← Chapters

နောက်တစ်ကြိမ် လေထန်လာပြီ

Vol. 2 Ch. 27

နောက်တစ်ကြိမ် လေထန်လာပြီ

Vol. 2 Ch. 27

ဖက်တီးသည် မန်ဟိုကို စိုက်ကြည့်ရင်း မျက်နှာပေါ်တွင် မျက်ရည်များစီးကျလာနေရင်းက ရှေ့ကို ကမန်းကတန်းပြေးသွားလိုက်သည်။

“မင်းမသေဘူးနော်... မန်ဟို၊ မင်းမသေဘူး” ဟု ငိုပြောရင်းက မန်ဟိုကို ဖက်ထားလိုက်လေသည်။ “လွန်ခဲ့တဲ့ရက်တွေတုန်းက ငါကြောက်နေခဲ့တာ၊ လူတိုင်းကမင်းသေသွားပြီလို့ပြောနေတော့ ငါသိပ်ဝမ်းနည်းရတာပဲ၊ မင်းကငါရဲ့တစ်ဦးတည်းသော သူငယ်ချင်းလေ၊ မင်းသေသွားခဲ့ရင်ငါဘာလုပ်ရမလဲ”။

“ငါဂိုဏ်းကနေထွက်ပြေးဖို့ စဥ်းစားထားတာ၊ ငါ့သွားတွေကို ခြစ်နေတာမျိုးတွေတောင်မလုပ်ဖြစ်တော့ဘူး၊ တကယ်လို့ ငါထွက်ပြေးသွားရင် မင်းအတွက် ငါဘယ်လိုလုပ် လက်စားချေပေးလို့ရမလဲ၊ ဒါကြောင့်မို့ ငါထွက်မသွားသေးတာ၊ ငါကျိန်ရဲတယ် မင်းအတွက် လက်တုံ့ပြန်မဲ့နည်းတွေကို ကူရှာပေးမယ်”။

ဖက်တီးသည် ဟန်ဆောင်နေခြင်းမဟုတ်ပဲ မန်ဟိုကို စိတ်ရင်းအတိုင်းရင်းနှီးခင်မင်ပုံရသည်။ စကားအနည်းငယ်ပြောပြီးသည့်နောက်တွင် သူ၏ မျက်ရည်များစတင်သွေ့ခြောက်လာလေပြီ။ သူတို့ ၂ယောက်သည် စမ်းချောင်းလေးနံဘေးတွင် ထိုင်လိုက်ကြပြီး မန်ဟိုက တောင်နက်ကြီးတွင်ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာကိစ္စအားလုံးစုံံတို့ကို ပြောပြလိုက်လေသည်။ သို့သော် ဝမ်တန်ဖေးနှင့် မိုးနဂါးပျံကြီးအကြောင်းတော့မပါဝင်ခဲ့ချေ။

ဖက်တီးသည် စိုးရိမ်တကြီးနားထောင်နေရင်း မန်ဟို စဦးချီဖွဲ့စည်းခြင်း အဆင့် ၆ ကို ရောက်နေပြီဖြစ်ကြောင်း ကြားသိလိုက်ရလျှင် ပင့်သက်တစ်ချက်ကိုရှိုက်လိုက်ပြီး အံ့သြတုန်လှုပ်သွားသည်။

“စဦးချီဖွဲ့စည်းခြင်း အဆင့် ၆ ဟလား” ဖက်တီးကိုကြည့်ရသည်မှာ အလွန်စိတ်လှုပ်ရှားနေပုံပေါ်ရ၏။ “ဘုရား.....မင်း အဆင့်၆ တောင်ရောက်နေပြီ။ ‌ရောက်နေပြီဟလား။ အမရှု ငါတို့ကို ဒီနေရာကိုခေါ်လာတဲ့ နှစ်တုန်းကတောင် သူကအဆင့်၇၊ မန်ဟို မင်းကတော့ တကယ့် အင်မော်တယ်ပဲ။ မင်းပျံနိုင်နေပလား”။

“ ပျံတာလား” မန်ဟိုသူမျက်လုံးများကိုပိတ်လိုက်ပြီး စဦးချီဖွဲ့စည်ခြင်းကျမ်း၌ ရေးသားထားသော လေပေါ်ပျံဝဲကျင့်စဉ်အား အာရုံတွင် စိတ်ကူးပုံဖော်ကြည့်လိုက်သည်။ အဆိုပါကျင့်စဉ်အား ကျင့်ကြံရာတွင် စဦးချီဖွဲ့စည်းခြင်း အဆင့်၅ ထက် အဆင့်၆တွင် ကျင့်ကြံခြင်းက ပိုမိုလွယ်ကူပေလိမ့်မည်။ သို့သော် အကြိမ်ပေါင်းများစွာ ကျင့်ကြံပြီးသည့်နောက် သူအကောင်းဆုံးလုပ်နိုင်သည်မှာ အောက်မကျအာင် လေပေါ်တွင် အချိန်တစ်ခုကြာအောင် ပျံဝဲနေနိုင်ခြင်းပင်။ ရေရွတ်လိုက်ပြီး  သူသည် အချိန်တစ်ခုကြာအောင် ဆက်လက်ကျင့်ကြံပြီးနောက် ဆေးလုံးတစ်ချို့ကိုသောက်လိုက်သည်။ နောက်ဆုံးတွင် သူသည် လေထဲ၌ ၅ပေအကွာလောက်မျှ ပျံဝဲနိုင်နေပြီဖြစ်သည်။ ဖက်တီး မျက်လုံးအပြူးသားဖြစ်သွားသည်။

မန်ဟိုသည် ရုတ်တရက်မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါတွင် သူ၏မျက်လုံးများတောက်ပနေ၏။ သူမတ်တတ်ရပ်လိုက်ပြီး ထိုနေရာတစ်ဝိုက် လေထဲ၌ဝံပျံလိုက်သည်။ ထိုအချင်းအရာကို ဖက်တီးကြည့်ပြီး အသက်ရှုမှားသွားသည်။

နာရီအနည်းငယ်ကြာ ပျံသန်းပြီးနောက်တွင် မန်ဟို အကျင့်သားရလာ၏။ သူသည် သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်ပြီးနောက် ဓားပျံများပေါ်ထွက်လာပြီး သူ၏ခြေထောက်အောက်သို့ ရွေ့လျားလာလေသည်။ ထို့နာက်တွင် လေထဲသို့ပစ်လွတ်လိုက်သည်။ ဖက်တီးမှာ အလွန်အအံ့ဩတုန်လှုပ်နေပြီး သူမြင်ရသည်ကိုပင်မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည်။

“မင်းပျံနေတယ်...” ဟုသူတီးတိုးပြောလိုက်သည်။

မန်ဟိုသည် အလွန်အမင်းစိတ်လှုပ်ရှားနေသည်။ လေများသည် သူ၏မျက်နှာကို ဆန့်ကျင်ပြီးတိုက်ခတ်နေပြီး သူသည် လေပေါ်လမ်းလျှောက်ကျင့်စဉ်ကို ဓားနှင့်အတူ ယှဉ်တွဲ၍အသုံးပြုခြင်းဖြစ်သည်။ ၃၀ပြဏ် အချိန်လောက်အကြာတွင် မငြိမ်မသက်ဖြစ်လာသည်ကို သူ စတင်ခံစားလာရပြီး ဟန်ချက်ပျက်သွားလေသည်၊၊ ထိုသို့ဖြစ်သွားပြီးလျင် မန်ဟို၏ စိတ်တွေရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားသည်။ သူ၏ခေါင်းထဲ၌ မှတ်ညဏ်ကိုအထောက်အကူပြုသော ဂါထာစာပိုဒ်များ အစီအရီ ပေါ်လာတော့သည်။

(မှတ်ချက်။ ။ ၃၀ပြဏ် ဆိုသည်မှာ အသက် ၃၀ကြိမ် ရှုသွင်းရှုထုတ်စာမျှရှိသော ကြာအချိန်ပမာဏဖြစ်သည်။ ရှေးခေတ်ဗမာ့အချိန်တိုင်းတာသည့် စနစ်ဖြစ်သည်။ ဘာသာပြန်ဆိုသူ)

ဂါထာစာပိုဒ်များဆိုသော်ငြားလဲ စကားလုံးများမပါဝင်ဘဲ နက်နဲဆန်းကြယ်၍ ဂမ္ဘီရဆန်သည်။ ၎င်းတို့သည် ပါရမီဓာတ်ခံအလျောက် သူ၏စိတ်တွင်အလိုအလျောက်ပေါ်လာခြင်းဖြစ်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို စတင်လှည့်ပတ်စေလိုက်သည်။ သူ၏ညာလက်ကို လေများတဖျတ်ဖျတ်တိုက်နေဘိသကဲ့သို့ မသိစိတ်ဖြင့် ဝှေ့ယမ်းပစ်လိုက်သည်။ ရုတ်ချည်းဆိုသလို လေဓားတစ်ချောင်း သူ၏ရှေ့တွင်ပေါ်ပေါက်လာလေသည်။

လေဓားပေါ်ပေါက်လာသောအခါတွင် သူ၏အောက်ရှိဓားပျံသည် တသိမ့်သိမ့်တုန်လာလေသည်။ ယင်းလေဓားကို သူရှေ့ရှိတောထဲသို့ပစ်လွှတ်လိုက်လျင် သစ်ပင်သုံးပင်သည် တစ်ခဏချင်း အလယ်မှထက်ပိုင်းပြတ်သွားလေသည်။ သစ်ပင်များ၏ တအုန်းအုန်း မြည်ဟီးသံများနှင့်အတူ မန်ဟိုသည်လည်း မြေပြင်ပေါ်သို့ တလိမ့်ခေါက်ကွေး ကျသွားလေတော့သည်။

ဖက်တီးသည် လုံးလုံးလျားလျား အံ့အားသင့်သွားပြီး သူ၏အာရုံများကို ပြန်လည်စုစည်းလိုက်သည်။ သူ၏မျက်နှာသည် သွေးရောင်ပြန်လွှမ်းလာခဲ့ပြီး မန်ဟိုကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့်ကြည့်လိုက်လေသည်။

“မင်းတကယ်လုပ်နိုင်ခဲ့ပြီပဲ၊ ငါ မင်းကိုသာကပ်ထားလိုက်ရင် ငါ့ကိုဘယ်သူအနိုင်ကျင့်ရဲတော့မလဲ၊ ဘယ်ကောင်က ငါတို့စီးပွားရေးကို လာရှုပ်ရဲတော့မလဲ” ။ ထိုအကြောင်းကိုတွေးမိလိုက်ပြီး ဖက်တီးသည် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

မန်ဟိုသည် မျက်လုံးများကိုမှိတ်လိုက်ပြီး လေဓားအကြောင်းကိုတွေးနေ၏။ သူသည် ညဏ်ရည်ညဏ်သွေးရှိသူတစ်ယောက်ပီပီ ယင်းသည် ထူးဆန်းသောအိမ်မက်၊ မိစ္ဆာအမြုတေတို့နှင့် ဆက်စပ်နေကြောင်းကို သဘောပေါက်လိုက်သည်။ ရုတ်တရက်ဆိုသလို မိုးနဂါးပျံကြီး၏အရိပ်သည် သူ့အဇ္ဈတ္ထအတွင်းရှိ အမြုတေရေကန်တွင် ပေါ်ပေါက်လာလေသည်။ မန်ဟိုသည် ကောင်းကင်၏အဓိပတိ၊ နဂါးကြီးအဖြစ်ခံစားနေရကြောင်းကို သူ၏နှလုံးသားကို အသံပြုရန်ကြိုးစားကြည့်သည်။ သို့သော်ကား မရ။

“အိုး…ဒါပေါ့”ဖက်တီးကပြောသည်။ “အထူးအဆင့်တိုးလေ့ကျင့်မှု က နောက်ရက်နည်းနည်းလောက်ကြာရင် စတော့မှာပဲ၊ တစ်လအတွင်းလို့ငါကြားခဲ့တာပဲ မင်းအဲ့မှာ စာရင်းသွင်းလို့ရတယ်။ မင်းလုပ်သင့်တယ်။ မင်းသာဆိုရင်သေချာပေါက်အရွေးခံရမှာ။ ဒါပြီးရင် မင်း အတွင်းစည်းတပည့်ဖြစ်လာနိုင်တယ်! မင်းတာ့တကယ်နာမည်ကြီးပြီပဲ”

“အထူးအဆင့်တိုးလေ့ကျင့်မှုဟုတ်လား” မန်ဟို အံ့အားသင်သွားသည်။ ဒီ့မတိုင်ခင်က သူကြားဖူးသော်လည်း နောက်ဆုတ်ခဲ့ရသည်မဟုတ်ပါလား၊ သူ၏ချီအတွင်းအား အလွန်နည်းနေသေးသည့်အတွက် ၎င်းကိုသူမစဉ်းစားနိုင်ပေ။ ယခုအချိန်တွင်တော့ အရာအားလုံးကပြောင်းလဲသွားခဲ့ချေပြီ။ မှီခိုရာဂိုဏ်းတာ်တစ်ခုလုံးတွင် စဦးချီဖွဲ့စည်းခြင်းအဆင့် ၆ ရောက်ရှိ နေသူမှာ သူပါအဝင် သုံးဦးမျှသာရှိ၏။ အခြားသူများမှာ ဝမ်တန်ဖေး နှင့် ဟန်ကျုံးဖြစ်သည်။ ဟန်ကျုံးသည်ကား စဦးချီဖွဲ့စည်းခြင်းအဆင့် ၅ ၌ ရပ်တန့် နေသည်မှာအချိန်အတန်ကြာနေပြီဖြစ်ပြီး မကြာသေးမီကမှ အဆင့်၆သို့ ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ငါကြားခဲ့တာတော့ သူတို့က တပည်တစ်ယောက်ကိုပဲလက်ခံမှာတဲ့၊ အကုန်လုံးကတော့ ဒါက ဝမ်တန်ဖေးအတွက် အထူးလုပ်ပေးတဲ့ပွဲလို့ပြောနေကြတာပါပဲ၊ ဒါပေမဲ့ မင်းလည်းအခု အဆင့်၆မှာလေ၊ မင်းအာင်မြင်နိုင်တယ်နော်” ဖက်တီးက မန်ဟိုကို သဘောတူစေချင်သည်။ သူ အတွင်းစည်းတပည့်ဖြစ်လာခဲ့လျင် မှီခိုရာဂိုဏ်းတွင်နာမည်ကြီးလာမည်ဖြစ်သည်။

မန်ဟိုသည် ဝန်လေးနေ၏။ သူ အမှန်တကယ် ဘာလုပ်ချင်နေလဲ မသေချာပေ။ သူ၏ရှေ့ရေးကိုတွေးပြီး စိတ်လှုပ်ရှားနေမိသည်။ အတွင်းစည်းသာဝကဖြစ်လာခြင်းသည် အပြင်စည်း နှင့် များစွာကွာခြားနေမည် ဖြစ်ကြောင်း သူသိသည်။ အတွင်းစည်းတပည့်ဖြစ်လာပြီးနောက်တွင် အခြားသူများဝေးစွ ဂိုဏ်း၏အကြီးများပင် သူအား စိတ်အနှောင့်အယှက်ပေး၍ရလိမ့်မည်မဟုတ်ပေ။ ဒီအပြင် ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများ ရရှိနိုင်သော အခွင့်အရေးသည်လည်း ပိုမိုများပြားလိမ့်မည်။ သို့သော်အရေးကြီးသည့်အချက်မှာ မန်ဟို၏ ချီဓာတ်အတွင်းအား သည် လျင်မြန်စွာတိုးတက်လာခဲ့ခြင်းဖြစ်သည်။ အခြားသူများက ဘယ်ပုံဘယ်နည်း တွေးထင်မှန်းဆကြမည်ကိုလည်း သူအနေဖြင့်ထည့်သွင်းစဉ်းစားရန်လိုလိမ့်မည်။ သူကို လူအများက များစွာသောအာရုံစိုက်လာခဲ့လျင် ရတာထက် ဆုံးရှုံးမှုက ပိုများပေလိမ့်မည်။

သူသည် မှီခိုရာဂိုဏ်း၏အပြင်စည်းတပည့်ဖြစ်လာသည်မှာ ယခုဆိုလျင် ၂နှစ်တင်းတင်းပင်ပြည့်ချေပြီ။ ဒီအတောအတွင်း သူသည် “တောတွင်းနိယာမ” ဟုသော စကားကို နက်နက်ရှိုင်းရှိုင်းနားလည်လာခဲ့သည်။ သူ၏ချမ်းသာမှုများကို ကြေညာမောင်းခတ်ရန်မလိုကြောင်းသူသိသည်။ သို့တိုင် သူမပါဝင်ဟု ဆုံးဖြတ်ခြင်းတော့လည်းမဟုတ်။ သူ သွားကောင်းသွားမည်။ သိုပေမဲ့ တောင်နက်ကြီး၌ ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်များအပြီးတွင် သူ၏ရတနာများနှင့် ဆေးလုံးများအားလုံးနီးပါးအသုံးပြုခဲ့ပြီးဖြစ်သည်။ သူပြန်လည်ဖြည့်တင်းရန်လိုအပ်ပေသည်။

“ဝိညာဉ်ကျောက်တုံး နှစ်ထောင်အကြောင်းကို တမ်းတတွေးနေခြင်းက သူကို ဘာမျှအထောက်အကူဖြစ်စေလိမ့်မည်မဟုတ်”

ရက်နှစ်ဆယ်ဟူသောအချိန်ကာလလေးသည် တဒင်္ဂအတွင်းကုန်ဆုံးသွားလေသည်။ အမည်စာရင်းတင်သွင်းသည့် အချိန်ကာလသည်လည်း ကုန်ဆုံးလုနီးနေချေပြီ။ စာရင်းသွင်းသူအရေအတွက်မှာ သိပ်မများလှပေ။ ဂိုဏ်းတော်၏စည်းမျဉ်းများအရ စာရင်းသွင်းပြီးသည့်လူတစ်ယောက်သည် မူလလေ့ကျင်ကွင်းမှ ထွက်ခွာခွင့်မရှိဘဲ နဂါးရုပ်များထွင်းထုထားသောတိုင်များအောက်တွင် တရားထိုင်ကျင့်ကြံနေရမည်ဖြစ်သည်။ သူတို့အား မည်သူတစ်ဦးတစ်ယောက်ကမျှ အနှောက်အယှက်ပေးခွင်မရှိပေ။

လေ့ကျင့်မှုဟုဆိုသော်ငြားလည်း အမှန်မှာ မှော်ပညာစီးချင်းထိုးသည့် ပြိုင်ပွဲဖြစ်သည်။ လွန်ခဲ့သောကာလများက ပါဝင်ယှဉ်ပြိုင်သူများသည် တောရိုင်းမြေရိုင်းများသို့သွား၍ ရတနာများကိုရှာဖွေခဲ့ရသည်။ သို့သော် မှီခိုရာဂိုဏ်းအားပျော့လာသည့်အခါတွင် အတွင်းစည်းဂိုဏ်းသားအဖြစ် အဆင့်တိုးမြင့်ရွေးချယ်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ မှော်ပညာဖြင့် စီးချင်းထိုးရာတွင်အောင်မြင်မှုကို ကြည့်ရှုရန်ဖြစ်သည်။ မန်ဟိုသည် လွန်ခဲ့သော၁၂ရက်ကာလအအတွင်းက အဆင့်မြင့်အများပိုင်ကွင်းသို့ ရောက်ရှိခဲ့သော်လည်း လူမရှိဘဲအလွတ်နီးပါးဖြစ်နေလေသည်။ မှီခိုရာဂိုဏ်း၏အားနည်းကျဆင်းမှုကို မန်ဟိုစဉ်းစားကြည့်မိတိုင်း နားမလည်နိုင်အောင်ဖြစ်ရသည်။

နောက်တစ်ကြိမ်တွင်တော့ သူသည် အဆင့်နိမ့်အများပိုင်ကွင်း၏ အပြင်ဘက်တွင် ဆိုင်ပြန်ဖွင့်လာခဲ့သည်။

သူ၏ပြန်ရောက်သောကြောင့် အတော်အတန်ပင် ဥက္ကောဋေယျ (အုတ်အော်သောင်းနင်း) ဖြစ်သွားခဲ့သေးသည် မဟုတ်ပါလား။ သူ၏ စီးပွားရေးနှင့်ပက်သက်၍လည်း မည်သူကမျှ နှောက်ယှက်စိန်ခေါ်ဝံ့မည်တော့မဟုတ်၊၊ ၁၂ရက်တာကာလအတွင်း သူ၏ အရောင်းအဝယ်မှာလည်း တိုးတက်ကောင်းမွန်လာပြီး ဝိညာဉ်ကျောက်တုံးအတော်အတန်မျှလည်း အကျိုးအမြတ်ရရှိခဲ့၏။

နေ့စဉ်နီးပါး သူသည် မှော်ပစ္စည်းများ၊ ဆေးဝါးများကိုပုံတူပွားယူခဲ့သောကြောင့် အသစ်တစ်ဖန်ပြန်လည်ဖြည်းတင်းမှုမှာ တိုးတက်လာခဲ့သည်။

သူ၏ သိုလှောင်အိတ်အတွင်းရှိ မှော်ပစ္စည်းများနှင့် ဓားပျံများသည် သာမန်မျှသာမထူးခြားသော်လည်း သူ့တွင် တစ်ရာနီးပါးခန့်ရှီလာချေပြီ။ တောင်နက်ကြီးတွင် လုဟွမ်တို့နှင့်တိုက်ခိုက်ခဲ့သည့်အဖြစ်အပျက်များကို ပြန်လည်တွေးကြည့်မိလျင် မှော်ပညာနှင့်ဆိုင်သောတိုက်ပွဲများ၌ တိုက်ခိုက်ရန်အကောင်းဆုံးသောနည်းလမ်းကို

သူ ရှင်းလင်းစွာ နားလည်သွားပြီဖြစ်သည်။ အဆိုပါအကြောင်းနှင့်ပက်သက်၍ အချိန်အတန်ကြာမျှ တစိမ့်စိမ့်တွေးကြည့်ပြီးနောက် သူ၏မျက်လုံးများအရောင်တောက်ပသွားသည်။ ဓားပျံများ၏အကျိုးသက်ရောက်မှု တိုးတက်လာစေရန် စိတ်ကူးများပေါ်ပေါက်လာခဲ့သည်။

မန်ဟိုသည် သူ၏ ကျန်ရှိနေသော အချိန်များကို ဓားပျံများ၏အစွမ်းကိုတိုးတက်လာစေမည့် နည်းလမ်းများကို စူးစမ်းရှာဖွေခြင်း၊ စီးပွားရေးအလုပ်၌ ကြီးကြပ်စီမံခြင်းတို့ဖြင့် ကုန်ဆုံးခဲ့လေသည်။

သူသည် အမျိုးမျိုးသောစမ်းသပ်မှုများကိုပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ဓားပေါင်းများစွာကို တစ်ချိန်တည်းမှာပင် ထိန်းချုပ်နိုင်သည့် နည်းစနစ်အသစ်အချို့ကိုတွေ၌ရှိခဲ့သည်။ သူပြုလုပ်ခဲ့သည့် နည်းလမ်းတစ်ခုမှာ ဓားများ၏ပုံပန်းသွင်ပြင်ကို ရုပ်ဖျက်ပြောင်းလဲပစ်ခြင်းဖြစ်သည်။ သူသည်ဓားတစ်ချို့ကို တမင်သက်သက် ကုတ်ခြစ်ပစ်ခြင်း၊ ပြုပြင်ခြင်း၊ ထိပ်ချိုးပစ်ခြင်း၊ အရောင်အမျိုးမျိုးခြယ်မှုန်းခြင်း တို့ကိုပြုလုပ်ခဲ့သည်။ အနားယူချိန်များတွင်တော့ သူ၏အတွေးများကို ကောင်းကင်၏ဥသျှောင် မိုးနဂါးပျံကြီးနှင့် ချိတ်ဆက်နိုင်ရန်ကြိုးပမ်းနေခဲ့သည်။ တစ်ခါမျှ အောင်မြင်ခြင်းမရှိခဲ့သည့်တိုင် သူ၏ လေပေါ်လမ်းလျှောက်ပညာရပ်မှာ ကောင်းကင်နှင့်နီးကပ်လုနီးပါးထိ သိသိသာသာ တိုးတက်လာသည်ကို  မြင်တွေရပေသည်။

အချိန်ကားအလွန်နီးကပ်စွာ ရွေ့လျားလာချေပြီ…။ အထူးအဆင့်တိုးလေ့ကျင့်မှုအတွက် အမည်စာရင်းပေးသွင်းရမည့်အချိန်မှာ ၂ရက်သာကျန်ရှိတော့သည်။ မန်ဟိုသည် အဆင့်အနိမ့်ပိုင်းမြင်ကွင်းရှိ သူ၏ဆိုင်တွင်ထိုင်နေရင်း လူသုံးပစ္စည်းများကို အလွန်စိတ်အားထက်သန်စွာဖြင့် လှည့်လည်ရောင်းချနေသောဖက်တီးကို ကြည့်နေလေသည်။ ရုတ်တရက်သူခေါင်းကို လှည့်လိုက်ပြီး

အဝေးတစ်နေရာသို့လှမ်းကြည့်လိုက်သည်။ တောင်ခြေတစ်နေရာတွင် သူထံသို့ လမ်းလျှောက်လာနေသောတစ်စုံတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ ခြေလှမ်းများက မီတာပေါင်းများစွာကျော်ဖြတ်လာပြီးနောက် မြေပြန့်နေရာသို့လျင်မြန်စွာ ရောက်လာချေပြီ။ အသက် ၂၇၊ ၂၈ အရွယ်ရှိသောအမျိူးသားတစ်ယောက်..... သူကိုကြည့်ရသည်မှာ အလွန်မော်ကြွား၍၊ မာနကြီးပုံရနေ၏။ သူ၏ရှေ့တွင် အဝါရောင်ရှည်မျောမျော စက္ကူရှည်တစ်ရွက်က လေထဲ၌ပျံဝဲလျက်ရှိနေပြီး အမျိုးမျိူးသော မှော်သင်္ကေတများကို ရေးဆွဲထားသည်။ ၎င်း၏မျက်နှာပြင်မှ အမည်းရောင် မီးခိုးငွေ့များထွက်လာပြီး အဆိုပါလူငယ်၏ပတ်လည်တွင် ရစ်လိမ်နေသည်။

“အဆာင်….”မန်ဟိုသည် မျက်လုံးများကို ဆတ်ခနဲလှုပ်ရှားလိုက်ပြီး ထိုအရာကိုစူးစမ်းလိုက်မိသည်။

သူဒီအကြောင်းကို စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်း၌ ဖတ်ဖူးသည်။ ယင်းမှာ လွန်စွာအစွမ်းထက်သော မှော်ပစ္စည်းတစ်ခုဖြစ်ပြီး အကြိမ်အရေအတွက်အကန့်အသတ်ဖြင့်သုံးနိုင်သည်။

အနီးသို့ချဉ်းကပ်ရောက်ရှိလာသောလူငယ်မှာ အပြင်းစည်းဂိုဏ်း၏ ဒုတိယအားအကောင်းဆုံးပုဂ္ဂိုလ် စဦးချီဖွဲ့စည်းခြင်းအဆင့် ၆ ရှိ ဟန်ကျုံးမှတစ်ပါး အခြားမရှိ။ သူရောက်ရှိလာသောအခါအတွင် အ‌တော်အတန် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး လူတိုင်းက သူအား လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ကြသည်။

သူသည် အခြားသူများကိုလျစ်လျူရှုထားလိုက်ပြီး မန်ဟိုကိုစိုက်ကြည့်ကာ…

“မန်ဟို” သူအေးစက်စွာပြောလိုက်သည်။ “ဆရာဦးလေး ရှန့်ကွမ်းရှိုးက မင်းနဲ့ဆွေးနွေးဆရာကိစ္စလေးတွေရှိနေတယ်၊ သူကိုတွေ့ဖို့ ငါနဲ့လိုက်လာခဲ့”

မန်ဟိုမျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။ ဆရာဦးလေး ရှန့်ကွမ်းရှိုးကို သူမစိမ်းပေ။ ဆေးလုံးများပေးဝေချိန်တွင် ပေါ်ထွက်လာတတ်ပြီး၊  ဝမ်တန်ဖေး မြွေမိစ္ဆာကြီး နှင့် တိုက်ခိုက်ရာတွင်လည်း သူပါဝင်ခဲ့သည်။ ရှင်းပါသည်။  သူ၏ပုဂ္ဂိုလ်ရေးကသာမန်တော့မဟုတ်ပေ။

“သူဘာကြောင့်ငါ့ကိုတွေ့ချင်သလဲ” မန်ဟိုတွေးရင်း ဖြေးညင်းစွာမတ်တပ်ရပ်လိုက်သည်။ “ ငါ့အကြောင်းတစ်ခုခု အာရုံခံမိသွားတာများလား”။  ဤပုဂ္ဂိုလ်သည် ဂိုဏ်း၏အကြီးအကဲ မျိုးဆက်များထဲမှ တစ်ဦးဖြစ်သည်။ သူသည် အပြင်စည်းဂိုဏ်းသားမျှသာဖြစ်၍ သူ့တွင်ငြင်းဆန်နိုင်စွမ်းမရှိပေ။ သူငြင်းပယ်လိုက်လျှင် သံသယဝင်သွားနိုင်သည်။

မန်ဟိုသည် တီးတိုးရေရွတ်ရင်း အေးစက်စက်မျက်နှာနှင့်ဟန်ကျုံးကို တစ်ချက်ကြည့်လိုက်သည်။ ထိုနေ့က ကိစ္စရပ်များသာပေါ်ပေါက်သွားခဲ့ရိုးမှန်လျင် ဝမ်တန်ဖေးက သူကိုအရင်ဆုံးလာရှာမည်ဖြစ်ကြောင်း သူတွေးမိလိုက်သည်။

မန်ဟို၏မျက်နှာမှာတည်ငြိမ်နေသည်။ သို့သာ် သူ၏ခေါင်းများကတော့ချာလည်လည် လည်နေပြီး အေးစက်စွာရယ်မောလိုက်သည်။ သူသည်ဖက်တီးကိုအမှတ်မထင် မျက်စပစ်ပြလိုက်ပြီး ထလျှောက်သွားလေ၏။

ဟန်ကျုံးနောက်မှလိုက်လာရင်း သူတို့သည်မကြာမီ အနောက်ဖက်တောင်သို့ရောက်ရှိလာသည်။ တောင်ထိပ်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ထူထပ်သိပ်သည်းစွာရှိနေသည်။ မန်ဟိုသည် အလွန်လှပသောဂေဟာများကိုမြင်တွေရပြီး ၎င်းအထဲတွင်  ကောင်ကလေးများက ဝိညာဉ်သစ်ပင်များကိုစိုက်ပျိုးနေကြသည်။

မကြာမီ ၃ထပ်အဆောက်အဦ တစ်ခု၏ရှေ့သို့ရောက်သောအခါ ရပ်ပစ်လိုက်သည်။ ဟန်ကျုံးသည် မန်ဟိုကို ကြည့်လိုက်သည်။ ထို့နောက် အထဲမှ ရှန့်ကွမ်းရှိုး၏အသံမှာမြည်ဟိန်းထွက်လာသည်။

“မန်ဟိုဝင်လာခဲ့၊ ဟန်ကျုံးက တောင်ဖက် တောင်ကြီးဆီကိုသွားလိုက်” ကျောက်စိမ်းပြားတစ်ခုက ရုတ်တရက် ဟန်ကျုံး၏လက်ထဲသို့ ပျံဝဲရောက်ရှိလာသည်။ သူသည်မန်ဟိုကို အေးစက်စွာရယ်ပြလိုက်ပြီး လှည့်ထွက်လာခဲ့သည်။

မန်ဟိုသည် နှလုံးသွေးများစတင်ခုန်လာသည်။ ၎င်းသည်ပုံမှန်မဟုတ်ပေ။ ရှန့်ကွမ်းရှိုးက ဟန်ကျုံးကို ကျောက်စိမ်းပြားပေးပြီး တောင်ဖက် တောင်ကြီးထံသို့သွားခိုင်းသည်ဆိုတော့…….။

***

All Chapters