← Chapters

လွန်ခဲ့သောနှစ်တစ်ထောင်မှ နာမည်ဂုဏ်သတင်း

Vol. 3 Ch. 34

လွန်ခဲ့သောနှစ်တစ်ထောင်မှ နာမည်ဂုဏ်သတင်း

Vol. 3 Ch. 34

ဖက်တီးသည် ကြည်နူးဝမ်းသာခြင်း၊ ပြောမပြနိုင်လောက်အောင်ပင်ပျော်ရွှင်ခြင်း တို့ကြောင့် နှလုံးသွေးများ ကြွနေလေသည်။ မန်ဟို အတွင်းစည်းတပည့်ဖြစ်လာသည်ကို သူကိုယ်တိုင်ဖြစ်လာသည့်အလား ဖရဏာပီတိဂွမ်းဆီထိသကဲ့သို့ ဖြစ်နေ၏။

ရှုန်ကွမ်းရှိုးသည် လူအုပ်ကြားထဲ၌မတ်တပ်ရပ်နေပြီး သူ၏မျက်နှာမှာ တင်းမာခက်ထန်နေသည်။ အချိန်အနည်းငယ်ကုန်လွန်သွားပြီးနောက်တွင် သူ၏ခေါင်းကိုအောက်သို့ငုံပြီး ပြန်လှည့်ထွက်လာခဲ့သည်။

လှည့်ထွက်လာပြီးနောက်တွင် သူ၏မျက်နှာမှာပိုမိုမည်းသည်းသုန်မှုန်လာခဲ့သည်။ သို့သော် သူဘာမျှမတတ်နိုင်တော့။ မန်ဟိုသည် အတွင်းစည်းဂိုဏ်းတပည့်ဖြစ်သွားခဲ့ချေပြီ။ သူ၏အကြီးအကဲဟူသော အဆင့်အတန်းနှင့် စစ်ဆေးမေးမြန်းပိုင်ခွင့်မရှိတော့ချေ။

“ငါဟာ အသက်သုံးဆယ်မတိုင်ခင်ကတည်းက စဦးချီဖွဲ့စည်းမှုအဆင့်(၇)ကိုရောက်ခဲ့ပြီး အတွင်းစည်းဂိုဏ်းတပည့်တွေထဲမှာ နံပါတ်တစ်ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့…” ရှုန်ကွမ်းရှိုး သက်ပြင်းချလိုက်သည်။ သူအရှုံးမပေးလိုသော်လည်း ရွေးချယ်စရာကားမရှိတော့။

ထိုအချိန်၌ မည်သူမျှသတိမမူမိလိုက်သောကိစ္စရပ်တစ်ခု ဖြစ်သွားလေသည်။ ရှုန်ကွမ်းရှိုးနှင့် ဆရာကြီးအိုးရန်တို့ပင် မဆိုထားဘိ ဂိုဏ်းအကြီးအကဲဟယ်လောဟွာပင် သတိမပြုမိလိုက်ပေ။ မှီခိုရာဂိုဏ်း၏ အဝေးတစ်နေရာရှိ သစ်ပင်များဖုံးအုပ်ထားသော တောင်နက်ကြီးတစ်ခု၏ထိပ်တွင် လျှို့ဝှက်ဆန်းကြယ်၍ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက် မတ်တပ်ရပ်နေလေ၏။

အနှီပုဂ္ဂိုလ်၏ ပုံစံမှာရှင်းလင်းပြတ်သားမှုမရှိဘဲ သူ၏မျက်နှာကိုလည်း သဲသဲကွဲကွဲမမြင်ရပေ။ သို့သော် ကောင်းကင်နှင့်မြေကြီးတို့၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ကွဲပြားခြားနားသော ကိုယ်ရောင်ကိုယ်ဝါများက သူ၏ခန္ဓာကိုယ်ကို ကျယ်ပြန့်စွာ ဖုံးလွှမ်းပတ်ရံထားသည်။ စင်စစ်အားဖြင့် ထိုကိုယ်ရောင်ကိုယ်ဝါများသည် ကောင်းကင်ဘုံမှ ပယ်ချခံထားပုံပေါ်ရသည်။ ထိုပုဂ္ဂိုလ်၏ဘေးပတ်လည်ရှိလေထုသည် ပြောင်းလဲနေသည်။ မပီပြင်သော အက်ကြောင်းရာများက သူ၏ပတ်လည်ကို စက်ဝိုင်းကဲ့သို့ ဝိုင်းရံထားသည်။ သို့သော် အပြင်မှ တစ်ခြားတစ်ယောက်က ကြည့်လျှင်ဘာမျှမြင်နိုင်မည်မဟုတ်ပေ။

“မှီခိုရာဂိုဏ်းတဲ့.......ဘယ်လို စက်ဆုပ်ဖွယ်ကောင်းတဲ့ နာမည်လဲ” သွေးနီရောင်ပုဂ္ဂိုလ်ကြီးက ပြာအက်အက်အသံကြီးဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး လေထဲ၌ မိစ္ဆာအငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က လူဝင်စားခြင်းကို ထိမ်ချန်ထားခဲ့တဲ့ အပြစ်ဒဏ်ကို ကောင်းကင်ဘုံက ပေးမှာကြောက်လို့ တမင်သက်သက် ပြောင်းထားတဲ့နာမည်ကိုများ၊ ဒါပေမဲ့ မိစ္ဆာချုပ်နှောင်ဂိုဏ်းဆိုတဲ့ မူလဇစ်မြစ်ကတော့ အခုထိရှိနေတုန်းပဲ၊ ဂိုဏ်းရဲ့သာဝကတစ်ဦးက မိုးနဂါးပျံကြီးရဲ့ အမြုတေကို စားလိုက်တယ်ဆိုတော့၊ အမွေကိုဆက်ခံလိုက်တဲ့ သဘောပေါ့........စိတ်ဝင်စားစရာပဲ၊ ငါကူညီခဲ့တဲ့ နှစ်ကြိမ်လုံးက အချည်းနှီးမဖြစ်ဘူးပဲ” သူ၏အသံများသည် ပဲ့တင်ထပ်ရိုက်ခတ်နေပြီး အနီရောင်အဆင်းရှိသည့် လျှပ်စီးလျှပ်ရောင်များ စတင်၍ ကျရောက်လာလေသည်။အဖျက်စွမ်းအားပြင်းထန်သော လျှပ်စီးကြောင်းများသည် တစ်ကြိမ်ပြီးတစ်ကြိမ် ကျရောက်လာလေသည်။ သို့သော် ကောင်းကင်ဘုံက အဆိုပါပုဂ္ဂိုလ်အား ထိခိုက်စေရန်မတတ်နိုင်သည့်အလား လျှပ်စီးကြောင်းများသည် မီတာသုံးတောင်လောက် အကွာအဝေးတွင်သာ ကျရောက်နေခြင်းဖြစ်သည်။

သွေးနီရောင်ပုဂ္ဂိုလ်ကြီးသည် မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး တိမ်ထူနေသော ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး “ကောင်းကင်ဘုံရေ အနှေးနဲ့အမြန်ဆိုသလို မင်းကိုအနိုင်ယူပြမယ်။” ထို့နောက် တောင်ဘက်နယ်မြေများဆီသို့ လှည့်လိုက်ပြီး ခြေလမ်းလှမ်းလိုက်လေသည်။

“ငါရဲ့မူလခန္ဓာက အိပ်မောကျနေတာ၊ ဒါကိုငြီးငွေ့လို့ ငါ့ရဲ့နတ်ခန္ဓာကိုယ်ပွားနဲ့ မိုးမြေအနှံ့အပြားကို ရှာဖွေမွှေနှောက်နေတာ၊ အခုစိတ်ဝင်စားစရာကိုတော့တွေ့ပြီ ၊တကယ်စိတ်ဝင်စားစရာပဲ” ရယ်သံကြီးပေါ်ထွက်လာပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆိုပါပုဂ္ဂိုလ်ပျောက်ကွယ်သွားသည်။

ထိုပုဂ္ဂိုလ်ဆိုက်ရာက်လာခြင်း၊ထွက်ခွာသွားခြင်း၊လျှပ်စီးမိုးကြိုးများကျရောက်လာခြင်းတို့ကို မည်သူမျှမြင်လိုက်ပုံမပေါ်။

ခုနှစ်ရက်တာ အချိန်ကာလက ကုန်ဆုံးသွားပြန်လေသည်။

ထိုခုနှစ်ရက်ကာလအတွင်း၊ အပြင်စည်းဂိုဏ်းတစ်ခုလုံးရှိ လူတိုင်းလူတိုင်းသည် မန်ဟိုအတွင်းစည်းဂိုဏ်းတပည့်အဖြစ် အဆင့်တိုးသွားပုံကို ပြောမဆုံးပေါင်တောသုံးထောင် လုပ်နေကြသည်။

လူတိုင်းသည် ဖြစ်ရပ်များကို နဖူးတွေ့ဒူးတွေ့ မျက်စိဒိဋ္ဌကြုံတွေ့ခဲ့ကြရသော်လည်း သူတို့၏အတွင်းပိုင်းစိတ်၌ တုန်လှုပ်အံဩမှုများစွာ ကျန်ရစ်နေသေးသည်။ခုနှစ်ရက်တာအချိန်များ ကုန်ဆုံးသွားသည့်တိုင် မကြာခဏဆိုသလို အရှေ့ဘက်တောင်ကြီးကို စိုက်ကြည့်နေတတ်ကြသည်။သူတို့၏ မျက်လုံးများက အားကျမနာလိုမှုများနှင့် ပြည့်နှက်နေတော့သည်။

ဝမ်တန်ဖေးအတွက် စိတ်မကောင်းဖြစ်သူ အချို့လဲရှိကြသည်။သို့သာ် ဘာမျှတော့ မပြောကြပေ။ပြိုင်ပွဲပြီးသွားချိန်တွင်တော့ ဝမ်တန်ဖေး၏ အမည်နာမဆိုသည်မှာ ရာဇဝင်ထဲမှာသာ ကျန်ရစ်ခဲ့လေပြီ။

မန်ဟို၏ရန်သူဖြစ်ခဲ့ကြသည့် ဂိုဏ်းသားများသည်လည်း မန်ဟိုကြောင့် ယခင်ကထက်ပို၍ စိုးရိမ်ပူပန် စိတ်အနှောက်အယှက်ဖြစ်ရလေတော့သည်။သို့သော် မန်ဟိုကား အပြင်စည်းဂိုဏ်းတွင်မရှိတော့သဖြင့် ဖက်တီးထံသွားပြီး မျက်နှာလိုမျက်နှာရ ဖော်လံဖား လုပ်ကြရလေသည်။

ဖက်တီး၏ ဩဇာတိက္ကမသည် ရက်အနည်းငယ်အတွင်းမှာပင် ကြီးထွားလာရတော့သည်။ သူသည် အဆင့်အနိမ့်ပိုင်းမြင်ကွင်းများတွင် ဆိုင်ရှင်အသစ်အဖြစ် မန်ဟိုထံမှလက်လွှဲယူခဲ့သည်။ သူသည် နောက်လိုက်သာဝကအများအပြားနှင့် ဖူးဖူးမှုတ်ခံထားရလေသည်။ ဖက်တီးသည် တက်ကြွပျော်မြူးအားရစွာဖြင့် သူ၏သွားများကိုခြစ်နေလေ့ရှိ၏။ အပြင်စည်းဂိုဏ်းအတွင်းရှိ ပိုမိုကောင်းမွန်သော အိမ်ကြီးရခိုင်တစ်လုံးသို့ပင် ရွေ့ပြောင်းနေထိုင်နေရပြီဖြစ်သည်။

မန်ဟိုသည် ထိုခုနှစ်ရက်တာကာလအတွင်း အတာ်ကလေးအလုပ်ရှုပ်နေခဲ့ရသည်။ မှီခိုရာဂိုဏ်းသည် မှေးမှိန်ကျဆင်းနေပြီမှာ မှန်သော်လည်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများက ကျန်ရှိနေဆဲဖြစ်သည်။ မန်ဟိုသည် ရေချိုးမင်္ဂလာပြုလုပ်ပြီး အဝတ်အစားအသစ်များကိုဆင်မြန်းရလေသည်။ ထို့နောက် သူသည် ဂိုဏ်းချုပ်နှင့် ဂိုဏ်း၏တစ်ခြားအကြီးအကဲများ၏ ရုပ်ပုံကားချပ်များအရှေ့တွင် ကန်တော့ခဲ့ရသည်။ ထိုအခမ်းအနားများအားလုံးတွင် ရှုပ်ထွေးလှသော လုပ်ထုံးလုပ်နည်းများနှင့် အသေးစိတ်အချက်အလက် များစွာရှိကြသည်။

သူသည် ထိုကာလတစ်လျောက်လုံး အမရှုကို မတွေ့မိချေ။ ဂူပိတ်ကျင့်ကြံမှုများ ပြုလုပ်နေသရော့လား။ သို့သော် သူသည် အစ်ကိုချန်ဖန်းကိုတွေ့ခဲ့ရသည်။ သူသည် ငွေရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားလေသည်။ မန်ဟိုသည်အပြင်စည်းဂိုဏ်းတွင် နေခဲ့ရစဥ်ကသူ့ကို ပြုံးခဲသူ၊ ရှေးဆန်သူတစ်ယောက်ဟုထင်ခဲ့မိသည်။ သို့သော် သူနှင့်သိကျွမ်းခွင့်ရသော အခါတွင်မူ - အစ်ကိုကြီးဝမ်သည် သူမေးသမျှအရာတိုင်းကို အသေးစိတ် စိတ်ရှည်လက်ရှည် ရှင်းပြပေးတတ်သည်။ စင်စစ်အားဖြင့် မန်ဟိုသည် သူ့ကိုနှစ်သက်မိ၏။ အစ်ကိုချန်ဖန်းသည် သေမျိူးတို့ရဲကမ္ဘာကို လျစ်လျူရှု၍ တရားဓမ္မ နှင့် တာအိုပေါ်တွင်သာ အာရုံစိုက်ထားသူဟု သူကြားဖူးခဲ့သော ကောလာဟလများကို ပြန်ပြောင်းသတိရမိသည်။

ခုနှစ်ရက်ကြာပြီးသည့်နောက်တွင် မန်ဟိုကို အရှေ့ဘက်တောင်ပေါ်ရှိ ကျင့်ကြံခြင်းဂူကို ပေးအပ်ခဲ့လေသည်။ ဝိညာဥ်စမ်းချောင်းလေးတစ်ခုရှိပြီး ပူဖောင်းများဗလုံစီထနေသည်။ သူယခင်နေခဲ့သည့် ကျင့်ကြံခြင်းဂူထက် စိတ်ဝိညာဉ်စွမ်းအင်များ ပိုမိုသိပ်သည်းထူထပ်သည်။

ကံမကောင်းစွာပင်၊ သူသည် အတွင်းစည်းဂိုဏ်းတွင်သာရနိုင်သည်ဆိုသော ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများကို လက်ပေါ်တင်ကြည့်လိုက်သောခါတွင် ပထမအကြိမ်အဖြစ် သူ၏အပျော်များ ပြောင်းလဲသွားခဲ့ရသည်။ သူမတ်တတ်ရပ်လိုက်ပြီး ထိုအရာများကို ရူးသွပ်စွာစိုက်ကြည့်လိုက်သည်။

ထိုဝိညာဉ်ကျောက်တုံးများသည် အပြင်စည်းဂိုဏ်းတွင်ရနိုင်သောအရာများထက် ပိုမိုကြည်လင်သည်။

အရွယ်အစားလည်းပိုမိုကြီးမားပြီး ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်နေသည်။ ထို့ပြင် မှုန်ဝါးဝါးမြူခိုးကဲ့သို့အရာများနှင့် ပြည့်နေသည်။ မန်ဟို၏မျက်နှာ ဖြူဆုတ်သွားသည်။

“ဒါက အရည်အသွေးအလယ်အလတ်ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေလား” မန်ဟို တီးတိုးညဉ်းတွားလိုက်သည်။

“အတွင်းစည်းဂိုဏ်းသားတွေ တစ်နှစ်ကို တစ်တုံးပဲရပြီး.. အပြင်းစည်းဂိုဏ်းက အရည်အသွေးနိမ့် ဝိညာဉ်ကျောက်တုံးတစ်ရာနဲ့ညီမျှတယ်ဆိုတော့...”

သူ၏ရှေ့မှောက်ရှိ ကျောက်စိမ်းအပိုင်းအစလေးမှ အချက်အလက်များကို စုပ်ယူလိုက်ချိန်တွင် သူ၏ခေါင်းများသည် အိုးထိန်းစက်ကဲ့သို့ချာချာလည်လာသည်။ အဆိုပါကျောက်စိမ်းအပိုင်းအစသည် ကျင့်ကြံသူများ၏ စဦးချီဖွဲ့စည်းခြင်းအဆင့်အလိုက် ရရှိနိုင်သည့် ဝိညာဉ်ကျောက်တုံးအမျိုးအစားကွဲပြားခြားနားမှု ကို ခွဲခြားသိနိုင်ရန် ဖော်ပြပေးခြင်းဖြစ်သည်။

“အရည်အသွေးအလယ်အလတ်ရှိ ဝိညာဉ်ကျောက်တုံးရဲ့ အထက်မှာ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးဆိုတာရှိတယ်တဲ့….. အဲ့ဒါက ကျိုးပြည်တစ်ခုလုံးမှာတောင်မရှိဘူး၊ ပြီးတော့ အရည်အသွေးနိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ညီမျှတယ်…. တန်ဖိုးတောင်ဖြတ်လို့မရဘူးပဲ”

မန်ဟို၏စိတ်များ ချာလည်လည်သွားသည်။ သူ၏သိုလှောင်အိတ်ထဲရှိ အနည်းငယ်ပို၍ကြီးမားသော ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။ သူ၏မျက်နှာ ပို၍ ပို၍ရှုံ တွလာလေသည်။

ဝိညာဉ်ကျောက်တုံးတစ်ခု၏ တန်ဖိုးကို သူ၏အရွယ်အစားနှင့် အတွင်းပိုင်းဖွဲ့စည်းပုံကို ကြည့်ပြီး သိနိုင်ပေသည်။ အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး၏ အရွယ်အစားသည် အကြီးဆုံးဖြစ်ပြီး အတွင်းအူတိုင်တစ်ဝက်ခန့်က အခိုးအငွေ့လိုအရာများဖြင့်ဖုံးအုပ်ထားသည်။ ၎င်းတို့၏ အတွင်းပိုင်းမှ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ယိုဖိတ်ထွက်ကျနေခြင်းမရှိပေ။ ယင်းကို ချီဓာတ်အခြေတည်အုတ်မြစ်ချ အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများသာအသုံးပြုနိုင်သည်။ မန်ဟိုသည် သူကိုင်ထားသော ဝိညာဉ်ကျောက်တုံးကို ကြည့်ပြီး ဆွံအသွားခဲ့သည်။ ၎င်းသည် အရည်အသွေးအလယ်အလတ်ရှိ ဝိညာဉ်ကျောက်တုံးထက် သုံးဆလောက် အရွယ်အစားပိုကြီးမားပြီး အတွင်းပိုင်း၌ မြူခိုးငွေ့များသည်လည်း ပြည့်လုနီးပါး ရှိနေသည်။ ၎င်းတို့သည် စူးရှတောက်ပနေပြီး စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ယိုဖိတ်ထွက်ကျနေခြင်းမရှိပေ။

“ဒါဆို…ဒါက၊ဒါက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး..မဖြစ်နိုင်ဘူး၊ ငါ…..ငါ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးနှစ်ထောင်ကို ဖြုန်းပစ်ခဲ့မိတာပဲ”

သူ၏နှလုံးသားများ ခုန်ထွက်သွားတော့မယောင်ဖြစ်နေပြီး သူကိုယ်သူ နှစ်သိမ့်ရန်ကြိုးစားနေရသည်။ သူသည် သစ်သားဓား၏ သာမန်မဟုတ်ဘဲထူးခြားနေမှု၊ ဝမ်တန်ဖေး၏ အရေးစိုက်မှုတို့ကို ပြန်ပြောင်းစဉ်းစားမိသည်။ ထို့အပြင် ထိုဓားကိုပုံတူပွားရန်အတွက် ကြေးနီမှန်ကို ပေးခဲ့ရသည့် တန်ရာတန်ကြေးကို စဉ်းစားမိလိုက်သည်။ သူပေးဆပ်ခဲ့ရသည့် ဝိညာဉ်ကျောက်တုံးများ၏ တန်ဖိုးကို တွေးတောင်မတွေးနိုင်တော့။

အဘယ်ကြောင့်ဆိုသော် ထိုဝိညာဉ်ကျောက်တုံးများသည် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးများ၏ ဖော်ပြချက်ထက်ပင်အရွယ်အစားပိုကြီးမားပြီး အတွင်းပိုင်းရှိ ဖြစ်ပေါ်နေသော မြူခိုးငွေ့များသည် ပိုမိုထူထပ်သိပ်သည်းနေလေသည်။ သူ၏စိတ်များတုန်ယင်လာပြီး ဘာကိုမျှပင်ဆက်မတွေးဝံ့တာ့ပေ။ သူမျက်နှာမှာ သွေးမရှိတော့သကဲ့သို့ဖြူဆုတ်သွားသည်။ သူ၏အတွင်းမှပင် နာကြင်လာသည်ကို ခံစားလိုက်ရသည်။

သူသည် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းထားလိုက်ပြီး သူကိုယ်သူထိန်းနိုင်ဖို့ အချိန်ခတ္တခဏမျှယူလိုက်ယူလိုက်ရသည်။

“အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးနှစ်ထောင်ဆိုတာ ဘာမျှမှုစရာမရှိပါဘူး” မန်ဟိုကရေရွတ်လိုက်သည်။ “ဘာမဟုတ်ဘူး၊ ဒါတွေအားလုံး ဘာမှကိုမဟုတ်ဘူး”

နောက်ထပ်ရက်များက ကုန်လွန်လာခဲ့ပြန်ပါပြီ။

“ညီငယ်လေး၊မင်းရဲ့တိုက်ပွဲကို ငါစောင့်ကြည့်နေခဲ့တာ၊ မင်းက မှော်ပစ္စည်းအများအပြားကို အသုံးပြုခဲ့တာပဲ၊ အဲဒါတွေသာကုန်သွားရင် မင်းခက်ခဲတဲ့ အခြေအနေတစ်ခုကို ရောက်သွားမှာ၊ ဒါကြောင့် မင်းမှော်ရတနာဆောင်ကို မကြာခဏသွားသင့်တယ်။အဲ့မှာ မှီခိုရာဂိုဏ်းရဲ့ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က ရှေးဟောင်းမှတ်တမ်းကျမ်းတွေရှိတယ်။ မင်းအဲ့ကနေလေ့လာလို့ရတယ်။”

“ညီငယ်လေး၊ မင်းကအစားအစာအတွက် သတ္တဝါငယ်လေးတွေကို အမဲလိုက်ပြီး ချက်ပြုတ်စားသောက် နေတာကို သတိထားမိတယ်။ အဲဒါမှားတယ်ကွ။ ငါတို့ကျင့်ကြံသူတွေဆိုတာ မိုးနဲ့မြေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ရှုရှိုက်စုဆောင်းပြီး သေမျိုးတွေရဲ့ ရုပ်ခန္ဓာကြီးကို စွန့်ပစ်နိုင်ဖို့လုပ်နေကြတာလေ။ တကယ်လို့ တိရစ္ဆာန်တွေရဲ့အသားကိုသာ စားသုံးနေမယ်ဆိုရင် အဲ့ကျင့်ကြံထားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ဖြုန်းတီးသလို ဖြစ်နေလိမ့်မယ်။”

“ညီလေး၊ မင်းမှာလေ တစ်‌ယောက်တည်းနဲ့ သိုလှောင်အိတ်တွေ အရမ်းများနေတယ်။ အဲ့လိုမလုပ်သင့်ဘူး။ ပစ္စည်းတွေအားလုံးကို အိတ်တစ်လုံးထဲမှာပဲ စုထည့်ထားသင့်တယ် ။ဒါဆို မင်း သယ်ရပြုရ ပိုလွယ်ကူသွားတာပေါ့ လေ။”

အချိန်ယန္တယားကတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြန်ပါသည်။ မန်ဟိုသည်ဝိညာဉ်ကျောက်တုံးများအကြောင်း မတွေးမိစေရန် သူ့ကိုယ်သူအားထုတ်နေရသည်။ သူသည် အစ်ကိုချန်၏သဘောကောင်းမှုကို အချိန်များစွာမယူ လိုက်ရဘဲ သဘောပေါက် နားလည်လာခဲ့သည်။ မန်ဟိုသည် ၎င်း၏ညွှန်ကြားချက်များကို ခံယူပြီး သူ့အချိန်အတော်များများကို ကုန်ဆုံးစေခဲ့သည်။

အစ်ကိုကြီးသည် အပြင်စည်းဂိုဏ်းတွင်ထွက်ပေါ်ခဲ့သည့် ကောလာဟလများကဲ့သို့ မဟုတ်မှန်း သူသဘောပေါက်လာခဲ့သည်။ သူသည် တာအိုကို အလွန်အာရုံစိုက်ထားသည်မှန်သော်လည်း စကားနည်းသူတစ်ဦးတော့မဟုတ်ပေ။ စင်စစ်အားဖြင့် သူသည် စကားစပြောလိုက်သည့် အချိန်ကစလို့ နာရီပေါင်းများစွာ၊ တစ်ခါတစ်လေ တစ်နေကုန်ကြာအောင် ဆက်တိုက်မနားတမ်း ပြောနေတတ်သည်။

သူသည်ချန်ဖန်းထံသို့ မသွားခဲ့လျှင်ပင် ချန်ဖန်းက သူ၏ကျင့်ကြံခြင်းဂူထဲအထိ သူ့ကိုလာရှာပြီး ဆွေးနွေးပြောဆိုလိမ့်မည်ဖြစ်သည်။

မန်ဟိုမငြင်းနိုင်ရှာပေ။ သူသည် ကြိုးစား၍ ပြုံးပြရင်း နားထောင်ခဲ့ရသည်။ တစ်ခါတစ်ရံ ပြောနေရင်း တန်းလန်းနှင့်ပင် သူအိပ်ပျော်သွားတတ်သည်။ တစ်ဖန်ပြန်နိုးလာ၍ အစ်ကိုချန်ဖန်းကို ကြည့်လိုက်လျှင်လည်း စကားဆက်ပြောနေတုန်းပင်ဖြစ်သည်။ မတတ်နိုင်ပေမဲ့ သူ့မှာ အားနာစိတ်မကောင်းဖြစ်ရသည်။

“အတွင်းစည်းဂိုဏ်းမှာကလည်း တပည့်များများစားစားမရှိဘူးလေ။ ဒါကြောင့် အစ်ကိုချန်က စကားပြောမဲ့သူမရှိတဲ့အခါကြတော့ သူလည်းအဖော်ငတ်နေတာနေမှာ” ဘာကြောင့် အမရှု မကြာခဏ ဂူပိတ်တရားကျင့်ကြံနေတတ်သလဲ မန်ဟို သဘောပေါက်သွားပြီဖြစ်သည်။သူ ကိုယ်တိုင်ပင် အစ်ကိုကြီး ရန်မှရှောင်တိမ်းနိုင်ရန် တရားကျင့်ကြံရင်ရမလား တွေးနေမိသည်။

သူ ကျင့်ကြံခြင်းဂူက ထွက်ခွာလိုက်သည့်အချိန်တိုင်း အစ်ကိုချန်က သူနှင့်အတူပါရှိနေတတ်သည်။

“အမရှုတရားကျင့်ကြံတာက ဘယ်ချိန်လောက်မှပြီးမလဲ ငါသိချင်လိုက်တာ။”မန်ဟိုသည် တွေးရင်း ပြုံးလိုက်မိသည်။ “သူ့ကိုတွေ့လိုက်တဲ့အချိန်မှာ ဖြစ်သွားမဲ့ အမရှုရဲ့မျက်နှာကိုကြည့်ရဖို့ ငါမစောင့်နိုင်တော့ဘူး။” ယခုအခါတွင် သူသည်ငွေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဆံပင်ရှည်များက သူ၏အနောက်ဖက်သို့ တဖျပ်ဖျပ် လွင့်လူးနေသည်။သူသည် တောင်ထိပ်တစ်ခု၏ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။ အစ်ကိုချန်၏ ကရားရေလွှတ် တတွတ်တွတ်ပြောနေသောစကားများကို လျစ်လျူရှုထားလိုက်ပြီး နေဝင်ဆည်းဆာကို စိုက်ကြည့်နေမိသည်။

“ညီလေးက ညီမလေးရှုတရားကျင့်ကြံတာပြီးမဲ့အချိန်ကို သိချင်နေတာမလား” ဟုပြောရင်း အစ်ကိုချန်က မန်ဟိုကို စိုက်ကြည့်ကာပြုံးပြလိုက်သည်။

“ဟုတ်..........အာ၊ ဘာလဲ”

အစ်ကိုချန်၏ ရုတ်တရက်ပြောလိုက်သောစကားကြောင့် မန်ဟိုစကားမပြောနိုင် ဖြစ်ခဲ့ရသည်။

“ရှက်မနေစမ်းနဲ့ ညီလေးရာ” အစ်ကိုချန်က ကျီစယ်ရင်းပြုံးလိုက်သည်။ “ညီမလေးရှုချင်က ပင်ကိုယ်လှ တာကွ။ ဒီတော့ မင်းသူ့ကိုတိတ်တခိုးကြိတ်ပိုး လုပ်နေတာ ဖြစ်သင့်တာပဲလေ။” သူသည် သဘောဖြူအူဆင်း၍ ခင်မင်ဖို့ကောင်းသည်။ မန်ဟိုသည် သူ့ကို သဘောကျနှစ်သက်မိသည်။ သူတို့စတင်ဆုံတွေ့စဉ်အချိန်ကတည်းက မန်ဟိုကို ညီနောင်အဖြစ် သတ်မှတ်ထားခဲ့သည် မဟုတ်လား။

“ရှုချင်တဲ့လား” မန်ဟိုချောင်းတစ်ချက်ဟန့်လိုက်သည်။ သူသည်စကားလမ်းကြောင်းလွှဲလိုက်သည်။ “မဟုတ် ၊ မဟုတ်ပါဘူး.......အိုး ဒါပေါ့ ၊ အစ်ကိုချန် ခုနကပြောနေတာက ကျင့်ကြံသူတစ်ယောက်က စဦးချီဖွဲ့စည်းခြင်း အဆင့်ပြီးရင် နောက်တစ်ဆင့်ဘာဖြစ်မယ်ဆိုတဲ့အကြောင်းမလား။”

“စဦးချီဖွဲ့စည်းခြင်းအဆင့်ပြီးတဲ့အခါကြရင် ချီဓအခြေတည်အဆင့်ပေါ့။ သေမျိုးခန္ဓာကိုယ်ကို စွန့်ခွာပြီး အနုသုခုမရုပ်ခန္ဓာကျင့်ကြံမှုကို ထုံကူးသွားမှာ၊ ဒါမှ တကယ့်စစ်မှန်တဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်လာမှာ” အစ်ကိုချန်က မန်ဟိုကိုပြုံးပြလိုက်သည်။

“ချီအခြေတည်အဆင့် ထူထောင်တဲ့အချိန် အတောအတွင်းမှာ အသူရာတမျှ နက်နဲတဲ့ မင်းရဲ့အမြုတေရေကန်နဲ့အတူ တာအိုမဏ္ဍိုင်တိုင်ကြီးကိုးခု ပေါ်ပေါက်လာလိမ့်မယ်။ ဒီတိုင်ကြီးတွေ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ပေါ်ပေါက်လာရင် အဲဒါကို အခြေတည်အဆင့်ခေါ်တယ်။ တာအိုတိုင်ကြီးတွေ ပေါ်ပေါက်လာဖို့ ကျင့်ကြံတဲ့နေရာမှာ မှော်ကျင့်စဉ်တွေအပေါ်မူတည်ပြီး အခြေခံအမျိုးမျိုးရှိကြတယ်။” တကယ်လို့ အက်ကြောင်းရာကိုးခုပေါ်ပေါက်လာရင် အနာအဆာမဲ့ အခြေအဆင့် လို့ခေါ်တယ်။ အက်ကြောင်း(၁၈)ခုပေါ်ပေါက်လာခဲ့ရင် အဲ့ဒါကို အက်ကွဲအဆင့်လို့ ခေါ်တယ်။ အက်ကြာင်းရာ(၁၈)ခုထက်များခဲ့ရင်တော့ ကျိုးပဲ့ခြင်းအခြေ အဆင့်လို့ခေါ်တယ်။ အနာအဆာမဲ့ အဆင့်ကတော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အက်ကွဲအဆင့်လည်း ကောင်းပါတယ်။ ကျိုးပဲ့ခြင်းအဆင့်ကတော့ အများဆုံးပေါ့လေ”

“မှီခိုရာဂိုဏ်းမှာ အဲဒီအနာအဆာမဲ့ အခြေအဆင့်ကို ပြဆိုထားတဲ့ ကျင့်စဉ်ကျမ်းတစ်အုပ်ရှိတယ်။ မှီခိုရာဂိုဏ်းချုပ်ကြီး ဆည်းပူးခဲ့တဲ့ကျမ်းပေါ့။ ဒါကြောင့်ပဲ သူ့ရဲ့နာမည်ဂုဏ်သတင်းက ကျိုးပြည်တစ်လွှားမှာသာမက တောင်ပိုင်းနယ်မြေများထိတောင်ကျော်ကြားတယ်။ ဝမ်းနည်းစရာကောင်းတာက ဂိုဏ်းချုပ်ပျောက်သွားတဲ့ အတွက် ဒီပညာကိုလက်ဆင့်ကမ်းမပေးနိုင်ခဲ့ဘူးလေ” ချန်ဖန်းက အားလုံးကိုဖြေးဖြေးနှင့် အသေးစိပ်ရှင်းပြနေသည်။ ဒါကပင် သူ၏ပင်ကိုယ်စရိုက် မဟုတ်ပါလား။

“ချီဓာတ်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ပြီးသွားရင် ချီအမြုတေလို့ခေါ်တဲ့ မဟာလမ်းစဉ်အဆင့်ပဲ၊ ဂိုဏ်းချုပ်ကြီးက အဲ့အဆင့်မှာဘဲပေါ့။ ဒါပြီးသွားရင် မင်းဟာ အနုသုခုမနတ်ခန္ဓာကို မွေးဖွားလိမ့်မယ်။ ပြီးရင် မင်း ထာဝရအသက်ရှင်နိုင်လိမ့်မယ်။ တိုတိုပြောရရင် မသေမျိုး ဖြစ်လာတယ်ပေါ့ကွာ"

“အနုသုခုမနတ်ခန္ဓာအဆင့်ပြီးသွားရင်ကော” မန်ဟိုကမေးလိုက်ပြီး စူးစူးစိုက်စိုက်နားထာင် နေသည်။

“ဝိညာဉ်နတ်သူငယ်အဆင့်ပြီးတော့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပဲ။ မှီခိုရာဂိုဏ်းချုပ်ဟောင်းကြီးက အဲ့အဆင့်ကိုကျင့်ကြံနေခဲ့တာပေါ့။ အဲ့အဆင့်က အခက်ခဲဆုံးအဆင့်ပဲ။ အဲ့အချိန်မှာတော့ အသက်ကို ဖက်နဲ့အုပ်ထားပေရော့ပဲ။ ကိုယ့်ရဲ့အောင်မြင်မှု ကိစ္စအဝဝ သံယောဇဉ်အားလုံးကို ခွဲထုတ်ဖြတ်ပစ်ရမှာ။ အဲ့နှစ်ကတည်းက ဂိုဏ်းချုပ်ကြီးက တစ်ယောက်တည်း ဧကစာရီကျင့်ကြံမယ်ဆိုပြီး ထွက်သွားကာ အခုထိပြန်မလာတာပဲ” ချန်ဖန်းက အေးအေးလူလူရှင်းပြနေခြင်း ဖြစ်သည်။

“ငါဆိုတဲ့ မန်ဟိုတစ်နေ့မှာတော့ ဒီစိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကိုရောက်နိုင်ရမယ်” သူတီးတိုး ပြောလိုက်သည်။ “ဒါပြီးတော့ကော................”

“ဒီအဆင့်ပြီးသွားရင်တော့ အရမ်းကိုအဆင့်မြင့်သွားပြီ” ဟုချန်ဖန်းကပြာသည်။ “ငါအသေးစိပ်တော့ မသိဘူး၊ မင်းဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့လေ့လာရအောင် တောင်ပိုင်းဒေသကို သွားသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနှစ်ချုပ်လိုက်ရင်တော့ ဒါက အင်မော်တယ်အဆင့်သို့ တက်လှမ်းခြင်းပဲ”

“အင်မော်တယ်အဆင့်သို့ တက်လှမ်းခြင်း... ”

“အင်မော်တယ်အဆင့်သို့ တက်လှမ်းခြင်း...”

တောင်လေညှင်းများသည် သာဝက(၂)ဦး၏ ဆံပင်များကို ညင်သာစွာဆော့ကစားသွားပြီး၊ သူတို့၏အသံကို အဝေးသို့သယ်ဆောင်သွားလေသည်။

“ညီငယ်လေး၊ တစ်နေ့မှာမင်းဟာ လောကကြီးထဲကိုခြေဆန့်သွားလာပြီး ကျင့်ကြံမှုတွေကို ဆက်လက်လုပ်ရလိမ့်မည်။ မင်းကိုယ်မင်း ဒီကျိုးပြည်လေးထဲမှာပဲ ကန့်သတ်ပိတ်လှောင်မထားနဲ့” အစ်ကိုချန်သည် မန်ဟိုကို ကြင်နာစွာကြည့်လိုက်သည်။

“မမေ့နဲ့ ၊ ကျိုးပြည်ဆိုတာက နန်ရှန်းတိုက်ကြီး တောင်ဖက်နယ်မြေတွေထဲက အဖျားအနားလေးပဲဆိုတာကို စိတ်ဝိညာဉ်စွမ်းအင်တွေက ဒီနေရာမှာ လုံလောက်အောင်ရှိမနေဘူး။ ဒါကြောင့် ဒီဘက်မှာကျင့်ကြံသူတွေနည်းတယ်။”

“တောင်ပိုင်းဒေသတွေကမှ ကျင့်ကြံမှုလောကအစစ်ပဲ။ တောတွင်းနိယာမများအတိုင်းပဲ ရက်စက်ကြမ်းကြုတ်မှု ၊လူမဆန်မှုတွေ အဲ့နေရာမှာ အများကြီးပဲ.........၊ ဒါပေမဲ့ အဲဒါက နန်ရှန်းတိုက်ကြီးရဲ့ တောင်ဖက်နယ်မြေများစွာရဲ့ အထွဋ်အထိပ်ပဲ။ အရွေးချယ်ခံ သူရဲကောင်းတွေလဲအများကြီးပဲ။ အဲ့ဒေသတွေနဲ့ ယှဉ်ရင်တော့ ကျိုးပြည်က တည်ငြိမ်အေးချမ်းတယ်။ ငါ့တို့မျိုးဆက်ရဲ့ကျင့်ကြံသူတွေဟာ အထွဋ်အထိပ်ကိုရောက်ဖို့ ကြိုးစားတက်လှမ်းခဲ့ရတယ်။ အောင်မြင်မှုအတွက် အရိုးစုပုံတွေကိုလည်း နင်းကျော်ခဲ့ရတယ်” အမျိုးအမည်မသိသော အလင်းရောင်များ သူ၏မျက်လုံးထဲ၌ ဖျတ်ပြေးသွားသည်။ သူ့အားကြည့်ရသည်မှာ မန်ဟိုနှင့်စကားပြောနေသည်နှင့်မတူဘဲ သူ့ကိုယ်သူပြောနေသကဲ့သို့ပင်။

မန်ဟိုသည် အစ်ကိုချန်၏စကားများကြောင့် အတန်ငယ် ငြိမ်သက်သွားရသည်။ သူသည် ယခင်ကဘာမျှမသိ နားလည်ခဲ့သော်လည်း ယခုကဲ့သို့ ရှင်းရှင်းလင်းလင်းသိလာရသောအခါတွင် သူ့ခေါင်းထဲ၌ အူတူတူ ဖြစ်ကျန်ခဲ့ သည်။

သူ၏ရှေ့တွင် တောင်ပိုင်းဒေသ၏ သူရဲကောင်းများတည်ရှိရာမြေပုံကြီးကို လိမ့်ချလိုက်သကဲ့သို့ ခံစားနေရသည်။

“ဒီအယူဝါဒလမ်းစဉ်ကိုလိုက်စားမည့် သူတစ်ယောက်က သေမျိုးတို့ရဲ့လောကကို စွန့်လွတ်ရမယ်။ သေမျိုးအဖြစ် ရှိမနေသင့်ဘူး။ မင်းက ကျင့်ကြံသူတစ်ယောက်ဆိုရင် ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်ဖို့ ကံတရားက သတ်မှတ်ပေးပြီးသားဖြစ်သွားပြီ။ မင်းအားနည်းနေတယ်ဆိုရင် မင်းမှာ အသက်ရှင်နေဖို့ အခွင့်အရေးမရှိဘူး။ မင်း အစွမ်းသန်မာနေမယ်ဆိုရင် မင်းအသက်ရှင်မယ်။ မင်းကို လူတွေအားလုံးက ဝိုင်းပြီးအနိုင်ကျင့်ကြလိမ့်မယ်၊ မင်းဒီလိုမျိုး အသက်ရှင်ချင်လား”အစ်ကိုချန်၏စကားများကနားထဲသို့ ထိုးဖောက်ပြီး နှလုံးသားထဲအထိ ရောက်ရှိလာသည်။ သူ၏မျက်လုံးများက တလက်လက်တောက်ပလာသည်။ ထို့နောက် သူ့အတွေးရေယာဉ်ကြော၌ စတင်မျောသွား လေသည်။

“ငါက ယွင်ကျဲ့စီရင်စုက စာပေသမားတစ်ယောက်။ ငါ့ရဲ့မိဘတွေက ကလေးဘဝထဲက စွန့်ပစ်ခဲ့ကြတာ။ ငါ့အိမ်မက်က ချမ်းသာကြွယ်ဝပြီး ဆင်းဆင်းရဲရဲမနေရဖို့ပဲ။ နောက်ဆုံးမှာ အရှေ့ဘက် မဟာတန်ပြည်ကို ရောက်ဖူးဖို့”

ထိုင်၍စဉ်းစားနေသော သူ၏ဆံပင်များကို ညဘက်အေးစိမ့်စိမ့်လေညှင်းများက ဖြတ်၍တိုက်ခတ်သွား လေတော့သည်။ တာ့ချင်းတောင်ထိပ်ကို သူရောက်လာခဲ့စဉ်နှစ်များတုန်းကလိုပင်.........။

***

All Chapters