ရတနာတောင်
Vol. 4 Ch. 51
“ဒီကလေးဟာကျုပ်ရဲ့ ဇီယွင်ဂိုဏ်းသားမဟုတ်ပေမယ့် ဘယ်သူမဆို ဒီတောအုပ်ထဲဝင်နိုင်တယ်လို့မင်းပြောခဲ့တယ်။ ဒီတောထဲမှာ သူသွားနေနိုင်တာကို မြင်ရတာကိုက ငါ့ကို စိတ်ချမ်းသာစေတယ်။ ငါကျေနပ်တယ်” ဝူတင်းချိုးက အလွန်ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။ လူထူးဆန်းစုန့်သည် တစ်ညလုံးအောင်နိုင်သူဖြစ်နေခဲ့သော်လည်း ယခုအချိန်တွင်မူ ပုံမှန်အတိုင်း စကားပြောနေပေမယ့် သူ့စိတ်ထဲတွင် ရှက်ရွံ့မှုများကို မနည်းထိန်းချုပ်ထားပုံရသည်။ အတော်လေးသဘောကျနေသော ဝူတင်းချိုးက မန်ဟို ကိုကြည့်လိုက်သည်။
“သူ့မှော်ပစ္စည်းကသားရိုင်းတွေကို အမှန်တကယ် လွှမ်းမိုးနိုင်တယ်” လူထူးဆန်းစုန့်က ဆိုသည်။ “သူ့ကျင့်ကြံမှုအဆင့်က နိမ့်သေးတယ်။ ဒီဝိညာဉ်သားရိုင်း တောအုပ်ထဲက ထွက်လာနိုင်လောက်မှာမဟုတ်ဘူး။ ဒီတောအုပ်ကို တောင်ပိုင်းဒေသတစ်ခုလုံးကနေ ငါယူလာတဲ့ သစ်ပင်တွေနဲ့အတူ စိုက်ပျိုးဖန်တီးထားတာ။ အပင်တွေကို နဂါးငွေ့တန်းပင်လယ်က ဝိညာဉ်ရေနှင့်လောင်းထားတာ။ ဒါကြောင့်သစ်ပင်တွေက ကြီးထွားပြီးခိုင်ခံ့ရုံသာမက ဝိညာဉ်သားရိုင်းများရဲ့ အသက်ရှူခြင်းလေ့ကျင့်ခန်းတွေမှာ အသုံးပြုတဲ့ ဝိညာဉ်စွမ်းအင်တွေကို ထုတ်လွှတ်ပေးနိုင် တယ်။ ငါ့ရဲ့ ဝိညာဉ်တောအုပ်ထဲမှာ…………” ဟုပြောရင်း သူ၏အသံမှာ ရပ်တန့်သွားသည်။
မန်ဟိုသည် တောအုပ်ထဲရှိ မိစ္ဆာသားရဲများ၏အာရုံကိုဆွဲဆောင်ရင်း ရှေ့သို့ဆက်သွားခဲ့သည်။ သူကား မီတာပေါင်း များစွာကွာဝေးသော တောင်ခြေနားသို့ပင်ရောက်နေလေပြီ။ သူသည်ဇီယွင်ဂိုဏ်းသားများ မဝင်ရောက်နိုင်သောနေရာသို့ ပင်ရောက်တော့မည်ဖြစ်သည်။
မန်ဟိုက ဤနေရာတွင် ဝတ်ရုံဖြူဝတ်ဆင်ထားသောဂိုဏ်းသားများ ဘာကြောင့် အများကြီးရှိနေကြလဲဆိုတာကို မသိသော်လည်း ထူးဆန်းသည့်အရာတစ်ခုခု ရှိမည်ကို သိလိုက်သည်။ သို့သော် အနောက်မှ ရှန်ကွမ်းရှိုးက လိုက်နေရာ သိပ်စဉ်းစားမနေတော့ပဲ ရှေ့သို့ဆက်သွားလိုက်သည်။ ထိုစဉ် ရုတ်တရက် ၁၂ မီတာနီးပါးရှိ ကြီးမားသောမိစ္ဆာသားရိုင်းတစ်ကောင်သည် သူ့ရှေ့မှောက်သို့ ထွက်လာ၏။
ထိုသားရိုင်းက စူးရှတောက်ပနေသော အနီရောင်မျက်လုံးများရှိပြီး အမွှေးထူသော သားရိုင်းဆင်ကြီးတစ်ကောင် ဖြစ်သည်။ သူ၏ကိုယ်ခန္ဓာသည် သေးငယ်သောတောင်တစ်လုံးနှင့်ပင်တူနေပြီး မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။
“ဒီတစ်ကြိမ်တော့ ကောင်လေးသေပြီ။ ဒီဟာက ငါရဲ့ သားရိုင်းဆင်ကြီးတစ်ကောင်ပဲ။ တောင်ပိုင်းဒေသရဲ့ အန္တရာယ်အရှိဆုံး နေရာတွေထဲကတစ်ခုဖြစ်တဲ့ အနှစ်သာရမဲ့ဂူ ထဲကနေဖမ်းမိခဲ့တာ။ အစွမ်းထက်တဲ့ ဆေးဝါးတွေနဲ့ မွေးမြူခဲ့ရပြီး ဒီနေရာကို ကာကွယ်ပေးတဲ့ စွမ်းအားအကြီးဆုံး သတ္တဝါသုံးကောင်ထဲက တစ်ကောင်ပဲ။ သူ့မှာ အကန့် အသတ်မဲ့တဲ့စွမ်းအားတွေနဲ့မယုံနိုင်လောက်အောင်ထူတဲ့အရေပြားရှိတယ်။ သာမန်ဓားများနဲ့ဆိုရင် ခြစ်ရာတောင် မထင်နိုင်ဘူး။ စဦးချီဖွဲ့စည်းချင်းအဆင့် ၉ တွင်ရှိသူတစ်ဦးဆိုရင်တောင်မှ သူနှင့်တိုက်ခိုက်ရာမှာအခက်အခဲ ရှိနိုင်တယ်။ ချီအခြေတည်ခြင်း အဆင့်အောက်မှာရှိတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်နိုင်တယ်။” လူထူးဆန်းစုန့်မှာ ထိုသို့ပြောနေရင်း မန်ဟိုသည် သားရိုင်းတောထဲမှ ထွက်နိုင်တော့မည်ကို မြင်သောအခါ မျက်လုံးများပြူးသွားရပြီး သက်ပြင်းချလိုက်ရသည်။
ထိုစဉ် ဝူတင်းချိုး၏မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားလေတော့သည်။ ဤကြီးမားသောသားရိုင်းဆင်သည် သာမန်သားရိုင်း မဟုတ်ကြောင်း သူ မြင်တွေ့ခဲ့ရသည်။ သူ၏ဇီယွင်ဂိုဏ်းသည် အသွင်ပြောင်း သားရဲ အများအပြားကို မပိုင်ဆိုင်ပေမယ့်လည်း လူထူးဆန်းစုန့် ပြောသည်များကို ကြားလိုက်ရသောအခါ ဒီလူဟာအတော်ထူးဆန်းတာပဲဟု မျက်မှောင်ကြုတ်၍တွေးလိုက်သည်။ သူသည် ကျင့်စဉ်များကို လုံးဝစိတ်မဝင်စားပေ။ အထူးသဖြင့် ထူးဆန်းသော သားရိုင်းများကို ရှာဖွေပြီး မွေးမြူခြင်းကိုသာ နှစ်သက်သည်။
ထို့နောက် ဝူတင်းချိုး၏မျက်လုံးများ တောက်ပလာခဲ့ကာ လူထူးဆန်းစုန့်၏ မျက်နှာသည်လည်း ကြောက်မက်ဖွယ်ရာ အသွင်ပြောင်းလဲသွားလေသည်။
ဝိညဉ်တောအုပ်ထဲ၌ သားရိုင်းဆင်ကြီးတစ်ကောင်သည် မန်ဟိုဆီသို့ တိုက်ခိုက်ရန်ပြေးဝင်လာခဲ့၏။ မန်ဟိုက အသက်ပြင်းပြင်းရှူရင်း ဒီနေရာမှာ မိစ္ဆာသားရိုင်းတွေ ဘယ်လောက်တောင်ရှိနေတာလဲဟု ညည်းတွားလိုက်မိသည်။ ထို့နောက် သူ၏သံလှံကို မြှောက်ပြလိုက်သောအခါ သူ့ဆီသို့ ပြေးဝင်လာနေသော သားရိုင်းဆင်သည် ရပ်တန့်သွားပြီး တုန်ခါလာ၏။ ရုတ်တရက်ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်ပေါက်ကွဲသွားပြီးနောက် လေထဲလွင့်ပျံသွားပြီး အနီးအနားရှိ သစ်ပင်ပေါ်သို့ကျသွားသည်။
နာကျင်မှုနှင့်အတူ ဒေါသတကြီးဆက်လက်တိုက်ခိုက်နေသော သားရိုင်းဆင်ကြီးကို မန်ဟိုသည် သူ၏လှံဖြင့် ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်သောကြောင့် ကြီးမားသောဆင်ရိုင်း၏ နောက်ကျောမှစပြီးပါးစပ်ထိ ပေါက်ကွဲသွားလေတော့၏။ နောက်ဆုံးတွင် ဆင်ရိုင်း၏ညာဘက် ခြေထောက်မှာ လုံးဝကျိုးပဲ့သွားပြီး လွင့်စင်ကာ မြေပေါ်သို့လဲကျသွားသည်။
ကြောက်မက်ဖွယ်ရာအော်ဟစ်သံများ တောအုပ်အတွင်း ပြည့်နှက်သွားလေသည်။ မန်ဟိုသည် တစ်ချက်မျှ လှည့်ကြည့်ပြီး အားယူကာ ရှေ့တွင်ရှိသော ရတနာတောင်ဆီသို့ ဦးတည်လိုက်လေသည်။
ရှန့်ကွမ်းရှိုးသည် အနည်းငယ်ဝေးကွာသောနေရာတွင် ရှိနေပြီးအနီရောင်မျက်လုံးနှင့် သားရိုင်းများလက်ထဲမှ မလွတ်မြောက်နိုင်တော့ပါ။ မန်ဟို ပျောက်ကွယ်သွားသည့်၍ ကြည့်၍ သူ၏ဒေါသများ အလိပ်လိုက်ထွက်လာလေတော့သည်။
မန်ဟိုက သွေးအလိမ်းလိမ်းထွက်နေသော မိစ္ဆာသားရိုင်းများ၏ အော်ဟစ်သံများကိုဂရုမစိုက်တော့ပဲ တောအုပ်ထဲမှ ထွက်ခွာသွားသည်။ အချိန်တစ်ရက်တာပင် ကုန်လွန်သွားလေပြီ။ ဝတ်ရုံဖြူဝတ်ဆင်ထားသည့် ဂိုဏ်းသားများမှာ ထိုမြင်ကွင်းများနှင့်ပတ်သတ်၍ ညည်းညူပြောဆိုကြသည်။
မန်ဟို ရတနာတောင်ကို ဆက်လက်တက်သွားပြီး အကယ်၍ သူသာတောင်ကို ဖြတ်ကျော်နိုင်ပါက နောက်ဆုံးတွင် ရှန်ကွမ်းရှိုးကို တုန်လှုပ်သွားစေနိုင်လိမ့်မည်။ သူသည် လျင်မြန်သောအရှိန်ဖြင့် ရှေ့သို့ဆက်သွားပြီး မကြာမီပင် တောင်ခြေသို့ ရောက်ရှိခဲ့သည်။ သူ တောင်ပေါ်သို့တက်ရန် ခြေလှမ်းပြင်လိုက်သည်နှင့် ချက်ချင်းပင် ရပ်တန့်ပြီး အံ့သြသွားသည်။ အကြောင်းမှာ သူရှေ့တွင်ရှိသော ကျောက်သားအောက်ခြေရှိ ဆေးပုလင်းတစ်ပုလင်းကြောင့်ဖြစ်သည်။
ရောင်စုံအလင်းတန်းများထွက်ပေါ်နေသော ဒီပစ္စည်းမှာ သာမန်တော့မဟုတ်နိုင်ပေ။ မန်ဟို ထိုပုလင်းကို ကောက်ကိုင်ပြီး ဖွင့်ကြည့်လိုက်သောအခါ ချက်ချင်းပင် မွှေးသောဆေးဖက်ဝင်အနံ့ ထွက်ပေါ်လာလေသည်။ ပုလင်းထဲတွင် တော့ လက်မခန့်အရွယ်အစားရှိသော ဆေးလုံးတစ်လုံးရှိနေလေသည်။
မန်ဟိုသည် ထိုပုလင်းကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ အခုတော့ တစ်ခြားသူများ ဤနေရာတွင် ဘာကြောင့်ရှိနေကြပြီး တောင်ပေါ်သို့ တက်ရန် ဘာကြောင့်ကြိုးစားနေကြသည်ကို သူ သိလိုက်ရပေပြီ။
“ဒါကစကြာဝဠာဝိညာဉ်ဆေးလုံးပဲ၊ စဦးချီဖွဲ့စည်းခြင်း အဆင့်မှာရှိတဲ့သူတိုင်းအတွက် အရမ်းအသုံးဝင်တယ်။” ဝူတင်းချိုးက သားရိုင်းတောထဲမှ ဖြတ်သန်းသွားသော မန်ဟိုကို ကြည့်ရင်း ရယ်လိုက်သည်။
သူ့နောက်တွင်ရှိနေသော လူထူးဆန်းစုန့်၏မျက်နှာကြီးမှာတော့ မဲ့နေသည်။ သို့သော် သူက အေးဆေးစွာ ရယ်လိုက်ပြီးတော့ “ငါ့ရတနာတောင်မှာ ဆေးဝါးတွေနဲ့ ဝိညာဉ် ကျောက်တုံးတွေ အများကြီးရှိတယ်။ ဒါတွေကို ကောင်လေးအနေနဲ့ယူနိုင်ပါတယ်၊ ဒါပေမယ့် သူကတောင်ထိပ်ကို ရောက်နိုင်မယ်လို့ ထင်နေရင်တော့ ဒါ သူ အိပ်မက်မက်နေတာပဲ။ ငါ့ရဲ့တောင်ပေါ်မှာ ရှိတဲ့ဝိညာဉ်သားရိုင်းတွေက အကောင်တစ်သန်းမှာ တစ်ကောင်ပဲရှိတဲ့ အကောင်းတကာအကောင်းဆုံးသော စွမ်းရည်တွေရှိတယ်” သူသည် ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောနေခဲ့သော်လည်း စိတ်ထဲရှိ နာကျင်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။
“ကြည့်ပါဦး” မန်ဟိုရှေ့သို့ပေါ်ထွက်လာသော မိစ္ဆာသားရဲကို ညွှန်ပြလိုက်သည်။ “ဒါ ငါမွေးထားတဲ့ အစွမ်းပြင်းသားရဲပဲ။ သမင်ခန္ဓာကိုယ်နဲ့ မြွေဦးခေါင်းရှိပြီး အလွန်အမင်းမြန်ဆန်တယ်။ ဒီလိုသားရဲမျိုးက မသေမချင်း တိုက်ခိုက်မယ့်အပြင် သွေးနံ့ကိုရလိုက်တာနဲ့ အသည်းအသန် လိုက်လံတိုက်ခိုက်လိမ့်မယ်။ သူနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ စဦးချီဖွဲ့စည်းခြင်းအဆင့်မှာရှိတဲ့ ဘယ်သူမဆို သွေးပျက်တုန်လှုပ် သွားလိမ့်မယ်။”
အမွေးတိုင်တစ်တိုင်ထွန်းစာလောက် အချိန်ကုန်လွန်သွားပြီးနောက် နာကျင်စွာအော်သံသည် တောင်စောင်းဘက်မှ ထွက်လာခဲ့သည်။ သွေးများကို ကြည့်ပြီးနောက် လူထူးဆန်းစုန့်မှာ ဆောက်တည်ရာမရဖြစ်လာသည်။ သေသည်အထိ အရှုံးမပေးသော သားရိုင်းကြီးသည် အံ့ဩစရာကောင်းသော အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားသည်။ သူ့အမြီးမှာလည်း ပြတ်သွားပြီဖြစ်သည်။ အဆိုးဆုံးကတော့ ခြေထောက်နှစ်ချောင်းသာ ကျန်ခဲ့ခြင်းဖြစ်ကာ လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးသွားလေသည်။
မန်ဟိုကမူ ရှေ့သို့ ဆက်လက်ရွေ့လျားလိုက်သည်။ ကြောက်မက်ဖွယ်ရာသားရိုင်းကြီးနှင့် တိုက်ခိုက်ပြီးဆက်၍ သွားသောအခါ သူသည် ရာပေါင်းများစွာသော ဝိညာဉ်ကျောက်တုံးများကို တွေ့မြင်လိုက်ရ၏။ မန်ဟိုကား စိတ်လှုပ်ရှားစွာဖြင့် တောင်ပေါ်သို့ ဆက်တက်သွားသည်။
ထိုစဉ် အလွန်ကျေနပ်စွာ ရယ်မောလိုက်သောအသံသည် ဝူတင်းချိုးဆီမှ ထွက်ပေါ်လာလေသည်။
“ဝိုး တကယ့်ကိုလျင်မြန်တာပဲ။ သေတဲ့အထိ တိုက်ခိုက်တတ်လိုက်တာ” ဟု ဝူတင်းချိုးက ရယ်မော၍ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ တောင်ပေါ်မှာရတနာတွေ အများကြီးရှိတယ်၊ ဒီလူငယ်ယူနိုင်ပါတယ်၊ ဒါပေမယ့် တောင်ပေါ်မှာပဲ နေနေမှာမဟုတ်ဘူး။ ပြီးရင် တောင်ပေါ်ကနေ ပြန်ဆင်းလာရမှာပဲ ကိစ္စမရှိပါဘူး” လူထူးဆန်းစုန့်က အေးဆေးစွာ ပြောလိုက်သော်လည်း သူ၏အိတ်ထဲမှ စိတ်ငြိမ်ဆေးပြားကို ထုတ်ပြီး သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူ၏မျက်လုံးများမှာ ဂနာမငြိမ်ဖြစ်နေပြီး သူ၏စိတ်ထဲတွင်မကောင်းသော သတိပေးချက်များကို ခံစားနေရသည်။
အချိန်တစ်နာရီကြာပြီးနောက်……………….
မန်ဟိုကား တောင်ထိပ်သွားရာ လမ်းတစ်ဝက်သို့ပင်ရောက်နေပြီဖြစ်သည်။ သူရှိရာသို့ မိစ္ဆာသားရိုင်းများ ရောက်လာတိုင်း ကျယ်လောင်စွာအော်ဟစ်ပြီး ထွက်ပြေးသွားကြလေသည်။ အန္တရာယ်များသော အခြေအနေများစွာရှိသော်လည်း သူ၏လှံဖြင့်ဝှေ့ယမ်းလိုက်သည်နှင့် အန္တရာယ်များ လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။ ထို့နောက်တွင် သူ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများနှင့်မှော်ပစ္စည်းများအား စုဆောင်းလေသည်။
မန်ဟိုအတွက်တော့ ဒီတောင်တစ်ခုလုံးကား ရတနာတစ်ခုလိုပင်ဖြစ်သည်။ ယခုသူ ကျောက်တုံးကြီးနောက်ကွယ်မှ စာလိပ်တစ်ခု အားဆွဲထုတ်လိုက်သည်။ ထိုအရာသည် စွမ်းအင်များသိပ်သည်းစွာြဖင့် တောက်ပနေလေရာ သာမန်ပစ္စည်း တစ်ခုမဟုတ်သည်မှာထင်ရှားလှ၏။
စိတ်လှုပ်ရှားစွာဖြင့် သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။
တောင်အောက်ရှိ မိစ္ဆာသားရိုင်းတောအုပ်ထဲတွင်ရှိသောဂိုဏ်းသားများမှာတော့ မန်ဟိုကို မော့ကြည့်ပြီး အံ့ဩနေကြလေသည်။
အဖြစ်အပျက်များကိုကြည့်နေသော လူထူးဆန်းစုန့်၏ မျက်နှာသည် ပို၍မည်းမှောင်လာကာ တုန်လှုပ်နေသည်။ ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ မှော်ပစ္စည်းများ နှင့် အထူးသဖြင့် ကျမ်းစာလိပ်တို့ကို ထည့်ထားသော မန်ဟို၏ သိုလှောင်အိတ်ကို ငေးကြည့်ရင်းနှင့် သူ၏စိတ်နှလုံးသည်နာကျင်နေတော့သည်။
ကျမ်းစာလိပ်သည် သူလွန်ခဲ့သောနှစ်ပေါင်းများစွာက ရရှိခဲ့သောရတနာတစ်ခုဖြစ်သည်။ များစွာသော သားရဲများ၏ ဝိညာဉ်ကိုတံဆိပ်ခတ်ထားသော ရတနာပစ္စည်းဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က သူအနှစ်သက်ဆုံး သားရိုင်းများ သေဆုံးသောအခါ ၎င်းတို့ကို ထိုစာလိပ်ထဲ၌ တံဆိပ်ခတ်ထားသည်။ ယခုတော့ မန်ဟိုက ရယူလိုက်ပြီဖြစ်သည်။ လူထူးဆန်းစုန့်သည် ပိုမိုထိတ်လန့် တုန်လှုပ်သွားကာ နောက်ထပ်ဆေးဝါးနှစ်လုံးကို ထုတ်ပြီးမျိုချလိုက်သည်။
သူ အမူအရာပျက်နေသည်ကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း ဝူတင်းချိုး၏ရယ်မောသံများက သူ၏နားထဲသို့ ဆက်လက်ထိုးဖောက်နေဆဲဖြစ်သည်။
“ငါ့ရတနာတောင်ပေါ်မှာ ရတနာတွေက တစ်ပုံကြီးပဲ" လူထူးဆန်းစုန့်ကပြောလိုက်သည်။ “အကယ်၍ တချို့ကို ယူသွားနိုင်တယ် ဆိုရင်တောင်မှပဲ တောင်ပေါ်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ဒီဝိညာဉ်သားရိုင်းတွေကို ကမ္ဘာတစ်ဝှမ်းလုံးကနေ ငါသေချာစုဆောင်းထားခဲ့တာ။ အရမ်းများလွန်းလို့ သူအလွယ်တကူ မလွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။”
နှစ်နာရီခန့်ကြာပြီးနောက်……………….
မန်ဟိုသည် တောင်ထိပ်အလယ်၌ နှင်းများစီးဆင်းနေသောနေရာသို့ပင် ရောက်လုနီးပြီဖြစ်သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် မြန်ဆန်စွာ ရှေ့သို့ဆက်သွားလေသည်။ သားရိုင်းတောအုပ်ထဲတွင် ဇီယွင်ဂိုဏ်းသားများသည် အထူးသဖြင့် မန်ဟိုက မြေပြင်မှရတနာများကို ကောက်ယူလိုက်သည့်အခါတိုင်း သူတို့၏မျက်နှာများပေါ်တွင် အံ့အားသင့်စရာများနှင့် မနာလိုမှုများပြည့်နှက်နေကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် မန်ဟို၏နေရာမှာ သူတို့ဖြစ်လိုက်ချင်သော ဆန္ဒများဖြစ်ပေါ်နေကြ၏။
ရှန့်ကွမ်းရှိုးမှာ လက်သီးကိုဆုပ်၍ အံကြိတ်ကာ လုံးဝအကူအညီမဲ့နေခဲ့သည်။ သူသည် တောအုပ်ထဲနှင့်တင် အန္တရာယ်ရှိနေပြီးဖြစ်သောကြောင့် တောင်ပေါ်သို့တက်ရန် မဝံ့ရဲတော့ပေ။ ထို့အပြင် ဝတ်ရုံဖြူဝတ်ဆင်ထားသော ဂိုဏ်းသားများ၏ စကားပြောဆိုမှုများကို နားထောင်နေပြီးနောက် ဤသည်မှာဇီယွင်ဂိုဏ်း၏ ဂိုဏ်းသားများအတွက် နတ်မီးလျှံစမ်းသပ်ပွဲဖြစ်ကြောင်းသိလိုက်ရသည်။ သူမှာ အင်တင်တင်ဖြစ်နေသော်လည်း အရှုံးပေးရန်မှလွဲ၍ အခြားရွေးချယ်စရာလမ်း မရှိတော့ချေ။ မန်ဟိုအပေါ်ပြင်းထန်သော မုန်းတီးခြင်းကိုသာ ပြန်လည်စဉ်းစားစေမိ သည်။
မန်ဟို နောက်ထပ်သားရိုင်းတစ်ကောင်၏ ဦးခေါင်းကို နာကျင်ဒဏ်ရာရစေသည်ကို မြင်လိုက်ရသောအခါ လူထူးဆန်းစုန့်သည် ဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်ပြီး မျိုချလိုက်ကာ ဂရုမစိုက်ဟန်ဖြင့် ဟန်ဆောင်နေလိုက်၏။
“နှင်းတွေကအစ ငါကိုယ်တိုင် အသေးစိတ်ဂရုတစိုက် ဖန်တီးထားတ။ ငါ့ရဲ့တန်ဖိုးအရှိဆုံး သားရိုင်းတွေအတွက် ဒီပတ်ဝန်းကျင်ဟာ အသင့်တော်ဆုံးပဲ။ သူတို့ထဲကတစ်ကောင် ကောင်းကင်သူရဲလင်းယုန်ကို လူသိများတယ်။ သူ့ရဲ့ခြေသည်းတွေက သတ္တုနဲ့ကျောက်ခဲတွေကိုတောင်မှ ချိုးဖဲ့နိုင်ပြီး တောင်ပံတွေဟာ အရမ်းအားကောင်းကြတယ်။ တောင်ပေါ်မှာရှိတဲ့ သားရိုင်းတွေထက် မယုံနိုင်လောက်အောင် ပြင်းထန်တဲ့ အန္တရာယ်အရှိဆုံးသတ္တဝါဖြစ်တယ်။ ဒီလှံစုတ်လေးလောက်နဲ့တော့ ဒီကောင်လေး သေမှာ အမှန်ပဲ”
သုံးနာရီကြာသောအခါ………………
ဧရာမလင်းယုန်ကြီးသည် လက်သည်းများကျိုးသွားပြီး တောင်ပံတစ်ဖက်မှာလည်းမရှိတော့ပဲ သွေးများ အန်ထုတ်လေ၏။ ထို့နောက် ဆီးနှင်းများထဲတွင် ပုန်းခိုကာ အဆက်မပြတ် အော်ဟစ်ညည်းတွားနေသည်။
မန်ဟိုကား တောင်ထိပ်သို့ပင် ရောက်လုနီးပါးဖြစ်သည်။ ဇီယွင်ဂိုဏ်းသားအကုန်လုံး သူ့ကိုသာ ငေးကြည့်နေကြသည်။ သူတို့မှာ သားရဲများနှင့်တိုက်ခိုက်ရန်ပင် မေ့နေကြသည်။ သူတို့သည် မန်ဟို၏ အရောင်တောက်နေသော သံလှံကို အံ့ဩစွာကြည့်နေရင်း မျက်လုံးများပင်ပြာလာ၏။
“သူဘယ်သူလဲ”
“သူက ငါတို့ရဲ့ စမ်းသပ်ပွဲထဲ ကျူးကျော်လာပြီး ငါတို့ ရတနာတွေကိုယူသွားတယ်။ ရက်စက်လိုက်တာ”
“ဒီသံလှံက ကောင်းကင်ဘုံက ကျလာတဲ့ ရတနာတစ်ခု ဖြစ်မှာသေချာတယ်” သူတို့အားလုံး တီးတိုးပြောနေကြသည်။
လူထူဆန်းစုန့်မှာတော့ စိတ်သောကရောက်နေပြီး မန်ဟိုတောင်ထိပ်သို့ ချဉ်းကပ်သွားသည်ကို စောင့်ကြည့်နေရင်းနှင့််ပင် သည့်ထက်ပိုပြီး အေးဆေးတည်ငြိမ်ယောင်မဆောင်နိုင်တော့ချေ။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး မန်ဟိုကို သင်ခန်းစာပေးဖို့ သွားရန် ပြင်ဆင်လိုက်တော့သည်။
***