← Chapters

ရှန့်ကွမ်းရှိုးနှင့် နောက်ထပ်တွေ့ဆုံမှု

Vol. 4 Ch. 47

ရှန့်ကွမ်းရှိုးနှင့် နောက်ထပ်တွေ့ဆုံမှု

Vol. 4 Ch. 47

“ကျင့်ကြံသူ”

လီတဖူမှာ ပြင်းပြင်းထန်ထန်တုန်လှုပ်သွားကာ နေရာတွင် တောင့်တောင့်ကြီးဖြစ်နေသည်။ သူ့ဒူးများ ညွတ်ခွေကြတော့မည်ဟုပင် ထင်ရသည်။ ယခင်က ဤသူကား တစ်နည်းနည်းဖြင့် ထူးကဲ သည်ဟု ယူဆခဲ့သော်လည်း ကျင့်ကြံသူဖြစ်မည်တော့ မထင်ခဲ့မိပေ။ ထို့နောက် သူမှာ ရုတ်တရက် ပို၍ပင် စိတ်လှုပ်ရှားတော့သည်။ ဤသူကား သူ့သားသည် သူ၏ဂိုဏ်းမှ သူငယ်ချင်းတစ်ယောက်ဖြစ်သည် ဟု ပြောခဲ့သည်ကို သတိရလိုက်သည်။

“အသုံးမကျတဲ့ ဒီကောင်လေးက ကျင့်ကြံသူ တစ်ယောက်လို့တော့ မပြောနဲ့နော်….”

မန်ဟို ခေါင်းထောင်ပြီး ပြတင်းပေါက်ကနေ ကြည့်လိုက်တဲ့အခါ သူ့မှာ မေးဖို့ ပြင်လိုက်မိသည်။ ထိုစဉ်မှာပဲ ရုတ်ရုတ်သဲသဲ အသံများ အပြင်ဘက်မှ ကြားလိုက်ရပြီးနောက် အက်ကြောင်းများစွာ ဆက်တိုက် ပေါ်ပေါက်လာပြီး ဂိတ်တံခါးကြီး ကျိူး၍ ပွင့်သွားသည်။

“လီတဖူ ဒီကိုထွက်ခဲ့စမ်း ကျင့်ကြံသူဖြစ်တဲ့ ငါ့ညီလေးက မင်းဆီ လာလည်တယ်။ ထွက်လာြပီး ငါ့ညီလေးကို လာအရိုအသေပေးစမ်း”

လီတဖူက လှမ်းကြည့်လိုက်သည်။ မန်ဟိုက ထရပ်လိုက်ပြီး တံခါးဆီလမ်းလျှောက်သွား၏။ လီတဖူလည်း အလျင်အမြန်လိုက်သွားပြီး မကြာမီ သူတို့အိမ်ကြီး၏အပြင်ဘက်ဝန်းသို့ ရောက်ရှိလာသည်။ တံခါး၏အပိုင်းအစများသည် နေရာအနှံ့သို့ ပျံ့နှံ့နေကာ အစေခံများက ညည်းတွားနေကြနေသည်။ မောက်မာသော သခင်‌လေးကျောက်နှင့် သူ့အနောက်တွင် လက်တဖက်အားနောက်ပစ်၍ ရပ်နေသော လူငယ်တယောက် ရပ်နေကြသည်။ လူငယ်၏ ‌‌ရှေ့လက်တဖက်တွင် လက်ချောင်းအရွယ် အစားရှိသော လိမ်ကောက်နေသည့် မီးတောက်က ၀ိုင်းရံထားသည်။

ထိုလူငယ်ကို ကြည့်ရသည်မှာ ဂုဏ်ယူဝင့်ကြွားနေဟန်ရှိသည်။ သူ၏ မြွေမီးတောက်ကြောင့်  ၀န်းကျင်မှ ကြည့်ရှု သူများသည် ကြောက်ရွံ့တုန်လှုပ်၍ အ‌‌‌‌‌ဝေးသို့ ဖယ်ခွာသွားကြ၏။

“ညီငယ် ဒါ လီတဖူ ပဲ” အနောက်တွင် ရပ်နေသော မန်ဟိုအား ဂရုမစိုက်ဘဲ သခင်လေးကျောက်က ပြောလိုက်သည်။

“ဒါဆိုမင်းက…” ကျောက်ဟိုင်သည် မေးစေ့ကို တင်းတင်းစေ့၍ စကားပြောလိုက်စဉ် မန်ဟိုကို ရုတ်တရက် မြင်လိုက်၏။ သူ့ခန္ဓာကိုယ်က ချက်ချင်းတုန်လှုပ်သွားပြီး မျက်လုံးတွေက မယုံနိုင်အောင်ဖြစ်သွားသည်။ မြွေမီးတောက်က ချက်ချင်းပျောက်ကွယ်သွားပြီး သူ၏ ကြောက်ရွံ့တုန်လှုပ် နေသော မျက်နှာမှ သွေးများဖြူဆုပ်သွားသည်။ အကျင့်ပါနေသော မျက်နှာလိုမျက်နှာရလုပ်နေသည့်ပုံက သူ့မျက်နှာတွင် အလိုလိုပေါ်နေလေသည်။

“လီတဖူ“ ကျောက်ဟိုင်၏အပြောအဆိုအပြောင်းအလဲကို သတိမထားမိဘဲ ရန်လိုနေသော သခင်လေးကျောက်က အော်လိုက်သည်။ “မင်း ငါ့ညီရှေ့မှာ ဒူးမထောက်သေးဘူးလား။ သူက ကျင့်ကြံသူတစ်ယောက်ဆိုတာ မင်းကို ပြောထားမယ်။ အဲဒါဘာကိုဆိုလိုတာ မင်း နားလည်လား။ သူ့ရဲ့ လက်တချစ်က် ရမ်းလိုက်တာနဲ့ မင်း မိသားစုတခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်”

‌”မိန်းကလေးကို ခေါ်ထုတ်မလာသေးဘူးပေါ့လေ။ အခုချက်ချင်း အခန်းကောင်းကောင်းတခု ပြင်လိုက်စမ်း။ မိန်းကလေးက ငါ့ကို ကောင်းကောင်းဆက်ဆံပြီး မင်းက ငါ့ကိုတောင်းပန်မယ်ဆိုရင် မင်းကို ငါ ခွင့်လွတ်ပေးမယ်။ မဟုတ်ရင်တော့ မင်းရဲ့ နာမည်ပါ သေဆုံးသွားအောင် ငါလုပ်ရလိမ့်မယ်။” သူသည် ပြောလေလေ စိတ်လှုပ်ရှားလာလေလေဖြစ်လာသည်။ သို့သော် သူ့နောက်တွင် ကျောက်ဟိုင်၏ မျက်နှာမှာတော့ ဖြူဖတ်ဖြူရော်ဖြစ်လျက်ရှိနေသည်။ မန်ဟိုကို ကြည့်ရင်း သူ တုန်နေသည်။ ထို့အပြင် သူ့အစ်ကို၏စကားတွေကို သူ့နားမှကြားနေရသဖြင့် သူ့စိတ်နှလုံးသည် ကြောက်လန့်စိတ်နှင့် ပြည့်နှက်နေ၏။

“မင်း မလုပ်‌သေးဘူးလား” သခင်လေးကျောက်က ဆက်‌ပြောနေသည်။ “ဟား...ဟား... မင်း အသက်မရှိတော့ဘူးလား။ မင်းအနောက်မှာ ရပ်နေတဲ့ စာပေပညာရှင်က..........ဟေ့ သူ ဘယ်သူလဲ။ မင်းရဲ့ မွေးစားသားလား။ မင်းက ငါ့ကို အဲ့လိုကြည့်ရဲသလား။ မင်းသေချင်လိုကြည့်နေတာလား။ ငါ့ညီက ကျင့်ကြံသူ.....” သူ့စကားများသည် ကျောက်ဟိုင်၏နားထဲသို့ မိုးချုန်းသံကဲ့သို့ ရောက်သွား၍ သူက လေထဲသို့ခုန်တက်သွားသည်။ သူ့မျက်လုံးများက ပြင်းထန်သော‌ဒေါသများ နှင့်ပြည့်နေပြီး သူ့အစ်ကို၏ မျက်နှာကို ရိုက်ချလိုက်တော့၏။

“ပါးစပ်ပိတ်ထား” သူက ငိုတော့မည့်အသံမျိုးနှင့် အော်ဟစ်လိုက်သည်။ မန်ဟိုကို သူကောင်းကောင်း သိသည်။  မန်ဟို အတွင်းစည်းတပည့်ဖြစ်စဉ်က ၀မ်တန်ဖေးကို အနိုင်ရခဲ့သော အခြေအနေကို သူ ကောင်းကောင်းမှတ်မိသည်။ အပြင်စည်းဂိုဏ်းရှိ မည်သူမျှ စဦးချီဖွဲ့စည်းခြင်း အဆင့် (၆) သာ ရှိသေးသော မန်ဟို့အား ပမာမခန့် မလုပ်ရဲပေ။ မန်ဟိုသည် ကျောက်ဟိုင်အတွက်တော့ အလှမ်းမမှီနိုင်သော  တောင်တန်းကြီးကဲ့သို့ပင်ဖြစ်သည်။ မန်ဟို၏ အားထုတ်မှုအနည်းငယ်မျှကပင် ကျောက်ဟိုင်အား အလွယ်တကူ သေစေနိုင်သည်။

သူ့အစ်ကို နာကျင်စွာအော်ငိုနေစဉ်တွင် ကျောက်ဟိုင်က ဒူးထောက်ထိုင်ချလိုက်ပြီး “ကျွန်တော် ကျောက်ဟိုင်... အစ်ကိုကြီးမန်ကို နှုတ်ခွန်းဆက် ဂါရ၀ပြုပါတယ်...”

သူ့အနားမှာရပ်နေသော သူ့အစ်ကိုကား အံ့အားသင့်သွားသည်။ သူက သူ၏မျက်နှာကို လက်နှင့်ဖုံးအုပ်ကာ ပြောလေသည်။ “ညီငယ် မင်းသူ့ကို ဘယ်လိုခေါ်လိုက်တယ်။ အစ်ကိုကြီးမန်တဲ့လား ဟားဟားဟား ဒါဆို သူက မိသားစုပေါ့။ အာ သူလည်း မိန်းကလေးကို တပ်မက်နေပုံပဲ ကောင်းပြီ မန်ကိုပဲပေးလိုက်တော့”

"ပါးစပ်ပိတ်ထားစမ်း” ကျောက်ဟိုင်က လှမ်းငေါက်လိုက်သည်။ သူပုံစံသည် သူသေတော့မည့်အလား ကြောက်လန့်နေ သည်။ အပြင်စည်းဂိုဏ်းတပည့်များမှ သူသိခဲ့ရသော မန့်ဟို၏ အကြောင်းအရာအားလုံးကို ပြန်လည်စဉ်းစားနေစဉ် သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာတုန်လှုပ်နေ၏။ အနေရခက်စွာဖြင့်ပင် သူကား အားဖြင့်ခုန်လိုက်ပြီး သူ၏အစ်ကိုမျက်နှာကို ထပ်ရိုက်လိုက်ပြန်သည်။

လီတဖူမှာတော့ အံ့အားသင့်စွာဖြင့် ကြည့်နေသည်။ သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မလှုပ်မယှက် မန်ဟိုအား ကြည့်နေမိ၏။ မန်ဟိုကား ကျင့်ကြံသူ ဖြစ်လိမ်မည့်ဟု သူ မှန်းဆခဲ့သော်လည်း အခုမြင်တွေ့ရသောအခါ ကျောက်အိမ်တော်ထက် ပို၍အင်အားကြီးသော ကျင့်ကြံသူဖြစ်နေသောကြောင့် တုန်လှုပ်ချောက်ချားသွားတော့သည်။

သူတယောက်တည်းမဟုတ်။ ပတ်၀န်းကျင်ရှိ အစေခံအားလုံးသည်လည်း ကြည်ညိုလေးစားမှုတို့ ပြည့်နေသော မျက်လုံးများဖြင့် မန်ဟိုအား ငေးကြည့်ရင်း မိန်းမောနေကြသည်။

“အစ်ကိုကြီးမန်...” နောက်တဖန် ဒူးထောက်လျက် ကျောက်ဟိုင်က ကြောက်ကြောက်လန့်လန့် ခေါ်သည်။

သုန်မှုန်နေသောမျက်နှာဖြင့် မန်ဟိုသည် ကျောက်ဟိုင်အား စကားတခွန်းမျှမပြောဘဲ အေးစက်စွာ ကြည့်လိုက်၏။

ကျောက်ဟိုင်၏ နှလုံးသားသည် တုန်လှုပ်သွားပြီး သူ့မှာ အံတင်းတင်းကြိတ်လိုက်မိသည်။ သူ့ဘေးတွင် ဒေါသမီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ရပ်နေသော သူ့အစ်ကိုကို သူမြင်လိုက်သည်။ ကျောက်ဟိုင်မှာ မန်ဟို့အား ရန်ပြုရန်မ၀ံ့ရဲသောကြောင့် သူ့၏ဒေါသများက သူ့အစ်ကိုဆီ ပုံကျကုန်၏။

သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ လက်ချောင်းအရွယ် မြေမီးတောက်ပေါ်လာပြန်သည်။ ၎င်းသည် သခင်လေးကျောက်ဆီသို့ အမြန်ထွက်သွားပြီး သခင်လေးကျောက်၏ အော်ဟစ်သံများ ဆူညံသွား၏။ သူက မြေကြီးပေါ်သို့လဲကျသွားပြီး လူးလိမ့်နေသည်။ ခဏအတွင်းမှာပဲ သူ့မှာ တုန်လှုပ် ချောက်ချားဖွယ်ကောင်းသော မီးလောင်ကျွမ်းထားသည့် အလောင်းဖြစ်သွားသည်။

ကျောက်ဟိုင်က သူ့ အစ်ကိုအား ဂရုမစိုက်ဘဲ ဒူးထောက်ကာ ထပ်ခါတလဲလဲ တောင်းပန်သည်။ “အစ်ကိုကြီးမန် ကျွန်တော့ကို အသက်ချမ်းသာပေးပါ”

“မင်းက သေမျိုးကမ္ဘာကို မစွန့်ခွာနိုင်သေးဘူးပဲ” မန်ဟိုက အေးဆေးစွာပြောလိုက်သည်။ “ဒါကြောင့် အခုကနေစပြီးတော့ စိတ်ချလက်ချပဲ သေမျိုးတစ်ယောက်လို နေထိုင်လိုက်တော့။” သူက လက်ချောင်း တစ်ချောင်းကို မြောက်လိုက်သည်နှင့် ချက်ချင်း ကျောက်ဟိုင်၏ မျက်နှာကား သွေးဆုတ်ဖြူလျော်သွားကာ ပါးစပ်အပြည့် သွေးများအန်ထွက်လာသည်။  သူ၏ ချီစီးဆင်းမှုလမ်းကြောင်းများ ပြတ်တောက်သွားပြီး စဦးချီဖွဲ့စည်းခြင်း အဆင့်(၂) ကျင့်ကြံခြင်းအခြေခံ ဖျက်စီးခံလိုက်ရလေပြီ။ သူကား ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ သေမျိုးတစ်ယောက် ဖြစ်သွားပြီ ဖြစ်သည်။

သူ့မှာ ဒယီးဒယိုင်ထ၍ မန်ဟိုကို လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် လှည့်လိုက်ကာ သူ့ လူများ၏ တွဲပေးထားမှုဖြင့် တဖြည်းဖြည်း အဝေးသို့ ပျောက်ကွယ်သွားသည်။

“ကျွန်တော် သူ့ကို သေချာမဆုံးမခဲ့မိဘူး။” မန်ဟိုက ထွက်သွားသော ကျောက်ဟိုင်အား မကြည့်ဘဲ ပြောလိုက်သည်။ “သူက ဂိုဏ်းကနေထွက်ပြေးသွားတဲ့ ကျွန်တော်ရဲ့ အစေခံပါ။ သူက ဦးလေးကို ဒုက္ခရောက်စေခဲ့ပြီ ဦးလေးလီ” လီတဖူအား ဦးညွတ်၍ ပြောလိုက်သည်။

“ဘာအန္တရာယ်မှမရှိခဲ့ပါဘူး” လီတဖူက ခေါင်းကိုခါယမ်းပြီး ပြောရင်း ခါးကိုကိုင်း၍ အရိုအသေပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ် ကျင့်ကြံသူ” ကျောက်အိမ်တော်၏ ကျင့်ကြံသူ တစ်ယောက်က မန်ဟို၏အစေခံ ဖြစ်နေသည့်အကြောင်းအား သူ့ခေါင်းထဲမှ မထွက်ပေ။

“မလိုပါဘူး ဦးလေးလီ” မန်ဟိုက ပြုံးလိုက်ပြီး “ဖက်တီး... လီဖူကွေ့က ဂိုဏ်းထဲမှာရှိ တဲ့ ကျွန်တော်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းပါ။ ဒီနေရာက သူ့နေရာမို့ ကျွန်တော်အလည်လာခဲ့တာပါ။ သူ့အိမ်မှ ဒီလိုဖြစ်နေတာကို မျက်ကွယ်ပြုပြီး ကျွန်တော် လှည့်ထွက်မသွားနိုင်ခဲ့ဘူး။” သူက နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး လက်သီးဆုပ်၍ ဂါရ၀ပြု နှုတ်ဆက်လိုက်သည်။ “ကျွန်တော် သွားရတော့မယ်” သူသည် ဖျက်ကနဲ ထွက်သွားကာ ခြေလှမ်းအနည်းငယ်အတွင်း ပျောက်သွားသည်။ လီတဖူမှာ စိတ်အားငယ်စွာ ကျန်ရစ်ခဲ့သည်။ သူ့သားလေးကို သူ စဉ်းစားနေမိသည်။ ထို့နောက် သူက ပြုံးလိုက်ပြီး သူ၏ မျက်လုံးများသည် ဂုဏ်ယူမှုခြင်း၊ မျှော်လင့်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။

“ငါ့သားက ကောင်းကောင်းမွန်မွန်လုပ်နိုင်ပြီ။ သူက ကျင့်ကြံသူပဲ ဘိုးဘေးခန်းမကိုသွားပြီး အမွှေးတိုင် ထွန်းပူဇော်ရမယ်။ ဒီကိစ္စက ငါတို့မိသားစုနဲ့ဘိုးဘွားတွေကို ဂုဏ်သတင်းကျော်စောပြီး အဆင့်အတန်း မြင့်မားစေမှာ ”

မန်ဟိုသည် ယွင်ခိုင်စီရင်စုမှ ထွက်လာ၏။ မွန်းလွဲပိုင်းဖြစ်၍ ဆောင်းဦးရာသီလေက တိုက်ခတ်နေသည်။ သူသည် တာ့ချင်းတောင်သို့ ချဉ်းကပ်လာသည်နှင့်အမျှ တောင်လေသည် ပိုမိုအားကောင်းလာသည်။

သူသည် လွန်ခဲ့သောသုံးနှစ်က ကြက်သေသေနေခဲ့သော တောင်ထိပ်ပေါ်တွင် ရပ်နေ၏။ စိတ်ခံစားမှုများက သူ့မျက်နှာတွင် ပေါ်နေသည်။ သုံးနှစ်ဆိုသောအချိန်သည် လျင်မြန်စွာကုန်ဆုံးခဲ့သည်။ သူ၏ မျက်နှာသည် နုပျိုမနေတော့ဘဲ ရင့်ကျက်လာခဲ့သော်လည်း တာ့ချင်းတောင်သည် အမြဲတမ်း အတူတူပင်။ ၎င်းသည် မည်သည့်အခါကမျှ ပြောင်းလဲခြင်းမရှိသကဲ့သို့ ၎င်းအောက်၌ မပြတ်တမ်း စီးဆင်းနေသော မြစ်ကြီးလည်း မည်သည့်အခါကမျှ ပြောင်းလဲခြင်းမရှိပေ။

မြစ်ကိုလှည့်ကြည့်ရင်း မန်ဟိုက ထိုနှစ်တွင် သူ ပစ်ခဲ့သော ဘူးသီးခြောက်လေးကို စဉ်းစားမိသည်။ အစ်မရှု၊ ဖက်တီး၊ ဝမ်ယိုချိုင် နှင့် ရှောင်းဟူ တို့နှင့် ဆုံတွေ့ခဲ့သည်ကို စဉ်းစားနေမိသည်။

သူသည် ခုန်လိုက်ပြီး ဓားပျံပေါ် နင်းရင်း တောင်ပေါ်မ  ချောက်ကမ်းပါးအတွင်းသို့ ဝင်သွားလေ၏။

ချောက်ကား ယခင်အတိုင်းပင်။ မန်ဟိုက လှည့်ပတ်ကြည့်လိုက်သည်။ ထိုနှစ်တွင် အစ်မရှုသည် စဦးချီဖွဲ့စည်းခြင်းအဆင့် ၇ အဆင့်တွင်ရှိခဲ့၏။ ယခု သူလည်း အဆင့် ၇ ရှိနေပေပြီ။ သုံးနှစ်သည် စက်ဝိုင်းတစ်ခုကဲ့သို့ ဖြစ်ခဲ့ပြီး ၎င်းသည် အစမှတ်နှင့် အဆုံးသတ်အမှတ်ဖြစ်သည်။

"ဒါပေမယ့် သုံးနှစ်တကာက တကယ်ပဲ စက်ဝိုင်းတစ်ခုဖြစ်နေရင် အခုဒီကို ပြန်ရောက်နေတောက ငါ စမှတ်အသစ်တစ်ခုကို ရောက်နေတာလို့များ ပြောလို့ရနိုင်မလား။  ‘ပထမခြေလှမ်းကို မလှမ်းဘဲနှင့် ဘယ်လမ်းကြောင်းကို ဦးတည်ရမလဲဆိုတာ ဘယ်တော့မှ သိလိမ့်မည်မဟုတ်’ လို့ ပညာရှိတွေ ပြောခဲ့ဖူးတယ်” သူက မျက်လုံးကို ခဏတာပိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်။

“ငါ ပထမဦးဆုံး ခြေလှမ်းသစ်ကို လှမ်းခဲ့ပြီးပြီ။ အဲဒီနှစ်မှာ ငါ့မှာ ငွေမရှိတော့ဘူ၊ အခုဆိုရင်တော့ ဝိညာဉ်ကျောက်တုံးတွေ မရှိဘူး။ ဒါဟာအများကြီးပြောင်းလဲသွားတာလို့တော့ မထင်ဘူး” မန်ဟိုသည် သူ၏အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများ မလောက်တော့သည့်အကြောင်းကို စဉ်းစားနေ၏။ ဂူမှ လှည့်ထွက်ခွာလိုက်သည့်အခါ သူသည် နာကျင်မှု အနည်းငယ် ခံစားလိုက်ရ၏။ ထို့နောက် ဓါးပျံကို စီးနင်းရင်း မြစ်ဆီသို့ ဦးတည်လိုက်သည်။

ရုတ်တရက် သူ၏မျက်လုံးများ ကျဉ်းမြောင်းလာပြီး ခေါင်းကိုမော့လိုက်သည်။ တာ့ချင်းတောင်ပေါ်တွင် သူရပ်နေသည့် နေရာတွင်ပင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ရှိနေသည်။ သူက မန်ဟိုကို အေးအေးဆေးဆေးငေးကြည့်နေသည်။

"ဒါဆို မင်းက ဒီကို ပြန်လာခဲ့တာပဲ" ထိုလူက ရန်ပြုလိုသောသံဖြင့် ပြောလိုက်ရာ နေရောင်ပင်လျှင် မှောင်ကျသွားသယောင် ထင်ရသည်။

ထိုသူသည် ရှန့်ကွမ်းရှိုး ဖြစ်၏။

ဂိုဏ်းဖျက်သိမ်းသည့်နေ့တွင် သူက ပထမဆုံးထွက်ပြေးခဲ့သူ ဖြစ်သည်။ ရက်အနည်းငယ်လွန်ပြီး နောက် သူ ပြန်ပေါ်လာခဲ့၏။ ပတ်၀န်းကျင်အား မေးမြန်းပြီးနောက် ဂိုဏ်း၏ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး သူ သိခဲ့ရသည်။ မှီခိုရာဂိုဏ်းချုပ်သည် ကျိုးပြည်နယ်ရှိ ကျင့်ကြံသူများကို မည်သို့ ထိတ်လန့် ကြောက်ရွံ့စေခဲ့သည်ကိုလည်း သိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောအချိန်က လျှို့ဝှက်စွာ စိုက်ထားခဲ့သော ဆေးဖက်ဝင်အပင်အချို့ကို ရိတ်သိမ်းရန်အချိန်ရောက်လေပြီဟု ဆုံးဖြတ်ရင်း သူ၏ခြေရာများကို ဖုံးကွယ်လျက် သူ ထွက်လာခဲ့သည်။

သို့သော် လမ်းတွင် သူသည် တာ့ချင်းတောင်ကို ဖြတ်ကျော်ပြီးနောက် မန်ဟိုအား သူ စုံစမ်းစစ်ဆေးခဲ့သည့်အချိန်ကို စဉ်းစားမိခဲ့သည်။ ဤနေရာတွင် ရှုချင်က သူ့ကို တွေ့ခဲ့ခြင်းဖြစ်ရာ သူ့ကို တွေ့ဖို့ မျှော်လင့်ချက်နှင့် ရက်အနည်းငယ်လောက်နေဖို့ ဆုံးဖြတ်ခဲ့လေသည်။

သတ်ဖြတ်ခြင်းအငွေ့အသက်များက မန်ဟို့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ သူသည်ယခုလက်ရှိ စဦးချီဖွဲ့စည်းခြင်း အဆင့် ၇ တွင် ရှိနေသောကြောင့် အခြားသူများ၏ အဆင့်ကို သိနိုင်လေပြီ။ ရှန့်ကွမ်းရှိုးကား အဆင့် ၉ တွင် ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်က အဆင့်၉ အစစ်မဟုတ်သေးသော်လည်း ထိုအဆင့်သို့ရောက်ရန် အတော်နီးစပ်နေပေပြီ။ ကံကောင်း ထောက်မလျှင်တော့ မကြာမီ ချီအခြေတည်အဆင့်ကို သူ အောင်အောင်မြင်မြင် ရောက်လိမ့်မည်။ ထို့နောက်တွင်တော့ သူသည် ကျိုးပြည်နယ်ရှိ အဆင့်မြင့်ကျင့်ကြံသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်လာလိမ့်မည်။

မန်ဟိုသည် သူ၌မှော်ပစ္စည်းများစွာရှိသော်လည်း ရှန့်ကွမ်းရှိုးနှင့်မယှဉ်နိုင်ကြောင်းသိသည်။ ထို့အပြင် ယခုအချိန်တွင် သူကိုင်ထားသည့်အိတ်သည် ပြန်မဖြည့်နိုင်သည့်အပြင် ဝိညာဉ်ကျောက်တုံးများလည်း နည်းပါးနေခဲ့လေပြီ။ တိုက်ခိုက်ဖို့အချိန်ကောင်းမဟုတ်မှန်း သူ သိသည်။

စကားတစ်ခွန်းမှ မပြောဘဲ သူသည် အဝေးသို့ပြေးထွက်သွားလိုက်ရာ သူ၏ခန္ဓာကိုယ်က မှုန်ဝါးသွားသည်။ သူ ထွက်ခွာသွားသည့်အခါ ရှန့်ကွမ်းရှိုးကား အေးအေးဆေးဆေးရယ်နေသည်။ ဂိုဏ်းမှာတုန်းက သူသည် ဆရာကြီးအိုးရန်ကို ကြောက်ရ၍ အတွင်းစည်းတပည့်ကို မထိရဲခဲ့ပေ။ သို့သော် ထိုအရာကား အတိတ်တွင် ကျန်ခဲ့လေပြီ။ အခုတော့ သူသည် မန်ဟိုအား သတ်ဖြတ်ပြီး သူ၏ရတနာများကို လိုချင်၏။ သူ့ခန္ဓာကိုယ်ကား အရောင်တောက်လာပြီး သူ့ရှေ့တွင် အဆောင်လက်ဖွဲ့တစ်ခု ပေါ်လာသည်။ ၎င်းကို ဖမ်းယူလိုက်ပြီး သူကား မန်ဟို၏နောက်သို့လိုက်တော့သည်။

“ဒီအချိန်မှာ ဘာအထူးလေ့ကျင့်မှုမှ ရှိမနေဘူး မင်းငါ့လက်က လွတ်အောင် ဘယ်လိုပြေးမလဲ” ရှန့်ကွမ်းရှိုး၏ မျက်နှာကို ရက်စက်သော အပြုံးက ဖုံးလွမ်းနေသည်။ သူကား မန်ဟိုကို သတ်ဖို့ စိတ်ပိုင်းဖြတ်ထား၏။

***

All Chapters