ဘယ်နေရာရောက်သွားမှန်းမသိသော ‘လေ့ဟွမ်ဂိုဏ်း’
Vol. 39 Ch. 552
အခန်း (၅၅၂) ဘယ်နေရာရောက်သွားမှန်းမသိသော ‘လေ့ဟွမ်ဂိုဏ်း’
ကြယ်စင်လှည့်ပြောင်းပင်လယ်တိုက်ပွဲတွင် သွေးနီနဂါးဂိုဏ်းမှ နျန်ချန်နှင့်အတူ ရန်ကျောက်ကဲကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သူများထဲတွင် ရှားလော်ဂိုဏ်းချုပ် ‘ကောင်းကင်မိစ္ဆာ’ ဖုန်းကျင်းရှန်နှင့် ကြံ့ဝိညာဉ်ကျွန်းမှ အကြီးအကဲ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် ‘ကွမ်းလီ’ တို့ ပါဝင်သည်။
ပြီးတော့ သိုင်းသူတော်စင်အဆင့် တက်ရောက်လုနီးပါးဖြစ်သော သမုဒ္ဒရာကမ္ဘာ နံပါတ် (၁) သိုင်းဆရာသခင် ‘သွေးနီမိုးကြိုးဘုရင်’ ကန်းဟွေ ဖြစ်သည်။
သွေးနီနဂါးဂိုဏ်းချုပ် ‘နျန်ချန်’ ၊ ဓားအသင်္ချေရေကန်ဂိုဏ်းချုပ် ‘ယန်ကန်း’နှင့် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် ‘လျိုစော’ တို့အနေဖြင့် အထွတ်ထိပ်မှော်ဝင်လက်နက်များ ပါရှိမှသာ ကန်းဟွေကို အနိုင်ယူနိုင်မည် ဖြစ်သည်။ သူတို့၏ နဂါးကိုးကောင်လက်သည်း ၊ မျောလွင့်ဓား သို့မဟုတ် တစ္ဆေဝိညာဉ်သေတ္တာများ မရှိလျှင် မည်သည့်နည်းနှင့်မှ ကန်းဟွေကို အနိုင်မယူနိုင်ပေ။
လေ့ဟွမ်ဂိုဏ်းချုပ်က သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ဖြစ်သော်လည်း သိုင်းသူတော်စင်အဆင့်ရောက်ရှိန်ရန် အလွန်နီးစပ်နေမည်ကို မည်သူမှ မငြင်းနိုင်ကြပေ။
ကြယ်စင်လှည့်ပြောင်းပင်လယ်သို့ ရှားလော်ဂိုဏ်းမှ ဖုန်းကျင်းရှန် ၊ ကြံ့ဝိညာဉ်ကျွန်းမှ ကွမ်းလီတို့ ရောက်ရှိလာမည်ကို ရန်ကျောက်ကဲ အစကတည်းက မျှော်လင့်ထားပြီးသားပင်။
ရှားလော်ဂိုဏ်း ၊ ကြံ့ဝိညာဉ်ဂိုဏ်းများနှင့် သူဖွဲ့ခဲ့သော ရန်ငြိုးရန်စက ပေါ့သေးသေး မဟုတ်လေရာ အခွင့်အရေးရလျှင် လက်စားချေချင်သည်မှာ သဘာဝပင်။
လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများက အတိုင်းအတာတစ်ခုအထိ ဆန့်ကျင်နေကြသော်လည်း ရန်ကျောက်ကဲကို တိုက်ခိုက်ရာတွင် သွေးနီနဂါးဂိုဏ်း ၊ ကြံ့ဝိညာဉ်ကျွန်းနှင့် ရှားလော်ဂိုဏ်းတို့က အသံတိတ်သဘောတူညီချက်ဖြင့် ပူးပေါင်းခဲ့ကြ၏။
သို့ပေသိ ရန်ကျောက်ကဲနှင့် ရန်ငြိုးရန်စမရှိခဲ့သော လေ့ဟွမ်ဂိုဏ်းချုပ် ‘ကန်းဟွေ’ ရုတ်တရက်ပေါ်လာပြီး သူ့ကို သတ်ဖြတ်ရန်ကြိုးစားခဲ့သည်။ ဤသည်က တကယ့်ကို အာရုံစိုက်စရာ ကိစ္စတစ်ခု ဖြစ်ခဲ့သည်။
တစ်စုံတစ်ယောက် အကူအညီတောင်းသောကြောင့် ကန်းဟွေ ရောက်လာခဲ့ခြင်း မဖြစ်နိုင်ပေ။
ပင်လယ်ရေနက်စင်္ကြံတွင် ရန်ကျောက်ကဲက ဖန်းခန်းကို သတ်ဖြတ်ပြီး လင်ချန်းချန်ကို အနိုင်ယူခဲ့ကြောင်း သမုဒ္ဒရာကမ္ဘာမှ လူသားတိုင်း သိရှိကြသည်။ သိုင်းသူတော်စင်အဆင့်အောက် ကျင့်ကြံသူများတွင် ရန်ကျောက်ကဲကို စိန်ခေါ်သူတိုင်း သေခြင်းတရားဖြင့် ရင်ဆိုင်ရကြောင်း လူတိုင်းသဘောပေါက်ခဲ့ကြသည်။
သို့ဖြစ်ရာ အသက်အန္တရယ်ရှိသည့်စွန့်စားခြင်းမျိုးပြုလုပ်ရန် မည်သို့သောခင်မင်မှု ၊ မည်သိုသော စျေးနှုန်းတန်ဖိုးကမှ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
အခြားသူများအတွက်မဟုတ်ပါက ရန်ကျောက်ကဲကို တိုက်ခိုက်သည်မှာ ကန်းဟွေနှင့် လေ့ဟွမ်ဂိုဏ်း၏ ကိုယ်ပိုင်သဘောထား ဖြစ်နိုင်၏။
ရန်ကျောက်ကဲစိတ်ထဲ အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ ကွယ်ဝှက်ထားရာ ညာဘက်မျက်လုံးမှ အလင်းရောင်တစ်ချက် လက်ခနဲတောက်ပသွားပြီး ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံး အနည်းငယ် စူးရှနာကျင်သွားသည်။
ဝင်္ကပါပင်လယ်တွင် ဖန်းန်းကို သတ်ဖြန်ချိန်၌ သူက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ စွမ်းအားကို အသုံးပြုခဲ့၏။
ထိုအချိန်က တိုက်ပွဲကြည့်ရှုသူများစွာရှိသော်လည်း အားလုံးက သိုင်းသူတော်စင်အဆင့်ရှိသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုသာ အာရုံစိုက်နေခဲ့ကြသည်။
သို့သော် တိုက်ပွဲအသေးစိတ်သတင်းကို ကြားသိရပြီးနောက် လေ့ဟွမ်ဂိုဏ်းသည် ပကတိမိုးကြိုးစွမ်းအားကို သတိပြုမိသွားနိုင်သည်။
သူတို့ဂိုဏ်း၏ ထူးခြားချက်တစ်ခုခုကြောင့် ဤကဲ့သို့သန့်စင်သော မိုးကြိုးစွမ်းအားကို စိတ်ဝင်စားခဲသည်လား ၊ သို့တည်းမဟုတ် သူတို့က ပကတိမိုးကြိုးစွမ်းအား ရင်းမြစ်တည်ရှိရာ “မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ” အကြောင်း သိရှိသွားပြီး မျက်စိကျခဲ့သည်လား။
သူတို့က ပကတိမိုးကြိုးစွမ်းအားအကြောင်း သိရှိသည်ဆိုပါက နားလည်မှုအကန့်အသတ် မည်မျှရှိပါသနည်း။
ဒါမှမဟုတ်...
ကန်းဟွေနှင့် လေ့ဟွမ်ဂိုဏ်းတွင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစတစ်ခု ရှိနေခဲ့ပါသလား။
ရန်ကျောက်ကဲ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ လေ့ဟွမ်ဂိုဏ်းတည်ရှိရာ ကုန်းမကြီးဆီသို့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ကြယ်စင်လှည့်ပြောင်းပင်လယ်တိုက်ပွဲတွင် ကန်းဟွေ အလျှင်အမြန်ထွက်ပြေးသွားချိန် ၊ ရန်ကျောက်ကဲက နျန်ချန်နှင့် နဂါးကိုးကောင်လက်ချောင်းကို အာရုံစိုက်နေရသဖြင့် သူ့ကို လွှတ်ပေးလိုက်ရသည်။
သို့ပေသိ ရန်ကျောက်ကဲက ကန်းဟွေကို စိတ်ထဲတွင် သေသေချာချာ တေးမှတ်ထားခဲ့သည်။
လင်ချန်းချန်က သူများမျက်ခုံးမွှေးပေါ်စင်္ကြံလျှောက်ပြီး ရေနက်ထဲငါးမျှားထွက်ချိန်တွင် ရန်ကျောက်ကဲက သူ၏ခြေလှမ်းများကို သေသေချာချာ ခန့်မှန်းနိုင်ခဲ့သည်။ မိစ္ဆာဂိုဏ်း (၃) ဂိုဏ်းက လမ်းမှန်ဂိုဏ်းများကို ဝင်ရောက်တိုက်ခိုက်ပြီး ကြီးမားသောအပျက်အဆီးများကို ဖြစ်ပေါ်စေခဲ့ချိန် ရန်ကျောက်ကဲက လင်ချန်းချန်ကို ရှာဖွေရန်အတွက် ဝင်္ကပါပင်လယ်သို့ အရင်ဆုံးသွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့ပေသိ သူက သဘောထားကြီးသူမဟုတ်လေရာ လေ့ဟွမ်ဂိုဏ်းအကြောင်း တစ်ချက်ပင် မေ့မထားခဲ့ပေ။
ယခု လင်ချန်းချန်၏ နဂါးသင်္ချိုင်းတံခါးဖွင့်လှစ်သည့်အစီအစဉ်က လေ့ဟွမ်ဂိုဏ်းတည်ရှိရာနေရာသို့ ကျရောက်သွားပြီး ဤသို့ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီး ကြုံတွေ့ရမည်ဟု ရန်ကျောက်ကဲ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။
တောင်းတန်းများပျောက်ကွယ်သွားပြီး ချိုင့်ဝှမ်းကြီးများအဖြစ် ပြောင်းလဲသွားသော အပိုင်းပိုင်းအက်ကွဲနေသည့် မြေပြင်ကိုကြည့်ရင်း ရန်ကျောက်ကဲ အထပ်ထပ်အခါခါ ခေါင်းခါယမ်းမိသည်။
“ဒါကတော့ အလိုလိုနေရင်း ကံဆိုးမိုးမှောင်ကျတာပဲ...”
အလင်းနဂါးကြီး ကြောက်မက်ဖွယ်ရာ ကျဆင်းလာခြင်းအား သိုင်းသူတော်စင်တစ်ယောက်ပင်လျှင် ထိပ်တိုက်တွေ့ရပါက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
မိုးကြိုးမီးလျှံတောင်ထွတ်ဆိုသည်က လေ့ဟွမ်ဂိုဏ်းဌာနချုပ် နှစ်ပေါင်းများစွာတည်ရှိခဲ့သော နေရာတစ်ခုဖြစ်သည်။ သို့်တိုင် အလင်းနဂါးကြီးကို ခုခံရန်အတွက် မည်သူမှ ပင်မအစီအရင်ကြီးကို ထုတ်ဖော်အသက်သွင်းဝံ့ခြင်း မရှိကြပေ။
ပြေးနိုင်မှလွတ်မည့်အခြေအနေဖြစ်သဖြင့် အစွမ်းကုန်ပြေးခဲ့ကြသည့်တိုင် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ ရှိခဲ့သည်။ မပြေးဘဲ ခုခံရန်အတွက် ပင်အစီအရင်ကို အသက်သွင်းမည်ဆိုပါက တစ်ဂိုဏ်းလုံး ပြာဖြစ်သွားခြင်းသာ အဖတ်တင်ပေလိမ်မ့်ည။
ရန်ကျောက်ကဲ ပတ်ဝန်းကျင်တစ်ခွင်လှည့်ပတ်ကြည့်တော့ နေရာတစ်ခုလုံး ရှုတ်ပွလျှက် လေ့ဟွမ်ဂိုဏ်းမှ သိုင်းသမားများ တစ်ယောက်မှ မတွေ့ရပေ။
အသက်ရှင်ကျန်ရစ်သူများရှိနိုင်သည်ဟု ရန်ကျောက်ကဲ ယုံကြည်သော်လည်း ကန်းဟွေကဲ့သို့ ထိပ်တန်းအဆင့်ကျင့်ကြံသူ အနည်းငယ်သာ ဤကပ်ဆိုးမှလွတ်မြောက်နိုင်မည် ဖြစ်သည်။
ယခု လူတစ်ဦးတစ်ယောက်ပင် မတွေ့ရလေရာ ချိုင့်ဝှမ်းအတွင်းမှ နဂါးသင်္ချိုင်းတံခါးကို စစ်ဆေးကြည့်ရှုပြီးနောက် အခြားနေရာသို့ ရွှေ့ပြောင်းသွားလောက်ပေပြီ။
မိုးကြိုးမီးလျှံတောင်၏ မြေပြင်အားသာချက်မရှိတော့ဘဲ ဂိုဏ်းတစ်ခုလုံး ပျက်ဆီးလုနီးပါးဖြစ်ခဲ့လေရာ ရန်ကျောက်ကဲကဲ့သို့ ရန်သူတစ်ယောက် သို့မဟုတ် အခြားသိုင်းဂိုဏ်းများက အခွင့်ကောင်းယူပြီး လာရောက်တိုက်ခိုက်ပါက လေ့ဟွမ်ဂိုဏ်းတစ်ခုလုံး သမုဒ္ဒရာကမ္ဘာမှ ပျောက်ကွယ်သွားမည် ဖြစ်သည်။
ကန်းဟွေနှင့် အခြားသူများ မည်မျှဒေါသထွက်ပြီး မည်မျှ စိတ်ဓာတ်ကျနေပါစေ လောလောဆယ်တွင် ပုန်းအောင်းရာနေရာတစ်ခုရှာဖွေပြီး ဒဏ်ရာများကုသရင်း အခြေအနေစောင့်ကြည့်ရန်သာ တတ်နိုင်သည်။
ရန်ကျောက်ကဲက လေ့ဟွမ်ဂိုဏ်းအကြောင်း ခေါင်းထဲမှ ခဏထုတ်လိုက်ပြီး ချိုင့်ဝှမ်းကြီး အနက်ရှိုင်းဆုံးတွင် ရှိနေသော နဂါးသင်္ချိုင်းတံခါးကို စစ်ဆေးကြည့်နေသည်။
ဝင်္ကပါပင်လယ်တွင် တစ်ကြိမ်ပွင့်သွားသော နဂါးသင်္ချိုင်းတံခါးကြီးက ယခု ပြန်ပိတ်သွားပြီဖြစ်ပြီး အတွင်းထဲမှ အနက်ရောင်အခိုးအငွေ့များ စိမ့်ထွက်နေကြောင်း တွေ့ရသည်။
သို့သော် ရန်ကျောက်ကဲကတော့ နဂါးသင်္ချိုင်းတံခါးမှာ ယခင်ကလို ထာဝရပိတ်နေခြင်းမဟုတ်ဘဲ ရိုးရှင်းစွာစေ့ပိတ်ထားရုံသာဖြစ်ကြောင်း အာရုံခံမိသည်။
ရန်ကျောက်ကဲက စိတ်ဖြင့်စေစားလိုက်သည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နဂါးသင်္ချိုင်းတံခါးရှေ့သို့ ရောက်သွားပြီး လက်နှစ်ဖက်ဖြင့် အသာတွန်းလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တွန်းအားအောက်တွင် ကျယ်လောင်သော အသံနက်ကြီးနှင့်အတူ နဂါးသင်္ချိုင်းတံခါးကြီး ဖြည်းညင်းစွာ ပွင့်ဟသွားသည်။
အထဲသို့ကြည့်လိုက်တော့ မင်ရောင်ထူထူများအလား မရဏချီများ လွှမ်းခြုံနေကြောင်း တွေ့ရ၏။
သို့သော် သေသေချာချာ လေ့လာကြည့်လျှင် အနက်ရောင်အခိုးအငွေ့များ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေသည်ကို တွေ့နိုင်သည်။ သမုဒ္ဒရာကမ္ဘာတစ်ခုလုံး၏ ဝိညာဉ်စွမ်းအားစီးကြောင်းများက နဂါးသင်္ချိုင်းတံခါးအတွင်းမှ မရဏချီစီးဆင်းမှုကို ထိခိုက်စေခဲ့သည်ပင်။
မရဏချီများ အဆက်မပြတ် လျော့နည်းလာနေပြီး အသက်ဓာတ်စွမ်းအားများက တဟုန်ထိုး များပြားလာနေသည်။
နဂါးသင်္ချိုင်းတံခါးအတွင်းမှ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ၊ ကျယ်ပြန့်ပြီး ခမ်းနားသော နဂါးမျိုးနွယ်တို့၏ရောင်ဝါများ တဖြည်းဖြည်း ထင်ရှားလာကြောင်း ရန်ကျောက်ကဲ သတိပြုမိသည်။
သေဆုံးသွားသောနဂါးများစွာ ပြန်လည်ရှင်သန်ထမြောက်လာသည့်အလား ထင်မှတ်ရ၏။
သို့ပေသိ နဂါးရောင်ဝါက အလွန်ခမ်းနားပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်သည့်တိုင် တကယ့်နဂါးအစစ်များနှင့်တော့ တူညီခြင်း မရှိသေးပေ။
နဂါးသင်္ချိုင်းတံခါးအတွင်းမှနဂါးများ ပြန်လည်အသက်ရှင်မလာနိုင်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။ သို့သော် ယခင်က ရေခဲနဂါးသိုင်းသူတော်စင်နေထိုင်ရာ ရေခဲနန်းတော်ထဲတွင် တွေ့ရှိခဲ့ရသော ရေခဲနဂါးရုပ်အလောင်းကြီးကဲ့သို့ပင် အသက်သေဆုံးပြီးသည့်တိုင် ဝိညာဉ်စွမ်းအားများက ဆက်လက်ကျန်ရှိနေသေးသဖြင့် နဂါးမျိုးနွယ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ မရဏချီများနှင့် ရောယှက်နေသည့် နဂါးရောင်ဝါများက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ထို့ပြင် နဂါးသင်္ချိုင်းတံခါးအတွင်းမှ အချန်နှင့်နေရာသည် သမုဒ္ဒရာကမ္ဘာနှင့် တူညီခြင်းမရှိဘဲ အခြားကမ္ဘာတစ်ခုအလား ကွဲလွဲနေပေသည်။
ထို့ကြောင့် လက်ရှိတွင် နဂါးသင်္ချိုင်းတံခါးအတွင်း အလျင်စလို ဝင်လိုက်မည်ဆိုပါက သိုင်းသူတော်စင်တစ်ယောက်ပင် ဖြစ်နေပါစေ လေ့ဟွမ်ဂိုဏ်းကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး မည်သူမှ ကယ်တင်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ အခြေအနေကို တဖြည်းဖြည်း နားလည်လာသည်။
“ကြည့်ရတာ နဂါးသင်္ချိုင်း တဖြည်းဖြည်းငြိမ်သက်သွားတဲ့အထိ အချိန်အတော်ကြာအောင် စောင့်ရမယ်ထင်တယ် ၊ ဘယ်လောက်ကြာကြာစောင့်ရမလဲဆိုတာတော့ ငါလည်း မခန့်မှန်းတတ်ဘူး”
အချိန်အတန်ကြာပြီးနောက် အခြားသော သိုင်းဂိုဏ်းများမှ သိုင်းသမားများသည်လည်း သတင်းကြားပြီး အပြေးအလွှားရောက်ရှိလာကြသည်။
သူတို့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း တစ်ယောက်မျက်နှာတစ်ယောက်သာ ကြည့်နိုင်ကြပြီး စကားမပြောနိုင် ရှိနေကြလေ၏။