← Chapters

ငါဆန္ဒမရှိဘူး

Vol. 3 Ch. 35

ငါဆန္ဒမရှိဘူး

Vol. 3 Ch. 35

အချိန်များက ကုန်လွန်လာခဲ့ချေပြီ။ အစ်ကိုချန်သည်လည်း ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ မန်ဟိုသည် အတွင်းစည်းဂိုဏ်းတပည့် ဖြစ်လာခဲ့သော်လည်း အငယ်တန်းသဘောမျှသာ ရှိနေသေးသည်။ သူ့ကို ကိစ္စရပ်များရှင်းပြပေးဖို့၊ စစ်မှန်သောကျင့်ကြံမှုဟာ ဘယ်နည်းဘယ်ပုံဆိုတာကို ကူညီရှင်းပြပေးရန်မှာ သူ၏တာဝန်ဖြစ်သည်။ နောက်ကောက်ကျန်ရစ်မနေဘဲ ရှေ့ဆက်၍ မည်သို့မည်ပုံလျှောက်လှမ်းရမည်၊ ကျင့်ကြံခြင်းလာက၏ သေခြင်းနှင့်ရှင်ခြင်း လမ်းစဉ်တွေကို နားလည်သဘောပေါက်စေရန် အတွက် သူ့ကိုကူညီပေးရန်ဖြစ်သည်။

အတွင်းစည်းဂိုဏ်းသို့ဝင်ရန်မှာ သူ၏ပထမဆုံးခြေလှမ်းဖြစ်ပြီး၊ နောက်တစ်ဆင့်မှာ ချီအခြေတည်အဆင့် ဖြစ်သည်။

မန်ဟိုသည် ကျောက်တုံးကြီးတစ်တုံးကဲ့သို့ တုတ်တုတ်မျှမလှုပ်ဘဲ ထိုင်နေရင်းကောင်းကင်ကြီးရှိ လမင်းကြီးနှင့် မြောက်များစွာကြယ်ပွင့်ကလေးများကို စိုက်ကြည့်နေ၏။ သူကားတိတ်ဆိတ်နေ၏။ သူ၏စိတ်တွင် မရေတွက်နိုင်သော အတွေးများကပြည့်နေသည်။ သူအတော်လေး စိတ်ရှုပ်နေခဲ့သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး မကြာခင်မှာပင် သန်ခေါင်ယံအချိန်ကို ရောက်ရှိလာချေပြီ။ ဝမ်တန်ဖေးသည် ကျင့်ကြံခြင်းဂူထဲ၌ ထိုင်နေပြီး ပြတ်နေသော ညာဘက်လက်ညှိုးကို ကြည့်လိုက်သည်။ စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ခြင်းဖြစ်သည်။ သူ၏ရှေ့တွင်ရှိသော ကျောက်စိမ်းပြားလေးမှာ ထက်ပိုင်းကျိုး နေလေပြီ။ သူသတိရလာလာခြင်းပင် ပထမဆုံးလုပ်လိုက်သောအရာဖြစ်သည်။

သူသည် အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိသည့်အတွက် သူ၏ဒုတိယပန်းတိုင်ကို ပြီးမြောက် အောင် မဆောင်ရွက်နိုင်ခဲ့ရာ စိတ်ပျက်လက်ပျက်ဖြင့် လက်မှိုင်ချနေမိသည်။ သူ သတိရလာပြီးပြီးခြင်းမှာပင် ကျောက်စိမ်းပြားကို ထက်ပိုင်းချိုးလိုက်ပြီး ခါးသီးစွာပြုံးလိုက်သည်။

သူ ရှုံးနိမ့်သွားခဲ့သည်။ အပြတ်အသတ်ကို ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။ တခြားလူကြောင့်မဟုတ် ပိုးမွှားလိုကောင်တစ်ကောင်ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းပင်။ မန်ဟို၏အားနည်းလှသည့် ချီအတွင်းအားနှင့် ဓားကြောင့် သူရှုံးနိမ့်ရသည်။ ဟယ်လောဟွာ၏ ကြားဝင်ပေးမှုကြောင့်သာ မဟုတ်လျှင်သူအသက်ပျောက် သွားလောက်ပြီ။

ထိုရှုံးနိမ့်မှုကြောင့် မှီခိုရာဂိုဏ်းတွင် သူ၏လမ်းကြောင်းများက နိဋ္ဌိတ္တံသွားခဲ့ချေပြီ။ သူသည် သတိရလာခဲ့သော်လည်း ကျင့်ကြံခြင်းဂူထဲက အပြင်မထွက်ဘဲ ကြက်သေသေ၍ ထိုင်နေမိသည်။

သူကရွေးချယ်ခံဖြစ်သည်။ သူ၏မျိုးနွယ်စုကား တောင်ဖက်နယ်မြေတစ်ကြောတွင် နာမည်ဂုဏ်သတင်း ကြီးမား၏။ ထို့ကြောင့် သူသည် ငယ်စဉ်ကလေးဘဝကတည်းက လောကကြီးတစ်ခုလုံး သူ့လုပ်စာထိုင်စားနေရသကဲ့သို့ အလွန်မာနကြီးသူဖြစ်သည်။ ထို့ကြောင့်သူသည် မျိုးနွယ်စုနှင့် အတူနေထိုင်ရန် ငြင်းဆန်ပြီး ရတနာနှင့်အမွေအနှစ်များကို ရှာဖွေရန်အလို့ငှာ ကျိုးပြည်မှီခိုရာဂိုဏ်းကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူ၏ရည်ရွယ်ချက်နှစ်ခုကို ဆက်လက် အကောင်အထည်ဖော်လိုသော်ကြောင့် ချီဓာတ်အခြေတည်အုတ်မြစ်ချ အဆင့်ကို ကျင့်ကြံရန် ရွေ့ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်မှာတော့ အရာအားလုံးသည် လေထဲ၌ လွင့်စဉ်သွားသော ပြာများကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။

ဝမ်တန်ဖေး၏ ခါးသက်သက်ရယ်သံများသည် ကျင့်ကြံခြင်းဂူတစ်ခုလုံး ပဲ့တင်ထပ်သွားလေတော့သည်။ သူသည် လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ရယ်ပြီးရင်း ရယ်လိုက်လေသည်။ သူ၏လက်သည်းများက အလွန်စူးရှခြင်းမရှိတာကြောင့် မန်ဟို၏ခံစားချက်ကို ကိုယ်ချင်းစာတတ်လိမ့်မည်တော့မဟုတ်။

ထိုအရှုံးတရားကို သူလက်မခံနိုင်သေး။ အရွေးချယ်ခံပုဂ္ဂိုလ်တစ်ယောက်၏ လက်ကြောင့် ရှုံးနိမ့်ခဲ့ရမည်ဆိုရင်တောင် သူ့အနေနှင့်ခံသာသေးသည်။ ထို့ကြောင့်သူသည် ယခုရှုံးနိမ့်မှုကို သည်းမခံနိုင်ပေ။ သို့သော် ထိုလူကပဲ သူ၏အတွင်းစည်းဂိုဏ်းတပည့်နေရာကို လုယူသွားခဲ့ချေပြီ။ သူအဖက်လုပ်ပြီးကြည့်ဖို့ပင် မထိုက်တန်သည့် ပိုးမွှားလိုအကောင်တစ်ကောင်က သူ့ကို ခြေထောက်အောက်ရောက်အောင် နင်းချေသွားခဲ့သည်။ သူသည်အရှုံးတရားကို မည်သို့မျှပင် လက်မခံနိုင်ပေ။

ထိုအခိုက်မှပင် ဝမ်တန်ဖေး၏ ကျင့်ကြံခြင်းဂူတံခါးသည် အသံမထွက်ဘဲ အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားလေသည်။ တံခါးတစ်ခုလုံးသည်လည်း ပြာအတိဖြစ်သွားပြီး ကျင့်ကြံခြင်းဂူ၏ မြေပြင်ပေါ်သို့ လွင့်စင်၍ ကုန်တော့သည်။

သက်လတ်ပိုင်းအရွယ်ရှိ လူတစ်ယောက်သည် တံခါးပေါက်တွင်မတ်တပ်ရပ်နေလေ၏။ ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တွေကို သူ၏အနောက်ဖက်တွင်ယှက်သန်းထား၏။ သူ၏ပုံစံမှာ ခပ်ပိန်ပိန်ချည့်နဲ့နဲ့ ပုံစံဖြစ်ပြီး အလွန်မောက်မာပုံရသည်။ လရောင်များက သူ့အပေါ်ဖြာကျနေပြီး လှိုင်းတွန့်နေသယောင် ထင်ရသည်။ သူ၏ တည်ရှိမှုကို ပတ်ဝန်းကျင်ရှိ တောင်ကြီးများကပင် ဦးညွတ်နေသကဲ့သို့ ဖြစ်သည်။

ထိုသက်လတ်ပိုင်းလူကြီး၏နံဘေးတွင် အသက်(၁၈)သို့(၁၉)နှစ်အရွယ်လောက်ဖြစ်နိုင်သည့် မိန်းမပျိုတစ်ယောက်ရှိသည်။ သူမသည် အရပ်ရှည်ရှည်၊ ကျစ်ကျစ်လျစ်လျစ် သွယ်သွယ်လျလျဖြင့် မယုံကြည်နိုင်လောက်အောင်ပင် လှပလွန်းသည်။ သူမ၏မျက်နှာသည် မျက်နှာချေပေါင်ဒါများ လိမ်းထားခြင်းမရှိဘဲ အရုဏ်ဦးကဲ့သို့ ရွှန်းလဲ့တောက်ပလျက်ရှိသည်။ သူမ၏ဆံနွယ်များသည် ပျံလွှားငှက်၏အမြီး သဏ္ဍာန်ရှိပြီး ခန္ဓာကိုယ်မှာ ကျောက်စိမ်းနှင့်ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် ပါးလွှာပြီး ဖက်ဖူးစိမ်းရောင်ရှိသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ လရောင်ထဲတွင် ရပ်တည်နေသော သူမထံမှာ မှော်ဆန်သောအရောင်အဝါများ ထုတ်လွှတ်နေပြီး မျက်စိပသာဒ ဖြစ်စေသည်။ သူမမှာ လောကကြီး၏ ဆိုးယုတ်မှုများမှ ကင်းလွတ်နေသည့် အလားပင်ထင်ရသည်။ သူမကိုကြည့်ရသည်မှာ ကောင်းကင်ဘုံမှ ကြွေကျလာသော ကြယ်ပွင့်ကလေးအတိုင်းပင်။

“ဝမ်မျိုးနွယ်စုဆိုတာ တောင်ပိုင်းဒေသတစ်ကြောက မဟာကျင့်ကြံသူမျိုးနွယ်စုသုံးခုထဲမှ တစ်ခုအပါအဝင်ပဲ။” သက်လတ်ပိုင်းလူက အေးဆေးစွာပြောလိုက်ခြင်းဖြစ်သည်။ သူ၏အသံတွင် ဖော်ပြရန်ပင်မစွမ်းသာသော အံ့ဩဖွယ်ကောင်းသည့် အအေးဓာတ်များပါဝင်နေသည်။ “ငါတို့ဟာ ဂိုဏ်းပေါင်းများထက်သာလွန်ပြီး တောင်ပိုင်းဒေသမှာ နှစ်ပေါင်းတစ်သောင်း လောက်ကြာအောင် ရပ်တည်နိုင်ခဲ့တယ်။”

“မင်းက ဝမ်မျိုးနွယ်စုရဲ့ ရွေးချယ်ခံပဲ။ မင်းက မွေးကတည်းက တခြားသူများ မလုပ်နိုင်တဲ့ သမားရိုးကျ မဟုတ်တဲ့အရာတွေကို လုပ်ဖို့အတွက် ကံတရားက သတ်မှတ်ထားပြီးသား။ မင်းဟာအမြင့်ဆုံးသော ကောင်းကင်ဘုံထက် ပိုမြင့်မားစေရမယ်။ မင်းဟာ တခြားမသေမျိုးတွေနဲ့ ရင်ဆိုင်ဖို့အတွက် မင်းကိုရည်ရွယ်ထားတာ။”

ဝမ်တန်ဖေးသည် သက်လတ်ပိုင်းလူကြီး၏စကားများကို နားထောင်ပြီးသူ၏ခေါင်းများကို ဖြေးဖြေးချင်း မော့လိုက်သည်။ သူ၏လက်ချောင်းများကိုပင် ဂရုမစိုက်အားတော့။

“အချို့သောအသေးအဖွဲ့ ဆုံးရှုံးမှုတွေကို ထည့်တွက်မနေနဲ့ ဒီလိုသေးနုပ်လှတဲ့ ကျိုးပြည်လေးက တောင်ဖက်နယ်မြေတွေနဲ့ ယှဉ်ရင်ဘာဟုတ်သေးလို့လဲ။ ပုရွက်ဆိတ်လိုကောင်တွေနဲ့ပဲ ပြည့်နေတာ။ အမြုတေဖြစ်တည်မှုအဆင့်ကိုရောက်နေတဲ့ မျိုးနွယ်စုဝင်တွေထဲက တစ်ယောက်ယောက်ကို ဒီနေရာကို ငါလွှတ်လိုက်ရင် သူကဒီနေရာတစ်ခုလုံးကိုရှင်းလင်းသွားအောင် သုတ်သင်ပစ်လိမ့်မယ်” သက်လတ်ပိုင်းလူ၏ပြောစကားမှာ လုံးဝအသေအချာပင် ဖြစ်သောကြောင့် ငြင်းခုံရန် အကြောင်းမရှိပေ။ ဝမ်တန်ဖေးသည် လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သူ၏မျက်လုံးများက မီးဟုန်းဟုန်းတောက်လောင်နေသည်။

“မင်းရဲ့စစ်မှန်တဲ့ရန်သူဆိုတာ မျိုးနွယ်စုမှာရှိတဲ့ တခြားရွေးချယ်ခံရသူတွေ၊ တောင်ဖက်နယ်မြေမှာရှိတဲ့ အဓိကမျိုးနွယ်စုကြီး(၂)ခုက ဆက်ခံသူတွေနဲ့ ၊ပြီးတော့ ကျန်မျိုးနွယ်စု(၅)ခုက တပည့်တွေပဲ။ အဲဒါတွေကပဲ မင်းအဆင့်နဲ့တန်တဲ့ ရန်သူတွေနော်။ သူတို့သာ မင်းရဲ့အခုလို ဝမ်းနည်း အားငယ်နေတဲ့ပုံကိုမြင်သွားရင် ‘ဝမ်’ဆိုတဲ့ နာမည်ကို ဘယ်နားသွားထားရမလဲ။”

“ငါ့ကိုပြောစမ်း ၊ မင်းမိသားစုရဲ့နာမည်ကဘာလဲ” ဟုသက်လတ်ပိုင်းလူက သူ၏ဝတ်ရုံလက်စကိုခါရင်း ပြောသည်။

“ကျွန်တော်နာမည် ဝမ်ပါ”ဝမ်တန်ဖေးသည်မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများက တောက်ပလို့နေသည်။

သက်လတ်ပိုင်းလူသည် ဝမ်တန်ဖေးကို အချိန်အတန်ကြာမျှကြည့်နေရင်း သူ၏မျက်လုံးများက ညင်သာပျော့ပျောင်းလာသည်။

“မင်းက ဝမ်မျိုးနွယ်စုရဲ့ ဒဏ္ဍာရီလာ သိမ်းငှက်ပဲ။ မကြာခင် မင်းဟာ ချီအခြေတည်အဆင့်ကို ရောက်လာလိမ့်မယ်။ အနာဂတ်မှာ မင်းဟာ အမြုတေဖြစ်တည်မှုအဆင့် ရောက်ရှိမယ်။ နောက်ပြီး မင်းနဲ့စေ့စပ်ထားတဲ့အမျိုးသမီးရဲ့ ဂိုဏ်းက ကျင့်စဉ်တွေကနေ ခရမ်းရောင်ချီဓာတ်တွေကိုလည်း အကူအညီရလိမ့်ဦးမယ်။ ဒီနောက်မှာ မင်းဟာ အနုသုခုမနတ်ခန္ဓာကို ပိုင်ဆိုင်မယ်။ ပြီးရင် ကျိုးပြည်မှာ အခု မင်းကို အနိုင်ယူခဲ့တဲ့ ပါချီပါချက် ကောင်လေးကို လာရှာချည်။” သူသည် ဝမ်တန်ဖေးကို အဓိပ္ပာယ်အပြည့် ဖြင့် ကြည့်လိုက်သည်။

“တန်ဖေး” မိန်းမလေးကခေါ်လိုက်ခြင်းဖြစ်သည်။ သူ၏အသံလေးက သာယာကြည်နူးဖွယ်ကောင်းပြီး သူမ၏ အလှနှင့်ပေါင်းစပ်လိုက်လျှင် သူမကလွန်စွာဆွဲဆောင်မှုရှိနေသည်။ သူမသည် ဝမ်တန်ဖေးကဲ့သို့ပင် အရာရာ၌ ပြီးပြည့်စုံသူဖြစ်သည်။ သူတို့နှစ်ဦးပေါင်းဖက်လိုက်မည်ဆိုလျှင် နတ်ဖက်သကဲ့သို့ လိုက်ဖက်မှုရှိနေ မည်မှာ အသေအချာပင်။ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းကြသူမည်သူမဆို မနာလိုအားကျမှုများ ဖြစ်သွားရလိမ့်မည်။

ဝမ်တန်ဖေးသည် မိန်းကလေးကို တိတ်ဆိတ်စွာကြည့်လိုက်သည်။ ၎င်းမှာ သူ၏စ့စပ်ထားသော အမျိုးသမီး ချူယွီယန်ဖြစ်ပြီး ဇီယွင်ဂိုဏ်းခေါင်းဆောင်၏ သမီးတော်ဖြစ်သည်။ သူမသည် ထိုဂိုဏ်း၏ အရွေးချယ်ခံဖြစ်သည်။ တောင်ပိုင်းဒေသနယ်မြေများရှိ အကျော်ကြားဆုံးအမျိုးသမီး(၄)ဦးထဲမှ တစ်ဦးဖြစ်သည်။

“ပြန်ကြပါစို့” သူမကညင်သာစွာပြောပြီး ဝမ်တန်ဖေးကို စိုက်ကြည့်လိုက်သည်။

ဝမ်တန်ဖေးသည် ခေါင်းညိတ်လိုက်သည်။ သူသည် ကျင့်ကြံခြင်းဂူထဲထွက်ပြီး မိန်းကလေးနောက်မှ လိုက်သွားလေတော့သည်။ သက်လတ်ပိုင်းလူနှင့်အတူ ရှေ့သို့လမ်းလျှောက်သွားလိုက်ကြ၏။ ထိုအချိန်၌ ရုတ်တရက် အုန်းအုန်းညောင်းညောင်း အသံကြီးပေါ်ထွက်လာပြီး ညဘက်ကောင်းကင်ကြီးမှ တုန်လှုပ်သွား ရတော့သည်။ ကောင်းကင်ယံမှ ပစ်ချလိုက်သော မိုးကြိုးလျှပ်စီးများသည်လည်း မီတာသုံးရာလောက် ရှည်လျားကာ တိုက်သင်္ဘောပျံကြီးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ သင်္ဘောသည် အနက်ရောင်ဖြစ်ပြီး သေခြင်းတရား၏ အရိပ်အယောင်များထွက်ပေါ်နေသည်။ အထူးသဖြင့် “ဝမ်”ဟူသောအက္ခရာထိုးထားသော အနီရောင်အလံတိုင်မှ ထွက်လာနေခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် ခံစားချက်မဲ့သည့် အမူအရာများနှင့်လူများ မရေတွက်နိုင်အောင် မတ်တပ်ရပ်နေကြ သည်။ ၎င်းတို့အားကြည့်ရသည်မှာ ကျောချမ်းစရာပင်။

ထိုတိုက်သင်္ဘောကြီးထံမှ အလွန်ကျယ်လောင်သော အသံကြီးထွက်ပေါ်လာလေပြီး မှီခိုရာဂိုဏ်းသားများ ကို ဝမ်းနည်းချောက်ချားသွားစေခဲ့သည်။ သူတို့မော့ကြည့်လိုက်ကြပြီး ကိုယ့်မျက်စိကို မယုံနိုင်အောင်ဖြစ်သွားရ သည်။

မန်ဟိုသည် အရှေ့ဘက်တောင်ထိပ်တွင် ထိုင်နေဆဲပင်ဖြစ်သည်။ သူစဉ်းစားနေသော အတွေးများကို ရပ်တန့်သွားစေသည့် အနီရောင်အလံနှင့် တိုက်သင်္ဘောပျံကြီးကို ကြည့်လိုက်မိသည်။ သူ၏နှလုံးများ တုန်လှုပ်သွား ရတော့သည်။

“ဒီလိုနေရာကို လာဖို့ မင်းကို ငါခွင့်မပြုခဲ့သင့်ဘူး” သက်လတ်ပိုင်းလူကြီးသင်္ဘောပေါ်မှာ လမ်းလျှောက်ရင်း ပြောလိုက်သည်။ “ဝိညာဉ်ကျမ်းစာ ဒီနေရာမှာပေါ်ထွက်လာတယ် ဆိုတာ ကောလာဟလပါ။ အဲ့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းရာချီက အဖြစ်အပျက်ပဲ” ဝမ်တန်ဖေးသည် မတ်တတ်ရပ်ရင်း မှီခိုရာဂိုဏ်းတော်ကြီးကို ကြည့်လိုက်သည်။ မကြာသေးခင်နှစ်ပိုင်းက မှတ်ဉာဏ်တွေအားလုံးကို တဖြေးဖြေးနှင့် ဖျောက်ပစ်လိုက်တော့သည်။

သူ၏အကြည့်များက နွေးထွေးနူးညံ့မနေတော့။ သူ၏အပြုံးများတွင်လည်း ကြင်နာမှုများ၊သဘောရိုးများ မရှိတော့ချေ။ သူ၏ပုံစံက အေးစက်စက်ဖြစ်လာသည်။ အထူးသဖြင့် အမုန်းတရားများထုတ်လွှတ်နေသော သူ၏မျက်လုံးများ ဖြစ်သည်။သူသည် အရင်ကသိကျွမ်းခဲ့ရသည့် အစ်ကိုကြီးဝမ်၏ပုံစံနှင့် လားလားမှ မသက်ဆိုင်တော့ပေ။

သူသည် တောင်ထိပ်တွင်ထိုင်နေသော မန်ဟိုကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏အကြားတွင် အချိန်အတန်ကြာမျှ အပြန်အလှန်အကြည့်ချင်းဆုံသွားကြသည်။ ထို့နောက် ဝမ်တန်ဖေး၏မျက်လုံးများသည် ဥပေက္ခာတရားများဖြင့် နောက်တစ်ကြိမ်ပြည့်နှက်လာခဲ့ပြန်သည်။ မန်ဟိုကို ပိုးမွှားတစ်ကောင်သာသာ သူတွေးလိုက်သည်။ သူသည် မာနကြီးမောက်မာမှုများ ပြည့်နှက်နေလေသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏မိသားစုက “ဝမ်”မလား။

ထိုအခါတွင် သက်လတ်ပိုင်းလူကြီးသည် မန်ဟိုထိုင်နေသည်ကို မြင်လိုက်သည်။ သူ၏ ချီဓာတ်အတွင်းအားကို ထုတ်ဖော်ထားခြင်းမရှိသော်လည်း သူ၏အကြည့်က အရှေ့ဘက်တောင်တစ်ခုလုံးကို တုန်ဟည်းစေလောက်သည်။ ဓားနှင့်တူသောအရာတစ်ခုကို မန်ဟိုထံသို့ ပစ်လွှတ်လိုက်လေသည်။

မန်ဟို၏အမူအရာများ ပြောင်းလဲသွားတော့သည်။ ထို့နောက်သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ သူ၏ ခန္ဓာတစ်ခုလုံး ရေခဲတမျှအေးခဲသွားသလို ခံစားလိုက်ရသည်။ အလွန်ကြီးမား၍ သေစေတတ်သော အင်အားကြီး တစ်ခုက သူ့အပေါ်ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူခေါင်းများ ချာချာလည်သွားရပြီး ဆင်ခြင်စဉ်စား နိုင်စွမ်းများလည်း မရှိတော့ချေ။ သူ၏ခန္ဓာကိုယ် အလွန်အားနည်းလာသည်ကို ခံစားလိုက်ရပြီး လေတစ်ချက်တိုက် လိုက်လျှင်ပင် ပြိုလဲကျတော့မည့် အနေအထားဖြစ်သည်။

သေခြင်းတရား သူ့အပေါ်ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သညိ ရှုံ့တွလာပြီး ဝိညာဉ်လိပ်ပြာ ခုန်ထွက်လာတော့မယောင် ခံစားနေရသည်။ သူ၏နဖူးမှသွေးများကလည်း ပိုစီးကျလာသည်။

အထီးကျန်ခြင်း၊အကူညီမဲ့ခြင်း၊သေခြင်းတရား တို့သည် ဧရာမလက်ဝါးကြီးအဖြစ် ပေါင်းစည်းသွားပြီး သူ့ကိုဖိချလိုက်တော့မည့်အလားပင်......တစ်စစီကြေမွသွားအောင် ဖိအားပေးနေသည်။ ရုတ်တရက် အေးစက်သောနှာမှုတ်သံကြီးသည် မှီခိုရာဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားလေတော့သည်။ အပြာရောင် ပုံရိပ်တစ်ဦး သည် မန်ဟို၏အရှေ့၌ ပေါ်ထွက်လာခဲ့သည်။

“မင်းရဲ့ကျင့်ကြံမှု ချီဓာတ်အတွင်းအားက အမြုတေဖြစ်တည်မှုအဆင့်တောင်ရောက်နေမှပဲ။ ရောထွေးနေတဲ့အမြုတေ တောင်မဟုတ်ဘူး။ အနည်းဆုံးတော့ ခရမ်းရောင်(သို့)ကြက်သွေးရောင်တစ်ခုခုပဲ။ ဒါပေမဲ့ ဒီလိုစဦးချီဖွဲ့စည်းမှု အဆင့်ပဲ ရှိသေးတဲ့ကလေးကို အနိုင်ကျင့်စရာလား။ ဒါနဲ့တောင် တောင်ပိုင်းဒေသ ဝမ်မျိုးနွယ်စုရဲ့ တတိယမျိုးဆက် တာအိုစောင့်ရှောက်သူ ဝမ်ချီဖန်းလို့ပြောဦးမှာလား။”

ထိုပုံရိပ်ကတော့ ဂိုဏ်းအကြီးအကဲဟယ်လောဟွာဖြစ်သည်။ ရုတ်ချည်းဆိုသလို မြေကြီးကို တုန်လှုပ်စေနိုင်သော အသံကြီးထွက်ပေါ်လာခဲ့သည်။

မိုးချုန်းသံအလား ထွက်ပေါ်လာသောအသံကြီးကြောင့် ကွင်းထဲရှိ အရာအားလုံးကို စိစိညက်ညက်ချေပစ်တော့မည် ပုံပေါ်နေသည်။ ဟယ်လောဟွာထံမှ လှိုင်းတွန့်များသည် တစ်လွှာပြီးတစ်လွှာ ထုတ်လွတ်နေသည်။ ကမ္ဘာလောကကြီးတွင် သူတစ်ယောက်တည်းရှိနေသကဲ့သို့ မတ်တတ်ရပ်နေ၏။ ထို့နောက် တိုက်သင်္ဘောပျံကြီးပေါ်တွင် မတ်တတ်ရပ်နေသော ဝမ်ချီဖန်းသို့အေးစက်စွာ လှမ်းကြည့်လိုက်သည်။

“ငါ့ကိုလာနောက်နေပြန်ပြီ တာအိုကျင့်ကြံဖော်ကြီး ‘ဟယ်’ကလဲ” ဝမ်ချီဖန်းကပြောရင်း ညင်သာစွာ ရယ်လိုက်သည်။ “ငါကဒီကို ဝမ်တန်ဖေးကို လာခေါ်တာလေ။ဒီနှစ်ပိုင်းတွေမှာ သူ့ကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်” သူ၏မျက်လုံးများက မဖော်ပြနိုင်သော မာန်မာနများနှင့်ပြည့်နှက်နေသည်။ သူသည် ဝတ်ရုံလက်စကြီးကို ခါယမ်းလိုက်လျှင် တိုက်သင်္ဘောကြီးသည် စတင်၍ တဝီဝီမြည်လာပြီး ရောင်စုံလျှပ်ပန်းလျှပ်နွယ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကြယ်တွေပြည့်နေသော ကောင်းကင်ကြီးထဲသို့ ဦးတည်ဝင်ရောက်သွားလေတော့သည်။ သူတို့ချန်ထားရစ်ခဲ့သော အနောက်ဖက်တွင် မှိတ်တုတ် မှိတ်တုတ် လင်းနေသော ကြယ်ရောင်လေးများသာကျန်ရစ်ခဲ့တော့သည်။

မန်ဟိုသည် သွေးတစ်ပွက်ကို ထပ်၍ အန်လိုက်သည်။ သို့သော် အဝေးတစ်နေရာကို စိုက်ကြည့်နေလိုက်ရင်း သူ၏မျက်လုံးများအရောင်တောက်သွားသည်။

ဟယ်လောဟွာသည် မန်ဟိုကို ဘာမျှမပြောပဲကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး ထွက်ခွာသွားလေသည်။ မန်ဟိုသည် တိုက်သင်္ဘောကြီးပျောက်ကွယ်သွားသည့် အဝေးတစ်နေရာကို စိုက်ကြည့်လိုက်သည်။

“ဒါက အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူပဲ။ ဒါကြောင့် သူကငါ့ကို အကြည့်နဲ့တင်အမှုန့်ချေပစ်လို့ရတာ။ ဒီအမြုတေဖြစ်တည်မှုအဆင့်ပြီးရင် အနုသုခုမနတ်ခန္ဓာအဆင့် ဒါပြီးရင် စိတ်ဝိညာဉ်ခွဲထွက်ခြင်း အဆင့်..........တောင်ပိုင်းဒေသနယ်မြေ၊ ဝမ်မျိုးနွယ်စု”

မန်ဟိုသည် အံကိုခပ်တင်းတင်းကြိတ်ထားသည်။ သူ၏မျက်လုံးများက မီးဟုန်းဟုန်းတောက်လောင်နေလေပြီ။

“မင်းအားနည်းနေတယ်ဆိုရင် မင်းမှာအသက်ရှင်နေဖို့ အခွင့်အရေးမရှိဘူး။ မင်းအစွမ်းသန်မာနေမယ်ဆိုရင် မင်းအသက်ရှင်မယ်။ မင်းကိုလူတွေအားလုံးက ဝိုင်းပြီးအနိုင်ကျင့်ကြလိမ့်မယ်၊ မင်းဒီလိုမျိုး အသက်ရှင်ချင်လား။” အစ်ကိုချန်၏ စကားလုံးများက သူ၏ခေါင်းထဲ၌ပဲ့တင်ထပ်နေသည်။ သူ၏စိတ်ထဲ၊ အရိုးထဲ၊ ဝိညာဉ်ထဲအထိ တောက်လောင် စွဲထင်နေလေပြီ။

“ငါဆန္ဒမရှိဘူး” မန်ဟိုကဖြေးညင်းစွာပြောလိုက်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သူ၏အသံများက အားနည်းနေသော်လည်း သူ၏နှလုံးသားထဲတွင် မိုးချုန်းသကဲ့သို့ပဲ့တင်ထပ်နေသည်။

“သူများတွေ ငါ့ကိုအနိုင်ကျင့်မှာ ငါဆန္ဒမရှိဘူး”

“ငါ အားနည်းနေတာကိုမလိုချင်ဘူး”

“ပြန်တိုက်ဖို့ အခွင့်အရေးမရှိဘဲ ရှုံးနိမ့်သွားရတာကို လက်မခံနိုင်ဘူး"

“ငါအင်အားကြီးမားလာရမယ် ၊ အစွမ်းထက်လာစေရမယ်”

မန်ဟိုသည် အမြဲတမ်း ချမ်းချမ်းသာသာနှင့် အရှေ့ဘက်မဟာတန်ပြည်ကို ခရီးအလည်အပတ် သွားချင်ခဲ့သည်။ ထိုဆန္ဒမှာ ယခုတိုင်ရှိနေဆဲဖြစ်သည်။သို့ သော် သူ့တွင် ယုံကြည်ချက်အသစ်များရှိလာပြီ ဖြစ်သည်။ သူ၏အစွမ်းထက်လာစေရမည်။

ကျင့်ကြံသူလမ်းစဉ်တစ်လျှောက်မှာ ၊ ကောင်းကင်အလိုကို ဆန့်ကျင် တဲ့ လမ်းစဉ်တစ်လျှောက်မှာ မင်း အစွမ်းမထက်ဘူးဆိုလျှင် မင်းသေရလိမ့်မယ်။

***

All Chapters