← Chapters

အခွင့်အရေး

Vol. 1 Ch. 5

အခွင့်အရေး

Vol. 1 Ch. 5

အခန်း(၅) - အခွင့်အရေး

မျက်နှာ ရှစ်ခေါက်ချိုးဖြင့် လျှို့ဖူရှန်း ဖုန်းချပြစ်လိုက်သည်။ ပုံမှန် ဟင်းသီးဟင်းရွက် အထောက်အပံ့များက "သိုး" ဟူသော ကြီးမားသည့် စိုက်ပျိုးရေးခြံမှ တင်ပို့ခြင်းဖြစ်သည်။

ယခုတော့ ထိုစိုက်ပျိုးရေးခြံက ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရ၏။ ဟင်းသီးဟင်းရွက်များတွင် ပိုးသတ်ဆေးများ လွန်ကြူးစွာ သုံးစွဲမိခဲ့ခြင်းဖြစ်သည်။

ဤကိစ္စက အလွန်အရေးကြီးသော အခြေအနေဖြစ်သည်။ ဟင်းသီးဟင်းရွက်များက မားကတ်တွင် တင်ရောင်းရန် အရည်အသွေးမပြည့်မှီပါ။

ကတ်စတမ်မာများကိုလည်း ဒီလိုမျိုး ကစား၍မရပါ။

မနက်ဖြန်တင်မကဘဲ နောက်ထပ်ရက်အနည်းငယ်အတွင်း သူတို့ ဟင်းသီးဟင်းရွက် ပြတ်လတ်မှုနှင့် ကြုံတွေ့ရမည်ဟု ခန်းမှန်းရသည်။ အကျိုးဆက်များက အလွန်ပြင်းထန်၏။ နှစ်ပေါင်းများစွာ ကောင်းမွန်ခဲ့သော ချင်းထျန်စူပါမားကတ်၏ ဂုဏ်သတင်းက ယခုမူ အန္တရာယ်ရှိနေလေပြီ။

ယခု တတ်နိုင်သမျှအမြန်ဆုံး ယာယီထောက်ပံ့သူများကို ရှာရတော့မည်။

လျှို့ဖူရှန်းက ဖုန်းတစ်ကော ဆက်မည်အပြုတွင် လူငယ်လေးတစ်ယောက်က သူ့ထံလျှောက်လာပြီး ပြောလိုက်သည်။ "တဆိတ်လောက်ခင်ဗျ၊ ခင်ဗျားက ချင်းထျန် စူပါမားကတ် ပိုင်ရှင် လျှို့လား မသိဘူး။"

ယခု ကိုယ်ပိုင်လုပ်ငန်း စံနှုန်း မူဝါဒများနှင့် ငွေကြေားများက သတ်မှတ်ထားသော အဆင့်တစ်ခုအထိရောက််မည်ဆိုပါက ကုမ္ပဏီအား အခွန်နှုန်းတွင် အလျှော့ပေးအောင်လုပ်နိုင်သည်။ ထို့ကြောင့် ချင်းထျန် စူပါမားကတ်၏ နာမည်အပြည့်အစုံက 'ချင်းထျန် တာဝန်ကုမ္ပဏီလီမစ်တက်' ဖြစ်သည်။ ပုံမှန်အားဖြင့် ဤ လျှို့ဖူရှန်းက ပထမအဆင့် မန်နေဂျာတစ်ဦးဖြစ်သည်။

"ဟုတ်ပါတယ်၊ ဘာကိစ္စရှိလို့လဲ။"

လျှို့ဖူရှန်းက ယဲ့ရှောင်ချန်းကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

"မစ္စတာလျှို့ ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေးပါ၊ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည် ယဲ့ရှောင်ချန်းပါ။ ထိုက်ဖျင်မြို့ ယုဖန်ရွာက လာခဲ့တာပါ။ ကျွန်တော့်မှာ စိုက်ပျိုးရေးခြံတစ်ခုရှိပြီး ရာသီဟင်းသီးဟင်းရွက်တွေအများကြီး စိုက်ပျိုးပါတယ်။ ကျွန်တော် အခုလေးတင် ခင်ဗျားတို့မားကတ်မှာ ဟင်းသီးဟင်းရွက် တင်ပို့မှုနဲ့ပတ်သက်ပြီး ပြဿနာနည်းနည်း ရှိတယ်လို့ကြားလိုက်ရတယ်။ ကျွန်တော် ခင်ဗျားကို ကူညီနိုင်မယ်ထင်တယ်။"

ယဲ့ရှောင်ချန်းသည် ဖုရုံဝမ်စီးကရက်တစ်ဗူးကို ထုတ်ကာ လျှို့ဖူရှန်းကို တစ်လိပ်ပေးလိုက်သည်။

လျှို့ဖူရှန်းက သူဆေးလိပ်မသောက်တတ်ဘူးဟု လက်ဟန်ပြလိုက်သည်။ ထို့နောက် "ငါတို့စူပါးမားကတ်မှာ ဟင်းသီးဟင်းရွက်တင်ပို့မှု ပြဿနာရှိတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ငါတို့အမြဲတမ်း စိတ်ချရတဲ့ အရံအစီအစဥ်ရှိတာမို့ စိတ်မကောင်းပါဘူး။"

ဘယ်ကလာမှန်းမသိသောသူကို သူ မယုံကြည်ပါ။

ဟင်းသီးဟင်းရွက်တွေမှာ ဘာအမှားမှရှိလို့ မရပါဘူး။

သူ့စူပါမားကတ်ကို ဟင်းသီးဟင်းရွက် တင်ပို့ရသော စိုက်ပျိုးရေးခြံများပင်လျှင် လျှို့ဖူရှန်း လွှတ်လိုက်သော ဝန်ထမ်းများ၏ တင်းကြပ်သည့် အရည်အသွေးစစ်ဆေးမှုကို ခံကြရသည်။

ပြဿနာ သေးသေးလေးတစ်ခုပင်ရှိသွားပါက အကျိုးဆက်များက ဆိုးရွားသွားနိုင်သည်။

ချင်းထျန်စူပါမားကတ် နှစ်ပေါင်းများစွာ ချောချောမွေ့မွေ့ ဖွံ့ဖြိုးနိုင်ခဲ့သည်မှာ သူ့ရဲ့ တင်းကြပ်ပြီး သတိကြီးသော စည်းကမ်းများကြောင့် ဖြစ်ပေသည်။

ယဲ့ရှောင်ချန်းက လျှို့ဖူရှန်း၏ ငြင်းဆန်မှုကို ကြားလိုက်ရသောအခါ သူစိတ်ဓာတ်ကျသွားမိ၏။

"မစ္စတာလျှို့"

ယဲ့ရှောင်ချန်းက စကားထပ်ပြောချင်သော်လည်း လျှို့ဖူရှန်းက အခွင့်အရေး မပေးတော့ပါ။ သူစူပါးမားကတ်ထဲမှထွက်သွားပြီး ပါကင်ထိုးထားသော အော်ဒီကားထံသို့ သွားလေသည်။

ဤမြင်ကွင်းကိုမြင်လိုက်ရသော ယဲ့ရှောင်ချန်းလည်း လျှို့ဖူရှန်း၏ စရိုက်ကို ခန့်မှန်းမိသွား၏။

သူသက်ပြင်းအကြီးအကျယ်ချလိုက်မိသည်။ သူ့နှလုံးသားလည်း လေးလံလွန်းလှသည်။ "စီးပွားရေးလုပ်ငန်း လမ်းစဥ်က ဘာလို့ဒီလောက်ခက်ခဲရတာလဲ။" ဟု သူတွေးလိုက်မိသည်။

"ရပါတယ်၊ သေချာပေါက် ငါလုပ်နိုင်တယ်၊ ငါ့မှာ ရွှေလက်ချောင်းတွေ ရှိနေတာပဲ၊ ငါအောင်မြင်မှာပါ။"

ယဲ့ရှောင်ချန်းက သူ့ကိုယ်သူ အားပေးလိုက်ပြီး ယုံကြည်ချက်များ ပြန်ပြည့်ဝလာသည်။

ယဲ့ရှောင်ချန်းသည် ပါကင်ထိုးထားသော ဆိုင်ကယ်ထံသို့ ပြန်လာပြီး ထွက်သွားဖို့ပြင်လိုက်သည်။ သိပ်မလှမ်းမကမ်းတွင် ရှိနေသော အော်ဒီကား မှန်ကျလာပြီး လျှို့ဖူရှန်းက ရုတ်တရက် ပြောလိုက်သည်။ "ကောင်လေး၊ ငါ့ကိုမင်းဖုန်းနံပါတ် ပေးထားလိုက်လေ။ ငါမင်းရဲ့ဟင်းသီးဟင်းရွက်တွေလိုချင်ရင် ဖုန်းခေါ်လိုက်မယ်။"

ယဲ့ရှောင်ချန်း ခဏလောက် အံ့အားသင့်သွား၏။ လျှို့ဖူရှန်းက ဟင်းသီးဟင်းရွက်များအကြောင်း တိုက်ရိုက်မပြောသော်လည်း ဖုန်းနံပါတ် တောင်းသည်ဆိုကတည်းက မျှော်လင့်ချက်ရှိသေးသည် ဟူသည့်သဘော သက်ရောက်သည်။

လျှို့ဖူရှန်း ရုတ်တရက်ကြီး ဘာဖြစ်လို့ စိတ်ပြောင်းသွားသလဲ ဆိုတာကို သူသိချင်မိသည်။ သူ ခပ်မြန်မြန်ပဲ သူ့ဘောင်းဘီအိတ်ကပ်ထဲမှ လုပ်ငန်းကတ်တစ်ကတ်ကို ထုတ်လိုက်သည်။ ကတ်က ရိုးရှင်းပါသည်။ ယုဖန် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးရေးခြံ ဟုရေးထားပြီးအောက်တွင် သူ့အမည်နှင့် ဖုန်းနံပါတ်တို့ ပါရှိသည်။

"ကောင်လေး၊ မင်းနောက်တစ်ခါ ကုန်ပစ္စည်းတစ်ခုခု ရောင်းတော့မယ်၊ မိတ်ဆက်မယ်ဆိုရင် လုပ်ငန်းကတ်ကို အရင်ပေးရတယ်ကွ။"

လျှို့ဖူရှန်းက လုပ်ငန်းကတ်ကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ကာ ဟန်းဘရိတ်ဘေးနားရှိ ခွက်ထဲ ပစ်ထည့်လိုက်သည်။

သူ ယဲ့ရှောင်ချန်း စကားပြန်ပြောသည်ကို စောင့်မနေဘဲ ကားစက်နှိုးလိုက်သည်။

သူ ယဲ့ရှောင်ချန်း၏ ဖုန်းနံပါတ်ကို တောင်းသည်က ရုတ်တရက် ဆုံးဖြတ်ချက် မဟုတ်ပါ။ သူစူပါမားကတ်လုပ်ငန်းများကို ဆယ်နှစ်ကျော်လည်ပတ်ပြီး စီမံခန့်ခွဲနေသည့် စီနီယာသူဌေးတစ်ဦးအနေဖြင့် လက်ဦးရယူခြင်း၏ အရေးပါမှုကို သူသိနေသည်။

သူယခု ဟင်းသီးဟင်းရွက် ထောက်ပို့မှု အရေးတကြီး လိုအပ်နေသည်။ သူအသည်းအသန်ဖြစ်လာပါက အခြားသူများအတွက် အခွင့်အရေးများ ဖန်တီးပေးလိမ့်မည်။

ယခုဆိုလျှင် သူသည် ယဲ့ရှောင်ချန်းကို ဦးစွာငြင်းဆိုလိုက်သည်။ ထိုသို့ပြုမူပြီးမှ သူ့ဖုန်းနံပါတ်ကို တောင်းလိုက်မှ ယဲ့ရှောင်ချန်းကို ကျေးဇူးတင် ဝမ်းသာသွားစေမည်။ ထို့ကြောင့် ထောက်ပံ့မှုလိုအပ်သည့် အချိန်တွင် အလွယ်တကူ စျေးဆစ်နိုင်လိမ့်မည်။

ဒါက စီးပွားရေးလှည့်ကွက်ဖြစ်သည်။

ကံမကောင်စွာဖြင့် ယဲ့ရှောင်ချန်းလို အတွေ့အကြုံနုနယ်သူက ဤအချက်ကို မစဥ်းစားမိဘဲ လျှို့ဖူရှန်း၏ အကြံကြီးသော စက်ဝန်းထဲတွင် မိသွားသည်။

ယဲ့ရှောင်ချန်းသည် ထိုအချက်ကို မြင်သည် ဆိုလျှင်တောင် သူဘာမှမလုပ်နိုင်ပေ။ သူလျှို့ဖူရှန်း၏ စူပါးမားကတ်ကို လိုအပ်သော်လည်း လျှို့ဖူရှန်းက သူ့ကို လိုအပ်ချင်မှ လိုအပ်မည် မဟုတ်ပါလား။

အိမ်ပြန်ရောက်သောအခါ သူဖုန်းကို မျှော်နေမိသည်။ သူအနားလည်း ယူချင်စိတ်မရှိပေ။

သူဘာမှ လုပ်ချင်စိတ်မရှိပါ။

ညစာစားပြီးသွားသောအခါ ညနေခြောက်နာရီရှိနေပြီဖြစ်ပြီး အပြင်ဘက် ပတ်ဝန်းကျင်ကလည်း လင်းထင်းနေပါသေးသည်။

(ရွာသားများက ညစာစောစောစားကြသည်)

ယဲ့ရှောင်ချန်းနှလုံးသား လေးလံနေဆဲပင်။

လျှို့ဖူရှန်းသာ သူ့ဟင်းသီးဟင်းရွက်များကို လိုအပ်ပါက သူဖုန်းခေါ်ပြီးလောက်ပြီ ဖြစ်သည်။ အချိန်ပိုပြီးကြန့်ကြာလေလေ သူပိုပြီး စိတ်ပူပန်လာလေလေဖြစ်သည်။ ဟင်းသီးဟင်းရွက်များ ကောက်ယူခြင်းက အချိန်ပေးရသည် မဟုတ်ပါလား။

"ကျွန်တော်ခြံထဲ သွားလိုက်ဦးမယ်။”

တီဗီကြည့်နေသော သူ့အဖေနှင့်အမေကို ယဲ့ရှောင်ချန်းပြောလိုက်သည်။

"ဂရုစိုက်ဦးနော်။"

အမေဖြစ်သူကပြော၏။

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူခြံထဲသို့ ညတိုင်းသွား၏။ ထိုကဲ့သို့ ကြီးမားသော စိုက်ပျိုးရေးခြံကြီးက သေသေချာချာ ဂရုစိုက်ပေးဖို့ လိုအပ်သည်။

စိုက်ပျိုးရေးခြံထဲရှိ တဲအိမ်လေးအား ရောက်သောအခါ ယဲ့ရှောင်ချန်း ခြင်ဆေးခွေထွန်းလိုက်သည်။ ညဘက်တွင် ခြင်အလွန်ပေါများသည်။ သေချာသတိမထားလျှင် သူသွေးစုပ်ခံရလိမ့်မည်။

သူ ယာယီလျှပ်စစ်ဝါယာကြိုးများ ဆင်ထားပြီးပြီဖြစ်သဖြင့် တဲထဲတွင်သာမကဘဲ ဖန်လုံအိမ်များထဲတွင်ပါ မီးအလင်းရောင်ရှိနေသည်။

ယဲ့ရှောင်ချန်းက သူ့ဖုန်းနှင့် ခေတ္တကစားနေလိုက်သည်။ သိပ်မကြာပေ၊ ပျင်းရိသွားပြီး စနစ်ကပေးထားသော စာအုပ်ကို သူသတိရသွားသည်။ သိုလှောင်ကွက်ထဲမှ သူချက်ချင််းထုတ်ယူလိုက်၏။

စာအုပ်ကို ဘာအသားဖြင့် ပြုလုပ်ထားသလဲ သူမသိပေ။ ပုစဥ်းတောင်ပံကဲ့သို့ ပေါ့ပါးပြီး ပါးလွှာသည်။ စာမျက်နှာများပေါ်တွင် ရေးသားထားသော စာသားများကလည်း အလင်းရောင်မှိန်မှိန်လေး လင်းနေ၏။

စာအုပ်အဖုံးပေါ်တွင် ရိုးရှင်းသော စာသားများဖြင့် ရေးထားသည်က "ရှန်းနုန်စနစ် အခြေခံ လမ်းညွှန်"

စာအုပ်က ရိုးရှင်းသော စကားလုံးများကို အသုံးပြုထားသည်။ စနစ်မှပေးအပ်ထားသော စာအုပ်ဖြစ်သဖြင့် ယဲ့ရှောင်ချန်း မအံ့သြပါ။ အလွန်လွယ်ကူစွာ နားလည်နိုင်မှဖြစ်မည်။ မဟုတ်လျှင် အဓိပ္ပာယ်ဖော်ရန် လိုအပ်သည့် ရှုပ်ထွေးသော စာအုပ်တစ်အုပ်က ဘာအသုံးဝင်မည်နည်း။

သူစာရွက်လှန်ကာ ဖတ်ကြည့်လိုက်သည်။ ရှန်းနုန်စနစ်အခြေခံ လမ်းညွှန်စာအုပ်ထဲတွင် အဓိက အားဖြင့် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဗဟုသုတများစွာရှိသည်။ ဥပမာအားဖြင့် အပင်တစ်ပင်နှင့် ဘယ်လိုဆက်သွယ်ရမလဲဆိုတာဖြစ်ပြီး ၎င်းက စိုက်ပျိုးရေးနည်းလမ်းများ၏ အခြေခံဖြစ်သည်။ အပင်ကောင်းတစ်ခုကို စိုက်ပျိုးဖို့ဆိုလျှင် အပင်၏ အခြေအနေကို သူသိဖို့လိုအပ်သည်။

ဆရာဝန်တစ်ယောက် ရောဂါကို ကုသ သလိုမျိုးပင်။ သူအရင်ဆုံး လူနာ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးရသည်။ထို့နောက် အကဲဖြတ်ပြီး ရောဂါအတွက် ဆေးဝါးကို ပေးသည်။

သို့သော်လည်း အပင်များက လူသားများလိုမဟုတ်ပါ။ စကားလည်းမပြောနိုင်ပေ။ သို့သော်လည်း အသက်တိုင်းတွင် အသိစိတ်ရှိသည်။ အပင်များတွင်လည်း ကိုယ်ပိုင်အသိစိတ်ရှိသည်။ ထို့ကြောင့်အပင်တစ်ပင်၏ အသိစိတ်နှင့် ဆက်သွယ်နိုင်ပါက အပင်တစ်ပင်၏ ဖွံ့ဖြိုးမှုကို သေချာ စောင့်ကြည့်နိုင်ပေသည်။

လမ်းညွှန်စာအုပ်က အနည်းငယ်မှော်ဆန်သည်။ ပုံစံက သာမန်စာအုပ်နှင့် ဆင်တူသော်လည်း အိပ်ဆောင်ကွန်ပျူတာလေး တစ်လုံးလိုပင်။ အပေါ်ဘက်က စာသားလင်ခ့်များကို လက်ချောင်းဖြင့် နှိပ်ပါက စာမျက်နှာ အသစ်တစ်ခုကို ရောက်သွားသည်။ အလွန်ချောမွေ့လှပါသည်။

ယဲ့ရှောင်ချန်းက စာအုပ်ထဲတွင် ရေးသားထားသော ဗဟုသုတအသိပညာများကြောင့် ဆွဲဆောင်ခံလိုက်ရပြီး လုံးဝ မြောပါသွားတော့သည်။

သူအချိန်ဘယ်လောက်ထိ မြောပါသွားသလဲ မသိပါ။ ရုတ်တရက် သူ့ဖုန်းသံမြည်လာ၏။

ယဲ့ရှောင်ချန်း ဖုန်းကို အလျှင်အမြန်ထုတ်ပြီး ကြည့်လိုက်သည်။ နံပါတ်ကတော့ ပြည်တွင်းနံပါတ်ပင်။

ဒီဖုန်းက ချင်းထျန်စူပါမားကတ်က လျှို့ဖူရှန်း၏ ဖုန်းလား။

ဟုတ်နိုင်သည်။

သေချာပေါက် ဟုတ်လိမ့်မည်။

ယဲ့ရှောင်ချန်း နှလုံးခုန်နှုန်းများ မြန်ဆန်သွားတော့သည်။

All Chapters