← Chapters

ဟန်ကျုံးအားသတ်၍ ဝမ်တန်ဖေးနှင့်စီးချင်းထိုးခြင်း

Vol. 3 Ch. 30

ဟန်ကျုံးအားသတ်၍ ဝမ်တန်ဖေးနှင့်စီးချင်းထိုးခြင်း

Vol. 3 Ch. 30

စင်မြင့်၏အောက်ဖက် လေ့ကျင့်ကွင်းတစ်နေရာတွင် ရှန့်ကွမ်းရှိုူးသည် တင်းမာသောအပြုံးဖြင့် မတ်တတ်ရပ်လျက်ရှိနေသည်။ မန်ဟိုသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူဂရုမစိုက်ပေ၊ သူလိုချင်သည်မှာ မန်ဟို၏ သိုလှောင်အိတ်နှင့် ရတနာများပင် ဖြစ်သည်။

မန်ဟိုသည် အတွင်းစည်းတပည့်အဆင့်တိုးလေ့ကျင့်မှုသို့ နာမည်စာရင်းသွင်းပြီးသွားသည့်အချိန်တွင် သူသည် ကျိုးနှင့်ရင် ကိုသွားရောက်ရှာဖွေပြီး တောင်နက်ကြီးတွင်ဖြစ်ဖျက်ခဲ့သမျှအရာအားလုံးက်ု စုံစမ်းမေးမြန်းခဲ့သည်။ မန်ဟိုသည် မိစ္ဆာမှော်ပညာတစ်ချို့၏အကူအညီဖြင့် မိစ္ဆာသားရိုင်းတွေကို ရန်စခဲ့ကြောင်းကို သူ သိခဲ့ရ၏။

ရှန့်ကွမ်းရှိုူးက ထိုအရာသည် မိစ္ဆာမှော်ပညာမဟုတ်ဘဲ မှော်ရတနာပစ္စည်းတစ်ခုကြောင့် ဟု အခိုင်အမာယုံကြည်ထားသည်။

မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူထံရောက်ရှိလာသော နှစ်ရောင်ခြယ်မြူခိုးဝိညာဉ်များကို ကြည့်လိုက်သည်။ သူ၏ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး သူ၏ရှေ့သို့ဝှေ့ယမ်းလိုက်သည်။ မမြင်ရသော လေဓား တစ်ချာင်းပေါ်ထွက်လာပြီး အရှိန်ဖြင့်လာနေသော မြူခိုးဝိညာဉ်များဆီပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် လက်တစ်ဆုပ်စာမျှရှိသော သားရိုင်းအမြုတေကိုလျင်မြန်စွာ မျိုချလိုက်၏။ ထို့နောက် သူ၏ဝတ်ရုံလက်အစကို ‘မ’လိုက်ပြီး သိုလှောင်အိတ်ကိုပုတ်လိုက်လေသည်။ ဓားတွေတစ်သီကြီး သူ၏အိတ်ထဲက ပျံဝဲထွက်လာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားပေါင်းနှစ်ဆယ်လောက်ပေါ်ထွက်လာပြီး လေထဲ၌ပြည့်နှက်သွားလေသည်။ အလွန်ထိတ်လန့်စရာပင်။ ဓားများအားလုံးကို နှစ်ရောင်ခြယ်မြူခိုးဝိညာဉ်များဆီသို့ ပစ်လွှတ်လိုက်သည်။

များစွာသော ဓားများသည် အခြေအနေပုံသဏ္ဌာန်အမျိုးမျိုး၊ အရောင်အမျိုးမျိုးဖြင့် ပေါ်ထွက်လာခြင်းဖြစ်သည်။

၎င်းတို့ကိုမြင်လိုက်ရသောအခါ ဝန်းရံကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ‘ဟာခနဲ’၊ ‘ဟင်ခနဲ’ ပင့်သက်ရှိုက်ရင်း အံ့အောကုန်ကြရင်း ၎င်းအချင်းအရာနှင့် ပက်သက်၍အချင်းချင်းတီတိုးမပြောနိုင်ခင်မှာပင် လေဓားသည် မြူခိုးဝိညာဉ်များဆီသို့ရောက်ရှိသွားသည်။

“ဘန်း....ဘန်း.....ဘန်း”

မြူခိုးဝိညာဉ်များ တုန်ခါသွားကြသည်။ ထို့နောက် ဓားပျံများကိုပစ်လွှတ်လျင် ကျောချမ်းစရာကောင်းသော ညဉ်းညူသံများကို ကြားလိုက်ရလေသည်။ နှစ်ရောင်ခြယ်မြူခိုးဝိညာဉ်များသည် သဘာဝလွန်သောအရာ များဖြစ်သော်လည်း ဓားပျံများကအလွန်များပြားလွန်းနေသည်။

မြူခိုးဝိညာဉ်များသည် အပိုင်းပိုင်းအစစ ပြဲထွက်ကုန်ပြီး ဓားများသည်ဆက်လက်၍ ငါးရောင်ခြယ်အောင်လံတော် ကို ခုတ်ပိုင်းလိုက်လေသည်။ အလွန်ကြီးမားသောပေါက်ကွဲမှုကြီးနှင့်အတူ အလံတော်သည်လည်း အစိတ်စိတ်အမြွာမြွာဖြစ်သွားလေတော့သည်။ ဓားပျံမျာသည်လည်း တစ်ဝက်ခန့်ပျက်စီးသွားတော့သည်။ ဟန်ကျုံးသည် ရူးသွပ်စွာဖြင့်ကြည့်လိုက်လေသည်။ မန်ဟိုသည်

သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်ပြီး မိစ္ဆာသားရိုင်းအမြုတေ နောက်ထပ်တစ်လုံးကို မျိုလိုက်လေသည်။ ထပ်မံ၍ ဓားပျံ ၁၀ချောင်းထွက်လာပြီး အရှေ့သို့ပစ်လွတ်လိုက်လေသည်။

ဟန်ကျုံးသည် မန်ဟို၌ ယခုကဲ့သို့ဓားပျံအများကြီး ရှိလိမ့်မည်ဟု မည်သည့်အခါကမှ စိတ်မကူးကြည့်ခဲ့ဘူးပေ။ သူသည် နောက်ဖက်သို့ပြန်ဆုတ်လိုက်ပြီး သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်လေသည်။ တောက်ပ၍ အလွှာနှစ်ထပ်ရှိသော အကာအကွယ်တစ်ခုသူ၏ ဘေးပတ်လည်တွင် ပေါ်ပေါက်လာခဲ့သည်။ သို့သော် သူ၏စိုးရိမ်မှုကား ပျောက်၍မသွားပေ။ ခန္ဓာကိုယ်ရှိ အမွှေးများအားလုံးထောင်သွားပြီး ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားလေသည်။ ဤနေရာတွင် သေခြင်းနှင့်ရှင်ခြင်းတရားများ ညီမျှနေသည်ကို သူသဘောပေါက်လိုက်သည်။သူသည် ညာလက်ကိုထပ်မံ၍ ရွေ့လျားလိုက်လျင် ကျောက်စိမ်းဘယက်ခွက်တစ်ခုက သူ၏ရှေ့တွင်ပေါ်ပေါက်လာပြီး နောက်ထပ် အကာအကွယ်တစ်ခု သူ၏ပတ်လည်တွင် ပေါ်လာ၏။ အကာအကွယ် သုံးခုပြုလုပ်ပြီးသည့်နောက်တွင် အနည်းငယ်ပိုကောင်းသွားပြီ ဟုသူ တွေးမိလိုက်သည်။

ထို့နောက်တွင် ဓားများသည် မိုးကဲ့သို့ရွာချလာလေသည်။ ဓား၏အရောင်အဝါများသည် မရပ်မနား လျှက်ပြက်သကဲ့သို့ ကျဆင်းလာသည်။ သူတို့သည် အကာအကွယ်ပထမအလွှာကို ထပ်ခါထပ်ခါပစ်စောင့်ပြီး အစိတ်စိတ်အမြွာအမြွာ ခွဲကြေပစ်လိုက်သည်။ မကြာမီမှာပင် ဒုတိယအလွှာသည်လည်း ဓားမိုး၏ဒဏ်ကိုမခံနိုင်ဘဲ အပိုင်းပိုင်းအစစ ကွဲကြေထွက်သွားခဲ့သည်။

“သူမှာ ဓားပျံတွေ ဘယ်လောက်တောင်ရှိနေတာလဲ” ဟန်ကျုံး၏မျက်စိများကျဉ်းမြောင်းသွားပြီး ကြောက်ရွံနေပုံရသည်၊။ အနောက်ဖက်သို့ဆုတ်လိုက်သည်။

မျက်စိတစ်ဖျတ်အတွင်းမှာပင် တတိယအလွှာအကာအကွယ်သည်လည်း တစ်ပိုင်းတစ်စစီ ဖြစ်သွားခဲ့လေသည်။ ကျောက်စိမ်းဘယက်ခွက် သည်လည်း တစ်စစီကွဲကြေသွားလေတော့သည်။ များစွာသော ဓားများ၏အစွမ်းကိုခုခံရန်မစွမ်းသာပေ။ ဓားမိုးကြီးသည် ဟန်ကျုံးအပေါ်သို့ကျရောက်လာလေတော့သည်။ ဓားများသည် တစ်ချောင်းပြီးတစ်ချောင်း သူ၏ကိုယ်ထဲသို့စိုက်ဝင်ကုန်ကြ၏။ ၎င်းတို့သည် အလောင်းကောင်ကို လေထဲသို့ပင့်မလိုက်ပြီးနောက် စင်ပေါ်သို့ပြန်ကျသွားလေတော့သည်။ သူ့မှာ အချိန်အနည်းငယ်မျှတဆန့်ငင်ငင် အကြောဆွဲနေပြီးနောက် နောက်ဆုံးထွက်သက် ထွက်သွားလေတော့သည်။ သူသည် ဓားပေါင်းများစွာ စိုက်ဝင်နေသောကြောင့် ဖြူကောင်နှင့် အလားတူနေ၏။ ကြည့်နေကြသော လူတိုင်းပင့်သက်ရှိုက်ရင်း ကြက်သေ သေကုန်ကြသည်။

“ဘယ်လို.... ဘယ်လို... ဘယ်လိုများ သူမှာဒီလောက် ဓားအများကြီးရှိနေတာလဲ”

“သူမှာ ဓားပျံတွေအများကြီးပဲ။ ဒါကြောင့်သူကိုယ်ပိုင်ဆိုင် ဖွင့်နိုင်တာကို အံ့ဩစရာမရှိတော့ဘူး။ လွန်ခဲတဲ့ရက်တွေတုန်းက သူဓားတွေ ၁၀ချောင်းလောက်ရောင်းနေတာကို ငါတွေ့ခဲ့သေးတယ်၊ သူကဆေးလုံးတွေတင်မဟုတ်တော့ဘူး၊ မကြာသေးခင်က မှော်အသုံးအဆောင်ပစ္စည်းတွေပါရောင်းနေပြီ”

“မန်ဟိုတော့ ပွပေါက်တစ်ခုတိုးနေတာပဲဖြစ်ရမယ်။ သူရဲ့ ချီဓာတ်အတွင်းအားကလည်း မယုံနိုင်လောက်အောင်ကို တိုးတက်တာမြန်လွန်းနေတယ်။ သူရတနာသိုက်တစ်ခုတွေ့ထားတာဖြစ်မယ်”

တွတ်ထိုးပြောဆိုဝေဖန်သံများက လေထဲ၌ ကျွက်ကျွက်ညံနေကြသည်။ ရှန့်ကွမ်းရှိုူးသည် မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး သူ၏မျက်နှာမှာအုံမှိုင်းသွားလေသည်။

မန်ဟိုသည် စင်မြင့်ထက်၌မတ်တတ်ရပ်လိုက်ပြီး သူ၏မျက်နှာမှာ ဖြူဆုတ်နေလေပြီ။ သူတွင် စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်တော့ကျန်ရှိနေသေးသည်။ သူ၏တိုက်ခိုက်မှုများ အထူးသဖြင့် နောက်ဆုံးအခေါက် ဓားပျံအချောင်းနှစ်ဆယ် ထုတ်လိုက်ချိန်တွင် သူ၏စွမ်းအင်များလျင်မြန်စွာ ယုတ်လျော့သွားခဲ့သည်။

သူသည် စဦးချီဖွဲ့စည်းခြင်း အဆင့်၆ မျှသာဖြစ်သည်။ ကံကောင်းစွာပင် မိစ္ဆာသားရိုင်းအမြုတေတွေကို သူ အသုံးပြုလိုက်ခြင်းက သူ၏တိုက်ခိုက်မှုကို ပိုမိုထိရောက်စေခဲ့သည်။ တိုက်ခိုက်ရေးနည်းလမ်းများသည် သူကိုယ်တိုင်တီထွင်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အကျွမ်းဝင်စေရန် သူမကြာခဏလေ့ကျင့်ခဲ့ရသည်မဟုတ်ပါလော။

သူသည် ညာလက်ကိုလွှဲယမ်းလိုက်လျင် ဟန်ကျိုး၏ကိုယ်၌စိုက်ဝင်နေသောဓားများသည် သူထံသို့ပြန်ရောက်လာကြပြီး လမ်းတစ်လျောက်လုံး သွေးတစ်စက်စက်ကျဆင်းကျန်ရစ်ခဲ့သည်။ ၎င်းတို့သည် သိုလှောင်အိတ်ထဲသို့ ပြန်မရာက်ခင် မန်ဟို၏ကိုယ်ကို စက်ဝိုင်းပုံစံပတ်လိုက်ကြသည်။

သူသည် စင်မြင့်ပေါ်မှာပြန်၍ဆင်းလိုက်ပြီး ဖက်တီး၏ဘေးတွင် ပဒုမမုဒြာပုံစံထိုင်ချလိုက်သည်။ သူသည် မိစ္ဆာသားရိုင်းအမြုတေကို ပါးစပ်ထဲသို့ပစ်သွင်းလိုက်ပြီး ၎င်းပျော်ဝင်သွားသည်ကိုခံစားလိုက်ရသည်။

သူသည် မိစ္ဆာသားရိုင်းအမြုတေများစွာစားသုံးနေသည်ကို လူအများမြင်သွားမည်ကိုလဲ ဂရုစိုက်မအားတော့။

ဒီအပြင်သူသည် နောက်တိုက်ပွဲအတွက် အာရုံစိုက်လိုက်သည်။ ဝမ်တန်ဖေး၏ လက်လေးချောင်း တိုက်ခိုက်မှု၌ သူ၏အရှက်ရမှုကို သည်းခံခဲ့ရသည်မဟုတ်ပါလား။ သူဒီနေ့ ဒီရက်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည်မဟုတ်ပါလား။

ဆရာကြီးအိုးရန်သည် မန်ဟိုကိုတစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် သဘောကျထောက်ခံမှုများပြည့်နှက်နေသည်။ သူသည် မန်ဟိုကို အပြင်စည်းဂိုဏ်းသို့ စတင်ဝင်ရောက်သည့်နေ့ကတည်းကပင် နှစ်ထောင်းအားရဖြစ်ခဲ့သည်။ သူ၏မျက်စိရှေ့တွင် မန်ဟိုကတိုးတက်လာခဲ့ခြင်းဖြစ်သည်။ သူ၏မျက်နှာမှ ကျေနှပ်မှုအရိပ်အယောင်များများထုတ်လွှတ်နေသည်။

ဆရာကြီးအိုးရန်သည် မန်ဟိုတွင်မည်ကဲ့သို့သော ကံကောင်းမှုမျိုးရှိနေလဲ သူစိတ်မဝင်စားပေ။ ကျင့်ကြံသူတစ်ယောက်တွင် ကံကောင်းမှုများရှိနေခြင်းက ကံတရား၏မျက်နှာသာပေးမှုပင်ဖြစ်သည်။

အထူးသဖြင့် ကံတရား၏ကောင်းချီးအပေးခံထားရသောလူမျိုးကို သူနှစ်သက်သည်။ သူ၏အပြုံးတွင် ကြင်နာမှုများဖြင့် ပြည့်နေသော်လည်း သူ၏အတွင်းစိတ်၌ စိတ်ထိခိုက်နေမိသည်။

“ဒီအတွင်းစည်းလေ့ကျင့်မှုပြိုင်ပွဲမှာ ဘယ်သူ သေတာ၊ရှင်တာကို အသာထားလိုက်ဦး။ ဝမ်တန်ဖေးရဲ့ပင်ကိုယ်ပါရမီက နှစ်တစ်ရာကာလအတွင်းမှာမြင်ရခဲတာမျိုးပဲ။ သူရဲ့ချီဓာတ်အတွင်းအားက သူ့အသက်နဲ့မလိုက်အောင်ကို ထူးကဲသာလွန်နေတယ်။ သူရဲ့အရည်အချင်းတွေက ဂိုဏ်းရဲ့ခေတ်ကောင်းစဉ် အချိန်တွေတုန်းကတောင် မြင်တွေ့ရခဲတဲ့ ပါရမီမျိုး။ မန်ဟိုအနေနဲ့ သူ့ကို မနိုင်လောက်ဘူး” ..... သူသက်ပြင်းရှည်ကြီးချမိလိုက်သည်။

ရှန့်ကွမ်းရှိုူးသည် လူအုပ်ကြားထဲ၌မတ်တတ်ရပ်နေပြီး သူ၏မျက်နှာမှာ ခက်ထန်နေသည်။

မန်ဟို ကိုဟန်ကျုံးရှုံးနိမ်လိမ့်မည်ဟု သူတစ်ခါမှစိတ်မကူးခဲ့ဘူး။ အထူးသဖြင့် သူ၏ အစွမ်းအထက်ဆုံးရတနာကို ၎င်းအားပေးအပ်လိုက်စဉ်တွင်ဖြစ်သည်။ ငါးရောင်ခြယ်အောင်လံတော် မှ ဆင့်ခေါ်ခဲ့သော် မြူခိုးဝိညာဉ်များကိုလည်း မန်ဟိုက ပြဿနာမရှိသည့်အလားဖျက်စီးပစ်ခဲ့သည်။

ဒါတင်မကသေး မန်ဟို၏များစွာသောဓားပျံများက ထိုအရာကို မွစာကြဲနေအောင်နုတ်နုတ်စဉ်းသွားသည်။

မြောက်များစွာသော ဓားပျံများကိုမြင်လိုက်ရသောအခါတွင် ရှန့်ကွမ်းရှိုူးပင်လျင် တုန်လှုပ်ချောက်ချားသွားသည်။

အဆင့်နိမ့်ဓားများဖြစ်နေသည့်တိုင်အောင် ထက်မြက်နေတုန်းပင်။ သံတိုသံစများပင်ဖြစ်စေကာမူ အရေအတွက်မြောက်များစွာဖြစ်လာခဲ့လျင် တုန်လှုပ်ချောက်ချားအံ့အားသင့်အောင် လုပ်နိုင်စွမ်းသည်မဟုတ်ပါလား။

ထိုအခိုက်တွင် အရှေ့ဘက်တောင်၏အဝေးတစ်နေရာ၌ အသက် လေးဆယ်ခန့်ရှိသော အသက်အလတ်ပိုင်းအရွယ်ရှိလူတစ်ယောက် မတ်တတ်ရပ်လျက်ရှိနေသည်။ သူသည် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပညာရှင်ပုံပေါက်နေသည်။ သူသည် အပြင်စည်းဂိုဏ်း၏ လေ့ကျင့်ကွင်းရှိပြိုင်ပွဲများကိုစောင့်ကြည့်နေခြင်းဖြစ်ပြီး သူ၏မျက်လုံးများသည်ထူးခြားစွာတောက်ပနေပြီး မန်ဟိုကိုအာရုံစိုက်လိုက်လေတော့သည်။

“ဒီကလေး ကို ဒီမတိုင်က သတိမထားမိဘူး၊ ပြောရလောက်အောင် ထူးခြားတဲ့ပါရမီမရှိပေမဲ့ အလွန်ဆန်းကြယ်တဲ့ကံကောင်းမှုတွေကိုတော့ ပိုင်ဆိုင်ထားပုံရတယ်။” အနှီပုဂ္ဂိုလ်မှာ တစ်ခြားသူမဟုတ် အောချယူလောက်အောင် အစွမ်းထက်သော ဂိုဏ်းချုပ်ဟယ်လောဟွာဖြစ်သည်။ သူသည် ချီအမြုတေအဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။

“တကယ်လို့ ဝမ်တန်ဖေးနဲ့သာမပြိုင်ရဘူးဆိုရင် ဒီကလေးက အတွင်းစည်းတပည့် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဝမ်တန်ဖေးနဲ့ဆိုရင်တော့ခက်ခဲလိမ်မယ်” ဂိုဏ်းချုပ်ဟီလျောင်ဟွားသည် မန်ဟိုကို ကြင်နာစွာကြည့်လိုက်သည်။ သူသည် စဦးချီဖွဲ့စည်းတပည့်များအကြားတွင် ဖြစ်ပျက်နေလေ့ရှိသော

ကံနှင့်ကြမ္မာ အကြား အလှည့်အပြောင်းများကို သူစိတ်မဝင်စားတော့ပေ။ အားလုံးက သဘာဝအတိုင်းသာ ဟု သဘောပိုက်ထားပုံရ၏။

တပည့်တစ်ယောက်ကံကောင်းခဲ့လျင်လည်း သူပျော်ပါလိမ့်မည်။ ယခု ဝမ်တန်ဖေးရှိနေသည့်အတွက် မန်ဟိုအောင်နိုင်မည့် အခွင့်အရေးကိုလည်း ပုံသေကားကျ တွက်မထားချေ။

“ဗော်ပယ်ကျောက်စိမ်းပြား အပိုင်းအစတွေက ၃ခုပဲရှိတာဆိုးတာပဲ။ ဝမ်တန်ဖေးအတွက်နေရာက ဟိုးအရင်ထဲကသတ်မှတ်ထားပြီးသား.. မဟုတ်ရင်တာ့....” ဂိုဏ်းချုပ်ဟီလျောင်ဟွားသည် ခေါင်းကိုခါယမ်းလိုက်သည်။ သူဆုံးဖြတ်ချက်ချလိုက်တော့သည်။ ဘာပဲဖြစ်ပါစေ အကယ်၍ မန်ဟိုသေခဲ့မည်ဆိုလျင်တောင်သူအနေနှင့် ဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ပေ။ သူသက်ပြင်းချလိုက်သည်။

ဆရာကြီးအိုးရန်သည် မန်ဟို၏စိတ်ဝိညာဉ်စွမ်းအင်နဂိုအတိုင်း ပြန်လည်ဖြည့်တင်းလာမည်အချိန်ကို ခွင့်ပြုပေးထားလိုက်ပြီး အချိန်ကိုဆွဲထားလိုက်သည်။ သူ၏ဘက်လိုက်မှုကို အထင်အရှားပြထားသော်လည်း ပွဲကြည့်ပရိတ်သတ်မည်သူကမှ အထွန့်တက်၍မပြောရဲ။

ဝမ်တန်ဖေးမှာ မည်သူကိုမျှ ဂရုစိုက်ခြင်းမရှိ။ ယုတ်စွအဆုံး မန်ဟို၏ ချီဓာတ်အတွင်းအား မှင်သက်စေလောက်အောင် လျင်မြန်စွာတိုးတက်လာနေခြင်းနှင့် ဆရာကြီးအိုးရန်၏ ဝင်ရောက်စွက်ဖက်မှုကိုပင် သူများစွာတွေးမနေခဲ့။ သူ၏နှလုံးသားထဲတွင် မန်ဟိုသည်ရတနာများကို ယူသွားသူဟု သူမစဉ်းစားထားခြင်းဖြစ်သည်။ သူမြင်ခဲ့ရသည့် မှိန်ဖျော့ဖျော့အလင်းစက်နှင့်လူ ဖြစ်ရမည်ဟု သူအခိုင်အမာယုံကြည်ထားသည်။

ထိုအကြောင်းကိုပြန်တွေးမိလျင် သူနှလုံးသားတွေတဆတ်ဆတ်နာကြင်လာပြီး သွေးမျက်ရည်ကျလုမတတ်ဖြစ်သည်။ ယခုအချိန်တွင် အမွေအနှစ်သည် သူနှင့်အတူမရှိတော့။ သူကား အပြင်လူဖြစ်သွားခဲ့ချေပြီ။ ယင်းကို ပိုင်ဆိုင်ထားသောလူ သူ၏ရှေ့တွင် လာရောက်မတ်တတ်ရပ်နေခဲ့လျင်တောင် သူ့အနေဖြင့်မသိနိုင်တော့။

“အမွေအနှစ်က သူ့ဆီမှာ မရှိတော့တာကြာပြီ။ ဒါပေမဲ့ ရတနာကတော့...” ဝမ်တန်ဖေးသည် လက်များကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သူသည်ဓားကို အဝေးမှသာမြင်ဖူးခဲ့ခြင်းဖြစ်သည်။ သူသည်ဓားနှင့် ပက်သက်၍ ရှေးဟောင်းမှတ်တမ်းကျမ်းများတွင်သာ ဖတ်ဖူးခဲ့ခြင်းဖြစ်ပြီး ထိုအရာက ဘာလုပ်နိုင်သလဲဆိုတာသူမသိချေ။

ဓား၏ချီစွမ်းအင်သည် ကောင်းကင်၊မြေကြီး အရာအားလုံးကိုလွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ရှေးဟောင်းကျမ်း၌ အတိအကျဆိုထားသည်။

သူသည် ထိုအရာကိုရယူရန်အတွက် တစ်လျောက်လုံးလေ့လာဖို့အရာ အစီအစဉ်များချမှတ်ခဲ့ရသည်။ သို့သော် ယခုအခါတွင်ထိုအရာအားလုံးသည် စိတ်ကူးသာသာမျှဖြစ်တော့သည်။

ဝမ်တန်ဖေးသည် မျက်လုံးများကိုမှိတ်လိုက်ပြီး အသက်ခပ်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည် ။ထို့နောက် တပျဉ်ခွေထိုင်ချလိုက်သည်။

“အမွေအနှစ်နဲ့ ရတနာတွေအခိုးခံလိုက်ရလည်း ငါကဝမ်တန်ဖေးပဲ။ မှီခိုရာဂိုဏ်းက ငါ့ကိုပိုင်ဆိုင်ထားရတာပဲ၊ ဒါကငါရဲ့ဒုတိယပန်းတိုင်ပဲ။ ငါမှာရတနာနဲ့ အမွေအနှစ်အမှတ်အသားမရှိရင်တောင် ဒီမုန်းစရာကောင်းတဲ့ မှီခိုရာဂိုဏ်းရဲ့ အတွင်းစည်းတပည့်ကတော့ဖြစ်လာမှာပဲ။ ဒါက ငါ့ကံကြမ္မာပဲ”

“တစ်ခါလေး ရှုံးဖူးတာဘာဖြစ်သေးလဲ၊ ငါဆိုတဲ့ကောင်က ဝမ်တန်ဖေးပဲ”။

သူ၏ အပြင်ပိုင်းတွင်် အေးဆေးတည်ငြိမ်နေသကဲ့သို့ အတွင်းစိတ်သည်လဲ ငြိမ်းအေးတည်ငြိမ်၍ အရှုံးမှ ရုန်းထွက်နိုင်အောင် သူအားထုတ်နေခြင်းဖြစ်သည်။

ဝမ်တန်ဖေးသည် မာနကြီး၍စိတ်ကြီးဝင်နေသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်အရာရာ၌ပြည့်စုံ၍ အရွေးချယ်ခံဖြစ်သည်။ ကောင်းကင်ဘုံ၏ ကောင်းချီးရထားသူမဟုတ်ပါလား။

သူသည်စိတ်ဝင်စားမှုမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အတွင်းစည်းဂိုဏ်းလေ့ကျင့်မှုသည် သူ့အတွက်တံခါးဖွင့်ပေးခြင်းဖြစ်ကြောင်း သူသိနေသောကြောင့်ဖြစ်သည်။ ဒါကဂိုဏ်းစည်းကမ်းများ၏ လုပ်ထုံးလုပ်နည်းအရသာ ပွဲကို ဟန်ပြအနေဖြင့် ကျင်းပပေးခြင်းဖြစ်သည်။

သူသည် ဂိုဏ်းသို့စတင်ဝင်လာသည့်အချိန်ကတည်းက အခြားသူများနှင့်မတူ ထူး ခြားနေခဲ့ခြင်းဖြစ်သည်။ အပြင်စည်းဂိုဏ်းသားများအတွက်မူ သူသည် အစောကတည်းက အတွင်းစည်းတပည့်ဖြစ်နေခဲ့ပြီးဖြစ်သည်။

သူ၏စိတ်တွေငြိမ်အေးသွားခဲ့ပြီ။ သူသည်မှီခိုရာဂိုဏ်းအကြောင်းကို နည်းနည်းလေးမျှပင် ဂရုမထားပေ။

ဤကဲ့သို့ဂိုဏ်းငယ်လေးက သူအတွက်ဘာမျှပင်မဟုတ်ချေ။ သူတို့မျိုးနွယ်စုမှ သာမန်လူ တစ်ယောက်ပင်လျင် ဤဂိုဏ်းကိုအမှုန့်ချေပစ်နိုင်ပေသည်။ သူ၏ရည်ရွယ်ချက်ကြောင့်သာ

မဟုတ်ခဲ့လျင် ဤသို့ခေတ်မမီနောက်ကျနေသောကျိုးပြည်ကို သူခြေဦးပင်လှည့်မည်မဟုတ်ပေ။

စွမ်းအားကြီးလှသော သူ၏မျိုးနွယ်စုထံသို့ပြန်နေခဲ့လျင် ကောင်းကင်နှင့်မြေကြီးကိုပင် ခါယမ်းနိုင်စွမ်းရှိသည်။

သူသည် တည်ငြိမ်အေးဆေးသလောက် မာနကြီး၍အလွန်မောက်မာသည်။ သူအနေနှင့်

နာမည်ပင်မမှတ်မိသော လူတစ်ယောက် ချီအတွင်းအားပြန်ပြည့်လာသည်ကို မည်သို့မှ ဂရုစိုက်ရန်မလိုပေ။ ထို့ကြောင့် အချိန်ဆွဲထားခြင်းကို ခွင့်ပြုထားခြင်းမည်သည်။

အမွှေးတိုင်တစ်တိုင်စာလောက်ကြာပြီးချိန်တွင် မန်ဟိုသည် ရုတ်တရက်မျက်လုံးများပွင့်လာသည်။

သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၅ ရှိသူကိုသတ်ခဲ့ပြီးပြီ။ ဟန်ကျုံးကိုလဲသတ်ခဲ့ပြီးပြီ။

ဒီမတိုင်ခင်က တစ်ရက်ထဲတွင် လူသည်လောက်များများကိုမသတ်ဘူးခဲ့ပေ။ သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည်များရှိနေသည်။ သူသည် ဝမ်တန်ဖေး၏ ခြေထောက်အောက်တွင် ကျရောက်ခဲ့ရသည်။ သို့သော် ယနေ့တွင် သူသည်းခံမြိုသိပ်ခဲ့ရသည့်

အရှက်ရမှုအတိုင်းအတွက် ဝမ်တန်ဖေး ပြန်လည်ပေးဆပ်ရလိမ့်မည်။

မန်ဟိုသည် စကားတစ်ခွန်းမှမဟပဲ ဖြေးညင်းစွာ မတ်တတ်ထရပ်လိုက်တော့သည်....။

All Chapters