← Chapters

မြို့တွင်းဖွံ့ဖြိုးတိုးတက်ခြင်း

Vol. 24 Ch. 332

မြို့တွင်းဖွံ့ဖြိုးတိုးတက်ခြင်း

Vol. 24 Ch. 332

အခန်း(၃၃၂) - မြို့တွင်း ဖွံ့ဖြိုးတိုးတက်ခြင်း

လွတ်လွတ်လပ်လပ် ပြန်လည်ရောင်းချသူများအတွက် ဆိုလျှင် ဤပိုက်ဆံမျိုးက အများကြီး မဟုတ်ပါ။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့အတွက်တော့ ဤအမြတ်အစွန်းသည် အချိန်ပိုင်းအလုပ်တစ်ခု ဖြစ်သည်။

အပြင်ထွက်လာပြီး ငွေအချို့ရပါက လုံလောက်ပြီ။ ထို့ကြောင့် ငွေအများကြီး သိပ်မရခဲ့ပါ။ သို့သော် အရမ်းလည်း မနည်းပါ။ မမျှော်လင့်ထားတဲ့ စည်းစိမ်ဥစ္စာအဖြစ်သာ သဘောထားပြီး တခြားဘာကိုမှ ခေါင်းထဲထည့်မထားပါ။

သို့သော်လည်း လင်းချင်းဟယ် စုထားသော ငွေမှာ ယွမ် ခုနစ်သောင်းဝန်းကျန်ခန့်ရှိလေပြီ။

ဤကဲ့သို့ ယွမ်တစ်သောင်း ပိုင်ဆိုင်ထားလျှင် သူဌေးဟု ယူဆနိုင်သည့် ခေတ်အချိန်အခါတွင် သူတို့မိသားစုသည် ချမ်းသာကြွယ်ဝသော မိသားစုဖြစ်သည်။

"ကျွန်မတို့ပြန်ရောက်ရင် ရှင်သတိထားရမယ်နော်။" ဟု လင်းချင်းဟယ်က ညွှန်ကြားလိုက်သည်။ သူမ၏ မြို့တော်မှာ အိမ်ခြံဝင်းကြီးတစ်လုံး ပိုင်ဆိုင်လိုသော အိပ်မက်များ နီးစပ်လာလေပြီ။

အခုချိန်တွင် သူတို့သည် ဆိုင်နှစ်ဆိုင်နှင့် အိမ်တစ်လုံးကို ပိုင်ဆိုင်ထားသည်။ တိုက်ခန်းက ကျောင်းမှ ပေးထားပေမယ့် သူတို့အပိုင် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့တွင် နေထိုင်ခွင့်သာရှိပြီး ရောင်းပိုင်ခွင့်မရှိသောကြောင့် ဖြစ်သည်။

တကယ်တော့၊ သူတို့သည် အခြားဆိုင်များနှင့် အိမ်များကို ထပ်မံဝယ်ယူနိုင်နေပြီ ဖြစ်သော်လည်း လင်းချင်းဟယ်တွင် အိမ်ခြံဝင်းကြီးတစ်လုံးကို ဝယ်ယူလိုသည့် ဆန္ဒတစ်ခု ရှိနေခဲ့သည်။

ဆိုင်နှစ်ဆိုင်၊ ဥယျာဥ်တစ်ခုပါသော အိမ်တစ်လုံးရှိပြီးသားဖြစ်သဖြင့် လောလောဆယ်တော့ သူတို့ဘေးကင်းစွာ နေထိုင်နိုင်သေးသည်။ လုံလောက်သလောက် ရှိနေပါသည်။

ထို့ကြောင့် အိမ်ခြံဝင်းကြီးကို ဝယ်ယူခြင်းက သူမ၏ ပထမဦးစားပေးဖြစ်သည်။

အိမ်ခြံဝင်းကြီးများက ယခုအလွန်စျေးပေါသွားပြီဟု မထင်လိုက်ပါနှင့်။ စျေးကြီးဆဲပင်ဖြစ်သည်။

လင်ချင််းဟယ် အိမ်ရာစီမံရေးဌာနတွင် စုံစမ်းခဲ့ပြီး အိမ်ခြံတစ်ခုကို တွေ့ခဲ့သည်။ ဝယ်နိုင်သော်လည်း ယွမ်တစ်သောင်းကျော်ထက် ပိုကုန်ကျပါသေးသည်။ အသေးစိတ်များက မတိကျသော်လည်း ထိုအိမ်ခြံကို တည်ဆောက်ခဲ့သော အချိန်နှင့် တည်နေရာအပေါ်တွင် မူတည်သည်။

ပြီးတော့ ဒုတိယဝင်းပါ အိမ်ခြံဝင်းတစ်လုံးဖြစ်ပါက အိမ်ရာစီမံရေးဌာနက ဝန်ထမ်းတွေက သူမဆီမှ သကြားလုံးတစ်ထုပ် လက်ခံရရှိပြီးနောက် အနည်းဆုံး ယွမ်ငါးသောင်းခန့် ရှိလိမ့်မည်ဟု ပြောခဲ့သည်။

လင်းချင်းဟယ်သည် အဲ့လောက်တော့ မတတ်နိုင်ပါ။ သူမသည် တတိယမြောက်ဝင်း၊ စတုတ္ထဝင်းအပြင် ခန်းဆောင်နီအိမ်မက်ရုပ်ရှင်တွင် အမေကျား နေထိုင်ခဲ့သည့် ပဥ္စမဝင်းအကြောင်းကို သူမ စိတ်ပင်မကူးရဲပါ။

ဒုတိယဝင်းပါ အိမ်ခြံဝင်းလောက်ကိုတော့ သူမ ကြံရွယ်နိုင်ပါသေးသည်။

ထို့ကြောင့် သူမသည် ယွမ်ခုနစ်သောင်းခန့် စုဆောင်းမိသော်လည်း လင်းချင်းဟယ်သည် ထိုငွေများကို မသုံးရဲပါ။ အိမ်ခြံဝင်းကြီးများက စျေးမပေါသောကြောင့်ပင်။

ရက်အနည်းငယ်ကြာပြီးသောအခါ မြူနီစီပယ်မြို့တော်သို့ သူတို့ရောက်ရှိလာခဲ့ကြသည်။ မြူနီစီပယ်မြို့တော်တွင် တစ်ညခန့် အနားယူပြီးသွားသောအခါ လင်မယားနှစ်ယောက်သား မြို့တော်သို့ ဘတ်စ်ကားနှင့် ပြန်လာခဲ့သည်။

အရင်ဆုံး ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့၏ နေအိမ်သို့ အရင်သွားခဲ့သည်။

သြဂုတ်လ ရောက်နေပြီဖြစ်သဖြင့် စုတာ့လင်းလည်း အလုပ်ထွက်ခဲ့ပြီးဖြစ်သည်။

အမှန်တိုင်းဆိုရလျှင် မြို့တော်သို့သွားကာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်သဖြင့် သူအလုပ်ထွက်ခဲ့သော်လည်း သူ့ဦးလေးနှင့် အဒေါ်က သဘောမတူခဲ့ပါ။

မြို့တော်တွင် သူတို့ ဘန်းမုန်ဆိုင်ဖွင့်ကာ စီးပွားရေးကလည်း မဆိုးလောက်ဟု ပြောခဲ့ကြသော်လည်း သူတို့အရင်က စီးပွားရေးတစ်ခါမှ မလုပ်ဖူးကြသဖြင့် စိတ်မချရဟု ခံစားခဲ့ရသည်။

ထို့ကဲ့သို့ လစာမြင့်သော အလုပ်မျိုးကို ဆက်မလုပ်ချင်လျှင် သူဘာလုပ်တော့မည်နည်း။

စက်ရုံက ဒေဝါလီခံရတော့မည်ဟု ပြောသော်လည်း ထိုကဲ့သို့ ကြီးမားသော စက်ရုံကြီးက ဘယ်လို အလွယ်တကူ ဒေဝါလီခံနိုင်ပါမည်နည်း။

သို့သော်လည်း စုတာ့လင်းကတော့ ဆုံးဖြတ်ပြီးသွားပြီ။

စုတာ့လင်း၏ ပုံစံက ဒီလိုပဲဖြစ်သည်။ သူ မလုပ်ချင်လျှင်မလုပ်ဘူး၊ သူလုပ်ဖို့ ဆုံးဖြတ်ပြီးသွားလျှင်တော့ သူစိတ်ပြောင်းတော့မည်မဟုတ်ပေ။

ဒီလ မြို့တော်သို့သွားရန် သူတို့ ဆုံးဖြတ်ခဲ့ကြသည်။ အချိန်ကျလာပြီဖြစ်သဖြင့် ပစ္စည်းများစွာအား ထုတ်ပိုးပြီးကြပြီးဖြစ်သည်။

အိပ်ယာများနှင့် အခြားပစ္စည်းပစ္စယများကို ကျိုးရွှမ်နှင့် ကျိုးယန်တို့ အရင်တစ်ခေါက်က ယူဆောင်လာပြီးဖြစ်သည်။ အထုတ်အပိုးများ များပြားလွန်းလှပါသည်။

သူတို့လောလောဆယ် စောင့်နေကြ၏။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ကောင်တီမြို့တော်သို့ရောက်လာသောအခါ စုတာ့လင်းနှင့် ကျိုးရှောင့်မိန်တို့ကို ရှာရန် အလျှင်မလိုခဲ့ပါ။

နေရာလွတ်ထဲမှ စက်ဘီးကို ထုတ်ယူကာ တတိယမောင်လေးလင်း၏ ဆိုင်သို့ လင်မယားနှစ်ယောက်သား သွားခဲ့ကြသည်။

တတိယမောင်လေးလင်း၏ဆိုင်ကို ဒီနှစ်မှာ တရားဝင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ရောင်းချသော ပစ္စည်းတွေကတော့ ရိုးရှင်းပါသည်။ သူတို့ဆိုင်သို့ရောက်သွားသောအခါ ဆိုင်အတွင်းရှိ ပစ္စည်းအများအပြား ရောင်းချပြီးသွားကြောင်း တွေ့လိုက်ရသည်။ ကြက်မွှေးအနည်းငယ်သာ ရောင်းချရန်ကျန်တော့၏။

ဆိုင်ကိုစောင့်နေသည်က တတိယယောက်မနှင့် ကလေးများဖြစ်ကြသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ရောက်လာသည်ကို မြင်သောအခါ တတိယယောက်မ လင်းက ခေတ္တကြောင်သွားသည်။ ထို့နောက် အထဲသို့ ချက်ချင်းဆိုသလို အော်ပြောလိုက်၏။ "သမီးကြီးရဲ့အဖေ၊ တတိယအစ်မနဲ့ တတိယခဲအိုတို့ ပြန်လာကြပြီ။"

တတိယမောင်လေးလင်း အထဲမှထွက်လာသောအခါ မျက်လုံးများ နီတွတ်နေသည်။ သူအိပ်ပျော်နေခဲ့သည်မှာ သိသာသည်။

"ဘာလို့အဲ့လောက်တောင် ပင်ပန်းနေတာလဲ" လင်းချင်းဟယ်က တတိယမောင်လေးလင်း၏ ပုံစံကြောင့် လန့်သွားပြီး မေးလိုက်သည်။

"မပင်ပန်းပါဘူး အစ်မရယ်။ ယောက်ဖလည်း မြန်မြန်ထိုင်ကြပါဦး။" ဟု တတိယမောင်လေးလင်းက သူတို့အတွက် ခုံတစ်လုံး ချပေးလိုက်ပြီး သူ့သမီးကို ရေထည့်ခိုင်းလိုက်သည်။

"ရေထည့်စရာမလိုပါဘူး။ ငါတို့ သောက်ပြီးပါပြီ။ ခဏလောက် လာထိုင်ပြီး သွားတော့မှာ၊ အခုက နင့်ကိုတွေ့ချင်လို့ လာတွေ့တာပါ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

အိတ်ထဲမှ သကြားလုံးနှစ်အိတ်ကို ထုတ်ကာ "ကလေးတွေအတွက်” ဟု တတိယယောက်မထံ ပေးလိုက်သည်။

"ဒါမျိုးတွေ ယူလာစရာမလိုပါဘူးရှင်။" ဟု တတိယယောက်မက ပြောလိုက်သည်။

"စီးပွားရေး ဘယ်လိုနေလဲ။" ဟု လင်းချင်းဟယ် ဘာမှမပြောဘဲ တတိယမောင်လေးလင်းကို လှည့်မေးလိုက်သည်။

တတိယမောင်လေးလင်းက ပြုံးလိုက်ပြီး “အစ်မစကားနားထောင်မိတာ ကံကောင်းတယ်။ ဒီနှစ် ကျွန်တော် သတ္တိမွေးပြီး ဒီဆိုင်ကိုရအောင်ဖွင့်ခဲ့တာ မှန်သွားတယ်" ဟု ပြောလိုက်သည်။

ပုံမှန်ဆို သူ့ဇနီးသည်က ဒီကိုလာရမည် မဟုတ်သော်လည် ဆိုင်စီးပွားရေးက တကယ်ကောင်းမွန်သည်။ သူ့ရဲ့ လှည်းအပြည့် ပစ္စည်းပစ္စယများက နံနက်ခင်းအစောပိုင်း အချိန်ခဏလေးအတွင်းမှာပင် ရောင်းကုန်သွားတတ်သည်။

ရွာတွင် ထိုပစ္စည်းများက တန်ဖိုးသိပ်မရှိပါ။ သခွားသီးများ၊ ကြက်သွန်မြိတ်များ၊ ဂေါ်ဖီထုတ်များ၏ တန်ဖိုးက မည်မျှရှိနိုင်မည်နည်း။ ရွာတွင် အိမ်နီးချင်းများ အချင်းချင်း လက်ဆောင်ပင် ပေးလေ့ရှိကြသည်။

သို့သော်လည်း မြို့တော်သို့ ယူဆောင်လာသောအခါတွင်တော့ မတူညီတော့ပါ။ ကြက်သွန်မြိတ်တိုင်းက ပိုက်ဆံဖြစ်သွားနိုင်သည်။ ဟုတ်တာပေါ့။ ထိုကဲ့သို့တော့ လူတိုင်းက သိပ်ပြီးစိတ်ထဲမထားကြပေ။ ဥပမာပေးခြင်းသာ ဖြစ်သည်။

ဟင်းသီးဟင်းရွက်များအပြည့်ဖြင့် လှည်းတစ်ခုသာဖြစ်သည်။ အမြတ်အစွန်းက နည်းပါးသော်လည်း အားလုံးပေါင်းလိုက်ပါက လှည်းတစ်ခုကို တတိယမောင်လေးလင်းက ၅ယွမ်နီးပါး ရရှိသည်။

ဒါက ဘာကို ဆိုလိုသနည်း။

ဆိုလိုသည်က ဤကဲ့သို့တစ်လလောက် ရောင်းချပါက ယွမ် ၁၅၀နီးပါး ရရှိနိုင်သည် ဟူသော သဘောဖြစ်သည်။

ပြီးတော့ ဒါက မနက်ခင်းအတွက်သာဖြစ်သည်။ ကြက်ဥများကို စုဆောင်းပြီး နေ့လည်ခင်းတွင် ရောင်းချပါက ဘယ်လောက်ရနိုင်မည်နည်း။

တစ်ရက်လျှင် ခန့်မှန်းချေ ၇ယွမ်ခန့်ရနိုင်မည်။ ထို့ကြောင့် တစ်လလျှင် ယွမ် ၂၀၀ကျော် ရနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဒီတစ်ခေါက် နွေရာသီကောက်ရိတ်ချိန်ပြီးပါက တတိယယောက်မက အိမ်တွင် ဒီအတိုင်း ထိုင်မနေနိုင်တော့ဘဲ တစ်မိသားစုလုံး မြို့တော်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ကျိုးကျားရွာတွင်တော့ ဒီသတင်းက ဂယက်ရိုက်သွားခဲ့သည်။

တတိယမောင်လေးလင်းတို့မိသားစုက မြို့တော်တွင် စီးပွားရေးလုပ်ရန် ပြောင်းရွှေ့သွားကြသည်။ တော်တော်လေးကို ရှာဖွေနိုင်နေကြလောက်ပြီဟု ပြောသူများရှိသည်။

အချို့ကလည်း ပြောင်းပြန်ပြောကြသူများရှိ၏။ လယ်ကွင်းထဲတွင် အလုပ်သေချာမလုပ်ဘဲ အရောင်းအဝယ်ကို သွားရှုပ်ချင်သေးသည်။ အနာဂတ်တွင် ပြဿနာတက်လာပါက သူတို့ ရလဒ်ကောင်းများ ရနိုင်ပါ့မလား။

ဘယ်လိုပဲဖြစ်ဖြစ် တတိယမောင်လေးလင်း၏ စီးပွားရေးက အောင်မြင်ခဲ့သည်။

သို့သော် အရမ်းလည်း ပင်ပန်းရ၏။

မနက်ခင်းတွင် ပစ္စည်းများတစ်ပုံကြီး သယ်လာရသည်။ နေ့လည်ခင်းတွင်လည်း ကြက်ဥများနှင့် ကြက်များကို သွားသယ်ရပြန်သည်။ ဤကဲ့သို့ ခရီးရှည်ကြီးကို ခြေနှစ်ဖက်တည်းဖြင့် သွားရမှတော့ မပင်ပန်းဘဲ နေနိုင်ဦးမည်လား။

သို့သော် မည်မျှပင်ပန်းပါစေ တတိယမောင်လေးလင်းက အလွန်ပျော်ရွှင်ပြီး အားအင်များ ပြည့်ဝနေခဲ့သည်။

သူ့အစ်မအပေါ် အကြွေးတင်ထားသော ယွမ် ၁၀၀ကို ပြန်ဆပ်နိုင်ခဲ့သဖြင့် တတိယမောင်လေးလင်း စိတ်အေးသွားခဲ့ရသည်။

သူက အခြားသူများအပေါ် အကြွေးတင်ရတာ သဘောကျသောလူမျိုး မဟုတ်ပါ။

"ဒီနှစ် ငါနင့်အတွက် မေးပေးထားတယ်။ မော်တော်ဆိုင်ကယ်တစ်စီးကို ယွမ် ၇၀၀ ဝန်းကျင်ပဲ။ အချိန်ကျလာရင် ငါနင့်အတွက် ဝယ်ပေးမယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

တတိယမောင်လေးလင်း၏ နှုတ်ခမ်းတွန့်သွားပြီး "အစ်မ။ အဲ့တာ မရှိမဖြစ် လိုအပ်လို့လား။” ဟု မေးလိုက်သည်။

ယွမ် ၇၀၀ ကျော်တဲ့။ ထိုစရိတ်က ဆိုင်၏ကုန်ကျစရိတ်နီးပါးခန့်ပင် ရှိနေသည်။

"နင်ရူးနေလား။ နင် အရိုးပေါ်အရည်တင်တဲ့အထိ အလုပ်လုပ်ရင်တောင် ခြေနှစ်ချောင်းကိုပဲ အားကိုးပြီး တစ်ရက်ကို ပစ္စည်းဘယ်လောက်များ သယ်ယူနိုင်မှာလဲ။ နင် မော်တော်ဆိုင်ကယ်တစ်စီးလောက် ဝယ်လိုက်ရင် ပစ္စည်းတွေကို ပိုသယ်လို့ရတယ်။ အဲ့ပစ္စည်းတွေနဲ့ဆို ဘယ်လောက်ထိ ရှာနိုင်မလဲ။ နင် ပင်ပန်းတာ သက်သာရုံတင်မကဘဲ ပိုက်ဆံလည်း ပိုရလိမ့်မယ်။ ယွမ် ၇၀၀ ကုန်ကျရင်တောင် လ အနည်းငယ်လောက်နဲ့ အဲ့ပိုက်ဆံကို ပြန်ရှာနိုင်လိမ့်မယ်။” ဟု လင်းချင်းဟယ်က ရှင်းပြလိုက်သည်။

All Chapters