အရှက်ရစေခဲ့တဲ့ လက်ချောင်းတွေကို ဖြတ်ပစ်မယ်
Vol. 3 Ch. 32
မန်ဟို၏ဓားပျံများနှင့် ဝမ်တန်ဖေး၏အထူးမှော်ပညာအစွမ်းများကြောင့် ပွဲကြည့်နေကြသော ကျင့်ကြံသူပရိတ်သတ်များ အံ့အားမှင်သက်ကုန်ကြသည်။ သူတို့သည် မန်ဟိုကို အထင်မသေးခဲ့ကြသော်လည်း ယခုကဲ့သို့ ကြီးမားသော မှော်ပစ္စည်းအခင်းအကျင်းများကြောင့် အားလုံး ကြက်သေသေကုန်ကြတော့၏။
သူတို့ပင်မဟုတ် ရှန့်ကွမ်းရှိုူး၊ဆရာကြီးအိုးရန် နှင့် စောင့်ကြည့်နေခဲ့သော ဂိုဏ်းချုပ် ဟယ်လောဟွာပင်လျှင် အံ့အားသင့်ကုန်ကြ၏။
ဝမ်တန်ဖေးသည် သူနှင့်အဆင့်တူကျင့်ကြံသူများ ကြောက်ရွံရလောက်အောင်ပင် အလွန်အစွမ်းထက်သည်။ ထိုအရာကို လူတိုင်းသိသည်။ ထို့ကြောင့် မန်ဟိုက ဝမ်တန်ဖေးနှင့် ခြေရာချင်းတိုင်းနိုင်သည်ကို မြင်ရသည့်အခါ လူတိုင်း အံ့အားသင့်တုန်လှုပ်ကုန်ကြသည်။
ထိုအချိန်မှာပင် ဓားပျံအလက်လေးဆယ်လောက်သည် အရပ်ရှစ်မျက်နှာမှနေ၍ သူ့ထံသို့ ကျရောက်လာလေသည်။ အဆိုပါဓားမုန်တိုင်းကြီး ၎င်းသွားရာလမ်းကြောင်းတွင်ရပ်နေသော မည်သည့်သက်ရှိကိုမဆို ထုတ်ချင်းပေါက် စုတ်ပြဲသွားစေနိုင်လောက်သည်။ သူ၏ပြိုင်ဖက်သည် စဦးချီဖွဲ့စည်းခြင်းအဆင့်၆ ရှိသော အခြားသာမန်လူတစ်ယောက်သာဆိုခဲ့ပါလျှင် ခုခံနိုင်ရန် ခဲယဉ်းလိမ့်မည်။
မန်ဟိုသည် သွေးတစ်ပွက်ကို ထွေးထုတ်လိုက်သည် ။ သူကိုယ်သူ ရပ်တည်နိုင်နေရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ မိစ္ဆာအမြုတေများကို စဉ်ဆက်မပြတ်စားသုံးနေရန်ဖြစ်သည်။ မန်ဟို၏ ဓားပျံအချောင်းလေးဆယ်နှင့် ဝမ်တန်ဖေး၏ ဒုတိယလက်ချောင်း၏စွမ်းအင်တို့ အပြင်းအထန်ထိတိုက်မိကြသာအခါ အလွန်ကျယ်လောင်သော အသံကြီးပေါ်ထွက်လာလေသည်။
၎င်းတို့အထဲမှ ဓားပျံတစ်ဝက်ကျော်လောက်ပျက်စီးသွားပြီဖြစ်သည်။ သို့သော် လက်ချောင်းတိုက်ခိုက်မှုက မန်ဟိုကို ဘာမျှမထိခိုက်စေခဲ့ပါ။ သူက သွေးအနည်းငယ်ကို ထွေးထုတ်ပစ်လိုက်သည်။
မည်သူမဆို မန်ဟိုနှင့်ဆက်ဆံရမည်ဆိုလျှင် သတိထားဆက်ဆံကြလိမ့်မည်။ သို့သော် ဝမ်တန်ဖေးကား အရင်အတိုင်းပဲ ဂရုပင်မစိုက်ပေ။ သူသည် ရှေ့ကိုခြေလမ်းလှမ်းလိုက်ပြီး သူ၏လက်ချာင်းများကို တတိယအကြိမ်ဝှေ့ယမ်းလိုက်ပြန်သည်။
မန်ဟို၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ကုန်ခမ်းလုနီးပါးပင်ရှိနေပြီ။ သို့သော် သူ့ကိုယ်ကို အားပြန်ဖြည့်တင်းနိုင်ရန်အတွက် မိစ္ဆာအမြုတေများစွာရှိနေသည်။ သူသည် ဒီတိုက်ပွဲကာလတစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင်တွေကို အဆင့်အတန်းတစ်ခုတွင်ရှိနေစေရန် သူစီမံနေခဲ့ရသည်။ ဝမ်တန်ဖေး၏ တတိယမြောက်လှုပ်ရှားမှုကို သူကြည့်နေစဉ် မှော်ဘူးသီးခြောက်ရေဘူးကို ယူသွားစဉ်အချိန်တုန်းက ထိုတတိယလက်ချောင်းနှင့်ပင် တိုက်ခိုက်ခဲ့သောအဖြစ်ကို ပြန်လည်သတိရသွားလေသည်။
သတ်ဖြတ်လိုသော အရိပ်အယောင်များက သူ၏မျက်လုံးထဲတွင် ပို၍ကြီးထွားလာသည်။ သူသည် နောက်ကြောင်းပြန်မဆုတ်ဘဲ ၎င်းအစား ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏လက်ချောင်းများကို ဂါထာမန္တန်များရွတ်ဆိုပြီး လှုပ်ရှားလိုက်သည်။ သူ၏ သိုလှောင်အိတ်လေးလုံးသည် ရုတ်တရက်တုန်ခါလာပြီး ဓား၏အရှိန်အဝါများ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်ထွက်လာလေသည်။ ကြည့်ရှုနေသော ပွဲကြည့်ပရိတ်သတ်များသည်လည်း ပါးစပ်အဟောင်းဖြစ်ကုန်ကြသည်။
သူ၏ ဝတ်ရုံလက်စကိုဝှေ့ယမ်းလိုက်ပြီး တစ်ခု၊ နှစ်ခု၊ သုံးခု ဓားပျံလှိုင်းတံပိုးကြီး ၃ခုကို ပစ်လွှတ်လိုက်လေသည်။ ၎င်းတို့သည် ဓားမိုးကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ဓားတစ်ချောင်း၊ ဆယ်ချောင်း၊ အချောင်းနှစ်ဆယ်၊သုံးဆယ်….ခုနှစ်ဆယ်။ ဓားပေါင်းခုနှစ်ဆယ်ပါဝင်သော ဓားပျံလှိုင်းတံပိုးကြီးလေးခု နှင့် မယုံကြည်နိုင်လောက်သော ဓားအရောင်အဝါများကို ဝမ်တန်ဖေးဆီသို့ ပစ်လွှတ်လိုက်လေသည်။
မန်ဟိုသည် သွေးတစ်ပွက်ကိုအန်ထုတ်လိုက်ရ၏။ ထို့နောက် ဆေးလုံးများကို သောက်သုံးဝါးမျိုလိုက်၏။ သူ၏ မျက်လုံးများသည်လည်း သွေးဖြင့်ချင်းချင်းရဲသွားလေတော့သည်။ သို့သော် သူ၏ သတ်ဖြတ်လိုသောအာသီသများမှာ ယခင်ထက်ပို၍ သန်မာလာလေသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားခဲ့လျှင်တောင်မှ နှမျောမနေတော့။
ဝမ်တန်ဖေးက လည်ချောင်းကို တစ်ချက်ရှင်းလိုက်သည်။ လူအများက သူ့ကို ဝိုင်းကြည့်နေကြသဖြင့် တိုက်ခိုက်မှုကို သူ မရှောင်တိမ်းလိုပေ။ သို့သော် ဓားပျံများက အလွန်များပြားလွန်းနေသည်။ ၎င်းတို့သည် မျဉ်းဖြောင့်သဏ္ဌာန်သာ ချဉ်းကပ်လာပုံရသည်။ တိုက်ခိုက်မှုနှင့် ပက်သက်ပြီး တစ်စုံတစ်ရာထူးခြားမှု မတွေ့သေးပေ။ အကယ်၍ မန်ဟိုက အမှားကိုတမင်သက်သက် ကြံစည်ထားသည်ဆိုပါက သူရှောင်တိမ်းလိုက်မည်ဆိုပါလျှင် သေလမ်းကို လျှောက်သွားခြင်းပဲဟု သ ခံစားနေရသည်။
ပထမဆုံးအကြိမ်အဖြစ် ဝမ်တန်ဖေး၏မျက်လုံးထဲတွင် တစ်စုံတစ်ခု ‘ဆတ်ခနဲ’ဖျတ်ပြေးသွားလေသည်။ သူသည် လက်ချောင်းများကို ‘မ’လှုပ်ရှားလိုက်ကာ စတုတ္ထမြောက်လက်ချောင်း တိုက်ခိုက်မှုကို လုပ်လိုက်သည်။ လှိုင်းတစ်ခုသည် သူ၏ရှေ့တွင်ပေါ်ပေါက်လာပြီး စတင်ဖြန့်ကြက်လိုက်လေသည်။ မန်ဟိုသည် လက်ချောင်းများလှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး သူ၏ရှေ့တွင် လက်ချောင်းများကို ယှက်လိုက်၏။
“လေဓားဖန်ဆင်းခြင်း” မန်ဟို၏ပါးစပ်မှ စကားလုံးများထွက်လာပြီးပြီးချင်းမှာပင် ဓားပျံအလက်(၇၀)သည် အတူတကွပေါင်းစည်းသွားလေသည်။
ပွဲကြည့်ပရိတ်သတ်များသည် တုန်လှုပ်ခြင်းများစွာဖြင့် ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေကြ၏။ စတုတ္ထဓားလှိုင်းကြီးကို တတိယမြောက်ဓားလှိုင်းက ဝင်ဆောင့်လိုက်သည်။ ယင်းကို ဒုတိယဓားလှိုင်းကြီးက တိုက်ချလိုက်သည်။ နောက်ဆုံးတွင် ပထမဆုံးဓားလိုင်းကြီး၏အနောက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ ဓားများသည် ဧရာမလှိုင်းတံပိုးကြီးများအလား ဆင့်ကဲဆင့်ကဲ ရိုက်ခတ်နေကြ၏။ ထို့နောက်တွင်အရပ်လေးမျက်နှာမှ လေကြမ်းများတိုက်ခတ်လာပြီး ပုံသဏ္ဌာန်တစ်ခုအသွင် ဖိချလိုက်သည်။ ၎င်းတို့သည် အလွန်ကြီးမားသောဧရာမ ဓားပျံကြီးအသွင်ဖြစ်ပေါ်သွားလေတော့သည်။
၎င်းသည် မန်ဟို၏ လေဓားနှင့်အတူဖန်တီးထားသော ဓားပျံကွန်ချာပင်ဖြစ်သည်။ ထိုဓားသိုင်းအတတ်သည် တောင်နက်ကြီးတွင်သူနေထိုင်ခဲ့စဉ်က တီထွင်ထားခဲ့ခြင်းဖြစ်သည်။ ယင်းကို ဝမ်တန်ဖေးဆီသို့ပစ်လွှတ်လိုက်လေသည်။ ဝမ်တန်ဖေး၏ရှေ့တွင်ရှိနေသော တဝီးဝီးမြည်နေသည့် လေလှိုင်းတွန့်သည် အလွန်ကြီးမားသောအင်အားကြီးတစ်ခု၏ တွန်းကန်မှုကြောင့် စတင်၍ပုံပျက်လာခဲ့သည်။ ထိုအချက်က ဝမ်တန်ဖေးကို ပထမဆုံးအကြိမ်အဖြစ်နောက်သို့ ခြေလမ်းဆုတ်သွားစေသည်။
“ငါ့ကိုနောက်ဆုတ်သွားစေရလောက်အောင် မင်းမာနတွေက ထောင်လွှားနေတယ်ပေါ့လေ” တိုက်ပွဲလျှောက်လုံးတွင် သူသည် ပထမဆုံးအကြိမ် မန်ဟိုကို စကားစပြောလိုက်ခြင်းဖြစ်သည်။ သူ၏ဘယ်ဘက်လက်က သိုလှောင်အိတ်ကို ပုတ်လိုက်လျှင် တလက်လက်တောက်ပနေသော သလင်းကျောက်ဆစ်ရုပ်လေးတစ်ခု ပေါ်ထွက်လာလေသည်။ ထိုအရာမှာ မြင်းအရုပ်လေး ဖြစ်ပြီး ရွှန်းလဲ့တောက်ပနေသည်။ စိတ်ဝိညာဉ်စွမ်းအင်များလည်း အံ့ဩစရာကောင်းလောက်အောင် ပြည့်လျှမ်းနေသည်။
ဝန်းကျင်တစ်ခုလုံးတွင် မြင်းဟီသံများ ပေါ်ထွက်လာပြီး သလင်းမြင်းရုပ်ကလေးသည်လည်း စတင်အသက်ဝင်လာပုံပေါ်သည်။ ဝမ်တန်ဖေး၏လက်ဝါးပေါ်တွင်ပြေးလွှားလှည့်ပတ်နေရင်းက မန်ဟို၏ဓားပျံကြီးဆီသို့ မျဉ်းဖြောင့်အတိုင်းပျံသန်းသွားလေသည်။ ၎င်းတို့ ထိပ်တိုက်တွေ့လိုက်စဉ်တွင် ဧရာမဓားပျံကြီးသည် ထိပ်ဖျားမှ စတင်ပြိုပျက်သွားလေသည်။ ဓားသည် မြင်းရုပ်လေးကြောင့် တစ်လွှာပြီး တစ်လွှာကွာကျကုန်တော့သည်။ ဧရာမဓားကြီး၏ အစိတ်အပိုင်းများသည် ချက်ချင်းဆိုသလို ပျက်စီးကုန်ကြသည်။
ဓားရိုးလက်ကိုင်သာ ကျန်ရစ်ခဲ့လေသည်။ ဓားပျံများသည် အရပ်ရှစ်မျက်နှာသို့ လွင့်စင်ကုန်ကြ၏။
၎င်းကိုမြင်လိုက်ရသော ပွဲကြည့်ပရိတ်သတ်များသည် နှလုံးသွေးများ အေးခဲကုန်ကြသည်။ သူတို့ယုံကြည်မှုအတိုင်းအတာထက်ပင် ကျော်လွန်ပြီး အံ့ဩကုန်ကြသည်။
ထို့နောက်တွင် ဧရာမဓားကြီးသည် ဓားရိုးလက်ကိုင်သာကျန်သည်အထိ ပျက်စီးသွားပြီးနောက်တွင် နောက်ထပ်ဓားအသစ်တစ်ချောင်းသည် တစ်ခြားဓားပျံများကြားမှ ပျံသန်းထွက်လာ၏။ သစ်သားဖြင့်ပြုလုပ်ထား သောဓားတစ်ချောင်း ဖြစ်သည်။ အဆိုပါဓားသည် သလင်းမြင်းရုပ် ဆီသို့ ဦးတည်၍ဝင်သွားလေသည်။ ထိုနှစ်ခု ထိပ်တိုက်တွေ့သွားချိန်တွင် တိုက်ပွဲတစ်လျှောက်လုံး ကြားခဲ့ရဖူးသမျှသောအသံတွေအားလုံးထက် ပိုမိုကျယ်လောင်သော ပေါက်ကွဲမြည်ဟည်းသံကြီး ထွက်ပေါ်လာလေတော့သည်။ ထိုအသံကြီးသည် အကြိမ်ပေါင်းများစွာပဲ့ထင်ထပ်သွားလေတော့သည်။
ယခုအချိန်တွင် သစ်သားဓားသည် မန်ဟို၏ထိန်းချုပ်မှုအောက်တွင်ရှိသော ဓားဖြစ်သည်။ သူပြုထားခဲ့သမျှ အရာအာလုံးသည် ထိုအချက်လေးကို ဖုံးကွယ်ထားရန်အတွက် မာယာဥပါယ်တံမျဉ်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ထိုအရာဖြင့် အငိုက်ဖမ်းတိုက်ခိုက်လိုက်လေသည်၊
တစ်ချိန်က ဝမ်တန်ဖေးရည်ရွယ်ခဲ့တဲ့ဓားဟာ ယခု မန်ဟိုလက်ထဲတွင်ဖြစ်သည်။ ထိုဓားသည် ဝမ်တန်ဖေး အတွက်ရတနာဖြစ်သော်လည်း မန်ဟိုအတွက်မူ ထိုအရာကား ဝိညာဉ်ကျောက်တုံး နှစ်ထောင်တန်ကြေးရှိသည်။
ထိုဓားဘယ်လောက်အစွမ်းထက်သလဲ သူမသိ၊ သို့သော် သူ့ရှိသမျှ အထဲတွင်တော့ စွမ်းအားအရှိဆုံး လက်နက်ဖြစ်သည်။ ထို့ကြောင့် သူ အသုံးပြုခဲ့ချင်းပင် ဖြစ်သည်။
နားကွဲလုမတတ်ပေါက်ကွဲသံကြီးကြားတွင် သလင်းမြင်းရုပ်လေးသည် စတင်၍လှုပ်ခါလာပြီး သူ၏မျက်နှာပြင်တွင် များစွာသောအက်ကြောင်းရာများ ပေါ်ပေါက်လာသည်။ ထို့နောက်တော့ အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားလေတော့သည်။
ရုတ်တရက် ဝမ်တန်ဖေး၏ မျက်နှာပျက်သွားသည်။ ကျန်ရစ်နေသော ဓားပျံများနှင့်အတူ သစ်သားဓားကလေးသည် သူ့ထံသို့ဝင်ရောက်လာလေသည်။ အနားသို့နီးကပ်လာချိန်တွင် သူသည် ချီဓာတ်အတွင်းအားကို လက်ချောင်းများ၌ စုစည်းလိုက်ပြီး ပေါက်ကွဲစေတတ်သော စွမ်းအားတစ်ခုကို ပစ်လွှတ်လိုက်၏။ ထိုအား၏အစွမ်းကြောင့် ဓားပျံများအားလုံးပတ်ချာလည် လွှင့်စင်သွားသော်လည်း သစ်သားဓားမှာ နဂိုအတိုင်းပင်။ ထိုအရာသည် ဆက်လက်၍ဝင်လာပြီး သူ၏လက်ချောင်းများကို ထိုးစိုက်လိုက်လေသည်။ ထိုအခါ သွေးစက်အစအနများသည် လွှင့်စင်ထွက်လာလေသည်။ ထိုနောက် ဓားသည် အနောက်မှာပတ်၍ရစ်ဝဲပြီး မန်ဟိုဆီသို့ ပျံဝဲသွားလေသည်။
“ဒါ ငါ့ကို အရှက်ခွဲခဲ့တဲ့လက်ချောင်းပဲ” မန်ဟိုက ဖြေးညင်းစွာပြောလိုက်သည်။ “ဒီနေ့ ငါ အဲ့ဒါကို ဖြတ်ပစ်မယ်” သူသည် သွေးတစ်ပွက်ကိုထွေးထုတ်လိုက်ပြီး ခြေလှမ်းများ ဒယိုင်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်တွင် သွေများ ယိုစီးကျလာသည်။
ဝမ်တန်ဖေးသည် လေးလံသောခြေလမ်းများဖြင့် အနောက်ကို ပြန်ဆုတ်လိုက်သည်။ သူ၏လက်ချောင်းမှအနာကို လစ်လျူရှုထားလိုက်သည်။ သူ၏မျက်လုံးကိုပင် သူ မယုံကြည်နိုင်ဖြစ်နေရင်း မန်ဟိုအနားသို့ပျံဝဲသွားသော ဓားကို စိုက်ကြည့်လိုက်သည်။ သူသည် မန်ဟိုပြောသော စကားလုံးများကိုကြားလိုက်ရရာ ပြောမပြနိုင်လောင်အောင်ပင် ဒေါသူပုန်ထသွားသည်။
သူ ထိုဓားကို မှတ်မိသွားသည်။
ဝမ်တန်ဖေး၏ လက်ချောင်း အပိုင်းပိုင်းအစစဖြစ်သွားသည့်အခိုက်တွင် လေ့ကျင့်ကွင်းကြီးတစ်ခုလုံးရှိ ကျင့်ကြံသူများသည် တုန်လှုပ်ချောက်ချားကုန်ကြပြီး ဝေဖန်ဆွေးနွေးသံများ နောက်တစ်ကြိမ် ကျွက်ကျွက်ညံလာခဲ့သည်။
“မန်ဟို က အစ်ကိုကြီးဝမ်ရဲ့လက်ချောင်းကို ဖျက်ဆီးပစ်လိုက်တယ်။ ဘုရား...ဒါ ... ဒါမဖြစ်နိုင်ဘူး”
“အစ်ကိုကြီးဝမ်က ထိခိုက်ဒဏ်ရာရတယ်။ သူက အရွေးချယ်ခံလေ၊ ဒါပေမဲ့ မန်ဟိုက သူ့လက်ချောင်းတွေကို ဖြတ်လိုက်တယ်......မန်ဟို”
“သူမှာ ဓားပျံတွေအများကြီးရှိနေတာ ကြောက်စရာပဲ၊ သူကဓားပေါင်း (၇၀)လောက်ကိုသုံးပြီးတော့ ဧရာမဓားကြီးလုပ်ခဲ့တာ၊ ဘယ်လောက် အံ့ဩစရာကောင်းလဲ”
ရှန့်ကွမ်းရှိုူးသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ ယခုလို ဖြစ်လာခဲ့သမျှကို စိတ်ကူးဖြင့်ပင် မတွေးခဲ့ဖူးပေ။ သူတစ်ယောက်တည်း ရင်သပ်အံဩသွားခြင်းမျိုးတော့ မဟုတ်။ ဆရာကြီးအိုးရန်သည် မတ်တတ်ထရပ်လိုက်ပြီး မန်ဟိုကို ကြည့်လိုက်သည်။ သူ၏မျက်လုံးအိမ်ထဲတွင် နှစ်ထောင်းအားရဖြစ်ခြင်း နှင့် အလွန်ကြီးမားသောမျှော်လင့်ချက်များဖြင့် ပြည့်နေလေသည်။
အရှေ့ဖက်တောင်ထိပ်ရှိ ဂိုဏ်းချုပ်ကြီး ဟယ်လောဟွာပင်လျှင် မန်ဟိုကိုစိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများက အရောင်တလက်လက် တောက်ပလာလေသည်။
ဝေဖန်ဆွေးနွေးသံများက ဝမ်တန်ဖေး၏နားထဲသို့ရောက်ရှိလာလေသည်။ သို့သော်သူသည် မကြားသည့်အလား နည်းနည်းလေးမျှပင် ဂရုမစိုက်ချေ။ သူ၏ မျက်လုံးသည် ဒေါသမီးလျှံများ တောက်လောင်နေသည်။ သစ်သားဓားဝန်းရံနေသောမန်ဟို ကို သတ်တော့ဖြတ်တော့မည့်အလား စိုက်ကြည့်နေလေ၏။
“ဒါမင်းပေါ့လေ” ဝမ်တန်ဖေးသည် လက်ချောင်းမှပန်းထွက်နေသည့် သွေးများတိတ်အောင်လုပ်ရန်ပင် ဂရုမပြုအား။ သူဘဝတွင် တစ်ကြိမ်သာ မီးကုန်ယမ်းကျ ဒေါသထွက်ခဲ့ဖူးသည်။ ၎င်းမှာ သူနှစ်ပေါင်းမျာစွာ ရှာဖွေခဲ့ရသောရတနာကို ခိုးယူခံလိုက်ရပြီဟု သူသိလိုက်ရသည့် ကျောက်ဂူထဲကနေ့ပင်ဖြစ်သည်။ သူ၏ အငုံ့ရှက်စိတ်၊ ရူးသွပ်မိုက်မဲမှု၊ ဘယ်သူမှန်းမသိတဲ့လူကို မုန်းနေတဲ့အမုန်းတရားများက သူ၏အရိုးအတွင်းမှ ထွက်လာခြင်းဖြစ်သည်။
ထိုအကြောင်းအရာသည် သူ့အတွက် စိတ်ထိခိုက်စရာအကောင်းဆုံးဖြစ်သည်။ ထိုနေ့က အော်ဟစ်ကြွေးသံများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေတုန်းပင်။ ညအချိန် တရားကျင့်ကြံနေစဉ်မှာပင် တုန်လှုပ်နေခဲ့ရသည်။ သူနှလုံးသွေးများ တစက်စက်ကျခဲ့ရသည်။ အရူးတစ်ယောက်ကဲ့သို့ပင်။
ဒီနေ့မှာတော့ သူနောက်တစ်ကြိမ် ဒေါသူပုန်ထရပြန်ပါပြီ။ သူသည် ထိုဓားကိုမှတ်မိပါသည်။ သူ၏မျက်လုံးထဲတွင် ထိုအရာသည် ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်နိုင်စွမ်းရှိသည့် သူပိုင်ဆိုင်သော ရတနာပင်ဖြစ်သည်။ ယခုတော့..... ထိုဟာ မန်ဟို၏လက်ထဲမှာပင်။
“အဲ့ဒါ မင်းလား” ဝမ်တန်ဖေး၏မျက်လုံးများသည် လူသတ်လိုစိတ်ပြင်းပြနေသည်။ သူ၏မျက်နှာအမူအရာ ပုံမှန်တည်ငြိမ်နေသောအခြေအနေမှ များစွာကွဲပြားသွားခဲ့ချေပြီ။ ဘေးကဝန်းရံနေသော ကျင့်ကြံသူများပင် အချင်းချင်း တီးတိုတီးတိုးသဖန်းပိုး လုပ်နေကြသည်။
“အဲ့ဒါငါ့ဆီကနေ ရတနာတွေ ခိုးသွားတာ မင်းပဲ” ဝမ်တန်ဖေးသည် သစ်သားဓားကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်များပြေးလွှားနေသည်။ သူသည်မန်ဟိုကို တစ်စစီဆွဲဖြဲချင်နေသည်။ သူသည် ရုတ်တရက်ရယ်မောလိုက်သည်။ သူ၏ရယ်သံများက လေ့ကျင့်ကွင်းတစ်ခုလုံး လှိမ့်ထွက်လာသည်။
“အစ်ကိုကြီးဝမ် ဘာတွေပြောနေတာလဲကျွန်တော်မသိဘူး” မန်ဟိုကအေးဆေးစွာပြောရင်း ပါးစပ်ကကျလာသော သွေးများကိုသုတ်ပစ်လိုက်သည်။ “ဒါက မင်းဟာလား”။ “မှားများမှားနေသလား” သူသည် မိစ္ဆာအမြုတေအများအပြားကို စားလိုက်သည်။
“ငါဒီဓားကိုရဖို့ နှစ်ပေါင်းများစွာအစီအစဉ်ဆွဲခဲ့ရတယ်၊ ဒါက လောကတစ်ခုလုံးမှ အတုမရှိဘူး၊ ဒီဓားတစ်ချောင်းပဲရှိတယ်။ သူမျက်နှာပြင်က ရွှေရောင်ကောက်ကြောင်းတွေကို ကောင်းကင်ဘုံက ထွင်းထုပုံဖော်ထားတာ၊ ငါဘာမှ မှားစရာအကြောင်းမရှိဘူး” ဝမ်တန်ဖေး သည် ကောင်းကင်ကြီးကို မော့ကြည့်ပြီးရယ်မောလိုက်သည်။ ရယ်သံမှာကျောစိမ့်စရာကောင်းလှသည်။ ထိုရယ်သံသည် ပတ်ဝန်းကျင်ရှိအရာအားလုံးကို အေးခဲသွားအောင်ပြုလုပ်လိုက်တော့သည်.....။
***