မြင့်မြတ်သော ဝိညာဉ်ကျမ်းစာ၏ ချီဖွဲ့စည်းမှုကျင့်စဉ်
Vol. 3 Ch. 38
မျက်တောင်တစ်ခတ်အတွင်းမှာပင် အချိန်နှစ်လတာကုန်ဆုံးသွားခဲ့ချေပြီ။ သူကား ဒီရာသီတလျောက်လုံး အတွင်းစည်းဂိုဏ်းတပည့် ဖြစ်ခဲ့ပြီဖြစ်သည်။ သူသည် အပြင်စည်းဂိုဏ်းသို့ မကြာခဏသွားရောက်လည်ပတ်ခြင်း လည်း မရှိတော့ပေ။ ဖက်တီးသည် ရေထဲကငါးကဲ့သို့ သူတစ်ယောက်တည်း အသက်ရှင်နေရသည်ကို အကျင့်သား ရနေပြီဖြစ်သောကြောင့် အတော်ကလေးစိတ်သက်သာရာရခဲ့သည်။
မန်ဟိုသည် သူ၏အချိန်အများစုကို ဂန္ဓာရီခန်းမဆောင်၌သာ ကုန်ဆုံးခဲ့သည်။
တစ်ရက်မှာတာ့ မန်ဟိုသည် ဝါးစာလိပ်တစ်ခုကို တပျဉ်ခွေထိုင်လျက် ဖတ်ရှုနေသည်။ သူ၏မျက်နှာကား တည်ငြိမ် အေးဆေးနေလေ၏။ သူသည်ညာလက်ကို မြှောက်လိုက်ပြီး ဂါထာမန္တယားဆိုင်ရာမုဒြာများကို ပြုလုပ်လိုက်လျှင် မှော်အလင်းတန်းလေးတစ်ခုက အခန်းပတ်လည်လှည့်ပြီး တလက်လက်တောက်ပနေသော အရိပ်များက သူ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။
ရေဖန်လုံးကြီး ပေါ်ပေါက်လာလေသည်။ သို့သော် ထိုအရာသည် မမျှော်လင့်ပဲ အခိုးအငွေ့များသို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းပျံ့နှံ့သွားလေတော့သည်။ မန်ဟို မျက်နှာတစ်ချက်ကြုတ်လိုက်ပြီး ဖတ်လက်စ ဝါးလိပ်ကို ချထားလိုက်သည်။ သူ၏ဝတ်ရုံထဲသို့ရောက်လာသည့် တောက်ပနေသည့် ကျောက်စိမ်းပြားကို ဆွဲထုတ်လိုက်သည်။
ထိုအရာသည် ပကတိအဖြူရောင်ဖြစ်ပြီး အတွင်းပိုင်းတွင် မြူခိုးများနှင့်ပြည့်နေသကဲ့သို့ မှုန်ဝါးဝါး ဖြစ်နေသည်။ အနီးကပ်ကြည့်လိုက်သောအခါတွင် ၎င်း၏မျက်နှာပြင်သည် သလင်းကျောက်ကဲ့သို့ ကြည်လင် သန့်ရှင်းနေသည်။
“ချန်ဖန်း ၊ ရှုချင် ၊ မန်ဟိုတို့ အရှေ့ဘက်တောင်ကြီးမှာရှိတဲ့ ပင်မဘုရားကျောင်းခန်းမကို လာခဲ့ကြ” အဖြူရောင်ကျောက်စိမ်းပြားထဲမှ ခံ့ညားသောအသံတစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂိုဏ်းခေါင်းဆောင် ဟယ်လောဟွာ၏အသံပင်ဖြစ်သည်။
မန်ဟိုသည်ဝါးစာလိပ်ကို နေသားတကျပြန်ထားလိုက်သည်။ ထို့နောက် မတ်တတ်ထရပ်ကာ ဂန္ဓာရီခန်းမ ဆောင်၏ ပင်မတံခါးပေါက်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။ ထို့နောက် အရှေ့ဖက်တောင်ကြီး ထံသို့ ဦးတည်ထွက်ခွာသွားလေသည်။
သူလမ်းလျှောက်သွားနေသည့် တစ်ချိန်တည်းမှာပင် ပုံရိပ်သဏ္ဍာန်နှစ်ခုက တောင်ထိပ်ဆီသို့ ဦးတည်သွား နေကြသည်။ တစ်ယောက်မှာနွေးထွေးပြီး နူးညံ့သိမ်မွေ့ပြီး မျက်နှာပေါ်တွင် ဖြောင့်မတ်ခြင်းတို့ပြည့်နေသည့် ချန်ဖန်းဖြစ်သည်။ အခြားတစ်ယောက်ကတော့ အေးစက်လွန်းတဲ့ အစ်မရှုချင်ဖြစ်သည်။
ရှုချင်သည် မန်ဟိုကိုတစ်ချက်ကြည့်လိုက်သည်။ လွန်ခဲ့သောလက ညနေပိုင်းတစ်ခု၌ သူ့တို့တွေ့ခဲ့ပြီး သည့်နောက်တွင် ယခုကပထမဆုံးအကြိမ်ပြန်တွေ့ခြင်းဖြစ်သည်။
သူတို့သုံးဦးသည် အရှေ့တောင်ကြီး၏ တောင်ထိပ်ဆီသို့ ဦးတည်လာခဲ့ပြီး နောက်ဆုံးတွင် ပင်မဘုရားကျောင်း ၏ခန်းမဆောင်သို့ ရောက်ရှိလာခဲ့ချေပြီ။ ဘုရားကျောင်းသည် အလွန်ရှေးကျသကဲ့သို့ ခံစားရသည်။ ပေါကြွယ်ဝလွန်းတဲ့ စုလစ်မွန်းချွန်အဆင်တန်ဆာလက်ရာတွေကြောင့် ယင်းသည် ခေတ်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပုံရသည်။ ဤဘုရားကျောင်းသည် မှီခိုရာဂိုဏ်းအတွက် အထွဋ်အမြတ်ထားရာနေရာဖြစ်ပြီး အတွင်းစည်းတပည့်များသာ ဝင်ရောက်ခွင့်ရှိသည်။
ပင်မဘုရားကျောင်းခန်းမဆောင်တွင် ရုပ်ထုကြီးကိုးခုရှိသည်။ အထင်ရှားဆုံးမှာ အဘိုးအိုတစ်ဦး၏ရုပ်ထု ဖြစ်ပြီး သူ၏အသွင်ပြအမူအရာမှာ အမျက်ဒေါသထွက်နေခြင်းမျိုးလည်းမဟုတ်ဘဲ တန်ခိုးဩဇာနှင့်ပြည့်စုံနေပုံပေါ် သည်။ ညိုမောင်းသောမျက်လုံးသည်လည်း အသက်ဝင်လှပေသည်။ ဘယ်ဘက်လက်ကို သူ၏အရှေ့တွင်မြှောက် ထားသည်။ မေးစေ့ကမြင့်တက်နေပြီး သူ၏နှာခေါင်းကို စိုက်ကြည့်နေသယောင်ဖြစ်နေသည်။ သူကဖော်ပြခြင်းငှာ မစွမ်းသာသော လွှမ်းမိုးမှုများကို လေထုထဲကို ထုတ်လွှတ်နေသကဲ့သို့ ထင်ရသည်။ သူ၏အနောက်တွင် ရုပ်ထုရှစ်ခုကို သပ်ရပ်စွာစီထားသည်။ ၎င်းတို့အားလုံးသည် ထူးကဲမြင့်မြတ်သောသတ္တဝါများ၏ ဟန်အမူအရာကို ပိုင်ဆိုင်ထားသကဲ့သို့ပင်ဖြစ်နေ၏။
မန်ဟိုသည် ဤနေရာကို သူအတွင်းစည်းဂိုဏ်းသို့ဝင်ရောက်ပြီး ပထမခုနှစ်ရက်အတွင်းမှာ ရောက်လာခဲ့ ဖူးသည်။ သူသည် ရုပ်ထုကြီးများ၏ ရှေ့မှောက်၌ ကန်တော့ခဲ့ရသည်။ တည်ငြိမ်အေးဆေး၍ စွမ်းအားကြီးဟန် ရှိသောရုပ်ထုမှာ တခြားသူမဟုတ် မှီခိုရာဂိုဏ်း၏ ဂိုဏ်းတော်ချုပ် ဖြစ်ကြောင်းသိရသည်။ တခြားရုပ်ထုများမျာမူ မှီခိုရာဂိုဏ်း၏ဂိုဏ်းအုပ်ဆရာကြီးများ ဖြစ်ကြသည်။
ဂိုဏ်းအကြီးအကဲဟယ်လောဟွာသည် ရုပ်ထုကြီးများ၏အောက်၌ မတ်တတ်ရပ်နေသည်။ သူတို့ဝင်ရောက် လာသောအခါတွင် နောက်ကျောပေးထားသည်ကို တွေ့မြင်ရသည်။ သူသည်ရုပ်ထုကြီးများကို စိုက်ကြည့်နေရင်း တစ်စုံတစ်ခုကို စီးမျောနေပုံရသည်။ သူ၏ဘေးတွင်ဆရာဘိုးဘိုးအိုးရန်ရှိပြီး သူတို့သုံးယောက်ကိုခေါင်းညိတ်ပြ လိုက်သည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုကြ” သူက လေးနက်သောအသံဖြင့်ပြောသည်။
မန်ဟို ၊ ရှုချင် နှင့် ချန်ဖန်းတို့သည် ခြေထောက်များကိုကွေး၍ ဂိုဏ်းချုပ်အား နက်နက်ရှိုင်းရှိုင်း ဦးညွှတ် ဂါရဝပြုကြသည်။
“မှီခိုရာဂိုဏ်းတော်ချုပ်ပျောက်ဆုံးပြီး နှစ်၁၀၀ကြာတဲ့အချိန် ဒီဂုဏ်းကိုငါရောက်ခဲ့တယ်” ဟယ်လောဟွာက ပြောလိုက်သည်။ “အဲ့အချိန်တုန်းက မှီခိုရာဂိုဏ်းဟာ ရွှေရောင်နေ့ရက်တွေပဲ” သူသည်သက်ပြင်းတစ်ချက် ချလိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။ မန်ဟို ၊ချန်ဖန်း နှင့် ရှုချင်တို့သည် မျက်လုံးများ တောက်ပနေသော သူ့အား ကြည့်လိုက်ကြသည်။
သူသည်ခေတ္တမျှငြိမ်သက်လိုက်ပြီးနောက် ဖြေးဖြေးခြင်းဆက်ပြောလိုက်သည်။ “မှီခိုရာဂိုဏ်းရဲ့ ရှေဟောင်းကျမ်းတွေကို မင်းတို့ဖတ်ပြီးကြလောက်ပြီထင်တယ်။ ငါတို့ မှီခိုရာဂိုဏ်းဟာ ဘယ်လောက် ဂုဏ်ကျက်သရေထွန်းပြောင်ခဲ့လဲဆိုတာသိမှာပေါ့။ ချီဓာတ်အခြတည်အုတ်မြစ်ချအဆင့်(၃)ဆင့်လုံးကိုတောင် လုံးဝဥဿုံ နားလည်ခဲ့ကြတယ်။ ငါဒီနေ့မင်းတို့ကို ခေါ်လိုက်ရတဲ့အကြောင်းကလည်း ဒီပြီးပြည့်စုံတဲ့ အမှန်တရား ကို ရှင်းပြဖို့ပဲ”
“မှီခိုရာဂုဏ်း အသရေတော်ထွန်းကားခဲ့တယ်ဆိုတာ ဂိုဏ်းချုပ်ကြောင့်ပဲ။ ဘာလို့လဲဆို သူရဲ့ချီဓာတ် အတွင်းအားက ကျိုးပြည်တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့တယ်။ သူ့ရဲ့နာမည်ဂုဏ်သတင်းက တောင်ဖက်နယ်မြေများကို တောင် တုန်လှုပ်စေခဲ့တယ်။ ဒါတွေအားလုံးက မြင့်မြတ်သော ဝိညာဉ်ကျမ်းစာရဲ့ ကျင့်စဉ်ကြောင့်ပဲ။” ဟယ်လောဟွာ ၏စကားများကြောင့် ချန်ဖန်း၏မျက်လုံးများ စတင်အရောင်တောက်ပလာခဲ့သည်။ အစ်မရှုပင်လျှင် မျက်လုံးများစူးရှ ထက်မြတ်လာသည်။
မန်ဟိုတစ်ယောက်ထဲသာ အူလည်လည်နှင့်စိုက်ကြည့်လိုက်သည်။ မြင့်မြတ်သော ဝိညာဉ်ကျမ်းဆိုတာ ဘာလဲ သူမသိချေ။
“ချီဖွဲ့စည်းမှုကျင့်စဉ်ကျမ်း” ချန်ဖန်းကပေါ့ပေါ့လေးပြောသည်။ သူကထိုအတွင်းစည်းဂိုဏ်းရဲ့ ဝါရင့်တပည့်ဆိုတော့ လျှို့ဝှက်ချက်တော်တော်များများကို သိနေခြင်းဖြစ်သည်။
“မြင့်မြတ်သောဝိညာဉ်ကျမ်းစာဟာ နန်ရှန်းတိုက်ကြီးထဲက ဂန္တဝင်ရှေးဟောင်းကျမ်းကြီး သုံးခုထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။” ဟယ်လောဟွာက ညှင်သာစွာ ဆက်ပြောသည်။ “ဒါဟာ ဟိုးရှေးအစဉ်လာကတည်းက မျိုးဆက်တွေတစ်ဆက်ပြီးဆစ်ဆက် လက်ဆင့်ကမ်းလာခဲ့တာပဲ။ မူရင်းကတော့ အဲ့မှာကျမ်း(၇)မျိုး ဖွဲ့စည်း ပါဝင် တယ်။ အဲ့ထဲကတစ်ခုကတော့ အနာအဆာမဲ့အခြေကို ဘယ်လို တည်ဆောက်ရမလဲ ဖော်ပြထားတဲ့ ချီဖွဲ့စည်းမှုကျင့်စဉ်ကျမ်းပဲ။ အမြုတေဖြစ်တည်မှုကျမ်းကတော့ ကြက်သွေး ရောင် အမြုတေ၊ ရောထွေးအမြုတေမဟုတ်ဘဲ ခရမ်းရောင်အမြုတေဖော်ဆောင်နည်းကို ဖော်ပြထားတယ်။ ပြီးရင် အနုသုခုမရုပ်ခန္ဓာကျင့်စဉ်မှာလည်း အရောင်လေးမျိုးရှိတဲ့ အနုသုခုမရုပ်ခန္ဓာကို ဘယ်လိုတည်ဆောက် ရမလဲဆိုတာကိုလဲ ပြထားတယ်။....အားအကောင်းဆုံးအဆင့် ရောက်ရှိဖို့အတွက် ကျင့်စဉ်တွေချည်းပဲ........”
“အဲ့နှစ်က ၊ ဂိုဏ်းချုပ်က အဲ့ချီဖွဲ့စည်းမှုကျင့်စဉ်ကျမ်းကို ရရှိခဲ့တယ်။ ဝမ်မျိုးနွယ်စုရဲ့ဆက်ခံသူ မှီခိုရာဂိုဏ်း ကို လာဝင်တဲ့အချက်ကလဲ အဲ့မြင့်မြတ်သောဝညာဉ်ကျမ်းစာမှာပါတဲ့ ချီဖွဲ့စည်းမှုကျင့်စဉ်ကျမ်းကို လိုချင်လို့ပဲ။”
မန်ဟို၏မျက်လုံးများက တလက်လက်တောက်ပသွားပြီး ရင်တွေခုန်လာခဲ့သည်။ ချီအခြေတည် တည်ဆောက်ရာတွင် အမျိုးမျိုးသော အဆင့်တွေကွာခြားချက်ရှိပုံကို အစ်ကိုကြီးချန်ပြောလို့ သူ ကြားဖူးနားဝရှိထား သည်။ ဂိုဏ်းချုပ်ရရှိခဲ့သည့် မှော်အစွမ်းသည် ဘယ်လောက်အစွမ်းထက်သလဲဆိုတာ သူသိလိုက်လေပြီ။ ယင်းကြောင့်ပင် ဝမ်တန်ဖေးက မှီခိုရာဂိုဏ်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“အဲဒါကိုသာ ငါရနိုင်မယ်ဆိုရင်...........” အလွန်ပြင်းပြသောဆန္ဒက သူ၏နှလုံးသားကို မီးဟုန်းဟုန်း တောက် သွားစေသည်။
“ဝမ်းနည်းစရာကတော့ ဒီချီဓာတ်ဖွဲ့စည်းမှုကျင့်စဉ်ကျမ်းကို တခြားလူမပြောနဲ့ ငါတောင် မျက်လုံးနဲ့ တပ်အပ် မမြင်ဘူးဘူး” ဟယ်လောဟွာက ပြောလိုက်ခြင်းဖြစ်သည်။ “ဒီကျမ်းစာကိုလက်ဆင့်မကမ်းခဲ့ကြဘူး ၊ဒါက ဂိုဏ်းချုပ်ရဲ့မှတ်ဉာဏ်ထဲမှာပဲရှိတော့တယ်။” မန်ဟိုတိတ်ဆိတ်သွားခဲ့သည်။ ချန်ဖန်းကတော့ တစ်ခုခုကို နားလည်သွားသယောင် သူ၏မျက်နှာက ‘ဝင်းခနဲ’ လက်သွားသည်။ ရှုချင်ကတော့ သူ၏ခေါင်းကိုမော့ပြီး ဂိုဏ်းချုပ်ရုပ်ထုကြီးကို ကြည့်လိုက်သည်။
ပင်မဘုရားကျောင်း၏ ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်လို့သွားခဲ့သည်။
“နှစ်လေးရာကြာပြီးတဲ့အချန်မှာ ပြင်ပကမ္ဘာကလူတွေက ဂိုဏ်းချုပ်ဟာ တရားကျင့်ကြံရင်းသေသွားပြီလို့ ယူဆကြတယ်။ ငါအပါအဝင် နောက်ထပ်လူအနည်းငယ်လောက်ကပဲ ဂိုဏ်းချုပ် တကယ်မသေဘူးဆိုတာကို သိတာ” ထိုစကားလုံးများက မန်ဟို၏နားထဲသို့ လှိမ့်ဝင်လာကြပြီး မိုးခြိမ်းသံတွေအလား ပြောင်းလဲသွားသည်ပင် ထင်ရသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်းလေးရာလောက်တုန်းက ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံမှုအဆင့်က အနုသုခုမရုပ်ခန္ဓာနောက်ဆုံးအဆင့်ကိုရောက်နေပြီ။ သူ့ဘဝရဲ့နောက်ဆုံးအခြေအနေကိုရောက်ရှိလာတယ်။ ဒဏ္ဍာရီလာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်သူဟာ အနည်းဆုံးအသက် တစ်ထောင်ထိ ရှည်နိုင်တယ်။ မဟုတ်ရင် သူကောင်းကင်ဘုံရဲ့အလိုကို ဆန့်ကျင်ပြီးတော့ စိတ်ဝိညာဉ်ကို ခွဲထုတ်ရမှာပဲ”
“ဒါကြောင့် ဂိုဏ်းချုပ်ဟာ ဂူပိတ်တရားကျင့်ကြံပြီးတာ့ သူ့ရဲ့စိတ်ဝိညာဉ်ကို ဖြတ်တောက်ခဲ့တာ။ ဝိညာဉ်ခန္ဓာအသစ် ပြန်လည်မွေးဖွားလာအောင်။ အဲ့အတွက် အနှစ်လေးရာ ကျင့်ကြံခဲ့တာ။
“လွန်ခဲ့တဲ့အနှစ်လေးရာ လောက်က.. သူတရားကျင့်ကြံဖို့သွားတဲ့အချိန်မှာ ဂိုဏ်းချုပ်က အမိန့်တစ်ခုထားရစ်ခဲ့တယ်။ အဲဒါကတော့ နှစ်တစ်ရာ ရောက်တိုင်း ရောက်တိုင်းမှာ သူ့ရဲ့သွေးနဲ့လုပ်ထားတဲ့ ဗော်ပယ်ကျောက်စိမ်းပြားတွကို ပို့ပေးလိုက်မယ်။ လက်ရှိမျိုးဆက်ထဲက ထူးချွန်တဲ့ အတွင်းစည်းဂိုဏ်းတပည့်တွေကို ဗာပယ်ကျောက်စိမ်းပြားကိုသုံးပြီး တရားကျင့်ကြံတဲ့ နေရာကို ဝင်ရောက်လာစေရမယ်။ ဒီကျောက်စိမ်းပြားထဲမှာ ချီဓာတ်နဲ့ သွေးတွေပါတယ်။ ကံကောင်းရင်လဲ အဲ့ပရဝဏ်မှာ စိမ့်ဝင်ပြန့်နှံ့နေတဲ့ မြင့်မြတ်သောဝိညာဉ်ကျမ်းစာရဲ့ အသိပညာတွေကိုရရှိပြီး ဉာဏ်အလင်းပွင့်မဲ့ အခွင့်အရေးကိုရရှိမယ်။” ဟယ်လောဟွာ၏ စကားလုံးများက ပဲ့တင်ထပ်နေသည်။ မန်ဟိုသည် အခြားသူများနည်းတူ ခေါင်းထောင်ကြည့်လိုက်သည်။
“အောင်မြင်ရင် အောင်မြင်မယ်။ ကျရှုံးရင် ကျရှုံးမှာပဲ။ ဒီအရာတွေ အတူတူပဲရှိနေတာဆိုရင်တာ့ တပည့်တစ်ယောက်ကအောင်မြင်မှာ ကျိန်းသေပဲပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်၂၀၀လောက်က ဂိုဏ်းချုပ်ဟာ သူရဲ့ကျင့်ကြံမှုမှာ မတော်တဆတစ်ခုဖြစ်ခဲ့တယ်။ ဒါကြောင့် သူ့အသက်ဆုံးရှုံးရလုနီးနီးဖြစ်သွားတယ်။ ဒါပြီး နောက်သူ့ရဲ့ တရားကျင့်ကြံရာပရဝဏ်မှာ ဉာဏ်အလင်းရဖို့ အခွင့်အရေးအားနည်းသွားတယ်။ ဒါ့အပြင် ကန့်သက်ခြင်းအစီအရင်တွေ ပိုပြီးအားကောင်းလာတယ်။ လွန်ခဲ့တဲ့၅နှစ်မတိုင်ခင်လောက်ကအထိ ဗော်ပယ်ကျောက်စိမ်းပြားတွေကို ထပ်မပို့ခဲ့ဘူး...... သူ ပို့လိုက်တဲ့အချိန်မှာ(၃)ခုပို့ခဲ့တယ်
“ဗော်ပယ်ကျောက်စိမ်းပြား(၃)ခုဟာ လူ(၃)ယောက်သာဝင်ရောက်နိုင်မယ် ဆိုတာကို ညွှန်းပြနေတယ်။ အဲဒါက တရားကျင့်ကြံတဲ့ပရဝဏ်အတွင်းမှာရှိတဲ့ ကန့်သက်ခြင်းအစီအရင်တွေက ဘယ်လောက်အစွမ်းထက်တယ် ဆိုတာကို ဖော်ပြနေတာပဲ။ ဒါ့အပြင် ကျောက်စိမ်းပြားက(၃)ခုဆိုတော့ ဉာဏ်အလင်းရနိုင်တဲ့ပရဝဏ်ကလဲ(၃)ခုရှိ နေတယ်လို့ဆိုလိုတယ်” ဟယ်လောဟွာ၏အသံက ခန်းမဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။ သူသည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် သွေးနီရောင်လျှပ်စီး(၃)ခုက မန်ဟိုတို့(၃)ယောက်ထံသို့ ပျံဝဲလာပြီး သူတို့အရှေ့သို့ ရောက်သောအခါ ရပ်တန့်သွားလေသည်။
၎င်းတို့မှာ ဗော်ပယ်ကျောက်စိမ်းပြားများဖြစ်ပြီး ချောမွတ်၍သွေးနီရောင်ရှိသော ပုံဆောင်ခဲများ ဖြစ်ကြသည်။
“မင်းတို့ဟာ အတွင်းစည်းဂိုဏ်းရဲ့တပည့်တွေပဲ။ ဒါကြောင့်မင်းတို့ကို ဒီဗော်ပယ်ကျောက်စိမ်းပြားတွေကို အပ်နှင်းလိုက်ပြီ။ မြင့်မြတ်သောဝိညာဉ်ကျမ်းစာရဲ့ ဉာဏ်အလင်းတွေကိုရ ၊ မရ ဆိုတာကတော့ မင်းတို့ရဲ့ ကံကောင်းမှုပေါ်မှာမူတည်တယ်။”ထိုအခိုက်မှာပင် သူ၏ဝတ်ရုံလက်စကြီးကို နောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်ပြန် သည်။ ထိုအခါ မှီခိုရာဂိုဏ်းချုပ်ရုပ်ထုကြီးသည် စတင်၍ အသံမြည်လာသည်။ ရုပ်ထု၏မျက်လုံးများမှ ဒီအတိုင်း အစမဲ့သော ရောင်စဉ်အလင်းတန်းများ တောက်ပလာလေသည်။ ထို့နောက် သူတို့၏ရှေ့တွင် ဝဲဂယက် တစ်ခု စတင်ပေါ်ပေါက်လာခဲ့လေသည်။
“ကဲ...ဝင်ကြတော့....” ဟယ်လောဟွာကပြောလိုက်သည်။ သူ၏အသံကမိုးချုပ်သံကဲ့သို့ ဟိန်းထွက်လာသည်။ “မင်းတို့ကံကောင်းပါစေလို့ ငါဆုတောင်းလိုက်တယ်။” မန်ဟိုတို့(၃)ယောက်သည် ဗော်ပယ်ကျောက်စိမ်းပြားများ ကို ဆုပ်ကိုင်ထားရင်း ဝဲဂယက်ထဲသို့ဝင်လိုက်ကြသည်။ သူတို့သည် အလင်းငွေ့များကဲ့သို့ ပြောင်းလဲသွားသည်ဟု ထင်ရသည်။ ဝဲဂယက်၏အတွင်းပိုင်းကား ပျောက်ကွယ်သွားချေပြီ။ သို့သော် အပြင်ဘက်တွင် ဝဲဂယက်က ကျန်ရှိ နေပါသေးသည်။ အကယ်၍ ဗော်ပယ်ကျောက်စိမ်းသာ မပါဘူးဆိုခဲ့ပါလျှင် တခြားသူများမဆိုထားနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူပင် ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပါ။
ဆရာဘိုးဘိုးအိုရန်သည် ဝဲကတော့ကို ကြည့်လိုက်ပြီးအေးဆေးစွာပြောလိုက်သည်။ သူတို့ထဲက ဘယ်သူက မြင့်မြတ်သောဝိညာဉ်ကျမ်းစာကို ရလာနိုင်မလဲမသိဘူး။ ဒါမှမဟုတ် လက်ဗလာနဲ့ပဲ ပြန်လာကြရမလား။”
“သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာအပေါ်မှပဲ မူတည်ပါတယ်။ အဲ့အကြောင်း အရမ်းကြီးတွေးမနေပါနဲ့” ဟယ်လောဟွာကပြောလိုက်ပြီး တပျဉ်ခွေထိုင်ပြီး စတင်တရားကျင့်ကြံလိုက်တော့သည်။
မန်ဟိုသည် ဝဲဂယက်ထဲသို့ ဝင်ရောက်လိုက်သောအခါတွင် အလွန်စူးရှတောက်ပလွန်းသော အလင်းရောင်များ ပေါ်ပေါက်လာသောအခါတွင် သူ၏မျက်စိများကို မှိတ်ပစ်လိုက်ရသည်။ ညုန်းညုန်းညောင်းညောင်းမြည်သံကြီးကိုလည်း သူ၏နားတွင်ကြားလိုက်ရသည်။ ထို့နောက်တွင် စူးစူးဝါးဝါး အော်ဟစ်သံများသည် အရပ်ရှစ်မျက်နှာမှဝင်ရောက်လာကြသည်။ သက္ကရာဇ်နှစ်ပေါင်းများစွာကို ဖြတ်ကျော်လိုက်ရသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်လှုပ်လာတော့သည်။ ထို့နောက်အသံများ ရပ်စဲသွားသည်။ ‘စီခနဲ’ အော်ဟစ်သံများ တိတ်ဆတ်သွားခဲ့သည်။
သူသည် မျက်လုံးများကိုဖွင့်ပြီးကြည့်ရှုလိုက်သောအခါတွင် သူသည် မီတာများစွာ ရှည်လျားသော ယဇ်ပလ္လင်ထက်၌ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ဘေးပတ်ပတ်လည်ကို ကြည့်ရှုလိုက် သည်။
ဤနေရာကြီးသည် အလွန်ကြီးမားသည်။ အပေါ်ဘက်တွင် အနက်ရောင်မြေကြီးရှိနေပြီး သလင်းပုံဆောင်ခဲများ ပျံ့နှံ့လျက်ရှိနေသည်မှာ ကြယ်ပွင့်ကလေးများတောက်ပနေသကဲ့သို့ပင်။ မှုန်ဝါးဝါးအလင်းရောင်က ပတ်ရံထားသည်။ ဘာကိုမှ ရှင်းလင်းစွာမမြင်ရသေး။ အရာအားလုံးကို ပိတ်ကျဲစဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။ အမျိုးမျိုးသောအဆောက်အဦးများကြားတွင် မြူခိုးများဖုံးလွှမ်းနေသည်။
“တိတ်ဆိတ်ခြောက်ကပ်နေတာပဲ! ဒီနေရာကို လူသူအရောက်အပေါက်မရှိတာ နှစ်ရာချီပုံပဲ” ထိုအသံသည် ချန်ဖန်း၏အသံဖြစ်ပြီး အဝေးတစ်နေရာမှကြားရခြင်းဖြစ်သည်။ နောက်ဆုံးတွင် မြူခိုးများအကြား လျှောက်နေရင်း သူပေါ်ထွက်လာခဲ့သည်။ သူလာနေသည့်ဘက်တွင်လည်း မီတာပေါင်းများစွာ ရှည်လျားသော နောက်ထပ် ပလ္လင်တစ်ခုကိုတွေ့လိုက်ရသည်။
“အပေါ်ကမြေကြီးပေါ်မှာ ကန့်သတ်ခြင်း အစီအရင်ကို လုပ်ထားတယ်။ ဒါကဂိုဏ်းရဲ့ မြေအောက် လိုဏ်ဂူပဲ။” ရှုချင်သည်လည်း တခြားတဖက်မှာပေါ်ထွက်လာခဲ့သည်။ သူမသည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမနှင့်အလွန်ပနံတင့်ကာ လှပနေသည်။
“ငါက မင်းတို့နှစ်ယောက်ထက် ဂိုဏ်းကို ပိုစောစောရောက်ခဲ့တာ” ဟု ချန်ဖန်းကပြောလိုက်သည်။ “ငါ တစ်ခါတုန်းက ပင်မဘုရားကျောင်းခန်းမဆောင်ရဲ့ အစောင့်အဖြစ် တာဝန်ကျခဲ့ဖူးတယ်။ ဒါကသေချာပေါက် မှီခိုရာဂိုဏ်းရဲ့ မြေအောက်လိုဏ်ဂူပဲ။ ဒီအပေါ်တည့်တည့်က အပြင်စည်းဂိုဏ်းပဲ"
မန်ဟိုသည် ပလ္လင်ပေါ်မှခုန်ဆင်းလိုက်ပြီး ချန်ဖန်းနှင့်ရှုချင်တို့၏ ဘေးတွင်ရပ်လိုက်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါတွင် သူတို့အား ဝန်းရံထားသော အဆောက်အဦးများ၏ ဝိုးတဝါးပုံရိပ် များကို မြင်တွေ့ရသည်။ သူသည် ညှိုးခြောက်နေသော အပင်နှင့်ပန်းများကိုလည်း တွေ့မြင်ရသည်။ အရာအားလုံး က သေနေဆဲဖြစ်သည်။
“ဒီမြူတွေက ကန့်သတ်ခြင်းအစီအရင်ပဲ” မန်ဟိုပြောရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဒါတွေက အကုန်လုံးကို အဖြူနဲ့အမည်းလိုဖြစ်အောင် လုပ်နေတာ ဘာအရောင်မှမမြင်ရဘူး”
“အမှန်ပဲ” ချန်ဖန်းက လေးနက်စွာ ပြောလိုက်သည်။ “အဲဒါကိုသွားထိဖို့ မကြိုးစားကြနဲ့။ ဘာကြောင့်လဲ ဆိုတော့ ဂိုဏ်းချုပ်ကအရမ်းအားနည်းနေတဲ့ အနေအထားရောက်နေပြီ။ သူဒါတွေကိုထိန်းချုပ်နိုင်စွမ်း မရှိတော့ ဘူး။ ဒီတော့ ငါ့ရဲ့ဗော်ပယ်ကျောက်စိမ်းပြားတွေကိုသုံးပြီးတော့သာ ငါတို့ရဲ့ဉာဏ်အလင်းပွင့်မဲ့နေရာကို ရှာကြ တော့” သူသည်မန်ဟိုတို့ကို ကြည့်လိုက်သည်။ “ဉာဏ်အလင်းပွင့်ဖို့ အချိန်ဘယ်လောက်ကြာမလဲ ငါတို့မသိဘူး။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက်စောင့်ပြီးမှ ဒီကနေ အတူတူထွက်ကြတာပေါ့။ ဂိုဏ်းတူညီမလေးရှုနဲ့ ဂိုဏ်းတူ ညီလေးမန် မင်းတို့အောင်မြင်ပါစေလို့ ငါဆုတောင်းတယ်။” သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို ဗော်ပယ်ကျောက်စိမ်း ပြားထဲသို့ ပို့လွှတ်လိုက်လေသည်။ သွေးနီရောင်ပိုမိုတောက်ပလာပြီး အဝေးကိုတဖြေးဖြေး ရွေ့လျားသွားလေ တော့သည်။ ချန်ဖန်းလည်း အနောက်မှလိုက်ပါသွားလေသည်။ မကြာမီမှာပင် အဝေးတစ်နေရာကို ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။
ရှုချင်သည်လည်း မန်ဟိုကိုခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သွေးနီရောင်တောက်ပလာသော သူမ၏ ဗော်ပယ်ကျောက်စိမ်းပြား၏အနောက်သို့ လိုက်သွားလေသည်။
မန်ဟိုသည် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး သူ၏ဗော်ပယ်ကျောက်စိမ်းပြားကို စတင်အသက်သွင်းရန် လုပ်လိုက်သည်။ ထိုအခေါက်တွင် ရုတ်တရက် စူးစူးဝါးဝါး အော်သံကြီးထွက်လာသည်။ ထိုအရာကြီးသည်သူနှင့် နီးသထက်နီးလာချေပြီ။ နောက်ဆုံးတွင် မီတာ၃၀လောက် အကွာအဝေးလောက်ထိ နီးကပ်လာပုံရသည်.....။
***