← Chapters

တမာန်တော်

Vol. 47 Ch. 658

တမာန်တော်

Vol. 47 Ch. 658

စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန်နှင့် အခြားသူများမှာ စက်ဝိုင်းသဏ္ဍာန် မတ်တပ်ရပ်နေကြပြီး အန်လင်းအား စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသည်။

အန်လင်းနှင့် တီနာမှာ ကိစ္စကြီး တစ်ခုအတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

"တကယ်အဆင်ပြေပါ့မလား။"

အန်လင်း တံထွေးမြိုချကာ စိတ်မသက်မသာဖြစ်စွာ မေးလိုက်သည်။

"ငါတို့ တခြားဟာနဲ့ အရင်စမ်းသပ်တာ ကောင်းမလား။"

"စိတ်မပူပါနဲ့ ဘီလူးအန်လင်းရယ်။ ငါတို့ဒါကို မစမ်းကြည့်ဖူးတာ ကြနေတာပဲ။ ကမ္ဘာနှစ်ခုကြား သက်ရှိတွေ ပြောင်းရွှေ့တာက ပစ္စည်းတွေကို ပြောင်းတာနဲ့ ဘာများကွာနေလို့လဲ။ အေးဆေးပါ။"

တီနာ ရင်ဘတ်အားပုတ်ကာ ပြောလိုက်သည်။

တီနာသည် ကမ္ဘာနှစ်ခုကြား သက်ရှိများအား ပထမဆုံးအကြိမ်အဖြစ် ပြောင်းရွှေ့တော့မည်ပင်။

အန်လင်းအား သူမ၏ကမ္ဘာထဲ ရွှေ့ပြောင်းပေးခြင်းဖြင့် စတင်မည် ဖြစ်သည်။

အန်လင်းမှာ ထိုကိစ္စနှင့်ပက်သတ်၍ စိုးရိမ်ပူပန်နေသည်။

တစ်စုံတစ်ခု ဖြစ်သွားခဲ့ပါက သူထိခိုက်သွားပေလိမ့်မည်။

တီနာနှင့် အချိန်အတိုင်းအတာ တစ်ခုကြာ ငြင်းခုန်ပြီးသည့်နောက် သူခေါင်းညိတ်လိုက်ရသည်။

တီနာ ပျော်ပျော်ရွင်ရွင်နှင့် အန်လင်း၏ နဖူးအား လက်ထောက်လိုက်ပြီးနောက် အဖြူရောင်အလင်းများ ဖြာထွက်လာကာ သူမ၏ မြစိမ်းရောင် မျက်ဝန်းထဲတွင် နယ်မြေအူတိုင် အပိုင်းအစ ပေါ်ထွက်လာသည်။

ဝှစ်.....

အလင်းတန်းများနှင့်အတူ ၎င်းတို့လည်း ပျောက်ကွယ်သွားလေသည်။

စုချန်းရန် မျက်လုံးအပြူးသားဖြစ်ကာ ပါးစပ်အား လက်ဖြင့်အုပ်ထားလိုက်မိသည်။

"သူတို့တကယ်ကြီး ပျောက်သွားတာပဲ။"

"ဒါက ကမ္ဘာနှစ်ခုကြား ခုန်ကူးတာပဲ။ လက်တွေ့ဘဝမှာ အများကြီး အသုံးဝင်လာနိုင်တယ်။"

စုရှောင်လန် မေးဖျားကိုပွတ်ကာ သုံးသပ်နေသည်။

"တီနာလည်း အတူပါသွားတယ်ဆိုတော့ အတန်းဖော် အန်လင်း အန္တရာယ် မရှိလောက်ပါဘူး။"

ရွှမ်းယွမ်ချန် သက်ပြင်းချကာ ခပ်ဖွဖွပြုံးသည်။

...............

ချီလော့မြို့တော်၌

အဖြူရောင် အလင်းတန်းနှင့်အတူ အန်လင်းနှင့် တီနာတို့ ရောက်ရှိလာသည်။

တီနာ ခပ်ဖွဖွပြုံးကာ အန်လင်း၏လက်အား ဆုပ်ကိုင်ထားလိုက်သည်။

"ဘယ်လိုနေလဲ။"

အန်လင်း တီနာအားကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သူမ၏ ပါးပြင်လေးများကို ထိတွေ့လိုက်သည်။

"မင်းအရင်ကထက်ပိုပြီး အစစ်အမှန် ဆန်လာသလိုပဲ။"

"ဘာလို့လဲဆိုတော့ ငါ့ခန္ဓာကိုယ်လည်း ကူးပြောင်းလာတာလေ။"

တီနာ ပြုံးကာရှင်းပြလိုက်သည်။

"ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီကမ္ဘာပေါ် ငါလွှမ်းမိုးနိုင်စွမ်းက မကျသွားပါဘူး။ ကမ္ဘာကြီးနဲ့ ပေါင်းစည်းပြီး သွားချင်တဲ့နေရာ သွားနိုင်တုန်းပဲ။"

အန်လင်းမှာ ထိုစကားကြောင့် စိတ်သက်သာရာ ရသွားရသည်။

နွေးထွေးသော နေရောင်ခြည်၊ ပေါ့ပါးသော လေပြေညှင်း၊ အားကောင်းသော သက်ရှိစွမ်းအင်များအောက်တွင် သူ၏ဖျက်စီးမရနိုင်သော စစ်နတ်ဘုရားခန္ဓာအား ကောင်းစွာခံစားမိနေသည်။

အန်လင်း၏ သိုလှောင်လက်စွပ်မှာ ဖျတ်ခနဲ လင်းလက်သွားပြီးနောက် အနက်ရောင်အုတ်ခဲတစ်ခုမှာ ခြေဖဝါးအောက်သို့ ရောက်ရှိလာသည်။

ဖရိုဖရဲ သတ္ထုအုတ်ခဲအားကြည့်ကာ အံ့အားသင့်သွားရသည်။

"အရာအားလုံး တူတူပဲ။ တကယ်ကို ကမ္ဘာနှစ်ခုကြား ကူးသွားတာပဲ။"

သူအမှန်တကယ် စိတ်လှုပ်ရှာနေသည်။ ကမ္ဘာနှစ်ခုကြား ရွှေ့ပြောင်းခြင်းသည် အဆင်ပြေ ချောမွေ့နေသောကြောင့် ရတနာတိုက်တစ်ခု ရရှိလိုက်သလိုပင်။

"ဟုတ်သားပဲ....ငါမဟုတ်တဲ့ တခြားသက်ရှိတွေကိုရော ဒီကမ္ဘာထဲ ကူးပေးလို့ရလား။"

အန်လင်း မေးမြန်းလိုက်သည်။

"ရတာပေါ့။ ဒါပေမယ့် ဒီကမ္ဘာက အဆင့်မြင့် ကျင့်ကြံသူတွေကို လက်မခံနိုင်သေးဘူး။ အဲ့ဒါကြောင့် ဟင်းလင်းပြင်သို့အပြန် အဆင့်ထက်နိမ့်မှ ရလိမ့်မယ်။"

တီနာ တုံ့ပြန်လာသည်။

အန်လင်းမှာ မျှော်လင့်ချက်များ စတင်ဖြစ်ပေါ်လာသည်။

ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုသာ အနာဂတ်တွင် ကူးပြောင်းပေးနိုင်လာပါက လေဒင်အား ဤကမ္ဘာထဲထည့်ကာ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များဖြင့် ဖျက်စီးပစ်ရမည်။

တကယ်စိတ်လှုပ်ရှားစရာပဲ.....

မည်သူပင်ဖြစ်စေ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင် ဖန်ဆင်းရှင်နတ်ဘုရားမထက် သာလွန်သူ ရှိမည်မဟုတ်ပေ။ ၎င်းတို့သည် သြဇာအာဏာ အကြီးမားဆုံးသူ ဖြစ်သောကြောင့် စိတ်ရှိသလို ပြုမူနိုင်ပေသည်။

"သွားရအောင်။ မျိုးနွယ်စုတွေကြား ဆက်ဆံရေး တိုးတက်အောင် လုပ်ရမယ့် အချိန်ပဲ။"

အန်လင်း အကြံပေးလိုက်သည်။

"ဆက်ဆံရေး တိုးတက်အောင်လား။"

တီနာ ကြောင်တောင်တောင် ဖြစ်သွားရသည်။

"သူတို့ဆီကိုသွားပြီး ငါတို့ကို ဘုရားသခင်က လွှတ်လိုက်တဲ့ တမာန်တော်တွေလို့ပြောမယ်လေ။ အဲ့ဒါဆို သူတို့ကို ခိုင်းလို့ရပြီပေါ့။ ဒီကမ္ဘာမှာ ရတနာရှာတာဖြစ်ဖြစ်၊ အပြင်ကမ္ဘာကိုလွှတ်ပြီး တစ်ခုခု ရှာခိုင်းတာဖြစ်ဖြစ်။"

အန်လင်း ပြုံးကာပြောလိုက်သည်။

တီနာ၏ မျက်ဝန်းများ တောက်ပသွားလေသည်။

"အရမ်းမိုက်တာပဲ။"

မျိုးနွယ်စုများကြား စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာနေပါသော်လည်း ဝိဉာဉ်ဝါးမြိုသားရဲများမှာ ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပင်။

အစစအရာရာ သန်မာလာမှသာ အန္တရာယ် အရပ်ရပ်မှ လွတ်မြောက်လာနိုင်လိမ့်မည်။

စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း ကျင့်ကြံသူများသည် ဝိဉာဉ်ဝါးမြိုသားရဲများအား တိုက်ခိုက်နိုင်ကြပြီး အဆင့်မြင့် တာအိုခန္ဓာ ကျင့်ကြံသူများသည် အသက်ဘေးမှလွတ်အောင် ထွက်ပြေးနိုင်ကြသည်။ ကျင့်ကြံရေး အဆင့်နိမ့်သူများမှာမူ အစစအရာရာ ဂရုစိုက်ကြရသည်။

အမျိုးသားတစ်ဦး ကောင်းကင်ထက်မှ ဆင်းသက်လာကာ ချီလော့မြို့၏ နန်းတော်ပေါ် ဆင်းသက်လာသည်။

စစ်သည်တော်များမှာ ထိတ်လန့်သွားရပြီးနောက် အချက်ပေးဥသြများမှုတ်ကာ ခြောက်လုံးပြူးသေနတ်များ အသင့်ပြင်ထားလိုက်ကြသည်။

"မင်းကဘယ်သူလဲ။ ဘာကိစ္စနဲ့ နန်းတော်ကို ရောက်လာရတာလဲ။"

စိတ်ဝဉာဉ်ပျိုးထောင်ခြင်း စစ်သည်တော်မှ ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

သူသည် အာဒမ်နှင့်ဧဝတို့၏ ဒုတိယမြောက်သားဖြစ်ကာ အမ်မတ်ဟု အမည်ရသည်။

အန်လင်းမှာ လက်နှစ်ဖက် နောက်ပစ်ကာ ဆရာကြီးစတိုင်ဖြင့် အရှိန်အဝါများ ထုတ်ဖော်ထားလိုက်သည်။

"ငါက မင်းတို့ဘုရားသခင်ရဲ့ တမာန်တော်ပဲ။ ငါ့ကိုတွေ့ရတာ ဖန်ဆင်းရှင် ဘုရားသခင်ကို တွေ့ရသလိုပဲ။ အဲ့ဒါတောင်မှ ဒူးမထောက်သေးဘူးလား။"

"ဖွီး....."

အမ်မတ် မနေနိုင်တော့ပဲ အော်ဟစ်ရယ်မောလိုက်သည်။

"စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်ပဲရှိတဲ့ ကောင်ကများ ဘုရားသခင်ရဲ့ တမာန်တော်တဲ့လား။ အဲ့ကောင်ကို ပစ်ကြစမ်း။"

ဘန်း....ဘန်း....ဘန်း....

ချက်ချင်းပင် ကျည်ဆံမျ ပျံဝဲလာတော့သည်။

ဓားပျံများမှာလည်း အန်လင်းထံ ဦးတည်ရောက်ရှိလာသည်။

ထိုလူသားသည် မျက်စိတမှိတ် အတွင်းမှာပင် တစ်စစီ ဖြစ်သွားလိမ့်မည်ဟု အမ်မတ် တွေးထင်ထားသည်။

သို့သော် အံ့အားသင့်စရာ ကောင်းစွာပင် ကျည်ဆံများနှင့် ဓားပျံများသည် တစ်မီတာ အကွာအဝေးလောက်တွင် ရှေ့ဆက်မတိုးနိုင်ကြတော့ပေ။

အမ်မတ်နှင့် အခြားစစ်သည်တော်များအားလုံး မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်ကုန်ရလေပြီ။

ထိုလူသားသည် လွန်စွာအစွမ်းထက်ကြောင်း ထင်ရှားနေသည်။

"ဘုရားသခင်ရဲ့ တမာန်တော်ကို ဒီလိုနည်းနဲ့ ကြိုဆိုလိုက်တာလား။"

အန်လင်း ဒေါသထွက်ကာ မျက်ဝန်းထဲတွင် ရွှေရောင်အလင်းများ ဖြာထွက်လာသည်။

အံ့ဖွယ်ခွန်အားနည်းစနစ်......

ပြိုင်ဘက်ကင်း အရှိန်အဝါများ တမုဟုတ်ချင်း ထွက်ပေါ်လာသည်။

အမ်မတ်သည် နတ်ဘုရား တစ်ပါးနှင့် တွေ့နေရသလို ခံစားလိုက်ရပြီး အကန့်အသတ်မဲ့သော စွမ်းအင်ဖိအားများကြောင့် ယုံကြည်ချက်များအားလုံး ပျောက်ကွယ်ကုန်ရသည်။

သူ၏ခြေထောက်များ တုန်ရီလာကာ မြေပြင်ပေါ် ဒူးထောက်ကျသွားရလေသည်။

အားနည်းသော စစ်သည်တော်များဆိုလျှင် သတိပင် လစ်သွားကြရသည်။

အမ်မတ်မှာ ရွေးချယ်စရာ မရှိတော့ပဲ အန်လင်း၏စကားအား ယုံကြည်လိုက်ရသည်။

"ကျွန်တော် တောင်းပန်ပါတယ် တမာန်တော်အန်လင်း။ မသိနားမလည်တာတွေကို ခွင့်လွှတ်ပေးပါ။"

အန်လင်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့။ အခု အာဒမ်နဲ့ဧဝကို ငါ့ဆီလာတွေ့ဖို့ပြောလိုက်။"

"ဟုတ်ကဲ့ပါ။ အခုပဲ သတင်းပို့လိုက်ပါ့မယ်။"

အမ်မတ် အရိုအသေပေးကာ တုံ့ပြန်လိုက်သည်။

အန်လင်း စိတ်ကျေနပ်ကာ အပျော်လုံး ဆို့လာသည်။

တမာန်တော်လို ဟန်ဆောင်ရတာ မဆိုးဘူးပဲ....

အမ်မတ် မတ်တပ်ရပ်လိုက်သည်နှင့် ဂိတ်တံခါးလည်း ပွင့်ဟလာသည်။

အလွန်ချောမောသော အမျိုးသားနှင့် ကျက်သရေရှိလှသော အမျိုးသမီးတစ်ဦး ထွက်လာကြသည်။

၎င်းတို့နှစ်ဦးမှာ အန်လင်းအား မြင်လိုက်သည်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

"သူလား...."

All Chapters