← Chapters

လှံရှည် သုံးချောင်း

Vol. 4 Ch. 46

လှံရှည် သုံးချောင်း

Vol. 4 Ch. 46

မန်ဟိုသည် ယခင်က ယွင်ခိုင်စီရင်စုထဲကို အကြိမ်အနည်းငယ်ရောက်ခဲ့ဖူး၏။ များသောအားဖြင့်တော့ ဘောပင်များ ၊ မင် ၊ စက္ကူ နှင့် မင်ကျောက်တုံးများ ၀ယ်ရန်လိုအပ်ချိန်များတွင် ဖြစ်လေသည်။ ကျေးရွာတွင် လူချမ်းသာများ များပြားလာကာ ပညာရေးရာအလှဆင်မှုများ အတွက် ၀ယ်လိုအား ဖြစ်စေသောကြောင့် စားရေးကိရိယာများက ပျမ်းမျှစျေးနှုန်းထက်ပင် ပိုမိုသက်သာလေသည်။

သုံးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း ထိုနေရာသည် ယခင်အတိုင်းပင်ဖြစ်သည်။ မန်ဟိုသည် လမ်းများပေါ်တွင် လျှောက်လာစဥ် စျေးဆိုင်များစွာ၏ အပြင်ဘက်တွင် “လီ” ‘ဟူသော စာလုံးအား စာလုံးကြီးများဖြင့် အလှရေသားထားသည့် မီးအိမ်ချိတ် များ ချိတ်ဆွဲထားသည် ကို သတိပြုမိသည်။

ဖက်တီး ‌ပြောခဲ့ဖူးသော စကားများအရ သူ့အဖေသည် ယွင်ခိုင်တွင် အချမ်းသာဆုံးဖြစ်ပြီး စီရင်စု၏ တ၀က်ခန့်ကို ပိုင်ဆိုင်သည်။ မြေယာတွေတင်မကဘဲ “လီ” ‘ဟူသော စာလုံးဖြင့် မှတ်သားထားသည့် စီးပွား‌ရေးလုပ်ငန်းအားလုံးပင်ဖြစ်သည်။ ပတ်၀န်းကျင်အား မေးမြန်းပြီးနောက်တွင် သူ ဖက်တီးလေး၏ အိမ်ရှိရာသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။ နေကား မိုးကုတ်စက်ဝိုင်းထဲသို့ စတင်ဝင်ရောက်သွားသဖြင့် ကောင်းကင်ယံကား မှောင်ရိပ်သန်းလာခဲ့ပြီး မြေပြင်ကိုတော့ အလင်းဖျော့ဖျော့လေးက ဖုံးလွှမ်းထား လေသည်။

ယွင်ခိုင်စီရင်စု၏ အရှေ့ဘက်အစွန်အဖျားသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ ထိုနေရာတွင် ခမ်းနားသော အဆောက်အဦးများနှင့် ပြည့်နှက်နေသော အိမ်တော်တစ်ခုကို မြင်လိုက်ရသည်။ အစောင့်များစောင့်ကြပ်နေကြသော တံခါးမကြီးအပေါ်တွင်တော့ “လီအိမ်တော်” ဟု ရေးထိုးထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။ အတွင်းမှ သီဆို ကခုန်နေသံကို သူ ကြားနေရသည်။

မန်ဟို၏ ခန္ဓာကိုယ်သည် ရုတ်ရက် ဖျက်ကနဲ အတွင်းဘက်သို့ ရောက်ရှိသွားသည်။ အိမ်တော်ကြီးကား အမှန်ပင် ကြီးမားလှချေသည်။ အိမ်တော်၏ အတွင်းဆောင်ဝန်းတွင်တော့ အဆိုတော်များနှင့် အကမယ်များက ဖျော်ဖြေပွဲတစ်ခုကို တင်ဆက်နေကြသည်။ မန်ဟို၏ အကြည့်များက တန်ဖိုးကြီး မားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် လူဝကြီးတစ်ဦးဆီသို့ ရောက်ရှိသွားသည်။ ထိုသူကား ဖက်တီးနှင့် ဆင်တူလွန်းလှပေသည်။ အမှန် ထိုသူသည် ဖက်တီး၏ ဖခင်ဖြစ်လေသည်။ သူ့ဘေးတွင်ထိုင်နေသော လူငယ်တစ်ဦးရှိသည်။ ထိုလူငယ်၏မျက်နှာသည် သမ္မာသတိရှိသော မျက်နှာသွင်ပြင်ပုံစံဖြင့် ဖော်ပြလျှက်ရှိသည်။

ထိုလူငယ်၏ပုံသဏ္ဏန်သည် လွန်စွာမာနထောင်လွှားနေပုံရပြီး တန်ဖိုးကြီးသော အဝတ်အစားများ ၀တ်ဆင်ထားသော်လည်း သူ၏ကိုယ်ခန္ဓာကား အရက်သေစာ သောက်စားခြင်းနှင့် အပျော်အပါး မက်ခြင်းတို့ကြောင့် အားနည်းနေပုံပေါ်နေ၏။ သူ့လက်ထဲတွင်တော့ အရက်ခွက်ကို ကိုင်ထားပြီး ဖျော်နေသူမှုကို ခံစားနေကာ တင်ဆက်သူများကို တစ်ချက်တစ်ချက် လှမ်းကြည့်သော သူ့မျက်လုံးများက မရိုးမသားမှုကို ဖော်ဆောင်လျှက်ပေသည်။

ထိုစဥ် လူငယ်က “ မရောက်သေးဘူးလား” ဟု အေးစက်၍ ပျင်းစရာကောင်းသော လေသံဖြင့် မျက်မှောင်ကြုတ်ကာ ပြောလေသည်။

ထိုအခါ ဖက်တီး၏ဖခင်သည် “ခဏနေရောက်တော့မှာပါ ခဏလေးပါ” ဟု အလွန်အမင်း ခံရခက်နေ သော်လည်း အတင်းအကြပ်ပြုံးယူထားရသည် မျက်နှာဖြင့် ပြောလိုက်လေသည်။ “သခင်လေးကျောက် ခဏလောက်စောင့်ပေးပါ ကျွန်တော့်ချွေးမလေးက နည်းနည်းနှေးလို့ပါဗျာ” ဟုပြောနေစဥ် အ‌‌‌စေခံ များ ပေါ်လာပြီး သူတို့၏နောက်ကွယ်တွင်တော့ မိန်းမငယ်တစ်ဦး လမ်းလျှာက်၍ လာနေသည်။ သူမသည် ဆံပင်တွင် ဖီးနစ်ငှက်ပုံဆံထိုး ထိုးထားပြီး ဂါ၀န်ရှည်ကြီး ၀တ်ဆင်ထားသည်။ သူမကား သန့်စင်လှပသည့် အသွင်အပြင်ရှိသော်လည်း သူမမျက်နှာတွင် ကြောက်ရွံစိုးထိပ်နေပုံပေါ်နေကာ တုန်ယင်နေလျက် အနားသို့ရောက်လာခဲ့၏။

“အဖေ.......” သူမက ပြောရင်း အနားတိုးလာကာ ဦးညွတ်၍ နှုတ်ခွန်းဆက်လိုက်သည်။

“ရှန်အာ ဒီသခင်လေးက ယွင်ခိုင်စီရင်စုရဲ့ ကျောက်အိမ်တော်ကပဲ “ဟု ဖက်တီး၏ဖခင်က ညင်သာစွာ ပြောသည်။ သူ၏ချွေးမကို တောင်းပန်အကြည့်ဖြင့်ကြည့်ကာ “ဘာလို့ တစ်ခွက်ဂုဏ်မပြုတာလဲ” ဟု ပြောလိုက်သည်။ သူ့သားသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော်လည်း သူမသည် မည်သည့်အခါမျှ ညည်းညူခြင်းမရှိဘဲ ပြန်လာရန်စောင့်နေခဲ့၏။ သူမကား ယောက္ခမကိုလည်း အလွန်ရိုသေသောသူ ဖြစ်သည်။

“သခင်လေးကျောက်ကို နုတ်ခွန်းဆက်ပါတယ်” သူမက ခေါင်းငုံ့ပြီး ညင်ညင်သာသာ ပြောလိုက်သည်။ သူမသည် ကြောက်လန့်နေသော်လည်း သူမတို့ မိသားစု၏လက်ရှိအနေအထားမှာ ကောင်းသည့် အနေအထား မဟုတ်ကြောင်းသိ၍ အရက်အိုးထဲမှ အရက်အချို့ကို ခွက်ထဲငှဲ့ပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

လူငယ်သည် တောက်ပနေသော မျက်လုံးများနှင့် သူမအားကြည့်လျှက် တံတွေးအား မျိုချလိုက်၏။ မိန်းကလေး၏ လှပတင့်တယ်မှုကို သူ ကောင်းကောင်း သတိထားမိလိုက်သည်နှင့်တပြိုင်နက် သူ့ရင်ထဲတွင် ပြသနာတချို့ ပြင်းပြနေပြီ။ တဏှာရူးအပြုံးက သူ့မျက်နှာတွင် ပေါ်လာလေသည်။ ၀ိုင်ခွက်အား လက်ခံယူလိုက်ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ မိန်းကလေးသည် ထိတ်လန့်သွားပြီး နောက်အဆုတ်တွင် ၀ိုင်ခွက်သည် ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။

“အတင့်ရဲလိုက်တာ“ မီးတောက်နေသော မျက်လုံးများနှင့် သခင်လေးကျောက် အော်လိုက်သည်။ ထို့နောက် စားပွဲအားခြေထောက်ဖြင့် ကန်ကျောက်လိုက်သောအခါ ၀ိုင်နှင့် စားစရာများသည် ကြမ်းပြင်ပေါ်တွင့် ပြန့်ကြဲသွားလေသည်။ ဖက်တီး၏ဖခင်အား လက်ညှိးထိုး၍ “မင်းနားထောင် လီတဖူ ကျုပ် ညီလေးပြန်လာပြီ။ သူက အခုကျင့်ကြံသူ ဖြစ်နေပြီ။ သူက မင်းရဲ့အသက်ကိုမဟုတ်ဘဲ ပိုင်ဆိုင်မှုကို လိုချင်တာ။ မင်းကို ကျုပ်က သနားပြီး ကြင်ကြင်နာနာပြောဆိုခဲ့ပေမဲ့ ကျုပ်ကို ဒီလိုအရှက်ရစေခဲ့တယ်!”

“သခင်လေးကျောက် ဒါ...........” ဖက်တီး၏ဖခင်သည် အလျင်အမြန် စကားပြောဆိုရန် ကြိုးစားခဲ့သည်။

“တိတ်စမ်း! ကျုပ်ပြောမယ် ဒီကိစ္စကမပြီးသေးဘူ၊ မင်းအတွက် ဘယ်ဟာက ကောင်းလဲဆိုတာ မင်းသိရင် မင်းချွေးမ ဒီည ငါနဲ့အတူရှိပေးရမယ်။ တကယ်လို့ သူမက လက်ခံတယ်ဆိုရင် မင်း ကောင်းကြောင်းတွေကို ကျုပ်ညီကို ပြောပြပေးမယ်” လူငယ်သည်  ယုတ်မာစွာအော်ရယ်လျက် ထိတ်လန့်၍ ဖြူဖျော့နေသော မိန်းကလေးကို ကြည့်လိုက်သည်။ လူငယ်၏ မျက်နှာပေါ်ကား ညစ်ကျယ်ကျယ် ပုံပေါက်၍ လာပြန်သည်။

ဖက်တီးဖခင်၏မျက်နှာသည် ဖျော့တော့လာသည်။ အစပိုင်းတွင် ညစာစားပွဲတခုတည်းကိုသာ သဘောတူခဲ့သော်လည်း အခုတော့ အလွန်အကျွံဖြစ်နေပေသည်။ သူသည် သွားများကို အံကျိတ်လျှက်... သူ့သားကား ပျောက်နေသည် ၊ သူ့ချွေးမ ကိုလည်း မကာကွယ်နိုင် ၊ အခုအသက်ရှင်နေထိုင်ရတဲ့ ဘ၀အဓိပ္ပါယ်က ဘာများလဲ................!

"မြန်မြန်ထွက်သွား" ဖက်တီး၏ဖခင်က အော်လိုက်သည် “ငရဲသွားလိုက်။ ဒီလူကို ချက်ချင်း ဆွဲထုတ် လိုက်ကြစမ်း။ လီမိသားစုဒေဝါလီခံရရင်တောင်မှ ကျောက်အိမ်တော်ရဲ့ ဒီလိုစော်ကားတာမျိုးကို ငါ သည်းမခံနိုင်ဘူး”

“ ဘယ်လောက်အထင်ကြီးလေးစားစရာကောင်းလိုက်လဲ” ကျောက်သခင်လေးသည် ရယ်ပြောလိုက်ပြီး လှည့်ထွက်သွားးသည်။ သူ့မျက်လုံးများက လူသတ်တော့မည့်အရိပ်အယောင်များဖြင့် ပြည့်နေ၏။

ထိုအဖြစ်အပျက်ကိုကြည့်နေသော မိန်းကလေးသည် သူမ၏နှုတ်ခမ်းကို ကိုက်လျှက် မျက်ရည်များ စီးကျလာသည်။ သူမသည် ခေါင်းကိုငုံ့ထားပြီး တခုခုပြောချင်နေပုံရသည်။

"ဒီကိစ္စကို စိတ်မပူနဲ့ သမီး" ဖက်တီး၏ဖခင်က အေးဆေးတည်ငြိမ်စွာ ဆိုသည်။ “ဒီလောကထဲမှာ ဥပဒေ ရှိနေဆဲပဲ။ သခင်မလေးကို အဆောင်ကို ပြန်ခေါ်သွားလိုက်ကြပါ” အစေခံများက ထိုမိန်းကလေးကို ခေါ်ဆောင်သွားကြသည်။ အရာအားလုံး တိတ်ဆိတ်သွာသည်။ ဖက်တီး၏ဖခင် တုန်ယင်လာသည်။ ရုတ်တရက်ပင် သူသည် ပို၍ အသက်ကြီးပုံရလာသည်။

ထို့နောက် သူသည် ခေါင်းခါြပီး လမ်းလျှောက်လာရင်း မကြာမီ အဆောက်အအုံတစ်ခုဆီကို ရောက်ရှိခဲ့သည်။ သူသည် တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ၀င်လိုက်၏။ ဤအခန်းမှာ ခမ်းနားကြီးကျယ်သည့် အခန်းတစ်ခုဖြစ်သော်လည်း သွားရာများဖြင့်သာ ပြည့်မနေပါက ပို၍ ကောင်းမည်ဟု ထင်ရပေသည်။

“ဘယ်တွေရောက်နေတာလဲ ဖူကွေ့ရယ်” ဖက်တီး၏ဖခင်သည် ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပြီး ညည်းညူ မိသည်။ “မင်းဘာလို့ ပြန်မလာသေးတာလဲ” သူ့ပုံစံကား အရင်ကထက် အိုလာသည်ဟု ထင်ရသည်။ သူ စားပွဲပေါ်မှ ကိုက်ရာအမှတ်အသားများကို ညင်သာစွာ ပွတ်နေမိသည်။

“သူ ကောင်းကောင်းမွန်မွန်ရှိပါတယ်" တိတ်ဆိတ်မှုကို အသံတစ်သံက ဖြိုခွဲလိုက်သည်။ ဖက်တီး၏ဖခင် ခေါင်ထောင်လိုက်ပြီး အခန်းထဲရှိ ပြတင်းပေါက်ဘေးတွင် တစ်ယောက်ယောက် ရပ်နေသည်ကို သိလိုက်သည့်အခါ ကြောက်ရွံ့တုန်လှုပ်သွားသည်။ ဘယ်အချိန်မှာ ဘယ်လိုလာရပ်နေတယ်ဆိုတာ သူ မတွေးတတ်ပေ။

ထိုသူသည် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး စာပေပညာရှင်တစ်ယောက်နှင့် တူပေသည်။ ထိုသူကား မန်ဟိုပင် ဖြစ်သည်။

“ မင်း…” လီတဖူ ထရပ်ပြီးထိတ်လန့်တုန်လှုပ်နေပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

“ကျွန်တော်က ယွင်ကျဲ့စီရင်စု ကလာတဲ့ မန်ဟိုပါ။ လီဖူကွေ့ရဲ့ မိတ်ဆွေပါ “ မန်ဟို လှည့်လိုက်သည်။ သူ့မျက်လုံးများသည် ပြတင်းပေါက်ပေါ်မှ အမှတ်အသားများကို ကြည့်နေရာမှ  လီတဖူဆီ လှမ်းကြည့် လိုက်သည်။

“မန်ဟို” လီတဖူ ရုတ်တရက် အံသြပြီး ရေရွတ်လိုက်မိသည်။ ထိုနာမည်ကို သူ မှတ်မိနေသည်။  လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ့သားပျောက်ဆုံးမှုကို စစ်ဆေးခဲ့စဉ်က အခြားယောက်ျားလေး သုံးဦးသည်လည်း တစ်ချိန်တည်းမှာ ပျောက်ဆုံးနေကြောင်း သိရှိခဲ့ရသည်။ သူတို့ထဲမှတစ်ဦးမှာ မန်ဟို ဖြစ်သည်။

“ဖူကွေ့ သူ.....” လီတဖူ၏ ခန္ဓာကိုယ်သည် စိုးရိမ်စိတ်ဖြင့် တုန်ယင်နေသည်။ သူ့စိတ်ထဲတွင် ၀န်လေးလာသည်။

“သူက အခု ကျိုးပြည်နယ်မှာ မဟုတ်ဘူး။  ဒါပေမယ့် သိပ်မကြာခင်မှာ သူပြန်လာနိုင်မယ် ထင်တယ်။” မန်ဟိုက ရှေ့ကိုလျှောက်ပြီး ကုလားထိုင်မှာထိုင်ရင်း ပြောလိုက်သည်။ “ခုနက ၀င်းထဲမှာ ဘာတွေ ဖြစ်ခဲ့လည်းဆိုတာ ကျွန်တော်မြင်ပြီးပါပြီ” သူအေးဆေးစွာပြောလိုက်သည်။ “လုပ်စရာကိစ္စ အနည်းငယ် ရှိလို့ ကျွန်တော်ဒီမှာ ရက်အနည်းငယ် နေပါရစေ” ထိုနောက်  စာရွက်တစ်ရွက်ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်ကာ “ ကျေးဇူးပြုပြီး ဒီစာရွက်ထဲကအတိုင်း လှံသုံးချောင်း ပြုလုပ်ပေးပါ။ သံနဲ့တစ်ချောင်း၊ ငွေနဲ့တစ်ချောင်း၊ ရွှေနဲ့တစ်ချောင်းပါ” ထို့နောက်တွင် သူ မျက်လုံးများကို ပိတ်ထားလိုက်သည်။

လီတဖူမှာ ချီတုံချတုံဖြစ်နေသော်လည်း ခေါင်းညိတ်လိုက်သည်။ အခြေအနေက မည်မျှမယုံချင်စရာကောင်းကောင်း မန်ဟို ပြောခဲ့တာကို သူယုံကြည်သည်။ ထို့ကြောင့် သူသည် စကားလုံးတစ်လုံးမှ မပြောဘဲ စက္ကူကို ကောက်ကိုင်လိုက်ပြီး ချက်ချင်း ထွက်သွားလိုက်သည်။

သခင်လေးကျောက်က လီအိမ်နှင့် ယွင်ခိုင်စီရင်စုမှ ထွက်လာပြီး သူ၏အထိန်းတော်များနှင့်အတူ ညအမှောင်ထုထဲတွင် ယွင်ဟိုင်စီရင်စုသို့ ပြန်သွားခဲ့သည်။ သွားနေရင်း သူက လက်ဝါးရာကြီးထင်းနေအောင် သူ့မျက်နှာသူ အားပြင်းပြင်း ရိုက်ချလိုက်၏။ မကြာမီ သူသည် ကြီးမားသောခြံဝင်းတစ်ခုသို့ ရောက်လာခဲ့ပြီး ရုတ်တရက် သူ့မျက်နှာက ရိုသေလေးစားမှု ပုံစုံပြောင်းသွားသည်။ အသံကို နိမ့်ပြီး သူက ပြောလိုက်သည် ။

“ညီငယ်  နိုးနေတာလား“

“ဘာဖြစ်တာလဲ” အေးဆက်သော လေသံဖြင့် ပြောသည်။ ထိုအသံ အနည်းငယ်ဩနေသည်ကို ကြည့်ခြင်းဖြင့် အသံရှင်ကား လူပျိုဖော်ဝင်စ အရွယ်မှန်း သိနိုင်လေသည်။

“လီအိမ်က မင်းရဲ့အကြံပေးချက်တွေကို နားထောင်ဖို့ငြင်းဆန်ရုံတင်မကဘဲ ငါ့ကို အရှက် ရစေခဲ့တယ်။ သူတို့ ငါ့ကို ရိုက်ပုတ်ကြတယ်။” သခင်လေးကျောက်သည် ရှက်ကြောက်သည့် ပုံစံမျိုးဖြင့် ကြိုးစား၍ ပြောလေသည်။

တံခါးဖြည်းဖြည်းချင်း ပွင့်လာသည့်အခါ လူငယ်တစ်ယောက် ထွက်လာသည်။ သူကား ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်ရှိပြီး တန်ဖိုးကြီးသော၀တ်ရုံကို ၀တ်ဆင်ထားသည်။ သူသည် တိကျလှပသော မျက်နှာသွင်ပြင်ရှိပြီး ချောမောခန့်ငြား၏။ မန်ဟိုသာ ဒီမှာရှိရင် ဤလူငယ်သည် ချက်ချင်း ကျိုးကျိုးနွံနွံ ပြုမှုဆက်ဆံပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်ကား မှီခိုရာဂိုဏ်း ဖျက်သိမ်းခံရသောနေ့တွင် ဆရာကြီးအိုးရန် ကယ်တင်ခဲ့သော တပည့်တစ်ဦး ဖြစ်သည့် မန်ဟို၏အစေခံကျောက်ဟိုင်ပင် ဖြစ်သည်။

သူ့စိတ်ကူးကား ဖက်တီးနှင့် တူတူပင်ဖြစ်သည်။ မြေရှင်ကြီးဖြစ်လာရန် မှာ သူ့အိပ်မက်ပင်။ ဖက်တီးမရှိတော့သည့်နောက် သူသညိ ဤဒေသသို့ ပြန်လာပြီး ကြွယ်ဝသော ဒေသခံမိသားစုများ၏ ပိုင်ဆိုင်မှုများကို ခေါင်းပုံဖြတ်ယူခဲ့သည်။ သူသည် မှီခိုရာဂိုဏ်းတွင် ရှိနေကတည်းက လီတဖူနှင့်  ရင်ဆိုင်ရင် စတင်စီစဉ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့်ပင် လီမိသားစုကား မိသားစု ပိုင်ဆိုင်မှုနှင့် ပတ်သက်သော သတင်း အချက်များကို မလက်ထုတ်ဖော်ရန် ၎င်း၏အဖွဲ့ဝင်များကို တားမြစ်ထား ကြောင်း ပြန်လာပြီးနောက်တွင် သိရှိခဲ့ရသည်။

ကျောက်ဟိုင်က စက်ဆုပ်သည့်အမူအရာနှင့် ပြောဆိုလိုက်သည်။ “မင်းက ဘာမှသုံးစားလို့မရတဲ့ လူမိုက်ပဲ။ ငါ့ကိုများ နလပိန်းတုံးလို့ မင်းထင်နေသလား။ လက်ဝါးရာက နေရာလွဲနေတယ်။ ဒါက မင်းကိုယ်မင်း ရိုက်ထားတယ်ဆိုတာ သိသာနေတယ်” သူ့မျက်နှာတွင် စက်ဆုပ်ရွံရှာနေသောအမူအရာ ပေါ်လာသည်။ သို့သော် ဤလူက သူ့အစ်ကိုကြီး ဖြစ်နေ၍ သူ မျက်မှောင်ကြုတ်လိုက်သည်။ “ကိစ္စမရှိပါဘူး။ ငါ ကျင့်ကြံခြင်းအဆင့်တက်တော့မှာ။ ခုနစ်ရက် ကြာပြီးရင် ငါ အစ်ကိုနဲ့အတူ လီအိမ် ကို သွားကြမယ်။” သူက လှည့်ပြီး အခန်းထဲပြန်ဝင်သွားသည်။ သခင်‌လေးကျောက်ကတော့ ကျေနပ် အားရမိသည်။ ခုနှစ်ကြာပြီးနောက် သူ့ အောက်တွင် ညည်းညူနေသော မိန်းကလေးငယ်၏ ပုံရိပ်ကို မြင်ယောင်ကာ ရင်ခုန်သံများမြန်လာတော့သည်။

ခုနစ်ရက်ပြည့်သွားပြီးသည်တွင်တော့ ကျောက်ဟိုင်သည် ယွင်ဟိုင် စီရင်စုမှ လီအိမ်ဆီသို့ ထွက်လာခဲ့၏။ သူက လက်များကို နောက်ပစ်ထားလျှက် သခင်လေးကျောက်နောက်မှ လိုက်သွားသည်။ သူတို့နှင့်အတူ အခိုင်းအစေတစ်စုကိုလည်း ခေါ်ဆောင်လာသည်။ သူတို့မျက်လုံးများက လူသတ်ဖို့ စိတ်အားထက်သန် နေသော မျက်လုံးများဖြင့် ယွင်ခိုင် စီရင်စု သို့ တည့်တည့်လျှောက်သွားကြ၏။

ယွင်ခိုင်စီရင်စု၌ မန်ဟို သည် ဖက်တီး၏ အခန်းထဲတွင် တင်ပလင်ခွေထိုင်လျက် တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ မွန်းတည့်အချိန်လောက်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။ မန်ဟိုက ဖြည်းဖြည်းချင်း မျက်လုံးကိုဖွင့်လိုက်သောအခါ လီတဖူ အခန်းတွင်းသို့ ၀င်လာတာကို တွေ့လိုက်သည်။ သူ့နောက်တွင် အခိုင်းအစေ ဆယ်ယောက်ခန့် ရှိနေသည်။ လူသုံးယောက်ပါသော အုပ်စုသုံးစုသည်  လှံများကို သယ်ဆောင်ထား၏။ သံတစ်ချောင်း၊ ငွေတစ်ချောင်း၊ ရွှေတစ်ချောင်းဖြစ်သည်။

ကန့်လန့်စင်း ထောင်လိုက်စင်းများနှင့် ကွန်ယက်များသဖွယ် ချောမွတ်သောမျဉ်းများအား ၎င်းတို့မျက်နှာပြင်များပေါ်တွင် ရေးဆွဲထားပြီး တစ်ချိန်တည်းမှာပင် ရိုးစင်း၍ ခမ်းနားမှုကို ထင်ဟပ်စေသည်။ မန်ဟိုက လက်ကိုမြှောက်လိုက်သောအခါ သံလှံသည် သူ့ဆီသို့ ပျံသန်းသွား၏။ လီတဖူနှင့် သူ၏အစေခံများမှာတော့ ထိတ်လန့်တုန်လှုပ်သွားကြသည်။

သံလှံကား အလွန်လေးလံလှသည်။ မန်ဟို ဤအကွာအဝေးမှ ဆွဲယူလိုက်ခြင်းကား ရင်သပ်ရှုမောဖွယ်ရာပင်။

လီတဖူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူ့မျက်လုံးများ တောက်ပနေ၏။ သူ့မှာ မန်ဟိုသည် သာမန်ပုဂ္ဂိုလ်မဟုတ်ဟု ထင်ခဲ့သည်။ မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့်သာ လှံသုံးစင်း ပြုလုပ်ပေးရန် တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။ အခုတော့ ဤသူကား သာမန်လူ မဟုတ်ကြောင်း သေချာသွားလေပြီ။

မန်ဟိုသည် ‌ခေါင်းတညိတ်ညိတ်ဖြင့် ငွေနှင့်ရွှေလှံများကို ယူလိုက်သည်။ ၎င်းတို့ကို စမ်းသပ်ပြီးနောက် ရုတ်တရက် လက်တစ်ဖက်ဖြင့် သူ၏အိတ်ထဲသို့ ဖြတ်ခနဲ ပစ်ထည့်လိုက်သည်။ ထိုအခါ ကျေးကျွန်များသည် ဒူးထောက်အရိုအသေပေးလိုက်သဖြင့် ဒုန်းဟူသောအသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

***

All Chapters