← Chapters

တာအိုပေါင်းစည်းခြင်းကျင့်ကြံသူများတိုက်ပွဲ

Vol. 47 Ch. 657

တာအိုပေါင်းစည်းခြင်းကျင့်ကြံသူများတိုက်ပွဲ

Vol. 47 Ch. 657

လေဒင်မှာ ဆိုးဆိုးရွားရွား အရှက်ကွဲခဲ့ရပါသော်လည်း အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သောကြောင့် ဝမ်းသာနေမိသည်။

သူ့အားကယ်တင်ပေးခဲ့သူသည် နတ်ဘုရားဘုံဋ္ဌာနေ၏ ဧကရာဇ်လေးပါးထဲမှ တစ်ပါးဖြစ်သော တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဧကရာဇ်အန်းမန်ပင်။

ဧကရာဇ်အန်းမန်သည် မြင့်မြတ်သောတမာန်တော် မျိုးဆက်ဟောင်းဖြစ်ပြီး ဧကရာဇ် လေးပါးအနက် ဧကရာဇ်ဖူထျန်းပြီးလျှင် စွမ်းအားအကြီးဆုံး ဖြစ်သည်။

"ဒီကိစ္စကို ဒီမှာရပ်လိုက်ရင်ရော ဘယ်လိုသဘောရလဲ။ လေဒင်လည်း ဘယ်သူ့ကိုမှ သတ်ခဲ့တာမှ မဟုတ်တာ။ မြို့တော်တွေ ဖျက်စီးခံလိုက်ရတာနဲ့ မဟူရာအဆိပ်သခင် သတ်ခံရတဲ့ ကိစ္စကို ကျုပ်တို့ဘက်က ဘာမှမပြောတော့ဘူး။ ဖြစ်ပြီးတာတွေ ထားလိုက်ပါတော့လား။"

ဧကရာဇ်အန်းမန် ယဉ်ကျေးစွာ စကားဆိုသည်။

ကောင်းကင်ဘုံခုံရုံး၏ လက်ချက်ကြောင့် သွေးမျိုးနွယ်စုတွင် ထိခိုက်နစ်နာမှု များပြားခဲ့ပါသော်လည်း ဧကရာဇ်အန်းမန်မှ ယခုကဲ့သို့ တောင်းဆိုလာခြင်းမှာ ပြဿနာများ ဆက်မဖြစ်စေရန် အတတ်နိုင်ဆုံး ညှိနှိုင်းပေးနေခြင်းဟု ဆိုနိုင်သည်။

သို့သော် ဧကရာဇ်ထျန်းဟောင်မှာ တွေးပင်မတွေးပဲ ခေါင်းခါပြလိုက်သည်။

"မရဘူး။ လေဒင် သေကိုသေရမယ်။"

ဧကရာဇ်အန်းမန် မျက်နှာပျက်သွားရသည်။

"ဘာလို့လဲ။ သူက ကောင်းကင်ဘုံခုံရုံးက ဘယ်သူ့ကိုမှလည်း မသတ်ခဲ့ပဲနဲ့။"

ဧကရာဇ်ထျန်းဟောင်၏ မျက်ဝန်းထဲတွင် လျှပ်စီးများ လျှပ်ပြေးနေပြီး အေးစက်ခက်ထန်စွာ တုံ့ပြန်လိုက်သည်။

"အဲ့ဒါကို ငါမငြင်းဘူး။ ဒါပေမယ့် ငါလာတာသာ နည်းနည်းလေး နောက်ကျသွားရင် ကောင်းကင်ဘုံခုံရုံးက ကျောင်းသားတွေရော၊ ဟွမ်းချန်မြို့ တစ်ခုလုံးပါ လေဒင့်လက်ထဲ သေနေလောက်ပြီ။ အဲ့လိုကောင်မျိုးကို အသက်ရှင်ခွင့် ပေးစရာလား။"

"ဒါပေမယ့် အဲ့လိုမှ မဖြစ်ခဲ့တာ။ ပြီးတော့ဘယ်သူ့ကိုမှ ကျုပ်တို့ပစ်မှတ်မထားတော့ဘူးလို့ကတိပေးတယ်။"

ဧကရာဇ်အန်းမန် ကတိပေးလိုက်သည်။

"ဟမ့်.....သတ်ဖြတ်ရန် ကြံစည်မှုဆိုတဲ့ ပြစ်မှုမျိုးကို မင်းမကြားဖူးဘူးထင်တယ်။"

ဧကရာဇ်ထျန်းဟောင် မဲ့ပြုံးပြုံးသည်။

"သတ်ဖြတ်ရန် ကြံစည်မှုလား။"

ဧကရာဇ်အန်းမန် အနည်းငယ် အံ့အားသင့်သွားသည်။

ထိုအချိန်တွင် အားကောင်းလှသော မိုးကြိုးလျှပ်စီးတစ်ခုမှာ လေဒင်ထံ ပျံဝဲသွားသည်။

လေဒင်မှာ ကြုံတွေ့ထားရသော အဖြစ်အပျက်များကြောင့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

သို့သော် မဟူရာလက်ဝါးတစ်ခု ပေါ်ထွက်လာကာ ထိုလျှပ်စီးများအားလုံးကို ဖြည်းညင်းစွာ စုပ်ယူသွားလေသည်။

"ဧကရာဇ်ထျန်းဟောင် ခင်ဗျား တကယ်ပဲ အေးအေးဆေးဆေး မပြီးသွားချင်ဘူးလား။"

ဧကရာဇ်အန်းမန် မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ ဧကရာဇ်ထျန်းဟောင်သည် ထိုမျှခေါင်းမာမည်ဟု မထင်ထားခဲ့မိပေ။

ဧကရာဇ်ထျန်းဟောင်မှာ ခြေတစ်လှမ်း ရှေ့တိုးလာသည်နှင့် ကီလိုမီတာ ငါးဆယ်ဝန်းကျင်တွင် မိုးကြိုးလျှပ်စီးများ ပေါက်ကွဲကာ ပတ်ဝန်းကျင်သည်ပင် လောင်ကျွမ်းကုန်ရသည်။ သက်ရှိသတ္တဝါများမှာလည်း အော်ဟစ်ရန်ပင် အချိန်မရလိုက်ပဲ ပြာကျသွားလေသည်။

"ထျန်းဟောင် ခင်ဗျား အရမ်းလွန်သွားပြီ။"

ဧကရာဇ်အန်းမန်မှာ အလွန်အမင်း ဒေါသထွက်သွားကာ အကန့်အသတ်မဲ့သော အမှောင်ထုများ ဖြစ်ပေါ်လာတော့သည်။

"အပိုတွေ ပြောမနေနဲ့။ လေဒင်ကို မသေစေချင်ရင် မင်းငါနဲ့တိုက်လိုက်။"

ဧကရာဇ်ထျန်းဟောင်မှာ မထီမဲ့မြင်ပုံစံဖြင့် ဧကရာဇ်အန်းမန်ရှေ့ ခုန်ဝင်သွားသည်။

ဧကရာဇ်အန်းမန်မှာ မရဏ မဟာတာအိုအား ထုတ်ဖော်လိုက်သောကြောင့် ပတ်ဝန်းကျင်သည်ပင် အမှောင်ကျသွားရသည်။

ဧကရာဇ်ထျန်းဟောင်မှာ မိုးကြိုးလျှပ်စီးများ ဆင့်ခေါ်ကာ ပတ်ပတ်လည်ရှိ အရာများအားလုံးကို ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားစေသည်။

တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲမှာ စတင်ခဲ့လေပြီ။

လေဒင်သည် ထိုအခွင့်အရေးအား အရယူကာ အသေအလဲ ထွက်ပြေးတော့သည်။ သူသည် ငရဲလိုနေရာမှ တတ်နိုင်သမျှ အမြန်ပြေးနိုင်ရန် ဝှက်ဖဲများစွာကိုလည်း ထုတ်သုံးခဲ့သေးသည်။

ဧကရာဇ်ဟောင်ထျန်း၏ မိုးကြိုးလျှပ်စီးအား ကြောက်ရွံ့လွန်းသောကြောင့် ဖြစ်ပေါ်လာမည့် တိုက်ပွဲကိုပင် စောင့်မကြည့်ရဲတော့ပေ။

လေဒင်သည် ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်ပဲ ဖခင်ရှိရာ နတ်ဘုရားဘုံဋ္ဌာနေသို့ တချိုးတည်း လစ်ပြေးသွားသည်။

သူသည် အသက်ကယ်ရတနာအား အကုန်အစင် အသုံးပြုခဲ့ရုံသာမက တာအိုအခြေခံပါ ထိခိုက်သွားသောကြောင့် တာအိုပေါင်းစည်းခြင်း အဆင့်သို့ ဘယ်သောအခါမှ မရောက်နိုင်တော့ခြင်းပင် ဖြစ်သွားနိုင်သည်။

"ခွင့်မလွှတ်နိုင်ဘူး.....ခွင့်မလွှတ်နိုင်ဘူး။ ဒါတွေအားလုံးက ဟိုနဂါးနဲ့ လူသားကြောင့်ပဲ။"

လေဒင် အံကြိတ်ကာ အန်လင်းနှင့် ရှောင်ဇယ်တို့အား ကျိန်ဆဲလိုက်သည်။

အနာဂတ်တွင် အခွင့်အရေး ရလာပါက ထိုနှစ်ဦးအား မရရအောင် သတ်ပစ်မည်ဟုလည်း ကိုယ့်ကိုယ်ကို ကတိပေးလိုက်သည်။

ဝုန်း...ဝုန်း.....ဝုန်း.....

မြို့နံရံပေါ်ရှိ အန်လင်းတို့မှာ အဝေးတစ်နေရာအား အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။

"ငလျင်လှုပ်နေတာလား။"

စုချန်းရန် တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ငလျင်လှုပ်ရင် တုန်ခါမှုမှာ စည်းချက်ရှိတယ်။ အခုလို ပြတ်တောင်းပြတ်တောင်း ဖြစ်နေမှာ မဟုတ်ဘူး။"

ရွှမ်းယွမ်ချန် ခေါင်းခါပြလိုက်သည်။

"တစ်ခုခု ကြီးကြီးမားမား ဖြစ်နေတာပဲ။"

အန်လင်း မျက်နှာပျက်သွားရသည်။

"တိုက်ပွဲကြောင့်ဆိုတာ အသိသာကြီးပဲ။ ဧကရာဇ်ထျန်းဟောင်က တစ်ယောက်ယောက်နဲ့ တိုက်နေတာဖြစ်မယ်။"

စုရှောင်လန်၏ မျက်ဝန်းများ တောက်ပသွားရသည်။

"တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲပဲ။ ငါတို့သွားကြည့်ကြမလား။ ပြောမရဘူးနော်....ဉာဏ်အလင်း ပွင့်သွားနိုင်တယ်။"

အန်လင်း ဘာမှမပြောရသေးခင်မှာပင် ဓားအင်မော်တယ်လင်းရှောင်မှ ငြင်းပယ်လိုက်သည်။

"မရဘူး။ မင်းတို့အားလုံး ဒီမှာပဲ နေရမယ်။ အဲ့လိုတိုက်ပွဲမျိုးက ဘေးကကြည့်နေဖို့တောင် အန္တရာယ် များလွန်းတယ်။"

ချန်းယွီလည်း ခေါင်းညိတ်ထောက်ခံလာသည်။

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်တုန်းက ဧကရာဇ်ဇီဝေးနဲ့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက မဟာလင်းနို့ဧကရာဇ်တို့ တိုက်ပွဲကို မှတ်မိနေသေးတယ်။ အဲ့တုန်းက နဂါးမျိုးနွယ်စုက ဟင်းလင်းပြင်သို့အပြန် အဆင့်တစ်ယောက်က တိုက်ပွဲကို သွားကြည့်ခဲ့တယ်လေ။ ဒါပေမယ့် မဟာလင်းနို့ဧကရာဇ်ရဲ့ တိုက်ခိုက်မှု အဖျားခတ်လို့ သေသွားခဲ့တယ်။ နဂါးမျိုးနွယ်စုမှာက တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူလည်း ရှိမနေတော့ အဲ့ကိစ္စက အဲ့လိုပဲ ပြီးသွားရတာပေါ့။"

အန်လင်းမှာ နဂါးမျိုးနွယ်စုအတွက် စိတ်မကောင်း ဖြစ်သွားမိသည်။

သို့သော် နဂါးမင်းသမီး ခံစားခဲ့ရသော မမျှတမှုများကို အမှတ်ရသွားသောကြောင့် အနည်းငယ်ပင် မသနားမိတော့ပေ။

ဧကရာဇ်ထျန်းဟောင်နှင့် ဧကရာဇ်အန်းမန်တို့၏ တိုက်ပွဲမှာ သားရေအဖြစ် အဆုံးသတ်သွားခဲ့သည်။

၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အသာစီး မရနိုင်ကြပါသော်လည်း အနက်ရောင်စိမ့်တော၏ ကီလိုမီတာ တစ်ထောင်ဝန်းကျင်မှာ ပြာကျသွားခဲ့ရသည်။

မြို့တော်ဆယ့်နှစ်ခု ပျက်စီးကာ သိန်းနှင့်ချီသော သွေးမျိုးနွယ်စု ကျင့်ကြံသူများလည်း ထိခိုက်သွားခဲ့လေသည်။

တိုက်ပွဲထဲတွင် ဧကရာဇ်အန်းမန်ကိုယ်တိုင် ပါဝင်နေသောကြောင့် သွေးမျိုးနွယ်စုအနေဖြင့် ထိခိုက်ပျက်စီးမှုများအား လက်ခံလိုက်ရုံသာ ရှိသည်။

ဧကရာဇ်ထျန်းဟောင်သည် တိုက်ခိုက်ရန် စိတ်အားထက်သန်နေရသည့် အကြောင်းအား ဧကရာဇ်အန်းမန် နားလည်သွားခဲ့သည်။ စင်စစ်တွင်မူ တိုက်ပွဲအား အသုံးချကာ အနက်ရောင်စိမ့်တောအား ဆိုးဆိုးရွားရွား ဖျက်စီးသွားခဲ့ခြင်းပင်။

ဧကရာဇ်ထျန်းဟောင်မှာ စပ်ဖြဲဖြဲနှင့် နှုတ်ဆက်သွားသေးသည်။

"နောက်လည်းကြုံရင်တိုက်ခိုက်ကြတာပေါ့။ ဟဲ..ဟဲ"

ဧကရာဇ်အန်းမန်သည် ဒေါသထွက်လွန်းသောကြောင့် ကိုးပြည်ထောင်ထိလိုက်ကာ ဧကရာဇ်ထျန်းဟောင်အား တိုက်ခိုက်လိုပါသော်လည်း ကောင်းကင်ဘုံခုံရုံး၏ အခြားဧကရာဇ်လေးပါးအားတွေးမိကာ ရပ်တန့်သွားရသည်။

"ငါဒီနေ့ကို လုံးဝမမေ့ဘူး။"

သူသည် ဧကရာဇ်ထျန်းဟောင်အား ခြိမ်းခြောက်ရုံသာ တတ်နိုင်လိုက်ပြီး အရာအားလုံး နတ္ထိတံသွားသည်။

ဧကရာဇ်ထျန်းဟောင်သည် လေဒင်အား မသတ်နိုင်ခဲ့ကြောင်း သိလိုက်ရသောအခါ အန်လင်း အံ့သြသွားရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိသည်။

လေဒင်သည် တာအိုပေါင်းစည်းခြင်း အဆင့်သို့ ရောက်လာနိုင်သော ထိပ်တန်းကျင့်ကြံသူ ဖြစ်သောကြောင့် သွေးမျိုးနွယ်စုသည် ၎င်းအားပြင်းပြင်းထန်ထန် ကာကွယ်ပေးပေလိမ့်မည်။ ထို့အပြင် သူ့ထံတွင် မကုန်ဆုံးနိုင်သော ဝှက်ဖဲများလည်း ရှိနေသည့်အတွက် သတ်ဖြတ်ရန် မလွယ်ကူပေ။

ဧကရာဇ်ထျန်းဟောင်သည် သွေးမျိုးနွယ်စုများ ပြဿနာ လာရှာမည်ကို စိုးရိမ်သောကြောင့် ဟွမ်းချန်မြို့တွင် အံ့ဖွယ်စိတ်ဆန္ဒတစ်ခု ထားရစ်ပေးခဲ့သည်။

ထို့ကြောင့် ဟွမ်းချန်မြို့မှာ လုံခြုံငြိမ်းချမ်းသွားပြီပင်။

သို့သော် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကြောင့် ကျောင်းသားများသည် အနက်ရောင်စိမ့်တောအား ထပ်မံကျူးကျော်လိုခြင်း မရှိတော့ပေ။ စစ်သည်တော်များသည်လည်း ကင်းလှည့်ရန် ငြင်းဆိုနေကြလေပြီ။

ဓားအင်မော်တယ်လင်းရှောင်သည် ကျောင်းသားများအား အစားထိုး ကင်းလှည့်ခိုင်းပါသော်လည်း အလုပ်မဖြစ်ပေ။

ထိုသို့ဖြင့် အားလုံးမှာ မြို့နံရံပေါ်တွင်ရပ်ကာ အဝေးသို့ ငေးမောကြည့်ရှုရသော နေ့ရက်များကိုသာ ပြန်လည်ဖြတ်သန်းရတော့သည်။

နှစ်ရက်ကြာပြီးနောက်.....

တီနာသည် အပြည့်အဝ အနားယူပြီးသွားသောကြောင့် အန်လင်းနှင့်အတူ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထဲဝင်ရန် အသင့်ဖြစ်နေလေပြီ။

All Chapters