တိုက်ခိုက်ကြခြင်း
Vol. 3 Ch. 31
“လေ့ကျင့်မှု၏နောက်ဆုံးပြိုင်ပွဲ” ဆရာကြီးအိုးရန်က ပြောလိုက်ပြီး မန်ဟိုကို အားပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “မန်ဟိုနဲ့ ဝမ်တန်ဖေး နိုင်တဲ့လူက အတွင်းစည်း ဂိုဏ်းသားအဆင့်ကိုတိုးမယ်”
အားလုံးက မန်ဟိုစင်မြင့်ပေါ်သို့တက်သွားသည်ကို စိုက်ကြည့်နေကြသည်။ ဝမ်တန်ဖေးသည် သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး ဂရုစိုက်ပုံမပေါ်ပဲ လျှောက်သွားလိုက်သည်။ ဆွေးနွေးပြောဆိုသံများက အပြင်စည်းဂိုဏ်းတစ်ခုလုံး ပေါက်ကွဲထွက်လာသည်။
“မန်ဟိုက တကယ်စိန်ခေါ်ဖို့ စင်ပေါ်ကိုတက်သွားတာပဲ၊ သူရဲ့ကျင့်ကြံမှုချီဓာတ်က ကောင်းတယ် ။ သူဟန်ကျုံးကိုသတ်ခဲ့တာနဲ့ပဲ အခုအစ်ကိုကြီးဝမ်ကို တိုက်ခိုက်တော့မယ်ပေါ့။ ဒီကောင် ကိုယ့်အဆင့်ကို မသိတာပဲ”
“လျောက်တဲ့လမ်းမှာ ဆူးငြောင့်ခလုတ်ကတော့ ရှိစမြဲပဲ။ အစ်ကိုကြီးဝမ်အတွက်ကတော့ ဒါက အထက်ကိုရောက်ဖို့နင်းတက်သွားရမဲ့ ကျောက်တုံးလေး သာသာလောက်ပဲ”
“ငါ မှတ်မိသေးတယ် အစ်ကိုကြီးဝမ်တန်ဖေးက တစ်ခြားတစ်ယောက်ကို လက်ဆောင်အဖြစ် ပေးထားတဲ့ မှော်ပစ္စည်းလေး ကို ဒီကောင် သွားလုယူတဲ့အချိန်တုန်းက ဟိုကဆုံးမလိုက်တာ၊ အစ်ကိုဝမ်တန်ဖေးရဲ့ အရှေ့မှာကြ ပုရွက်သာသာလောက်ပဲရှိတော့တာ” လှောင်ပြောင်သရော်သော စကားပြောသံများက လေထဲ၌ ပျံ့လွင့်လာလေသည်။ စင်စစ်အားဖြင့် လူတိုင်းကမန်ဟိုကို ရန်လိုမုန်းထားရှိသည်တော့မဟုတ် သို့သော် သူတို့၏စိတ်ထဲတွင် အစ်ကိုကြီးဝမ်တန်ဖေးဆိုသည်မှာ သွားကလိ၍ရသူမဟုတ်ဟု မှတ်ယူထားကြသည်။
“မန်ဟိုသည် ဝမ်တန်ဖေး၏လက်ချက်နှင့်သေခဲ့ပါမူ၊ သူအနေနှင့် သိုလှောင်အိတ် အလွယ်တကူရနိုင်တော့မည် မဟုတ်ပေ” ရှန့်ကွမ်းရှိုူးကတွေးလိုက်ပြီး မျက်မှောင်တစ်ချက်ကြုတ်ကာ မန်ဟိုကိုလှမ်းကြည့်လိုက်သည်။
လူအုပ်ကြီးထဲရှိ လူများအားလုံးက မန်ဟိုကိုလှောင်ပြောင်သရာ်အထင်သေးကြသည်၊ သို့သော် တစ်လောကလုံးကိုဆန့်ကျင်ပြီး ရုတ်တရက် စူးစူးဝါးဝါးအော်သံတစ်ခုက ရှင်းရှင်းလင်းလင်းထွက်လာ၏။
“လုပ်၊လုပ် မန်ဟို! မင်းနိုင်ရမယ်၊ နောက်ထပ်အတွင်းစည်းတပည့်က မန်ဟိုပဲဖြစ်ရမယ်။” ဖက်တီးသည် လေ့ကျင့်ကွင်းအောက်မှနေ၍ ငယ်သံပါအောင် အော်ဟစ်နေခြင်းဖြစ်သည်။
အသံများက မန်ဟို၏နားထဲသို့ ဗလုံးဗထွေးဝင်ရောက်လာသည်။ သို့သော် သူတို့မှာ အလွန်ဝေးကွာနေပုံရ၏။ သူသည် တည်ငြိမ်အေးဆေးစွာ မတ်တတ်ထရပ်လိုက်ပြီး ဝမ်တန်ဖေးအား အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။ မန်ဟိုသည် ကျင့်ကြံသူလောကသို့စတင်ဝင်ရောက်ချိန်မှစ၍ ယခုအချိန်အထိ ဤမျှလောက်အစွမ်းထက်သောရန်သူမျိုးနှင့် တစ်ခါမျှရင်မဆိုင်ဘူးသေးကြောင်း သူသိပါသည်။
သူ့အတွက် အခက်အခဲအပြင်းထန်ဆုံး တိုက်ပွဲဖြစ်လိမ့်မည်။
သို့သော် သူကနောက်ရွံသွားခြင်းမရှိဘဲ ရင်ဆိုင်တိုက်ခိုက်လိမ့်မည်။ ဘဝတွင် ယောကျာ်းကောင်း အာဇာနည်တစ်ဦးအနေနှင့် ဂုဏ်သိက္ခာကြောင့် မဖြစ်မနေပြုလုပ်ရမည့်အရာများရှိသည်မဟုတ်ပါလား။
ထို့နေ့က အဖြစ်အပျက်များသည် ရုပ်ရှင်ပိတ်ကားတွင်ပြဘိသကဲ့သို့ သူ၏ခေါင်းထဲတွင် အစီအရီပြန်ပေါ်လာလေသည်။ သူသည်မထင်မှတ်ပဲ သိုလှောင်အိတ်ကိုပွတ်လိုက်မိသည်။
အိတ်ထဲတွင် သူ၏လက်မှဆွဲနှုတ်ထားခဲ့သော သွေးစများစွန်းထင်းနေသော လက်သည်းခွံဆယ်ခုရှိလေ၏။
ဝမ်တန်ဖေးသည် မတ်တတ်ထရပ်လိုက်ပြီး မန်ဟိုကို အေးအးလူလူပင် ကြည့်လိုက်သည်။ သူအား ပိုးမွှားတစ်ကောင်ကဲ့သို့ အထင်အမြင်သေးစွာ ကြည့်လိုက်ခြင်းဖြစ်သည်။ ယမန်နှစ်ကသူကြည့်ခဲ့သည့် အကြည့်အတိုင်းပင်။
သူသည် အဖျင်းပိုးမွှားတစ်ကောင်ကို ဆတ်ခနဲခါထုတ်လိုက်သကဲ့သို့ ညာလက်အား ဝှေ့ယမ်းလိုက် သည်ဆိုလျင်ပဲ သူ၏ရှေ့၌ လူတစ်ရပ်စာမျှရှိသည့် ချာလည်လည်နေသောလေပွေတစ်ခု ပေါ်ပေါက်လာလေသည်။ ထိုအရာသည် မန်ဟိုထံသို့ ဦးတည်၍မွှေ့လာလေသည်။
မန်ဟို၏မျက်လုံးများအရောင်လက်သွားသည်။ သူသည် ဝမ်တန်ဖေးကို စကားနှင့်မပြော ဓားနှင့်ပြောမည်၊ စကားနှင့်မရှင်း မှော်ပညာနှင့်ရှင်းမည် ဖြစ်သည်။
သူ၏ခြေလမ်းများကို ရှေ့သို့တိုးလိုက်သည်။ သူ၏ညာဘက်လက်ကို’မ’လိုက်ပြီး လေဓားကို တဝေါဝေါမြည်သံနှင့်အတူ လေပွေဆီသို့ ပစ်လွှတ်လိုက်လေသည်။ ထိုဓားသည် အလွန်ကြမ်းတမ်းသောလေများ ဖြာထွက်နေရင်းက ရှေ့သို့ပျံဝဲသွားခြင်းဖြစ်သည်။
“တိုက်”
သူသည် သိုလှောင်အိတ်ကိုပုတ်လိုက်လျင်ပဲ ဓားပျံအချာင်းနှစ်ဆယ်ခန့်သည် မျဉ်းဖြောင့်သဏ္ဌာန် ပျံသန်းသွားလေသည်။ တစ်ချို့မှာကွေးညွတ်နေပုံရှိနေပြီး မျဉ်းဖြာင့်အတိုင်းတည့်တည့်မပျံသန်းနိုင်ကြပေ။ သို့သော် ဓား၏အရောင်အဝါများမှာ မျက်စိကျိန်းလောက်အောင် တလက်လက်တောက်ပနေသည်။ သူသည် ညာဘက်လက်ချောင်းများကို မြှောက်၍ ညွှန်ပြလိုက်၏။ ဓားပျံများသည် သက်တန့်ကြီး သဏ္ဌာန်ဖြစ်လာကာ ဧရာမအင်အားကြီးနှင့်အတူ ဝမ်တန်ဖေးထံသို့ စီးဝင်သွားလေသည်။
“တိုက်”
စူးရှတောက်ပသော ဓား၏အရောင်အဝါများသည် မိုးရွာသကဲ့သိုဖြစ်လာပြီး ၎င်းတို့၏အင်အားကို စုပေါင်း၍ ဝမ်တန်ဖေးထံသို့ပစ်လွှတ်လိုက်တော့သည်။ လေပွေသည် ၎င်းဓားများကို ပစ်ဆောင့်လိုက်လေသည်။ လေထဲတွင်ပေါက်ကွဲသံကြီးက တုန်ဟည်းသွားပြီး လေပွေသည်လည်း ပြိုကွဲသွားသည်။ ဦးတည်ရာမဲ့နေသော ဓားပျံများသည် ရုတ်တရက် လေပွေထဲသို့ ဆွဲစုပ်ခံလိုက်ရ၏။ အဝေးမှကြည့်လျင် လေပွေသည် ဓားပျံဝဲကတော့ကြီးအဖြစ်ပြောင်းလဲသွားသည်ဟု ထင်ရသည်။ သို့သော် လေပွေကား တစစီပြိုကွဲသွားတော့မည့်အလား အားပျော့သွားခဲ့လေပြီ။
ယုတ်စွအဆုံး ဝမ်တန်ဖေးမှာ မျက်နှာအမူအရာပင်ပြောင်းလဲမှုမရှိပေ။ သူသည်အရှေ့သို့ လျှောက်လှမ်းလာလိုက်သည်။ စဦးချီဖွဲ့စည်းမှုအဆင့်၆၏ အထိတ်အထိပ်သို့ရောက်ရှိနေသော သူ၏ချီဓာတ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာကာ မကြုံစဖူးသော စိတ်ဝိညာဉ်စွမ်းအင် ဖိအားကြီးဖြစ်ပေါ်လာလေသည်။ သူ၏ညာဘက်လက်ချောင်းများကို ဂါထာမန္တယားဆိုင်ရာ မုဒြာပုံစံများပြုလုပ်လိုက်ကာ သေးသွယ်၍ တလက်လက်တောက်ပနေသော ရေလှိုင်းအမျှင်များကို မန်ဟိုထံသို့ပစ်လွှတ်လိုက်လေသည်။
၎င်းသည် မှီခိုရာဂိုဏ်း၏ သိုင်းပညာရပ်မဟုတ်ဘဲ သူ့မျိုးနွယ်စု၏သိုင်းပညာဖြစ်သည်။ ထိုအချင်းအရာကိုမြင်လိုက်ရသော မန်ဟိုသည် မဆိုင်းမတွဘဲ မိစ္ဆာသားရိုင်းအမြုတေကို ပါးစပ်ထဲသို့ ပစ်သွင်းလိုက်လေသည်။ သူသည် ဘယ်လက်ဖြင့် ဝဲကတော့ထဲမှ ဓားပျံများကို ပြန်လည်ခေါ်ယူလိုက်၏။ ၎င်းတို့သည် သူထံသို့ တုန်ရီစွာဖြင့် ပျံသန်းလာကြသည်။ သူသည် ညာဘက်လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး မီတာပေါင်းများစွာရှည်လျားသော မြွေနဂါးမီးတောက်ကြီးကို ဆင့်ခေါ်လိုက်လေသည်။ ထိုမီးတောက်ကြီးကို ရေလှိုင်းအမျှင်များထံသို့ ပစ်လွှတ်လိုက်လျှင် မိုးသက်မုန်တိုင်းရိုက်ခတ်လာသကဲ့သို့ ‘တဝုန်းဝုန်း’ မြည်ဟည်းသံကြီးထွက်ပေါ်လာလေသည်။
“ရေနှင့်လေသတ်ဖြတ်ခြင်း” ဝမ်တန်ဖေးကပြောလိုက်သည်။ သူသည် မန်ဟိုကို အထင်အမြင်မသေးသော်လည်း သူ၏အမူအရာများမှာ မန်ဟို၏ချီဓာတ်အတွင်းအားကို ဖျက်စီးပစ်လုနီးပါး ဖြစ်သွားခဲ့သည့်နေ့ရက်တုန်းကအတိုင်း အေးအေးလူလူပင်ဖြစ်သည်။ သူသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အဝရှိသောကြောင့် ဥပက္ခာပြုထားခြင်းဖြစ်သည်။
သူ၏ပါးစပ်မှစကားလုံးများထွက်လာပြီးပြီးချင်းမှာပင် တလက်လက်တောက်ပနေသော ရေလှိုင်းအမျှင်ကလေးသည် လေပွေတစ်ခုနှင့်ပေါင်းစပ်သွားကာ အဆတ်မပြတ်လည်နေသော တိုင်လုံးကြီးဖြစ်ပေါ်သွားပြီး မန်ဟိုထံသို့ ဦးတည်ဝင်ရောက်သွားလေ၏။
ထိုသိုကျရောက်လာသာ တိုင်လုံးကြီးကို ဓားပျံအလက်၂၀သည် ကိုမွှေ့ယမ်းလှည့်လိုက်ပြီး တားဆီးပိတ်ဆို့လိုက်သည်။ “အုံး…အုံး…အုံး” မြည်သံများကြီးနှင့်အတူ ဓားများကြဲပြန့်သွားလေသည်။
တစ်ချို့ဆိုလျှင် အပိုင်းပိုင်းအစစပင် ကျိုးပဲ့ကုန်ကြ၏၊ မန်ဟိုသည်စင်မြင့်၏ အစွန်းဆီသို့ဆုတ်ခွာသွားလိုက်သည်။ သူ၏ရှေ့တွင် လက်တစ်ဖောင်အရွယ်လောက် ခန့်မှန်းချေအားဖြင့် ကိုးမီတာလောက်ကျယ်ပြန့်သော ကြီးမားသည့် ရေလုံးတစ်ခုကျန်ရှိနေသေးသည်။
မန်ဟို၏ နှဖူးမှသွေးစီးချောင်းတစ်ခုပေါ်လာပြီး သူ၏နှာခေါင်းဆီသို့ ဖြေးဖြေးချင်းစီးကျလာနေသည်။ ထိုအချင်းအရာကပင် မန်ဟိုကို ရက်စက်ကြမ်းကြုတ်မည့် အသွင်ဖြစ်နေစေသည်။
ဓားပျံ အချောင်း၂၀က ဟန်ကျုံး ကိုလှုပ်ခါပစ်နိုင်စွမ်းရှိခဲ့သည်၊သို့သော် ယခုက ဝမ်တန်ဖေးဖြစ်သည်။ ဒါတောင် သူက မှော်ပစ္စည်းတစ်ခုတစ်လေမျှကိုပင်ထုတ်မသုံးသေးပဲ၊ မန်ဟိုတစ်ခါမျှမြင်ဖူးခဲ့ခြင်းမရှိသော ပညာရပ်များများကို အသုံးပြုခဲ့ရုံသက်သက်သာရှိသေးသည်။ မန်ဟိုအသက်ဘေးမှ တိမ်းရှောင်နိုင်ခဲ့ခြင်းကပဲ ကံကောင်းလှချေပြီ။ သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၅ တွင်သာဆိုပါက သေချာပေါက် တိမ်းရှောင်နိုင်မည်မဟုတ်ပေ။
“ဝမ်တန်ဖေးမှာ အလွန်အားကောင်းတဲ့ ပါရမီအရည်အချင်းတွေရှိတာပဲ” ရှန့်ကွမ်းရှိုူးက တွေးလိုက်ခြင်းဖြစ်သည်။ ချီဓာတ်အတွင်းအား၏ လုပ်နိုင်စွမ်းနှင့် စွမ်းအားကို အသုံးပြုသည့် အတွေ့အကြုံမှာ အလွန်အများအပြားရှိပုံရသည်။ အဆင့်၇သို့ ရောက်ရှိနေသူတစ်ယောက်ပင်လျှင် သူ့ကိုရင်ဆိုင်ရန် ခက်ခဲကြမ်းတမ်းလိမ့်မည်။
“မန်ဟိုကတော့ သေချာပေါက်သေမှာပဲ” သူက မျက်မှောင်ကြုတ်ရင်း မန်ဟိုကိုကြည့်လိုက်သည်။ သူ၏မျက်လုံးများက သတ်ဖြတ်လိုသောအရိပ်အယောင်များ စူးရှတောက်ပနေသည်။ ထို့ကြောင့် မန်ဟိုသေပြီးနောက် သူ၏သိုလှောင်အိတ်ကို မည်သို့မည်ပုံရယူရမည်ကို သူ ယခုတိုင်မသိသေး။
မန်ဟိုသည် သူ၏တိုက်ခိုက်မှုများကိုတိမ်းရှောင်နိုင်ခဲ့သော်လည်း ဝမ်တန်ဖေးမှာ တည်ငြိမ်အေးဆေးနေပုံပေါ်သည်။ ဆင်တစ်ကောင်အနေဖြင့် ပုရွက်ဆိတ်ကိုနင်းချေပစ်ရန် ပထမခြေလှမ်းသာ လွဲကောင်းလွဲမည် ဒုတိယခြေလှမ်းကတော့မလွဲနိုင်ပေ။ သူသည် လှလှပပထူးထူးကဲကဲ ပြုံးလိုက်ရင်း ရှေ့သို့နောက်ထပ်ခြေတစ်လမ်း လှမ်းလိုက်သည်။ သူ၏ညာဘက်လက်ကိုမြှောက်လိုက်ပြီး လက်ချောင်းလေးများကိုဝှေ့ယမ်းကာ မန်ဟိုဆီသို့ ချိန်ရွယ်လိုက်၏။
သူ၏လက်ချောင်းများကို မန်ဟိုထံသို့ချိန်ရွယ်လိုက်စဥ်မှာပင်။ ပတ်ဝန်းကျင်ရှိပွဲကြည့်ပရိတ်သတ်များ၏ ကျွက်ကျွက်စီသောအသံများကို မန်ဟိုကြားနေရသည်။
ထိုအရာများက သူ့ကို တစ်လောကလုံးနှင့် တစ်ယောက်ဖြစ်ခဲ့သည့်ထိုရက်ကို ပြန်၍ သတိပေးနေသယောင်ယောင်ပင်။ ထိုရက်က ဝမ်တန်ဖေးသည် လက်ချောင်းတစ်ချောင်းတည်းကိုသုံး၍ သူ့ကိုတိုက်ခိုက်ခဲ့သည်။ တစ်ခုက သူ၏ကျောက်စိမ်း ပြားကိုဖျက်စီးခဲ့သည်။ တစ်ခုက ဘူးသီခြောက်ပုံစံဆွဲသီးကလေးကို လုယူသွားသည်။ နောက်တစ်ခုက သူ၏ ချီဓာတ်အတွင်းအားကိုပင် ဖျက်စီးဖို့လုပ်ခဲ့သည်။
အလွန်တိုက်ခိုက်လိုစိတ်ပြင်းပြနေသော စိတ်ဝိညာဥ်နှစ်ကောင်က မန်ဟို၏မျက်လုံးထဲ၌ တောက်ပနေသည်။ ဝမ်တန်ဖေး၏ လက်ချောင်းတိုက်ခိုက်မှုများကြောင့် သူ အရှက်ခဲ့ရသည် သို့သော် ယနေ့တွင် သူသည် အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲနေခဲ့ပြီ။
အတွင်းစည်းဂိုဏ်းလေ့ကျင့်မှုအတွက် နာမည်စာရင်းပေးရန် သူ၏စိတ်ထဲ၌ မပိုင်းဖြတ်ရသေးသော်လည်း ထိုသို့ဖြစ်လာအောင်အခြေအနေကသူ့ကိုတွန်းပို့ခဲ့သည်။ တစ်ချို့အချိန်တွေမှာ ပြင်ဆင်မှုများပြုလုပ်ဖြစ်ခဲ့တာပဲ တော်တော့သည်။
လွန်ခဲ့သောတစ်လလုံး သူ၏အချိန်များကို ဓားပျံပမာဏအများကြီးအား ကျွမ်းကျင်စွာထိန်းချုပ်နိုင်မည့် နည်းလမ်းများကိုရှာဖွေရင်းကုန်ဆုံးခဲ့ရသည်။
ဝမ်တန်ဖေး၏ လက်ချောင်းများကျရောက်လာသောအခါတွင် မန်ဟိုသည် သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး မိစ္ဆာသားရိုင်းအမြုတေတစ်ခု ကို ဝါးမျိုလိုက်ကာ သူ၏လက်ချောင်းများကို ဂါထာမန္တယားဆိုင်ရာ မုဒြာပုံစံများပြုလုပ်လိုက်၏။
ယခင်တိုက်ခိုက်မှုမှ ကျန်ရစ်ခဲ့သောဓားပျံ ၁၀ ချောင်းသည် ရုတ်တရက် စတင်လှုပ်ခါလာကာ မြေပြင်ပေါ်မှ လေထဲသို့မြောက်တက်သွားသည်။ ထို့နောက်အရပ်မျက်နှာအားလုံးမှ ဓားပျံများသည် သူထံသို့ ပျံသန်းဝင်ရောက်လာသည်။
၎င်းတို့သည် သူ၏ပတ်လည်တွင်ဝိုင်းပတ်ရံနေပြီး သူ၏လက်များကို အောက်သို့စိုက်ချလိုက်သည်။ ထို့နောက် ဝမ်တန်ဖေးကို ထိုးညွှန်လိုက်လေ၏။ ဓားပျံများသည် ဝမ်တန်ဖေးထံသို့ တစီစီမြည်သံများနှင့်အတူ တုန်လှုပ်ချောက်ချားဖွယ်အမြန်နှုန်းနှင့် ဝင်ရောက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ပိုမိုများ ပြားသောဓားပျံများသည် သူ၏ သိုလှောင်အိတ်အတွင်းမှ ရေတွက်၍မရနိုင်အောင်ပင် ပေါ်ထွက်လာလေသည်။ ထိုပမာဏသည် မြို့ရိုးတံတိုင်းကြီးတစ်ခုလုံးကို ဖျက်စီးပစ်ဖို့အတွက်ပင်လုံလောက်သည်။ ၎င်းတို့သည် ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွားပြီး ထိတ်လန့်ဖွယ်ရာစွမ်းအင်နဲ့အတူ ဝမ်တန်ဖေး၏လက်ချောင်းများဆီသို့ တိုက်ခိုက်လိုက်လေသည်။
“ဘန်း”
ဝမ်တန်ဖေး၏ လက်ညိုးမှထွက်လာသော မမြင်ရသည့်စွမ်းအားကြီးနှင့် ဓားပျံအချောင်း၂၀တို့ တိုက်မိသည်အခါတွင် အပြင်စည်းဂိုဏ်းတစ်ခုလုံးပေါက်ကွဲသံကြီး တုန်ဟည်းသွားလေသည်။ ပေါက်ကွဲသံကြီးကြားတွင် ဓားပျံအချောင်း၂၀ခန့်သည် လိမ်ကောက်ကုန်ပြီး တစ်ချို့ဆိုလျှင် အစိတ်အစိတ်အမြွာအမြွာဖြစ်ကုန်ကြသည်။ သူသည် လက်ချောင်းတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပါပြီ။
မန်ဟို၏ပါးစပ်ထဲတွင် သွေးများယိုစိမ့်ထွက်လာပြီး သူ၏မျက်လုံးထဲ၌ သွေးကြောများဖြင့်ပြည့်နှက်နေသည်။ သူနောက်ထပ် မိစ္ဆာသားရိုင်းအမြုတေတစ်လုံးကို ဝါးမျိုလိုက်သည်။ သူ၏သတ်ဖြတ်လိုစိတ်များက ချောင်းချောင်းထနေသည်။ သို့သော် သူသည် စကားတစ်လုံးမျှကိုပင်မပြောပေ။ ဒါက သူ၏ပုဂ္ဂိုလ်ရေးခံစားချက်ပင်။ တစ်စုံတစ်ယောက်ကို သူ သတ်ဖြတ်ချင်လာလေလေ၊ ဒေါသူပုန်ထလာလေလေ၊ သူကပိုမိုတိတ်ဆိတ်လာလေလေဖြစ်သည်။
ဝမ်တန်ဖေး၏မျက်နှာမှာ ယခင်ကဲသို့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးပင် ဖြစ်သည်။ သူသည် ကမ္ဘာကြီးတစ်ခုလုံးတွင် သူရှေ့တွင်ရပ်နေသောမန်ဟိုကို ဖုတ်လေတဲ့ငပိရှိသည်ဟုပင်မထင်။ သူ့တွင် မာန်မာနများကား အပြည့်ပင်။
သူသည် နောက်ထပ်ခြေတစ်လမ်း ထပ်လှမ်းလိုက်ပြီး ဒုတိယလက်ချောင်းတိုက်ခိုက်မှုကို ပြုလုပ်လိုက်လေသည်။
ယင်းသည် မန်ဟို၏ ကျောက်စိမ်းဆွဲ ပြားကို တစ်စစီဖြစ်သွားစေခဲ့တဲ့တိုက်ခိုက်မှု ဖြစ်သည်။ မန်ဟိုသည် ပါးစပ်ထဲ၌ပြည့်လာသော သွေးများကိုထွေးထုတ်၍ စိတ်အနှောင့်အယှက် မပေးလိုသောကြောင့် ဝမ်းတွင်းသို့ပင် ပြန်၍မျိုချလိုက်၏။ သူ၏လက်ချောင်းများက ဂါထာမန္တယားဆိုင်ရာ မုဒြာများကို ပြုလုပ်လိုက်ပြီး ကျန်ရှိနေသေးသော ဓားပျံများကို ဝမ်တန်ဖေးဆီသို့ပစ်လွှတ်လိုက်ပြီး နောက်ထပ်တစ်ကြိမ်တိုက်ခိုက်လိုက်လေသည်။
သူသည် ဓားများနှင့်ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ပြီး ၎င်းတို့ကို သူ့၏အရှိန်အတိုင်း ပျံသွားစေလိုက်သည်။
သူသည် သိုလှောင်အိတ်ကိုပုတ်လိုက်လျှင် နောက်ထပ်ဓားအလက် ၂၀၏ အရောင်အဝါများ ပေါ်ထွက်လာပြီး ဒုတိယလှိုင်းတံပိုးကြီးတစ်ခုဖြစ်လာကာ တရွှီရွှီမြည်သံများနှင့်အတူ ရှေ့သို့ ပစ်လွှတ်လိုက်တော့၏။ ဓားမိုးကြီးတွင် ဓားပျံအလက်စုစုပေါင်း လေးဆယ်ခန့်ပါဝင်လေသည်။
ဒီနည်းဗျူဟာတွင် အားနည်းချက်ရှိကြောင်း မန်ဟို သိသည်။ ဓားပျံများသည် လျင်မြန်၍ ထက်မြက်ခြင်းသာရှိပြီး လိုအပ်သလိုကစားနိုင်ခြင်းမရှိပေ။ သူ၏ပြိုင်ဘက်သည် တိုက်ခိုက်မှုကိုရှောင်ရှားရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ သို့သော်မန်ဟိုသည် ဝမ်တန်ဖေး၏ မာနနှင့်အလောင်းအစားလုပ်ခဲ့သည်။ သူသည် ရှောင်တိမ်းရန် ကြိုးစားလိမ့်မည်မဟုတ်ပေ။
အကယ်၍ရှောင်တိမ်းခဲ့လျှင်သော် မန်ဟိုက ပြင်ဆင်ထားပြီးလေပြီ။။ သူသည် ဖြစ်နိုင်ချေကို သဘာဝကျကျစဥ်းစားပြီး ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရာဇဝင်တွင်စာတင်လောက်သော တိုက်ပွဲအဖြစ်ဖော်ပြနိုင်ပေသည်။ ကျင့်ကြံသူများအတွက် မြင်ရရန်ခဲယဥ်းသော တိုက်ပွဲမျိူးဖြစ်သည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်း ကျိုးပြည်တစ်ခုလုံးတွင် စဦးချီဖွဲ့စည်းခြင်း အဆင့်၆ရှိသောကျင့်ကြံသူ ၂ဦးအကြား ဤကဲ့သို့သောတိုက်ပွဲမျိုး တစ်ခါမျှမရှိခဲ့ဘူးပေ။
မန်ဟိုတွင် ဓားပျံပေါင်းစွာ ပိုင်ဆိုင်ထားသည်။ တောင်နက်ကြီးတွင် ဖြစ်ပျက်ခဲ့သည့်အတွေ့အကြုံများအရ သူ၏မှော်ပညာစီးချင်းထိုးပွဲတွင် ဓားပျံများစွာအသုံးရန် တွေးထားခဲ့ခြင်းဖြစ်သည်။ လေဓား၏အကူအညီဖြင့် ဓားပေါင်းများစွာကို ထိန်းချုပ်နေနိုင်ချင်းဖြစ်သည်။ သို့သော် သူသည် ဓားပျံအလက် ၂၀ ကိုတစ်ကြိမ်ဆင့်ခေါ်တိုင်း စိတ်ဝိညာဉ်စွမ်းအင်အမြောက်အမြားကို အသုံးပြုရလေသည်။ ထို့ပြင် သူ၏ချီဓာတ်အတွင်းအားက အခြေခံအဆင့်မျှလောက်ကိုသာ ထိန်းချုပ်နိုင်ရန်ခွင့်ပြုထားပြီး အရှေ့တည့်တည့်သို့သာပစ်လွှတ်နိုင်ပေသည်။ လေထဲတွင်လိုသလိုထိန်းချုပ်ကစားနိုင်ခြင်း သူတို့၏ ဦးတည်ချက်လားရာကို ပြောင်းလဲပစ်ခြင်းတို့ကို ပြုလုပ်နိုင်စွမ်းမရှိပေ။
သို့သော် သူသည် ဓားပမာဏအများကြီးကိုအုပ်စုဖွဲ့ထိန်းချုပ်နိုင်သည်ဖြစ်ရာ သာမန်လူတစ်ယောက်က အရာဝတ္ထုပစ္စည်းတစ်ခုကို ဆက်တိုက်ပစ်လွတ်သည့် နည်းလမ်းနှင့်အလားတူလေသည်။ ယင်းတို့ကို ရွေ့လျားနိုင်ရန်အတွက် လက်ကိုအသုံးမပြုပဲ သူက စိတ်ဝိညာဉ်စွမ်းအင်ကိုအသုံးပြုခြင်းမျှသာကွာခြားသည်။ ဓားတွေအလုံအလောက်ရှိသလောက်သာ သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းမသွားခဲ့ဘူးဆိုလျှင် ထိုတန်ကြေးကို သူ ပေးရဲပါသည်။
ဝမ်တန်ဖေးသည် မှီခိုရာဂိုဏ်း၏သိုင်းပညာရပ်များကိုအသုံးပြုခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မှီခိုရာဂိုဏ်းကို အထင်သေးကာ အဖက်မတန်ဟု သဘောထားသည်။
သူ၏အရည်အချင်းကို ထိပ်ဆုံးရောက်အောင် ထောက်ပံ့ပေးနိုင်သော သူ၏မျိုးနွယ်စုသိုင်းပညာများကိုသာ အသုံးပြုခြင်းဖြစ်သည်။