← Chapters

မှီခိုရာဂိုဏ်းမှ သူငယ်ချင်းဟောင်း

Vol. 4 Ch. 54

မှီခိုရာဂိုဏ်းမှ သူငယ်ချင်းဟောင်း

Vol. 4 Ch. 54

"ကျွန်တော်.... ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ " မန်ဟိုက အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသားဖြင့် ဘယ်လိုတုံ့ပြန်ရမည်မသိဘဲ ပြန်ပြောလိုက်သည်။ ယွင်ကျဲ့စီရင်စုတွင်သာ ဒီပစ္စည်းတွေကို ဝယ်ခဲ့လျှင် ဒီလိုအခြေအနေမျိုးနဲ့ ကြုံလိမ့်မည်မဟုတ်။ ချစ်စရာကောင်းသော အပြုံးချိုချိုနှင့် လှပသော မိန်းကလေး သူ့ဘေးနားရှိနေရုံနှင့် နောက်တစ်ကြိမ်ထပ်ပြီး မျက်နှာရဲလာပြန်သည်။

မန်ဟို၏ရှက်ရွံနေသော အပြုအမူကိုကြည့်ကာ မိန်မပျိုသည် သူမပါးစပ်လေးကိုအုပ်၍ ညှင်သာစွာ ရယ်မောလိုက်သည်။

သူမသည် နှစ်လိုဖွယ်ကောင်းစွာ ခါးလေးကိုလှုပ်၍ လှည့်ပြီး ဆေးဝါးထုတ်လုပ်ရာ မီးဖိုဆီသို့ လျှောက်လှမ်း သွားသည်။ သူမက မီးဖိုဘေးရှိ တရားထိုင်နေသော သက်လတ်ပိုင်းလူအား စကားပြောရန် ဦးခေါင်းကိုညွှတ်၍ နှုတ်ဆက်လိုက်သည်။

သူမပြန်လာသောအခါ မန်ဟို့အား မှိတ်လုံးမှိတ်ပြရင်း " ဝိညာဉ်ကျောက်တုံးပေါင်း ၁၇၀လုံး ကျသင့်မယ် ဆိုရင်ရောရှင့်"ဟု ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း" မန်ဟိုက အသက်ရှူသွင်းရင်း ပြောသည်။ ဝိညာဉ် ကျောက်တုံးအနည်းငယ် သက်သာသွားသည့်အတွက် စိတ်ကျေနပ်ပြီး လက်သီးဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက် သည်။

"ကျွန်မကို အစ်မလို့ခေါ်နိုင်ပါတယ်ရှင်" ဟုပြောရင်း မိန်းမပျိုက ကျောက်စိမ်းပုရပိုက်များကို မန်ဟိုအား ကမ်းပေးလိုက်သည်။

သူက ကျောက်စိမ်းပုရပိုက်များကို လက်ခံရယူလိုက်ပြီး ၄င်းတို့ဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် ကျယ်ပြန့်သော ဇာတ်လမ်းဇာတ်ကွက်များ သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူစိတ်အားထက်သန်စွာ ဖြန့်ကြည့်လိုက်ရုံမျှနှင့်ပင် သူ့သိုလှောင်အိတ်ထဲတွင်ရှိသော ဆေးသုံးလုံးအကြောင်းပါသည်ကို သတိထားလိုက်မိသည်။ သူက မိန်းမပျိုလေးကို ဝိညာဉ်ကျောက်တုံး ၁၇၀ ထုတ်ပေးကာ ပြန်ဟန်ပြုလိုက်သည်။ မိန်းမပျိုသည် သက်ပြင်းချပြီး သူ့ကို တံခါးရှိရာလမ်းတစ်လျောက်သို့လိုက်ပို့သည်။

"အစ်မနာမည်က ချောင်လင်ပါ" မိန်းမပျိုလေးက စိတ်ဝင်စားစွာကြည့်ရင်း ပြောသည်။ "နောက်တစ်ခါ ထပ်လာရင် ဒီအစ်မကိုခေါ်ဖို့ သတိရပေးပါ" မိန်းမပျိုက သူ့အားခေါင်းစခြေဆုံးကြည့်ပြီး ပြောသည်။ သူမ၏ မျက်လုံးများ သည် နှစ်လိုဖွယ်ကောင်းပြီး ကိုယ်ဟန်အနေအထားက ကျော့မော့နေသည်။ မန်ဟိုသည် မျက်နှာနီရဲလာပြီး မြန်နိုင်သမျှမြန်မြန် ပြန်ပြေးတော့သည်။

သူထွက်လာသည်နှင့် ရင်တွေခုန်နေသည်။ အချိန်အတော်ကြာသည့်တိုင် မတည်ငြိမ်နိုင်သေးပေ။ သူ သတမ ရတနာဆောင် ဆီကို ပြန်လှည့်ကြည့်တော့ သူ့အားပြုံး၍ရပ်ကြည့်နေသော မိန်းကလေးချောင်လင်နှင့် မျက်လုံးချင်း ဆုံသည်။

သူပို၍ပင် ရှက်လာသည်။ သူမက သူနှင့် ပရောပရည်လုပ်နေသည်မဟုတ်ပါလား။

သူသည် တစ်ခါမှ ဒီလို မတွေ့ကြုံဖူးချေ။ ယင်းက မကောင်သော ခံစားချက်လဲမဟုတ်ပါဘူး။ ဖိုးသိုးဖပ်သပ်နှင့် တစ်မျိုးပျော်စရာကောင်းသည်။ ချောင်းတစ်ချက်ထပ်ဟန့်လိုက်ပြီး ခေါင်းကိုငုံ့ကာ ဆက်လျှောက်လာလိုက်သည်။

ထိုအချိန်မှာပဲ သတမ ရတနာဆောင် ၏ ဒုတ်ယထပ်ဆီမှ လူတစ်အုပ် ထွက်လာသည်။ အမျိုးသားရော အမျိုးသမီးများပါ ပါဝင်ပြီး စုစုပေါင်း ၇ဦး ၈ဦးခန့်ရှိသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး စကားပြောရင်း လမ်းလျှောက် လာနေကြသည်။ ထိုအုပ်စုထဲတွင် အပြာရောင် ဝတ်ရုံရှည်ဝတ် လူငယ်တစ်ဦးသည် အနောက်နား ခပ်လှမ်းလှမ်းမှ လမ်းလျှောက်နေသည်။သူသည် ထိုအုပ်စုနှင့် မဆိုင်ဘဲ အခြွေအရံတစ်ယောက်လို ဖြစ်နေသည်။

ထိုအုပ်စု အဆောက်အဦးဆီမှ ထွက်ခွာသွားစဉ် လူရွယ်သည် ခေါင်းမော့လိုက်သည်နှင့် မန်ဟိုနှင့် အကြည့်ချင်းဆုံမိလေသည်။

"မန်ဟို" သူ အော်ခေါ်လိုက်ပြီး ကြည့်နေသည်။ ထိုအဖြစ်အပျက်ကို မန်ဟိုနှင့် အခြား အမျိုးသားအမျိုးသမီးတို့ပါ သတိမူမိကြသည်။ မန်ဟို ထိုလူရွယ်အားလှည့်ကြည့်လိုက်သည့်အခါ အခြား အမျိုးသား အမျိုးသမီးတို့က သူ့အားကြည့်နေသည်ကို တွေ့မြင်လိုက်သည်။

သူ၏အမူအရာ ပြောင်းလဲမသွား သော်လည်း သူ့စိတ်သည် ရှုပ်ထွေးနေသည်။ ထိုလူရွယ်သည် အရင်မှီခိုရာဂိုဏ်း အပြင်စည်းမှ ဂိုဏ်းသား ကျောက်ခိုင်မှလွဲ၍ တခြားသူမဖြစ်နိုင်ချေ။ သူ၏ကျင့်ကြံမှုသည် စဦးချီဖွဲ့စည်းမှု အဆင့်၅တွင်ရှိနေသည်။ ဂိုဏ်းပြိုကွဲသည့်နေ့က သူသည်အနီရောင်မြူမှုန်များကြား ထွက်ခွာသွားခဲ့ပြီး အခုဒီနေရာမှာ ရှိနေသည်။

စျေးကြီးသော ပိုးထည်များ ဝတ်စားထားသော အုပ်စုထဲတွင် သူ့ပုံစံက အတန်ငယ် မွဲတေနေ ဟန်ရှိသည်။ အများစုက စားတော့ ဝါးတော့မလို ခြိမ်းခြောက်သည့် ဟန်အမူအယာရှိနေပြီး ထိုသူများထဲမှ တစ်ယောက်သည် စဦးချီဖွဲ့စည်းမှု အဆင့် ၇ တွင်ရှိသည်။ ကျန်သူများမှာ အဆင့် ၆ တွင် ရှိနေသည်။ သူတို့သည် ကျိုးပြည်နယ်ရှိ ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းသားများဖြစ်ကြောင်း သိသာထင်ရှားနေ၏။

မှီခိုရာဂိုဏ်းပြိုကွဲပြီးနောက် ကျောက်ခိုင်သည် သူတို့နှင့်သွားရောက်ပူးပေါင်းလိုက်ကြောင်းမှာ ထင်ရှားနေပေသည်။ ထိုကဲ့သို့သော အုပ်စုနှင့်အတူနေလျှင် ကျောက်ခိုင်မှာ အခြွေအရံအဆင့်ကိုသာ တောင်းဆို နိုင်ပေမည်။

မန်ဟိုသည် ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ထွက်သွားဖို့ လှည့်လိုက်သည်။

"သူက ဘယ်သူလဲ" ဟု ကျောက်ခိုင်ဘေးမှ လူရွယ်ကမေးသည်။ သူ့အသံသည် ညင်သာသော်လဲ မာနအပြည့်ဖြင့် မောက်မာနေသည်။ သူသည်တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်တစ်ချောင်း ကိုင်ထားသည်။ သူသည် စဦးချီဖွဲ့စည်းမှု အဆင့်၇ တွင်ရှိသည်။ ထိုသူအနားတွင်ရပ်နေသောသူများသည် အချင်းချင်း တီးတိုးပြောကာ စောင့်ကြည့်နေကြသည်။

"အစ်ကိုကြီးစွန်း သူက ကျွန်တော့အရင်ဂိုဏ်းက ဂိုဏ်းသားတစ်ဦးပါ" ကျောက်ခိုင်က တုံ့ဆိုင်းစွာဖြင့် မန်ဟို့ နာမည်နှင့် ဂိုဏ်းတွင်ရှိခဲ့သောအဆင့်ကို မဖော်ပြဘဲ ဖြေလိုက်သည်။

" မန်ဟို ဒီနာမည်က အရမ်းကို ရင်းနှီးနေတယ်"

" ငါမှတ်မိပြီ" အုပ်စုထဲမှ အမျိုးသမီးတစ်ယောက်က ရယ်ပြီးပြောသည်။ "သူဟာ တစ်ဦးတည်းကျန်ခဲ့တဲ့ မှီခိုရာဂိုဏ်း အတွင်းစည်းကလူပဲ။ ပန်းချီကားချပ်ထဲကပုံနဲ့ အတော်တူတယ်"

ကြည့်နေသူအားလုံး၏မျက်လုံးများ တောက်ပလာကြသည်။ လူနှစ်ဦးသည် တဟုန်ထိုးပြေးလာပြီး မန်ဟို့လမ်းကို ပိတ်လိုက်လေသည်။ လွန်ခဲ့သော ရက်ပိုင်းက ကျိုးပြည်နယ်တွင် တုန်လှုပ်စရာကောင်းသော ကောလဟာလများ ပျံ့နှံလျက်ရှိသည်။

မှီခိုရာဂိုဏ်းသည် ပြိုကွဲသွားပြီ။ သို့သော် မှီခိုရာဂိုဏ်း၏ ဂိုဏ်းချုပ်သည် မသေသေး။ သူ၏ စွမ်းအားများကို အတွင်းစည်းဂိုဏ်းသားတစ်ဦးအတွက် ပြသခဲ့သည်။ သူသည်ကျိုးပြည်နယ်၏ အင်အားအရှိဆုံး ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။ ကျင့်ကြံသူများ ပြန်လည်ရောက်ရှိလာသောအခါ ထိုကောလဟာလများသည် ကျိုးပြည်နယ်ရှိ ကျင့်ကြံသူများအကြားတွင် ပျံ့နှံ့သွားတော့သည်။

မှီခိုရာဂိုဏ်းချုပ်သည် ကောင်းကင်နှင့်မြေကြီးအား လှုပ်ခါနိုင်သော၊ မည်သည့် ကျင့်ကြံသူကိုမဆို သတ်ပစ်နိုင်လောက်အောင် အစွမ်းကြီးမားသော ရတနာတစ်ပါးကို သူ၏အတွင်းစည်းတပည့် တစ်ယောက်အား ပေးအပ်ခဲ့ သည်ဆိုသော ကောလဟာလကိုလဲ တွင်ကျယ်စွာ ဆွေးနွေးခဲ့ကြသည်။ ထိုကောလဟာလသည် လျှင်မြန်စွာ ပျံ့နှံ့သွားပြီး ဂိုဏ်းချုပ်၏ အတွင်းစည်းတပည့်အား စုံစမ်းခဲ့ကြသည်။ မကြာခင်ပင် ထိုတပည့်၏နာမည်မှာ မန်ဟိုဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ထိုရေပန်းစားသော ကောလဟာလပြီးဆုံးသွားလျှင် မကြာခင်ပင်အရာရာသည် ငြိမ်သက်သွားပေလိမ့်မည်။ သို့သော် မှီခိုရာဂိုဏ်းမှပြန်လာသော ကျိုးပြည်နယ်မှ ကျင့်ကြံသူများသည် မကြာခင်ပင် တစ်စုံတစ်ရာကို သဘော ပေါက်လာကြသည်။ အဆုံးတွင် မှီခိုရာဂိုဏ်းချုပ်၏ စွမ်းအားများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားမည်ဟု ထင်မြင်ယူဆရသည်။ ထိုသို့သာ မဟုတ်ပါက မှီခိုရာဂိုဏ်းချုပ်၏ နာမည်ကြီးဒေါသအကြောင်း ထည့်စဉ်းစားလျှင် သူတို့တစ်ယောက်မှ အသတ်မခံရဘဲ ဘယ်လိုလုပ် လွတ်မြောက်နိုင်ပါ့မလဲ။

ထင်မြင်ချက်အမျိုးမျိုး ပေါ်ထွက်လာပြီးနောက် လူအများအပြားသည် မှီခိုရာဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသား မန်ဟိုအပေါ် အာရုံစိုက်လာကြသည်။  ဂိုဏ်းကြီး၃ခုသည် ဂိုဏ်းသားများအား မန်ဟိုကို အာရုံစိုက်ကြိုးစားရှာဖွေရန် အမိန့်ထုတ်ထားသည်။ ထိုအမိန့်နှင့်အတူ မန်ဟို၏ ပုံတူပန်းချီကားကိုလဲ ဖြန့်ဝေထားသည်။

အကယ်ရွေ့ မှီခိုရာဂိုဏ်းချုပ် အသက်ရှင်ခဲ့ရင်တောင် အရင်ကလိုပဲ စွမ်းအား ကြီးမားနေဦးမှာလားဆို သည်ကို သူတို့သေချာမသိကြပေ။ ထိုကိစ္စနှင့်ပါတ်သတ်ပြီး စိတ်ရှုပ်ထွေးနေရင်း ဂိုဏ်းကြီး၃ခုက မန်ဟိုနှင့်ကြုံတွေ့ပြီး သူ့ရတနာ၏စွမ်းအားများကို စုံစမ်းနိုင်သော ဘယ်ဂိုဏ်းသားမဆို ဆုချမည်ဟု ကြော်ငြာထားသည်။

မန်ဟိုသည်ရပ်နေရင်း သူ့ကိုပိတ်ရပ်နေသော လူနှစ်ယောက်အား အေးစက်စွာကြည့်နေသည်။ သူ့နောက်တွင် လူလေးယောက်လာပိတ်ရပ်သည့် ခြေသံများကို ကြားလိုက်သည်။ သူ့ဘယ်နှင့်ညာဘက်မှာလဲ လူများရှိသည်။ သူ့ကိုအားလုံးက ဝန်းရံထားလိုက်ပြီဖြစ်သည်။

သတမ ရတနာဆောင် အတွင်းမှ ချောင်လင်သည် မျက်မှောင်ကျုံ့ကာ ကြည့်နေသည်။

"ကျွန်တော် ဘာများကူညီပေးရမလဲ လူကြီးမင်းတို့ခင်ဗျား" မန်ဟိုက လှည့်ပါတ်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ သူသည် ရေသေသကဲ့သို့ အမူအယာပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်။ သူသည် ယုံကြည်မှုရှိပေမဲ့ သတိကပ်ထားသည်။

"မလိုပါဘူး" ဟု ခမ်းနားစွာ ဝတ်စားထားသော လူငယ်က ပြုံးရင်းယပ်ခပ်ကာ ပြောသည်။ " မှီခိုရာဂိုဏ်းချုပ်က ခင်ဗျားကို လက်ဆောင်ပေးထားတယ်လို့ကြားသိရပါတယ်။ ကျွန်တော်တို့က ဒီလက်ဆောင်ကို တစ်ခါလောက် ကြည့်ခွင့်ရမလားလို့ မျော်လင့်ပြီး ပြေးလာခဲ့တာပါ" သူ့အပြုံးအောက်တွင် ရေခဲတမျှ အေးစက်မှုက တလက်လက်တောက်ပနေသည်။ ပြီးနောက် မှီခိုရာဂိုဏ်းချုပ်၏ ရတနာလက်ဆောင်အား အထူးသတိထားကိုင်တွယ်ရန် သတိထားနေသည်။

သို့သော် သူတို့သည် ဂိုဏ်းကြီး၃ခု၏ အလွန်မြင့်မားသော အဆင့်အတန်းရှိသည့် ဂိုဏ်းသားများဖြစ်ကြသည်။ ထို့ကြောင့် စဦးချီ ဖွဲ့စည်းခြင်းအဆင့်၇ရှိသော မန်ဟိုထက် သူတို့ကပိုသာသည်ဟု အထင်ရောက်နေကြသည်။

"သူပြောတာ မှန်ပါတယ်" ဟုလူအုပ်ထဲက အခြားသူများက ထောက်ခံကြသည်။ "တာအိုရောင်းရင်းမန် ခင်ဗျားမှာ ရတနာရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့ကြည့်ဖို့ ဘာလို့ထုတ်မပြတာလဲ" ဟု လူရွယ်ကရယ်ရင်း မန်ဟို ချောင်ပိတ်မိနေပြီဟူသော အကြည့်ဖြင့်ကြည့်ကာ ပြောသည်။

မန်ဟိုသည် တည်ငြိမ်နေကာ မျက်လုံးများက အေးစက်တောက်ပနေသည်။ သူကနှုတ်ခမ်းကိုမဲ့လိုက်ပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါ သူ့ကိုဝန်းရံနေသောလူများသည် ဘေးသို့ရှောင်ထွက်သွားကြသည်။ တချို့လူများသည် မှော်ပစ္စည်းများကိုပင် ဆွဲထုတ်ထားကြသည်။

အလင်းတန်းတစ်ချက်လက်ပြီးနောက် မန်ဟို၏လက်ထဲသို့ သံလှံ ရုတ်တရက် ရောက်လာသည်။ သူသည် သဘာဝစွမ်းအင်တစ်ချို့ကို သံလှံဆီသို့ပို့လွှတ်ပြီး မြေသို့စိုက်လိုက်ရာ သံလှံမှာ အင်အားကြီးမားသော လက်နက်အသွင်ဖြစ်လာသည်။ သံလှံစိုက်သံသည် တုန်ခါမြည်ဟီးသွားပြီး လူများကိုနောက်ဆုတ်သွားစေသည်။ လူတိုင်းသည် သံလှံအား စိုက်ကြည့်နေကြသည်။

"သေချင်တဲ့ ဘယ်သူမဆို အနီးကပ်ပြီး သေချာကြည့်လို့ရပါတယ်" မန်ဟိုက အေးစက်စွာ ခြေနှစ်လှမ်း နောက်ဆုတ်ပြီး အင်္ကျီလက်ကို ခါလိုက်ရင်း ပြောသည်။ သူသည် သူ၏သံလှံအနားကို ကပ်သူတိုင်း သံလှံကသတ်လိမ့်မည်ကို သိနေသကဲ့သို့ အထူးယုံကြည်မှုရှိနေသည်။ အထူးသဖြင့် သူ့မျက်လုံးများနှင့် အပြုံးကိုကြည့်လျှင်ပို၍ပင်သိသာသေးသည်။

တကယ်တော့ မန်ဟို ခြေနှစ်လှမ်းနောက်သို့ဆုတ်လိုက်ခြင်းသည် သူ့ကိုမြို့ရိုးတံခါးနှင့် ပိုနီးသွားစေရန်ဖြစ်သည်။ သူ့ကိုဝန်းရံထားသောလူတွေ သံလှံကိုကြည့်ဖို့ အနီးကပ်လာသည်နှင့် သူစတင်တိုက်ခိုက်မည်။ ထို့နောက် ရုန်းရင်းဆန်ခက်ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ သူထွက်ပြေးမည်။ ဒီမြို့တော်ကို ဂိုဏ်းကြီး၃ဂိုဏ်းက ချုပ်ကိုင်ထားသည်ဖြစ်ရာ သူပြသနာရှာလို့မဖြစ်ပေ။

လူအုပ်က သံလှံအားစိုက်ကြည့်နေသောကြောင့် အတော်ငြိမ်သက်နေလေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သံလှံသည် သာမာန်မဟုတ်ကြောင်း သိသာစေသည်။ သံလှံသည် ဖမ်းစားနိုင်သော အပြောက်အမွှမ်းများဖြင့် ရှုပ်ထွေးစွာ အလှဆင်ထားသောကြောင့် ကြည့်လေ ကြည့်လေ အံ့အားသင့်စရာကောင်းလေ ဖြစ်နေသည်။

လှံဖျားတွင် မျက်လုံးကိုဖောက်ထွက်မတတ် အလင်းတန်းများ ဖျာထွက်နေသည်။

သတမရတနာဆောင် ပေါ်က ချောင်လင်တောင်မှ မကြည့်ပဲ မနေနိုင်ပေ။ တခြားမိန်းကလေးများ သူမနား ရောက်လာကြကာ သံလှံအားကြည့်နေကြသည်။

အချိန်အတန်ကြာ ကြည့်ပြီးသည့်နောက် ဂိုဏ်းသားတစ်ချို့ မျက်မှောင်ကျုံ့လာကြသည်။

"ဒါက ဘာမှလဲ မထူးခြားသလိုပဲ။ အလှဆင်ထားတာတွေပဲ ရှိတယ်။ ဒီသံလှံမှာ ဘာမန္တာန်အစီအရင်မှလဲမရှိဘူး"

ယပ်တောင်နှင့်လူရွယ်သည်လဲ မျက်မှောင်ကျုံ့လာသည်။ "ဒါက မှီခိုရာဂိုဏ်းချုပ် သူ့ကိုပေးထားတဲ့ ရတနာလား" စူးစမ်းပြီးနောက် သူကကျောက်ခိုင်ကို ရှေ့တိုးလာရန် ခေါ်လိုက်သည်။

ထိုအချိန်တွင် အရှေ့မြို့ရိုးတံခါးမှ ခြေသံများသည် ကျင့်ကြံသူတို့၏ အာရုံကိုဆွဲဆောင်သွားသည်။ မန်ဟို မျက်မှောင်ကျုံ့လိုက်သည်။ အရှေ့မြို့ရိုးတံခါးမှ လူအုပ်စုသည် ၁၀ယောက်အထက်ရှိသော ဝတ်ရုံဖြူ ဝတ်ထားသူများဖြစ်ကြသည်။ လူတချို့ကို မြင်ဖူးသလိုရှိသည်။ ထိုသူတို့၏ အဝတ်အစားကို မြင်လိုက်သည်နှင့် မီးဖြင့်စမ်းသပ်ခြင်း ပြုလုပ်သည့် ဂိုဏ်းများမှ ဂိုဏ်းသားများဖြစ်ကြောင်း သိသွားသည်။

ထိုသူတို့ အရှေ့မြို့ရိုးတံခါးမှ ဝင်လာသည်ကိုမြင်သောအခါ သူ့ထွက်ပြေးရာလမ်းဟူသမျှ အပိတ်ခံလိုက်ရပြီ ဖြစ်ကြောင်း မန်ဟို နားလည်လိုက်သည်။ သူသည် မျက်မှောင်ပိုကျုံ့လာပြီး သူ့လက်များသည် သိုလှောင်အိတ်ဆီသို့ ဖြည်းညှင်းစွာလှမ်းလိုက်သည်။

ဝတ်ရုံဖြူနှင့်လူများကိုတွေ့သောအခါ ယပ်တောင်နှင့်လူရွယ်၏မျက်လုံးများ အရောင်လက်သွားသည်။ သူသည်ကြည်ညိုစွာဖြင့် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။ "ဇီယွင်ဂိုဏ်းမှ နောင်တော်ကြီးတို့ကို ချိရွှယ်ဂိုဏ်းက ကျွန်တော် စွန်းဟွာ မှ ရိုသေစွာ နှုတ်ခွန်းဆက်သပါတယ်"

ထိုသည်ကို ကြားပြီးနောက်အနီးတဝိုက်မှလူများသည် အံ့အားသင့်သွားကြသည်။ ရှေ့မှလူရွယ်ကဲ့သို့ သူတို့အားလုံး ဝတ်ရုံဖြူနှင့်လူများအား အရိုသေပေးလိုက်ကြသည်။ ထိုသူများသည် ဂိုဏ်းပေါင်းစုံမှ နာမည်ကျော်ကြား သူများဖြစ်ပြီး ကျိုးပြည်နယ်ရှိ အဓိကနေရာတွက်ရှိကြသူများဖြစ်သည်။ သို့သော် တောင်ပိုင်းမှ မြင့်မြတ်သောဂိုဏ်းကြီး၏ ဂိုဏ်းသားများကိုတွေ့သောအခါ သူတို့ကိုယ်သူတို့နှိမ့်ချရ၏။ သူတို့၏ အပြုအမူများသည် ရုတ်ချည်းဆိုသလို ယဉ်ကျေးပျူငှာသွားသည်။

မကြာသေးခင်ကပင် သူတို့၏ သက်ဆိုင်ရာဂိုဏ်းများဆီမှ ဇီယွင် ဂိုဏ်းသားများကို ရန်မစရန် သတိပေး ကျောက်စိမ်းပုရပိုက်များကို လက်ခံရရှိထားသည်။

ဇီယွင်ဂိုဏ်းသားများ မြို့တော်ထဲသို့ဝင်လာသောအခါ ကျိုးပြည်နယ်မှ ဂိုဏ်းသားတို့ကို တွေ့သော်လဲ လုံးဝ လစ်လျူရှုထားကြသည်။ သူတို့အကြောင်းကိုထုတ်ဖော်ကာ နှုတ်ဆက်လိုက်ခြင်းက ဇီယွင်ဂိုဏ်းသား၂ယောက်ကို မျက်မှောင်ကျုံ့စေသည်။ သူတို့၂ယောက် လှည့်ပါတ်ကြည့်ရှူကြရင်း မြေကြီးပေါ်စိုက်ထားသော သံလှံပေါ်သို့ အကြည့်ရောက်လာသည်။ သူတို့သံလှံပေါ်မှ မျက်လုံးမခွာနိုင်တော့ချေ။

ထိုမြင်ကွင်းကိုကြည့်နေသည့် အခြားသောဂိုဏ်းသားများလဲ အံ့အားသင့်နေကြသည်။ သူတို့သည် ကျိုးပြည်နယ်မှ ကျင့်ကြံသူများကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်၏။

All Chapters