ ဘတ်စ်ကတ်ဘော ကစားသည်။

သူ့ခန္ဓာကိုယ်ပုံစံက ကောင်းမွန်နေသည်။

လင်ချင်းဟယ် သတိလက်မဲ့ မနေနိုင်ပါ။

အခြားသူများဆိုလျှင် ပြောစရာပင်မလို။ အထူးသဖြင့် လက်ထပ်ပြီးသားဖြစ်ပြီး ဟိုဘက်အိမ်က ယောက်ျားနှင့်ဖောက်ပြန်ခဲ့သော ကျန်းမေ့ဟယ်ရဲ့ သဘောအကျဆုံး ယောက်ျားမှာ ကျိုးချင်းပိုင်ဖြစ်နေဆဲပင်။

ဘယ်လိုလုပ်ရမလဲ။ ကြွေကျသွားတဲ့ ပန်းကလေးက အကြံရှိသော်လည်း ရေစီးကြောင်းက ခံစားချက်မဲ့နေသည်။ ကျိုးချင်းပိုင်က သူမကို အစကတည်းက အဆုံးထိ တစ်ချက်ပင် ပိုမကြည့်ခဲ့သည်မဟုတ်ပါလား။

အမျိုးသမီးကျန်းက သူမတွင် ဘယ်လိုအကျင့်မျိုး ရှိသည်ကို သိမြင်ပြီး ပြောလိုက်သည်။ "ငါပြောမယ် အကြီးမ။ နင်ကြည့်နေတာတွေ ရပ်သင့်ပြီနော်။ သူ့ပုံစံမျိုးနဲ့ နင့်ကို ဘယ်လိုလုပ် ပြန်ကြည့်မှာလဲ။"

ဒီနှစ် မတ်လတွင် အမျိုးသမီးကျန်းက ကျန်းမိသားစုဟောင်း၏ အကြီးဆုံးမြေးကို မွေးဖွားပေးခဲ့သည်။ ယခုတော့ သူမ စကားပြောရာတွင် ပိုမိုယုံကြည်ချက်ရှိနေပြီး ထိန်းချုပ်ထားခြင်း မရှိတော့ပေ။

"ဘာလို့ မကြည့်ရမှာလဲ။ အဲ့ဒီလင်းဆိုတဲ့မိန်းမက ဘယ်လောက်ဘဝင်မြင့်လဲ ဆိုတာ မတွေ့ဘူးလား။ ဘယ်လိုယောက်ျားမျိုးက အဲ့လိုမိန်းမမျိုးကို သဘောကျမှာလဲ။" ဟု ကျန်းမေ့ဟယ် ပြန်ပြောလိုက်သည်။

သူမ လင်းချင်းဟယ်နှင့် တစ်ခေါက်မက ဆုံခဲ့ပါသည်။ လင်ချင်းဟယ်တွင် ဘယ်လိုစိတ်ဓာတ်မျိုး ရှိနေသလဲ။ သူမကို လုံးဝဂရုမစိုက်ပါ။ နောက်ဆုံးတော့ သူမကို မျက်နှာပျက်အောင်လုပ်မှတော့ သူမတွင် ဘယ်လိုမျက်နှာမျိုး ရှိရဦးမည်လဲ။

ပြီးတော့ သူမယောက်ျားကို ငမ်းနေသော မိန်းမတစ်ယောက်က သူမက လေးစားမည်တဲ့လား။ မဖြစ်နိုင်ပါ။

"ဆရာမလင်းလိုလူမျိုးကို သဘောမကျဘူးပေါ့ ဟုတ်လား။ ဒါဆို သူကကော နင့်လိုလူမျိုးကို သဘောကျမှာတဲ့လား။" ဟု အမျိုးသမီးကျန်းက မယဥ်မကျေး ပြောလိုက်သည်။

"ငါက ဘာဖြစ်နေလို့လဲ။" ကျန်းမေ့ဟယ်က သူမလှတုန်းပတုန်း ဟုခံစားမိသည်။

သူမလက်ထပ်ခဲ့သည့် ယောက်ျားကလည်း အလွန်တော်သည်။ အနည်းဆုံးတော့ သူက သူမကို စိတ်ကျေနပ်စေသည်။ သို့သော်လည်း သူ့အလုပ်ပြောင်းသွားပြီး တစ်လကို နှစ်ရက်သုံးရက်သာ အိမ်ပြန်လာတော့သည်။ မုဆိုးမဖြစ်ရသည်နှင့် ဘာကွာဦးမည်နည်း။

ထို့ကြောင့် မနှစ်က ညတစ်ညတွင် ကလေးနှစ်ယောက် အိပ်ပျော်နေတုန်း ဟိုဘက်အိမ်က ယောက်ျားက ရေတစ်ပုံးလာခပ်သည်။

ထို့နောက် ထိုလူ့ကို သူမအခန်းဆီ ခေါ်သွားကာ အရာအားလုံး သဘာဝအတိုင်း ဖြစ်ပျက်ခဲ့သည်။

သို့သော်လည်း လုံခြုံစိတ်ချရအောင် သူတို့အိမ်တွင် အမြဲတမ်း မလုပ်ရဲကြပါ။ ထို့ကြောင့် ဧည့်ရိပ်သာသို့ သွားခဲ့ကြသော်လည်း သူတို့ကို ထိုလူ၏ မိန်းမက တွေ့သွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

သူတို့ လက်တွဲကာ ထွက်လာသောအချိန်တွင် မိသွားခြင်း ဖြစ်သည်။ ထို့နောက် ထိုလူ၏မိန်းမက စားပွဲထိုးအား သူတို့နှစ်ယောက်က အမြဲတမ်းလာနေကျဧည့်သည်လား ဟုမေးခဲ့သည်။

ဖြစ်ချင်တော့ သူတို့ ထိုနေရာသို့ မကြာခဏ သွားမှန်း သူမ သိလိုက်ရသည်။ စားပွဲထိုးက အတည်ပြုပေးလိုက်သည်။ တစ်ပတ်ကို သူတို့ သုံးလေးကြိမ်လောက် လာကြသည်ဟု ဆို၏။

ထို့နောက်တွင်တော့ အရာအားလုံး ပေါက်ကွဲကုန်၏။

သူမ၏ခင်ပွန်းဟောင်းကလည်း ဤကဲ့သို့ လုပ်ရပ်မျိုးကို လက်မခံနိုင်ပါ။

သူ့အလုပ်ချိန်က ပြောင်းလဲသွားပြီး တစ်လကို သူအိမ်ပြန်လာနိုင်သော အကြိမ်က နည်းပါးသွားသည်။ ထို့ကြောင့် သူလက်ထပ်ထားသော သူ့မိန်းမကို သူ့ထက် ဟိုဘက်အိမ်က အိမ်နီးချင်းက ပိုမိုအသုံးချနေသည် မဟုတ်ပါလား။ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား။

သူ့အိမ်နီးချင်းကို ထိုးကြိတ်ခဲ့ပြီး သူ့မိန်းမကို ကွာရှင်းခဲ့သည်။

အမျိုးသမီးကျန်းက ဒါကိုသိသည်။ ထို့ကြောင့် ကျန်းမေ့ဟယ်အား သူမအလွန်အရွဲ့တိုက်ပြီး လှောင်ပြန်သည်။ ဒီတစ်ခါတွင်တော့ သူမကိုယ်သူမ ယုံကြည်ချက်ပြည့်ဝပြီး ပြောလိုက်သည်က "အကြီးမ ငါတို့မိသားစုက လူအများကြီးကို မထောက်ပံ့နိုင်ဘူး။ နင့်မှာသာ အဲ့လောက်အစွမ်းအစ ရှိနေရင် အိမ်မှာ အလကားနေမှာ မဟုတ်ဘူး။"

နောက်ဆုံးတော့ ညီမဖြစ်သူ ကျန်းမေ့လန်ကို မောင်းထုတ်ပြီးတဲ့နောက်မှာ အကြီးမက ပြန်ရောက်လာပြန်သည်။

အမျိုးသမီးကျန်းသည် သူမဘဝက အတော်လေးကို ဆိုးရွားသည်လို့ ခံစားမိသည်။

သူမယောက်ျားက တစ်လတွင် တစ်ရက်သာအိမ်ပြန်လာသည်။ ကျန်းမေ့ဟယ်၏ ခင်ပွန်းဟောင်းထက်ပင် နည်းသေးသည်။ ပြီးတော့ တစ်လကို အများဆုံးနှစ်ရက်သာ အိမ်ပြန်လာသည်။

ထို့ကြောင့် အမျိုးသမီးကျန်းက အိမ်ထောင်ရေး သက်တမ်းလွန်နေပြီဖြစ်သဖြင့် မြေးတစ်ယောက် မွေးဖွားပေးခဲ့သည်။ အဘွားကျန်းကတော့ ဘာမှမပြောချေ။

"ငါ နင့်ကို နေထိုင်စရိတ် ၅ယွမ် မပေးထားဘူးလား။" ဟု ကျန်းမေ့ဟယ်က ပြောလိုက်သည်။

"၅ယွမ်နဲ့ ဘာလုပ်လို့ရမှာလဲ။" ဟု အမျိုးသမီးကျန်းက ပြန်ပြောလိုက်သည်။

အဘွားကျန်းက အပြင်ဘက်မှ ဟင်းသီးဟင်းရွက်ဝယ်ပြီး ပြန်လာသောအခါ အမျိုးသမီးကျန်းက သူ့သားကိုဖက်လိုက်ပြီး သူမကို တီးတိုးပြောလိုက်သည်။ "အိမ်မှာရှိနေတဲ့ ဒီပစ္စည်းတွေအားလုံးက အနာဂတ်မှာ ပေါင်လေးပဲရမှာ။ ဒီမှာ အကြီးမ ရှိနေတာက ဘာကို ဆိုလိုချင်တာလဲ။"

"သူ့မှာ နေစရာနေရာမှမရှိတာ။" ဟု အဘွားကျန်းက ပြန်ပြောသည်။

ထိုစကားကို ကြားသောအခါ အမျိုးသမီးကျန်း၏ မျက်နှာပျက်သွားသည်။ ထို့နောက် နေ့လည်ခင်းတွင် သူ့သား ပေါင်လေးအား အမေဘက်မိသားစုသို့ ပြန်ခေါ်သွားလိုက်သည်။

ထို့ကြောင့် အဘွားကျန်း ဒေါသထွက်သွားရသည်။ သူ့မြေးက သူ့အသက် ဖြစ်သည်။ သူ့ကို ခဏလောက် မတွေ့ရလျှင် သူမ ရူးသွားလောက်သည်။ ဘာကြောင့် သူ့မြေးကို သူမအမေ ဘိုးဘွားများထံသို့ ခေါ်သွားရသနည်း။

ထို့ကြောင့် ကျန်းမေ့ဟယ်ကို အရှုံးသမားတစ်ယောက်ဖြစ်ပြီး ပိုက်ဆံဖြုန်းသည့်အတွက် ဆူငေါက်သည်။

နောက်ဆုံးတော့လည်း ကျန်းမေ့ဟယ် ငိုယိုကာ ထွက်သွားရသည်။ ရပ်ကွက်ထဲတွင် အခန်းငယ်လေးတစ်ခန်းကို ငှားရမ်းခဲ့သည်။

အမျိုးသမီးကျန်းက သူ့သားနှင့် တက်တက်ကြွကြွ ပြန်လာခဲ့သည်။ သူမမျက်လုံးများကလည်း အရောက်လက်လျက်ရှိသည်။ သူမ မိသားစုထံသို့ ပြန်သွား၍ ဘာအကျိုးကျေးဇူးများ ရလာလဲမသိပေ။

သူတို့က အိမ်နီးချင်းများဖြစ်နေပြီး စရိုက်များလည်း ဆန်ကြသဖြင့် လင်ချင်းဟယ် စိတ်ပူမိသည်။

သူမ ထွက်သွားပြီး တစ်ယောက်တည်း နေထိုင်နေသည်ကို ဒေါ်လေးမာထံမှ ကြားခဲ့သည်။

"သူထွက်သွားတာ ကောင်းပါတယ်။ အော်ဂလီဆန်စရာ လူတွေနဲ့တစ်ချိန်လုံး မတွေ့ရတော့ဘူးပေါ့။” ဟု ဒေါ်လေးမာက မှတ်ချက်ပေးသည်။

အရင်တစ်ခေါက်က လင်းချင်းဟယ်က သူမကို ဖက်ထုပ်ဆိုင်မှာ အရေခွံချွတ်ခဲ့တာကြောင့် အရှက်ရသွားလို့လား ဒါမှမဟုတ် ဒေါ်လေးမာတစ်ယောက် ဖက်ထုပ်ဆိုင်မှာ ရှိနေသောကြောင့်လားမသိဘူး။ အတိုချုံး ပြောရလျှင် ကျန်းမေ့ဟယ်က မျက်စိနောက်စရာ ဖြစ်မလာတော့ပါ။

လင်ချင်းဟယ်သည် သူမကို အာရုံစိုက်ဖို့ မအားလပ်ပေ။

ဇွန်လတွင် ကျိုးရွှမ်းက ဝင်ခွင့်စာမေးပွဲဖြေရသည်။

သူမ အတန်းသင်စရာရှိသဖြင့် လင်းချင်းဟယ် စာမေးပွဲသို့ လိုက်မပို့နိုင်ပါ။ သားကြီးကျိုးခိုင်က လိုက်ပို့ခဲ့သည်။

ဝင်ခွင့်စာမေးပွဲ ပြီးဆုံးသွားသောအခါ ကျိုးရွှမ် အားလပ်ရက် ရသွားပြီ ဖြစ်သည်။ ကျိုးချင်းပိုင်က သူ့သားကို အလုပ်ခိုင်းလို့ရပြီ ဖြစ်သဖြင့် ဝန်ပေါ့သွားသည်။ နေ့တိုင်း ၃နာရီခွဲမှ ၄နာရီခွဲအထိ ကျိုးချင်းပိုင်သည် ကျောင်းသို့သွားကာ ဘတ်စ်ကတ်ဘော ကစားသည်။

ဆိုင်ကိုတော့ ကျိုးရွှမ်းက စောင့်ပေးရသည်။

ဒီနှစ်တွင် အသက် ၁၅နှစ်ပြည့်ပြီဖြစ်သည့် ကျိုးရွှမ်မှာ ၅ပေ ၉လက်မ နီးပါး အရပ်ရှည်သည်။ သူ့အစ်ကိုအကြီးဆုံးနှင့်ပင် မတိမ်းမယိမ်းရှိနေပြီ။

ကျိုးခိုင်ကလည်း အရင်က လူပျိုဖော်ဝင် စောလွန်းလှသည်ဟု ပြောနိုင်သည်။ ဒီနှစ် သူ သိပ်ပြီး မဖွံ့ဖြိုးလာခဲ့ပါ။ အရပ်က ၆ပေတွင်သာ ရပ်နေသည်။

မှန်ပါသည်။ ထိုအရပ်က အလွန်ရှည်သည့်အရပ်ဖြစ်သည်။ ထို့အပြင် ယောက်ျားပီသပြီး မိသားစုအခြေအနေလည်းကောင်းသဖြင့် ရပ်ကွက်ထဲက အဒေါ်ကြီးတစ်အုပ်က သူ့ကိုမျက်စိကျနေသည်။

လင်းချင်းဟယ်သည် သူမရဲ့ သားလတ်ကို စာမေးပွဲဖြေနိုင်လား မမေးတော့ပါ။ သူ စာမေးပွဲ ဖြေပြီးသွားပြီဆိုတော့ အလုပ်လုပ်ချိန် ရောက်လေပြီ။ စာမေးပွဲကြောင့် အခွင့်ထူးခံရချိန်များ ကုန်ဆုံးသွားလေပြီ။

ထိုနေ့က သူတို့မိသားစု အိမ်တွင် ရေခဲမုန့်များစားရင်း ပန်ကာများဖွင့်ကာ တီဗီကြည့်နေကြသည်။ ကျိုးရွှမ်က ရေခဲမုန့်ကို လျက်လိုက်ပြီး စိတ်ခံစားချက်များစွာဖြင့် ပြောလိုက်သည်။ "ကျွန်တော်လည်း အားကိုးရတဲ့လူတစ်ယောက်ဖြစ်နေပါပြီ။ လိုအပ်တဲ့နေရာတွေကို သွားလို့ရပြီ။"

"နင် တောက်ပဖို့ အချိန်ရောက်ပြီပေါ့။" ဟု လင်ချင်းဟယ်က ပြန်ပြောလိုက်သည်။

"အမေ အဘိုးအဘွားတို့နဲ့ အခြားသူတွေကို ဒီကို ခေါ်လာပေးရမလား။" ဟု ကျိုးရွှမ်းက ပြောလိုက်သည်။ "ယန်ယန်နဲ့ ဝူနီတို့ကိုပါ ခေါ်လာခဲ့မယ်လေ။”

လင်ချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က နွေရာသီ အားလပ်ရက်တွင် တောင်ပိုင်းသို့သွားကာ စီးပွားရေးကိစ္စတွေ လုပ်ကိုင်ပြီးမှ သူတို့ကို ခေါ်ဖို့စီစဥ်ထားခဲ့ကြသည်။

ထို့အပြင် စုတာ့လင်းကလည်း စက်ရုံတွင် နုတ်ထွက်သည့်ကိစ္စ ဖြေရှင်းပြီးလောက်ပြီ။ ထို့ကြောင့် လင်ချင်းဟယ်က "နင်ပြန်ပြီးသွားကြည့်ချင်ရင် သွားလို့ရတယ်။ ယန်ယန်နဲ့ ဝူနီကိုပါခေါ်လာခဲ့။ နင့်အဘိုးအဘွားတွေရဲ့ အထုပ်အပိုးတွေကို ကူသယ်လာပေးခဲ့ချေ။ နင့်အဘိုးအဘွားတွေ စောစော လာချင်တယ်ဆိုရင် လာခိုင်းလိုက် အိမ်ကငှားပြီးသွားပြီ။ သူတို့စောစော မလာချင်လည်း နင့်အဖေနဲ့ငါတို့ သွားခေါ်လိုက်မယ်။" ဟု ပြောလိုက်သည်။

All Chapters