စိတ်ရှုပ်ထွေးခြင်း
Vol. 2 Ch. 26
“အစ်ကိုကြီး ဝမ် ကျွန်တော် ဒီအနီးအနားတစ်ဝိုက်ကိုလည်း လျှို့ဝှက်စုံစမ်းခဲ့တယ်၊ ဂိုဏ်းတစ်ခုလုံးက ဂိုဏ်းသား သာဝက နည်းနည်းလောက်ကိုလဲ မေးကြည့်ခဲ့တယ်။ ဒီထက်လုပ်စရာတော့မကျန်တော့ဘူးထင်တယ်”
ထိုလူငယ်လေးသည် မှီခိုရာဂိုဏ်း၏ နာမည်ကျော်တစ်ဦးဖြစ်သည်။ သို့သော် ဝမ်တန်ဖေး၏ရှေ့မှောက်တွင်မူ လုံးဝ ရိုသေလေးစားနေပုံဖြစ်၏။ ဝမ်တန်ဖေး ယခုကဲ့သို့ တုံ့ဆိုင်းနေပုံမျိုးကို သူတစ်ခါမျှမမြင်ဘူးခဲ့။ သူသည် တလေးတစား ဦးညွတ်လိုက်ရင်း စကားစပြောလိုက်၏။
“ကျွန်တော်အစေခံတန်းလျားဘက်ကိုတောင်မှ ရောက်ခဲ့သေးတယ်၊ ပြီးတော့ ကျိုးခိုင်၊ထျန်းလုံ နဲ့ တစ်ခြားလူတွေနောက်ကိုလည်းလိုက်ကြည့်ခဲ့သေးတယ်၊ အဲ့အချိန်တုန်းက ဂိုဏ်းမှာမရှိတာက ၃၇ ယောက်ရှိတယ်၊ အဲ့ထဲက ၂၉ယောက်ကို သံသယစာရင်းကနေ ဖယ်ထားလိုက်၊ အဲ့ထဲက ၆ယောက်က တောင်နက်ကြီးဆီကိုသွားခဲ့တယ်ဆိုတဲ့ သက်သေကမရှိပြန်ဘူး၊ သေချာပေါက်ပြောနိုင်တာက ၂ယောက်ပဲရှိတော့တယ်၊ အဲ့ဒါ မန်ဟို နဲ့ ဟန်ကျုံးပဲ”
ဝမ်တန်ဖေးကိုကြည့်ရသည်မှာ ပို၍၊ပို၍ ဒေါသကြီးလာသည်။ သူ၏မာကျောပြင်းထန်သော မျက်လုံးများမော့ကြည့်လိုက်သည်။ ၎င်းအကြည့်ကြောင့်လူငယ်လေး လိပ်ပြာလွှင့်သွား၏။ သူသည် ကြောက်ကြောက်ရွံရွံ နှင့် ခေါင်းကိုငိုက်စိုက်ချထားလိုက်သည်။
“ဟန်ကျုံးက တောင်နက်ကြီးဆီကို သွားခဲ့တာလား...မန်ဟို” ဝမ်တန်ဖေး မျက်မှောင်ကိုကြုပ်လိုက်သည်။ မန်ဟိုဆိုသော နာမည်ကို သူကြားဖူးသလိုရှိနေ၏။
“မန်ဟိုဆိုတာ အစ်ကိုဝမ် ရိုက်လွှတ်လိုက်တဲ့ကောင်ပေါ့” ဟု ကောင်လေးက အလောတကြီးပြောလိုက်သည်။
ဝမ်တန်ဖေး၏မျက်နှာ မည်းပုတ်ပြီးသုန်မှုန်သွားပြီး သူ့ရင်တွေဗလောင်ဆူလာသည်။ သူနှစ်ပေါင်းများစွာ အစီစဉ်ချခဲ့ရပြီး များစွာသောအရင်းအနှီးတွေ ကုန်ကျခံခဲ့ရသည်မဟုတ်ပါလား။ ဒီကိစ္စတစ်ခုလုံးမစတင်မီ ဟိုးအရင်ကတည်း အောင်မြင်ရမည်ဟု သူကယုံကြည်ထားခြင်းဖြစ်သည်။ ဒါက သူ့အတွက်အောင်ပွဲကြီးမဟုတ်ပါလား။ တစ်ချို့အရာတွေကို သူမျိုးနွယ်စုထံ ပြန်ယူသွားပြီး ပြူပြင်မွမ်းမံရန်စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ဒါတွေအကုန်လုံးကို သူထံမှလုယူသွားခဲ့ချေပြီ။ ဓားအကြောင်းတွေးလိုက်စဉ်မှာ သူ့မျက်နှာ၌ နာကြင်မှုများပေါ်လာသည်။ ထိုအရာသည် ကောင်းကင်နှင့်မြေကြီးအား ခြိမ်းခြောက်နိုင်သောပစ္စည်းဖြစ်သည်။ မိုးနဂါးပျံကြီး၏ အမွေအနှစ်အကြောင်း သူတွေးမိလိုက်တိုင်း သူရင်ထဲ မျက်ရည်ဖြိုင်ဖြိုင်ကျလာသည်။
ဒီရက်မတိုင်ခင်အထိ သူကိုယ်သူယုံကြည်မှုရှိခဲ့သည်။ သူရဲ့အောင်မြင်မှုများလဲ လုံးဝဥဿုံသေချာသည်။ အရာရာကို သူကပိုင်ဆိုင်ခဲ့တာ သူ၏ကံကောင်းမှုပင်။ များစွာသော ကံကောင်းမှုတွေကို ပိုင်ဆိုင်ရဖို့ သူမှာသာအရည်အချင်းရှိသည်။ ယခု မမျှော်လင့်သောအရှုံးနှင့်ရင်ဆိုင်ရသည်။ ဒါကိုလက်ခံဖို့အတွက် တစ်ခါမျှပင် စိတ်မကူးကြည့်ခဲ့။ သူအနေဖြင့် ဒါကိုလက္ခံနိုင်ရန်ခံယဉ်းနေပေသည်။ ဒီအဖြစ်အပျက်များ တကယ်မဖြစ်ခဲ့သည့်အလား သူစိတ်ကခံယူထားလိုက်သည်။
ဝမ်တန်ဖေးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စကားပြောရန် ပါးစပ်ကိုဟလိုက်စဉ်မှာပင် ရုတ်တရက် သူ၏ညာဖက်လက်မောင်းမှာ တုန်လှုပ်လာပြီး အလွန်အမင်းနာကြင်လာသည်။ သူသည် ဝတ်ရုံလက်စကိုမလိုက်ပြီး လက်မောင်းကိုစိုက်ကြည့်လိုက်သည်။ ထိုသို့ ကြည့်နေစဉ်မှာပင် လက်မောင်းရှိ သွေးစက်အမှတ်အသားမှာ တဖြေးဖြေးနှင့်ပျောက်ကွယ်လာလေသည်။ သူသည်စိုက်ကြည့်နေရုံမျှအပ တစ်ခုခုလုပ်ရန်မစွမ်းနိုင်ခဲ့။ ယင်းဖြစ်စဉ်ပြီးသွားသည့်နောက်တွင် သူ၏ လှပကြော့ရှင်းသော မျက်နှာပေါ်တွင်
ဒေါသအမျက်သည်းခြင်း နှင့် အရှုံးတရားများ ပေါ်လာတော့သည်။ အမွေအနှစ် မှာ သွားချေပြီ။ သူသည်သွေးတစ်ပွက်ထပ်အန်လိုက်သည်။
တစ်စုံတစ်ယောက်သည် သူ၏ ရတနာများကိုခိုးယူသွားရုံမျှမက ယခုအခါ အမွေအနှစ်အမှတ်အသား နှင့်လဲဆက်သွယ်မိသွားပြီဟု သူသိလိုက်သည်။ သူသည် တစ်စုံတစ်ခုကို အာရုံခံရန်အတွက် သူ၏သွေးစက်အမှတ်အသားကို မည်သည့်အခါမျှ သုံး၍ရတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အမွေအနှစ်အမှတ်အသားသည် တစ်ခြားသူတစ်ဦးကို ရွေးချယ်သွားခဲ့ချေပြီ။
သူ၏ရှေ့တွင်ရပ်နေသော ကောင်လေးသည် ၎င်းအဖြစ်အပျက်များကို အစအဆုံးမြင်လိုက်ရသော အခါ အလွန်ပဲအထိတ်တလန့်ဖြစ်သွားသည်။ သူသည် အရှေ့သို့ခြေလမ်း လှမ်းရန်ပြင်စဉ်မှာ ဝမ်တန်ဖေးသည် ခေါင်းကိုမော့ကြည့်လိုက်ပြီး တစ်ချက်အော်လိုက်သည်။
“ခုထွက်သွားစမ်း”
သူအော်ဟစ်လိုက်သောအသံသည် ပဲ့တင်ထပ်သွားသည်။ ကောင်လေး၏မျက်နှာသည် ဖြူဆုတ်သွား၏။
ဝမ်တန်ဖေး၏ မျက်နှာပေါ်တွင် ယခုကဲ့သို့ ခံစားချက်အမျိုးမျိုးတစ်ခုပြီး တစ်ခု ပြောင်းလဲဖြစ်ပျက်သွားသည် သူတစ်ခါမျှမမြင်ဘူးခဲ့။ သူခန္ဓာကိုယ်အးစက်တောင့်တင်းသွားပြီ သူထွက်ခွာလာခဲ့၏။
ကျင့်ကြံခြင်းဂူထဲတွင် ဝမ်တန်ဖေးသည်မျက်လုံးများနီရဲနေလျက် မန်ဟိုနှင့် ဟန်ကျုံးအကြောင်းတွေးရင်း အမျက်ခြောင်းခြောင်းထွက်နေလေသည်။
သူသည်မျက်မှောင်ကြုပ်လိုက်သည်။ သူမျက်နှာ သည် မိုးပြိုကျတော့မည့်အလားပင်။ သွေးစက်အမှတ်သည် အမွေအနှစ်ပစ္စည်းတွေကို အာရုံ၍မရနိုင်ပုံ၊ ၎င်းသည် သူ၏ရန်သူကြောင့် ကွယ်ပျောက်သွားရပုံတို့ကို ပြန်တွေးနေသည်။ အကယ်၍ မန်ဟိုနှင့် ဟန်ကျုံးကသာ မလုပ်ဘူးဆိုခဲ့လျင် မည်သူကဤကဲ့သို့ လုပ်နိုင်မည်နည်း။
“မင်းဘယ်ကကောင်လဲ” သူ၏မျက်လုံးက သွေးရောင်များဖောက်စပ်ထားသကဲ့သို့ရှိပြီး သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထိုနောက်ငွေမှင်ရောင် အလင်းတန်းလးတစ်ခုထွက်လာပြီး ငွေရောင် အဋ္ဌဂံပုံအင်းကွက်လေးတစ်ခုနှင့် ပေါင်းစည်းသွားသည်။ ယင်းသည် သူ၏ရှေ့သို့ပြန်ဝဲလာလေသည်။
အချိန်အတန်ကြာမျှစိုက်ကြည့်ပြီးနောက် သူ၏မျက်လုံးများကဆုံးဖြတ်ချက်များဖြင့်ပြည့်နှက်သွားသည်။ ထိုအရာသည် တောင်နက်ကြီးကိုဝန်းရံနေသည့် တောင်တစ်လုံးအတွက် သူပြင်ဆင်လာသည့် အစီအရင်ပစ္စည်းတစ်ခုဖြစ်သည်။ ၎င်းကို တစ်ခါအသုံးပြုပြီးပါက သူကိုပြန်လည်အသုံးပြုနိုင်ရန် အချိန်အတော်ကြာစောင့်ရ၏။
သူသည် အစီအရင်ပစ္စည်း ကိုအသုံးပြုရန်ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ အကယ်၍ သူ့ကိုထိခိုက်စေခဲ့သည်ဆိုလျင်ပင် ထိုနေ့က တောင်နက်ကြီးတွင်ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ကြည့်ရှုနိုင်ရန်အတွက် အစီအရင်ကို ပြုလုပ်လိမ့်မည်ဖြစ်သည်။
ဝမ်တန်ဖေးသည် သူရှေ့ရှိ ငွေရောင်အစီအရင်ပစ္စည်းလေးကိုကြည့်လိုက်ရင်းက သူ၏လျှာကိုလိုက်ပြီး သွေးတွေကိုထွေးထုတ်လိုက်သည်။ သွေးများသည် အစီအရင်ပစ္စည်းပေါ်သို့ ပြန့်ကြဲသွားသည်။ သူ၏လက်ချောင်းလေးများကို ရိပ်ခနဲလှုပ်ရှားလိုက်ပြီး ဂါထာမန္တန်ဆိုင်ရာ မုဒြာပုံစံများကိုပြုလုပ်လိုက်လေသည်။
သူ၏ဦးခေါင်းထဲတွင် တဝီဝီမြည်လာပြီး သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေလေ၏။ သူ၏ အသိစိတ်တွေဝေဝါးလာပြီး များစွာသော ကိုယ်ရောင်ကိုယ်ဝါလှိုင်းများ ပေါ်ထွက်လာနေသည်ကိုခံစားနေရသည်။
“တစ်၊နှစ်... လူ ကိုးယောက်၊ ဒါ ငါ့ကိုကူညီဖို့အတွက်ခေါ်ထားတဲ့ လူတွေနဲ့သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေပဲ” ဝမ်တန်ဖေး၏ မျက်နှာဖြူဆုတ်သွားသည်။ သူ၏အရှေ့ရှိ အစီအရင်ပစ္စည်းသည် စတင်တုန်ခါလာပြီး မျက်နှာပြင်တွင်အက်ကြောင်းရာများပေါ်လာတော့သည်။ သို့သော် သူလက်မလျော့ဘဲ ဆက်လက်၍ အာရုံခံနေ၏။
မသဲကွဲသောဝိုးတဝါးကောက်ကြောင်းများ သူ့စိတ်အာရုံတွင်ပေါ်လာလေသည်။ များစွာသောအလင်းစက် နှင့်ပြည်နှက်နေသည်။ အလင်းစက် ၁၀ခုသည် သူနှင့် ရင်းနှီးမှုရှိပြီး၊ ကျန်တစ်ခုမှာမန်ဟို၏ဟာြဖစ်သည်။
ယင်းတို့အထဲတွင် နောက်ထပ်အလင်းရောင်တစ်ခုရှိနေသေး၏။ ဝမ်တန်ဖေးသည် ခတ္တမျှ အာရုံကိုစုစည်းလိုက်သည်။ သေချာပါသည် ဟန်ကျူံးပါပဲ။ ကံဆိုးသည်မှာ အစီအရင်ပစ္စည်းသည် တောင် ၇လုံး သို့မဟုတ် ၈လုံး ဝန်းရံနေသော တောင်နက်ကြီး၏ ပရဝဏ်နယ်ပယ်အတွင်းကိုသာ မှတ်တမ်းတင်ထားနိုင်ပြီး အသေးစိတ် တည်နေရာများမပါရှိချေ။
ဝမ်တန်ဖေးသည် မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး ရုတ်တရက် ပေါ်လာသော နောက်ထပ် အလင်းတစ်ခုကို သတိထားမိလိုက်သည်။
အလင်းမှာမှိန်ဖျော့အားနည်းနေ၏။ သူအနေနှင့် သေချာအနီးကပ် မကြည့်မိခဲ့ပါလျှင် ယင်းကိုတွေ့နိုင်လိမ့်မည်မဟုတ်။ အစီအရင်ပစ္စည်း၏ အကူအညီတွန်းအားမပါဘဲနှင့်တော့ ထိုပျောက်လုနီးပါးဖြစ်နေသော အစက်အမှတ်လေးကို သူ အာရုံခံနိုင်မည်မဟုတ်ပေ။
“ဒါ....”
သူ၏စိတ်တွေ စိုးရိမ်ထိတ်လန့်နေသည်။ စိတ်အာရုံများကိုစုစည်းလိုက်သည်။ သူထိုသို့ပြုလုပ်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်မှာ တုန်ခါလာပြီး သွေးတစ်ပွက်ကိုထွေးထုတ်လိုက်သည်။ အစီအရင်ပစ္စည်းကား အစိတ်စိတ်အမွှာအမွှာ ကွဲကြေသွားလေပြီ။ အပိုင်းအစများက ကျင့်ကြံခြင်းဂူ၏ နံရံနှင့် သူ့ကို ထိမှန်သွားသည်။
သူ၏မျက်နှာ ဖြူဆုတ်သွားပြီး သွေးတွေထပ်၍အန်လိုက်သည်။ အလွန် ကြောက်ရွံနေဟန်ရှိ၏။
သူသည် နောက်ဆုံးအလင်းစက်ကို အာရုံခံပြီးသည့်နောက်တွင် သူ၏ စိတ်များအလွန်ပင် တုန်လှုပ်ခြောက်ခြားသွားသည်။ ဘယ်လိုပုဂ္ဂိုလ်မျိုးက သူ့ကိုအတွေးနဲ့တင် သတ်ပစ်နိုင်လောက်တဲ့ စွမ်းအားမျိုးကိုပိုင်ဆိုင်ထားတာလဲ။ အစီအရင်ပစ္စည်းသည် ခန့်မှန်းခြေအားဖြင့် ကိုယ်ရောင်ကိုယ်ဝါမျှလောက်ကိုသာ ပေးစွမ်းနိုင်ပြီး ထိုသူ၏ ကျင့်ကြံမှုချီဓာတ်အတွင်းအားကို ပြသနိုင်ချင်းမရှိပေ။ သို့သော် ကိုယ်ရောင်ကိုယ်ဝါအဆင့်အတန်းနှင့်ပင် သူကို အလွန်အထိတ်တလန့်ဖြစ်စေခဲ့သည်။
“ဘယ်သူဖြစ်မလဲ” ဝမ်တန်ဖေးက လှုပ်ယမ်းရင်းပြောသည်။ ထိုကြောက်မက်ဖွယ်ကောင်းသောသူမှာ သွေးစက်အမှတ်အသားကို ပျောက်ကွယ်သွားအောင်လုပ်သူပင်ဖြစ်ကြောင်း သူတွေးနေမိ၏။
သူ့၏အသည်းနှလုံးများ အေးခဲသွားသည်။ သူ၏ခေါင်းကိုမပြီး အသက်ကိုတဝကြီးရှုလိုက်၏။ သူ၏အမြင်များကို ပြန်လည်ဖုံးကွယ်လိုက်သည်။ သို့သော် အလင်းဖျော့လေးအကြောင်း၏ မှတ်ညဏ်မှာသူ့ကို တောင်ကြီးတစ်ခုလုံးနှင့်ဖိထားသကဲ့သို့ဖြစ်နေစေသည်
“တောင်နက်ကြီး အကြောင်းကို ဒီလူဘယ်လိုသိတာလဲ”
“ငါရဲ ရှာဖွေမှုတွေမှာ နောက်ယောင်ခံလိုက်လာတာများလား”
“သူဘယ်သူလဲ”
***
အချိန်တွေကုန်ဆုံးပြီးသည့်နောက် အိမ်မက်ကပြီးဆုံးသွားခဲ့ပြီ။ မန်ဟိုက သူ၏မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ အချိန်တွေဘယ်နှရက်ကုန်သွားပြီလဲ သို့မဟုတ် ချီအတွင်းအားဘယ်လောက်ပြောင်းလဲသွားပြီလဲ သူသေချာမသိပါ။ သူသိသည်မှာ အိမ်မက်ရှည်ကြီး မက်ခဲ့သည်ဆိုတာလောက်ပဲ။
အိမ်မက်အဆုံးတွင် သူ့တွင်မှတ်ညဏ်များအရင်ထက်ပိုမိုရှိလာသည်ကို မန်ဟိုခံစားလိုက်ရသည်။ သို့သော် ယင်းမှတ်ညဏ်များမှာ မပီမပြင်ဝိုးတဝါးနှင့် အလွန်ရှေးကျ၍ ပြန်လည်၍မမှတ်မိနိုင်ဖြစ်နေ၏။ သို့သော် ကောင်းကင်တွင် ပျံသန်းချင်သောအာသီသမှာ သူ၏စိတ်တွင် အလွန်တောက်ပလာလေသည်။
ကောင်းကင်၌ သူ အမှန်တကယ် ပျံသန်းနိုင်မည့်တစ်ရက်တွင် သူခေါင်းထဲရှိထိုမှတ်ညဏ်များ ရှင်လင်းသွားလိမ့်မည်ဖြစ်ကြောင်း သူခံစားလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး သူ၏အမြင်အာရုံများ တဖြေးဖြေးနှင့် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ သူ၏အာရုံခံစားမှုများ ပြန်လည်ရရှိလာသောအခါတွင် သူ၏ ချီဓာတ်အတွင်းအားကို သူခံစားလ်ုက်ရသည်။ သူအံ့ဩမှင်သက်သွားသည်။
“စဦးချီဖွဲ့စည်းခြင်း အဆင့် ၆” သူ၏မျက်လုံးများအရောင်လက်သွားသည်။ သူ၏ ချီဓာတ်အတွင်းအားကို သိရှိပြီးသည့်နောက်တွင် မန်ဟိုတစ်ယောက် အပျော်တွေနှင့်အတူ ရူးသွပ်လုနီးပါးဖြစ်သွားသည်။ အမြုတေရေအိုင်ကြီးမှာလည်း ကြီးကျယ်ခမ်းနားနေပြီး မိစ္ဆာအမြုတေမှာလည်း စီးမျောနေသည့် အံ့အားသင့်ဖွယ်ခံစားချက်ကို ခံစားလိုက်ရသည်။
“ငါ စဦးချီဖွဲ့စည်းခြင်း အဆင့် ၆ကို တကယ်ရောက်ခဲပြီပဲ” သူမတ်တပ်ရပ်ရင်း လှုပ်ယမ်းလိုက်ပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ သူ၏ရယ်သံသည် ကျင့်ကြံခြင်းဂူတစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။
စိတ်လှုပ်ရှားစွာဖြင့် သူသည် တပျဉ်ခွေထိုင်ချလိုက်ပြီး မျက်စိကိုမှိတ်ကာ အာရုံကိုဖြန့်ကျက်လိုက်သည်။ သူအနီးရှိ အရာအာလုံး၏ အသေးစိပ်အလုံးစုံကို သူခံစားနေရသယောင်ရှိ၏။ ထိုအခိုက် အပြင်ဘက်မှ ဖက်တီး၏ အသံကိုကြားလိုက်ရ၏။
“မန်ဟို မင်းကျိန်စာများအတိုက်ခံခဲ့ရသလား၊ မင်းဆေးလုံးတွေယူသွားတယ်၊ ဒါပေမဲ့ မင်းကိုငါမထိခိုက်စေချင်ပါဘူး၊ ငါ့ကိုခြောက်လှန့်မနေပါနဲ့တော့”
“ အမယ်လေး သနားစရာကောင်းတဲ့ငါလေး၊ ငါကမင်းထက်ဂြိုဟ်ဆိုးဝင်နေပြီ၊ မင်းသိလား ငါတို့အလုပ်တော့သွားပြီ၊”
“သူများခိုးသွားပြီ”
ဖက်တီးသည် အင်မော်တင်ဂူ၏အပြင်ဖက် မီးပုံသေးသေးလေးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူ့မျက်နှာမှာ နာကြင်နေပြီး ရွှေစက္ကူများကိုမီးရှို့နေသည်။
“မန်ဟိုရေ မင်းဝိညာဉ်ဘဝနဲ့ရှိတယ်ဆိုလည်၊ ငါ့ကိုပြန်လာပြီး ကယ်စမ်းပါဦး၊ ကြည့်စမ်းပါဦး ငါမင်းအတွက် ကောင်းမှုတွေဘယ်လောက်လုပ်ပေးနေလဲဆိုတာကို”
မျက်ရည်များက သူ့မျက်နှာတွင် စီးကြလာပြီး ရွှေစက္ကူများကိုအဆက်မပြတ် မီးရှို့ပေးနေသည်။ ဖက်တီးမှာ အတက်မပြတ်ငိုကြွေးနေသည်။
“ဆင်းရဲတဲ့မိသားစုက လာခဲ့တယ်ဆိုပေမဲ့၊ မင်းစိတ်မပူပါနဲ့ ငါဆိုတဲ့ဆရာဖက်တီးက ဒီနေရာမှာ မင်းကိုဂရုစိုက်ပေးနေပါတယ်။ မင်းနောက်ဘဝကြရင် အိမ်တွေ၊ ဇနီးချောလေးတွေဝယ်လို့ရအောင် ငါမင်းကိုနေ့တိုင်း ရွှေစက္ကူတွေလာပြီး မီးရှို့ပေးနေမယ်သိလား၊ နောက်ဆုံးတော့မင်းကောင်းရာမွန်ရာရောက်မှာပါ”
“အမယ်လေး မန်ဟို မင်းဒီလိုပဲထားခဲ့တော့မှာလား” ဖက်တီး၏ငိုသံမှာ ပို၍ကျယ်လောင်လာသည်။ သူသည် လုံးဝနီးပါး ရင်ကွဲပက်လက်ဖြစ်နေပုံရသည်။
ထိုအသံများကိုကြားလျှင် ထူးဆန်းသောအမူအရာတစ်ခု မန်ဟို၏မျက်နှာတွင်ပေါ်လာသည်။
သူမျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ ဒါသည် သူ့အတွက်ရည်စူး၍ တစ်စုံတစ်ယောက်က ရွေစက္ကူမီးရှို့ပေးတာ ပထမဆုံးမဟုတ်ပါလား။ သူရယ်ရမလားငိုရမလား ခွဲခြားမရ။ သူသည် မတ်တပ်ရပ်လိုက်ပြီး တံခါးကို တကျွိကျွိမြည်သံနှင့်အတူ ဖွင့်လိုက်သည်။ ထို့နောက် အပြင်သို့ထွက်လိုက်၏။
သူထွက်သွားပြီးပြီးချင်းမှာပဲ ရုတ်တရက် ဖက်တီး၏ ကျယ်လောင်သောငိုသံ ရပ်စဲသွားပြီး အံ့အားသင့်စွာကြည့်လိုက်သည်။ သူ တကယ်ရိုးသားသည်။ သူ၏မျက်လုံးတွင် ဝမ်းနည်းမှုများပြည့်နေ၏။
ထို့နောက် မန်ဟိုကိုမှတ်မိသွားပြီး ရုတ်တရက်ထခုန်လိုက်သည်။
မန်ဟိုသည် ဖက်တီးကိုထူးဆန်းသည့်အမူအရာဖြင့်ကြည့်လိုက်ပြီး ချောင်းသံတစ်ချက်ပေးလိုက်သည်။ ထို့နောက်တွင် အနီးနားရှိစမ်းချောင်းလေးနားသို့ သူကိုယ်သူ သန့်ရှင်းရန်အတွက် လျှောက်သွားလိုက်သည်။ သူ့ဘဝတစ်လျောက်လုံး ယခုလောက် တစ်ခါမ ညစ်ပတ်မနေဘူးပေ၊ သန့်ရှင်းပြီးသွားသည့်နောက်တွင် သူ၏ အစိမ်းရောင်ဝတ်စုံသစ်ကို ဝတ်လိုက်ပြီး ဓားပျံကိုသုံး၍ သူဆံပင်များကိုရိပ်သင်လိုက်သည်။ သူ၏အရင်ပုံစံနှင့်တူသွားလေပြီ။ ထိုနောက်ဖက်တီးဖက်သို့လှည့်ပြီး ပြုံးပြလိုက်လေသည်။
***