← Chapters

အင်မော်တယ်မြေ

Vol. 1 Ch. 3

အင်မော်တယ်မြေ

Vol. 1 Ch. 3

အခန်း(၃) - အင်မော်တယ်မြေ

"ဘာမှ မပြောင်းသွားဘူးလား။"

ယဲ့ရှောင်ချန်းတစ်‌ယောက် ဖန်လုံအိမ်ထဲသို့ ဝင်လာသောအခါ ဖန်လုံအိမ်က အရင်အတိုင်း ရှိနေသေးသည်ကို မြင်လိုက်ရသည်။ သူမြေကွက်ကို ဤနေရာတွင် နေရာချခဲ့သော်လည်း ဘာမှ ခြားနားမှု မတွေ့ရချေ။

တစ်ခုတည်းသော ထူးဆန်းသည့်အရာက သူအင်မော်တယ်မြေပေါ်တွင် မတ်တပ်ရပ်သောအခါ သူရှူရှိုက်နေသော လေထုက ပိုမိုလတ်ဆတ်ပြီး အရင်ကထက် သက်တောင့်သက်သာ ရှိနေသည်။ ခွေးနှစ်ကောင်ကလည်း မြေပေါ်တွင်လှဲနေပြီး မလှုပ်ချင်ကြပေ။ သူတို့မျက်လုံးများက သက်တောင့်သက်သာ ရှိနေကြကြောင်း ပြသနေကြသည်။

ယဲ့ရှောင်ချန်းသည် ခေါင်းငုံ့ကာ မြေတစ်ဆုပ်လောက် ဆုပ်ကိုင်ရန် ကြိုးစားကြည့်လိုက်သည်။ သို့သော်လည်း မြေကြီးက သံမဏိလို မာကျောနေသည်ကိုသာ တွေ့လိုက်ရသည်။

သူနောက်တစ်ခေါက် ထပ်ကြိုးစားကြည့်သေးသည်။ ရလဒ်များကတော့ အတူတူပင်။

"ဘာဖြစ်တာလဲ။ မြေကြီးက ဘာလို့ ဒီလောက်တောင် မာနေတာလဲ။" ဟု သူတွေးလိုက်သည်။

ယဲ့ရှောင်ချန်း အံ့သြသွားရသည်။ အင်မော်တယ်မြေကြီးမရှိသော နေရာသို့ ခပ်မြန်မြန်လျှောက်သွားပြီး လက်တစ်ဆုပ်စာမြေကို ကောက်ယူကြည့်လိုက်ပြီး လက်ချောင်းများဖြင့် ဖျစ်ကြည့်လိုက်သောအခါ မြေကြီးက လုံးဝသာမာန်လိုပင်။

တစ်နည်းအားဖြင့် မြေကွက်ကို နေရာချပြီးသွားသောအခါ ထူးဆန်းမှုတစ်ခုခုက မြေကြီးထဲဝင်သွားပြီး သံမဏိလို မာကျောသွားစေခဲ့သည်ဟု ဆိုနိုင်သည်။

"ငါခေါင်းနောက်လာပြီ။ အဲ့လောက်မာနေရင် ငါဘယ်လိုလုပ်ပြီး မြေဆွနိုင်မှာလဲဟ။"

ယဲ့ရှောင်ချန်း အူကြောင်ကြောင်ဖြစ်သွား၏။

သူခဏလောက် စဥ်းစားကြည့်လိုက်သည်။ သူ့ထီးကို ဆွဲယူလိုက်ပြီး တဲအိမ်လေးသို့ မြန်မြန်ပြန်လာပြီး ပေါက်ပြားကို သွားယူသည်။

သူ့လက်နှစ်ဖတ်ကို ပွတ်လိုက်ပြီး စတင်တူးဆွလေတော့သည်။

ဒုတ်!

ပေါက်ပြားက သံမဏိနံရံတစ်ခုကို ပေါက်လိုက်ရသလို ယဲ့ရှောင်ချန်းခံစားလိုက်ရပြီး ပေါက်ပြား၏ သံချောင်းလည်း ချက်ချင်းကျိုးပဲ့သွားသည်။

ယဲ့ရှောင်ချန်း လက်ကောက်ဝတ် ထုံကျင်သွားသည်။ ကျိုးပဲ့နေသော ပေါက်ပြားထိပ်ပိုင်းကို ကြည့်ကာ သူကြက်သေသေသွားရသည်။

တကယ်ကြီး သံမဏိထက်ပိုမာနေတာကိုး။

"ငါမြေကိုရှင်းလို့မရ၊ တွင်းလည်းတူးလို့မရဆိုရင် ဘယ်လိုလုပ်အပင်စိုက်နိုင်မှာလဲ" ဟု သူတွေးလိုက်သည်။

ရုတ်တရက် သူတစ်စုံတစ်ခုကို မှတ်မိသွားသည်။ စနစ်က ပေးခဲ့သော လက်ဆောင်အထုပ်အပိုးကိုဖြစ်သည်။ "အဲ့ဒီထဲမှာ အင်မော်တယ်ပေါက်ပြားဆိုတာပါတယ်မလား။"

"ဒီအင်မော်တယ် လယ်မြေကို ဆွဖို့ သုံးလို့ရမလား မသိဘူး။"

ထိုကဲ့သို့ စဥ်းစားရင်း ယဲ့ရှောင်ချန်းတစ်ယောက် ခပ်မြန်မြန် လှုပ်ရှားလိုက်သည်။ စနစ်၏ သိုလှောင်နေရာမှ အင်မော်တယ်ပေါက်ပြားကို ထုတ်ယူလိုက်သည်။

သိုလှောင်နေရာက စုစုပေါင်းအကွက်ကိုးကွက် ပါရှိသည်။ အကွက်တစ်ကွက်လျှင် ပစ္စည်းတစ်မျိုးစီ ထည့်လို့ရသည်။ အရေအတွက်အကန့်အသတ် မရှိပါ။ ဆိုလိုသည်ကာ သူပစ္စည်းအမျိုးအစား ကိုးမျိုးကို ထည့်ထားနိုင်သည်။

အင်မော်တယ် ပေါက်ပြားကို သူ့လက်ထဲတွင် ကိုင်ထားလိုက်၏။ အလွန်လေးလံပြီး ၂၀-၃၀ကျင်းခန့် ရှိလောက်သည်။

ထိုကဲ့သို့ လေးလံသော ပေါက်ပြားကို ကိုင်ပြီး တူးဖို့က ခက်ခဲလှသည်။

သို့သော် အင်မော်တယ်ပေါက်ပြားကို ကိုင်ထားသော ယဲ့ရှောင်ချန်းကတော့ အလွန်သိချင်နေသည်။ ပေါက်ပြားလက်ကိုင်ကို သူပွတ်ကြည့်လိုက်သည်။

ဘယ်လိုကုန်ကြမ်းနှင့် လုပ်ထားမှန်းမသိသော်လည်း အလွန်သက်တောင့် သက်သာ ရှိလှပါသည်။

သူ့လက်များက အင်မော်တယ် ပေါက်ပြားကို ကိုင်ကာ ပေါက်ပြားထိပ်ကို ကိုင်မြှောက်လိုက်ပြီး မြေကို တူးဆွရန်ကြိုးစားသည်။

ဘာခက်ခဲမှုမှ မရှိဘဲ ပေါက်ပြားက မြေကြီးထဲ ချောချောမွေ့မွေ့ ဝင်သွားသည်။

"လခွမ်း၊ တကယ်ကြီး အင်မော်တယ်မြေကို တူးဖို့ လုပ်ထားတာပဲဟ။"

ယဲ့ရှောင်ချန်းမျက်လုံးများ ဝိုင်းစက်သွားသည်။ "ဒီပေါက်ပြားက ပစ္စည်းကောင်းပဲ ဒီလောက်မာတဲ့ မြေကို တူးနိုင်တယ် တို့ဖူးတုံးကြီးကို တူးရသလိုပဲ" သူရေရွတ်လိုက်သည်။

နတ်ဘုရားများ၏ ပစ္စည်းများက သူတို့အသုံးပြုသော ပစ္စည်းများနှင့်မတူပေ။

ရုတ်တရက် ယဲ့ရှောင်ချန်း အင်မော်တယ်ပေါက်ပြားကို ချစ်မိသွားသည်။

စိတ်ဓာတ်တက်ကြွစွာဖြင့် သူစတင်တူးဆွလေသည်။ သို့ရာတွင် မိနစ်အနည်းငယ်ကြာသောအခါ အင်မော်တယ် ပေါက်ပြားက စတင်ကာ ပိုမိုလေးလံလာသလို ခံစားရပြီး သူ မမြှောက်နိုင်တော့ပါ။

မြေပေါ်တွင်ထိုင်လိုက်ပြီး ယဲ့ရှောင်ချန်း အလွန်ပင်ပန်းနေသလို ခံစားရကာ ချွေးများ စိုရွှဲလို့နေသည်။

သူတူးဆွခဲ့သော မြေပမာဏကို ကြည့်လိုက်သည်။ မြေကွက်၏ ဆယ်ပုံတစ်ပုံခန့် ရှိလောက်မည်ဟု သူခန့်မှန်းမိသည်။

ထူးဆန်းစွာဖြင့် အနားယူနေစဥ် သူ့ခွန်အားများ အလွန်လျှင်မြန်သောနှုန်းဖြင့် ပြန်ပြည့်ဝလာသည်ကို ခံစားလိုက်ရသည်။

သာမန်အခြေအနေမျိုးဆိုလျှင် ခွန်အားပြန်ပြည့်ဝဖို့အတွက် အနည်းဆုံး ဆယ့်ငါးမိနစ်ခန့် နားရလိမ့်မည်။

အထူးခြားဆုံးအရာက အင်မော်တယ် လယ်ကွက်ပေါ်တွင် မတ်တပ်ရပ်နေသောအခါ ဖန်လုံအိမ်၏ အကာအရံပါးက နေရာင်ခြည်ကို တားဆီးပေးသော်လည်း နေက အလွန်ပူနေသေးသည်။ သို့သော် ပတ်ဝန်းကျင်နှင့် သူ့ခန္ဓာကိုယ်တို့က အေးမြလျက်ရှိနေသည်။

"နေလို့ကောင်းလိုက်တာ" ဟု သူတွေးလိုက်မိ၏။

"ဒါအင်မော်တယ်မြေရဲ့ အာနိသင်များလား။"

ယဲ့ရှောင်ချန်း တစိမ့်စိမ့်တွေးတောလိုက်သည်။

သူ အလုပ်ပြန်လုပ်လိုက်သည်။

"အာ့ဟွမ်နဲ့ ရူဘတ် ဖယ်ကြစမ်း။"

ယဲ့ရှောင်ချမ်းက ခွေးနှစ်ကောင်လှဲနေသော မြေကို တူးဆွချင်သည်။

သူအကြိမ်ကြိမ်ပြောသော်လည်း ခွေးနှစ်ကောင်က ပျင်းရိကာ မလှုပ်ကြပေ။ သူတို့က ဒီအတိုင်း ဆက်လှဲနေကြသည်။ ဝမ်းဗိုက်ကြီးများကလည်း မြေကြီးပေါ်တွင် ပိပြားနေကြသည်။

ယဲ့ရှောင်ချန်း မျက်စပြစ်လိုက်၏။

ဒီလိုနှင့် တူးဆွခြင်း၊ အနားယူခြင်းတို့ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက်တွင် နောက်ဆုံးတော့ယဲ့ရှောင်ချန်း အင်မော်တယ်မြေတစ်ကွက်လုံးကို တူးဆွပြီးခဲ့ပြီ။

အမှန်ပင်။ ဘယ်ဘက်ထောင့်တစ်နေရာတွင်တော့ ခွေးနှစ်ကောင်က လှဲနေဆဲ။ သူတို့မရွှေ့ချင်ကြသဖြင့် နည်းလမ်းမရှိသောကြောင့် ယဲ့ရှောင်ချန်း ထိုနှစ်ကောင်ကို ဒီတိုင်းသာ ထားလိုက်ရသည်။

အင်မော်တယ်မြေက အလွန်ချောမွေ့လှသည်။ မြေသားစိုင်များကလည်း အရွယ်အစား အလွန်တူညီပြီး အချိုးကျနလှသည်။

အင်မော်တယ်မြေ၏ မြေဆီလွှာအရည်အသွေးကြောင့်၊ သူနင်းလိုက်လျှင်ပင် မြေသားပုံစံပျက်သည့် ပြဿနာမရှိပေ။

"မဆိုးပါဘူး၊ အင်မော်တယ်မြေ ဖြစ်ထိုက်ပါပေတယ်။"

ယဲ့ရှောင်ချန်းသည် ရလဒ်များက အလွန်ကျေနပ်သွားသည်။

"အခု ဒီအင်မော်တယ် မုန်လာဥဝါ အစေ့တွေကို စိုက်လို့ရပြီ။ ဒါပေမယ့် ဒါက အင်မော်တယ်မျိုးတွေ၊ မော်တယ်မျိုးတွေ မဟုတ်ဘူး၊ သာမန်အပင်စိုက်တဲ့ နည်းလမ်းတွေကို သုံးလို့ရပါ့မလား မသိဘူး။"

ယဲ့ရှောင်ချန်း သိချင်နေမိသည်။ သိုလှောင်နေရာထဲမှ မုန်လာဥဝါများကို သူအာရုံစိုက်ထားသည်။

"ဟ အပင်စိုက်နည်းလမ်းနဲ့ပါ လာတာလား။"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားရသည်။

အင်မော်တယ် မုန်လာဥဝါကို ရှန်းနုန် ပထမမျိုးဆက်မှ ကျင့်ကြံစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ သာမန် မုန်လာဥဝါကို ပိုမိုကြံ့ခိုင်စေပြီး အာဟာရကိုလည်း တိုးမြှင့်ပေးသည်။ ထို့အပြင် အင်မော်တယ်ချီပမာဏတစ်ချို့လည်း ပါဝင်နေသည်။ အင်မော်တယ်ရတနာ ဖန်တီးခြင်းတွင် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။ ထို့အပြင် ယုန်ကဲ့သို့ အပင်စားတိရိစ္ဆာန်များက စားသုံးတတ်ကြသည်။ (မှတ်ချက် - ဤအင်မော်တယ် အပင်များကို မော်တယ်များ စားသုံးခြင်းမှ ရှောင်ရှားရပါမည်။)

သာမန်လူတွေက စားလို့မရဘူးတဲ့လား။

ယဲ့ရှောင်ချန်း စိတ်ပျက်သွားသည်။ အင်မော်တယ် မုန်လာဥဝါများ ကြီးထွားလာလျှင် အနည်းဆုံး သူတော့ စားနိုင်မည် ထင်ထားသောကြောင့်ဖြစ်သည်။

သို့သော်လည်း သူတွေးမိသည်က သူ့တွင် အင်မော်တယ်ယွမ်ရှိလျှင် စတိုးဆိုင်မှ ကျင့်ကြံခြင်း နည်းလမ်းများကို ဝယ်ယူကာ အင်မော်တယ် ဖြစ်မလာနိုင်ဘူးလား။

သူအင်မော်တယ်တစ်ပါး ဖြစ်လာသောအခါ ထိုအချိန်တွင် သူစားချင်တာမှန်သမျှ စားနိုင်ပြီဖြစ်သည်။

ထိုသို့တွေးပြီး သူအစေ့များကို စိုက်ပျိုးလိုက်သည်။ ရယူလိုသော ဆန္ဒပြင်းပြစွာဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်းက အင်မော်တယ် မုန်လာဥဝါအစေ့၏ စိုက်ပျိုးရန် အညွှန်းကို ဆက်ဖတ်လိုက်သည်။

အင်မော်တယ် မုန်လာဥဝါ အစေ့စိုက်ပျိုးနည်းလမ်းက သာမန်မုန်လာဥဝါနှင့် အတူတူနီးပါး ဖြစ်သည်။ အင်မော်တယ်မြေတွင် စိုက်ပျိုးရသည်။ ထိခိုက်မှုကို ကာကွယ်ပြီး ဖွံ့ဖြိုးဖို့အတွက် အင်မော်တယ်ရေနှင့် အင်မော်တယ် မြေသြဇာတို့ကို လိုအပ်ပါသည်။

အင်မော်တယ် စမ်းရေ နဲ့ အင်မော်တယ် မြေသြဇာလား

သူ့မှာ ထိုအရာနှစ်ခုမရှိပါ။ အင်မော်တယ် စမ်းရေတစ်ခု ဆောက်လုပ်ဖို့ဆိုလျှင် အင်မော်တယ် ယွမ် ၁၀၀ လိုအပ်သည်။ အင်မော်တယ် မြေသြဇာကလည်း စတိုးဆိုင်မှ အင်မော်တယ်ယွမ်ဖြင့် ဝယ်ယူရမည်။

ဤကဲ့သို့ သနားစရာကောင်းသော သူ့အခြေအနေနှင့် အစေ့များကို သတိမဲ့စိုက်ပျိုး၍ မရနိုင်ပေ။

ထိုသို့စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းက ပေါက်ပြားနှင့် တွင်းငယ်တစ်ချို့တူးဆွပြီး မြေထဲတွင် မုန်လာဥဝါအစေ့ချကာ မြေဖြင့် ပြန်ဖုံးထားလိုက်သည်။

မုန်လာဥဝါအစေ့တစ်ရာတွင် ငါးဆယ်စိုက်ပျိုးခဲ့သည်။

အားလုံးကို သူမစိုက်ရဲပါ။ တစ်ခုခုမှားယွင်းသွားပါက ပြန်ကြိုးစားနိုင်သည်။ သို့သော် အစေ့အားလုံး စိုက်လိုက်ပါက သူငိုဖို့သာ ရှိတော့သည်။

အင်မော်တယ် မုန်လာဥဝါအစေ့များကို စိုက်ပျိုးပြီးသောအခါ သူတစ်စုံတစ်ခုကို အောင်မြင်သွားသလို ခံစားလိုက်ရပြီး ရက်အနည်းငယ်လောက် စောင့်ရန်လိုအပ်သည်။

သို့သော်လည်း စိုက်ပျိုးပြီးသွားသောအခါ ယဲ့ရှောင်းချန် တစ်ခုခုကို စိတ်ပူသလိုခံစားလိုက်ရသည်။ အကြောင်းမှာ ဖန်လုံအိမ်ထဲရှိ အသီးအနှံအများအပြားက ရိတ်သိမ်းရန်အသင့်ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်။ ပဲစေ့စိမ်းများ၊ ဒေါက်ခွများ၊ သခွားသီးများ၊ အိန္ဒိယ ဆေးပင်များ၊ ရာသီအသီးအနှံပင်များဖြစ်ပြီး အလျှင်အမြန်မရိတ်သိမ်းပါက သက်တမ်းလွန်ပြီး ရောင်းချ၍မရကာ အရှုံးပေါ်မည်ဖြစ်သည်။

ယခု သူ့တွင် ရှန်းနုန်စနစ်ရှိနေပြီဖြစ်ပြီး အင်မော်တယ် အပင်များစိုက်ပျိုးနိုင်သည်။ ထိုအချက်က သူ့ကို ဖြည်းဖြည်းနှင့် မှန်မှန် အကူအညီပေးနေသော်လည်း အရေးပေါ်အခြေအနေတွင် အကူအညီကောင်းကောင်းမဖြစ်ပါ။

သူ ငွေလည်း နည်းပါးနေသည်။

ကြည့်ရတာ သူရွာဘက်ကိုသွားပြီး အလုပ်နည်းနည်းလုပ်ရဦးမည်ထင်သည်။

ယဲ့ရှောင်ချန်းတွင် 10ဧကစာ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များရှိနေသည်။ စျေးကွက်တစ်ခုမရှာနိုင်ပါက ထိုအရာများ လယ်ထဲတွင်သာ ပုပ်သိုးသွားလိမ့်မည်။

ထိုကဲ့သို့ စဥ်းစားပြီး ယဲ့ရှောင်ချန်းက အလုံခြုံဆုံးနေရာဖြစ်သော သိုလှောင်နေရာကွက်ထဲတွင် အင်မော်တယ် ပေါက်ပြားနှင့် မုန်လာဥဝါ အစေ့တို့ကို ထည့်လိုက်သည်။

ခွေးနှစ်ကောင်ကတော့ လှုပ်ပင်မလှုပ်သေးပေ။

"ပူလိုက်တာကွာ။"

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်၏။

သာမန်ဆို အင်မော်တယ်မြေပေါ်တွင် သူအေးမြလန်းဆန်းသော လေများကို ခံစားခဲ့ရသော်လည်း အခုတော့ မြေပေါ်မှ ရုတ်တရက်ထွက်ခွာလိုက်သောအခါ မီးပြင်းဖိုထဲ ရောက်သွားသလို ခံစားလိုက်ရတော့သည်။

All Chapters