← Chapters

ဒါက  တန်ရဲ့လား?

Vol. 5 Ch. 57

ဒါက  တန်ရဲ့လား?

Vol. 5 Ch. 57

မန်ဟို အတန်ငယ် စိတ်ရှုပ်နေသည်။ သူယခုပင်ရရှိလိုက်တဲ့ ရတနာယပ်တောင်ပေါ်တွင် သူသုံးနိင်သမျှ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး မြန်နိုင်သမျှ မြန်မြန်ပျံသန်းနေသည်။ သူသာ အနည်းငယ်နှေးခဲ့ပါက တိုက်ခိုက်ခံ အလုယက်ခံရမှာကို ကြောက်နေသည်။

“ပထမတုန်းက ငါ လူထူးဆန်းစုန့်ကို အာခံခဲ့တယ်” မန်ဟိုသည် သက်ပျင်းချလိုက်သည်။ “ပြီးတော့ ဇီယွင်ဂိုဏ်းဒါပေမဲ့ ဒါက ငါ့အမှားတော့မဟုတ်ပါဘူး။ သူတို့က ရောင်းဖို့အတင်းဖိအားပေးလို့ ရောင်းခဲ့တာပဲကို။” သူ့စိတ်ထဲတွင်တော့ သူသည် အပြစ်ကင်းနေသည်။ ထိုအချိန်က သူ့မှာ သံလှံကို ရောင်းရုံမှလွဲ၍ ရွေးချယ်စရာမရှိခဲ့ဘူး မဟုတ်လား။ သူသည် သက်ပြင်းထပ်ခါ ထပ်ခါချကာ ပိုမြန်မြန်သွားနေလေရာ တဖြည်းဖြည်းနှင့် ဒေသကာကွယ်ရေး တောင်တန်း ပြည်နယ်သို့ နီးကပ်လာလေသည်။

“ငါခဏ ပုန်းခိုဖို့ နေရာရှာရမယ်။ တကယ်လို့ တယောက်ယောက် ငါ့ကို လိုက်မှီလာရင် တကယ့်ဒုက္ခပဲ…” မန်ဟို မျက်မှောင်ကြုတ်လိုက်သည်။ ယပ်တောင်ပေါ်ကို သူပို့ထားသည့် စိတ်ဝိညာဉ်စွမ်းအားကို တဖြည်းဖြည်း လျော့လိုက်သည်။ ထို့နောက် သူမြေကြီးပေါ်သို့ဆင်းလိုက်ပြီး ယပ်တောင်ကိုခေါက်သိမ်းကာ ပြေးတော့သည်။

“ငါ ဘယ်တော့များမှ ချီအခြေတည် အဆင့်ကို ရောက်မှာလဲ။ ရောက်ရင်တော့ ငါတကယ်ကို ပျံလို့ရပြီ”

နှစ်ရက်အတွင်း မန်ဟိုသည် လုံးဝမနားခဲ့ပေ။ သူသည် တချင်းတောင်ပေါ်တွင် ရှန့်ကွမ်ရှိုး သူ့ကို လိုက်ဖမ်းကတည်းက သူ တခါမှ မနားရသေးသည်ကို တွေးရင်း ဆက်ပြေးနေသည်။ ဒါပေမဲ့ သူ့တွင်ရွေးချယ်စရာ မရှိပေ။ သူသည် သူဆက်မပြေးနေလျှင် ဘာဖြစ်မလဲဆိုတာ တွေးကြည့်ရုံဖြင့်ပင် ကြောက်နေသည်။

ထိုအချိန် ဒေသကာကွယ်ရေးတောင်တန်းထဲရှိ ရတနာတောင်ဘေးမှ လွင်ပြင်ပေါ်တွင် ဝူတင်းချိုးသည် ကျားစေ့ကို ကိုင်ရင်း ပြုံးနေသည်။ တစ်နာရီလောက် တွေးတောပြီးနောက် ကျားစေ့ကို ကျားကွက်ပေါ်သို့ ချလိုက်သည်။

လူထူးဆန်းစုန့်၏မျက်နှာသည် သံကဲ့သို့ မာထန်နေသည်။ ချောင်းခြောက်ဆိုးရင်း ကျားစေ့ကို ကျားကွက်ပေါ်သို့ ချလိုက်သည်။

“လူထူးဆန်းစုန့် ခင်ဗျားရဲ့ ကျင့်ကြံမှုဟာ တော်တော်ကို အဆင့်မြင့်နေပြီ။ ခင်ဗျားဒီလိုမျိုး စိတ်ရှုပ်နေတာမျိုး မဖြစ်သင့်ဘူး။” ဝူတင်းချိုးသည် သူ့မုတ်ဆိတ်ကို သပ်ရင်း ရယ်လိုက်သည်။ သူသည် လေအေးလေးကဲ့သို့ တည်ငြိမ်နေသည်။ “ကျွန်တော်တို့အရွယ် ကျင့်ကြံသူတွေက ချီဓာတ်ကို အခြေကျအောင်လုပ်ပြီး စိတ်အေးချမ်းအောင် လုပ်နိုင်နေသင့်ပြီ။ ကျွန်တော်တို့နားက တောင်တွေတဖြည်းဖြည်း ပြိုနေရင်တောင်မှ ကျွန်တော်တို့ အမူအယာက မပြောင်းလဲပဲ တည်ငြိမ်နေသင့်တယ်။ ဒါပေမဲ့ ခင်ဗျားကိုယ် ခင်ဗျား ပြန်ကြည့်ပါဦး။ ခင်ဗျားတကယ့်ကို ဘာမဟုတ်တဲ့ လူငယ်လေးတစ်ယောက်ကြောင့် မတည်မငြိမ်ဖြစ်နေတာလား”

“မင်းသာ ငါ့နေရာမှာဆိုရင်လဲ ငါ့လိုဖြစ်နေမှာပဲ” လူထူးဆန်းစုန့်ကို ချဉ်ချဉ်နှင့် ပြောလိုက်သည်။

“သေချာပေါက် အဲ့လိုမဖြစ်ဘူး။ ငါဝူတင်းချိုးသာမင်းနေရာမှာဆိုရင် ဒေါသထွက်မနေပဲ ချီးမွှမ်းနေလိုက်မယ်။ ငါတို့ဇီယွင်ဂိုဏ်းမှာ ဒီလိုကိစ္စလေးကို ဒေါသမထွက်စေဖို့ ပင်ကိုယ်စိတ်ကို ကျင့်ကြံထားတယ်။ ငြင်းစရာမရှိပါဘူး လူထူးဆန်းစုန့်။ ဒီလိုကျင့်ကြံမှုမျိုးကို ဇီယွင်ဂိုဏ်းကနေ လေ့လာသင့်တယ်။” ဝူတင်းချိုးက သူ့ကိုယ်သူကျေနပ်ကာ ရယ်ရင်းပြောလိုက်သည်။

“ဒီလိုဆိုရင်ရော” သူကဆက်ပြောလိုက်သည်။ “ကျားကစားပွဲပြီးရင် ကျွန်တော်တို့ ဇီယွင်ဂိုဏ်းကို လိုက်ခဲ့ပါလား။ ကျွန်တော် ခင်ဗျားကို စိတ်ကျင့်ကြံခြင်းကျင့်စဉ်ကို လေ့လာခွင့်ပေးမယ်။ ဒါမှ ခင်ဗျား ချီဓာတ်ကို အခြေချပြီး စိတ်အေးချမ်းအောင် ဘယ်လိုနေရမယ်ဆိုတာ နားလည်သွားလိမ့်မယ်” ဝူတင်းချိုး အလွန်ပြုံးနေသောကြောင့် အရေးအကြောင်းများ ပေါ်လာလေသည်။

လူထူးဆန်းစုန့် သည် လည်ချောင်းရှင်းကာ မတုန့်ပြန်တော့ဘဲ အဝေးတစ်နေရာသို့ ငေးကြည့်နေလိုက်သည်။ ဝူတင်းချိုးသည် အလွန်ပြုံးလိုက်ပြီး အဝေးသို့လိုက်ငေးကြည့်လိုက်သည်။ မကြာခင်ပင် လူနှစ်ယောက် တောအုပ်အတွင်းမှ သူတို့ဆီသို့ ပြေးလာနေသည်ကို တွေ့လိုက်သည်။ ထိုသူတို့သည် ချင်းရွှယ်ဟန်နှင့် လွီစုန့်တို့ ဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် သံလှံကို ထားကာ ကိုင်လာကြသည်။ သူတို့နောက်တွင် ဇီယွင်ဂိုဏ်းသားတစ်စု လိုက်လာကြသည်။

ချင်းရွှယ်ဟန်နှင့် လွီစုန့်တို့သည် လွင်ပြင်ပေါ်သို့ခြေလှမ်းကာ စကားပြိုင်တူပြောလိုက်သည်။

“အကြီးအကဲဝူကို နှုတ်ခွန်းဆက်သပါတယ်။ တပည့် တာဝန်ကိုပြီးဆုံးအောင် လုပ်ခဲ့ပါပြီ။ သံလှံကို လဲလှယ်ပြီး ရယူနိုင်ခဲ့ပါတယ်”

“အကြီးအကဲဝူကို နှုတ်ခွန်းဆက်သပါတယ်။ ကံကောင်းစွာနဲ့ ပေးအပ်တဲ့တာဝန်ကို အောင်မြင်ခဲ့ပါပြီ။ သံလှံကို ဝယ်နိုင်ခဲ့ပါတယ်။”

ဝူတင်းချိုးရယ်သံထွက်လာသောကြောင့် လူထူးဆန်းစုန့် မျက်နှာ ခက်ထန်လာသည်။

“ကောင်းလိုက်တာ။ မင်းတို့နှစ်ယောက် တော်တယ်” သူရယ်ရင်းပြောလိုက်သည်။ “ငါမင်းတို့ နှစ်ယောက်စလုံးကို အတွင်းစည်းဂိုဏ်းကို ရာထူးတိုးပေးဖို့ စဉ်းစားပေးမယ်။ မင်းတို့ ကောင်လေးကို ဘာပြသနာမှ မရှာခဲ့ဘူးမလား။ ရှာခဲ့ကြလား”

“ကျွန်တော် သံလှံကို စျေးကောင်းပေးပြီး ဝယ်ခဲ့ကြောင်းကို ဂုဏ်ယူစွာ တင်ပြပါတယ်” ဟုချင်းရွှယ်ဟန်က အလျင်စလို ပြောလိုက်သည်။ လွီစုန့်သည် သူပြောသည်ကို ခေါင်းငြိမ့်ထောက်ခံကာ “ကျွန်တော်တို့ သူ့ကို ဘာပြသနာမှ မရှာခဲ့ပါဘူး” ဟု ပြောလိုက်သည်။

“လူထူးဆန်းစုန့် လာပါ ဒီရတနာသံလှံကို လာကြည့်ပါဦး” ဝူတင်းချိုးသည် ရယ်နေသည်။ သူ့အင်္ကျီလက်ကိုခါလိုက်သောအခါ သံလှံသည် သူ့လက်ထံသို့ ပျံသန်းလာသည်။

သံလှံ သူ့လက်ဆီသို့ရောက်လာသော အချိန်တွင် ဝူတင်းချိုး မျက်နှာအမူအယာပြောင်းသွားသည်။ သူ့မျက်လုံးများသည် အရောင်လက်၍ သံလှံအား သေချာ စစ်ဆေးလေသည်။ ခက်ထန်သော မျက်နှာဖြင့် လူထူးဆန်းစုန့်သည်လဲ သံလှံအား ကပ်၍ကြည့်လိုက်သည်။ ထိုနောက် သူ့မျက်လုံးများတောက်ပလာသည်။ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေရာမှ ပြုံးလိုက်သည်။

ဝူတင်းချိုးအမူအယာသည် တဖြည်းဖြည်း ပိုပျက်လာသည်။ သူ သံလှံကို ဘယ်ရှုထောင့်မှကြည့်ကြည့် ထိုသံလှံသည် သာမာန် ပစ္စည်းသာဖြစ်သည်။ သူသည် အမှန်ကို လစ်လျူရှုပြီး တောင်အောက်က မိစ္ဆာသားရဲများကို သံလှံဖြင့် ချိန်ရွယ်ကြည့်သော်လဲ ထို မိစ္ဆာသားရဲများသည် သတိပင် မမူမိချေ။

ဝူတင်းချိုး မျက်နှာအလွန်ပျက်ကာ ခေါင်းမော့လိုက်ပြီး ချင်းရွှယ်ဟန်နှင့် လွီစုန့်တို့အား အေးစက်စက် ကြည့်လိုက်သည်။

သူတို့ နှစ်ယောက်သည် ဝူတင်းချိုး၏အကြည့်ကိုမြင်သောအခါ စိတ်လှုပ်ရှားမှုများ ပျေက်ကွယ်ကာ တုန်ယင်လာကြသည်။ သူတို့ မျက်လုံးများသည် ဗလာကဲ့သို့ဖြစ်နေသည်။

“ဒီသံလှံရဖို့ မင်းတို့ ဘာပေးလိုက်လဲ” ဝူတင်းချိုးက တစ်လုံးချင်းမေးလိုက်သည်။

စိတ်ရှုပ်ဟန််ပေါက်နေသော ချင်းရွှယ်ဟန်က “တပည့် ဝိညာဉ်ကျောက်တုံးပေါင်း ၂၀၀၀၊ မြေကြီးဝိညာဉ်ဆေးလုံး ၇လုံး၊ ဂိုဏ်းရဲ့ ငရဲသံချွန် တစ်ခု ပြီးတော့ လွင်ပြင်အားဖြည့် ဆေးလုံး တစ်လုံး ပေးခဲ့ပါတယ်။”

ဝူတင်းချိုးမျက်နှာမည်းလာလေသည်။

ထို့နောက် လွီစုန့်က “တပည့်က ဝိညာဉ်ကျောက်တုံးပေါင်း ၁၅၀၀၊ နတ်ရေစင်ဆေးလုံး ၃လုံး၊ ရတနာယပ်တောင်နဲ့ မှော်ဆေးလုံး တစ်လုံး ပေးလိုက်ပါတယ်”

လူထူးဆန်းစုန့် အော်ရယ်လိုက်တော့သည်။ ရယ်သံထွက်လာပြီးနောက် ဒီရက်ပိုင်းအတွင်း သူခံစားနေရသည့် စိတ်ဓာတ် ကျခြင်းများ ချက်ခြင်းပင် ပျောက်သွားသည်။

ဝူတင်းချိုး ဒေါသထွက်နေချိန်မှာပဲ သူ့တပည့်နှစ်ယောက်ပေးခဲ့သော အရာများနှင့် လူထူးဆန်းစုန့် ရယ်သံကို ကြားသောအခါ ဒေါသ ပေါက်ကွဲတော့သည်။ သူဒေါသထွက်လွန်း၍ ကျယ်လောင်စွာ အော်လိုက်သည်။ “အသုံးကို မကျဘူး အရူးတွေ၊ ဒီသံလှံက အတုကြီး”

ထိုအသံသည် မိုးခြိမ်းသကဲ့သို့ ပဲ့တင်ထပ်သွားပြီး ကျားကွက်သည် ပြန့်ကျဲသွားသည်။ သူ့ခြေထောက်အောက်က တောင်သားတွင် အက်ရာပေါ်လာသည်။ ချင်းရွှယ်ဟန်နှင့် လုစုန့် မြေကြီးပေါ်တွင် တုန်ယင်နေကာ သူတို့ပါးစပ်များမှ သွေးတစ်ပွက် ထွက်လာသည်။ ဝူတင်းချိုး၏ စကားလုံးများသည် သူတို့နှလုံးတွင် ပဲ့တင်ထပ်ကာ သူတို့ခေါင်းသည် ချာချာလည်လာသည်။

“အတု…” သူတို့ ကြောင်အသွားကြသည်။”

သူအော်လိုက်သော ထိုစကားလုံးများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားကာ ဒေသကာကွယ်ရေးတောင်တန်း တစ်ဝက်အပြင် အရှေ့ပိုင်း သန့်စင်ခြင်း မြို့တော် ထိသို့ပင် လွင်ပျံသွားသည်။

ထို့နောက် ဆန်းဟွာနားထဲတွင်ကြားလိုက်သည်။ ဆန်းဟွာသည် စိတ်ရှုပ်သွားကာ ခနအကြာတွင် သူ့အမူအယာပြောင်းသွားသည်။ သူ့မျက်လုံးသည် တုန်လှုပ်ခြင်းဖြင့် ပြည့်နေလေသည်။

“ဒီသံလှံက အတု?” သူက သူ့ အပေါင်းအဖော်များကို ကြည့်လိုက်သည်။ သူတို့သည်လဲ နားလည်ဟန်ပေါ်နေပေသည်။

“အဲ့ဒီ့ သံလှံက အတု… ဖြစ်နိုင်ပါ့မလား?”

သတမ ရတနာဆောင် ဆီက ဧည့်သည်ကို မှော်ဝင်ရတနာအကြောင်းမိတ်ဆက်ပေးနေသော ချောင်လင်လဲ အပြင်ဘက်မှ အသံကို ကြားလိုက်သည်။ သူမသည် မန်ဟို၏ သံလှံအကြောင်းကို ပြန်တွေးမိပြီးနောက် ထူးဆန်းသော အမူအယာဖြစ်သွားလေသည်။

ဆေးဝါးထုတ် မီးဖိုဘေးရှိ လူကြီးသည် မျက်လုံးပွင့်လာကာ သရော်ပုံပေါက်နေလေသည်။ စကားမပြောပဲ မျက်လုံးပြန်ပိတ်လိုက်သည်။

ဒေသကာကွယ်ရေးတောင်တန်း လွင်ပြင်၏ အဝေးတွင်ရောက်နေသော မန်ဟိုသည် ခေါင်းငိုက်စိုက်ချကာ ပိုမြန်မြန်ပြေးလေတော့သည်။

လူထူးဆန်းစုန့်၏ရယ်သံသည် တောင်များကြား လွင့်ပျံသွားသည်။ ဝူတင်းချိုးသည် မျက်နှာ ပျက်မနေတော့ပေ။ သူကဲ့သို့ ဇီယွင်ဂိုဏ်းအကြီးအကဲတစ်ယောက်သည် စဦးချီဖွဲ့စည်းခြင်း အဆင့်၌သာရှိသေးသော သူ၏လှည့်စားခြင်း ကိုခံရသည်။ သူကိုယ်တိုင်လှည့်စားခံရခြင်းမဟုတ်သော်လဲ စကားများပျံ့နှံ့သွားလျှင် သူ မျက်နှာပျက်ရတော့မည်။

သူသည် မန်ဟို့နောက်သို့ ချက်ချင်းလိုက်ချင်လာသည်။ သူ ချင်းရွှယ်ဟန်နှင့် လွီစုန့်ကို ကြည့်လိုက်သောအခါ သူတို့သည် ကြောက်ရွံစွာရပ်နေကြသည်။ သူစိတ်ထဲတွင်တော့ သက်ပြင်းချနေပေမဲ့ ရွံနေသည်။ ထိုဂိုဏ်းသားများသည် ဂိုဏ်းအတွင်းတွင်သာ အချိန်ကုန်ဆုံး၍ ကို မည်သို့ဆက်ဆံရမလဲ မသိကြချေ။ သူတို့သည် အိမ်တွင်းစိုက် ပန်းများကဲ့သို့ဖြစ်နေပြီး အတွေ့အကြုံမရှိကာ အစီအမံမပြုလုပ်တတ်ကြပေ။

ချောင်းခြောက်ဆိုးကာ သံလှံကို မြေကြီးပေါ်သို့ချပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ မန်ဟို့အားရှာဖွေရန် သူ့အာရုံများအားစုစည်းလိုက်သည်။ ထို့နောက် လူထူးဆန်းစုန့်သည် ရှေ့တိုး၍ သူ့လမ်းကို ပိတ်ရပ်ကာ ရယ်လိုက်လေသည်။

“တာအိုရောင်းရင်း ဝူ ဒေါသမထွက်ပါနဲ့” ဟုသူကပြောလိုက်သည်။ “ခင်ဗျားတို့ ဇီယွင်ဂိုဏ်းမှာ ချီဓာတ်ကို အခြေချပြီး စိတ်တည်ငြိမ်အောင် ကျင့်ကြံလေ့ရှိတယ်မလား။ ကိစ္စအသေးလေးက စိတ်ရှုပ်အောင်လုပ်တာကို လက်မခံပါနဲ့။ ဒီလိုကျင့်ကြံမှုမျိုးနဲ့ ကြုံတဲ့အခါ ခင်ဗျားဂိုဏ်းက စိတ်ကျင့်ကြံခြင်း ကျင့်စဉ်ကို ပိုလေ့လာသင့်တယ်” လူထူးဆန်းစုန့်သည် လှိုက်လှိုက်လှဲလှဲရယ်ကာ ပြောလိုက်သည်။ အရင်က သူဘာပြောပြောတားခဲ့သော ဝူတင်းချိုးကို သူပြောခဲ့တဲ့အတိုင်း ပြန်ပြောလိုက်လေသည်။

“မင်း….” ဝူတင်းချိုး မျက်နှာမဲလာကာ လူထူးဆန်းစုန့်ကို စိုက်ကြည့်လိုက်သည်။ သို့သော် သူဘာမှမပြောပေ။

“ခင်ဗျားက ကျားကွက်ကို ဖျတ်လိုက်တယ်။ ဒါကြောင့် ငါတို့ကစားပွဲ မပြီးတော့ဘူး” လူထူးဆန်းစုန့်ကာ ပြုံးရင်းပြောသည်။ “ဒီလိုဆိုရင်ရော  ခင်ဗျားက ကျွန်တော့ကို ဇီယွင်ဂိုဏ်းကို ခေါ်သွားမလို့မလား။ ကောင်းပြီ… သွားကြရအောင်။ စကားစမြည်ပြောရင်းနဲ့ လအနည်းငယ်ကြာတဲ့ထိ ကျားထိုးကြတာပေါ့” သူ့စိတ်ဓာတ်ကျခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။ ဝူတင်းချိုး ဒေါသထွက်သည်ကို ကြည့်ရသည်မှာ သူ့ကို အလွန်အင်မတန် ပျော်ရွှင်စေသည်။ မန်ဟိုယူသွားသော ရတနာများနှင့် ပါတ်သတ်၍ သူလုံးဝဂရုမစိုက်တော့။ သူ့အတွက် အရေးအကြီးဆုံးကတော့ ဝူတင်းချိုးမျက်နှာကိုကြည့်ကာ စော်ကားနေရန်ဖြစ်သည်။

သူက ဝူတင်းချိုး ငြင်းဆန်၍ မရအောင် ဆွဲထားသည်။

ဝူတင်းချိုး စိတ်ညစ်ကာ လူထူးဆန်းစုန့်ကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ဒီလူသူ့ကို မန်ဟို့နောက်လိုက်ခွင့်အပေးကြောင်း သူသိသည်။ သူ ဒေါသထွက်ကာ ခြေဆောင့်ရင်း လူထူးဆန်းစုန့် သူ့ကိုလေထဲဆွဲခေါ်နေသည်ကို ခွင့်ပြုလိုက်လေသည်။

“မင်းတို့ ဉာဏ်မရှိ သုံးစားမရတဲ့ကောင်တွေ လိုက်မလာကြနဲ့” ဟု ဝူတင်းချိုးက အောက်ငုံ့ကာ တုန်ယင်နေကြသော ချင်းရွှယ်ဟန်နှင့် လုစုန့်ကို ပြောလိုက်သည်။ “ အတွင်းစည်းဂိုဏ်းကို ရာထူးတိုးဖို့ ပျက်သွားပြီ။ ဂိုဏ်းကို ပြန်ပြီး ချက်ချင်းတရားကျင့်ကြံကြ။” အခြားသော ဂိုဏ်းသားများက မျက်နာဖြူလျော်လျော်ဖြင့် ကြည့်နေကြသည်။

“ဒီကောင် မန်ဟို” လွီစုန့်က ခေါင်းငုံ့ရင်း မျက်နာကို မဲ့ကာပြောလိုက်သည်။ “ဒီကိစ္စကို ငါဘယ်တော့မှ မမေ့ဘူး။ အရှက်မရှိတဲ့ ကောင်” သူသည် အံကြိတ်လိုက်ပြီးနောက် သူ၏ မျက်လုံးများသည် ဒေါသဖြင့် ပေါက်ထွက်မတတ်ဖြစ်နေကြသည်။ သံလှံသည် သေချာပေါက် အတုကြီးဖြစ်နေသည်။ သူဘယ်လောက်ဖြင့် ပေးဝယ်ခဲ့ရတယ်ဆိုတာကို ပြန်တွေးလိုက်ရင်း သူ့မျက်နာတွင် နာကျင်မှုအရိပ်အယောင်တွေ ပေါ်လာသည်။ အတွင်းစည်းဂိုဏ်းထဲသို့ ဝင်ခွင့်မရတော့ကြောင်းကို တွေးမိလိုက်လျင် သွေးများပန်းထွက်မတတ် ဒေါသထွက်လာသည်။

“အရှက်မရှိ ရွံစရာကောင်းတဲ့ကောင်” ချင်းရွှယ်ဟန်က သူ၏ တန်ဖိုးကြီး ရတနာများအား တွေးရင်းပြောလိုက်သည်။ သူသည် သံလှံကို ကောက်ယူလိုက်သည်။ “မန်ဟို…မင်းက တကယ့်ကို မရိုးသားတဲ့ ကောင်ပဲ” သူအတွင်းစည်းဂိုဏ်းသို့ ဝင်ခွင့်မရတော့သည်ကို တွေးမိရင်း ရူးမတတ်ဖြစ်လာသည်။ ထို့နောက် သူ မန်ဟိုကို့ ပေးခဲ့သော ဆေးလုံးများ၊ မှော်ဝင်ပစ္စည်းများ အကြောင်းကို တွေးမိလျှင် ဒေါသသည် ကောင်းကင်ပေါ်သို့ ပျံတက်တော့မည်ကဲ့သို့ ဖြစ်လာသည်။

သူတို့ နှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ပြီး နာကြင်မှုကို ဖလှယ်လိုက်သည်။

“မန်ဟိုကို သတ်ကိုသတ်ရမယ်ဆိုတာ သတိရနေအောင် ဒီလှံကို ငါတို့ ဂိုဏ်းထဲမှာ ထားရမယ်။”

သူတို့ မျက်လုံးများထဲတွင် သတ်ချင်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ ထို့အပြင် မီးဖြင့်စမ်းသပ်ခြင်း ပြီးဆုံးသွားသောကြောင့် သူတို့ဂိုဏ်းသို့ ပြန်ရပေမည်။ ထိုသတ်ချင်ဖြတ်ချင်စိတ်များကို သူတို့နှလုံးသားထဲတွင် မပျောက်ပျက်သွားအောင် ပိတ်သိမ်းထားရပေတော့မည်။

ထိုအချိန်တွင် မန်ဟိုသည် အထင်လွဲစွပ်စွဲခံရခြင်းရော ကြောက်လန့်ခြင်းပါ ခံစားနေရသည်။ သက်ပြင်းချရင်း သူ၏ အပြေးနှုန်းအား ၇ ရက်တိုင်တိုင် မြှင့်ထားလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် တောင်များကြားတွင် အင်မော်တယ်ဂူတစ်ခုအား တွေ့လိုက်ရသည်။ သူသည် မောပန်းစွာ တင်ပျဉ်ခွေထိုင်လိုက်ပြီး အသက်ရူ လေ့ကျင့်ခန်း လုပ်ကာ တရားထိုင်လိုက်သည်။

“ဒါက တန်ရဲ့လား” တစ်ယောက်ထဲ သက်ပြင်းချလိုက်သည်။ သူသည် အဖမ်းခံရမှာ ကြောက်ရင်း ပြေးလွှားရသည်ကိုလဲ မောပန်းလာသည်။ အခုတော့ သေလောက်အောင် ပင်ပန်းနေပြီ ဖြစ်သည်။

နှစ်ရက်ကြာပြီးနောက် တမနက်တွင် သူသည် မျက်လုံးများကို ဖွင့်ကာ ပြန်ပြေးလွှားလိုက်သည်။ လတစ်ဝက်ခန့်ကြာသည်အထိ သူ့ကို တခြားလူများ မြင်မှာ စိုးရိမ်နေသည်။ နောက်ဆုံးတွင် အဝေးတနေရာမှ တောင်များဆီသို့ ရောက်သောအခါ လုံခြုံသွားပြီဟု သူ ခံစားလိုက်ရသည်။ သူသည် ဓါးပျံတစ်ချောင်းကို အသုံးပြုကာ ဂူတစ်ဂူ ထွင်းလိုက်ပြီးနောက် ဂူပိတ်ကာ တရားကျင့်နေတော့သည်။

***

All Chapters